အပိုင်း ၄
Viewers 7k

#honest 
Chapter ( 4 )

အခန်း ( ၄ ) : ခွေးခေါင်းစစ်ဌာန ( လုထန် )

လုထန်တစ်ယောက် ကုလားထိုင်ပေါ်တွင်မှီထိုင်ရင်း ဖုန်းကိုကြောင်စီစီဖြင့်ထိုင်ကြည့်နေမိ၏ ။ ရှုရှု ၏ မိုးမန့်များ၌ အကသင်နေသည့်ပုံအချို့ကိုသာတင်ထားပြီး ပျောက်နေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည် ။
 
လုထန်မှာ စာပို့၍ သူမဘယ်ရောက်နေသနည်းမေးမြန်းချင်ပါသော်လည်း သူတို့နှစ်ဦးမှာ တစ်ကြိမ်သာတွေ့ဖူးသည်ပင် ။ 

ရုတ်တရက်ကြီးစကားသွားစလိုက်မည်ဆိုပါက သူ့အားနှာဘူးတစ်ယောက်ဟုပင်ထင်သွားနိုင်၏ ။ သိချင်သည့်အကြောင်းအရာကိုမသိရသောကြောင့် လုထန်မှာ ရင်ထဲတွင်ကြောင်၀င်ကုတ်နေသကဲ့သို့ခံစားနေရလေသည် ။ 

ရှုရှု သူ့အပေါ်အမြင်ကောင်းရှိစေရန်အတွက်သာမဟုတ်လျှင် ဤမျှအထိသည်းခံနေမည်မဟုတ်ချေ ။ သူ့ကိုယ်သူလည်း အဘယ့်ကြောင့်ဤမျှစိတ်ရှည်နေရမှန်းလည်းမစဥ်းစားတတ်ပေ ။

မျက်နှာကျက်ကိုမော့ကြည့်ရင်း အူတူတူဖြစ်နေသည့်အချိန်တွင် စာကြည့်ခန်းတံခါးက ၀ုန်းခနဲဆောင့်တွန်းဖွင့်ခံလိုက်ရပြီး ဖြူစုပ်စုပ်မျက်နှာနှင့် ကောင်လေးတစ်ယောက် ခုန်ပေါက်ပြီး၀င်လာလေ၏ ။

" ကော ... ကျွန်တော် ကောကိုအဖော်ပြုပေးဖို့လာပြီလေ "

လုထန်က စက်ဆုပ်စွာဖြင့် ထိုကောင်လေးအား ကန်ထုတ်လိုက်သည် ။

" သေလိုက်လေ ... ငါ့မှာမင်းနဲ့ဆော့ဖို့အချိန်ရှိမနေဘူးကွ "

" ကောကလဲ ... ကျွန်တော့်ကိုမချစ်ဘူးလား ? မချစ်တော့ဘူးလားလို့ "

လုထန် : "…"

လုထန်မှာ စိတ်ဒဏ်ရာရသွားပြီဟုပင်ထင်မှတ်မိသွားရသည် ။ လုချွမ်ရှန်းက တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်စကားပြောကာ ပြုံးရယ်နေတော့၏ ။

" ကော ... နောက်တစ်ကြိမ် ဘလိုင်းဒိတ်အတင်းတွေ့ခိုင်းတယ်ဆိုရင် ကျွန်တော့်ကိုပါခေါ်သွားလေ ... ကျွန်တော်ကအရမ်းချောတော့ လာတွေ့တဲ့ကောင်မလေးက ကျွန်တော့်လောက်မှမချောရင် ငိုပြီးထွက်ပြေးသွားမှာသေချာတယ် ... ဒါမှမဟုတ်လဲ ကျွန်တော့်ကိုကောရဲ့ ချစ်သူကောင်လေးလို့မိတ်ဆက်ပေးလိုက်လေ ... အဲဒီကောင်မလေးတွေငိုယိုပြီး ကျွန်တော်တို့အတွက်ကောင်းချီးပေးမယ်ဆိုတာအသေအချာပဲ "

