#honest
Chapter ( 11 )
အခန်း ( ၁၁ ) : အတူတူဖြတ်သန်းကြခြင်း
( ❌ warning soft core ❌ )
လုထန်က တစ်မိနစ်မျှငြိမ်သက်နေပြီးနောက် သူမကိုကြည့်ကာ
" အိမ်မှာတုန်းကတင်မင်းအရမ်းပျော်နေတာမဟုတ်ဘူးလား "
" မဟုတ်ဘူး "
ရှုရှူကခေါင်းခါ၍
" နည်းနည်းလေးပဲပျော်တာ ... ရှင့်ရဲ့အကြိုက်ပုံစံက အသက်ကြီးပြီးအမျိုးသမီးပုံစံလို့ကျွန်မတကယ်မထင်ထားခဲ့တာပါဆို "
လုထန်က သူမ၏ ပေါက်တက်ကရပြောစကားများကိုစိတ်ရှည်လက်ရှည်နားထောင်ပေးနေပါသော်လည်း သူ၏ မျက်၀န်းများကမူ အလွန်ကိုအဓိပ္ပာယ်ဖော်မရစွာမှောင်မိုက်နေလေသည် ။
သူမ၏ ပါးမို့မို့လေးများမှာပန်းနုရောင်သမ်းနေပြီး စိတ်အလိုမကျမှုဖြင့်တတွတ်တွတ်ပြောဆိုနေပုံလေးမှာ အလွန်ကိုမှအသဲယားဖွယ်ပင် ။
လူကြီးသူမများ၏ စကားများအရ လက်ထပ်မည်ဆိုရင် တစ်ယောက်နှင့်တစ်ယောက်အကြောင်းကိုခေါင်းစခြေအဆုံးသိထားသင့်သည်ဟုဆိုကြသည် ။ သူနှင့်ရှုရှုမှာမူ လအနည်းကြာသိကျွမ်းပြီး အကြိမ်အနည်းငယ်လောက် အပြင်ထွက်လည်ပြီးနောက် လက်ထပ်ရန်ဆုံးဖြတ်ခဲ့ကြ၏ ။
ဤသည်မှာအလွန်ဆန်းကြယ်သည့်ကံကြမ္မာတစ်ခုပင် ။ နေ့ရက်တိုင်းသူမနှင့်အတူတူနိုးထပြီး သူမ၏ အကြောင်းများကိုတဖြည်းဖြည်းသိလာအောင်ကြိုးစားရသည်မှာ နေ့တိုင်းမတူညီသည့်လက်ဆောင်ဘူးများကိုဖွင့်ဖောက်နေရသကဲ့သို့ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည် ။
…
လုထန်က မျက်၀န်းများကိုမှေးကျဥ်းလိုက်ပြီးနောက် သူမ၏အနားသို့တိုးကပ်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလာ၏ ။
" မင်းမှားနေပြီ "
ရှုရှုမှာကြောင်အသွားရ၏ ။
" ဘာကိုလဲ "
" ကိုယ်မင်းတစ်ယောက်တည်းကိုပဲချစ်ဖူးတာ "
ရှုရှု : "?"
" ဒါကြောင့်မို့ ကိုယ့်ရဲ့စိတ်ကူးထဲကချစ်သူပုံစံကလဲမင်းပဲ "
"…"
ရှုရှုမှာ လုထန်၏ ညင်သာသောစကားပြောပုံနှင့်အသက်ရှုငွေ့နွေးနွေးတို့ကြောင့် စိတ်လှုပ်ရှားသွားရသဖြင့် ရှက်ရှက်နှင့်အကြည့်လွှဲလိုက်ရလေသည် ။
…
ကားပါကင်တွင်ကားရပ်လိုက်ပြီးနောက် လုထန်ကအရင်ဆင်းပြီးနောက် သူမဘေးရှိကားတံခါးကိုဖွင့်၍ လူကြီးလူကောင်းဆန်ဆန်လက်ကမ်းပေးလာ၏ ။ ရှုရှု၏ မြင်ကွင်းမှဆိုရင် လုထန်၏ ရင်ဘတ်နှင့်ဆွဲဆောင်မှုရှိသော လည်စေ့ကိုသာမြင်ရလေသည် ။
" ဘာဖြစ်လို့လဲ "
လှေကားရင်းသို့ရောက်သောအခါ လုထန်က သူမအားပွေ့ချီ၍ ခြေလှမ်းများမှာမူ အိပ်ခန်းကျယ်ကြီးထဲသို့ဦးတည်နေလေ၏ ။
" မင်းရဲ့အိပ်မက်ထဲမှာ ကိုယ်ကမင်းနဲ့ဘာလုပ်နေတာလဲဆိုတာကိုပြောပြမလား "
" အဲ ... အဲတာက "
လုထန် : " ကိုယ်တို့အချင်းချင်းပိုပြီးရိုးသားဖို့လိုတယ်နော် အချစ်ကလေး "
ရှုရှုမှာလုထန်သူမကို ချီလာသည့်အချိန်ကတည်းကစိတ်လှုပ်ရှားလွန်း၍ နှလုံးခုန်မြန်လွန်းသောကြောင့် အသက်ရှုမရပ်သွားရန်ကိုသာတွေးကာ အသက်ပြင်းပြင်းရှုနေရလေသည် ။ နူးညံ့ပျော့ပြောင်းသောအိပ်ရာပေါ်သို့ပစ်ချခံလိုက်ရသောအခါမှသာ သတိ၀င်လာ၍ ဆင်းပြေးရန်လှည့်လိုက်သည် ။
