အပိုင်း ၁၅၂
Viewers 16k

Chapter 152

ဖုန်းယောက်ချင်းတစ်ယောက် မနေ့တုန်းကကဲ့သို့ ပြန်လာချိန်နောက်မကျတော့ပေ။ အိမ်သို့စောစောပြန်ရောက်လာသည်။ ဈေးတွင်ဟင်းသီးဟင်းရွက်အချို့ကိုဝင်ဝယ်ပြီး ညစာအတွက် ဂဏန်းတိုဖူးစွပ်ပြုတ်ချက်လိုက်သည်။

ကုဆွေ့ဆွေ့အိမ်ပြန်လာသောအခါ တံခါးဖွင့်ပြီး မီးဖိုခန်းထဲသို့ပြေးဝင်လာသည်။ ဟင်းရနံ့က သူ(မ)ကိုအလွန်ဆွဲဆောင်နေသည်။

"မေမေရေ...သမီးပြန်လာပြီ"။ ဆွေ့ဆွေတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။

ရှမ်ယွမ်လည်း ဆွေ့ဆွေ့အားအဝတ်လဲရန်ကူညီပေးကာ မီးဖိုချောင်ထဲရှိဖုန်းယောက်ချင်းအား ထပ်မံအသိပေးလိုက်သည်။ "အစ်မဖုန်းရေ...ရှမ်ယွမ်တို့ပြန်ရောက်ပြီနော်"။

"မေမေ...ဘာလို့ဟင်းတွေအများကြီးချက်ထားတာလဲ"။ ထမင်းစားပွဲပေါ်တွင် ဘုရင့်စားပွဲတော်သဖွယ်ဟင်းမျိုးစုံလင်စွာချထားသောကြောင့် ကုဆွေ့ဆွေ့လည်းအံ့သြတကြီးမေးလိုက်သည်။

"ဒီနေ့ကိစ္စကောင်းလေးရှိလို့လေ...မေမေစိတ်ပျော်နေလို့ကွယ်"။ ဖုန်းယောက်ချင်းတစ်ယောက် မနေ့မနက်တွင်ဆေးရုံသို့နောက်တစ်ကြိမ်ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။

ထိုသူများကို အရှင်းခွင့်လွှတ်လိုက်ခြင်းမျိုးမဟုတ်သော်လည်း သေခါနီးလူနာတစ်ယောက်ကို ဖုန်းယောက်ချင်းမျက်နှာလွှဲခဲပစ်မလုပ်နိုင်ပေ။ 

အတိတ်ကကိစ္စများကိုအတိတ်တွင်ထားခဲ့ပြီး ပစ္စုပ္ပန်နှင့်အနာဂတ်ကိုသာအာရုံပြုထားရန် သူ(မ)ဆုံးဖြတ်လိုက်သည်။ ထိုသို့တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ချုပ်နှောင်မွန်းကြပ်နေသောစိတ်အစုံတို့ ပြေလျော့သွားရသည်။ 

"မေမေ...သမီးဒီနေ့မမရှမ်ယွမ်ရယ်...သက်တော်စောင့်ဦးလေးရယ်နဲ့အတူတူ...ပါပါးခဲ့အိမ်ကိုသွားခဲ့သေးတယ်"။ 

ကုဆွေ့ဆွေ့တစ်ယောက် သူ(မ)၏ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ ဖေဖေနှင့်တွဲရိုက်ထားသောပုံကို မေမေ့အားပြရန်အလွန်စိတ်စောနေမိသည်။

"အဲ့လိုကိုး...ဒါကြောင့်သမီးတို့နှစ်ယောက်အိမ်ပြန်လာတာနောက်ကျတယ်မှတ်တာ"။ ဖုန်းယောက်ချင်းလည်း ပြောပြောဆိုဆိုနှင့်မီးဖိုပေါ်တွင်ဆူလာသော စွပ်ပြုတ်အိုးကိုစားပွဲပေါ်သို့ချလိုက်သည်။ 

"ဒါဟင်းပွဲက...မေမေမကြာခင်ကပဲ...အွန်လိုင်းပေါ်ကနေကြည့်ပြီးသင်ထားတာ...ဂဏန်းတိုဖူးစွပ်ပြုတ်လို့ခေါ်တယ်...ဆောင်းရာသီမှယသောက်လို့အကောင်းဆုံးပဲ...သောက်လိုက်တာနဲ့တစ်ခါတည်းခန္ဓာကိုယ်တစ်ခုလုံးနွေးသွားရော"။

သူ(မ)စကားကိုအာရုံရောက်ပုံမရသောမိခင်ဖြစ်သူကြောင့် ဆွေ့ဆွေ့လည်းညစာစားပြီးမှကျကျနနပြောပြရန်ဆုံးဖြတ်ထားလိုက်သည်။ ညစာစားနေသည့်တစ်လျှောက်လုံးစိတ်လှုပ်ရှား
လွန်းသဖြင့်စကားပင်မပြောနိုင်ပေ။

"မေမေ...သမီးမေမေ့ကိုပြစရာတစ်ခုရှိတယ်"။ ပန်းကန်ဆေးနေသောမေမေ့ကိုဆွေ့ဆွေ့အလောတကြီးလှမ်းပြောလိုက်သည်။

