အပိုင်း ၁၄၆
Viewers 15k

Chapter 146

မေမေ...သမီးတို့အိမ်ပြန်ရောက်ပြီ"။ 

ကုဆွေ့ဆွေ့တစ်ယောက် အပန်းရောင်ညှပ်ဖိနပ်ကိုပြောင်းစီးပြီးနောက် ဧည့်ခန်းရှိရာသို့ ခုန်ဆွခုန်ဆွနှင့်သွားလေသည်။

ဖုန်းယောက်ချင်းလည်း ရေစိုနေသောလက်များကိုခြောက်အောင်သုတ်ပြီးနောက် ဆွေ့ဆွေ့အားပြောလိုက်သည်။ "အပြင်မှာအကြာကြီးနေခဲ့တာဆိုတော့...အင်္ကျီလဲပြီးရင်...အနွေးထည်မြန်မြန်ဝတ်တော့...အအေးမိလိမ့်မယ်"။

ရာသီဥတုအကူးအပြောင်းကာလဖြစ်သောကြောင့် ဂရုမစိုက်မဆင်ခြင်လျှင် အအေးမိဖျားနာလွယ်သည်။ 

ကုဆွေ့ဆွေ့နှင့်ချင်ဇီချန်တို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်လုံး၏ဆံပင်ပေါ်တွင် နှင်းပွင့်နှင်းဖတ်များကပ်ကျန်နေသေးသောကြောင့် ရွှင်ရွှင်ပျပျပြုံးလိုက်ကြသည်။ ထို့နောက် အပေါ်အင်္ကျီဂျတ်ကတ်များကိုတစ်ပြိုင်တည်းချွတ်လိုက်သည်။

"မေမေ...အိမ်အောက်ထပ်မှာ...သမီးတို့နှင်းလူသားအကြီးကြီးလုပ်ခဲ့တာ...တကယ့်ကိုအကြီးကြီးပဲ"။

ချင်ဇီချန်းကလည်း ဆွေ့ဆွေ့ကိုသဘောတူထောက်ခံသည့်အနေဖြင့်ဝင်ပြောလာသည်။ 
"သားတို့နှင်းလူသားရုပ်နဲ့...ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြသေးတယ်...သားဦးထုပ်နဲ့လည်စည်းလည်းပေးခဲ့သေးတယ်"။

အိမ်ပြင်မထွက်ချင်သောဖုန်းယောက်ချင်းတစ်ယောက် ဧည့်သည်လာလျှင်ဧည့်ခံစရာမရှိမည်စိုးသောကြောင့် အေးအေးချမ်းချမ်းနှင့်စူပါမားကတ်သို့သွားကာ ချက်ပြုတ်စရာဟင်းသီးဟင်းရွက်နှင့်အသားငါးများကိုထွက်ဝယ်ခဲ့သေးသည်။

"ကဲကဲ...နေ့လည်စာစားဖို့လုပ်ကြရအောင်...ကလေးတို့အတွက်...ဖက်ထုပ်ပြင်ပေးထားတယ်...ဝက်သားဖက်ထုပ်နဲ့ပုစွန်ဟင်းထုပ်ကြိုက်တာစားလို့ရတယ်"။

"မေမေ...သမီးကိုဖက်ထုပ်လုပ်နည်းသင်ပေး"။ ဆွေ့ဆွေ့က ရွှင်လန်းတက်ကြွစွာဖြင့်ပြောလာသည်။

"အန်တီ...သားလည်းဖက်ထုပ်လုပ်နည်းသင်ချင်တယ်...သားကိုလည်းသင်ပေးပါနော်"။ ချင်ဇီ
ချန်းကလည်း အားကျမခံလိုက်ပြောသည်။

"အင်းအင်း...အရင်ဆုံးလက်သွားဆေးလိုက်ဦး
ပြီးရင်မီးဖိုချောင်ထဲကိုလာခဲ့...နှစ်ယောက်လုံးကိုသင်ပေးမယ်"။

ကလေးနှစ်ယောက်လုံးပျော်ရွှင်ခုန်ပေါက်ပြီး မီးဖိုချောင်ထဲသို့ဦးတည်သွားလိုက်ကြသည်။ ထိုစဥ်ဧည့်ခန်းရှိတီဗွီတွင်ထုတ်လွှင့်ပြသနေသောမှုခင်းသတင်းကိုဖုန်းယောက်ချင်းအမှတ်မထင်နားစွင့်နေမိသည်။ 

နှစ်သစ်ကူးနီးကပ်လာသောကြောင့်အစွန်အဖျားနယ်စပ်ဒေသများတွင်အမှုအခင်းဖြစ်စဥ်များက ပိုပိုစိပ်လာသည်။ တီဗွီဖွင့်လိုက်တိုက်းထိုသတင်းများကိုကြားရတတ်သည်။

