Chapter 140
သူဌေးဖြစ်သူ၏ဂုဏ်သိက္ခာကိုအဖတ်ဆယ်ရန် ချင်ဇီချန်တစ်ယောက် ပထမတန်းစားဗီအိုင်ပီနားနေခန်းတွင် နေနေလိုက်သည်။ သူ့မျက်နှာဖုံးကို မချွတ်ရဲသေးသောကြောင့် တင်းတင်းကျပ်ကျပ်ဖုံးအုပ်ထားသည်။
လေယာဥ်ပေါ်တွင် ပထမတန်းစားခရီးသည်များအတွက် အထူးတလှယ်ပြင်ဆင်ပေးထားသော အစားအသောက်များကိုပင် တစ်စက်ကလေးမှမတို့မထိပဲ သတိကြီးစွာဖြင့်နေသည်။
နေ့လည်ငါးနာရီခန့်တွင် လေယာဥ်က ဝိုင်မြို့လေဆိပ်တွင် အချိန်မီဆိုက်ရောက်သည်။
တရုတ်နိုင်ငံ၏ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကို ဝိုင်မြို့တော်ရှိ နိုင်ငံတကာညီလာခံနှင့်ဗဟိုအနုပညာပြခန်းကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကုဆွေ့ဆွေ့တည်းခိုသည့်နေရာမှာ ပွဲကျင်းပမည့်နေရာနှင့် အနီးဆုံးတွင်ရှိနေသော ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။ ပွဲတက်ရောက်မည့် အနုပညာရှင်အတော်များများလည်း ထိုဟိုတယ်တွင် တည်းခိုကြသည်။
အနုပညာရှင်များအပြင်ပါပါရာဇီများနှင့်ပရိသတ်အချို့လည်း ဤဟိုတယ်တွင်လာရောက်တည်းခိုကြသည်။ နာမည်ကျော်အနုပညာရှင်များဟိုတယ်သို့မရောက်လာခင် ပါပါရာဇီများနှင့်ပရိသတ်များကဟိတြယ်ဝင်ပေါက်မှ ဿ်မရာများဆိုင်းဘုတ်များကိုင်ကာ အသင့်အနေအထားဖြင့်စောင့်ဆိုင်းနေကြသည်။ သို့သော် မြေအောက်ကားပါကင်မှဟိုတယ်နားနေခန်းအထိ တိုက်ရိုက်ဆက်သွယ်ထားသောဓာတ်လှေကားရှိသောကြောင့် ထိုလူများကိုတွေ့စရာမလိုပဲ မိမိအခန်းသို့တန်းသွားလို့ရသည်။
"သခင်လေးချင်...သခင်လေးအတွက်ကျွန်မတို့အခန်းပြင်ဆက်ထားပြီးပါပြီ....သုံးဆယ့်နှစ်ထပ်မှာပါ....ဒီမှာသခင်လေးရဲ့အခန်းသော့"။
တိုက်တိုက်ဆိုင်ဆိုင် ဤဟိုတယ်ကလည်း ချင်အုပ်စပိုင်ဆိုင်မှုလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ ထို့ကြောင့် ချင်သခင်လေးကိုအနုပညာရှင်အကျော်အမော်များထက်ပင် လိုလေသေးမရှိပိုမိုဂရုစိုက်ပေးကြခြင်းဖြစ်သည်။
