အပိုင်း ၁၂၉
Viewers 15k

Chapter 129

"လမ်းကြားလေး" ဇာတ်လမ်းတွဲရိုက်ကူးရေး၏ ရိုက်ကွင်းတည်နေရာမှာ နယ်မြေ xx ရှိရဲစခန်းနှင့် အတော်လေးနီးသည်။ ထို့ကြောင့်ရှမ်ယွမ်တစ်ယောက် ထိုရဲစခန်းသို့အခြားသူများမရောက်လာခင် အပြေးအလွှားသွားရတော့သည်။

ရှမ်ယွမ်တစ်ယောက် ဆွေ့ဆွေ့အားခေါင်းအစခြေအဆုံး အချိန်အတော်ကြာအောင်စိုက်ကြည့်နေမိသည်။ သူ(မ)ကိုတန်ပြန်ပြုံးပြလာသောကလေးကိုမြင်မှ စိတ်သက်သာရာရသွားသည်။

"ဆွေ့ဆွေ့....ဘာလို့မမကိုအရင်ကြိုမပြောပဲ..ရဲစခန်းကိုတန်းသွားလိုက်တာလဲ...မမသိရင်အတူတူလိုက်ခဲ့မှာပေါ့"။ သတင်းကြားကြားချင်း ရှမ်ယွမ်ခြေမကိုင်မိလက်မကိုင်မဖြစ်သည်အထိ လန့်သွားခဲ့သည်မှာအမှန်ပင်။

"မမရှမ်ယွမ်...သမီးတစ်ယောက်တည်းမဟုတ်ပါဘူး...သမီးနဲ့အတူဒီကိုကိုကအဖော်လိုက်လာပေးပါတယ်"။ ဆွေ့ဆွေ့က သူ(မ)စိတ်အေးသွားအောင် ဖြေရှင်းချက်ပေးနေရှာသည်။

ဆွေ့ဆွေ့၏စကားကြောင့် ရှမ်ယွမ်လည်းဘေးပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်မိသည်။ ထိုအခါ ဆွေ့ဆွေ့နှင့်သက်တူရွယ်တူကောင်လေးတစ်ယောက်ကို သူ(မ)တွေ့လိုက်ရသည်။ "ကလေး...မမတို့တစ်နေရာရာမှာတွေ့ဖူးသေးလား"။ ထိုကောင်လေးကို သူ(မ)ရင်းရင်းနှီးနှီးမြင်ဖူးနေပါသည်။ သို့သော် အသေအချာတော့မမှတ်မိပေ။

"မမရှမ်ယွမ်...သားနာမည်ကချင်ဇီချန်းပါ...အရင်တစ်ခေါက်တုန်းက...ဂုဏ်ပြုစားပွဲမှာတွေ့ခဲ့တယ်လေ...မှတ်မိလား"။ ချင်ဇီချန်းက ရေသောက်ရင်း သူ့ကိုယ်သူမိတ်ဆက်လာသည်။

ချင်ဇီချန်းကချင်ဥက္ကဋ္ဌ၏အငယ်ဆုံးသားမှန်းရှမ်ယွမ်သတိရသွားသည်။ ဂုဏ်ပြုစားပွဲတုန်းကလည်း ထိုကောင်လေးကြောင့် သက်တော်စောင့်အုပ်ကြီးနှင့်ခဲ့ကျင်းယန်တို့ ပြဿနာတော်တော်တက်သွားကြသည် မဟုတ်လား။ ရှမ်ယွမ်၏စိတ်ထဲတွင်အတွေးမျိုးစုံဖြင့်ရှုပ်ထွေးနေသော်လည်း မျက်နှာအမူအရာကမူပုံသေအတိုင်းသာ။ သူ(မ)၏စိုးရိမ်ပူပန်နေသည့်ခံစားချက်များကိုထုတ်မပြပေ။ 

"ချင်အိမ်တော်ကသခင်လေးချင်ဇီချန်းမလား...မမမှတ်မိသွားပြီ...ဒါနဲ့မင်းကဒီကိုဘယ်လိုရောက်နေတာလဲ"။

"သားနဲ့ဆွေ့ဆွေ့က...သူခိုးကိုရဲတိုင်ဖို့ရဲစခန်းရောက်လာတာပါ...ဆွေ့ဆွေ့က...ဘတ်စ်ကားမှတ်တိုင်နားလေးမှာ...သူခိုးခိုးနေတာတွေ့လိုက်လို့...အမိအရဓာတ်ပုံရိုက်ပြီးရဲစခန်းကိုလာပြတာ"။

"ပြီးတော့...ဆွေ့ဆွေ့က...သားကိုရိုက်ကွင်းလာလည်လို့ရတယ်ပြောလို့...ဒီနေ့ဆွေ့ဆွေ့ကိုတွေ့ဖို့ရောက်လာတာပါ"။

ဆွေ့ဆွေ့၏လက်ထောက်မမရှမ်ယွမ်က စိတ်မဆိုးတတ်သည့်ပုံပေါ်သောကြောင့်သာ ချင်ဇီချန်းအကြောင်းစုံဖြေရှင်းချက်ပေးနိုင်ခြင်းဖြစ်သည်။ 
ဆွေ့ဆွေ့၏ပါပါးခဲ့ကျင်းယန်သာဆိုလျှင် သူတစ်ခွန်းမှပြန်ပြောရဲမည်ပင်မဟုတ်။ တွေ့လိုက်တိုင်း တရှူးရှူးတရှားရှားနှင့်ဒေါသထွက်နေတတ်သည့်ပုံစံကြောင့် ချင်ဇီချန်းမှာသူနှင့်မတွေ့အောင်ဂရုတစိုက်ရှောင်နေရသည်။

"လက်ထောက်မမရှမ်ယွမ်...သားတစ်ခုလောက်အကူအညီတောင်းလို့ရမလား"။ 

"အင်း...ပြောလေ"။

"သားအိမ်ကခိုးထွက်လာတာကို...ရဲတွေကိုမပြောပါနဲ့"။

"....."

