အပိုင်း ၈
Viewers 7k

Mori Sue:
#honest ( 8 )

အခန်း ( ၈ ) : ကိုယ့်ရဲ့အိမ်ကိုသွားပြီး တစ်ခုခုလုပ်ကြရအောင် [ ရှုရှု ]


ရုပ်ရှင်ရုံအတွင်းမှ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံတစ်ခုပြီးနောက် ထွက်လာသည့်အချိန်တွင် အပြင်၌မိုးရွာနေပြီဖြစ်သည် ။ ရှုရှုက သည်းကြီးမည်းကြီးရွာနေသည့်မိုးကိုကြည့်၍ သက်ပြင်းချလိုက်မိသည် ။ နှစ်ယောက်စလုံးတွင်တစ်ယောက်မှထီးမပါလာပါချေ ။ 

ယခုမူ မနက်နှစ်နာရီထိုးတော့မည်ဖြစ်သဖြင့် မားကတ်များလည်းဖွင့်မည်မဟုတ်ချေ ။ ရှုရှု ကသူမ၀တ်ထားသည့်ဂါ၀န်ကိုငုံကြည့်၍ မျက်မှောင်ကျုံ့နေသည်ကိုမြင်သဖြင့် လုထန်က ပြောလာ၏ ။ 

" ကိုယ့်ရဲ့ ရှပ်အကျီကိုခေါင်းပေါ်မှာခြုံထားလိုက် ... ကားပါကင်ဆီအတူတူပြေးကြမယ် ဟုတ်ပြီလား "

ရှုရှု ကလုထန်ကိုတစ်ချက်ကြည့်ပြီးနောက် ခေါင်းပြန်ငုံ့၍

" ဒါဆိုရင်ရှင်က အကျီမပါဘဲလျှောက်ပြေးနေမလို့လား ?"

" ကျွန်မဒီကနေပဲစောင့်နေပါ့မယ် "

" အခုဘယ်သူမှမရှိတော့ဘူးလေ မင်းတစ်ယောက်တည်းမကြောက်ဘူးလား ?"

လုထန်က မှောင်မဲနေသည့်ရုပ်ရှင်ရုံအတွင်းနှင့် တဖြည်းဖြည်းချင်လျှောက်သွားနေသည့် သန့်ရှင်းရေးအဒေါ်ကြီးနှစ်ယောက်ကိုလက်ညိုးထိုးပြလိုက်သည် ။ ပုံစံမှာအနည်းငယ်ခြောက်ခြားဖွယ်ကောင်းသည်ပင် ။ 

နောက်ဆုံး၌ လုထန်က ရှပ်အကျီကိုချွတ်၍ သူမခေါင်းပေါ်မှကာပေးလိုက်ကာ သူမကိုချီမလိုက်သည် ။ လုထန်၏ ရင်ဘက်မှာသူမ၏ ခေါင်းနှင့်ကပ်မိလျက်သားဖြစ်နေပြီး အမျိုးသား၏ နွေးထွေးသည့်ကိုယ်ငွေ့နှင့် လှုပ်ရှားနေသည့်ကြွက်သားတို့ကိုအတိုင်းသားခံစားမိနေသောကြောင့် တစ်ကိုယ်လုံးပူထူလာရ၏ ။

လုထန်က သူမကိုအရှေ့ခုံပေါ်တွင်ချပေးလိုက်ပြီးနောက် သူလည်းဒရိုင်ဘာထိုင်ခုံတွင်၀င်ထိုင်လိုက်သည် ။ ရှုရှုက တဘတ်အသေးလေးတစ်ထည်ကိုရေသုတ်ရန်ပေးလိုက်ပြီးနောက် လုထန်၏ ရှပ်အကျီကိုလည်းပြန်ကမ်းပေးလိုက်သည် ။

" ကိုယ့်ကိုပြန်၀တ်စေချင်လို့လား ?"

" မဟုတ်ရင်ရော ရှင်ဒီတိုင်းကြီးအကျီမပါဘဲနေတော့မလို့လား ?"

