အပိုင်း ၁၄၃
Viewers 15k

Chapter 143

ခဲ့ကျင်းယန်လည်း နိုဝင်ဘာနှစ်ဆယ့်ငါးရက် နေ့လည်ပိုင်းတွင် ဝိုင်မြို့တော်သို့ရောက်ရှိလာသည်။

"ဆွေ့ဆွေ့...ရုပ်ရှင်ပွဲတော်က...ဒီနေ့ညမလား"။

ခဲ့ကျင်းယန်အနေဖြင့် ဤသို့သောရုပ်ရှင်ပွဲတော်များကို စိတ်မဝင်စားချေ။ မည်သူရရ မရရ သူ့အပူမပါ။ သူဆုရလျှင်လည်း ယူလိုက်ရုံသာ။ မည်သို့သောခံစားချက်မျိုးမှရှိမနေချေ။ 

လုယွင်ကျီသာ အတင်းမလာခိုင်းလျှင် ဤအချိန်လောက်တွင် ဂိမ်းလေးကစားပြီးအိမ်တွင်သာအေးဆေးနှပ်နေပေလိမ့်မည်။ လတ်တလောတွင် ခဲ့ကျင်းယန်တစ်ယောက် သီချင်းခွေအသစ်ထုတ်ရန် ပြင်ဆင်နေသည့်ကာလဖြစ်သောကြောင့် လုယွင်ကျီက ဂိမ်းစက်မှစ၍ စစ်တုရင်ခုံများအထိပါ သိမ်းထားသည်။ ခဲ့ကျင်းယန်အား လုံးဝပေးမထိချေ။

သို့သော် ဤနှစ်ဆုပေးပွဲတွင်မူ ဆွေ့ဆွေ့ကအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသော
ကြောင့် ခဲ့ကျင်းယန်က ကလေးငယ်ကိုအားပေးရန်သာ ရောက်နေခြင်းဖြစ်သည်။

အဖြူရောင်ဂါဝန်လေးနှင့်အပြာနုရောင်အပေါ်ထပ်ကုတ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ထညးသော ကုဆွေ့ဆွေ့ကအလွန်ချစ်ဖို့ကောင်းလှသည်။ 

ခဲ့ကျင်းယန်ကဆွေ့ဆွေ့၏ပခုံးကိုခပ်ဖွဖွပုတ်ရင်းအားပေးစကားဆိုလာသည်။ "သိပ်ပြီးစိတ်မလှုပ်ရှားနဲ့နော်...ခေါင်းကိုမော့ပြီးခါးကိုမတ်နေအောင်ထား...ကိုယ်ကအားလုံးရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးနဲ့နေ...ပါပါးခဲ့ဆုယူတုန်းကလည်းအဲ့လိုပဲ"။

ကလေးငယ်ကိုမဟုတ်ကဟုတ်ကသင်ပေးနေသောခဲ့ကျင်းယန်ကိုကြည့်ရင်း လုယွင်ကျီတစ်ယောက်ဆွံ့အနေမိသည်။

ထိုကလေးနှစ်ယောက်ကလိုက်လဲလိုက်ပါသည်။ ခဲ့ကျင်းယန်ကသူ့အတွေ့အကြုံများကိုအားတက်သရောပြောပြနေသလောက် ဆွေ့ဆွေ့ကလည်း အသည်းအသန်အာရုံစူးစိုက်ပြီးနားထောင်နေသည်။ 

တတွတ်တွတ်ပြောနေကြသောထိုနှစ်ယောက်ကြောင့် လုယွင်ကျီမှာနားများပူလာသဖြင့်အပြင်သို့ထွက်လာခဲ့သည်။ ခဲ့ကျင်းယန်လည်း ဆွေ့ဆွေ့နှင့်အချိန်အတော်ကြာအောင်စကားပြောပြီး အာခေါင်ခြောက်လာရာ ရေသောက်ရန်ထသွားသည်။ ထိုစဥ်တစ်စုံတစ်ယောက်က အပြင်ဘက်မှတံခါးခေါက်လာသည်။

ခဲ့ကျင်းယန်လည်းလက်ထဲမှရေခွက်ကိုချပြီးတံခါးဖွင့်ပေးလိုက်သည်။ အခန်းထဲသိဝြင်လာသူမှာအခြားမဟုတ်။ ခဲ့ကျင်းယန်မျက်စိစပါးမွှေးစူးနေသော ကောင်စုတ်လေး ချင်ဇီချန်းပင်။

ခဲ့ကျင်းယန်ကိုတွေ့လိုက်သည်နှင့်ချင်ဇီချန်းမှာ ချက်ချင်းမျက်နှာအမူအရာပြောင်းသွားသည်။
မတွေ့ချင်သည့်လူကိုတွေ့လိုက်ရသည့်နှယ်။

 "မင်္ဂလာပါ...ဦးလေး"။ ဆွေ့ဆွေ့ကိုတစ်ချက်လှမ်းကြည့်ကာ ကောင်စုတ်လေးက ခဲ့ကျင်းယန်အား အင်တင်တင်နှင့်နှုတ်ဆက်လာသည်။ 

