Chapter 91
အေရိုးနီးယား သည် သူမကို နှုတ်ဆက်လိုက်သော ဆာစီးနီယာ ကိုကြည့်လိုက်သည်။ ဆာစီးနီယာ သည် မျက်နှာထား တင်းမာနေပြီး ယုံကြည်မှုလွန်ကဲပုံလည်း ပေါက်နေ၏။မြို့စားမင်း က သူမ နောက်မှာရှိတာကြေင့် အေရိုးနီးယား ကို ချေမိုးပြနေသလိုပင်။
သာမန်လူတစ်ယောက်ဖြစ်သော ဆာစီးနီယာ မှာဘာကြောင့် မာနကြီးနေမှန်း အေရိုးနီးယား နားမလည်နိုင်ပေ။ မြို့စားမင်း အားကိုး၍ မောက်မာနေသူအား သူမကလည်း လွှတ်ထားမည်မဟုတ်။
"ကျွန်မက မြို့စားမင်း ဘလမ်ဇွမ် မိသားစုက က အေရိုးနီယား ဘလမ်ဇွမ် ပါ"
အေရိုးနီးယား သည် သူမကိုယ်သူမ မြို့စားမင်း၏ သမီးဖြစ်ကြောင်း အလေးပေး ပြောဆိုကာ ကျေကျေနပ်နပ်ကြီး ပြုံးနေလေသည်။ထို့နောက် ကိုယ့်ကိုယ်ကို မိတ်ဆက်သည့်အချိန်၌ပင် ဘွဲ့ထူးတစ်ခုမှမပါဘဲ နာမည်သာပြောလိုက်သော ဆာစီးနီယာ ကို ကြည့်လိုက်သည်။
"ဘန်…မေ ကို သွားရှာလိုက်ပါလား…ပြန်ရင် အဆင်သင့်ဖြစ်နေအောင်လို့"
ဆာစီးနီယာ သည် ဘန် ကို ထွက်သွားရန် တမင်တကာ တောင်းဆိုခဲ့သည်။ အေရိုးနီယား နှင့် ပြောဖို့လိုအပ်နေပြီဟု သူမ ထင်တာကြောင့်ပင်။
အေရိုးနီယား ကလည်း 'နင်က မြို့စားမင်း နဲ့ စေ့စပ်ထားသူလို့ ပြောရဲပြောကြည့်စမ်း' ဆိုသည့် သဘောဖြင့် ကြည့်နေသည်။ မျက်နှာထားကို ကြည့်ရုံနှင့် ပြောစရာတွေ အများကြီးရှိပုံထောက်သော အေရိုးနီးယား ကလည်း ဘန် မရှိမှ ဆာစီးနီယာကို ကောင်းကောင်းကြီး ဆုံးမပြချင်နေသလိုပင်။
ဆာစီးနီယာ သည် ယခု သူမ တိုက်ရန်ပြင်နေသည့် တိုက်ပွဲကို ရှောင်လည်း မရှောင်ချင်သလို ပစ်မှတ်လည်း မဖြစ်ချင်ပေ။ဤလက်စွပ်ကို သူမ ရရှိကတည်းက ယခုလို အဖြစ်မျိုးဖြစ်လာမှာကို သူမ ကောင်းကောင်း သိနေသည်။
"ကောင်းပါပြီ"
ဘန် သည် ဆာစီးနီယာ ၏စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ကိုမြင်သောအခါ သံသယတစ်ချက် မဝင်ဘဲ ယုံကြည်ပေးလိုက်သည်။ သူမအား တစ်ယောက်တည်း ထားခဲ့ရမှာကို စိတ်ပူနေသော်လည်း သူမက တောင်းဆိုနေသဖြင့် သူမ လက်ကို တစ်ချက်ဖျစ်ညှစ်ပြီး ထထွက်သွားသည်။သို့သော်လည်း သူက လျှောက်လာရင်း နောက်ပြန်လှည့်ပြီး ဆာစီးနီယာ ကိုကြည့်ကာ တစ်ခုခုဖြစ်လျှင် ချက်ချင်းပြေးဖို့ ပြင်ပါဟု အချက်ပြလိုက်သေးသည်။
