#Sweet
Chapter ( 2 )
ပြေးထွက်သွားပြီး နာရီ၀က်မျှကြာသောအခါမှ ရှန်းပိုင်မှာ သူမ၏ အိမ်သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြန်လာလေ၏ ။
သူမက လှေကားအတက်အဆင်းအနားကိုအချိန်အတော်ကြာစောင့်ကြည့်စစ်ဆေးသည့်အပြင် ငါးမီတာပတ်လည်အတွင်း၌ သံသယဖြစ်ဖွယ်တစ်စုံတစ်ယောက်မှမရှိသည်အထိ အတည်ပြုပြီးသောအခါမှသာ သော့ဖွင့်၍ အိမ်ထဲသို့၀င်လေသည် ။
အိမ်တံခါးကို သေသေချာချာပိတ်ပြီးသောအခါ သက်ပြင်းချလိုက်မိ၏ ။လေနှင့်လွင့်ပါသွားသည့်အသက်လေးပြန်ရောက်လာပြီ ဖြစ်သည် ။
အခန်းအတွင်း၌ အလွန်မှောင်မိုက်နေပြီး ပြတင်းပေါက်များအား လိုက်ကာစများနှင့်ကာဆီးထားလေ၏ ။ မသိလျှင် နေရောင်အထိမခံနိုင်သည့် သွေးစုတ်ဖုတ်ကောင်တစ်ကောင်၏ အသိုက်ကဲ့သို့ပင် ။
ရှန်းပိုင်က မီးမဖွင့်ပဲ အမှောင်ထဲ၌သာ သူမ၏မျက်လုံးကိုကျင့်သားရစေလိုက်သည် ။
ထို့နောက် စားပွဲနားသို့သွား၍ စတိုးဆိုင်တွင်၀ယ်ယူလာရမည့်ပစ္စည်းစာရင်းကိုယူပြီးနောက် အိတ်ထဲမှာ ပစ္စည်းများကိုထုတ်၍ တစ်ခုချင်းစီအသံထွက်စစ်ဆေးနေတော့သည် ။
" အာ "
ရှန်းပိုင်က သူမ၏ နဖူးကိုလက်ဖြင့်ပြန်ရိုက်လိုက်ကာ
" သွားတိုက်ဆေး၀ယ်ဖို့မေ့ကျန်ခဲ့တယ် "
ခဏကြာသောအခါ ...
စလစ်ပါဖိနပ်အပါးလေးကိုစီး၍ ရေချိုးခန်းထဲသို့ဖြည်းဖြည်းချင်း၀င်သွားပြီးနောက် ဘေစင်ရှေ့၌မတ်တပ်ရပ်၍ သွားတိုက်ဆေးဘူးကိုယူကာညှစ်ချလိုက်သည် ။ သွားတိုက်ဆေးဘူး ဖင်မှဖြည်းဖြည်းလိပ်ကာညှစ်ပါသော်လည်း ဘာမှထွက်မလာပေ ။
သူမ မည်မျှပင် အားဖြင့်ညှစ်ချပါစေ လက်များသာနီရဲလာသော်လည်း သွားတိုက်ဆေးထွက်လာမည့်အရိပ်အယောင်မရှိပါချေ ။
ထိုအတိုင်းဆက်ညှစ်နေလျှင် ထွက်လာမည်မဟုတ်သောကြောင့် ဘူး၏ အလယ်ကိုကတ်ကြေးဖြင့်ညှပ်ဖြတ်လိုက်ကာ သွားတိုက်တံဖြင့် အ၀တွင်ကပ်နေသည့်သွားတိုက်ဆေးများကိုကုတ်ယူကာကြည့်လိုက်သည် ။
သွားတိုက်ပြီးနောက် ဖင်ကပ်သာ ကျန်ရှိသည့် သွားတိုက်ဆေးများအားလုံးပြောင်စင်သွားပြီဖြစ်သည် ။
ကြည့်သည်မှာ တစ်နေ့အတွင်းနောက်တစ်ကြိမ် စတိုးဆိုင်သို့သွားရပေဦးမည် ။
အပြင်မှာ နေတော်တော်သာနေတာ ညကျမှပဲသွားကြတာပေါ့ ...
