Chapter 157
ကျောင်းဆင်းချိန်သို့ရောက်သောအခါ ကုဆွေ့ဆွေ့တစ်ယောက် လက်ထဲတွင်ဘူးအသေးလေးတစ်ခုကိုင်ကာ ကျောင်းဂိတ်ပေါက်ဝမှ လမ်းလျှောက်ထွက်လာသည်။
"ဆွေ့ဆွေ့...သမီးလက်ထဲမှာ...ကိုင်ထားတာ...ဘာလဲဟင်"။ လေးထောင့်ဘူးကလေးကို လက်ထဲတွင် တယုတယကိုင်ထားသောဆွေ့ဆွေ့ကြောင့် ဖုန်းယောက်ချင်း သိချင်စိတ်ဖြင့်မေးလိုက်သည်။
"လျှို့ဝှက်ချက်လေ...မေမေရဲ့...အိမ်ပြန်ရောက်မှပြောပြမယ်နော်"။ ဆွေ့ဆွေ့က ထိပ်တန်းလျှို့ဝှက်ချက်သဖွယ် သူ(မ)အနားကပ်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်မှ ဆွေ့ဆွေ့တစ်စုံတစ်ခုကိုသတိထားမိသွားသည်။ ယနေ့သူ(မ)ကို ကျောင်းလာကြိုသူမှာ မေမေတစ်ယောက်တည်းမဟုတ်ပဲ ဖေဖေနှင့်မမရှမ်ယွမ်ပါအတူလိုက်လာသည်။
"ဒါနဲ့မေမေ...သမီးတို့ရဲ့အတန်းပိုင်ဆရာမကပြောတယ်...ဒီနေ့ညပိုင်းလောက်မှာနှင်းမုန်တိုင်းရှိတာမလို့...မနက်ဖြန်တစ်ရက်မူကြိုကျောင်းပိတ်မယ်တဲ့"။
"အင်း...ဒါဆိုမနက်ဖြန်တစ်နေ့လုံးဆွေ့ဆွေ့လေးအိမ်မှာအေးဆေးနားလို့ရတာပေါ့"။ ဖုန်းယောက်ချင်းက ပြုံးရင်းပြန်ဖြေသည်။
ဆွေ့ဆွေ့အိမ်ပြန်သယ်လာသောစက္ကူဘူးအသေးလေးကိုဖွင့်ဖောက်လိုက်သောအခါ ပုံဆွဲစာရွက်များနှင့်ရောင်စုံဘူးများကိုတွေ့လိုက်ရသည်။ သူ(မ)တို့၏အတန်းပိုင်ဆရာမကမိဘများနှင့်သားသမီးများကိုအတူတူပန်းချီဆွဲရန် အိမ်စာပေးထားခြင်းဖြစ်သည်။
ဖုန်းယောက်ချင်းမှာထိုပန်းချီပစ္စည်းများကို
ကြည့်ရက်းစိတ်ရှုပ်သွားသည်။ ထို့နောက် တစ်စုံတစ်ခုကိုစိတ်ကူးပေါက်သွားသောကြောင့်
ဆွေ့ဆွေ့အားလှမ်းပြောလိုက်သည်။
"ဆွေ့ဆွေ့ရေ...မေမေကဒီလိုပန်းချီဆွဲရတာတွေမကျွမ်းကျင်ဘူး...သမီးဖေဖေကိုကူဆွဲခိုင်းကြည့်ပါလား...ဟိုမှာသူအားနေတယ်လေ"။
ဘေးတွင်ရပ်နေသောကုကျန်းနျန့်ကမငြင်းပဲတောင်းဆိုမှုကိုချက်ချင်းလက်ခံသည်။ "အင်း
ဖေဖေကူဆွဲပေးပါ့မယ်...ဘာပုံဆွဲရမှာတဲ့လဲ"။
ဆွေ့ဆွေ့မှာကုကျန်းနျန့်၏စကားကိုကြားသည်
နှင့် ဖုန်းယောက်ချင်းကိုပင်လှည့်မကြည့်တော့ပဲ တစ်ခါတည်းအိပ်ခန်းထဲသို့လက်ဆွဲခေါ်သွားသည်။ ဖုန်းယောက်ချင်းလည်း သားအဖနှစ်ယောက်ကိုအနှောင့်အယှက်မပေးလိုသော
ကြောင့် မီးဖိုချောင်ဘက်သို့ခြေဦးလှည့်လိုက်သည်။