လုထန်က သူမ၏ အမူအယာကိုကြည့်၍ ခပ်ဖွဖွရယ်မောကာ ရေစိုနေသည့်အကျီကိုပြန်၀တ်လိုက်သည် ။ ကားထဲတွင်အချိန်အတော်ကြာထိုင်စောင့်နေကြပါသော်လည်း မိုးကပို၍သာသည်းလာ၏ ။

ရှုရှုလည်း စိတ်ညစ်လာသောကြောင့်မျက်နှာမကောင်းလှချေ ။ 

" ကျွန်မတောင်းပန်ပါတယ် ... ရာသီဥတုကဒီလိုဖြစ်သွားမယ်မှန်းမသိလို့ပါ "

လုထန်က လေယျာဥ်ပေါ်တွင်လည်းဆယ်နာရီထက်မနည်းထိုင်စီးခဲ့ရကာ ပြန်ရောက်ရောက်ခြင်းပင်အနားယူချိန်မရှိဘဲ သူမနှင့်အတူသုံးနာရီနီးပါးကြာသည့်ရုပ်ရှင်ကိုလည်းကြည့်ပေးခဲ့ရသေး၏ ။ မည်မျှပင်ကျန်းမာရေးကောင်းသူဖြစ်စေ ပင်ပန်းနေမည်မှာ အသေအချာပင် ။

လုထန်က သူမ၏ နူးညံ့သောဆံနွယ်များကိုပွတ်သပ်၍ 

" ဘာအတွက်တောင်းပန်နေတာလဲကွာ ?"

သူမ၏ ဆံပင်ဖျားလေးများမှာမိုးရေကြောင့်စိုစွတ်နေပြီး ပခုံးနှင့်ခြေထောက်တို့မှာလည်း ရေစိုနေသဖြင့်အေးစက်နေလေ၏ ။

" အခုမိုးတွေအရမ်းသည်းနေတယ်လေ အေးနေပြီလား ? "

ရှုရှု ကသူမ၏ ပုခုံးပေါ်မှလုထန်၏ လက်ကိုတွန်းဖယ်၍ 

" နည်းနည်းလေးပါပဲ အဆင်ပြေပါတယ် "

သူ၏ မိခင်ဖြစ်သောတစ်စိတ်ကိုတစ်အိတ်လုပ်ပြောဆိုတတ်သည့် မစ္စလီ၏ လက်အောက်တွင်ကြီးပြင်းလာခဲ့ရသော လုထန်မှာ ချစ်သူကောင်မလေးမိုးမိသွားရခြင်းမှာ ကိစ္စကြီးတစ်ခုပင်ဖြစ်သည် ။ 

ဖျားနာနေချိန်၌ အမြဲတမ်းသွက်လက်တက်ကြွနေသည့် သူ၏ မိခင်ဖြစ်သူပင်အိပ်ရာထဲတွင်လဲ၍အော်ဟစ်ညည်းညူနေတတ်သဖြင့် ရှုရှု ကဲ့သို့နူးနူးညံ့ညံ့မိန်းကလေးမျိုးဆိုလျှင်ပို၍ ခံစားရမည်ဟုတွေးမိကာ အလွန်အမင်းစိတ်ပူသွားရ၏ ။

ထို့ကြောင့်မစောင့်နိုင်တော့ပဲ ကားမောင်းနေသည့်လမ်းကြောင်းကိုချက်ချင်းပြောင်းကာ

" ကိုယ့်အိမ်ကဒီနားလေးမှာပဲ အရင်ဆုံးသွားပြီးအ၀တ်လဲရအောင် "

ရှုရှုက လုထန်အားခေါင်းစောင့်ကြည့်လာပြီး စိုက်ကြည့်ရင်းဖြင့်

" ဒါက ကျွန်မရဲ့အိမ်ကိုလည်း လိုက်လည်ချင်နေတယ်ဆိုတဲ့လေသံများပါနေသလားလို့ ?"

" မင်းသာလက်ခံမယ်ဆိုရင် ကိုယ်ကတော့အများကြီးသဘောကျတာပေါ့ ..."

ပြောပြီးသောအခါမှသာ ရှုရှုက စနောက်နေခြင်းဖြစ်ကြောင်းသတိထားမိသွား၍ ချောင်းဟန့်ပြီးပြောလိုက်သည် ။ 

 " ကိုယ်ကစလိုက်တာပါကွာ "

ရှုရှုက သူမ၏ ဂုတ်ကိုလက်ဖြင့်ဖိကာနှိပ်နယ်နေရင်းဖြင့်

" နောက်တစ်ခါအဲလိုမျိုးမစစမ်းပါနဲ့ရှင် "

" အွန်း …"

လုထန် : အိုကေ ... ပထမဆုံးအကြိမ်ကြိုးစားတာကမအောင်မြင်ဘူး ...