ချင်ဇီချန်းတစ်ယောက် အခြားသူများ၏အခန်းနံပါတ်ကိုတစ်ချက်လှမ်းကြည့်လိုက်သောအခါ သူ့အခန်းနံပါတ်နှင့်ဝင်ရိုးစွန်းနှစ်ခုလိုဝေးကွာနေသည်ကိုတွေ့လိုက်ရသည်။ "သုံးဆယ့်နှစ်ထပ်မှာ...ကျွန်တော့်တစ်ယောက်တည်းမနေချင်ဘူး
လူတိုင်းနေတဲ့အထပ်မှာပဲနေချင်တယ်...ဒါမှမဟုတ်...သူတို့ထဲကတစ်ချို့ကို....ကျွန်တော်နေတဲ့အထပ်မှာလာနေခိုင်းလိုက်လေ"။
ဟိုတယ်မန်နေဂျာက နဖူးပြင်ပေါ်ရှိချွေးစက်များကိုသုတ်လိုက်ရင်း အမောတကောပြောလာသည်။ "သခင်လေး...မကြာခင်မှာရွှေကြက်ဖရုပ်ရှက်ဆုပေးပွဲကျင်းပမှာမလို့...ဒီဟိုတယ်မှာအကုန်လုံးက...ဟိုးအရင်တည်းက...ကြိတင်ပြီးဘွတ်ကင်ယူထားကြတာပါ...သခင်လေးနေတဲ့အပေါ်ထပ်မှာအခန်းပိုတစ်ထန်းမှမရှိတော့ပါဘူး"။
ဟိုတယ်မန်နေဂျာနှင့်အငြင်းအခုံဖြစ်နေသောချင်ဇီချန်းကြောင့်ဖုန်းယောက်ချင်းလည်းမနေသာတော့ပဲဝင်ပြောလိုက်ရသည်။ "တကယ်တော့...ဘယ်အထပ်မှာပဲနေနေ...ဟိုတယ်တစ်ခုတည်းမှာအတူတူနေကြတာပဲလေ...အပေါ်ထပ်အောက်ထပ်ကို...ဓာတ်လှေကားနဲ့ခဏလေးကူးလို့ရနေတာပဲ"။
"ဟုတ်ပါတယ်...သခင်လေး...သခင်လေးနေမဲ့သုံးဆယ့်နှစ်ထပ်နဲ့ဒီကအစ်မတို့နေတဲ့နှစ်ဆယ်ရှစ်ထပ်က...နီးနီးလေးပါပဲ...ဓာတ်လှေကားနဲ့သွားလိုက်ရင်...တကယ့်ကိုခဏလေးပဲ"။ ဟိုတယ်မန်နေဂျာက တတ်နိုင်သလောက် ဖျောင်းဖျရှာသည်။
"ဒါပေမဲ့....အားလုံးနဲ့အတူတူအောက်ထပ်မှာပဲနေချင်တယ်....အပေါ်မှာတစ်ယောက်တည်း...အထီးကျန်ဖို့ကောင်းတယ်"။
"ကိုကို...ဆွေ့ဆွေ့တို့နဲ့အောက်ထပ်မှာအတူတူလာနေလို့ရပါတယ်...ဦးဦးလုက...အခုထိမရောက်လာသေးဘူး...သူ့အခန်းလွတ်နေတယ်လေ...ကိုကိုအဲဒီမှာလာနေလို့ရတယ်"။
ဆွေ့ဆွေ့စကားကြောင့် ချင်ဇီချန်းတစ်ယောက် အားတက်သွားသည်။ "အင်း...အဲဒီလိုလုပ်ရအောင်...ကျွန်တော်ဦးဦးလုယွင်ကျီရဲ့အခန်းမှာနေလိုက်မယ်...သူရောက်လာရင်...ကျွန်တော့်အခန်းမှာနေခိုင်းလိုက်"။
"ဟုတ်ကဲ့ပါ...သခင်လေး....ဒီမှာခဏစောင့်ပေးပါဦး...ကျွန်တော်အခန်းသော့အသစ်ပြန်သွားယူပေးပါ့မယ်"။ သုံးနှးစ်အရွယ်ကလေးမလေးဝင်ဖြေရှင်းလိုက်မှ ကိစ္စပြေလည်သွားသောကြောင့်
ဟိုတယ်မန်နေဂျာမှာသက်ပြင်းဖွဖွချနိုင်တော့သည်။
.....
ချင်ကုမ္ပဏီ၏ဥက္ကဋ္ဌရုံးခန်းတွင်....
