အပိုင်း ၁၃၃
Viewers 15k

Chapter 133

ကုဆွေ့ဆွေ့၏မွေးနေ့တွင် "လမ်းကြားလေး" ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှ ရုပ်ရှင်အဖွဲ့သားများက သူ(မ)၏မွေးနေ့အတွက် အထူးတလှယ်ကိတ်မုန့်လေး ပြင်ဆင်ထားပေးသည်။

ခရင်(မ်)သားထူထူဖြင့်လုပ်ထားသောသစ်သီးစုံကိတ်မုန့်မှာ အလွှာသုံးလွှာပါရှိသည်။ လူကြီးများက တစ်ကိုက်စီသာစားကြပြီး ကျန်ကိတ်သားများကို ကလေးများကိုသာခွဲဝေပေးလိုက်သည်။

"ဆွေ့ဆွေ့လေးရေ...ဒီနေ့က သမီးရဲ့မွေးနေ့ဆိုတော့...နေ့တစ်ဝက်ရိုက်ပြီးရင် အိမ်ပြန်ပြီးအနားယူလိုက်တော့နော်"။ လုကျင်းဟွီက ဆွေ့ဆွေ့အား ပြုံးပြကာပြောလာသည်။

ယနေ့မနက်ရိုက်ကူးရေးမှာ ဆွေ့ဆွေ့၏နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။.ထို့အပြင် ယနေ့မှာသူ(မ)၏မွေးနေ့ဖြစ်သော
ကြောင့် နောက်ဆုံးဇာတ်ဝင်ခန်းရိုက်ကူးပြီးလျှင် ရိုက်ကွင်းစောစောနားရန်ဆုံးဖြတ်လိုက်ကြသည်။

"ဆွေ့ဆွေ့ရေ...ပျော်ရွှင်ဖွယ်မွေးနေ့လေးပါနော်...ဒါက ကျောက်ဟွီနဲ့ဒို့နဲ့အတုတူဝယ်လာခဲ့တဲ့ မွေးနေ့လက်ဆောင်လေးလေ"။

ရှုယွမ်အာ၏ဘေးတွင်ရပ်နေသောကျောက်ဟွီကဆွေ့ဆွေ့ကိုပြုံးပြရင်း နှစ်လိုဖွယ်အသံဖြင့်ပြောလာသည်။ "ဆွေ့ဆွေ့လေး...ဟက်ပီးဘတ်ဒေးပါ"။ 

"ဒီလက်ဆောင်ဘူးကို...ဆွေ့ဆွေ့အိမ်ပြန်သွားမှ
တစ်ခြားလက်ဆောင်တွေနဲ့အတူတူဖွင့်ကြည့်လေ...အခုဖွင့်ကြည့်လိုက်ရင်စိတ်လှုပ်ရှားစရာမကောင်းတော့ဘူး"။

"ကိုကိုကျောက်ဟွီနဲ့မမယွမ်အာ...လက်ဆောင်တွေအတွက်ကျေးဇူးပါနော်"။ ဆွေ့ဆွေ့လည်း ကိုကိုနှင့်မမနှစ်ယောက်လုံးကိုပြုံးပြရင်းပြောလိုက်သည်။ 

ဒါရိုက်တာလုကျင်ဟွီက ဆွေ့ဆွေ့အားနေ့တစ်ဝက်နားခိုင်းထားသောကြောင့် ဖုန်းယောက်ချင်းလည်း ရိုက်ကွင်းကိုနာရီဝက်ခန့်စောရောက်ပြီး ကြိုစောင့်နေလိုက်သည်။ 

"မေမေ....သမီးမေမေ့ကိုအရမ်းလွမ်းနေတာ"။ ဆွေ့ဆွေ့က သူ(မ)ကိုတွေ့သည်နှင့်လွှားကနဲခုန်တက်ပြီး ချွဲတော့သည်။

ဖုန်းယောက်ချင်းလည်း ဆွေ့ဆွေ့၏ခေါင်းလေးကိုညင်သာစွာပွတ်သပ်ရင်းပြောလိုက်သည်။ "မေ့သမီးလေး...ပျော်ရွှင်ဖွယ်မွေးနေ့ပါနော်"။ 