* * *
"ဘုရင်မရဲ့ မွေးနေ့ပွဲက တစ်ယောက်ယောက်ကြောင့် ပျော်စရာ မကောင်းတော့သလိုပဲ"
အေရိုးနီးယား သည် သူမအား မနာလိုစိတ်ဖြင့် စတင်တိုက်ခိုက်တော့သည်။
'မြို့စားမင်းက သူမကို သဘောမကျကျအောင် ခြယ်လှယ်နေတာ မဟုတ်လား'
ဆာစီးနီယာ စကားကြောင့် အသာထထွက်သွားသော မြို့စားမင်းကြောင့် သူမ မနာလိုစိတ်တို့ တိုးလာရသည်။
'မြို့စားမင်းက အရင်တုန်းကဆို သိပ်ပြံးလေ့မရှိပါဘူး…ဒါပေမယ့် ခုနက ထမထွက်ခင် သူမ လက်ကို ကိုင်ထားလိုက်သေးတယ်'
အေရိုးနီးယား သည် မနာလိုစိတ်ကြောင့် ရူးသွပ်သွားသည်။
“ဘုရင်မကြီး ကိုယ်တိုင်က ကျွန်မကို တကူးတက ဖိတ်စာပို့လို့ သိပ်ဝမ်းသာတာပဲ"
ဘန် ထွက်သွားသည်နှင့် အေရိုးနီးယား သည် သူမ ပါးစပ်ထဲကို ဓားတစ်ချောင်း ထည့်လိုက်သည်။ဆာစီးနီယာကလည်း မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် အသာအယာပင် တုံ့ပြန်လိုက်သည်။
“ဘုရင်မ…”
အေရိုးနီးယား စိတ်ရှုပ်သွားသည်။ ဆာစီးနီယာ သည် မြို့စားမင်း ၏ တွဲဖက်အဖြစ် ပွဲတက်လာသည်ဟု သူမထင်ခဲ့သော်လည်း သူမကို ဘုရင်မကြီး က်ိုယ်တိုင် ဖိတ်ကြားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ရှင် စောစောကပြောတဲ့ ဘုရင်မကြီးရဲ့ ပွဲက အနှောင့်အယှက်ဆိုတာ ကျွန်မကို ပြောတာ မဟုတ်ဘူးမို့လား"
ပြောပြောဆိုဆို ဆာစီးနီယာ သည် သူမ ဝတ်ထားသည့် ဘန် ၏ အင်္ကျီအတွင်းအိတ်ကပ်ထဲက ဖိတ်စာကို ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
“…"
အေရိုးနီးယား အေးစက်သွားသည်။ စားပွဲပေါ်ရှိ စာအိတ်ကို ကြည့်ရင်း သူမ၏ အပြာရောင် မျက်ဝန်းများ တုန်လှုပ်သွားရသည်။ အင်ပါယာ၏ သင်္ကေတဖြင့် ရေးထွင်းထားသော စာအိတ်ကို ဧကရာဇ်မင်း မိသားစုကသာ ပေးပို့နိုင်ခြင်း ဖြစ်သည်။
"ကျွန်မက ရှင့်လို ဘုရင်မကြီးကို မစော်ကားပါဘူးနော်"
ဆာစီးနီယာ က နူးညံ့စွာ ပြုံးလိုက်သည်။ သူမသည် သုံးနှစ်တာလုံး ပင်ပန်းမှုမျိုးစုံကို ဖြတ်သန်းခဲ့သည့်အတွက် ယခုလို ကိစ္စလေးကို ပျော်စရာလိုတောင် သဘောထားနိုင်၏။
“ဘာ…”
အံ့သြတကြီးဖြစ်နေသော အေရိုးနီးယား သည် တစ်ချိန်တည်း ဒေါသလည်း ထွက်နေသည်။
"ကျွန်မ သိပါတယ်… ဒါပေမယ့် ရှင် တော်ဝင်မိသားစုကို ဘယ်လိုမှ စော်ကားလို့မရပါဘူး"
