Chapter 163
ချင်ဇီချန်နှင့် ဆွေ့ဆွေ့တို့နှစ်ယောက်လုံး တစ်နေကုန်ဆော့ကစားကြသည်မှာ ထမင်းမေ့ဟင်းမေ့ပင်ဖြစ်သည်။
ကျောင်းပိတ်ရက်မတိုင်မီတွင် ချင်ဇီချန်တစ်ယောက် ဆွေ့ဆွေ့နှင့်အတူကစားရန် ဂိမ်းဘုတ်များဝယ်ထားပြီးသားဖြစ်သည်။ တိုက်တိုင်ဆိုင်ဆိုင် ဆွေ့တွေ့အကြိုက်ဂိမ်းမျိုးဖြစ်နေသည်။
လွန်ခဲ့သောလက ရှီရှီနှင့်အတူဆော့ရန် ပါပါးခဲ့အိမ်သို့သွားရာ ပါပါး၏စာအုပ်စင်ပေါ်တွင်ဂိမ်းဘုတ်အသစ်လေးကိုတွေ့သဖြင့် သူ(မ)အားကစားနည်းသင်ပေးရန် အတင်းပူဆာခဲ့ရသေးသည်။
ပါပါးခဲ့က ဆွေ့ဆွေ့ကိုဖူးဖူးမှုတ်အလိုလိုက်ထားသလို သူ(မ)လိုချင်သမျှကို နှစ်ခါမတောင်းဆိုရအောင် ချက်ချင်းလိုက်လျောပေးတတ်သည်။ ပါပါး၏အသင်အပြကောင်းမွန်မှုကြောင့် ဆွေ့ဆွေ့မှာထိုဂိမ်းကိုခဏလေးအတွင်းကျွမ်းကျင်သွားသည်။
သို့သော်အစ်ကိုဖြစ်သူချင်ဇီယုပါဝက်ကစားမည်ဟုဆိုလညသောကြောင့် ချင်ဇီချန်းတစ်ယောက်စိတ်လေသွားသည်။ "ဆွေ့ဆွေ့...ဒီဂိမ်းကလူနှစ်ယောက်ပဲတော့လို့ရတဲ့ဂိမ်းလေ"။
ခါတိုင်းအချိန်တွင် အစ်ကိုဇီယုကသူနှင့်အတူဘယ်တော့မှလာမကစားပေ။ တစ်ကူးတစ်ကသွားခေါ်လျှင်တောင် အခန်းထဲမှထွက်မလာ။ စာကျက်သည်မှလွဲ၍ တစ်ခြားဘာဝါသနာမှရှိမည်မထင်။ ထို့ကြောင့် ချင်ဇီချန်းမှာသူ့သူငယ်ချင်းလေးဆွေ့ဆွေ့ကို အစ်ကိုဖြစ်သူအားခင်မင်ရင်းနှီးသွားမည်ကို လုံးဝမလိုလားပေ။
"ရပါတယ်ကိုကိုရဲ့...အလှည့်ကျကစားလို့ရတယ်လေ...နှစ်ယောက်ကစားနေရင်...တစ်ယောက်ကဘေးထွက်နေပေါ့...အဲ့လိုဆိုဆွေ့ဆွေ့တို့သုံးယောက်လုံးအတူတူကစားလို့ရပြီ"။
ဆွေ့ဆွေ့စကားကြောင့် ချင်ဇီချန်းလည်းတွေဝေသွားသည်။ အစ်ကိုဖြစ်သူကိုလှမ်းကြည့်တော့လည်း သူတို့နှင့်အတူကစားချင်နေပုံရသည်။ မထူးတော့သည်မို့ ချင်ဇီချန်းလည်းသဘောတူလိုက်ရသည်။
သို့သော်ကံဆိုးစွာဖြင့်အစ်ကိုဇီယုနှင့်နှစ်ယောက်တည်းဆော့သည့်အလှည့်တွင် ချင်ဇီချန်းတစ်ယောက်သုံးပွဲဆက်တိုက်ရှုံးတော့သည်။ ကစားရင်း ကစားရင်းနှင့်သူ့ကိုယ်သူအားမလိုအားမရဖြစ်လာသည်။ ဂိမ်းကစားသည့်နေရာတွင်ပင် သူကရှုံးမြဲရှုံးဆဲပင်။ အစ်ကိုနှင့်ဘယ်နေကာယှဥ်ယှဥ် ယှဥ်လို့မရအောင်ညံ့ဖျင်းသည်။
"ကိုကိုကြီး...နောက်တစ်ပွဲလောက်ထပ်ကစားကြရအောင်ဗျာ"။ ချင်ဇီချန်းက အားမလိုအားမရနှင့်ပြောလိုက်သည်။
ဂိမ်းရှုံး၍သူ့ကိုယ်သူမကျေမနပ်ဖြစ်နေသောညီငယ်ကိုကြည့်ကာ ချင်ဇီယုတစ်ယောက်မရယ်မိအောင်အောင့်ထားရသည်။ သို့သော် သူစလိုက်လျှင်ထငိုမည်စိုးသောကြောင့် စိတ်ကျေနပ်သွားအောင်အလိုက်သင့်လေးပြန်ဖြေပေးလိုက်သည်။
"ရတယ်လေ...နောက်တစ်ပွဲဆက်ကစားကြတာပေါ့"။ အစပိုင်းတွင်ကလေးနှစ်ယောက်နှင့်ဂိိမ်းထိုင်ကစားရန် ချင်ဇီယုအမှန်တကယ်မရည်ရွယ်ခဲ့ပေ။ သို့သော်ဂိမ်းအတူကစားရန်ကမ်းလှမ်းလာသောကလေးမလေးက ဧည့်သည်ဖြစ်နေသောကြောင့် မကောင်းတတ်၍လက်ခံလိုက်သည်။
