အပိုင်း ၁၄၄
Viewers 15k

Chapter 144

စလိုက်မီးမောင်းက သူ(မ)အပေါ်သို့ထိုးကျလာချိန်တွင် ကုဆွေ့ဆွေ့မှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။

ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင် ဧည့်သည်များ၏ နေရာထိုင်ခင်းများကို ရုပ်ရှင်အစည်းအရုံးက စီ
စဥ်ထားခြင်းဖြစ်သည်။ ကုဆွေ့ဆွေ့၏နေရာမှာ ပထမတန်းတွင်ဖြစ်သည်။ ဖူရင်းယွီက သူ(မ)၏
ဘယ်ဘက်ဘေးတွင်ထိုင်နေပြီး လုချီကညာဘက်ဘေးတွင်ထိုင်နေသည်။

"ဆွေ့ဆွေ့....ဂုဏ်ယူပါတယ်နော်"။ အစီအစဥ်တစ်ခုလုံးကို အင်တာနက်ကွန်ရက်များ သတင်းမီဒီယာများနှင့်ရုပ်သံလှိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်သောကြောင့် လုချီက စကားအပိုအလိုတစ်ခွန်းမှမပြောချေ။ ပွဲပြီးမှ ကလေးငယ်အားကောင်းကောင်းဂုဏ်ပြုပေးရန်တွေးထားလိုက်သည်။

"ဆွေ့ဆွေ့...စင်ပေါ်တက်ရင်...အရမ်းစိတ်လှုပ်ရှားနေစရာမလိုဘူးနော်...ဦးဦးလုယွင်ကျီသင်ထားပေးတဲ့အတိုင်း...လုပ်ရုံပဲ...ကိုကိုတို့မမတို့အားလုံး...စင်အောက်ကနေအားပေးနေမှာ
ကြားလား"။ ဖူရင်းယွီက မျက်လုံးကလယ်ကလယ်နှင့် စိတ်လှုပ်ရှားနေဟန်ရှိသော ကလေးမလေးကိုထွေးပွေ့ကာ အားပေးစကားတီးတိုးပြောလိုက်သည်။

ဆွေ့ဆွေ့ကခေါင်းညိမ့်ပြရင်းစင်ပေါ်သို့တည်တည်ငြိမ်ငြိမ်နှင့်တက်သွားသည်။ ထို့နောက် သတ်မှတ်ထားသောနေရာတွင်သွားရပ်သည်။ မမဖူနှင့်ကိုကိုလုချီတို့လိုက်တက်လာမည်ဟုထင်ထညးသော်လည်း အချိန်အတန်ကြာသည်အထိလိုက်မတက်လာပဲ သူ(မ)၏ဘေးတွင်သူ(မ)မရင်းနှီးသောသူစိမ်းများသာရှိသည်။ 

ဆွေ့ဆွေ့တစ်ယောက် စင်ပေါ်တွင်ရပ်နေရက်းစင်အောက်ရှိလူအုပ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်မိသည်။ အားလုံးကသူ(မ)ကိုကြည့်နေသလိုခံစားရသည်။ ထိုသို့တွေးမိသည်နှင့်သိမ်ငယ်စိတ်တို့ဝင်လာကာ ရှက်ကြောက်မှုတို့ကြီးစိုးသွားသည်။ 

သို့သော် မေမေ ၊ ပါပါးခဲ့ ၊ မမရှမ်ယွမ် ၊ ဦးဦးလု
မမရင်းယွီနှင့်ကိုကိုလုချီတို့ကသူ(မ)ကိုအမြဲတမ်းအားပေးနေသည်ဟုတွေးလိုက်မိသောအခါ သူ(မ)အားပြန်တက်လာရသည်။ နေ့လည်က ပါပါးခဲ့ပြောထားသောစကားများကိုပြန်အမှတ်ရရင်းယုံကြည်မှုအပြည့်ရှိသောပုံစံသို့ ချက်ချင်းပြောင်းလိုက်သည်။ 

ဆုပေးရန်စင်ပေါ်သို့တက်ရောက်လာသူမှာ ရုပ်ရှင်အစည်းအရုံး၏ဒုဥက္ကဋ္ဌဖြစ်သည်။ သူ(မ)စင်ပေါ်သို့ရောက်လာပြီးမကြာမီတွင် ဆွေ့ဆွေ့အား ဆုနှင့်ပန်းစည်းကိုကမ်ပေးလာသည်ါ

"ကျေးဇူးပါ"။

ရွှေကြက်ဖရုပ်ရှင်ပွဲတော်၏သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကိုရဖူးသူများအနက် ဆွေ့ဆွေ့ကအသက်အငယ်ဆုံးဖြစ်သည်။ 

