အပိုင်း ၁၆၂
Viewers 15k

Chapter 162

နှစ်သစ်ကူးပြီးနောက် ကုဆွေ့ဆွေ့၏ဘဝမှာလည်း အသစ်တစ်ဖန်ဖြစ်သွားသကဲ့သို့ခံစားရသည်။

မနှစ်ကကဲ့သို့ စိတ်ဖိစီးစိုးစဥ်းမျှမရှိတော့ပဲ အချိန်မှန်အိပ် ၊ အချိန်မှန်စား ၊ အချိန်မှန်ကစားရင်း လတစ်ဝက်လောက်က ကုန်ဆုံးသွားပြန်သည်။

သူ(မ)တို့၏ကျောင်းကမူ နွေရာသီအားလပ်ရက်အဖြစ် ဇန်နဝါရီလမှစတင်ကာ အားလပ်ရက်ကျောင်းပိတ်ပေးသည်။

ကျောင်းမပိတ်မီနောက်ဆုံးရက်တွင်မူ သူငယ်ချင်းများနှင့် ယာယီနှုတ်ဆက်ရသည်။ ဆွေ့ဆွေ့မှာ ချင်ဇီချန်နှင့်မခွဲချင်၍ ဖုန်းယောက်ချင်းအား ဂျစ်တိုက်နေသည်။

"မေမေ့ကိုအရင်ခွင့်တောင်းရဦးမယ်...မေမေကခွင့်ပြုမှသွားလို့ရမှာ"။ ဆွေ့ဆွေ့တစ်ယောက် မိခင်ဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

"အန်တီဖုန်း...ဆွေ့ဆွေ့ကိုသားအိမ်လိုက်ခွင့်ပေးလိုက်ပါနော်.. .ညီမလေးကိုသားကောင်းကောင်းစောင့်ရှောက်ပါ့မယ်...မုန့်တွေလည်းအများကြီးကျွေးမယ်လေ"။ ချင်ဇီချန်းတစ်ယောက် ဆွေ့ဆွေ့၏အမေကိုရဲရဲဝံ့ဝံ့ခွင့်တောင်းလိုက်သည်။ 

ကုဆွေ့ဆွေ့ကလည်း ဖုန်းယောက်ချင်း၏အင်္ကျီစကိုလှမ်းဆွဲကာ ထပ်ပြောလာသည်။ "မေမေ...သမီးကိုကို့အိမ်လိုက်သွားပြီးကိုကိုနဲ့အတူကစားချင်တယ်...တစ်ခါမှမရောက်ဖူးလို့ပါနော်"။ 

သူ(မ)အားမျှော်လင့်တကြီးကြည့်နေသောသမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်ရင်း ဖုန်းယောက်ချင်းလည်းမသိမသာသက်ပြင်းချလိုက်မိသည်။
"ဟုတ်ပြီလေ...သွားချင်သပဆိုရင်လည်း...မေမေမတားတော့ပါဘူး...သမီးကိုကိုရဲ့အိမ်ကိုလိုက်လည်လို့ရတယ်"။ 

ကလေးနှစ်ယောက်ကနှစ်တစ်ဝက်နီးပါးအမြဲလိုလိုအတူရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက်အလွန်သံယောဇဥ်တွယ်နေကြသည်။ ချင်အိမ်တော်၏ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဆွေ့ဆွေ့နှင့်သူ့သား၏ခင်မင်ရင်းနှီးမှုကိုခွင့်ပြုပေးထားသည့်အတွက် ဖုန်းယောက်ချင်းအထွေအထူးစိတ်ပူမနေတော့။ 

"ဆွေ့ဆွေ့...မေမေပြောတာသေချာနားထောင်ဦး
သူများအိမ်သွားလည်တဲ့အခါမှာလူကြီးသူမတွေကိုယဥ်ယဥ်ကျေးကျေးပြောဆိုဆက်ဆံရမယ်နော်...အိမ်ရှင်တွေမကြိုက်တာဘာဆိုဘာမှမလုပ်မိစေနဲ့"။ ဖုန်းယောက်ချင်းက အသိပေးသလိုပြောလိုက်သည်။

"သမီးသိပါတယ်...မေမေရဲ့"။ ဆွေ့ဆွေ့က သွားချင်လွန်းအားကြီး၍ လှုပ်လှုပ်ရွရွဖြစ်နေပြီးဂဏာမငြိမ်တော့ပေ။ 

ထို့နောက်မေမေ့ကိုနှုတ်ဆက်ပြီးသည်နှင့်
ကိုကိုချင်ဇီချန်းနှင့်အတူချင်အိမ်တော်သို့စိတ်လှုပ်ရှားစွာဖြင့်လိုက်ပါသွားသည်။

ချင်စံအိမ်တော်ကြီးကလူနေထူထပ်သောမြို့လယ်ခေါင်နှင့်ဝေးကွာသည့်မြို့အစွန်ဘက်အပန်းဖြေဗီလာတစ်နေရာတွင်တည်ရှိသည်။ 

ဆွေ့ဆွေ့ကကားမှန်မှတစ်ဆင့် ဘေးဘီဝဲယာကိုကြည့်ရင်း အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။ "ကိုကိုတို့အိမ်ကအကြီးကြီးပဲ...ခြံဝန်းကလည်းအကျယ်ကြီးပဲ"။ ဤမျှလောက်အကျယ်အဝန်း
နှင့်ဆိုလျှင်မိသားစုပျော်ပျော်ပါပါးအသားကင်စားလို့ရလောက်သည်ဟုဆွေ့ဆွေ့စိတ်ထဲတွင်တွေးလိုက်သည်။