ထိုသို့တွေးပြီးနောက် ရှန်းပိုင်က အိပ်ခန်းအတွင်းသို့၀င်ကာ ကွန်ပျူတာရှေ့တွင်ထိုင်၍ အီလက်ထရောနစ်ခဲတံဖြင့် ပုံစဆွဲရန်ပြင်လိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်မှ သူမအား QQ မှစာပို့လာ၏ ။
ဖွင့်ကြည့်လိုက်သည့်အခါတွင် ဟာရာကိုရှာ မှ အယ်ဒီတာယွမ်ယွမ်ဖြစ်နေလေသည် ။
ယီယီ။ ။ " အယ်ဒီတာချုပ်က ငါ့ဆီ ဒီနေ့လာပြီးထူးထူးဆန်းဆန်းတွေပြောသွားတယ် "
" နင် ကောမန့်တွေကိုဖတ်ကြည့်ရဲ့လား ... rating ကိုရော "
" နင့် ဇာတ်ကြောင်းကဘယ်လိုဖြစ်တာလဲ "
" နင် ဒီနောက်ပိုင်း ဘာတွေဖြစ်နေတာလဲ "
ရှန်းပိုင်းက စာအချို့ရိုက်လိုက်သည် ။
" ကျွန်မ ..."
ထို့နောက် ပြန်ဖျက်လိုက်ကာ
" ကျွန်မ တောင်းပန်ပါတယ် "
ယီယီ ။ ။" ဒါကမှန်တာမှားတာနဲ့ မဆိုင်ဘူး ... ဘာလို့ ငါ့ကိုပို့ပေးတဲ့မူရင်းစာမူကြမ်းမှာ ကျိုးယွမ်ရှန်းကို သတ်လိုက်တာလဲ "
" ဇာတ်သိမ်းသွားပြီလေ "
" အရမ်းမြန်လွန်းတယ် "
" နောက်လထဲမှာ ကျွန်မ တစ်ခေါက်လောက်ပြန်ပြီးသေသေချာချာစစ်ဆေးလိုက်ပါ့မယ် ...လောလောဆယ်ပြောင်းဖို့နေရာရှာမတွေ့သေးတာကြောင့်နဲ့ မူကြမ်းဆက်ရေးဖို့ကိုမနှောင့်နှေးစေချင်ဘူး "
" နင် ပြန်မစစ်ဘူးဆိုရင်လဲ ပြီးတော့မှာမဟုတ်ဘူး "
" ကျိုးယွမ်ရှန်း ကသေကိုသေရမှာ ... ကျွန်မရှင့်ကို အသစ်တစ်ခေါက်ထပ်ပြင်ပြီးရင်ပြမယ်လေ "
" ဒါပေမဲ့ သူစပြီးပေါ်လာတဲ့အချိန်ကတည်းက အရမ်းနာမည်ကြီးတာနော် ... နင်သူ့ရဲ့ဇာတ်ကွက်ကိုများများထည့်ပေးသင့်တယ် ... နင်လည်းသိတဲ့အတိုင်း ရီဗျူးကောင်းကောင်းနဲ့ ပိုက်ဆံရဖို့က အရမ်းခက်တာလေ အဲဒီတော့ စာဖတ်သူတွေအကြိုက်လိုက်ပြီးရေးဖို့လိုအပ်တယ် ... ရီဗျုးကောင်းကောင်းလေးတွေရရင် ပိုက်ဆံများများပိုရမှာပေါ့ "
" အစကတည်းက ဒီလိုပဲစီစဥ်ထားတာ ... သူရဲ့ဇာတ်ကောင်က သန်သန်မာမာနဲ့ပြန်လာပါလိမ့်မယ် "
" အမှီအခိုကင်း သန်မာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ဇာတ်ကောင်ကို လူတိုင်းသဘောကျတာပဲလေ ... အခုခေတ်အမျိုးသားဇာတ်လိုက်တွေက ဆယ်ကျော်လေးတွေဖြစ်နေတာများတယ် ... သူတို့ရဲ့ဇာတ်ကောင်ကာရိုက်တာကို အရမ်းအမြင့်မှန်းပြီး လွယ်လွယ်နဲ့စိတ်မလွယ်တတ်တာမျိုးက စာဖတ်သူတွေကြိုက်ပါ့မလား "