ကုဆွေ့ဆွေ့က ခေါင်းလေးစောင်းငဲ့ရင်းကြည့်လာသည်။ "မေမေ...သမီးတို့နေ့လည်စာဘာစားကြမလဲ"။

"လောဘကြီးတဲ့ကြောင်ပေါက်လေး...မေမေက
သမီးမွေးနေ့အတွက်...အရသာရှိတဲ့ဟင်းပွဲတွေအများကြီးပြင်ထားတာပေါ့"။ 

"ဘယ်လိုဟင်းပွဲမျိုးတွေလဲ"။

"အိုး...နေ့လည်စာစားချိန်ရောက်မှသိရမှာပေါ့...
ဒါပေမဲ့မွေးနေ့ပွဲလာတဲ့သူတွေကတော့...အသက်ရှည်ခေါက်ဆွဲကိုစားရမယ်"။ 

"အသက်ရှည်ခေါက်ဆွဲဆိုတာ...ဘယ်လိုမျိုးလဲဟင်"။ ကုဆွေ့ဆွေ့တစ်ယောက် ဇဝေဇဝါနှင့်မေးလိုက်သည်။ ကြက်ဥခေါက်ဆွဲ ၊ အသီးအရွက်ခေါက်ဆွဲ ၊ အမဲသားခေါက်ဆွဲစသည်တို့ကိုသူ(မ)စားဖူးသော်လည်း အသက်ရှည်ခေါက်ဆွဲကို သူ(မ)တစ်ခါမှမစားဖူးချေ။ 

"အသက်ရှည်ခေါက်ဆွဲဆိုတာ...နိမိတ်ကောင်းအောင်လို့...ကျန်းမာအသက်ရှည်အောင်လို့ရည်ရွယ်ပြီးစားရတဲ့ခေါက်ဆွဲတစ်မျိုးလေ"။ ဖုန်းယောက်ချင်းက စိတ်ရှည်လက်ရှည်နှင့်ရှင်းပြသည်။ 

နေ့လည်စာစားသောက်ပြီးနောက် ဖုန်းယောင်ချင်းက ကုဆွေ့ဆွေ့အားအနီးအနားရှိစူပါမားကတ်သို့ခေါ်သွားကာ သားအမိနှစ်ယောက်စျေးဝယ်ထွက်ကြသည်။ ဤအတောအတွင်းဆွေ့ဆွေ့က ရိုက်ကူးရေးတစ်ဖက် ကျောင်းတစ်ဖက်
နှင့်အလုပ်ရှုပ်နေသောကြောင့် ဖုန်းယောက်ချင်းလည်းစျေးဝယ်မထွက်ဖြစ်သည်မှာအတော်ကြာပြီ။ အွန်လိုင်းစျေးဝယ်စနစ်ဖြင့်သာ အသုံးလိုသမျှကိုဝယ်ဖြစ်သည်။ ယနေ့က ဆွေ့ဆွေ့၏မွေးနေ့လည်းဖြစ်သောကြောင့် ပိုက်ဆံခြွေတာမနေတော့ပဲ သူ(မ)သမီးလိုချင်သမျှကိုအလိုလိုက်ပြီးဝယ်ပေးဖြစ်သည်။

.....

တစ်ချိန်တည်းတွင်

နယ်စပ်အစွန်အဖျားတစ်နေရာတွင်ရောက်နေသော ကုကျန်းနျန့်တစ်ယောက် အိပ်ရာပေါ်တွင် နှုတ်ခမ်းသားများဖြူဖျော့လျက်အားနည်းစွာဖြင့်လဲလျောင်းနေသည်။

ဒဏ်ရာများအရှင်းမပျောက်သေးသောကုကျန်းနျန့်ကို ဖူဟန်ရှန်လည်းဘာမှမလုပ်ပေးနိုင်ပဲ
ကြည့်နေရုံသာတတ်နိုင်သည်။ "လောင်ကျူ...ဒီတစ်ပတ်လုံးလုံးမင်းနားနားနေနေအိပ်ရာပေါ်မှာပဲနေရမယ်နော်...ကျန်တဲ့ကိစ္စအကုန်ငါတာဝန်ယူမယ်"။ 