လုထန်၏ တိုက်ခန်းမှာအဆင့်မြင့်အိမ်ရာတစ်ခု၏ ဆယ့်နှစ်ထပ်မြောက်၌ ဖြစ်သည် ။ ဓာတ်လှေကားထဲသို့၀င်သည့်အချိန်မှစ၍ ရှုရှုက စကားများများစားစားမပြောဘဲ လုထန်၏ နောက်ကသာလိုက်လာ၏ ။

ဆက်ဆံရေးကိုအတည်ပြုပြီး တွေ့ဆုံသည့်ဒုတိယမြောက်အကြိမ်မှာပင် တစ်ဖက်လူ၏ အိမ်သို့ရောက်လာပြီဖြစ်သောကြောင့် ဆက်ဆံရေးတိုးတက်လာပုံမှာ ဒုံးကျည်အလျင်ကဲ့သို့ပင် ။

လုထန်က အိတ်ကပ်အတွင်းမှ သော့ကိုထုတ်ရင်း ရှုရှုအားလှည့်မေးလိုက်သည် ။ 

" အရမ်းအေးနေပြီလား ?"

ရှုရှုကခေါင်းခါပြပြီးနောက်အသံတိုးတိုးဖြင့်ပြောလာ၏ ။

" မဟုတ်ပါဘူး ... ဗိုက်နည်းနည်းဆာလို့ "

လုထန်က ပြုံး၍ ရှုရှုအားတစ်ခုခုပြောတော့မည့်အချိန်မှာပင် ညာဘက်တိုက်ခန်းမှတံခါးပွင့်လာပြီး အမျိုးသမီးတစ်ဦး၏ နူးညံ့သောအသံထွက်ပေါ်လာ၏ ။

" မစ္စတာလု ရှင်ပြန်လာပြီပေါ့ !"

လုထန်က ခေါင်းညိမ့်ပြလိုက်သော်လည်း အမျိုးသမီးကို စကားပြန်မပြောချေ ။ အမျိုးသမီးက ချောင်းတစ်ချက်ဟန့်ပြီးနောက်ဆက်ပြောလာ၏


" ရှင်ပြန်မလာတာကြာပြီနော် ! အရင်လက ဆောင်းလလယ်ပွဲတော်တုန်းက အိမ်ရာကလူတွေအားလုံးအတွက်လက်ဆောင်လေးတွေပို့ပေးထားတာရှိတယ် ... ရှင်မရှိတော့ ကျွန်မပဲသိမ်းထားပေးထားတာ ... ခဏနေရင်ကျွန်မလာပို့ပေးမယ်နော် "

လုထန် : " မလိုပါဘူး "

" ရပါတယ် ဘာမှမဖြစ်ပါဘူး ကျွန်မတို့အိမ်ကဘေးချင်းကပ်ရပ်ပဲကို "

ထိုအမျိုးသမီးက တခစ်ခစ်ရယ်မောရင်း ရှေ့သို့လျှောက်လာသောအခါမှသာလုထန်၏ နောက်တွင်ရပ်နေသည့် ရှုရှုအားမြင်သွား၏ ။ 

အမျိုးသမီ၏ အပြုံးမှာခဏမျှပျက်ယွင်းသွားသော်လည်း အမြန်ပြန်ပြုံး၍ 

" ဒါဘယ်သူများလဲ ? ရှင့်ရဲ့ညီမလား ?"

ထိုအမျိုးသမီး၏လေသံမှာ ရှုရှုအား အမှန်ပင်သဘောကျနေပုံမရချေ ။ ရှုရှုက ဘာမှပြန်မပြောဘဲ အမျိုးသမီး၏ အသွင်အပြင်ကိုသာအကဲခတ်ကြည့်ရှုနေ၏ ။

ထိုအမျိုးသမီးက ည၀တ်ဂါ၀တ်အတိုတစ်ထည်ကို၀တ်ဆင်ထားပြီး အပေါ်ပိုင်းအနားစအစွန်းမှသူမ၏ ရင်သားတစ်စိတ်တစ်ပိုင်းကိုမြင်နေရပြီး ဂါ၀န်၏ အောက်အနားစမှာလည်း ပန်းပွင့်ဇာများဖြစ်သောကြောင့် ခန္ဓာကိုယ်ကိုအပြည့်အ၀ဖုံးကွယ်ထားနိုင်ခြင်းမရှိပါချေ ။ 