နားထောင်နေရင်း ယူနန်ဒေသခံရဲတပ်ဖွဲ့ကမူးယစ်ဆေးဝါးဂိုဏ်းကြီးကိုဖေည်ထုတ်ဖမ်းဆီးရမိကြောင်း သိလိုက်ရသည်။ ယူနန်ဟူသောစကားလုံးကြောင့် ဖုန်းယောက်ချင်းအတန်ငယ်ထိတ်ပြာသွားသည်။

တစ်စုံတစ်ယောက်ကိုတွေးမိသွားခြင်းပင်။ အကယ်၍ ကုကျန်းနျန့်သာသူ(မ)တို့သားအမိရှေ့ပြန်ပေါ်လာခဲ့လျှင် သူ(မ)ရောပြန်လက်ခံနိုင်ပါ့မလား။ တည်ငြိမ်အခြေကျနေပြီးသားသူ(မ)တို့သားအမိနှစ်ယောက်၏မိသားစုဘဝကထိုလူကြောင့် ဖရိုဖရဲဖြစ်သွားနိုင်လောက်လား။ 

ကုကျန်းနျန့်ပြန်ပေါ်လာပြီး သူ(မ)ထံမှဆွေ့ဆွေ့ကိုဆွဲထုတ်သွားလျှင် ဘယ်လိုလုပ်ရပါ့မလဲ။ 
ထိုအတွေးများနှင့်အတူ ဖုန်းယောက်ချင်းတစ်ယောက် စိတ်ခြောက်ခြားလာပြီး ဆွေ့ဆွေ့အနားတွင်ထားဖို့ရာ သက်တော်စောင့်တစ်ယောက်ရှာရန်ဆုံးဖြတ်လိုက်သည်။

.....

ရက်သတ္တပတ်ကြာပြီးနောက် အင်ပါယာမြို့တော်၏သင်္ချိုင်းအနားတွင်...

ရှပ်အင်္ကျီအဖြူနှင့်စတိုင်ပန်အနက်ရောင်ကိုကျနဝတ်ဆင်ထားသောလူတစ်ယောက်က လမ်းမဘေးတွင်ရပ်နေပြီး တက္ကစီလှမ်းတားသည်။

"လူလေး...ဘယ်သွားမှာလဲ"။ ကားခေါင်းတွင်ထိုင်နေသောဒါရိုင်ဘာက ဘေကျင်းလေသံဖြင့်
တည်ငြိမ်အေးဆေးစွာမေးလာသည်။

ထိုလူက ဖုန်းကိုငုံ့ကြည့်ကာသြရှရှအသံဖြင့်ပြန်ဖြေသည်။ "ချင်ဖျော်ဖြေရေးအေဂျင်စီကိုသွားမလို့ပါ"။

"အာ...ဟုတ်ပြီ...ဦးလေးလိုက်ပို့ပေးမယ်...တက်"။

နာရီဝက်ခန့်ကြာပြီးနောက် ကုကျန်းနျန့်တစ်ယောက် ချင်ဖျော်ဖြေရေးအေဂျင်စီ၏မြေညီထပ်သို့ရောက်ရှိလာသည်။
မိုးမျှော်တိုက်ကြီးကိုတစ်ချက်မျှမော့ကြည့်ရင်း အထဲသို့တန်းတန်းမတ်မတ်ဝင်သွားသည်။

"မင်္ဂလာပါ...ချင်ဖျော်ဖြေရေးအေဂျင်စီကပါ...တစ်ယောက်ယောက်နဲ့ကြိုတင်ချိန်းဆိုထားတာလား...ဘာများကူညီပေးရမလဲ"။ အဆောက်အဦးထဲဝင်ဝင်ချင်း အရှေ့ဆုံးကောင်တာရှိဝန်ထမ်းတစ်ဦးက မေးမြန်းလာသည်။

"ကျွန်တော်ဒီကိုအလုပ်လျှောက်ဖို့လာခဲ့တာပါ"။

"အလုပ်လျှောက်ဖို့?"။

ဝန်ထမ်းကသူ့နာမည်ကိုမေးမြန်းပြီးအချက်အလက်များကိုစစ်ကြည့်နေသည်။

"ဟုတ်...အင်တာဗျူးနေရာကသုံးဆယ့်နှစ်လွှာမြောက်မှာပါ"။

ထိုဝန်ထမ်းမှာကုကျန်းနျန့်ထွက်ခွာသွားသည်အထိအကြည့်မလွှဲနိုင်ခဲ့ပေ။ ခန္ဓာကိုယ်အချိုးအစားကျ၍ရုပ်ရည်သန့်ပြန့်သောအလုပ်လာလျှောက်သူက မင်းသားတစ်လက်နှင့်ပင်အထင်မှားနိုင်လောက်သည်။ သက်တော်စောင့်အလုပ်အတွက် ရုပ်ချောဖို့ရောလိုလို့လား။