လုထန်က မျက်စောင်းထိုး၍ 

" မင်းကောင်မလေးတစ်ယောက်ယောက်နဲ့လိုက်ပြေးသွားလို့လား ... ဘာကိစ္စငါ့ကိုလာရှာတာလဲ "

လုချွမ်ရှန်း၏ ခွေးနားရွက်လေးငိုက်စိုက်ကျသွားပြီး အားမရှိစွာပြောလာ၏ ။

" ကျွန်တော့်မှာ အချစ်ပြိုင်ဘက်တစ်ယောက်ရှိနေပြီ ... ပြီးတော့ မိန်းကလေးတစ်ယောက်တဲ့ "

လုချွမ်ရှန်းက ဖုန်းကိုဖွင့်ရင်း ကြမ်းပြင်ပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ ခါးခါးသီးသီးရင်ဖွင့်ပြောပြတော့သည် ။

" ကျွန်တော်တို့တွေ့တဲ့အချိန်တိုင်း .... မစ္စရှုကတာအရမ်းလှတာပဲ ... မစ္စရှုကို လက်ထပ်ချင်လိုက်တာ ... မစ္စရှုက ဒီနေ့ ခါးကိုကိုင်ပြီးဘယ်လိုအကြောလျှော့ရမလဲဆိုတာသင်ပေးတယ် စိတ်လှုပ်ရှားလိုက်တာမှ ဆိုတာချည်းပဲပြောနေတာ .. သူ့ရင်ထဲမှာ ကျွန်တော့်အတွက်နေရာမရှိတော့ဘူး ... ကော ကျွန်တော်စွန့်ပစ်ခံလိုက်ရပြီ "

စိတ်မပါလက်မပါဖြင့်နားထောင်နေသော လုထန်မှာ အရည်မရအဖတ်မရစကားလုံးများကြားမှာ မစ္စရှုဟူသည့် အမည်ကိုသာသတိထားမိ၏ ။

" မစ္စရှု ဘယ်သူလဲ ..."

" ကော မနေ့က ပန်းအိုးကိုယွမ်နှစ်သောင်းကျော်နဲ့လိမ်ရောင်းလိုက်တဲ့အရမ်းလှတဲ့ကျဲကျဲလေ ... ကျွန်တော်လဲ မနေ့ကမှ ချင်းချင်းရဲ့အကဆရာမမှန်းသိရတာ "

လုထန်က ခဏမျှခြေချိတ်ထိုင်ကာစဥ်းစားပြီးနောက် လုချွမ်ရှန်းကိုလေသံပျော့ပျော့နှင့်ပြောလာသည် ။

" ချွမ်အာလေး ... မင်းအခု အဖွဲ့အစည်းရဲ့စမ်းသပ်မှုကိုလက်ခံဖို့အချိန်ကျပြီ "


" ကောက ဆရာမရှုဘာလုပ်နေလဲဆိုတာသိချင်တာလား "

လုချွမ်ရှန်းက အစပိုင်းတွင်အံ့သြသွားသော်လည်း သူ၏ ခန့်မှန်းချက်များအတိုင်းမဖြစ်နိုင်ကြောင်းခေါင်းခါလိုက်သည် ။

" အဲဒီ ကျဲကျဲလှလှကို မြင်မြင်ချင်းချစ်သွားတာတော့မဟုတ်လောက်ပါဘူးနော် "

လုထန်က မြင်မြင်ချင်းချစ်မိသွားကြောင်း၀န်မခံချင်ရုံသာမက အချိန်အတိုအတွင်းချစ်မိသွားခြင်းကိုမယုံကြည်သော်လည်း ပန်းအိုးအားအသည်းအသန်လိုချင်နေသည့် သူမ၏ အမူအယာလေးကမူ ချစ်ဖို့ကောင်းကြောင်းတွေးမိလေ၏ ။ 
 
လုထန်က နှုတ်ခမ်းသပ်လိုက်ပြီးနောက် 

" ဒုတိယအကြိမ်တွေ့တဲ့အချိန်မှာ ချစ်မိသွားတာပါကွာ"


