Chapter 134
နေ့လည်ပိုင်းတွင် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့ကို စျေးဝယ်စင်တာသို့ အဝတ်အစားများ အခြားအသုံးအဆောင်ပစ္စည်းများနှင့်ကုန်ခြောက်များဝယ်ရန် ခေါ်သွားသည်။
"မေမေ...ဒီနေ့သမီးမွေးနေ့က...အရမ်းပျော်ဖို့ကောင်းတယ်နော်"။ ရွှင်မြူးနေသော ကလေးငယ်က ခေါင်းကလေးမော်ချီကာပြောလာသည်။
ဖုန်းယောက်ချင်းက ပြုံးရင်းပြန်ဖြေသည်။ "ဒါပေါ့...မွေးနေ့မှာ...ပျော်ပျော်နေသင့်တယ်...ဒီနေ့တစ်ရက်တော့...သမီးကိုမေမေအလိုလိုက်ပေးမယ်"။
တစ်ရက်လုံးအူမြူးနေသော ဆွေ့ဆွေ့လေးက ကားပေါ်သို့ချက်ချင်းပြေးတက်သည်။ အပြန်လမ်းတွင် ဖုန်းယောက်ချင်းက လတ်လတ်ဆတ်ဆတ်သစ်သီးဝလံများ ဝင်ဝယ်သေးသည်။ သစ်သီးဆိုင်မှာ သူ(မ)ရံဖန်ရံခါ ဝယ်ယူအားပေးနေကျဆိုင်လေးဖြစ်သည်။ ၎င်းဆိုင်ရှိအသီးအနှံများက လတ်ဆတ်သန့်ရှင်း
သည့်အပြင် စျေးလည်းသက်သာသောကြောင့် သူ(မ)က ပုံမှန်ဖောက်သည်တစ်ဦးဖြစ်လာသည်။
သားအမိနှစ်ယောက်စျေးဝယ်ပြီးအိမ်ပြန်ရောက်သွားချိန်တွင်ညနေငါးနာရီပင်ထိုးလုနေပြီ။ ဆွေ့ဆွေ့၏မွေးနေ့လက်ဆောင်များမှာလည်း တစ်ခုပြီးတစ်ခုရောက်လာသည်။ ထို့အပြင်ပရိသတ်များမှဆွေ့ဆွေ့အတွက်ပြင်ဆင်ပေးထားသောလက်ဆောင်များကို ရှမ်ယွမ်ကိုယ်တိုင်ကုမ္ပဏီသွားပြီးကားနှင့်သယ်လာခဲ့သည်။ လက်ဆောင်များမှာများလွန်းသောကြောင့် တောင်လိုပုံနေသည်။
လုချီကရိုက်ကူးရေးကြောင့် ဆွေ့ဆွေ့၏မွေးနေ့သို့လူကိုယ်တိုင်မလာနိုင်ပေ။ ဖူရင်းယွီကလည်း
ခရီးထွက်နေသောကြောင့်နောက်ကျမှပြန်ရောက်လာနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ဦးလုံး၏ ဆွေ့ဆွေ့အတွက်မွေးနေ့လက်ဆောင်များကိုလက်ထောက်များမှတစ်ဆင့်ပို့ပေးလာသည်။
သီချင်းခွေသစ်ထုတ်ရန်ခဲ့ကျင်းယန်တစ်ယောက် စတူဒီယိုထဲတွင်တစ်နေကုန်တစ်နေခန်းအလုပ်ရှုပ်နေသော်လည်း ဆွေ့ဆွေ့၏မွေးနေ့ကိုသူအလွတ်မခံနိုင်ပါ။ မအားလပ်သည့်ကြားမှ အလုပ်များကိုတစ်ခဏပစ်ထားခဲ့ပြီး လက်ဆောင်ထုတ်နှင့်အိမ်တိုင်ရာရောက်လူကိုယ်တိုင်ရောက်ချလာသည်။