" ကျွန်မတောင်းပန်ပါတယ် "
" စာရင်းထုတ်ပြန်ထားတာ တစ်နှစ်လောက်ရှိနေပြီဆိုပေမဲ့လည်း ထိပ်တန်းနေရာကိုလွယ်လွယ် နဲ့တော့မဆုံးရှုံးနိုင်လောက်ပါဘူး "
" ကျွန်မ ပုံမဆွဲနိုင်သေးလို့တောင်းပန်ပါတယ် "
" နင့်ရဲ့ စိတ်ခံစားချက်ကို ဦးစားပေးလို့မရဘူး ... ဒီဇာတ်ကောင်ကနင် ကိုယ်တိုင်ဖန်တီးထားတာပဲ ... ပြီးတော့လဲ နင့်မှာ ပုံဆွဲတာကလွဲရင် တခြားဘာအလုပ်မှလည်းမရှိဘူးမလား "
" ကျွန်မ ခေါင်းထဲကို ဘာအတွေးမှ၀င်မလာသေးလို့ပါ"
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... အရင်တုန်းက မင်းရဲ့ဖန်တီးမှုစွမ်းရည်ကြောင့် လူတိုင်းအံ့အားသင့်ခဲ့ရတာကို မှတ်မိသေးရဲ့လား "
" ကျွန်မ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး "
" နင် အခုတလော နို့လက်ဖက်ရည်မသောက်ဘူးလား "
" ကျွန်မ နို့လက်ဖက်ရည် မသောက်နိုင်တော့ဘူး * ငိုပြရင်းဖြင့် * "
( TN / ချန်ကောရဲ့အသည်းလေး နို့လက်ဖက်ရည် မမှာတော့တာ ပိုက်ဆံမရှိလို့ပါကောရယ် ... သူခမျာ ကောလက်ရာကိုကြိုက်ရှာပါတယ် 😆 )
" နင် သောက်နေကျ နို့လက်ဖက်ရည်ကစျေးကြီးတာကို တစ်နေ့ကို ၂၂ ယွမ် နဲ့တွက်ရင် တစ်လကို ယွမ် ၆၆၀ ကုန်တယ် ... ပျောက်ဆုံးနေတဲ့မြို့တော်က အဆုံးသတ်သွားမယ်ဆိုရင်တောင်မှ ယွမ်လေးထောင်ငါးထောင်လောက်ထဲနဲ့ တစ်လလုံးအပြင်ကအော်ဒါမှာစားတဲ့စရိတ်ရယ် နင် ငှားနေနေတဲ့မြို့လယ်ေခါင်က တိုက်ခန်းခရယ်ပေါင်းလိုက်ရင် ... နင် ကူပွန်တွေလိုက်စုပြီး လောင်းကစားဂိမ်းတွေနိုင်မှပဲ အသုံးစရိတ်ကိုကာမိလိမ့်မယ် "
" ကျွန်မ သိပါပြီ "
" နင် ဆိုင်ပြောင်းသောက်ကြည့်သေးလား "
" အင်း သောက်ကြည့်တယ် ဒါပေမဲ့ အရသာကတော်တော်လေးဆိုးရွားတယ် "
" ဒီလိုပဲလုပ်လိုက်တော့ ငါနင့်ကို ဒီတစ်ပတ်လုံးနားရက်ပေးမယ် ... အဲ့ဒီအချိန်အတွင်းမှာ ကျိုးယွမ်ရှန်း နဲ့ပက်သက်တဲ့ ဇာတ်ကွက်တွေကိုအပြီးသတ်လိုက် "
" ကျေးဇူးတင်ပါတယ် ကျဲ "
" အရမ်းကြီး ယဥ်ကျေးမနေစမ်းပါနဲ့ ... နောက်တစ်ပတ်ကျရင်သာ ငါ့ကိုစိတ်ကျေနပ်စေလောက်မဲ့ စာမူကြမ်းကိုပေး "
×××
လ၀က်ကြာသောအခါ နေ့လည်ခင်းတစ်ခုတွင် ကျုန်းရီကဖေး၌ မစ္စရှန်၏ အမှာစာကိုထပ်မံရရှိလေ၏ ။ ကောင်တာနောက်မှ အမှာစာကိုမြင်သည့် ၀န်ထမ်လေးက အားရ၀မ်းသာလက်ခုပ်တီး၍ ခုန်ပေါက်နေသောကြောင့် ဆိုင်ထဲရှိစားသုံးသူများက အူကြောင်ကြောင်ဖြင့် ၀ိုင်းကြည့်လာကြသည် ။
