Chapter 286
စုန့်ထင်ရှန်း ကူကယ်ရာမဲ့သွားရသည်။ သူဝမ်လေးကို မဆူနိုင်ပေ။ ယနေ့ဖြစ်ပျက်ခဲ့သည်မှာ ဝမ်လေး၏အမှားမဟုတ်ပေ။ လူကြီးတစ်ယောက်ဖြစ်သည့် သူ၏အမှားသာဖြစ်သည်။ ကလေးများမှာ ပြောင်စာရွက်လေးတစ်ရွက်လိုသာဖြစ်သည်။ ကလေးများ လုံလောက်အောင် အရွယ်မရောက်သေးမီအထိ အန္တရာယ်များစွာကြုံနိုင်ပြီး လူများကြီးက သူတို့ကိုကာကွယ်စောင့်ရှောင့်ပေးရသည်။ လူကြီးများက ထိုတာဝန်ကို ခေါင်းရှောင်ရန်ဆင်ခြေမရှိပေ။
သူဝမ်လေးကို အဆင်အခြင်ရှိစေချင်သလို အခြားသူများအပေါ်ယုံကြည်နိုင်စွမ်းလည်း မကင်းမဲ့သွားစေချင်ပေ။ ဤကိစ္စနှင့်ပတ်သတ်၍ ဝမ်လေးကိုသင်ကြားပေရမည်မှာ ခက်ခဲသည့်ပြဿနာဖြစ်ပြီး သူဂရုတစိုက်ဆုံးဖြတ်ရမည်ဖြစ်သည်။
"သား ပါပါးနဲ့ မာမားကို ဘာလို့ဖုန်းမခေါ်လိုက်တာလဲ..."
ဝမ်လေးက သူ့လက်ကိုမြှောက်ပြကာ လက်ပတ်နာရီကိုပြလေသည်။
"ဒါ ပျက်သွားလို့.... သားခေါ်လို့မရတာ... ဦးဦးချင်က ပါပါးတို့ကိုဖုန်းခေါ်ပြီးပြီလို့ပြောတယ်... ပါပါးတို့က သားကိုညကြရင်လာခေါ်မယ်တဲ့လေ..."
စုန့်ထင်ရှန်းက သူ့ခေါင်းလေကို ထပ်ဖွဖွတောက်လိုက်သည်။
"ဘွားဘွားမေ့လဲသွားတယ်... သားမာမားကလည်း အခြေအနေအရမ်းမကောင်းဘူး...အရမ်းကြောက်နေတာ.... ဝမ်လေး... ပါပါးလေ သားမာမားဒီလိုဖြစ်နေတာ တစ်ခါမှမမြင်ဖူးဘူး...သားမာမားက သားသာတစ်ခုခုဖြစ်ရင် ချက်ချင်းကြီး လဲကျသွားတော့မယ့်ပုံဖြစ်နေတာ.."
ဝမ်လေးက စိုးရိမ်လာပြီး အလောတကြီးပြောလေသည်။
"အိမ်ပြန်ကြမယ်လေ..."
စုန့်ထင်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဘွားဘွားနဲ့ ဘိုးဘိုးကိုဖုန်းခေါ်ရအောင်... ဖုန်းမခေါ်ခင် ပါပါးမှာ သားနဲ့ဆွေးနွေးစရာရှိတယ်... ဘယ်သူမေးမေး သားက ဦးဦးချင်နဲ့လိုက်သွားတာလို့ မပြောရဘူး...အထူးသဖြင့် မာမားကိုမပြောရဘူး အိုကေလား..."
ဝမ်လေးက ပဟေဠိဖြစ်သွားသည်။
"ဘာလို့လဲဟင်...."
"အခု ပါပါးက သားကို ရှင်းရှင်းလင်းလင်းမပြောပြနိုင်သေးဘူး... မာမားက သားသာ ဦးဦးချင်နောက်လိုက်သွားရင် သူ့ကိုယ်သူအရမ်းအပြစ်တင်နေမှာလို့ သိရင်ရပြီ...အရာအားလုံးက သူ့အမှားလို့ တွေးလိမ့်မယ်...."