"အင်း...ဘာလဲ...သမီးလေး"။ အခွင့်အရေးရသည်နှင့် ဆွေ့ဆွေ့လည်းဖုန်းကိုဖွင့်ကာ ပါပါးခဲ့အိမ်တွင် ဖေဖေနှင့်တွဲရိုက်ထားသောပုံကိုပြလိုက်သည်။

"ဒီမှာလေ...ပုံလေးတစ်ပုံပြချင်လို့ပါ...မေမေတစ်ချက်ကြည့်ကြည့်လိုက်ပါဦး"။ ဆွေ့ဆွေ့စကားကြောင့် ဖုန်းယောက်ချင်းလည်းပုံကိုသေသေချာချာကြည့်လိုက်မိသည်။ တွေ့လိုက်ရသောပုံရိပ်ကြောင့် ခြေပင်မခိုင်ချင်တော့။ 
နှစ်ပေါင်းများစွာသူ(မ)မျှော်လင့်ခဲ့ရသောအမျိုးသားက အဘယ်ကြောင့်ဆွေ့ဆွေ့ဘေးတွင်ရှိနေရပါသနည်း။

ဖုန်းယောက်ချင်း၏ခေါင်းတစ်ခုလုံးချာချာလည်လာကာ လက်ထဲရှိဖုန်းလည်း ကြမ်းပြင်ပေါ်လို့လွတ်ကျသွားသည်။

"ဆွေ့ဆွေ့...ဒါက...ဒါကဘယ်လိုဖြစ်ရတာလဲ"။ 

"မေမေ...ဒီပုံထဲကဦးဦးက...သမီးရဲ့ဖေဖေမလား
ဟင်"။ ဆွေ့ဆွေ့ မချင့်မရဲနှင့်မေးလိုက်မိသည်။

ဖုန်းယောက်ချင်းလည်း ဤအခြေအနေရောက်မှဖုံးကွယ်နေ၍မဖြစ်နိုင်တော့သောကြောင့် ဆို့တက်လာသော ဝမ်းနည်းစိတ်ပျက်မှုတို့ကိုမျိုသိပ်ကာ အမှန်အတိုင်းပြောလိုက်ရသည်။ "အင်း...ဟုတ်တယ်"။ 

စိတ်ပျက်မှုတို့အထင်းသားပေါ်လာသောမေမေ့မျက်နှာအမူအရာကိုကြည့်ရင်းဆွေ့ဆွေ့ကြောင်အသွားမိသည်။ သူ(မ)ထင်ခဲ့သည်မှာ ဖေဖေ့အကြောင်းပြောပြလိုက်လျှင် မေမေဝမ်းသာသွားလိမ့်မည်ဟူ၍သာ။ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးဖြစ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

"ဖေဖေပြန်လာတာကို...မေမေမပျော်ဘူးလားဟင်"။ 

"ဆွေ့ဆွေ့...မေမေတစ်ခုမေးမယ်နော်...မေမေနဲ့ဖေဖေနှစ်ယောက်ထဲကတစ်ယောက်ဆိုရင်...ဘယ်သူ့ကိုရွေးမှာလဲ"။

"ဘာလို့အဲ့လိုရွေးခိုင်းရတာလဲ...မေမေရဲ့...ဆွေ့ဆွေ့ကနှစ်ယောက်လုံးကိုတူတူချစ်တယ်လေ"။ 

ဖုန်းယောက်ချင်း၏ခေါင်းထဲတွင် သေပြီဟုမှတ်ယူထားသောကုကျန်းနျန့်ကရုတ်တရက်ပြန်ပေါ်လာပြီး ဆွေ့ဆွေ့ကိုသူ(မ)ဆီမှလုယူသွားလိမ့်မည်ဟူ၍သာတစ်သမတ်တည်းတွေးထားသည်။

ဖေဖေပြန်လာသည်ကိုဝမ်းမသာသည့်အပြင်ထူးထူးဆန်းဆန်းမေးခွန်းများမေးနေသောမေမေ့ကြောင့် ဆွေ့ဆွေ့အလွန်ဝမ်းနည်းပြီးငိုချင်လာသည်။ ဖေဖေရောမေမေရောပြည့်ပြည့်စုံစုံရှိ
သည့်မိသားစုဘဝကိုလိုချင်မိတာ ဆွေ့ဆွေ့အမှားလား။

.....

ဖုန်းယောက်ချင်းလည်းအခန်းထဲသို့ဝင်ပြီးထွက်မလာတော့ပဲသမီးဖြစ်သူကိုချော့ဖို့အရေးထက် ရှမ်ယွမ်ထံမှကုကျန်းနျန့်၏ဖုန်းနံပါတ်ကိုတောင်းပြီး ဖုန်းဆက်ကြည့်ဖို့သာတာဆူနေသည်။

"ဟဲလို...ဘယ်သူပါလဲ"။ တစ်ဖက်မှသြရှရှအသံတစ်ခုထွက်ပေါ်လာသည်။ 

"ငါဖုန်းယောက်ချင်းပါ...ငါတို့ခဏလောက်တွေ့ကြရအောင်"။ ဖုန်းယောက်ချင်း၏စကားအဆုံးတွင် တစ်ဖက်လူကဘာအသံမှထွက်မလာတော့ပဲ တစ်ခဏမျှတိတ်ဆိတ်သွားသည်။

"ဟုတ်ပြီ...ဘယ်နေရာကိုလာခဲ့ရမလဲ"။