အပိုင်း ၁၃၈
Viewers 15k

Chapter 138

"ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲအတွက်...ဆန်ကာတင်စာရင်းတွေထွက်လာပြီလား"။ လတ်တလောအချိန်အတွင်း သူ(မ)၏အဒေါ်နှင့်ဦးလေးဖြစ်သူတို့၏စကားကြောင့် ဖူရင်းယွီတစ်ယောက် အလုပ်လုပ်ချင်စိတ်မရှိတော့ပေ။

ဟောင်ဖုန်းသာ ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲအကြောင်းလာမပြောလျှင် ဖူရင်းယွီက ထိုဆုပေးပွဲနှင့်ပတ်သတ်ပြီး တွေးမိမည်ပင်မဟုတ်ချေ။ ယခင်က ထိုသို့သောအသေးအဖွဲကိစ္စများကို သူ(မ)၏ကိုယ်စားလှယ်ဟောင်ဖုန်းက အသိပေးနေစရာမလိုပေ။

ဤနှစ်ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံးဇညတ်ဆောင်မင်းသမီးဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားကြသူများမှာ ယှဥ်ပြိုင်မှုအလွန်ပြင်းထန်သည်ဟု ဆိုရမည်။ သူ(မ)နှင့်အတူ ဆန်ကာတင်ဝင်ထားကြသော အခြားမင်းသမီးလေးယောက်မှာ သူ(မ)ထက်စီနီယာကျသူချည်းဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီဆုအတွက် မျှော်လင့်ချက်ကြီးကြီးမားမားမထားပေ။

ဖူရင်းယွီ၏အမြင်တွင် "တိမ်မြှုပ်နေသော" ရုဏ်ရှင်က အတော်လေးကောင်းမွန်ပြည့်စုံပြီးအောင်မြင်ကျော်ကြားသည့်ရုပ်ရှင်တစ်ကားဖြစ်သော်လည်း ရုပ်ရှင်အစည်းအရုံးရှိဒိုင်လူကြီးများက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုဆုံးဖြတ်ရာတွင် သာမာန်ကာလျှံကာမျှမကြည့်ပဲ ရုပ်ရှင်၏ဇာတ်လမ်းဇာတ်ကွက်အတိမ်အနက်
သရုပ်ဆောင်များ၏သက်ဝင်ခံစားမှုကိုခရေတံင့်စေ့ကျ ထောင့်စေ့အောင်နက်နက်နဲနဲလိုက်ကြည့်တတ်သည်။ 

ဤနေရာတွင်သာမာန်လူတစ်ယောက်နှင့် ဒိုင်လူကြီးများ၏အမြင်သဘောထားက ကွဲလွဲနိုင်သည်။ သို့သော် သူ(မ)၏စိတ်ထဲတွင် အကောင်းဆုံးရုပ်ရှင်ဆုအတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသည်။

အကောင်းဆုံးရုပ်ရှင်မင်းသမီးဆုကိုမူ သူ(မ)မျှော်လင့်မထားပေ။ သူ(မ)၏ ဇာတ်ကောင်က ဇာတ်လိုက်မင်းသားလောက် လုပ်ကွက်မရသလိုပေါ်လွင်ခြင်းမရှိ။ ထို့အပြင် သူ(မ)နှင့်အတူဆန်ကာတင်စာရင်းဝင်ထားသော အခြားပြိုင်ဘက်ရုပ်ရှင်မင်းသမီးများက ပို၍အားသာနေသောကြောင့် ထိုဆုကိုသူ(မ)ရနိုင်ချေမရှိ။

လုချီနှင့်ဒါရိုက်တာချန်းကမူ သူ(မ)ထက်ဖြစ်နိုင်ချေရှိသေးသည်။ ရုပ်ရှင်တစ်ကားလုံးကဇာတ်လိုက်မင်းသားဖြစ်သောလုချီ၏ လုပ်ကွက်ကြီးကြီးဖြစ်နေသည့်အပြင် သရုပ်ဆောင်မှုစွမ်းရည်ကလည်း အခြားဆန်ကာတင်မင်းသားများနှင့် သူမသာကိုယ်မသာပင်။ 

ဒါရိုက်တာချန်းကလည်း အနုပညာလောကထဲတွင်နာမည်တစ်လုံးနှင့်ကျော်ကြားနေသူဖြစ်ပြီး သူ့အရည်အချင်းကိုအကြိမ်ပေါင်းများစွာသက်သေထူခဲ့ပြီးဖြစ်သည်။ ဤတစ်ခေါက်တွင်လည်း တစ်မူထူးခြားသောဖန်တီးရိုက်ကူးမှုကြောင့် အကောင်းဆုံးဒါရိုက်တာဆုနှင့်ပြေးမလွတ်ပေ။