ကုတင်ပေါ်မှမဆင်းရသေးခင်မှာပင် လုထန်က သူမ၏ ခြေချင်း၀တ်မှပြန်ဆောင့်ဆွဲယူလိုက်ကာ အပေါ်စီးမှသူမကိုအုပ်မိုး၍ နားနားသို့ငုံ့ကိုင်းကာ ခပ်ဖွဖွအနမ်းပေးလာ၏ ။ ထို့နောက် သူ၏ အပေါ်၀တ်အနွေးထည်ကိုဆွဲချွတ်ပြီးနောက် သူမအားပြင်းပြင်းထန်ထန်နမ်းရှိုက်လာလေသည် ။
အသက်ရှုရပ်လုမတတ်အကြမ်းပတမ်းအနမ်းခံနေရသည့်အပြင် သူမ၏ ၀င်သက်ထွက်သက်တိုင်း လုထန်၏ ပြင်းပြချယ်လှယ်နိုင်စွမ်းမြင့်မားသောဟော်မုန်းရနံ့တို့သာကြီးစိုးနေလေ၏ ။
နွေးထွေးကာပြင်းရှသောအမျိုးသားတစ်ဦး၏ ဟော်မုန်းနံ့ကို ရှုရှု ခံနိုင်ရည်မရှိသောကြောင့် မူးဝေလာရသဖြင့် လုထန်၏ ပုခုံးကိုလက်ဖြင့်တွန်းကာရုန်းကန်မိလေသည် ။
လုထန်ကမူ တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏နှုတ်ခမ်းများကိုမက်မက်မောမောနမ်းရှိုက်နေသည့်အပြင် သူမ၏ လျှာကိုပါစိတ်ကြိုက်ဆော့ကစားနေလေ၏ ။ ရှုရှုမှာ ရရှိလာသည့်သာယာမူကိုမတွန်းလှန်နိုင်သောကြောင့် သူမ၏လက်များမှရုန်းကန်နေရာမှ လုထန်၏ လည်ပင်းသို့ဖက်တွယ်ပြီးသားဖြစ်သွားသည် ။
လုထန်က နမ်းရှိုက်နေရင်းဖြင့်ပင် လက်တစ်ဖက်ကမူ ရှုရှု၏ ဂါ၀န်အောက်မှခါးသွယ်သွယ်သို့ပွတ်သပ်နေရင်းရောက်ရှိသွား၏ ။ လက်ချောင်းများကမူ သူမ၏ ချောမွတ်သောခါးသွယ်သွယ်လေးကိုဖိညှစ်ပွတ်သပ်နေသဖြင့် ရှုရှုမှာ ညည်းညူမိသွားရလေ၏ ။ ခါးမှာသူမအထိမခံနိုင်ဆုံးသောနေရာပင် ။
လုထန်က သူမ၏ ခါးကိုလက်မဖြင့်ဖိညှစ်ကာပွတ်သပ်နေသဖြင့် လုထန်၏ ခါးကိုတင်းတင်းဖက်ထားမိသွား၏ ။
" ခ... ခဏလေး "
လုထန်က ရပ်တန့်လိုက်ပြီးနောက် သူမအားနက်ရှိုင်းသည့်မျက်၀န်းများဖြင့်စိုက်ကြည့်ကာ သူမ၏ ခါးကိုဆက်လက်ပွတ်သပ်ရင်း လိုအင်ဆန္ဒများဖြင့်တောက်လောင်နေသည့်အက်ရှရှအသံဖြင့်မေးလာလေသည် ။
" ရှက်လို့လား "
သူမ၏ ဆံနွယ်ရှည်ကြီးများမှာခေါင်းအုံးပေါ်တွင်ဝေ့၀ဲကျနေပြီး ပါးပြင်မှာပန်းနုရောင်သမ်းလျှက် မျက်၀န်းအတွင်း၌ မျက်ရည်စလေးများဝေ့သီနေ၏ ။ လုထန်က သူမ၏ လည်တိုင်တွင်မျက်နှာအပ်၍
" ဒါမှမဟုတ် ကိုယ့်ကိုလက်မခံနိုင်လို့လား "
ယနေ့ညတွင် ယောက်ျားကောင်းတစ်ဦး၏ အပြုအမူမျိုးအတိုင်းမထိန်းချုပ်ချင်သည့်တိုင် သူမနှင့်ပထမဆုံးအကြိမ်ကိုမူ အမှတ်တရဆိုးများမရှိချင်ပေ ။ ရှုရှုက ခေါင်းခါပြ၍ အသံတိုးတိုးလေးနှင့်ပြောလာ၏ ။
" ကျွန် .... ကျွန်မရေမချိုးရသေးဘူး "
လုထန်က ရှုရှု၏ မျက်လုံးများထဲသို့စေ့စေ့ကြည့်ပြီးအကဲခတ်လိုက်သည့်အခါ အမှန်ပင် ငြင်းဆန်လိုသည့်စိတ်မျိုးမတွေ့ရသောအခါမှသာ စိတ်ချလက်ချဖြစ်သွားရ၏ ။ ဆွဲဆောင်မှုရှိသည့်အက်ရှရှအသံဖြင့် သူမနားသို့တိုးကပ်ကာရယ်မောပြီးနောက် ခါးလေးကိုပို၍ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာလေသည် ။
" ကိုယ်တို့ပြီးသွားရင်လဲမင်းရေချိုးရမှာပဲ ... နောက်မှကိုယ်တို့အတူတူချိုးကြမယ်လေနော်..."