ကုဆွေ့ဆွေ့တစ်ယောက် ပါပါးခဲ့၏လက်ဆောင်ဘူးကိုကြည့်ပြီးတအံ့တသြဖြစ်နေသည်။ လက်ဆောင်ဘူးက သူ(မ)တစ်ရပ်စာထက်မြင့်နေသည်။
"ဆွေ့ဆွေ့...ပါပါးကသမီးမွေးနေ့အတွက်...သေသေချာချာပြင်ဆင်ပေးထားတာလေ...လက်ဆောင်ဖွင့်ကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား"။
ဘေးတွင်ရပ်နေသောလုယွင်ကျီမှာလည်း ခဲ့ကျင်းယန်၏လက်ဆောင်ကိုသိချင်စိတ်အပြည့်
နှင့်စောင့်ကြည့်နေသည်။ ဤရက်ပိုင်းအတွင်းဆွေ့ဆွေ့၏လက်ဆောင်ကိုအချိန်ယူပြီးတိတ်တဆိတ်ပြင်ဆင်နေသည်ကို လုယွင်ကျီသိပါသည်။ သူ့ကိုတောင်ပေးမသိသည်အထိ ဘာလက်ဆောင်များဖြစ်နေလို့လဲ။
ဆွေ့ဆွေ့လည်း ပါပါးခဲ့၏လက်ဆောင်ဘူးကို မမှီမကမ်းနှင့်ရအောင်ဖွင့်ကြည့်လိုက်သည်။ အထဲရှိလက်ဆောင်ပစ္စည်းကိုမြင်လိုက်သောအခါ ဆွေ့ဆွေ့၏မျက်ဝန်းလေးများအရောင်လက်သွားရသည်။ ဘူးထဲမှဆွဲထုတ်လိုက်ရာ သူ(မ)၏တစ်ရပ်စာထက်မြင့်သောအပန်းရောင်ယုန်မွှေးပွရုပ်ကြီးကိုတွေ့လိုက်ရသည်။
ဆွေ့ဆွေ့မှာ ထိုယုန်ရုပ်ကြီးကိုအခြားလက်ဆောင်များထက်ပိုသဘောကျမိသည်။ ဤမျှလောက်ကြီးသောအရုပ်မျိုးကိုသူ(မ)တစ်ခါမှလက်ဆောင်မရဖူးပေ။ ပါပါးခဲ့ကိုအထပ်ထပ်အခါခါကျေးဇူးတင်ရင်း ဆိုဖာပေါ်တွင်မွှေးပွအရုပ်ကြီးနှင့်တစ်ခဏလောက်ဆော့ကစားနေလိုက်သည်။
ထို့နောက် မွေးနေ့ကိတ်ခွဲကာပါပါးခဲ့ ၊ ဦးဦးလု
မမရှမ်ယွမ်တို့နှင့်အတူညစာစားကြသည်။ ထို့အပြင် ဂိမ်းများဆော့ကစားရင်းပျော်ရွှက်ဖွယ်အမှတ်တရများကိုလည်းဖန်ဆီးခဲ့သေးသည်။
ခဲ့ကျင်းယန်တစ်ယောက် ဆွေ့ဆွေ့နှင့်အတူကျန်လက်ဆောင်ဘူးများဖွက့်ဖောက်ရန်ပြင်နေသော်လည်း လုယွင်ကျီ၏ "အိမ်ပြန်မယ်" ဟူသောစကားကြောင့် ကြည်လင်နေသောစိတ်များနောက်ကျိသွားရသည်။
"ဟာ...ခင်ဗျားနော်...အခုမှအစောကြီးရှိသေးတာကို...ကျွန်တော်မပြန်ချင်သေးဘူး"။
"ခဲ့ကျင်းယန်...အခုဘယ်အချိန်ရှိပြီလဲကည့်လိုက်ဦး...မင်းမနက်ဖြန်အလုပ်တွေရှိသေးတယ်လေ
ဒီနေ့ညစောစောအိပ်တော့...အိပ်ရေးမဝပဲနေလိမ့်မယ်"။
လုယွင်ကျီတစ်ယောက် နှာတံတစ်လျှောက်လျှောကျနေသောရွှေရောင်ကိုင်းကိုတွန်းတင်ရင်း ခဲ့ကျင်းယန်ကိုစိုက်ကြည့်ကာပြောလာသည်။