လုချွမ်ရှန်း၏ စုံစမ်းရေးကွန်ယက်ကိုလည်းလျှော့တွက်၍ မရပါချေ ။ နောက်တစ်နေ့၌ လက်ပ်တော့တစ်လုံးကိုင်၍ လုထန်ဆီအပြေးလာကာ ရှာဖွေ့တွေ့ရှိသမျှအကုန်အစီရင်ခံလေတော့၏ ။ 

" ခေါင်းဆောင်လုကိုအစီအရင်ခံပါတယ် ... မစ္စရှုကအသက်နှစ်ဆယ့်ငါးနှစ်ရှိပြီး အခုထိလက်မထပ်ရသေးပါဘူး ... ခုနှစ်ခါရှစ်ခါလောက် ဘလ်ိုင်းဒိတ်လုပ်ခဲ့ဖူးပေမဲ့ မအောင်မြင်သေးပါဘူး ... စတူဒီယိုကိုပြုပြင်မွမ်းမံနေတဲ့အချိန် လတ်တလောမှာတော့ ဥရောပကိုခရီးထွက်နေပါတယ် ... ယောက်ျားလေးတစ်ယောက်ယောက်တော့ သူမနဲ့အတူတူပါမသွားပါဘူး ... ရှာဖွေတွေ့သမျှအကုန်ပါပဲ ... သတင်းပို့တာပြီးဆုံးပါပြီ "

ထိုမိန်းကလေးက ရဲရင့်ကာတစ်ဦးတည်းရပ်တည်လိုသည့်သန်မာသောအမျိုးသမီးတစ်ဦးဖြစ်ကြောင်း လုထန်လက်ခံလိုက်သည် ။ ခေါင်းတညိမ့်ညိမ့်လုပ်နေပြီးနောက် 

" အတွင်းရေးမှူးလုရဲ့အချက်အလက်တွေကပြည့်စုံသားပဲ ဒါဆိုရင် သူမရဲ့ အိမ်ထောင်ဖက်ရွေးချယ်တဲ့ စံနှုန်းတွေအကြောင်းဆက်ပြောကြရအောင် "

လုချွမ်ရှန်းမှာ မျက်ဆံသာလှန်မိလေ၏ ။

" သူများရဲ့အကြိုက်ကို ကျွန်တော် ဘယ်လိုလုပ်ပြီးခန့်မှန်းနိုင်မှာလဲလို့..."

လုထန်က လုချွမ်ရှန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးကာပြောလာ၏ ။

" ဒါကတော့မစ္စရှုကိုပဲ ကျေးဇူးတင်ရမှာပေါ့ကွာ ... ကြင်ဖက်တွေ့တဲ့ ကုမ္ပဏီမှာစာရင်းသွင်းထားတယ်လေ ... တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ကုမ္ပဏီကငါ့သူငယ်ချင်းတစ်ယောက်ပိုင်တာလေ ဒီတော့ သိရဖို့မခက်ခဲပါဘူး "

ထိုသို့ပြောပြီးနောက် ရှုရှု၏ ခန့်မှန်းထားသည့်ဘလိုင်းဒိတ်ပုံစံအား လုချွမ်ရှန်းကိုပြလိုက်သည် ။ 

' အရမ်းကြီးမျှော်မှန်းထားတဲ့စံနှုန်းပုံစံရယ်လို့တော့မရှိပါဘူး ...ကိုယ့်ကျင့်သိက္ခာကောင်းမွန်ပြီးစကားအပြောအဆိုယဥ်ကျေးရမယ် ရုပ်ရည်သန့်ပြန့်ပြီးကောင်းကောင်းမွန်မွန်၀တ်စားတတ်တာရယ်နဲ့ ... ဘလိုင်းဒိတ်တွေ့ပြီးအဆင်ပြေရင်သုံးလအတွင်းလက်ထပ်နိုင်ရမယ် ဒါပေမဲ့ လေးနှစ်အတွင်းတော့ကလေးယူမှာမဟုတ်ဘူး '