* * *
ဆာစီးနီယာ ၏ အကြည့်တို့က သူမ စိတ်ကို မေးခွန်းထုတ်နေသည်။ အေရိုးနီးယား သည် အရှက်ကွဲသွားပြီး ပါးစပ်ကို စေ့ထားလိုက်သည်။
' သူမ ခံစားချက်တွေအားလုံးကို ဖုံးကွယ်ထားလို့ မရပါလား'
အေရိုးနီးယား သည် ဘယ်သူ့ကို ကြိုက်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေ သူမ၏ ခံစားချက်များကို မဖုံးကွယ်တတ်ရှာပေ။ နှုတ်ခမ်းကို ကိုက်ထားရင်း သူမကို စိုက်ကြည့်နေသည့်ပုံစံက လုံးဝ ဒေါသထွက်နေခြင်းပင်။
ဆာစီးနီယာ သည် သူမ ထင်ထားသည်ထက် အားရအောင် ရန်မဖြစ်လိုက်ရ၍ နောက်တတောင် ရသွားမိသည်။
"မြို့စားမင်းက နင့်လို မိန်းမမျိုးကို ဘာလို့ သူ့ဘေးမှာ ထားရလဲဆိုတာ ခန့်မှန်းလို့တောင် မရဘူး"
အေရိုးနီးယား သည် ဆာစီးနီယာ ကို စိုက်ကြည့်ရင်း ကဲ့ရဲ့လိုက်သည်။
ဆာစီးနီယာမှာ တိတ်ဆိတ်သွားရ သော်လည်း တစ်ချက်မှ စိတ်မလှုပ်ရှားသွားပေ။ သူမ မျှော်လင့်ထားသည်ထက် ဒဲ့ပြောလိုက်ခြင်းပင်။ ဘန် ကို ကြိုက်နေသဖြင့် အေရိုးနီးယား က သူမကို ကြည့်မရမှန်း သိသည်။သို့တိုင် ရဲတင်းလွန်းသော အေရိုးနီးယား စကားကြောင့် အံ့ဩသွားရသည်။သူမသာဆိုလျှင် ဤမျှ ရဲတင်းမည်မထင်။
"ငါ့ရဲ့ မိသားစုနဲ့ ငါဆိုရင် မြို့စားမင်း အတွက် အခွင့်အလမ်းတွေ၊အာဏာတွေ ရအောင် လုပ်ပေးနိုင်တယ်… မြို့စားမင်းအတွက် မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ"
ဆာစီးနီယာ က ဘာမှ ပြန်မပြောသဖြင့် အေရိုးနီးယားမှာ သဘောအကျကြီးကျကာ ရယ်မောလိုက်သည်။
"ကျွန်မက သူ့အတွက် တစ်ခုခုလုပ်ပေးရမယ် ဟုတ်လား"
ဆာစီးနီယာ သည် သူမ၏ စကားအဓိပ္ပါယ်ကို အမှန်တကယ် နားမလည်သဖြင့် ပြန်မေးလိုက်သည်။
ဘန် ကသာ တစ်ခုခုကိုလိုချင်လျှင် မရရအောင် သူမ လုပ်ပေးနိုင်သည်။အကယ်၍ ရာထူး၊ဂုဏ်သိမ်များ ရအောင် လုပ်ပေးလိုက်လျှင်လည်း ဘန်က လိုလားမည်မထင်။
'ဘန်က မြို့စားမင်း ရာထူးကို စွန့်လွှတ်ပြီး ပုံမှန်ဘဝနဲ့ပဲ နေထိုင်ချင်ခဲ့တာ"
ဒါပေမယ့် သူသာ မြို့စားမင်း မဖြစ်ခဲ့ရင် အေရိုးနီးယား က သူ့ကို ဒီလောက်စိတ်ဝင်စားပါ့မလား…