ဂိမ်းကစားနေရင်းနှင့်ညီငယ်ဖြစ်သူကိုအလွန်စိတ်လှုပ်ရှားထွေပြားနေသည်ကိုသူသတိထားမိသွားသည်။ အတူခေါ်လာသောသူငယ်ချင်းမလေးကို ဒီအစ်ကိုကြီးလုသွားမည်ဟုစိုးရိမ်နေရော့သလား။ ယခုလည်းထပ်ရှုံးပြန်သောကြောင့် ချင်ဇီချန်းတစ်ယောက် မျက်နှာကြီးနီမြန်းကာဒေါသထွက်နေပြီ။
ထို့ကြောင့်ချင်ဇီယုလည်းအခြေအနေဒီထက့်ပိုဆိုးမလာခင်ရှောင်ထွက်ရန်ပြင်လိုက်သည်။ "ကဲ
ကိုကိုလည်းအိမ်စာတွေလုပ်ရဦးမှာမလို့...အငယ်လေးတို့နှစ်ယောက်ပဲဆက်ကစားကြတော့နော်"။
ချင်ဇီချန်းမှာကိုကိုကြီး၏စကားကိုကြားပြီးအလွန်ပျော်သွားသည်။ နောက်ဆုံးတော့ သူနှင့်ဆွေ့ဆွေ့နှစ်ယောက်တည်း ကောင်းကောင်းကစားရတော့မည် မဟုတ်လား။
"ဟုတ်...ကောင်းကောင်းကြီး...အိမ်စာတွေကိုအေးအေးဆေးဆေးလုပ်ပါဗျာ့...သားတို့နှစ်ယောက်ထဲကောင်းကောင်းကစားလိုက်မယ်"။
......
တစ်အောင့်လောက်ကြာပြီးနောက် နေ့လည်စာစားချိန်ရောက်လာသောကြောင့် သူတို့အားလုံး ထမင်းစားခန်းထဲသို့ရောက်သွားကြသည်။
သီးသန့်ပြင်ဆင်ပေးထားသောထမင်းစားခန်းကအလွန်လှပကျော့ရှင်းပြီးနာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ကဲ့သို့ပြင်ဆင်ထားသည်။
နေ့လည်စာစားပြီးနောက် ချင်ဇယ်ချန်းကဆွေ့ဆွေ့အားဥယျာဥ်ထဲသို့လိုက်ခေါ်ပြရန်သူ့သားငယ်ကိုပြောလိုက်သည်။
ဆောင်းရာသီဖြစ်သောကြောင့် ပန်းပင်အတော်များများခြောက်သွေးညှိုးနွမ်းကုန်ကြသော်လည်း ခြံနောက်ရှိသစ်ပင်ပန်းမန်များကမူအစွမ်းကုန်ဖူးပွင့်နေသေးသည်။ ဤဥယျာဥ်တစ်ခုလုံးကို ချင်စံအိမ်ငခင်မကြီးကပြုစုစောင့်ရှောက်ခဲ့သော်လည်း ယခုလက်ရှိတွင်မူသူ(မ)မရှိခိုက် အိမ်တော်ထိန်းများကိုကြည့်ရှုစောင့်ရှောက်ထားပေးသည်။
သူတို့ဥယျာဥ်ထဲတွင်ပန်းအမျိုးအစားစုံလင်သော်လည်း သခင်မကြီးကနှင်းဆီပန်းမြတ်နိုးသူဖြစ်သောကြောင့် နှင်းဆီပန်းများကိုအများဆုံးစိုက်ပျိုးထားသည်။
"ဝိုး...ကိုကိုတို့အိမ်မှာ...ပန်းတွေအများကြီးရှိတာပဲ...လှလိုက်တာ...ရုပ်ရှင်တွေထဲကအတိုင်းပဲ"။
ဆွေ့ဆွေ့၏ချီးကျူးမှုကြောင့် ချင်ဇီချန်းတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့်ချောင်းအသာ
ဟန့်လိုက်သည်။ "အခုတွေ့နေရတဲ့ပန်းပင်တွေကကိုကို့မေမေစိုက်ထားတဲ့အပင်တစ်ဝက်လောက်နောင်မရှိသေးဘူး...အခုဆောင်းတွင်းမလို့အပင်တွေသေကုန်တာ...နွေဦးရောက်ရင်လာကြည့်လိုက်...တစ်ခြံလုံးပန်းတွေအပြည့်ပဲ...ဒီ့ထက်ပိုလှတယ်"။
ပန်းပင်များကိုလျှောက်ကြည့်ရင်း ပန်းလေးများအားမြတ်နိုးတန်ဖိုးထားတတ်သောမေမေ့ကိုသူသိပ်လွမ်းပါသည်။ အဝေးတွင်ရောက်နေသောမေမေကသူ့ကိုသတိရတန်ကောင်းပါရဲ့။