အပိုင်း ၁၃၇
Viewers 15k

Chapter 137

တရုတ်ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကို နှစ်နှစ်တစ်ခါကျင်းပလေ့ရှိပြီး တရုတ်ပြည်မကြီး၏အဓိကရုပ်ရှင်ဆုပေးပွဲသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နိုဝင်ဘာနှစ်ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီတွင် အကြိမ်လေးဆယ်မြောက် ရွှေကြက်ဖရုပ်ရှင်ပွဲတော်၏ သတင်းစာရှင်းလင်းပွဲကိုမြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ပြီး ဆန်ကာတင်များကို တစ်ခါတည်းကြော်ငြာလိုက်သည်။

ဆန်ကာတင်စာရင်းဝင်သည့် ရုပ်ရှင်ကားစုစုပေါင်း နှစ်ဆယ့်ရှစ်ကားရှိသည်။ ထိုအထဲတွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်က အကောင်းဆုံးဓာတ်ပုံဆု ၊ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ၊ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု ၊ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆု
စသည့်ဆုပေါင်းငါးဆုအထိ ဆန်ကာတင်စာရင်းဝင်ထားသည်။ 

ရုပ်ရှင်ပွဲတော်၏ဆန်ကာတင်စာရင်းများထွက်လာသည်နှင့် သတင်းမီဒီယာများက ချက်ချင်းပင် အွန်လိုင်းပေါ်တွင်အပြေးအလွှားချက်ချင်း
တင်ကြသည်။ ဝေပေါ့်၏ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထိပ်ဆုံးတွင် အကြိမ်လေးဆယ်မြောက်ရွှေကြက်ဖရုပ်ရှင်ပွဲတော်နှင့်ပတ်သတ်သောအကြောင်းအရာများကနေရာယူထားသည်။ 

သောကြာနေ့နံနက်တွင် ဆွေ့ဆွေ့ကိုမူကြိုကျောင်းသို့သွားပို့ရသည်။ သို့သော် ပိုပိုအေးလာသောရာသီဥတုကြောင့် ကလေးအတော်များများအအေးမိကြသည်။ အခြားကလေးများလည်းအဖျားကူးမည်စိုးသောကြောင့် ကျောင်းကိုတစ်ပတ်ခန့်ပိတ်လိုက်ရသည်။

ကိုယ်စားလှယ်လုယွင်ကျီထံမှ ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် ဆွေ့ဆွေ့ဆန်ကာတင်စာရင်းဝင်ကြောင်းကြားလိုက်ရသောအခါ ဖုန်းယောက်ချင်းမှာမယုံနိုင်ဖြစ်သွားရသည်။ "ကိုယ်စားဘှယ်ကြီးပြောတာအမှန်ပဲလားဟင်....ကျွန်မတို့ရဲ့ဆွေ့ဆွေ့လေးက...တကယ်ပဲ...အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက်ဆန်ကာတင်စာရင်းဝင်တာလား"။

"ဟုတ်ပါတယ်...အခုလောက်ဆိုရင်...အဲဒီသတင်းက...ဆိုရှယ်မီဒီယာတွေပေါ်မှာပြန့်နေရောပေါ့"။ လုယွင်ကျီက ပြုံးရင်းပြောလာသည်။

 ဆန်ကာတင်စာရင်းအကြောင်းသိပြီးနောက် အလွန်အမင်းစိတ်လှုပ်ရှားနေသော ဖုန်းယောက်ချင်းနှင့်ကွဲလွဲစွာ ကုဆွေ့ဆွေ့ကမူထူးထူးခြားခြားတုံ့ပြန်ခြင်းမရှိသည့်အပြင်ရေစေကဲ့သို့ငြိမ်သက်နေသည်။ လူကြီးများပြောနေကြသောအကြောင်းအရာများကိုစိတ်မဝင်စားသလို ခေါင်းငုံ့ကာ မိုဘိုင်းဂိမ်းကိုအသည်းအသန်ကစားနေသည်။

သူ့လက်အောက်ရှိအနုပညာရှင်က အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက်ဆန်ကာတင်စာရင်းဝင်ထားသောကြောင့် လုကျင်ယွီတစ်ယောက် ဤရက်ပိုင်းအတွင်းအတော်လေးအလုပ်ရှုပ်ဦးမည်ဖြစ်သည်။ အဝတ်အစားအပြင်အဆင်မှစ၍ ကောဇောနီပေါ်လျှောက်လှမ်းရန်အစမ်းလေ့ကျင့်သည်အထိအားလုံးကိုကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။

"ဆွေ့ဆွေ့...ကော်ဆဇာနီလျှောက်တဲ့အခါ...ဘယ်သူနဲ့တွဲလျှောက်မှာလဲ...ကိုကိုလုချီနဲ့တွဲမလား
ဒါမှမဟုတ်မမဖူရင်းယွီနဲ့ပဲတွဲလျှောက်ချင်လား"။

လုယွင်ကျီ၏စကားကြောင့် ကလေးငယ်မှာအခက်တွေ့သွားဟန်။ ကိုကိုလုချီနှင့်မမဖူရင်းယွီတို့နှစ်ယောက်လုံးက သူ(မ)အလွန်ချစ်ခင်အားထားရသူများဖြစ်သည်။ နှစ်ယောက်ထဲကတစ်ယောက်ရွေးပါဆိုတော့ သူ(မ)အကျပ်ရိုက်သွားသည်။

