အပိုင်း (၂၈၄)
Viewers 31k

Chapter 284 


ချင်ယွီ သူမတ်တတ်မရပ်လိုက်မီ ဝမ်လေး၏ပါးကို ထပ်ထိလိုက်ပြီး စိုက်ကြည့်နေလိုက်သည်။


အောင်မြင်မှုက သူနှင့်လက်တစ်ကမ်းတွင်ရှိနေသည်။ သူသာ လုပ်ရဲပါက သူ့အစီအစဉ်အောင်မြင်နိုင်သည်။ ပျောက်ဆုံးနေသည်ကလေးတစ်ယောက် မြစ်ထဲတွင်ပေါ်လာသည်ဟူသော အရာမှာ သာမန်သာဖြစ်သည်။ ၎င်းက နိုင်ငံထဲတွင် နေ့တိုင်းနီးပါးပေါ်လာမည့် သတင်းမျိုးသာဖြစ်သည်။ သို့သော် သူမလုပ်နိုင်ပေ။ သူထိုစည်းကို မဖောက်ဖျက်နိုင်ပေ။ ၎င်းမှာ သူက လုံလောက်အောင် မရက်စက်နိုင်သေး၍ပင်။ သို့မဟုတ် သူမ၏ကလေးဖြစ်နေ၍လည်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် သူတို့နှစ်ယောက်တွင် ကလေးတစ်ယောက်သာရှိခဲ့ပါက အရာအားလုံး အဆင်ပြေသွားမည်ဟုပင် တွေးမိသည်။


သူစုန့်ထင်ရှန်းကို လိပ်စာတစ်ခုပေးလိုက်ပြီး အိပ်ခန်းထဲမှ ထွက်သွားလိုက်သည်။ စုန့်ထင်ရှန်း မရောက်လာသေးမီ သူဝိုင်သေတ္တာထဲတွင် နှစ်ပေါင်းများစွာသိမ်းထားခဲ့သော ဝိုင်ပုလင်းနှင့်ဖန်ခွက်နှစ်ခွက်ကို ထုတ်ယူလိုက်သည်။


စုန့်ထင်ရှန်းရောက်လာရန် ဘယ်လောက်မှ မကြာလိုက်ပေ။ သူဝင်လာသည်နှင့် ချင်ယွီ၏ဗိုက်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်လေသည်။ ချင်ယွီက ခြေနှစ်လမ်းစာမျှနောက်ဆုတ်သွားသော်လည်း နာနာကျင်ကျင်မအော်ခဲ့ပေ။


"ငါ့သားဘယ်မှာလဲ...."


စုန့်ထင်ရှန်းက ကွဲအက်နေသောအသံနှင့်အတူ အေးစက်နေသော မျက်နှာဖြင့်မေးလေသည်ဟ


ချင်ယွီက အခန်းတစ်ခုကိုညွှန်ပြလိုက်သည်။


စုန့်ထင်ရှန်းက ပြေးထွက်သွားသော်လည်း တံခါးဝတွင်ခြေသံဖျော့လိုက်ကာ အခန်းထဲဝင်သွားခဲ့သည်။ ဝမ်လေးက ဘာမှမထိမခိုက်ဘဲ နှစ်ခြိုက်စွာအိပ်ပျော်နေသည်ကိုမြင်၍ တံခါးပြန့်ပိတ်၍ ချင်းယွီကိုလှည့်ကြည့်လိုက်သည်။


"ဒါက ဘာကိုဆိုလိုတာလဲ...."


"ထိုင်..."


ချင်ယွီက နာကျင်မှုကိုတောင့်ခံရင်း စုန့်ထင်ရှန်းကို သူ့ရှေ့ရှိထိုင်ခုံတွင်ထိုင်ရန် အမူအယာပြလိုက်သည်။


စုန့်ထင်ရှန်း၏ လေထဲတွင်တန်းလန်းဖြစ်နေသလို ခံစားနေရသော စိတ်အစုံမှာ ဒုန်းဒုန်းကျသွားပြီဖြစ်သည်။ ချင်ယွီက အတော်လေးထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ချင်ယွီက သက်သေပင်မချန်ဘဲ သူ့သားကိုပြန်ပေးဆွဲနိုင်ခဲ့သည်။ သို့သော် ယခုတွင် လွယ်လွယ်လေးလွှတ်ပေးလိုက်ပြန်သည်။ 


ဒီလိုတွေ အားစိုက်ပြီးလုပ်ခဲ့တာတွေက တူတူပုန်းတမ်းဆော့ဖို့လုပ်နေတာလား.... ဒါမှမဟုတ် သူတို့တွေ စိတ်ဓာတ်ကျသွားတာကို တကယ်မြင်ချင်နေခဲ့တာလား...