ထို့အပြင် သူမသည် သူမ မိသားစု၏ ပါဝါအာဏာဖြင့် ကူညီပေးမည်ဖြစ်သည်။အေရိုးနီယာမှာသာ မိသားစုဟု ခေါ်သည့် ခြံစည်းရိုးမရှိလျှင် သူမကိုယ်တိုင်က အချည်းအနှီးပင်။ဆာစီးနီယာ သည် အေရိုးနီးယား သနားစိတ်တောင် ဖြစ်မိသေးသည်။
"ရှင့်မှာ ရှိနေတဲ့ဟာတွေအတွက် ရှင် ဂုဏ်ယူနေတာလား"
အေရိုးနီးယား သည် သူမ၏ အဓိပ္ပါယ်မဲ့သော စကားကြောင့် အံ့အားသင့်သွားသည်။ မြို့စားမင်း သည် ဤမိန်းမအား ဘာကြောင့် တွဲနေရမှန်း နားမလည်နိုင်တော့။ သူမ စိတ်ထဲတွင် ဆာစီးနီယာ သည် မြို့စားမင်း၏ စည်းစိမ်ဥစ္စာအတွက် ချဉ်းကပ်လာသော အမျိုးသမီးတစ်ဦး သာဖြစ်သည်။
“ရှင့်ကိုယ်ပိုင်အစွမ်းအစနဲ့ ဘာတွေများ ရပြီးပြီလဲ"
ဆာစီးနီယာ သည် အသာပြုံးပြီး စားပွဲပေါ်ရှိ ဝိုင်ကို မော့သောက်လိုက်သည်။
“ဟမ်… ငါ့မှာ အများကြီးရှိတာပေါ့…သူများတွေလို ကပ်စားနေစရာ မလိုဘူး"
အေရိုးနီးယား က အော်ဟစ်လိုက်ကာ လက်ကိုလည်း တဖျပ်ဖျပ်ခါလိုက်သည်။
"တစ်ကယ်လား"
ဆာစီးနီယာ သည် ဖန်ခွက်ကို စားပွဲပေါ် ပြန်ချလိုက်ပြီး အေရိုးနီးယား ဆီ ခြေတစ်လှမ်းတိုးလိုက်သည်။
"ရှင့်မှာ မျိုးရိုးနာမည်ကလွဲရင် ဘာများ ရှိသေးလို့လဲ"
ဆာစီးနီယာ ၏ ကြက်သွေးရောင်မျက်လုံးများက အေရိုးနီးယား ကို လည်ပင်းညှစ်သတ်နေသလို ခံစားရတာကြောင့် သတိမထားမိဘဲ နောက်ပြန်ဆုတ်သွားရသည်။
"အခု ရှင် ကျွန်မကို ကြောက်နေပြီလား"
ဆာစီးနီယာ သည် အေရိုးနီးယား ကို လှောင်ပြောင် ရယ်မောလျက်။
"ဘလမ်ဇွမ် ဆိုတာကကလွဲရင် အေရိုးနီးယား ဆိုတဲ့ နာမည်ကို မှတ်မိတဲ့သူ ရှိလို့လား"
"နင်… ငါ့မိသားစုကို နင်မို့လို့ ပြောရဲတယ်"
အေရိုးနီးယား က အော်လိုက်သော်လည်း ဆာစီးနီယာသည် သူမအနား တဖြည်းဖြည်းတိုးလာပြီး တိုးတိုးလေးပြောလိုက်၏။
"ကျွန်မ သိလိုက်ပါပြီ…ရှင် နှိမ့်ချခဲ့တဲ့ ကျွန်မကို ရှုံးသွားပြီဆိုတာ"
“ဘယ်လို”
အေရိုးနီးယား သည် အစော်ကားခံလိုက်ရသဖြင့် ဒေါသကို မထိန်းနိုင်သလို ဆာစီးနီယာ ကို လက်ဖြင့်ရွယ်လိုက်သည်။သူမပုံစံက နှေးကွေးလွန်းသဖြင့် ဆာစီးနီယာ သည် အေးအေးဆေးဆေး ပင် နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် အစာက အေရိုးနီးယား၏ လက်ကို ဖမ်းဖို့ တွေ့လိုက်သော်လည်း စံအိမ်မှာ စတွေ့တုန်းကလိုမျိုး အရှက်ကွဲမခံချင်တော့သဖြင့် အသာရှောင်ပေးလိုက်သည်။
"နင်…နင်..."