ကျိုးချင်းရှုက ပြုံးလိုက်ကာ နတ်သမီးလေး ခရီးထွက်နေသောကြောင့် ယခင်လများအတွင် မှာယူခြင်းမပြုခဲ့သည်ဟု မှတ်ယူလိုက်သည် ။
ချန်ကျိုးက ဘာမှ၀င်မပြောသော်လည်း ပြုံးနေခဲ့၏ ။
သူ၏ ဆိုင်တွင် တစ်ခါတစ်ရံ ကုန်ကြမ်းပစ္စည်းများပြတ်လပ်သွားတတ်ပြီး ၀န်ထမ်းအနည်းငယ်သာရှိသော်လည်း လာရောက်စားသုံးသည့်ဖောက်သည်များပြားနေဆဲဖြစ်သည် ။
သို့သော် သူမသိခဲ့သည်မှာ ထိုနေ့ည၌ သူမထံသို့အပြေးသွားမိလိမ့်မည်ဆိုသည်ကိုပင် ။
သူမ၏ ကျန်းမာရေးအခြေအနေမှာ ပုံမှန်မဟုတ်သောကြောင့် သူမအနေဖြင့်တစ်ကိုယ်လုံးရစ်ပတ်ဖုံးကွယ်ထားရုံသာမက ဖြစ်နိုင်မည်ဆိုလျှင် မျက်လုံးများကိုပင်ဖုံးထားချင်မိသည် ။
ပုံမှန်အနေဖြင့်အရပ်မရှည်ဘဲ ရင်သားသေးသော်လည်း အ၀တ်ပွပွများထပ်၀တ်လိုက်သည့်အခါတွင် သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်ကြီးမားသည့်ပုံပေါ်နေစေ၏ ။ ခေါင်းငုံ့ထားလိုက်သည့်အခါ၌ ဦးထုပ်အစွန်းက သူမ၏ မျက်နှာတစ်၀က်ကျော်ကိုဖုံးအုပ်သွားလေသည် ။
မိန်းမငယ်လေးတစ်ယောက်မှ ပစ္စည်းထားသည့်စင်ရှေ့တွင်ရပ်နေပြီး သူမ၏ လက်ထဲမှစာရွက်အပိုင်းအစကိုကြည့်၍ ပစ္စည်းအမည်များကို တစ်ခုပြီးတစ်ခုရွတ်ဆိုနေလေသည် ။
ထိုပုံစံမှာ စုန်းမလေးတစ်ယောက်က ဂါထာမန်းမှုတ်နေသည်နှင့်တူလှပြီး သူမဘေးရှိပစ္စည်းများရွေ့လျားလာမည်လားဟုပင် ချန်ကျိုး ထင်မှတ်မိသွားရ၏ ။
ချန်ကျိုးက သူမ၏နောက်တွင် တိတ်တိတ်လေးရပ်နေကာအချိန်အနည်းကြာကြည့်နေပြီးနောက် ဆွဲခြင်းထဲသို့ သွားတိုက်ဆေးဘူးအား ပစ်ထည့်ပေး၍ပြောလိုက်သည် ။
" ထပ်တွေ့ပြန်ပြီနော် "
ချန်ကျိုးက သူမ၏ ဘေးတွင်ရပ်၍ ပုံမှန်အသုံးများသည့် စကားဖြင့်နှုတ်ဆက်လိုက်၍ စကား၀ိုင်းကိုအစပြုလိုက်သည် ။
ထိုကောင်မလေးက နှစ်ကြိမ်မျှမျက်တောင် ခတ်လိုက်ပြီးနောက် ဘေးဘီ၀ဲယာတွင်လူရှိမရှိအကဲခတ်ကာ စာရွက်အပိုင်းအစကိုအိတ်ကပ်ထဲသို့ပြန်ထိုးထည့်၍ သူ့ကိုစူးစူးစိုက်စိုက်ကြည့်လာ၏ ။
မိနစ်အနည်းငယ်အကြာ၌ သူမထိုသူကိုမှတ်မိသွားပြီး အေးခဲသွားရသည် ။
လှေကားမှာရပ်ပြီး တံခါးခေါက်နေတဲ့...