"ကျွန်တော်တို့...အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုပိုင်ရှင်လေးရဲ့...ကျေးဇူးတင်မိန့်ခွန်းကိုနားထောင်ကြည့်ကြရအောင်"။ အစီအစဥ်တင်ဆက်သူက ဆွေ့ဆွေ့ဆုလက်ခံရယူပြီးနောက် သတိပေးသလိုပြောလာသည်။

ဆွေ့ဆွေ့လည်း စိတ်လှုပ်ရှားမှုကိုအတတ်နိုင်ဆုံးထိန်းချုပ်ကာ မိုက်ခရိုဖုန်းရှေ့တွင်ရပ်လိုက်ပြီး ဦးဦးလုယွင်ကျီသင်ပေးထားသောကျေးဇူးတင်မိန့်ခွန့်စကားများကို ခေါင်းထဲတွင်ပြန်လည်ပုံဖော်လိုက်သည်။

"အားလုံးပဲမင်္ဂလာပါ"။

မိုက်ခရိုဖုန်းမှတစ်ဆက့်ဆွေ့ဆွေ့၏မတိုးမကျယ်အသံလေးထွက်ပေါ်လာသည်။

"တိမ်မြှုပ်နေသောရုပ်ရှင်ကားကြီး...ရိုက်ကူးရေးစတဲ့အချိန်ကို...သမီးမှတ်မိနေပါသေးတယ်...
လွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်တုန်းကပေါ့
အဲဒီတုန်းက...သရုပ်ဆောင်တဲ့အတွေ့အကြုံကိုပထမဆုံးရခဲ့သလို...သရုပ်ဆောင်တစ်ယောက်ဖြစ်ရတဲ့ခံစားချက်ကိုလည်း...ပထမဆုံးအကြိမ်အနေနဲ့သိခဲ့ရပါတယ်..."။

"ဒီနေ့မှာ...ဒီလိုမျိုးစင်မြင့်ပေါ်မှာရပ်တည်ခွင့်ရအောင်ကြိုးစားပေးခဲ့ကြတဲ့..ရိုက်ကူးရေးအဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်...ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး...အတူတူကြိုးကြိုးစားစားမလုပ်ဘူးဆိုရင်...ဒီနေ့လိုအောင်မြင်မှုမျိုးလည်းရလာမှာမဟုတ်ပါဘူး"။

"သမီးအရှေ့မှာရှိနေတဲ့စီနီယာကိုကိုမမတွေလိုမျိုး...အနာဂတ်မှာပိုပြီးကြိုးကြိုးစားစားနဲ့သင်ယူလေ့လာပြီးထူးချွန်တဲ့...အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်လာစေရမယ်လို့ကတိပေးပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်"။

ဆွေ့ဆွေ့က လုယွင်ကျီသင်ထားပေးသည့်အတိုင်း တစ်လုံးမှမလွဲအောင်ပြောသွားနိုင်သည်။ လုယွင်ကျီမှာလည်း ကလေးငယ်ကိုကြည့်ရင်းဂုဏ်ယူမဆုံးဖြစ်နေသည်။

"နောက်ဆုံးအနေနဲ့...မေမေ့ကိုကျေးဇူးတင်ချင်ပါတယ်...မေမေရေ...ချစ်တယ်နော်...ပြီးတော့ဖေဖေ့ကိုလည်းပဲ...ဆွေ့ဆွေ့ကအမြဲတမ်းချစ်ပြီးကျေးဇူးတင်နေပါ့မယ်"။ ဤစကားတစ်ခွန်းက လုယွင်ကျီသင်ပေးထားသည့်မိန့်ခွန်းတွင်မပါဝင်သော်လည်း ဆွေ့ဆွေ့ကမိဘနှစ်ပါးကိုကျေးဇူးတင်လိုသည့်စိတ်ဖြင့်ထည့်သွင်းပြောကြားခဲ့သည်။

ဆွေ့ဆွေ့၏ကျေးဇူးတင်စကားအပြီးတွင် ဖုန်းယောက်ချင်းမှာဟန်မဆောင်နိုင်တော့ပဲ ငိုချတော့သည်။ ဘေးတွင်ရပ်နေသောကိုယ်စားလှယ်လုယွင်ကျီကတစ်သျှူးကမ်းပေးရှာသည်။

ဆွေ့ဆွေ့လေးကိုမစွန့်ပစ်ပဲယနေ့အထိသူ(မ)တစ်ကိုယ်တည်းပျိုးထောင်ခဲ့ခြင်းကို သူ(မ)ဘယ်တော့မှနောင်တမရပေ။ ဤကာလတစ်လျှောက်လုံး ပင်ပန်းလာခဲ့သမျှဆွေ့ဆွေ့၏ကျေးဇူးတင်စကားတစ်ခွန်းနှင့် ယူပစ်သမျှအရှင်းပျောက်သွားရသည်။