အပိုင်း ၇
Viewers 7k

Mori Sue:
#honest ( 7 )

အခန်း ( ၇ ) : ချစ်သူကောင်မလေး [ လုထန် ]


ရှုရှု နှင့်အတူစားသောက်ဆိုင်အောက်ထပ်သို့ဆင်းလာသည့်အချိန်တွင် လုထန်က တံခါး၀နှင့်နီးသောတစ်နေရာကိုကြည့်၍ သက်ပြင်းချလာ၏ ။

" ဘာဖြစ်လို့လဲ ?"

လုထန်က ထောင့်စွန်းရှိခုံ၀ိုင်းတစ်ခုကို လက်ညိုးထိုးပြရင်းပြောလိုက်သည် ။

" လွန်ခဲ့တဲ့ သုံးရက်တုန်းက ကိုယ်ဒီနေရာမှာပဲအငြင်းခံခဲ့ရတာလေ ... အခုရုတ်တရက်ကြီးဒီနားကပြန်ဖြတ်သွားရတော့ စိတ်ထဲမှာခံစားသွားရလို့ "

" ဘယ်လိုခံစားရလို့လဲ ?"

" အလကားသပ်သပ်အချိန်နှစ်ရက်ဖြုန်းခဲ့မိတယ်လို့ခံစားရတယ် ..." 

ကားထဲသို့၀င်ပြီးနောက် လုထန်က လုံခြုံရေးခါးပတ်ပတ်လိုက်ကာ ငုံ့ကိုင်း၍ ရှုရှု၏ နဖူးထက်သို့ခပ်ဖွဖွတစ်ချက်နမ်းလိုက်သည် ။ ထို့နောက် အသံနိမ့်နိမ့်ဖြင့် 

" ဒါပါပဲ "

ရှုရှု၏ မျက်တောင်လေးများတုန်ရီသွားရပြီး လုထန်အားစိုက်ကြည့်နေမိသည် ။ လုထန်က သူမခေါင်းကိုပွတ်၍ ညင်ညင်သာသာဆိုလာ၏ ။

" မင်းကိုယ့်ကိုလက်ခံမယ်မလား ?"

ရှုရှုက မျက်လွှာချ၍ အသာခေါင်းလိမ့်ပြလိုက်သည် ။


လုထန်၏ အလုပ်ချိန်မှာ ပုံမှန်လူများကဲ့သို့မနက်ကိုနာရီမှညနေငါးရီအထိမဟုတ်ဘဲ အတော်လေးသက်တောင့်သက်သာရှိလှသည် ။ ရှေးဟောင်းပစ္စည်းစုဆောင်းသူများ၏ ပြပွဲရှိသောအခါမှသာလျှင်ရက်အနည်းငယ်အလုပ်များလေ့ရှိသည် ။ 

ရှုရှုနှင့်သူ၏ ကြားမှဆက်ဆံရေးကိုအတည်ပြုပြီးနောက် ပဲရစ်မြို့သို့အနုပညာပြပွဲတစ်ခုစီစဥ်ရန်အတွက်အလုပ်ခရီးသွားရောက်ရလေ၏ ။ မမျှော်လင့်ထားစွာ အချိန်တစ်လခွဲကျော်ကြာမြင့်သွားရပြီး ရှုရှုက သူမပြောခဲ့သည့်အတိုင်းသာမန်မိန်းမများကဲ့သို့ တကျီကျီလုပ်၍ အရာအားလုံးမေးကာကပ်တွယ်မနေခဲ့ပေ ။ 

ညအိပ်ရာ၀င်ခါနီးအချိန်တွင်အပြန်အလှန်နူတ်ဆက်ကြသည်မှလွဲ၍ ရှုရှုက သူမဘက်မှ အကြောင်းပြချက်ရေရေရာရာမရှိဘဲ ဆက်သွယ်ခြင်းမရှိသဖြင့် လုချွမ်ရှန်း ပင် လုထန်အားလှောင်ပြောင်နေတော့၏ ။

" အမ် ? ကောင်မလေးရှိတယ်ဆို ? ဘယ်သူလဲ ? ဘယ်ရောက်သွားပြီလဲ ?"

လုထန် : "…"

ကားမှန်မှတစ်ဆင့် အပြင်ဘက်မှဖောက်၀င်လာသည့်နီယွန်မီးရောင်များကတောက်ပလှသောကြောင့် လုထန်မှာ မသိလိုက်ဘာသာဖြင့်မျက်မှောင်ကျုံ့လိုက်မိသည် ။ ညရှစ်နာရီကျော်ပြီဖြစ်သည့်အပြင် ပြီးခဲ့သည့်ရက်များအတွင်း အလုပ်ပင်ပန်းသောကြောင့် အိပ်ရေး၀၀မအိပ်စက်ခဲ့ရပေ ။ 

လုထန်က မျက်ခုံးရိုးကိုဖိနှိပ်ကာ နှိပ်နယ်လိုက်ပြီးနောက် မြို့ထဲသို့မောင်းသွားလိုက်သည် ။ မြို့ထဲ၀င်သည့်လမ်းလယ်တွက် ရှုရှုကဖုန်းခေါ်လာ၏ ။ လုထန်မှာ စိတ်အခြေအနေပိုကောင်းသွားပုံရကာပြုံး၍ ဖုန်းကိုင်လိုက်သည် ။ 

" ဟေး "

" လုထန် ရှင်အခုလေယာဥ်ပေါ်ကဆင်းလာပြီမလား ?" 