သူ့ကိုဦးလေးဟုခေါ်လိုက်သဖြင့် ခဲ့ကျင်းယန်မှာမျက်ခုံးတန်းများတွန့်ချိုးသွားသည်။ ဦးလေးဟုခေါ်ရလောက်အောင် သူကအသက်နှစ်ဆယ်ကျော်ကျော်လေးပဲ ရှိသေးသည်။ ဒီကောင်လေး တမင်သက်သက်လုပ်တာပဲဖြစ်ရမည်။ 

"ဦးလေး...ကျွန်တော်ကဆွေ့ဆွေ့ရဲ့သူငယ်ချင်းဖြစ်သွားပြီနော်...မဆင်မခြင်လက်မပါလာနဲ့
တရားစွဲလိုက်မှာ"။ ချင်ဇီချန်းလည်း သူ့အားစူးစူးရဲရဲစိုက်ကြည့်နေသောဆွေ့ဆွေ့၏ပညပါးကို မချင့်မရဲပြန်စိုက်ကြည့်ပေးလိုက်သည်။

ပွဲစတော့မည်ဖြစ်သောကြောင့် ခဲ့ကျင်းယန်လည်းရန်မဖြစ်ချင်၍ ဒီတိုင်းသာထွက်လာခဲ့သည်။ စိတ်ထဲတွင်တော့ထိုကောင်လေးကိုအတော်လေးကြိတ်မနိုင်ခဲမရဖြစ်နေသည်။

ညရှစ်နာရီတိတိတွင် ဆုပေးပွဲအခမ်းအနားကိုစတင်သည်။ ပွဲစသည်နှင့်အင်ပါယာအကယ်ဒမီအနုပညာကျောင်းမှ ဂျူနီယာကျောင်းသားကျောင်းသူများက ရုပ်ရှင်အစည်းအရုံး၏ကိုယ်စားပြုသီချင်းဖြင့်သီဆိုဖျော်ဖြေသည်။ 

ထို့နောက်အစီအစဥ်တင်ဆက်သူကစင်မြင့်ထက်သို့ရောက်ရှိလာပြီး တာဝန်ရှိသူများကိုယ်စားအဖွင့်အမှာစကားပြောကြားကာ ဆုပေးခြင်းအစီအစဥ်ကိုစတင်ပြုလုပ်တော့သည်။

ပထမဆုံးအနေနှင့်အကောင်းဆုံးအမျိုးသားဇာန်ပို့ဆုနှင့်အမျိုးသမီးဇာတ်ပို့ဆုရှင်ကို ဆန်ကာတင်စာရင်းဝင်သူများအနက်ကြော်ငြာပေးသည်။ 

ထို့နောက်အစီအစဥ်အရအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုရှင်ကိုကြော်ငြာရ
မည့်အလှည့်ရောက်လာသည်။ စင်အောက်တွင်ကြည့်နေကြသောသူများအားလုံးမှာ ရင်တစ်မမနှင့်ဆုပိုင်ရှင်ကိုစောင့်ဆိုင်းနေကြသည်။

မိနစ်အနည်းငယ်အကြာတွင် အစီအစဥ်တင်ဆက်သူက ကတ်တစ်ကတ်ကိုဆွဲထုတ်ကာ ဆုပိုင်ရှင်ကိုကြော်ငြာပေးတော့သည်။ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုရှင်ကတော့...."။

တိူက်ရိုက်ထုတ်လွှင့်နေသောကင်မရာအားလုံးက အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသူများကိုတစ်လှည့်စီမီးမောင်းထိုးပြသည်။

"တိမ်မြှုပ်နေသော...ရုပ်ရှင်ကားမှာ...မင်းသမီးငယ်လေးလင်းရာအဖြစ်...အကောင်းဆုံးပုံဖော်သရုပ်ဆောင်ခဲ့တဲ့...ကုဆွေ့ဆွေ့ပဲဖြစ်ပါတယ်"။ 

ဆွေ့ဆွေ့၏နာမည်ကိုဆုရှင်အဖြစ်ကြော်ငြာလိုက်သည်နှင့် ခန်းမတစ်ခုလုံးတစ်ခဲနက်အားပေးသံများ ချီးမွမ်းသြဘာပေးသံများဖြင့်လျှံထွက်သွားတော့သည်။ 

အွန်လိုင်းမှတစ်ဆင့်တိုက်ရိုက်ကြည့်ရှုနေသူများမှာလည်း ဆွေ့ဆွေ့ကိုဂုဏ်ယူဝမ်းသာပေးနေကြသည်။ 

စုယွီချင်းလည်း တီဗွီရုပ်သံလှိုင်းမှတစ်ဆင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကိုဖခင်ဖြစ်သူနှင့်အတူ
ကြည့်ရှုနေသည်။

ဆွေ့ဆွေ့ကအကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကိုရသွားသောအခါ သူ(မ)၏စိတ်ထဲတွင်မနာလိုမှု မုန်းတီးမှုတို့အ
လျဥ်းမရှိပဲ ဝမ်းသာပေးနေသေးသည်။