နောက်ဆုံးနှစ်ချက်ကလွဲ၍ ရှုရှု စိတ်တိုင်းမကျဖြစ်နေသည့်အရာမှာ သေချာပေါက်အကျင့်စာရိတ္တနှင့်ရုပ်ရည်ဖြစ်ရမည်ဟုတွေးမိသွားသည် ။ ထိုအချက်များမှာ ဘလိုင်းဒိတ်အကြိမ်ပေါင်းများစွာတွေ့ခဲ့သော်လည်း သင့်လျှော်သင့်သူကိုရှာမတွေ့နိုင်ရသည့်အကြောင်းအရင်းပင် ။ 

လုချွမ်ရှန်းက ခေါင်းတညိမ့်ညိမ်ဖြင့်

" မစ္စရှုက စကားပြောဆိုတဲ့ပုံစံနဲ့ စရိုက်ကိုကြည့်တာအံ့သြစရာတော့မရှိပါဘူး ... တစ်ခါက တော်တော်လေးကိုမှသူမနဲ့အဆင်ပြေတဲ့လူတစ်ယောက်ကိုဘလိုင်းဒိတ်မှာတွေ့ခဲ့တယ်တဲ့ ဒါပေမဲ့ အဲဒီလူက ကားမောင်းရင်းလူတစ်ယောက်ကိုရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်တာလေ ... တစ်ခါတည်းတန်းပြီးအဆက်အသွယ်ဖြတ်ပစ်လိုက်ပါလေရော "

သူ၏ ပုံမှန်ပြောဆိုနေကျစကားများနှင့်အကျင့်ကိုတွေးပြီးနောက် လုထန်တစ်ယောက် ငြိမ်ကျသွားရသည် ။ လုချွမ်ရှန်းက ကြက်သွေးထိုးပေးလာပြန်၏ ။

" ကော ... မေ့လိုက်ပါတော့ ကောရဲ့အကျင့်စရိုက်နဲ့သာဆိုရင် သေချာပေါက်ရှစ်မိနစ်ထက်ပိုပြီးကြာကြာတွဲနိုင်မှာမဟုတ်ဘူး "

လုထန်က လုချွမ်ရှန်းအား ကန်ထုတ်ရန်ခြေထောက်ဆန့်ပြီးကာမှ လမ်းတစ်၀က်၌တစ်ခုခုကိုတွေးမိသွားပုံရကာ ပြန်ရုတ်လိုက်သည် ။ ခဏကြာသောအခါ လုချွမ်ရှန်းအား ပြုံးပြလာလေ၏ ။ ထိုအပြုံးကြောင့် လုချွမ်ရှန်းလေးခမျာ ကျောပြင်သို့အေးစက်စက်မြွေတစ်ကောင်တွားသွားတက်လာသကဲ့သို့ခံစားလိုက်ရရှာသည် ။ 

" ငါမှတ်မိသလောက်ဆိုရင် မင်းအလယ်တန်းကျောင်းသားအရွယ်ကတည်းက ကောင်မလေးတွေရဲ့လက်ကိုကိုင်နေပြီမဟုတ်လား"

လုချွမ်ရှန်းမှာ ချက်ချင်းအရေးပေါ်အဆင့်အချက်ပေးမှုတစ်ခုကိုခံစားလိုက်ရပြီး လုထန် အသံဖမ်းခြင်းရှိမရှိစစ်ဆေးကြီးနောက် ပြောလိုက်သည် ။

" ဘာဖြစ်လို့လဲ အဲတော့ ဘာဖြစ်ချင်လဲလို့ "

လုထန် : "…"

လုထန်က စားပွဲခုံကိုလက်ဖြင့်တတောက်တောက်မြည်အောင်ခေါက်နေရင်းဖြင့် 

" ဘာဖြစ်ချင်လဲဆိုတော့ ... ကော ခိုင်းတာကိုလိမ်လိမ်မာမာနဲ့လုပ်ပေးပြီး အဲကိစ္စသာအောင်မြင်သွားမယ်ဆိုရင် ... မင်းရဲ့ဆိုင်အစုတ်အပြတ်လေးထဲကနေထွက်လာနိုင်ပြီး အကြံပေးအလုပ်ရစေရမယ်လို့ အာမခံတယ် ... ဒါမှမဟုတ်ရင်လည်း မင်းရဲ့ဆိုင်လေးအောင်မြင်ဖို့အတွက် ကောအကြံပေးလုပ်ပေးမယ် "