ဆွေ့ဆွေ့၏စကားကြောင့် ချန်ဇီချန်းတစ်ယောက် ရှက်ပြုံးလေးပြုံးလိုက်မိသည်။ "အင်း..ဆွေ့ဆွေ့သဘောကျတယ်ဆိုရင်...မကြာမကြာလာလည်လို့ရပါတယ်"။ 

ကုမ္ပဏီလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်သည့်အလျောက် ချင်ဇယ်ချန်းမှာအလုပ်အတော်များသော်လည်း သားနှစ်ယောက်ကိုအချိန်ပေးရန်
သူ့အလုပ်အချိန်ကိုဖဲ့ကာအိမ်သို့စောစောပြန်လာလိုက်သည်။ သားငယ်ချင်ဇီချန်းကသူ့သူငယ်ချင်းမလေးကုဆွေ့ဆွေ့ကိုအိမ်ခေါ်လာမည်ဟုလည်း ပြောထားသေးသည်။ 

"ဦးဦး...မင်္ဂလာပါ"။ သူ့တစ်ယောက်တည်းသတင်းစာဖတ်ရင်းအတွေးလွန်နေတုန်း ဇီချန်း
နှင့်အတူအိမ်ထဲသို့ဝင်လာသောကလေးမလေးက ယဥ်ကျေးပျူဌာစွာနှုတ်ဆက်လာသည်။

"အေး...မင်္ဂလာပါကွယ်...သမီးကကုဆွေ့ဆွေ့နော်...ဟုတ်တယ်မလား"။ ကလေးမလေး၏သွက်လက်ချက်ချာသောပုံစံက သူ့သားကြီး၏ပြန်ပေးဆွဲမခံရမီပုံစံလေးကို ပြန်လည်အမှတ်ရသွားစေသည်။ 

"ဟုတ်...သမီးကကုဆွေ့ဆွေ့ပါရှင့်...ကိုကိုဇီချန်စရဲ့သူငယ်ချင်းပါ"။

"ဟုတ်ပါပြီ...ကိုယ့်အိမ်လိုသဘောထားပြီးအေးအေးဆေးဆေးနေနော်...လိုတာရှိရင်အိမ်ကအလုပ်သမားတွေကိုလှမ်းပြောလိုက်"။ မျက်စပစ်ကာထွက်သွားရန်အချက်ပြနေသောသူ့သားငယ်ကြောင့် ချင်ဇယ်ချန်းလည်းကလေးမလေးနှင့်စကားစဖြတ်ပြီး ထထွက်သွားလိုက်သည်။ 

ဆွေ့ဆွေ့နှင့်ချန်ဇီချန်းတို့ဧည့်ခန်းထဲကစားနေကြချိန်တွင် အလယ်တန်းကျောင်းယူနီဖောင်းဝတ်ထားသောရုပ်ရည်သန့်သန့်နှင့်ကောင်လေးတစ်ယောက်ဝင်လာသည်။ 

"ဟာ...ကိုကြီးပြန်လာပြီလား"။ ချင်ဇီချန်းလည်း ကျောင်းမှပြန်လာသောအဝစ်ကိုဖြစ်သူကိုနှုတ်ဆက်လိုက်သည်။ သို့သော် အစ်ကိုဖြစ်သူက သူ့ကိုအာရုံရပုံမရ။ ဘေးတွင်ပုံ့ပုံ့လေးထိုင်နေသော ဆွေ့ဆွေ့ကိုစူးစမ်းသလိုကြည့်နေသည်။

"ကိုကြီး...သူကသားသူငယ်ချင်းလေ...ကုဆွေ့ဆွေ့တဲ့...အိမ်အလည်ခေါ်လာတာ"။ မကောင်းတတ်၍ ဆွေ့ဆွေ့နှင့်မိတ်ဆက်ပေးလိုက်ရသည်။

"ကိုကိုကြီး...ဆွေ့ဆွေ့တို့နဲ့အတူလာကစားပါလား"။ ဆွေ့ဆွေ့လည်း ကိုကိုဇီချန်းကဲ့သို့ပင် ရှေ့တွင်ရပ်နေသူကို ကိုကိုကြီးဟုပင်ခေါ်ကာနှုတ်ဆက်လိုက်သည်။

ဆွေ့ဆွေ့စကားကြောင့် ချန်ဇီချန်းတစ်ယောက်မျက်ခုံးတန်းများတွန့်ချိုးသွားသည်။ အစ်ကိုဖြစ်သူနှင့်မကစားချင်၍တော့မဟုတ်။ သို့သော်ဆွေ့ဆွေ့ကိုအခြားသူတစ်ယောက်နှင့်ခင်မင်ရင်းနှီး
ခွင့်မပေးချင်။ သူကတစ်ဦးတည်းသောသူငယ်ချင်းလေးကို အလွန်နှမြောပါသည်။

"အာ...ဆွေ့ဆွေ့ကလည်း...နှစ်ယောက်တည်းကစားမယ်လေ...ကိုကိုကြီးကအခုမှကျောင်းကပြန်လာတာကို...မောနေမှာပေါ့"။

သို့သောချင်ဇီယုက ချင်ဇီချန်း၏စကားကိုဂရုမစိုက်။ ဆွေ့ဆွေ့ဆီကိုသာအကြည့်ပို့ပေးရင်းပြန်ပြောလာသည်။ 

"ဘာတွေကစားနေကြတာလဲ"။