ချင်ယွီ ဖန်ခွက်နှစ်ခုထဲ ဝိုင်လောင်းထည့်ပြီး စုန့်ထင်ရှန်းကိုပြောလိုက်သည်။


"ဒါ သူမအကြိုက်ဆုံးဝိုင်ပေါ့... ငါ ဟိုးအရင်ကတည်းက ဒါကိုဝယ်သိမ်းထားခဲ့ပြီး ငါတို့ရဲ့လက်ထပ်ပွဲနေ့မှာ ထုတ်သောက်ဖို့ အစီအစဉ်ဆွဲခဲ့တာ.."


စုန့်ထင်ရှန်း၏ အမူအယာမှာ ပို၍အကျည်းတန်လာသည်။ ကိုယ့်မိန်းမကိုသဘောကျနေပြီး ကိုယ့်ကလေးကို ပြန်ပေးဆွဲခဲ့သောလူအပေါ် မည်သူကမှ အထင်အမြင်ကောင်းရှိမည်မဟုတ်ပေ။ စုန့်ထင်ရှန်းက သူ့ကိုထမထိုးမိစေရန် အလွန်အမင်းထိန်းချုပ်နေရခြင်းသာဖြစ်သည်။


စုန့်ထင်ရှန်းဝိုင်ကို မသောက်လိုက်ပေ။ ချင်းယွီကလည်း ဘာမှမပြောပေ။ ချင်းယွီက ဝိုင်တစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်သောက်ပြီးမှ ပြောလေသည်။

"ငါ သူ့ကိုချစ်တယ်..."


စုန့်ထင်ရှန်း သရော်လိုက်သည်။

"ချစ်တယ်တဲ့လား...."


သူချင်ယွီကိုကြည့်လိုက်သည်။

"မင်းက အခြားလူတွေရဲ့ ဆန္ဒကိုလုံးဝ မလေးစားဘူး..."


ချင်းယွီတီးတိုးပြောလိုက်သည်။

"မင်းသာမရှိခဲ့ရင် ငါတို့အတူရှိနေရမှာ... ငါတို့လက်ထပ်ကြရမှာ... မင်းဘာလို့ မသေခဲ့ရတာလဲ...."


စုန့်ထင်ရှန်းက မတ်တတ်ထရပ်ကာ ထွက်သွားရန်ပြင်ချိန်တွင် ချင်ယွီပြောသည်ကိုကြားလိုက်ရသည်။


"မင်းက Aမြို့မှာကတည်းက သေသွားခဲ့သင့်တာ... သူနဲ့အတူတူ အနာဂတ်မှာ ရှိမနေခဲ့သင့်တာ..."


"မင်းဘာပြောလိုက်တာ..."

စုန့်ထင်ရှန်းက အေးစက်စွာပြောလိုက်သည်။


ချင်ယွီ ပြောလိုက်သည်။


"ငါမှတ်မိတာသာ မှန်မယ်ဆိုရင် မင်းသားက ဖျားနေပြီး မင်းက အလျှင်စလို လေယာဉ်စီးပြီးပြန်လာရမှာ... အဲ့နေ့က မိုးတွေအရမ်းရွာပြီး မင်းက လေဆိပ်သွားတဲ့လမ်းမှာ ကားမတော်ဆဖြစ်ပြီး သေရမှာ.. အဲ့နောက်မှာ ငါကယွမ်ရှနဲ့တွေ့ပြီး ငါတို့အတူရှိဖြစ်သွားကြရမှာ.. အဲ့လိုဖြစ်ရမှာ..."


ထိုရက်စက်လှသော အကြောင်းများကိုကြားပြီး စုန့်ထင်ရှန်းက ပထမဆုံးတုန့်ပြန်မှုမှာ ဇာတ်လမ်းတွေထွင်ပြောပြန်ပြီ ဟူ၍ပင်။


xxxxxxxxxx