"ဇီချန်း....အခြေအနေဘယ်လိုနေလဲ"။
"ဥက္ကဋ္ဌကြီးစိတ်မပူပါနဲ့...အားလုံးကိုသေချာစီစဥ်ပေးထားပါတယ်...အခုသခင်လေးကဟိုတယ်မှာအနားယူနေလောက်ပါပြီ...မနက်ဖြန်ရွှေကြက်ဖရုပ်ရှင်ဖွင့်ပွဲအခမ်းအနားမှာလည်း...လုံခြုံရေးတွေကို...နှစ်ဆတိုးထားပါ့မယ်....သခင်ငယ်လေးရဲ့လုံခြုံရေးကိုအာမခံပါတယ်"။
"အင်း...တာဝန်ကျေတယ်"။
သားငယ်လေး၏တိုးတက်လာသောအခြေအနေနှင့်ပတ်သတ်ပြီး သူကိုယ်တိုက်အလွန်ကျေနပ်နေမိသည်။ ကုဆွေ့ဆွေ့ဟူသောကလေးမလေးနှင့်သူငယ်ချင်းဖြစ်သွားပါမှ အရင်လိုပြဿနာမရှာတော့ပဲ အတော်လေးခြေငြိမ်သွားသည်။
သားကြီးဖြစ်သူချင်ဇီယုကမူ သားငယ်နှင့်မတူပဲ တည်ငြိမ်ရင့်ကျက်ကာပညာရေးတွင်လည်းထူးချွန်သည်။ ဘယ်သူနှင့်မှစကားမပြောသလိုအနေအေးလှသည်။
ပြန်ပေးဆွဲမခံရမီက သားကြီးက ကုဆွေ့ဆွေ့ကဲ့သို့ပင် ဖျတ်လတ်တက်ကြွသောကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ကလေးနှင့်မတန် ကြုံတွေ့ခဲ့ရသည့်စိတ်ဒဏ်ရာများက သူ့အကျင့်စရိုက်အားလုံးကိုပြောင်းလဲသွားစေခဲ့ပုံရသည်။
ထို့အပြင်သုံးရက်လုံးလုံးအမှောင်အခန်းထဲတွင် အစာရေစာပြတ်လပ်ပြီးအချုပ်နှောင်ခံရဖူးသောကြောင့် အမှောင်ကြောက်သည့်ရောဂါပါရသွားသည်။ ထို့ကြောင့်တစ်အိမ်လုံးကို ညရောက်တိုင်းတစ်ညလုံးလင်းထိန်နေအောင်နေရာမလပ်မီးဖွင့်ပေးထားရသည်။
သားကြီးအိပ်သွားသည့်အချိန်တိုင်း သူအမြဲတမ်းတိတ်တဆိတ်စောင့်ကြည့်ခဲ့ဖူးသည်။ ထိုအခါတိုင်း အိပ်မက်ယောင်ပြီးချွေးစေးများပြန်နေသောသားလေးကို ဖခင်တစ်ယောက်အနေနှင့်အကူအညီမဲ့စွာဖြင့်ကြည့်နေခဲ့ရသည်။
ထိုအိပ်မက်ဆိုးများက ယနေ့တိုင်အောင်ခြောက်လှန့်နေပုံရသည်။ စိတ်ရောဂါကုထုံးပညာရှင်များနှင့်အကြိမ်ပေါင်းများစွာကြိုးစားပြကြည့်သော်လည်း မသက်သာလာခဲ့ပေ။
သို့သော် မနေ့ညကထူးထူးခြားခြားပင်။ သားကြီးအိပ်မောကျနေစဥ်တွင် အိပ်မက်ဆိုးကြောင့်လန့်နိုးလာမည်ကိုစိုးရိမ်၍ သူစောင့်ကြည့်နေခဲ့သည်။
သို့ရာတွင် မနက်လင်းသည်အထိ သူ့ညီလေးလက်ဆောင်ပေးထားသောမွေးနေ့လက်ဆောင်လေးကိုဖက်ကာ မည်သည့်အိပ်မက်ဆိုးမှမမက်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။