ရှုရှုက သူမကိုယ်သူမပြန်ငုံ့ကြည့်မိလေ၏ ။ ထိုအမျိုးသမီးကဲ့သို့ ကြီးမားသည့်ရင်သားများမရှိသည့်အပြင် ပိန်ပါးနေသေး၏ ။ လုထန် မည်ကဲ့သို့ ပုံစံမျိုးကိုကြိုက်နှစ်သည်ကိုလည်းသူမမသိပေ ။ 

အမျိုးသမီးနှစ်ဦးကတစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်အကဲခတ်နေကြပြီး အလယ်ရှိတသ်ဦးတည်းသောအမျိုးသားမှာ တံခါးဖွင့်ပြီးနောက်ရှုရှု ဘက်သို့လှည့်၍ နူးနူးညံ့ညံ့ပြောလိုက်သည် ။ 

" အထဲ၀င်ကြမယ်လေကွာ "

ရှုရှုက လုထန်၏ ဖိတ်ခေါ်ချက်ကိုမငြင်းဆိုဘဲ အမျိုးသမီးအားပြုံးပြကာ အိမ်ထဲသို့၀င်လိုက်သည် ။ အပြင်ဘက်မှအမျိုးသမီးက ဒေါသတကြီးဖြင့်ခြေဆောင့်ထွက်သွားသည့်အသံကိုပင်အတိုင်းသားကြားနေရ၏ ။

အိမ်စီးဖိနပ်နောက်တစ်ရံကိုသုအသည်းအသန်ရှာနေသည့်လုထန်မှာ အမျိုးသမီးနှစ်ဦး၏ ကြားမှအကြည့်တိုက်ပွဲကိုသတိမထားမိခဲ့ပါချေ ။ နောက်ဆုံး၌ သူ၏ အိမ်စီးဖိနပ်တစ်ရံကိုသာထုတ်ပေး၍ 

" အခုတော့ဒါပဲစီးထားလိုက်ဦးနော် ... မနက်ဖြန်မှမင်းစီးဖို့အသစ်တစ်ရံ၀ယ်ပေးမယ် "

ရှုရှုက ဖိနပ်စီးပြီးနောက် လုထန်၏ နောက်မှလိုက်၍အိမ်ထဲသို့၀င်လာလိုက်သည် ။ တိုက်ခန်းမှာ အရမ်းမကျယ်၀န်းသော်ငြား အမျိုးသားတစ်ဦးနေထိုင်ရန်အတွက်မူလုံလောက်ပေ၏ ။

ဧည့်ခန်းထဲ၌ TV နှင့်မျက်နှာချင်းဆိုင်ထားသည့်ဆိုဖာရှည်ကြီးတစ်ခုံရှိပြီး ထိုအပေါ်၌ ဆွယ်တာများနှင့်ရှပ်အကျီများစွာတင်ထား၏ ။ ကော်ဖီစားပွဲပေါ်တွင်လည်း ငွေကြေးနှင့်စီးပွားရေးမဂ္ဂဇင်းစာအုပ်အပုံလိုက်ကြီးရှိနေသည့်အပြင် သတင်းစာများမှာလည်း ဟိုဟိုဒီဒီပြန့်ကျဲနေလေသည် ။

ရှုရှုမှာ အနည်းငယ်အံ့အားသင့်နေပါသော်လည်း လုထန်မှာ မျက်နှာသေဖြင့် အ၀တ်များကိုသွားကောက်ပြီးနောက် အ၀တ်လျှော်စက်ထဲသို့ပစ်ထည့်လိုက်၏ ။ ရှုရှု ကရယ်မောလိုက်ပြီးနောက် လုထန်အားစနောက်လာသည် ။ 

" တကယ်လို့ ယောက်ျားတစ်ယောက်ရဲ့အခန်းကအရမ်းကိုမှသန့်ရှင်းသပ်ရပ်နေတယ်ဆိုရင် ... အသန့်ကြိုက်လွန်းတဲ့ရောဂါရှိတာ ဒါမှမဟုတ်ဂေးနေတာပဲတဲ့ ... အခုတော့ရှင့်အခန်းကိုကြည့်ရုံနဲ့တင် ဂေးမဟုတ်မှန်း ကျွန်မသိသွားပြီ "

"…"