စုန့်ထင်ရှန်းက ရှုံ့မဲ့လိုက်ကာ ဝမ်လေး၏ပါးကိုထိလိုက်သည်။
"ပါပါးတို့က မာမားကိုဂရုစိုက်ပေးပြီး ကာကွယ်ပေးကြမယ်လို့ ပြောခဲ့ကြတယ်မလား... မာမားနဲ့ ဘွားဘွားတို့ကို သားက ပါပါးသူငယ်ချင်းတစ်ယောက်နဲ့ လိုက်သွားတာလို့ပဲပြောနော်... သားရဲ့ဖုန်းကပျက်သွားလို့ ပါပါးသူငယ်ချင်းအိမ်မှာပဲ နေလိုက်ပြီး ညစာစားလိုက်တယ်လို့ပြော အိုကေလား...."
ယွမ်ရှသာ ဝမ်လေးကိုခေါ်သွားသူက ချင်ယွီမှန်းသိပါလျှင် သူမကိုယ်သူမအပြစ်တင်ရင်း ဝမ်လေးအန္တရာယ်ရှိသောအခြေအနေတွင် ရောက်သွားရသည်မှာ သူမကြောင့်ဟု တွေးနေပေလိမ့်မည်။ ဤကိစ္စကြောင့် ချင်ယွီကိုသွားတွေ့နိုင်ပေသည်။ သူကိုယ်တိုင်လည်း ချင်ယွီက ဝမ်လေးကိုဘာကြောင့် ပြန်ပေးဆွဲသလဲကို မသိချင်ပေ။ ဤကိစ္စကို သူတို့မိသားစုပဲသိအောင် တတ်နိုင်သမျှလျှို့ဝှက်ထားချင်သည်။
ချင်ယွီကိုမည်သို့ရင်ဆိုင်ပြီး ဤကိစ္စကိုမည်သို့ဖြေရှင်းမည်ကို သူ့တစ်ယောက်တည်းသာကိုင်တွယ်မည်ဖြစ်သည်။ သူမဘက်က ဤအကြောင်းကို မသိသင့်ပေ။ သူမက ချင်ယွီထပ်မံ ထွက်ပေါ်မလာတော့မည့် အနာဂတ်ကိုသာလိုအပ်ပေသည်။ ဤသည်က ထိခိုက်မှုမရှိသည့် မတော်တဆလေးသာဖြစ်ပြီး ဝမ်လေးက တစ်ခါမှ အန္တရာယ်မရှိခဲ့ဟုသာ တွေးသင့်ပေသည်။
ဝမ်လေးက ထိုအကြောင်းသေချာတွေးလိုက်လေသည်။
"ဒါဆိုလည်းကောင်းပြီလေ..."
စုန့်ထင်ရှန်းက လက်တန့်ထုတ်လိုက်သည်။
"High five..."
၎င်းက ဝမ်လေး၏အာရုံစိုက်မှုကိုချက်ချင်းရသွားသည်။ သူလေးက ပြုံးလိုက်ပြီး စုန်ထင်ရှန်းနှင့် high fiveလုပ်လိုက်သည်။ ၎င်းက ယောက်ျားလေးများကြားရှိ ကတိပင်ဖြစ်သည်။
အိမ်အပြန်လမ်းတွင် ဝမ်လေးမှာ သူ့အဘိုးအဘွားများကိုဖုန်းခေါ်လေသည်။ လူကြီးနှစ်ယောက်မှာ ငိုချလုနီးနီးဖြစ်သွားကြသည်။
စုန့်ထင်ရှန်း ကားမောင်းနေရင်း အတွေးတို့လွင့်မျောနေသည်။ သူချင်ယွီပြောခဲ့သည်ကို တွေးနေခြင်းဖြစ်သည်။
သူ၏အတွေးများက သိပ္ပံနည်းမကျသော်လည်း ၎င်းက ချင်ယွီက ယွမ်ရှနှင့်ဆက်နွယ်မှုမရှိခဲ့ပါသော်လည်း ဘာကြောင့် သူမအကြောင်း အတော်လေးသိနေသလဲဆိုသည်ကို ရှင်းပြနေသည်။
အတိတ်ဘဝဆိုတဲ့အရာမျိုးတွေက တကယ်ရှိတာများလား...
သူတကယ်မသိတော့ချေ။
စုန့်ထင်ရှန်းက လေးလေးနက်နက်ကြီးမတွေးချင်ပေ။ သူ ချင်ယွီ၏မဟုတ်တရုတ်ကိစ္စများကြောင့် မျောပါမသွားချင်ပေ။
သူက သူနှင့်အနီးစပ်ဆုံးလူကိုသာ ယုံချင်သည်။ သူမက သူအိမ်ပြန်အလာကို စောင့်မျှော်နေလေသည်။
xxxxxxx