လုချွမ်ရှန်း : " အိုကေ သဘောတူတယ် ...သဘောတူတယ် "


အဆင့် ၁ ကောင်မလေးများကိုပိုးပန်းရန် လုချွမ်ရှန်း၏ လက်စွဲစာအုပ်အရ ဘလိုင်းဒိတ်ကနေလက်ထပ်တဲ့အဆင့်ထိသွားဖို့အတွက် ပထမအဆင့်က သင့်လျှော်လိုက်ဖက်မှုရှိရမည် ။ 

ထို့ကြောင့် ရှုရှု၏ စံနှုန်းပုံစံများအတိုင်းဖြစ်စေရန်အတွက် ရနိုင်သမျှသတင်းအချက်အလက်ပေါင်းစုံကိုစုပေါင်း၍ လုထန်အားလေ့လာစေသည် ။ ထို့အပြင် အမျိုးသမီးများအကြားလူကြိုက်များသည့်အမျိုးသားပုံစံများကိုပါလေးလေးနက်နက်စီစစ်ရွေးထုတ်ပေးခဲ့သေး၏ ။

လုထန် စိတ်ညစ်ရဆုံးအချက်မှာ အမျိုးသမီးများနှစ်သက်ဆုံးအိမ်မွေးတိရစ္ဆာန်ဟုဆိုကာ Samoyed တစ်ကောင်ကိုပါအိမ်ခေါ်ချလာခဲ့ခြင်းပင် ။ လုထန်က အမွှေးပွပွအရာများကိုမနှစ်သက်သောကြောင့် အိမ်အကူဖြင့်ပစ်ထားခဲ့ကာအမွှေးများကိုရှင်းလင်းခိုင်းလေ့ရှိသည် ။ 

ရလဒ်အနေဖြင့် တစ်နေ့၌ အိမ်ပြန်ရောက်သည့်အခါ လှေကားခြေရင်းတွင် မျက်လုံးအပြူးသားနှင့် နှုတ်ခေါင်းမှနှပ်ချေးတွဲလောင်းကျနေသည့် ခွေးလေးအားတွေ့လိုက်ရလေ၏ ။ လုချွမ်ရှန်းထံဖုန်းဆက်မေးသည့်အခါ၌ အလောတကြီးဖြင့်ပြောလာသည် ။

" ဖျားနေတာဖြစ်လိမ့်မယ်... တိရစ္ဆာန်ဆေးခန်းကိုအရင်ခေါ်သွားလိုက် ကျွန်တော်ချက်ချင်းလိုက်လာခဲ့မယ်"

တစ်ညလုံးဆေးခန်းနှင့်အိမ်အပြန်ပြန်အလှန်လှန်ပြေးလွှားပြီးနောက် လုထန်မှာ ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်လှဲ၍ တစ်စက်ကလေးမှပင်လှုပ်ချင်စိတ်မရှိတော့ပေ ။ လုချွမ်ရှန်းအား ဖုန်းခေါ်၍ အော်ဆဲလိုက်တော့၏ ။ 

" ချီးတဲ့မှ ... ငါမင်းကိုမယုံတော့ဘူးကွ "

ရှုရှု မြင်မည်မဟုတ်သောကြောင့် ပြောချင်သလိုပြောအဆင်ပြေ၏ ။

ရုတ်တရက်အကြံတစ်ခုရသွားကာ ဓာတ်ပုံရိုက်၍ မိုးမန့်ပေါ်သို့တင်လိုက်၏ ။ အကြောင်းအရာဖော်ပြချက်မှာ ' အရာရာတိုင်းကိုအသေးစိတ်ကအစလိုက်ဂရုစိုက်နေရတာ ပင်ပန်းလိုက်တာ '