အေရိုးနီးယား ၏ မျက်နှာမှာ ခရမ်းချဉ်သီးမှည့်လိုပင် နီရဲတွတ်နေတော့သည်။
"ဘုရင်မကြီးရဲ့ မွေးနေ့က လက်စသတ်တော့ ပိုးကောင်တစ်ကောင်ကြောင့် ပိုဆိုးသွားတာကိုး"
ဆာစီးနီယာ သည် အနီးနားရှိ လူများကို ဘာမှမဖြစ်သလိုပင် လှည့်ကြည့်လိုက်သည်။
“ဟုတ်တယ်… မြို့စားမင်းက ယုတ်မာတဲ့ နင့် အကြံတွေကို သိသင့်တယ်"
ဒေါသတကြီးဖြစ်သွားသော အေရိုးနီးယားသည် သူမ ၀တ်စုံ၏ လည်ပင်းနားကို ဆွဲဆန့်လိုက်သည်။
ဆာစီးနီယာ သည် ခန်းမအလယ်ကို ကြည့်လိုက်သောအခါ ဗားန် နှင့် အိမ်ရှေ့စံတို့သည် အကြည့်ချင်းဖလှယ်နေကြသည်ကို တွေ့လိုက်ရ၏။
"ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပြီးပြီ မဟုတ်လား"
ဆာစီးနီယာက ပခုံးတွန့်ပြရင်း ပြန်ထွက်သွားသည်။
"ဘာ"
"သူသာ မြို့စားမင်း မဟုတ်တော့ရင် ရှင် ဘာလုပ်မယ် ဆိုတာကိုသာ စဉ်းစားထားပါ"
အကယ်၍ ဘန် သာ မြို့စားမင်း မဟုတ်ပါက အေရိုးနီးယား သည် ဤမျှလောဘကြီးမည်မဟုတ်ပေ။ သူမ မိသားစုအတွက် တက်လမ်းဖြစ်စေရန် ဘန် ဘေးမှာ ထိုင်ခုံတစ်ခု လိုချင်ခဲ့တာပင်။
"နင် ဘာသိလို့လဲ…နင်က မြို့စားမင်း ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာ…မြို့စားမင်းက နင့်လို ဂုတ်သွေးစုပ်မယ့် မိန်းမမျိုးမဟုတ်ဘဲ ငါ့လို သူ့တန်ဖိုးကို မြှင့်ပေးမယ့် မိန်းမတစ်ယောက်နဲ့သာ ပိုလိုက်ဖက်တာပါ"
အရှက်အခွဲခံလိုက်ရသည့် အေရိုးနီးယားမှာ ဒေါသထွက်ပြီး အော်ပြောနေတော့သည်။
"ရှင် ဒီလောက်လည်း လောဘမကြီးပါနဲ့."