အခြေအနေတစ်ခုလုံးကိုရှမ်ယွမ်နားလည်သွားပြီးနောက် ကလေးနှစ်ယောက်ကိုနားနေခန်းတွင်ထားခဲ့ကာ သူ(မ)ကရဲနောက်သို့လိုက်သွားပြီး လုပ်ရိုးလုပ်စဥ်များကိုပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။

"ဒီကညီမလေးရဲ့ကလေးနှစ်ယောက်က...အရမ်းဥာဏ်ကောင်းတာပဲ...သူခိုးကိုတွေ့တော့ဓာတ်ပုံရိုက်ပြီးရဲစခန်းကိုတန်းလာပြောတယ်"။

"ရဲအရာရှိကြီး...အထင်လွဲနေပြီထင်တယ်...သူတို့က...ကျွန်မရဲ့ကလေးတွေမဟုတ်ပါဘူး...ကျွန်မက...ကလေးမလေးရဲ့အကူလက်ထောက်ပါ
ကလေးနှစ်ယောက်ကရိုက်ကွင်းကနေထွက်ပြီး
မုန့်သွားဝယ်နေတုန်း...ဒီလိုဖြစ်သွားတာပါ"။ 

သူ(မ)၏စကားကြောင့် အမှုစာတမ်းကိုင်ထားသောရဲမေမလေးက အံ့အားသင့်သွားသည်။ 
"အစ်မတို့က...ရိုက်ကူးရေးအဖွဲ့ကလား...အဲဒီရိုက်ကူးရေးအဖွဲ့ကိုကျွန်မသိတယ်...ရိုက်ကူးရေးမစခင်...ကျွန်မတို့ရဲ့ရဲစခန်းမှာအရင်ဆုံးလာပြီးအကြောင်းကြားသေးတယ်"။ 

"ဒီလိုဆိုတော့...ကျွန်မတို့ကို...အစ်မရဲ့သက်သေခံအထောက်အထားလေးပြပါဦး...စာရင်းသွင်းရအောင်လို့"။ 

"ဟုတ်...ဒီမှာပါ"။

ကိစ္စများအားလုံးပြီးပြတ်သွားမှ ရှမ်ယွမ်လည်းကလေးနှစ်ယောက်ကိုရဲစခန်းမှခေါ်ထုတ်လာသည်။ "ချင်ဇီချန်းရေ...သူခိုးကိစ္စလည်းပြီးသွားပြီဆိုတော့...အိမ်ကိုဖုန်းဆက်ပြီးလာခေါ်ခိုင်းတော့လေ...မိဘတွေစိတ်ပူနေလိမ့်မယ်...မမတို့လည်းရိုက်ကွင်းကိုပြန်သွားတော့မှာ"။

သူ(မ)၏စကားကြောင့်ချင်ဇီချန်းကလူကြီးတစ်ယောက်လိုသက်ပြင်းချသည်။ "သားသိပါတယ်
ဒါပေမဲ့သားဒယ်ဒီကိုမမလိုသဘောကောင်းတဲ့သူမဟုတ်ဘူး...သားဘာသာသားကြည့်လုပ်
လိုက်ပါ့မယ်"။ 

ရင့်ကျက်သည့်ပုံစံဖြင့်ပြောလာသောကလေးငယ်ကိုကြည့်ရင်း သူ့မိသားစုအခြေအနေကိုရှမ်ယွမ် အနည်းငယ်ခန့်မှန်းမိသွားသည်။ ထို့ကြောင့် ထိုကလေးကိုလည်း ရိုက်ကွင်းသို့အတူခေါ်သွားလိုက်သည်။

.....

သူတို့သုံးယောက်ထွက်သွားပြီးနောက် ချင်အိမ်တော်၏သက်တော်စောင့်များကသာမာန်အရပ်သားဝတ်စုံဖြင့် ရဲစခန်းအနားသို့ရောက်လာသည်။ 

"ခေါင်းဆောင်...သခင်လေးရဲ့ခြေရာခံစက်က...ဒီနားတစ်ဝိုက်မှာပဲ...ကျွန်တော်တို့ပတ်ရှာကြည့်လိုက်ပါ့မယ်...ရှာလို့မတွေ့ရင်...ရဲတွေကိုအကြောင်းကြားပြီးအကူအညီတောင်းလိုက်မယ်လေ...အနည်းဆုံးတော့သခင်လေးရဲ့သဲလွန်စဖြစ်ဖြစ်တွေ့ရတာပေါ့"။

သို့သော် သက်တော်စောက့်ခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီးထိုနည်းလမ်းကိုလက်ခံချင်ပုံမရပေ။ "ရဲကိုအကြောင်းကြားလို့မဖြစ်ဘူး...သခင်လေးပျောက်နေတာကိုငါတို့ပဲသိထားရမယ်...ကျန်တဲ့သူမသိစေနဲ့...ကိစ္စတွေကြီးကုန်လိမ့်မယ်"။