"အစ်ကို....ဒီနေ့က...ကျွန်တော့်သမီးလေးရဲ့မွေးနေ့လေ"။ ကုကျန်းနျန့်ကမျှော်လင့်ချက်မဲ့စွာဖြင့်ပြောလာသည်။ 

ဤတစ်ခေါက်မစ်ရှင်ကို လောင်ကျူတစ်ယောက်အလောတကြီးလုပ်ရခြင်း၏အကြောင်းရင်းမှာ သူ့သမီးကြောင့်ဖြစ်ကြောင်းကိုလည်း ဖူဟန်ရှန်သိသည်။ သို့သော် ဤသို့မဆင်မခြင်လုပ်လိုက်ခြင်းကစွန့်စားရာကျလွန်းသည်။

ကုကျန်းနျန့်နှင့်ဖူဟန်ရှန်တို့နှစ်ယောက်လုံးက မူးယစ်ဆေးဝါးဂိုဏ်းများကိုအမြစ်မှမကျန်ရှင်းပစ်ရန် တာဝန်ပေးအပ်ခံထားရသော ရဲအရာရှိများဖြစ်သည်။ သူတို့နှစ်ယောက် မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုတွင်သူလျှိုအဖြစ်နေရင်းတာဝန်ထမ်းဆောင်နေသည်မှာ လေးနှစ်နီးပါးရှိသွားပြီဖြစ်သည်။

သဲလွန်စများနောက်ကိုလိုက်ကာ သက်သေများစုဆောင်းရင်း ထိုဂိုဏ်းအားလုံးကိုအမြစ်ပြတ်ရှင်းထုတ်ရန်လက်တစ်ကမ်းသာကျန်တော့သည်။ သို့သော် ဤတစ်ခေါက်မစ်ရှင်တွင် ကုကျန်းနျန့်၏မဆင်မခြင်လုပ်ရပ်ကြောင့် အ
လှည့်အပြောင်းဖြစ်သွားသည်။ ဂိုဏ်းခေါင်းဆောင်က သူတို့နှစ်ယောက်လုံးကိုသံသယရှိနေသည်။

သူကိုယ်တိုင်လည်းဇနီးသည်နှင့်သားသမီးရှိသောအိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည့်အတွက် ကုကျန်းနျန့်၏ခံစားချက်ကိုအပြည့်အဝနားလည်သည်။ မိသားစု၏အထင်အမြင်လွဲခြင်းခံရတာလောက် ဆိုးရွားသည့်အရာမရှိတော့။

သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ထိုမူးယစ်ဆေးဝါးနှင့်အမှောင်ဒုစရိုက်ဂိုဏ်းများကိုမဖျက်စီးလျှင် တိုင်းပြည်အတွက်မရပ်တည်လျှင် လူပေါင်းထောင်သောင်းနှင့်ချီပြီးပျက်စီးဒုက္ခရောက်နိုင်သည်။ လူပေါင်းများစွာကိုကယ်တင်နိုင်ဖို့အတွက် မိသားစုဘဝကိုစတေးလိုက်ရသည်က တန်သလိုလိုရှိသည်။

နောက်ဆုံးမစ်ရှင်ကိုသာအောင်မြင်လျှင် သူတို့နှစ်ယောက်လုံး အိမ်ပြန်ပြီးမိသားစုနှင့်ပြန်လည်တွေ့ဆုံနိုင်သည်။ ရဲအရာရှိသရုပ်မှန်ပေါ်သွားမည်ကိုအချိန်တိုင်းကြောက်ရွံ့စိုးရိမ်ပြီး ဖုံးကွယ်နေစရာမလိုတော့ပေ။

ကုကျန်းနျန့်တစ်ယောက် ပြတင်းတံခါးအပြင်ဘက်ရှိညို့မှိုင်းနေသောကောင်းကင်ကိုငေး
ကြည့်ရင်း တီးတိုးပြောဆိုလိုက်သည်။ "ပျော်ရွှင်ဖွယ်မွေးနေ့ပါ...ချစ်သမီးလေး"။