လုချွမ်ရှန်းမှာ ကောင်မလေးနှင့်အပြင်ထွက်ချိန်တိုင်း အလွန်တက်ကြွနေသည့်အပြင် မျက်စိကျိန်းလောက်သည်အထိ တောက်တောက်ပပ၀တ်စားတတ်သေး၏ ။ ထို့ကြောင့်တိတ်တဆိတ်ဖြင့်သာ လုချွမ်ရှန်း၏ အကြံအလုပ်ဖြစ်ရန်သာတိတ်တိတ်လေးမျှော်လင့်နေမိသည်။

နောက်ထပ်လ၀က်လုံးလုံး လုထန်တစ်ယောက် ခွေးတစ်ကောင်၏ အစေခံတစ်ယောက်ကဲ့သို့သာ နေ့ရောညပါပြုစုရင်းအလုပ်ရှုပ်နေကာ စိတ်ရောကိုယ်ပါပင်ပန်းနေရသည် ။ တစ်ခါတစ်ရံတွင် ခွေးထိန်းကျောင်းခြင်းနှင့်ပက်သက်သည့်အကြောင်းအရာများကိုတင်လေ့ရှိကာ ရှုရှုကခွေးများကိုနှစ်သက်ပုံရပြီး like လာပေး၏ ။

လုထန်တစ်ယောက် အချိန်အတော်ကြာပျော်ရွှင်နေခဲ့ရပြီးနောက် နည်းဗျူဟာအသစ်ကိုစတင်အကောင်အထည်ဖော်တော့သည် ။

စောင့်ဆိုင်းနေခဲ့ရသည့်အခွင့်အရေးမှာ ဆောင်းလလယ်ပွဲတော်၌ အကောင်အထည်ပေါ်လာလေသည် ။ လုထန်အိမ်ပြန်သည်နှင့် သူ၏ဖခင်ဖြစ်သူက လက်ထပ်ရန်အတင်းတိုက်တွန်းပြန်၏ ။

" မင်းမှာလဲ ပိုက်ဆံတွေအများကြီးရှိနေတာပဲ ... ဘာလို့ပိုက်ဆံရှာဖို့ပဲခေါင်းထဲရှိပြီး လက်ထပ်ဖို့ကျခေါင်းထဲမရှိတာလဲ " 

အဖေလုက သက်ပြင်းချလိုက်ပြီးနောက် အသံကိုတတ်နိုင်သမျှညင်သာလိုက်ကာ 

" အဖေတို့အရင်တုန်းက စည်းကမ်းတင်းကြပ်ခဲ့တယ်ဆိုတာက မင်းအပြင်မှာရှုပ်ပွေပြီးမဖြစ်သင့်တာတွေဖြစ်လာမှာစိုးလို့ပါကွာ ... အခုမင်းလည်းကိုယ်တိုင်စဥ်းစားချင့်ချိန်တဲ့အသက်အရွယ်ရောက်နေပြီပဲ ... မင်းလက်ထပ်မယ်ဆိုရင်တောင်အဖေတို့ကန့်ကွက်စရာမရှိပါဘူး "

လုထန်မှာ ပြောစရာစကားပင်ပျောက်ရှနေပြီး သူ၏အမေအားတစ်ချက်ကြည့်၍ အကူအညီတောင်းလိုက်သည် ။ 

" ရှင်ကဘာတွေလိုက်ပြီးစိုးရိမ်နေတာလဲ ... ရှင့်သားက ဘယ်အချိန်မှာဘာလုပ်သင့်တယ်ဆိုတာသိပြီးသားပါ အချိန်တန်တာနဲ့ချွေးမလေးကိုအိမ်ခေါ်လာလိမ့်မယ် ဟုတ်ပြီလား "

