အပိုင်း ၁၆၀
Viewers 15k

Chapter 160

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်။ တစ်လဆိုသောအချိန်က မျက်စိတစ်မှိတ်အတွင်း မြန်ဆန်စွာကုန်ဆုံးသွားပြန်သည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် ဆောင်းရာသီ၏အအေးဓာတ်မှာ ပို၍လွန်ကဲလာသည်။

တစ်ချိန်တည်းမှာပင် ဆွေ့ဆွေ့ပါဝင်သရုပ်ဆောင်ထားသော "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးက နွေဦးရာသီအစပိုင်းဖေဖော်ဝါရီလခန့်တွင် ရုံတင်ပြသရန်စီစဥ်ထားကြသည်။

ရုပ်ရှင်အပြီးသတ်မှုကိုကြော်ငြာလိုက်သည်နှင့် ပရိုမိုးရှင်းများအင်တာဗျူးများဖြင့် ရိုက်ကူးရေးအဖွဲ့တစ်ခုလုံး အလုပ်ရှုပ်ကုန်တော့သည်။

ဆွေ့ဆွေ့တစ်ယောက် မမဖူကိုပြန်တွေ့သောအခါ သူ(မ)၏ပုံစံက ယခင်တစ်ခေါက်အိမ်လာတုန်းကထက် ပို၍အဆင်ပြေနေပုံရသည်။

"မမရင်းယွီ...မမရဲ့အဖေနေပြန်ကောင်းသွားပြီလား"။ ကလေးငယ်၏မေးခွန်းကြောင့် ဖူရင်းယွီခေတ္တမျှကြောင်အသွားရသည်။ သူ(မ)၏ ဖခင်ဖြစ်သူနေမကောင်းသည်ကို ကလေးငယ်ကဘယ်လိုသိတာပါလိမ့်။ ကုကျန်းနျန့်ပြောပြထားတာဖြစ်နိုင်သည်။

သို့သော်များများစားစားတွေးမနေပဲ အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။ "စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...သူအခုအများကြီးပိုကောင်းလာပါပြီ"။ 

သူ(မ)၏ဖခင်ကအနည်းငယ်ပြန်ကောင်းလာပြီးဆေးရုံမှဆင်းရပြီဖြစ်သော်လည်း သေနတ်မှန်ထားသည့်ညာဘက်ခြေထောက်ကကျောက်ပတ်တီးမဖြည်ရသေးသလို ဖြည်ပြီးလျှင်လည်း လမ်းကောင်းကောင်းလျှောက်နိုင်ဦးမည်မဟုတ်ကြောင်း ဆရာဝန်ကပြောလာသည်။

ဖူရင်းယွီတစ်ယောက်ထိုအကြောင်းကိုကြားကြားချင်း စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ရှေ့လျှောက်တွင်အန္တရာယ်ကင်းကင်းနှင့်နေနိုင်မည် မဟုတ်လား။
နိုင်ငံ့အတွက် လုံလုံလောက်လောက်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် သူ့ကိုယ်ပိုင်ဘဝကိုအာရုံစိုက်ဖို့အချိန်ရောက်လာပြီ မဟုတ်လား။ အသက်အရွယ်လည်းကြီးပြီဖြစ်သောကြောင့် နားနားနေနေအေးအေးလူလူနေ
သင့်သည်။

"အဲ့လိုဆိုတော်သေးတာပေါ့...ဆွေ့ဆွေ့ကစိတ်ပူနေတာ"။ ကလေးငယ်က နူးညံ့ညင်သာစွာပြန်ဖြေသည်။ 

"ဆွေ့ဆွေ့...သမီးမေမေမလိုက်လာဘူးလား"။ 

"မေမေကအလုပ်ရှိလို့...သမီးတစ်ယောက်တည်းလာခဲ့တာပါ"။ ကုဆွေ့ဆွေ့က လူကြီးတစ်ယောက်လို ပြောလာသည်။ 

......

တစ်ဖက်တွင် ဖူရင်းယွီတစ်ယောက်ကလေးငယ်နှင့်စကားပြောပြီးနောက် အနည်းငယ်စိတ်အေးသွားသည်။ ဤအတောအတွင်းစိတ်ပူခဲ့ရသမျှစိတ်ရှုပ်ခဲ့ရသမျှအားလုံးပြေပျောက်သွားသည်။

သို့သော်သူ(မ)စိတ်စနှိုးစနှောင့်ဖြစ်ရသည်က ကျီမင်းတစ်ယောက် ထိုမျှလောက်အထိအရှက်ကွဲပြီးတာတောင် မျက်နှာပြောင်တိုက်ကာ အနုပညာအသိုင်းအဝိုင်းထဲတွင် မျက်နှာမော်ချီကာ နေနေဆဲပင်။ 