ဆာစီးနီယာ သည် အေရိုးနီးယား ကို အေးစက်ပြီး ခက်ထန်စွာ ကြည့်လိုက်၏။
'အရင်မြို့စားမင်းက ဒီလိုပဲ လုပ်ခဲ့တာလား'
ယခင်မြို့စားမင်းသည် ရပ်စက်သည့်နေရာမှာ တစ်ဖက်ကမ်းခတ်တော်သူဖြစ်သည်။ ဆာစီးနီယာ သည် ဘန် ကို ထိုလူစားမျိုး အဖြစ်မခံနိုင်ပေ။
"သူက ရှင့် မိသားစုရဲ့ အိမ်မက်တွေ တစ်ကယ်ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူး"
သူမက အေရိုးနီးယားကို စူစူးရှရှကြည့်ကာ သတိပေးနေတော့သည်။
ကကြဖို့ အလယ်မှာ စုဝေးလိုက်ကြသည့် မှူးမတ်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် သူတို့ နေရာဆီ ပြန်ထိုင်လာကြသည်။ထို့နောက် ရန်လိုနေသော သူမတို့ နှစ်ယောက်ကို ကြည့်နေကြတော့သည်။ ဆာစီးနီယာ သည် ဒေါသထွက်နေသော အေရိုးနီးယား ကို လစ်လျူရှုပြီး အဝေးက ဘန် နှင့် မေကို လှမ်းကြည့်လိုက်သည်။ အေရိုးနီးယား လည်း ဘန်တို့ကို မြင်လိုက်သော်ငြား ဆာစီးနီယာ ကိုသာ စိုက်ကြည့်နေဆဲပင်။ ဒေါသထွက်နေသော အေရိုးနီးယား သည် မထင်မှတ်ဘဲ တိတ်ဆိတ်သွားသည်။
'အရမ်းလွန်သွားလား'
ထွက်သွားသော အေရိုးနီးယား ၏ကျောကိုကြည့်ရင်း ဆာစီးနီယာ တွေးမိသည်။ သို့သော် သူမကလည်း ခေသူမဟုတ်ကြောင်း ပြချင်သဖြင့် နောင်တတော့မရပေ။
"အစ်မ သူမနဲ့ ရန်ဖြစ်နေတာလား…အဲ့ဒီတုန်းက ဧည့်ခန်းထဲမှာ မြို့စားမင်း က ပြုံးပြလို့လား"
သူမ မသိခင်မှာ အနားကပ်လာသည့် မေက သူမကို တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်ပါဘူး"
သူမ က မဟုတ်ဘူးဟု ပြန်ဖြေသော်လည်း ထိုကိစ္စကိုတော့ ယခုထိ အစာမကြေသေးပေ။ယခုလည်း ဆာစီးနီယာ သည် ထိုကိစ္စကို ပြန်တွေးမိသွားသည်။
"အဆင်ပြေရဲ့လား"
ဘန် က ဆာစီးနီယာ ကို ဂရုစိုက်ကြည့်ကာ စိုးရိမ်နေပုံဖြင့် မေးလိုက်သည်။
"ပြေပါတယ်"
သူမ မသိခင်မှာပင် ဘန် က သူမ လက်ကိုကိုင်ပြီး ပြုံးပြလိုက်သည်။ ချစ်သူကြောင့် ယခုလို အဖြစ်မျိုးနောက်ထပ် ဘယ်လောက်တောင် တွေ့ကြုံရမလဲ မသိသော်လည်း ဂရုမစိုက်ပေ။သူမ ကိုယ်တိုင် ရွေးချယ်ခဲ့သည့် လမ်းပင်။
ထို့နောက် ဆာစီးနီယာ သည် ဗားန် နှင့် အကြည့်ချင်းဖလှယ်ပြီး အချက်ပြလိုက်သည်။ ဗားန် ကလည်း ခေါင်းပြန်ညိတ်ပြသည်။
ထို့နောက် ဆာစီးနီယာ သည် ဘန် နှင့် မေ တို့နှင့်အတူ ကပွဲမှ ထွက်ခွာသွားခဲ့သည်။
“ပျော်စရာကောင်းလိုက်တာ…အရှင့်သား…ကျွန်မ သွားတော့မယ်နော်"
ချစ်သူနှင့် တွေ့ရသော မိန်းကလေးလို နီရဲနေသော မျက်နှာဖြင့် ဗားန် သည် လိုင်မာဖီးရပ်စ် ကို နှုတ်ဆက်ပြီးနောက်ထွက်လာခဲ့သည်။ လိုင်မာဖီးရပ်စ် သည် ဗားန် ၏ နောက်ကျောကို ငေးကြည့်နေတော့သည်။