သူမ၏ အသံအနေအထားအရ စပီကာဖွင့်၍ ပြောနေပုံပင် ။

" အင်း ကားလမ်းပေါ်မှာပဲရှိသေးတယ်... ဘာဖြစ်လို့လဲ ?"

" ရှင်အရမ်းပင်ပန်းနေလား ?"

" ကိုယ်အဆင်ပြေပါတယ် ?"

ရှုရှုက ခဏမျှတိတ်ဆိတ်နေပြီးနောက် ဆိုလာ၏ ။

" ဒီညအတွက် အဗန်ချာရုပ်ရှင်လက်မှတ်နှစ်စောင်ကျွန်မရထားတယ် ... ရှင်အတူတူလိုက်ကြည့်ချင်လား ?"

လုထန်က ရှုရှုမှာ သူနှင့်အတူရုပ်ရှင်ကြည့်ရန်စီစဥ်ထားသည်မှာ ကြာပြီဖြစ်ကြောင်းခန့်မှန်းမိလိုက်သဖြင့် ပြုံး၍ ပြောလိုက်သည် ။ 


" ဟုတ်ပြီလေ ... ကိုယ်မင်းအိမ်ကိုနာရီ၀က်အတွင်းရောက်အောင်လာခဲ့မယ် "


ရှုရှု ကားထဲသို့၀င်လာသည်နှင့်လုထန်၏ အတွေးများမှာ သူမထံတွင်သာကပ်ညိသွားရသည် ။ ဒူးထိရှည်လျားသည့်အဖြူရောင်ဂါ၀န်ရှည်ကို၀တ်ဆင်ထားပြီး သူမ၏ နူးနူးညံ့ညံ့ဆံနွယ်များကိုလည်း ချထားသောကြောင့် တက္ကသိုလ်ကျောင်းသူငယ်ငယ်လေးတစ်ယောက်ကဲ့သို့ပင် ။ 

လုထန်က ကုတ်အကျီကိုချွတ်လိုက်ပြီးနောက်ခေါက်၍ ဘေးတွင်တင်ထားလိုက်သည် ။ အကယ်၍ သာသူ၏ အိမ်သို့ပြန်ခဲ့ရမည်ဆိုပါက သူမနှင့်လိုက်ဖက်စေရန်အတွက် အစွမ်းကုန်ပြင်ဆင်ခြယ်သခဲ့မိမှာအသေအချာပင် ။ 

ရုတ်တရက်ကြီး အကျီချွတ်လိုက်သောကြောင့် ရှုရှုကအံ့အားသင့်စွာမေးလိုက်သည် ။

" ပူလို့လား ?"

လုထန်က ခေါင်းညိမ့်ပြ၍ 

" နည်းနည်းပါ "

အပြင်ဘက်တွင်လမ်းတစ်လျှောက်၌ နီယွန်မီးရောက်များတလက်လက်တောက်ပနေပြီး ကားအတွင်း၌မူ တိတ်ဆိတ်သည့်လေထုကထူးဆန်းစွာသဟဇာတဖြစ်နေသည် ။

" ဒီရက်တွေထဲမှာ မင်းဘာတွေလုပ်ဖြစ်လဲ ?"

" ပုံမှန်အတိုင်းပါပဲ ထွေထွေထူးထူးသိပ်မရှိပါဘူး "

ထို့နောက် စကား၀ိုင်းမှာ တစ်ဖန်လမ်းပျောက်သွားပြန်၏ ။ လုထန်မှာ ရယ်ချင်စိတ်ကိုထိန်းချုပ်၍မရတော့ပေ ။ 

ရှုရှု : " ဘာကိုရယ်နေတာလဲ ?