ထိုအချိန်တွင် ခဲ့ကျင်းယန်ရောက်ချလာသည်။ "ကိုယ်စားလှယ်ကြီး...ကလေးကိုအကျပ်ရိုက်အောင်မလုပ်ပါနဲ့...သူရွေးရခက်နေတယ်ဆိုရင်
ကျွန်တော်နဲ့အတူတူပဲပွဲတက်ခိုင်းလိုက်ရင်ရောဘယ်လိုလဲ"။

"ဟေး...ဒီတစ်နှစ်မင်းဘာရုပ်ရှင်မှမရိုက်ထားသလို...ဆန်ကာတင်စာရင်းလည်းမဝင်ဘူးလေ
ဘာကိစ္စဆွေ့ဆွေ့နဲ့အတူတွဲပြီးပွဲတက်မှာလဲ"။ လုယွင်ကျီက ခဲ့ကျင်းယန်အားသတိပေးသလိုပြောလာသည်။

ခဲ့ကျင်းယန်လည်းဆွေ့ဆွေ့၏ဆံပင်လေးကိုပွတ်သပ်ရင်းပြန်ပြောလိုက်သည်။ "ဆွေ့ဆွေ့...ဒီတစ်ခေါက်တော့...ဟိုနှစ်ယောက်ထဲကတစ်ယောက်ကိုပွဲအတူတက်ဖို့ရွေးလိုက်ပေါ့...နောက်နှစ်ကျရင်ပါပါးနဲ့အတူပွဲတက်မယ်နော်"။

တစ်ကယ်တမ်းတွင် ခဲ့ကျင်းယန်တစ်ယောက်ထိုသို့သောဆုပေးပွဲမျိုးကို လုံးဝစိတ်မဝင်စားပေ။ မနှစ်က ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရခဲ့သောကြောင့် ပွဲအစအဆုံးငြိမ်ငြိမ်လေးထိုင်နေရကာ ဘယ်လောက်ပျင်းရိငြီးငွေ့ဖွယ်ကောင်းမှန်းသူသိသည်။ ဆုလက်ခံရယူပြီးသည်နှင့်စင်ပေါ်ကချက်ချင်းဆင်းလာလို့လည်းမရ။ ကျေးဇူးတင်မိန့်ခွန်းကပြောရသေးသည်။ ပြန်တွေးရင်းနှင့်ပင် ခဲ့ကျင်းယန်ခေါင်းမူးလာရသည်။

"ဦးဦးလု...မမဖူနဲ့ကိုကိုလုချီနှစ်ယောက်လုံးကို...သမီးနဲ့အတူပွဲတက်ခိုင်းလို့မရဘူးလားဟင်"။ ဆွေ့ဆွေ့က အတန်ကြာအောင်စဥ်းစားပြီးနောက်ပြောလာသည်။

ဆွေ့ဆွေ့၏စကားကြောင့် လုယွင်ကျီလည်းခေတ္တခဏမျှနှုတ်ဆိတ်သွားသည်။ "အင်း...မရတာတော့မဟုတ်ပါဘူး...ဒါပေမဲ့သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့အရင်ဆုံးတိုင်ပင်ကြည့်ရဦးမယ်"။

တစ်ဖက်တွင်လုချီက ရိုက်ကွင်းနေရာတွင်ရှိနေသည်။ ရုပ်ရှင်ကားအသစ်ကိုအပြီးသတ်ရိုက်ကူးရသလိုနိုဝင်ဘာနှစ်ဆယ့်တစ်ရက်နေ့မှနှစ်ဆယ့်ငါးရက်နေ့အထိကျင်းပပြုလုပ်မည့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသောကြောင့် ပြင်ဆင်စရာများ
နှင့်အလုပ်များလွန်းနေသည်။

ထိုစဥ်သူ့လက်ထောက်ဖြစ်သူရှန်းလင်းယန်ရောက်လာပြီး အမောတကောလာပြောသည်။ "လုချီရေ...ကုဆွေ့ဆွေ့ရဲ့ကိုယ်စားလှယ်လုယွင်ကျီကငါ့ဆီဖုန်းဆက်လာတယ်...ဆွေ့ဆွေ့နဲ့အတူတူပွဲတက်ပေးလို့ရနိုင်မလားတဲ့"။

"အင်း...ရတယ်လေ...ကိစ္စမရှိပါဘူး"။

"ဒါပေမဲ့...မင်းတို့နှစ်ယောက်တည်းမဟုတ်ဘူး
မင်းသမီးဖူရင်းယွီရောပါမှာတဲ့"။

လက်ထောက်ဖြစ်သူ၏စကားကြောင့် လုချီတစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဖူရင်းယွီနှင့်သူကရိုက်ကူးရေးလုပ်နေစဥ်မှလွဲ၍ လုံးဝစကားမပြောဖူးချေ။ လနှင့်ချီပြီးရိုက်ကူးရေးအတူလုပ်ခဲ့ကြသော်လည်း သူတို့နှစ်ယောက်ကရင်းနှီးမလာပေ။ ယခုလိုပွဲအတူတက်ရမည်ကိုသိလိုက်ရသောအခါ လုချီ၏စိတ်ထဲတွင်သက်တောင့်သက်သာမရှိလှ။ သို့သော် ဆွေ့ဆွေ့၏မျက်နှာကိုထောက်၍ သူလက်ခံလိုက်သည်။