ကုကျန်းနျန့်လည်း ဆွေ့ဆွေ့ပြောသည့်အတိုင်း ရောင်စုံအီစတာကြက်ဥပုံလေးကိုအစမ်းဆွဲပြလိုက်သည်။ ထို့နောက်သူ(မ)ဘာသာသူ(မ)ဆွဲကြည့်ချင်သည်ဟုပြောလာသောကလေးငယ်ကြောင့် ကုကျန်းနျန့်လည်းလွတ်ထားပေးလိုက်သည်။
ဖေဖေဆွဲထားသည့်အတိုင်းတစ်ပုံစံတည်းတူအောင် ဆွေ့ဆွေ့လိုက်ဆွဲသော်လည်း ဘယ်လိုဆွဲဆွဲ ပုံစံကမတူလာ။ ထို့ကြောင့် ဆွဲနေရင်းနှင့်ဆွေ့ဆွေ့တစ်ယောက်ဒေါသထွက်လာသည်။
ရုတ်တရက်ဆိုသလိုပါးပြင်ပေါ်တွင်မျက်ရည်များလှိမ့်ဆင်းလာသောကလေးငယ်ကိုကြည့်ရင်း ကုကျန်းနျန့်တစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားသည်။
"ဆွေ့ဆွေ့လေး...ဘာဖြစ်လို့လဲဟင်...သမီးလေးဘာလို့ငိုနေရတာလဲ...ဖေဖေ့ကိုပြောပါဦး"။ ရှိုက်ကြီးတစ်ငင်ငိုနေသောကလေးငယ်က ကုကျန်း
နျန့်၏ရင်ကိုဗလောင်ဆူသွားစေသည်။
"ဖေဖေ့အတိုင်းလိုက်ဆွဲတာပဲ...ဒါပေမဲ့ဘယ်လိုမှအီစတာကြက်ဥပုံမထွက်လာဘူး...ဘယ်လိုဆွဲဆွဲမရဘူး...ဆွေ့ဆွေ့ကအရမ်းအလို့နေမယ်"။ ကလေးငယ်က ငိုရင်းနှင့်ဗလုံးဗထွေးပြောလာသည်။
"ဆွေ့ဆွေ့...ဖေဖေ့ကိုကြည့်ပါဦး...ဒီလိုကိစ္စလေးအတွက်နဲ့မငိုရဘူးလေ...ဖေဖေကဆွဲတတ်သွားအောင်သေသေချာချာသင်ပေးမှာပေါ့...ပြီးတော့ပုံမဆွဲတတ်တာလေးနဲ့သမီးကအတဲ့လူတစ်ယောက်မဖြစ်သွားဘူး...မွေးလာတည်းကအားလုံးကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့သူဘယ်သူမှမရှိဘူး...လူတိုင်းသင်ပြီးမှတတ်လာကြတာ...ဆွေ့ဆွေ့လည်းကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်"။
"ဆွဲနေရင်းအမှားပါသွားလည်းကိစ္စမရှိဘူး...ပြန်ပြင်လို့ရတယ်...ဖေဖေကဘေးကနေအမြဲတမ်းကူပေးမှာမလို့စိတ်မပူပါနဲ့"။
ဆွေ့ဆွေ့မှာ ကုကျန်းနျန့်ပြောသွားသမျှကိုမျက်ရည်ဝိုင်းနေသောမျက်ဝန်းလေးများကိုပေကလတ် ပေကလတ်လုပ်ကာနားထောင်ရင်း တဖြေးဖြေးသဘောပေါက်သွားပုံရသည်။
"ဆွေ့ဆွေ့မငိုတော့ဘူးနော်...ဖေဖေ့ဆီကနေသေသေချာချာသင်ယူပါ့မယ်"။ ကုကျန်းနျန့်က ချက်ချင်းနားလည်သဘောပေါက်လွယ်သောကလေးငယ်ကိုအသည်းယားစွာဖြင့်ကုံ့နမ်းလိုက်သည်။
ဖုန်းယောက်ချင်းလည်း သားအဖနှစ်ယောက်ကိုကြည့်နေရင်းကြည်နှုးစိတ်များပြည့်လျှံလာသည်။ ဆွေ့ဆွေ့ကသူ(မ)တစ်ယောက်တည်းကိုသာလိုအပ်ပြီး သူ(မ)တစ်ကိုယ်တည်းပျိုးထောင်နိုင်သည်ဟုထင်ထားခဲ့သော်လည်း တစ်ကယ်တမ်းတွင် သူ(မ)သမီးကမိခင်တင်မဟုတ်ပဲဖခင်ကိုပါလိုအပ်ကြောင်း နားလည်ခဲ့ရသည်။