ဆံပင်စည်းထားတာ ...
အဲဒီနေ့ခင်းတုန်းကသူ ...
ဘာလို့ ငါ့ရှေ့ကိုရောက်လာပြန်ရတာလဲ ...
ရှန်းပိုင်က ခေါင်းငုံ့ထားပြီး သူမ၏ မေးစေ့သည်ညှပ်ရိုးနှင့်ထိကပ်လုနီးနီးပင်ဖြစ်နေ၏ ။ ခြေရင်းတွင်ရှိသည့် လက်ထဲတွင် စျေးခြင်းတောင်းကိုကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်၍ အချိန်မရွေး အသင့်ထွက်ပြေးတော့မည့်ပုံပေါ်နေလေ၏ ။
ထိုသူက သူမထံမှအကြည့်တစ်ချက်မှမရွေ့ဘဲ
" နေ့စဥ်သုံးပစ္စည်းတွေ၀ယ်ဖို့လာတာလား "
စျေးခြင်းတောင်းကိုကိုင်ထားသည့် သူမ၏ လက်မှာတင်းကြပ်လွန်းသောကြောင့် လက်ဆစ်များပင်ဖြူဖျော့လာရပြီး မသိစိတ်မှပုခုံးကိုကျုံ့ထားလိုက်မိသည်။
ဘာလို့ ငါ့ကိုစကားလာပြောနေတာလဲ ...
စကားလာမပြောစမ်းပါနဲ့ ... ဘယ်လိုပြန်ပြောရမလဲ ငါမသိဘူး ...
မြန်မြန် ... မြန်မြန်ထွက်သွားစမ်းပါ ...
သူမတုံ့ပြန်ခြင်းမပြုသဖြင့် တစ်ဖက်လူမှမေးခွန်းထုတ်ရသည်ကို ငြီးငွေ့ပြီးထွက်သွားရန်မျှော်လင့်မိသည် ။
သို့သော်လည်း ... တစ်စက္ကန့် ... နှစ်စက္ကန့် ... တစ်မိနစ် ...
ထိုလူက မလှုပ်ရှားသေးသောကြောင့် သူမပြာယာခတ်လာရ၏ ။
သူမ စကားပြောနိုင်မည့်အချိန်အထိ ထိုသူစိတ်ရှည်မရှည်မသေချာပေ ။ အချိန်အတော်ကြာစိုက်ကြည့်ခံနေရခြင်းက သူမ၏ လည်ပင်းကိုညှစ်ထားသကဲ့သို့ အသက်ရှုမရဖြစ်လာစေ၏ ။
သူမ ထိုနေရာတွင် ဆက်မနေနိုင်တော့သောကြောင့် သွားတိုက်ဆေးဘူးကိုခြင်းထဲပစ်ထည့်၍ထွက်ပြေးလေတော့သည် ။
" ဒီ ... ဒီမှာ ကျွန်မက ဒီလမ်းကသွားမှာ ရှင် သွားတိုက်ဆေးလိုချင်တယ်ဆိုရင် ဒီမှာယူလိုက် ... "
"ဒါပေမဲ့ စျေးမတွက်ရသေးဘူးလေ ... သွားတိုက်ဆေးလေး၀ယ်ရုံပဲမလား ..."
" ဒါဆိုရင် မင်း ဒိန်ချဥ်ရော ၀ယ်ချင်သေးလား ... ငွေရှင်းကောင်တာက ဘယ်မှာပါလိမ့် "
"အိုး ... ကျွန်မက ရှင်နဲ့အတူတူလာတာမဟုတ်ဘူးလေ ဘာလို့ ဒါတွေလာမေးနေရတာလဲ ..."
ဒီလူက ဘာလဲဟ ...
ဘာလို့ အဲ့ဒီလူကအမြဲတမ်း တစ်မီတာပတ်လည်အတွင်းကို ၀င်၀င်လာရတာလဲ ...
ဘာလို့ ငါ့နောက်ကလိုက်နေရတာလဲ ... ကြောက်ဖို့ကောင်းလိုက်တာ ...
တောင်းပန်ပါတယ် နောက်ကလိုက်မလာပါနဲ့တော့ ...
လုံခြုံရေးကိုခေါ်လိုက်ရင်ကောင်းမလား ...