သူ(မ)ထိုအကြောင်းများကိုစဥ်းစားနေတုန်း ကိုယ်စားလှယ်ဖြစ်သူဟောင်ဖုန်းကိုရုတ်တရက်ဝင်လာသည်။ "ရင်းယွီ...ငါနင့်ကိုပြောစရာရှိတယ်...ရွှေကြက်ဖရုပ်ရှင်ပွဲတော်နဲ့ပတ်သတ်ပြီးတော့လေ...ဆွေ့ဆွေ့ရဲ့ကိုယ်ဟားလှယ်လုယွင်ကျီက...ဒီနေ့မနက်အစောကြီးငါ့ကိုဖုန်းဆက်လာတယ်...ဆွေ့ဆွေ့ကအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုမှာဆန်ကာတင်စာရင်းဝင်ထားတဲ့အတွက်...နင်သူနဲ့အတူတူတွဲပြီးပွဲတက်ပေးနိုင်မလားတဲ့"။

"ဆွေ့ဆွေ့က...အကောင်းဆုံးမျက်နှာသစ်သရုပ်တောင်ဆုအတွက်...ဆန်ကာတင်စာရင်းဝင်ထားတာလား...နင်ငါ့ကိုစောစောမပြောဘူးရော်"။

"ရင်းယွီရယ်...နင်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက်ဆန်ကာတင်စာရင်းဝင်တုန်းကတောင်မှ...ဒီလောက်မအံ့သြဘူး
ဆွေ့ဆွေ့ကျမှရင်ခုန်ပေးနေလိုက်တာ...အံ့ရော"။

ဖူရင်းယွီတစ်ယောက် ကလေးငယ်အတွက်တစ်ကယ်ကိုဝမ်းသာနေမိသည်။ အသက်ငယ်ငယ်လေးနှင့်အရည်အချင်းရှိပြီးတော်သောကြောင့် ထိုဆုကဆွေ့ဆွေ့အတွက်ထိုက်တန်ပါသည်။

"ဒါပေမဲ့...နင်တို့နှစ်ယောက်ထဲတော့မဟုတ်ဘူး
မင်းသားလုချီနဲ့လည်းအတူတူပွဲတက်ရမယ်တဲ့"။

ဟောင်ဖုန်း၏စကားကြောင့် ဖူရင်းယွီဆွံ့အသွားသည်။ လုချီနှင့်သူ(မ)ကပွဲအတူတက်ရလောက်သည်အထိ ရင်းနှီးကြသောဆက်ဆံရေးမဟုတ်။ ဘာကြောင့်များ ဒီလိုစီစဥ်လိုက်ရတာပါလိမ့်။

"အင်း...ငါကကိစ္စမရှိပါဘူး...လုချီကိုအရင်ဆုံးသွားမေးကြည့်လေ...သူကငါနဲ့အတူပွဲမတက်ချင်ဘူးဆိုရင်...ငါနဲ့ဆွေ့ဆွေ့ပဲအတူတက်လိုက်မယ်"။ 

......

"ကိုကို...ဘာတွေစဥ်းစားနေတာလဲဟင်"။ စာသင်ခန်းထဲတွင်မှိုင်တွေငေးမောနေသောချင်ဇီချန်းကိုကြည့်ရင်း ဆွေ့ဆွေ့မေးလိုက်ခြင်းဖြစ်သည်။ တစ်မနက်လုံးဆွေ့ဆွေ့နှင့်စကားမပြောသည့်ကိုကိုက တစ်ခုခုကိုအသည်းအသန်
စဥ်းစားနေပုံရသည်။

"အော်...ဘာမှမဟုတ်ပါဘူး...နောက်တစ်ပတ်စနေနေ့ကျရင်...ကိုကို့အစ်ကိုကြီးရဲ့မွေးနေ့လေ"။

"မွေးနေ့ဆိုနော့ပျော်စရာကောင်းမှာပေါ့...ကိုကိုကဘာလို့မှိုင်နေတာလဲ"။

"သူ့အတွက်...မွေးနေ့လက်ဆောင်ဘာပေးရမလဲမသိလို့"။

"အဲဒါများ...ဘာခက်တာကျလို့...အဲ့ကိုကိုဘာကြိုက်တတ်လဲ...သူကြိုက်တတ်တာပေးလိုက်လေ"။

"သူဘာကြိုက်တတ်လဲဆိုတာ...ကိုကိုမသိဘူး"။ အစ်ကိုဖြစ်သူနှင့်စကားတစ်ခွန်းပင်မပြောဖြစ်သောကြောင့် သူ့အကြောင်းဘာဆိုဘာမှချင်ဇီ
ချန်းမသိတော့ပေ။ 

"အဲဒါဆိုရင်...သူ့ကိုသွားမေးကြည့်လေ"။

"ဆွေ့ဆွေ့ကလည်း...အဲ့လိုသွားမေးရင်...ဘယ်ကောင်းတော့မလဲ...မွေးနေ့လက်ဆောင်ဆိုတာအံ့သြသွားအောင်ပေးရတာမဟုတ်ဘူးလား"။

ဆွေ့ဆွေ့လည်း ကိုကို့စကားကြောင့် မွေးနေ့လက်ဆောင်ကိစ္စကိုအသည်းအသန်စဥ်းစားနေမိသည်။ ထို့နောက် အကြံတစ်ခုရသွားသည်။

"ကိုကို...ဒီလိုလုပ်ပါလား"။ ဆွေ့ဆွေ့က ချင်ဇီ
ချန်းကို သူ(မ)၏အကြံဥာဏ်အားတီးတိုးပြောပြလိုက်သည်။