ဤရက်ပိုင်းများအတွင်း အဖြစ်အပျက်များစွာဖြစ်သွားခဲ့သော်လည်း ဖူရင်းယွီကသူ(မ)၏အလုပ်ကိုသာအာရုံစိုက်နေသော
ကြောင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကဲ့သို့ပွဲမျိုးကိုတောင် အာရုံမထားနိုင်ခဲ့ချေ။ 

သူ(မ)၏ကိုယ်စားလှယ်ဟောင်ဖုန်းက ကျီမင်းအကြောင်းမကြာမကြာလာပြောလေ့ရှိသည်။ လွန်ခဲ့သောခြောက်လအတွင်းကျီမင်းက ရသစုံလောကဘက်သို့ခြေဦးလှည့်နေကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ရသစုံရှိုးသုံးလေး
ခုခန့်တစ်ပြိုင်တည်းရိုက်ကူးနေသည်တဲ့လေ။ 

ရုပ်ရှင်လောကတွင်နာမည်ဂုဏ်သတင်းထိုးကျသွားသောကျီမင်းက ရသစုံရှိုးများကိုအားကိုးနေပုံရသည်။ တက်သစ်စသရုပ်ဆောင်များကဲ့သို့အောက်ခြေမှပြန်စနေသည်။

အနုပညာအသိုင်းအဝိုင်းကကျဥ်းလွန်းသည်။ မတွေ့ချင်သည့်သူနှင့်ရှောင်ကယမှတည့်တိုးတွေ့တတ်သည်။ ကော်ရစ်တာတွင်ဖူရင်းယွီနှင့်ကျီမင်းတို့ထိပ်တိုက်တွေ့ကြလေသည်။

သူ(မ)ဘဝကိုအောက်ခြေအထိထိုးကျအောင်လုပ်သွားသောဖူရင်းယွီကိုကျီမင်းတစ်ယောက် မျက်နှာတည့်တည့်တံတွေးနှင့်ထွေးပစ်ချက်နေသော်လည်း လူရှေ့သူရှေ့ဖြစ်နေသောကြောင့်သူ(မ)ကိုယ်သူ(မ)ပြန်ထိန်းကာအကြည့်ချင်းမဆုံမိအောင်တစ်ဖက်သို့လှည့်သွားသည်။

ဒါရိုက်တာဟဲ့ကျီလျန်ကလည်း "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင်ကျီမင်း၏ဇာတ်ဝင်ခန်းအတော်များများကိုဖြတ်ချပစ်ပြီး ဖူရင်းယွီကိုသာဇာတ်လိုက်သဖွယ်နေရာပေးလိုက်သည်။ 
ထိုအကြောင်းကိုသိသိချင်းကျီမင်းတစ်ယောက် အသားများတစ်ဆတ်ဆတ်တုန်သည်အထိဒေါသထွက်ခဲ့သော်လည်း ဖူရင်းယွီကိုအညှာအတာမရှိလက်စားချေရန်အကြောင်းအရင်းတစ်ခုဖြစ်စေခဲ့သည်။ 

......

ဒီဇင်ဘာသုံးဆယ့်တစ်ရက်နေ့နံနက်ခင်းတွင် ကုဆွေ့ဆွေ့တစ်ယောက် မနက်ဝေလီဝေလင်းအိပ်ရာမှထလာပြီးမီးဖိုချောင်ထဲတွင်ဟင်းပွဲများပြင်ဆင်နေသောမေမေ့ကိုဘေးမှဝိုင်းကူနေလိုက်သည်။

"ဒီနေ့ကနှစ်သစ်ကူးနေ့လေ...မေ့သမီးလေးဘာဆုတွေတောင်းချင်လဲ"။ ဖုန်းယောက်ချင်းက အသားကြော်နေရင်းဆွေ့ဆွေ့အားလှမ်းပြောလိုက်သည်။ 

"အရသာရှိတဲ့အစားအသောက်တွေ...နေ့တိုင်းစားရပါစေလို့ဆုတောင်းတယ်"။ ဆွေ့ဆွေ့က မျက်စိတစ်ဖက်မှိတ်ပြရင်းနောက်တောက်တောက်ပြောလာသည်။ 

"အမယ်...ဆွေ့ဆွေ့...လူလည်လေး"။ ထို့နောက် မီးဖိုချောင်ထဲမှဆည်းလည်းသံကဲ့သို့ရယ်သံလွင်လွင်လေးများ ပျံ့လွှင့်လာတော့သည်။