ဒါပေမဲ့လည်း ငါ လုံခြုံရေးနဲ့ဘယ်လိုစကားပြောရမှာလဲ ...
ထိုကောင်မလေးကစတိုးဆိုင်ထဲမှထွက်လာပြီးနောက် ခေါင်းမပါသည့်ယင်ကောင်တစ်ကောင်ကဲ့သို့ ပြာယာခတ်စွာဖြင့် လမ်းချိုးများအတွင်းသို့ ဟိုဟိုဒီဒီ ကွေ့ပတ်သွားနေသည်ကိုကြည့်ရင်း အူကြောင်ကြောင်လေးဟု ခံစားလိုက်ရသည် ။
ချန်ကျိုး၏ စနောက်ကျီစယ်လို့သည့်စိတ်မှာ မည်သည့်နေရာကနေတိုးထွက်လာမှန်းမသိပဲ ထိုအူကြောင်ကြောင်ကောင်မလေးအား လူဆိုးတစ်ယောက်ကဲ့သို့ အနိုင်ကျင့်စနောက်ချင်မိနေသည် ။
အဲ့ဒီလူက ဘာလို့ နောက်ကနေဆက်လိုက်နေရတာတုန်းဟ ...
အချိန်အတော်ကြာလမ်းလျှောက်ပြီးနောက် ရှန်းပိုင်က သူမ၏ အသက်လေးကို ကိုယ်တိုင်စောင့်ရှောက်ရမည်ဖြစ်ကြောင်းသဘောပေါက်သွား၍ ထိုသူ့ကိုစကားပြောရန် နောက်လှည့်ရန်ဆုံးဖြတ်လိုက်သည် ။
ထိုသူလည်း ရပ်နေကြောင်းသေချာသောအခါမှသာ အံကြိတ်၍ ပြောလိုက်သည် ။
" ရှင် ... ရှင် ကျွန်မနောက်ဆက်မလိုက်ပါနဲ့လား "
သူမ၏ အသံလေးက အလွန်တိုးလျနေပြီး အသက်ရှုမ၀ဖြစ်နေပုံရ၏ ။ ချန်ကျိုးက အမှန်ပင် ရှင်းရှင်းလင်းလင်းမကြားလိုက်ရသောကြောင့် မျက်မှောင်ကျုံ့ကာမေးလိုက်သည် ။
" မင်းဘာပြောလိုက်တာလဲ "
" ဆက်မလိုက်နဲ့ "
ရှန်းပိုင်က အားနည်းသည့်ပုံပေါ်နေသော်လည်း ဒေါသတကြီးဖြင့် ဖုန်းဆွဲထုတ်၍ စာရိုက်လေတော့သည် ။
ကျွန်မနောက်ကနေ ဆက်မလိုက်ပါနဲ့တော့ ...
ဖျက်လိုက်သည် ။
ကျွန်မကို တစ်ယောက်တည်းသွားခွင့်ပြုပါ ...
ဖျက်လိုက်ပြန်၏ ။
ချန်ကျိုး၏ အကြည့်များမှာ သူမပေါ်၌သာကပ်ညိနေပြီး ထိုကောင်မလေး စာကိုအကြိမ်ပေါင်းများစွာ စာရိုက်လိုက်ဖျက်လိုက်လုပ်နေသည်ကို စိတ်ရှည်လက်ရှည်ကြည့်နေလေ၏ ။
အချိန်အတော်ကြာသောအခါမှသာ လက်မြှောက်၍ စာရိုက်ထားသည်များကို ကြောက်ကြောက်လန့်လန့်နှင့်ပြလာသည် ။ ချန်ကျိုးက ခေါင်းစောင်း၍ ထိုစာကိုဖတ်လိုက်သည် ။
ဖုန်းစခရင်မ်ပေါ်တွင် လှုပ်ရှားနေသည့် စာတန်းလေးတစ်ခုပေါ်လာသည် ။
" ကျေးဇူးပြုပြီး ကျွန်မနောက်ကိုဆက်မလိုက်ပါနဲ့တော့ ... တောင်းပန်ပါတယ် ( ဒူးထောက်ချထား သည့်ပုံ ) "
ချန်ကျိုးမှာ သူ၏နားထဲ၌ ဒူးထောက်ချလိုက်သည့် ' ဒုတ် ' ခနဲမြည်သံကိုကြားလိုက်ရသလိုပင် ။ သူ၏ ဒူးပင်နာလာသကဲ့သို့ခံစားလိုက်ရသည် ။