မိသားစုစုံညီညစာစားပြီးနောက် လုထန်မှာ ၀ရန်တာတွင်ထွက်ကာဆေးလိပ်သောက်နေလေ၏ ။ လပြည့်ည၏လမင်းမှာ၀ိုင်းစက်၍ တောက်ပသထက်တောက်ပနေလေသည် ။ ဖုန်းကိုခဏခဏထုတ်ကြည့်နေမိပြီး တစ်ယောက်သောသူထဲမှအကြောင်းပြန်စာနှင့်အတူ ဆုမွန်ကောင်းစကားကိုပါမျှော်လင့်နေမိ၏ ။

မစ္စလီက အနောက်မှချောင်းကြည့်နေပြီးနောက် လုထန်အားဆွဲကာမေးလိုက်သည် ။ 

" ဘာလို့ မျက်နှာကြီးကစူပုပ်နေရတာလဲ ကောင်မလေးနဲ့စကားများထားလို့လား "

လုထန်က သက်ပြင်းသာချနေသောကြောင့် မစ္စလီခမျာ သူမ၏ သားအား အကြံပေးရမည်လောနှစ်သိမ့်ရမည်လောမသဲကွဲပါချေ ။

အသက်သုံးဆယ်ကျော်အရွယ်မိန်းမတွေကမကောင်းဘူးဟု မတွေးမိသော်လည်း သူမ၏ သားကအခုမှနှစ်ဆယ့်ရှစ်နှစ်သာရှိသေး၏ ။ ဆယ်နှစ်ကျော်ကွာဟသည့်ဆက်ဆံရေးတွင် သူမ၏ သားလေးခံစားနေရမည်ကိုမကြည့်ရက်နိုင်ချေ ။

( TN / ဟိုကစလိုက်တာကို မားမားကတကယ်ကြီးသူ့သားကအသင်လေးဆယ်နီးနီးမိန်းမကြီးတစ်ယောက်နဲ့ကြိုက်နေတယ်ထင်သွားတာ😆 )

သူမညည်းတွားနေသည့်အချိန်မှာပင် လုထန်၏ ဖုန်းထဲသို့စာ၀င်လာလေသည် ။ လုထန်က စာကိုကြည့်ပြီးနောက် အုံ့မှိုင်းနေသည့်စိတ်အခြေအနေမှာ ကောင်းကင်ပေါ်ရှိလမင်းကဲ့သို့တလက်လက်တောက်ပလာတော့၏။

" ဒါကို ဘလိုင်းဒိတ်လုပ်ဖို့ဖိတ်တာလို့ ယူဆလိုက်လို့ရလား "

ခဏမျှကြာသောအခါတစ်ဖက်မှစာပြန်လာလေသည်။ 

" အင်း"

လုထန်၏ မျက်နှာမှာ အလွန်ကိုပြုံးဖြီးနေသောကြောင့် ဘေးမှရပ်ကြည့်နေသည့်မစ္စလီပင် အံ့သြနေရသည် ။ 

" ဟုတ်ပြီ ... အချိန်နဲ့နေရာကိုမင်းပဲရွေးလိုက်ပါ ... ပျော်ရွှင်စရာဆောင်းလလယ်ပွဲတော်နေ့လေးဖြစ်ပါစေ"

" ပျော်ရွှင်စရာဆောင်းလလယ်ပွဲတော်ပါ "

လုထန်က တစ်ဖက်သို့လှည့်ကာစီးကရက်မီးကိုသတ်လိုက်ပြီးနောက် မစ္စလီ၏ ပုခုံးကိုပုတ်၍ 

" စိတ်မပူနဲ့တော့ ... မားတို့ရဲ့ချွေးမလောင်းလေးကိုနောက်လအိမ်အရောက်အပါခေါ်လာခဲ့မယ် "

မစ္စလီ၏ မျက်ခုံးများမှာတွန့်ချို့သွားရ၏ ။

ဘယ်လိုလုပ်ပြီး ချွေးမလေးလို့လွယ်လွယ်ကူကူပြောထွက်နိုင်ရတာလဲ ...

အသက်လေးဆယ်နားနီးနေပြီဆို ချွေးမကြီးလို့ခေါ်သင့်တာမဟုတ်ဘူးလား ...
🐳


Xxxxxx