ဤတစ်ညတွင်စောင့်ထိန်းသင့်သည့်စည်းမျဥ်းစည်းကမ်းများကိုအမှန်ပင်မသိချင်တော့ပေ ။
…
နောက်တစ်နေ့မနက်ရှစ်နာရီကျော်တွင် အိမ်နေရင်းအ၀တ်အစားဖြင့်လုထန်က ရှုရှုအတွက် နွားနို့ကျိုပေးနေသည့်အချိန်တွင် လုချွမ်ရှန်းက ဖုန်းခေါ်လာလေသည် ။ ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် လုချွမ်ရှန်း၏ အသံပြဲကြီးကအရင်ထွက်ပေါ်လာ၏ ။
" ကော .... လူကြီးလူကောင်းတစ်ယောက်လို လိုအင်ဆန္ဒတွေကိုထိန်းချုပ်ဖို့အဲလောက်တောင်ခက်ခဲသလားဗျာ "
လုထန် : "…"
လုထန်ဘက်မှစကားပြန်သံမကြားသောကြောင့် လုချွမ်ရှန်းက မဲ့ရွဲ့ကာဖြင့်
" ကောတို့နှစ်ယောက်ကတကယ်လိုက်လည်းလိုက်ဖက်ကြပါတယ် "
လုထန်မှာ ကလေးစိတ်သာရှိသေးသည့်ကြပ်မပြည့်ကောင်လုချွမ်ရှန်းနှင့် ရန်ဖက်မဖြစ်ချင်သောကြောင့် ဖုန်းချလိုက်ကာ ဆိုဖာပေါ်တွင်မှီချ၍ မနေ့ညကရှုရှုနှင့် ဖြစ်ခဲ့သည့်အကြောင်းများကိုပြန်လည်တွေးတောမိသွားလေသည် ။
နာရီ၀က်ကျော်ကြာခံစား၍ ကောင်းအောင်အစပျိုးပေးခဲ့ပါသော်လည်း သူ၏အရာဖြင့်အမှန်တကယ်ဆက်ဆံသည့်အချိန်၌ ရှုရှုမှာငိုယိုရင်းရပ်တန့်ပါရန်တောင်းပန်ခဲ့ရသည် ။ လုံလုံလောက်လောက်အစပျိုးပေးခဲ့သဖြင့် ၀င်ရောက်သွားချိန်တွင် ရှုရှုအတွက်အရမ်းမနာကျင်ပါသော်ငြားလည်း သူကမူသူမ၏ တင်းကြပ်မှုကြောင့် ပင့်သက်ရှိုက်ခဲ့ရသည်ပင် ။
တစ်ချိန်တည်းမှာပင် သူ၏ ဘ၀တစ်ခုလုံး၌ ဤမျှပျော်ရွှင်သည့်အချိန်မရှိခဲ့ဟုပင်တွေးတောမိသွား၏ ။ ရှုရှုက သူ့အားဖက်တွယ်ထားသောကြောင့် သူ၏ လှုပ်ရှားမှုများနှင့်အညီသူမ၏ သေးသွယ်သောခါးလေးနှင့် ခန္ဒာကိုယ်တစ်ခုလုံးပါလှုပ်ရှားနေခဲ့သည် ။
သူမကကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ညည်းညူနေပြီး သူမ၏ ခံစားမှုအကောင်းဆုံးသောချက်ကောင်းကိုထိမိသွားချိန်၌ ငိုမိသည်အထိပင်သာယာနေတော့၏ ။ သူမ၏ ညည်းညူသံများနှင့်မျက်ရည်များဝေ့သီနေသည့်မျက်နှာသေးသေးလေးမှာ လုထန်အတွက်မူ ပို၍ထိန်းချုပ်မှုလွတ်ထွက်သွားစေသည့်ကာမအားတိုးဆေးတစ်ခုလုံးပင် ။
ရှုရှုရပ်တန့်ရန်တောင်းဆိုနေပါသော်လည်း သူကမူသူမအားနောက်တစ်နေ့နံနက်စောစောအထိ သိမ်းပိုက်နေခြင်းကိုမရပ်တန့်ခဲ့ပါပေ ။
🐳