ချန်းကျိုးက ရီမောပြီးနောက် အပြုံးတစ်ပွင့်ဖြင့် ရှင်းပြပြောဆိုလာသည် ။
" မစ္စရှန်း ... ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော်က ကျုန်းရီ ကဖေးက၀န်ထမ်းတစ်ယောက်ပါ ... ခင်ဗျားက အရင်ကတည်းက ကဖေးမှာနေ့တိုင်းမှာယူတဲ့ ပုံမှန်ဖောက်သည်တစ်ယောက်ပါ ဒါပေမဲ့ ဒီရက်ပိုင်းတွေအတွင်းမှာ ခင်ဗျားရဲ့အမှာစာရောက်မလာတော့ အကုန်လုံးကစိတ်ပူနေကြတာ ... အဲတာနဲ့ ကျွန်တော်သိချင်လို့လာကြည့်တော့ မမျှော်လင့်ပဲ ခင်ဗျားနဲ့တွေ့ခဲ့တာပါ စိတ်အနှောင့်အယှက်ဖြစ်စေဖို့မရည်ရွယ်ပါဘူး "
တရုတ် နှင့် အီတလီ စာလုံးများကိုကြားတော့ ကလေးမလေး သိသိသာသာ လန့်သွားလေသည်။ ထို့နောက် ဦးထုပ်အောက်မှ ခေါင်းကို အနည်းငယ်ယမ်းကာ ခေါင်းညိတ်ပြန်သည်။
"မင်းရဲ့မျိုးရိုးနာမည် တကယ်ပဲ ရှန်း လား"
ရှန်း မျိုးရိုးအမည်က တကယ့်ကို ရှားသောကြောင့် ချန်ကျိုးက မမေးပဲမနေနိုင်တော့ချေ ။
သူမကဆက်လက်၍ ခေါင်းညိတ်ပြသည်။
"ဘယ်စာလုံးကဟာလဲ "
သူမက အသံထွက်ရုံလောက်ဖြင့်
" ရှန်းပိုင် "
" အင်း "
ချန်ကျိုးက ယောက်ျားဆန်သည့်ဟော်မုန်းရနံ့များနှင့်အတူ သူမနားသို့တိုးကပ်၍ သေသေချာချာကြားရရန်ကြိုးစားလိုက်သည် ။ သူမက ဒုတိယအကြိမ်ပြောပြလာ၏ ။
" ခရုခွံ ဆိုတဲ့ ရှန်းပိုင် "
ကလေးမလေးက သူ၏အမူအယာကိုအကဲခတ်နေပြီးနောက် ဖုန်းကိုအိတ်ထဲသို့ပစ်ထည့်ကာ ထွက်ပြေးသွားလေတော့၏ ။ ချန်ကျိုးလည်း နောက်မှ ဆက်မလိုက်တော့ပဲ သူ၏ လက်ဆစ်များကိုအချင်းချင်းပွတ်သပ်၍ အချိန်အကြာကြီးမတ်တပ်ရပ်ပြီးနောက် ခေါင်းကို လှည့်၍ နားလည်ရခက်စွာ ပြုံးလိုက်သည်။
ထိုအခိုက်အတန့်၌ သူသည် မျက်လုံးများကို ခေတ္တမှိတ်ပြီး ရှန်းပိုင် ရပ်သွားသည့်နေရာဘေးရှိ သပ်ရပ်စွာပြစီရီထားသော လက်ဆောင်အိတ်တန်းဘယ်ဘက် စင်ပေါ်တွင် ရပ်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်း၍ အထုပ်နှစ်ထုပ်ကို လွယ်လွယ်ကူကူ လှမ်းဆွဲကာ ကားပေါ်သို့ ပစ်တင်လိုက်သည်။
အချို့သော စိတ်ခံစားမှုများသည် အကြောင်းပြချက်မရှိဘဲ ရောက်လာတတ်လေသည် ။
ဥပမာပြောရလျှင် သူသည် အစောနကရုတ်တရက် ရှန်းပိုင် ကို စားချင်လာမိ၏ ။
Xxxxx