"အေး....မင်းဒီမှာဆက်နေဦးမယ်ဆိုရင်...ဒီလမင်းအတွက်ငါဘာရိုက်ကူးရေး...ဘာအလုပ်မှမစီစဥ်ပေးတော့ဘူး...ဦးဦးနဒ့ဒေါ်ဒေါ်ကိုပြောလိုက်...မင်းအားနေပြီလို့...သူတို့ကမင်းကိုအိမ်ထောင်ချပေးဖို့စီစဥ်ပေးလိမ့်မယ်"။
လုယွင်ကျီ၏ခြိမ်းခြောက်မှုက အသုံးဝင်ပုံရသည်။ ခဲ့ကျင်းယန်တစ်ယောက် နှုတ်ဆိတ်ပြီးဘာတစ်ခွန်းမှပြန်မပြောတော့ပဲသူ့နောက်သို့အသာတကြည်လိုက်လာသည်။
ခဲ့ကျင်းယန်တို့ပြန်သွားသည်နှင့်ဖုန်းယောက်ချင်းလည်း ဆွေ့ဆွေ့ကိုပြစရာရှိသည်ဟုဆိုကာ အခန်းထဲသို့ခေါ်သွားလိုက်သည်။ ဆွေ့ဆွေ့မှာ မေမေ့ဆီမှလက်ဆောင်ကိုတစ်နေကုန်မျှော်နေသောကြောင့် ယခုလည်းစိတ်လှုပ်ရှားနေမိသည်။
"ဆွေ့ဆွေ့...သမီးအရင်ကပြောဖူးတယ်လေ...သမီးဖေဖေကဘယ်လိုပုံစံလဲဆိုတာတွေ့ဖူးချင်တယ်ဆို...ဟိုတစ်နေ့ကမှသမီးဖေဖေရဲ့ဓာတ်ပုံကိုမေမေရှာတွေ့ထားတယ်...အဲဒီပုံကိူမွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်မယ်"။
ဆွေ့ဆွေ့မှာမေမေပေးသောဓာတ်ပုံကိုကိုင်ရင်း လက်များတုန်ယင်လာသည်အထိစိတ်လှုပ်ရှားနေမိသည်။ ဖေဖေ့ကိုသူ(မ)အလွန်မြင်ဖူးချင်ခဲ့သည် မဟုတ်လား။
ဓာတ်ပုံထဲတွင်မေမေနှင့်ဖေဖေကယှဥ်တွဲလျက်ရပ်နေကြသည်။ ဖေဖေ့မျက်နှာကိုဆွေ့ဆွေ့သေသေချာချာစိုက်ကြည့်နေမိသည်။ ထိုမျက်နှာကို သူ(မ)အလွန်ရင်းနှီးနေသည်။ ဘယ်မှာတွေ့ဖူးတာပါလိမ့်။
"မေမေ...ဒီပုံထဲကလူက...တကယ်ပဲဖေဖေလားဟင်"။
"ဒါပေါ့သမီးရဲ့....ဘာဖြစ်လို့လဲ"။
"အဲဒါဆို...သမီးဖေဖေ့ကိုအပြင်မှာမြင်ဖူးတယ်"။
"ဆွေ့ဆွေ့ကတော့နောက်ပြီ...သမီးကဖေဖေ့ကိုဘယ်လိုလုပ်ပြီးမြင်ဖူးမှာလဲ...သမီးဖေဖေက...ရှိမှမရှိတော့တာကို"။
"တကယ်ပြောတာမေမေရဲ့...သမီးမြင်ဖူးပါတယ်ဆို...ယူနန်တောအုပ်ထဲမှာလမ်းပျောက်သွားတုန်းက...သမီးနဲ့ကင်မရာဦးဦးကိုဖေဖေပဲကယ်ထုတ်လာခဲ့တာ"။
ဆွေ့ဆွေ့၏စကားအဆုံးတွင်ဖုန်းယောက်ချင်းတစ်ယောက် တစ်ကိုယ်လုံးပျော့ခွေပြီးလဲကျမတတ်ဖြစ်သွားသည်။ ဤနှစ်ပိုင်းများအတွင်း စာမလာသတင်းမကြားသောကြောင့် သေပြီဟုသူ(မ)မှတ်ယူထားသော ကုကျန်းနျန့်ကအသက်ရှင်နေသည်တဲ့လား။