လုထန်က မျက်နှာသုတ်ပ၀ါအသစ်များကိုဗီရိုထဲမှထုတ်ပေးရင်းပြောလိုက်သည် ။

" ဒီလိုနဲ့အအေးမိတော့မှာပဲ ရေအရင်ချိုးလိုက် "

ရှုရှုက မျက်နှာသုတ်ပ၀ါကိုယူလိုက်ပြီးနောက် ရေချိုးခန်းတံခါးလက်ကိုင်ကိုကိုင်ရင်း ဝေခွဲမရဖြစ်နေဟန်ဖြင့်မေးလာ၏ ။

" ရှင့်ရဲ့အိမ်နိီးချင်းက ... မနက်အစောကြီးအဲ့လို၀တ်စားပြီး ရှင့်ကိုလာလာတွေ့နေကျလား ?"

လုထန်၏ မျက်၀န်းထဲ၌ ဖုံးကွယ်မရသည့်ပျော်ရွှင်မှုများအတိုင်းသားပေါ်လွင်နေလေသည် ။ သူ၏ ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ ရှုရှုအားရေချိုးခန်းတံခါးတွင်ဖိကပ်လိုက်ပြီးနောက် နှုတ်ခမ်းပေါ်သို့အမြန်တစ်ချက်နမ်းပြီးနောက်ပြန်ဆုတ်သွားလေ၏ ။

ထို့နောက် သူမ၏ နားသို့ကပ်ကာ ဆွဲဆောင်မှုရှိသည့်အက်ရှရှလေသံဖြင့် ပြောရင်း သူမ၏ ပါးပြင်ကိုလည်းလက်ဖြင့်ပွတ်သပ်နေလေ၏ ။

" သ၀န်မတိုစမ်းပါနဲ့ကွာ ... ကိုယ်တစ်ခါမှရင်းရင်းနှီးနှီးစကားမပြောဖူးပါဘူးကွာ"

ရှုရှု၏ နားရွက်ဖျားများနီရဲလာရပြီး ရေချိုးခန်းအတွင်းသို့ပြေး၀င်သွားကာ တံခါးကိုဆောင့်ပိတ်ကာလော့ချလိုက်သည် ။ လုထန်မှာမူ သူ၏နူတ်ခမ်းကိုလျှာဖြင့်သပ်၍ အသံနိမ့်နိမ့်ဖြင့်ရီမောလိုက်မိ၏ ။



ရှုရှုရေချိုးပြီး၍ ထွက်လာသည့်အချိန်တွင် လုထန်က ခေါက်ဆွဲနှစ်ပန်းကန်ဖြင့်အသင့်စောင့်နေလေသည် ။ အ၀တ်များကိုအခြောက်ခံထားကာ စားသောက်ပြီးသည့်နောက်တွင် ရှုရှု အိမ်ပြန်ရောက်သည့်အချိန်မှာ မနက်လေးနာရီကျော်နေပြီပင် ။

ရှုရှု အားနာသောကြောင့် လုထန်အား အမြန်ပြန်၍အနားယူရန်ပြောလိုက်သည် ။ 

" ရှင်မြန်မြန်ပြန်ပြီးအနားယူတော့လေ ကျွန်မတစ်ကယ်အဆင်ပြေပါတယ် "

လုထန်က လက်မခံပါချေ ။ 

" ကိုယ်လဲအဆင်ပြေနေတာပဲကို နည်းနည်းလောက်ပိုကြာကြာလေးကြည့်ပါရစေဦးကွာ ..."

လုထန်၏ ရုပ်ရည်မှာအလွန်ဆွဲဆောင်မှုရှိလှသောကြောင့် ရှုရှုမှာ ရှက်ရှက်နှင့်ပင် ကားပေါ်မှဆင်းပြေးသွားတော့၏ ။

လုထန်က ကားထဲတွင်ဆက်ထိုင်နေကာ ရှုရှု ထွက်သွားသည်ကိုအချိန်အတော်ကြာကြည့်နေပြီးနောက်မှ အိမ်သို့ပြန်လာလေသည် ။ သူ၏အတွေးများမှာမူဂယောက်ဂယက်ဖြစ်နေ၏ ။

အခုလေးတင် သူမနဲ့အတူတူအိပ်လို့ရမလားမေးမိတော့မလို့ !

ငလူး **** သားရဲကောင်ကြီးတစ်ကောင်လိုပဲ !

🐳