ရှုရှုက ၀ယ်ယူထားသောထိုင်ခုံလက်မှတ်နေရာမှာအတွဲတစ်တစ်တွဲ နောက်တွင်ဖြစ်၏ ။ ပေါက်ပေါက်ဆုပ်နှင့်အအေးများကို၀ယ်ယူပြီးနောက် ရုပ်ရှင်ရုံအတွင်းသို့၀င်လာလိုက်သည် ။ နာမည်ကြီးရုပ်ရှင်ဖြစ်သည့်အပြင် သူတို့နှစ်ဦးကလည်းအနည်းငယ်နောက်ကျနေသောကြောင့် လူများကြားမှတိုးထွက်၍ သွားရသဖြင့် ထိုင်ခုံနေရာသို့ရောက်သောအခါမှသာစိတ်သက်သာရာရစွာသက်ပြင်းချမိကြ၏ ။

ရုပ်ရှင်မစခင်အချိန်လေးမှာပင် ရှုရှုက ဖုန်းထုတ်၍တစ်ခုခုကိုအသည်းအသန်ရှာဖွေနေပုံရသောကြောင့် လုထန်တစ်ချက်ချောင်းကြည့်လိုက်သည့်အခါ ( ကောင်လေးနဲ့အဗန်ချာ ရုပ်ရှင်အတူတူကြည့်နေချိန် ဘယ်အရာတွေသတိထားဖို့လိုအပ်လဲ ) ဟုရိုက်ရှာနေကြောင်းတွေ့လိုက်ရသည် ။ 

လုထန်မှာ မထိန်းနိုင်မသိမ်းနိုင်ရယ်မောမိလေ၏ ။

" မင်းပုံမှန်ဆိုရင် ဒီလိုဇာတ်ကားမျိုးမကြည့်ဖြစ်ဘူးမလား ?"

ရှုရှုက ဘယ်ညာလ

ှည့်ကြည့်ပြီးမှထိုင်လိုက်ကာ 

" တိတ်တိတ်နေစမ်းပါ ... ပရိသတ်အတုဆိုပြီး၀ိုင်းရိုက်ခံနေရပါဦးမယ် "

" ဒါဆိုရင်ဘာလို့ကြည့်ဖို့လာခဲ့သေးလဲကွာ ?"

" ရှင့်ညီပြောတာတော့ ရှင်ကြည့်ချင်နေတာတဲ့ "

လုထန် : "…"

လုချွမ်ရှန်းနဲ့ ဘယ်လိုလုပ်ပြီးသိသွားရတာလဲ ?

" အဆင်ပြေပါတယ် ကိုယ်မင်းကိုရှင်းပြမယ်လေ "

ရှုရှုက လက်အသာခါ၍

" မဖြစ်ဘူး မဖြစ်ဘူး ကျွန်မဘာသာမြန်မြန်ရှာကြည့်လိုက်မယ် "

လုထန် : "…"


သုံးနာရီနီးပါးကြာမြင့်ပြီးနောက် ရုပ်ရှင်လည်းပြီးဆုံးသွားပြီဖြစ်၍ လူများတဖြည်းဖြည်းနှင့်ထွက်ခွာသွားကြသည် ။ ရှုရှုက ခုံပေါ်တွင်မှီထိုင်နေရင်း စာတန်းထိုးထားသည့်အမည်များကိုကြည့်ကာ 

" ရုပ်ရှင်ကအရမ်းကြာပေမဲ့လည်း ကြည့်လို့ကောင်းတယ် ... ကျွန်မအားတဲ့အချိန်ကျနောက်ထပ်အပိုင်းတွေထပ်ကြည့်ရင်ကောင်းမလား "

လုထန်က ပြုံး၍ 

" ကိုယ်မင်းအတွက် ကြည့်စရာရုပ်ရှင်စာရင်းလုပ်ပေးထားတယ် "

ရှုရှုက ခေါင်းညိမ့်ပြပြီးနောက် မတ်တပ်ရပ်လိုက်၏ ။ အချိန်အတော်ကြာထိုင်နေခဲ့ရသောကြောင့် သူမ၏ ခြေထောက်မှာထုံကျင်နေလေသည် ။

" သွားကြမယ်လေ "

လုထန်ကသူမကိုဆွဲ၍ ပြန်ထိုင်စေကာ 

" ခဏလောက်စောင့်ပါဦး"

" ဘာရှိသေးလို့လဲ အကုန်ထွက်သွားကြပြီလေ "

လုထန်က ပြန်မဖြေဘဲ သူမအားနင့်နင့်နဲနဲစိုက်ကြည့်နေ၏ ။ ရှုရှုလည်းခုံတွင်ပြန်ထိုင်ကာ ဟိုလှည့်ဒီလှည့်လုပ်နေသည့်အချိန်တွင် ရုပ်ရှင်ရုံထဲမှမီးများအားလုံးမှိတ်သွားလေသည် ။

အမှောင်ထဲ၌ ရှုရှု ကလုထန်၏ လက်ကိုလိုက်စမ်းရင်းဖြင့်မေးလိုက်သည် ။

" ဘာဖြစ်သွားတာလဲ..."

 အမှောင်ထဲ၌ လုထန်၏လက်က သူမ၏ မေးစေ့ကို ဆုပ်ကိုင်လာကာ အပေါ်မှအုပ်မိုး၍ တုန်ရီနေသည့်နူတ်ခမ်းပါးလေးတစ်စုံကိုလက်ဖြင့်အသာဖျစ်ညှစ်လာ၏ ။

🐳