အပိုင်း ၉၇
Viewers 12k

Chapter 97

ဘုန်း…

ဂိုဒေါင်နောက်ဘက်မှ ကျယ်လောင်သော အသံနှင့်အတူ နံရံကြီး ပေါက်ထွက်သွားသည်။ ဂိုဒေါင်အတွင်း ရစ်ဖွဲ့နေသော မီးခိုးများသည် နံရံရှိ ထိုအပေါက်မှတစ်ဆင့် ထွက်သွားကြသည်။ချက်ချင်းပင် ကွဲအက်နေသော နံရံမှ မီးခိုးရောင် ဖုန်မှုန့်များနှင့် မည်းနေသော မီးခိုးများ ရောထွေးနေတော့သည်။ 

"ဆာစီးနီယာ"

ဘန် သည် ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။ သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည့် မီးခိုးတွေကို ဖြတ်ပြီး အနီရောင်ဆံပင်တွေ တဖျပ်ဖျပ်လွင့်ခါ‌ နေသည့် လူရိပ်တစ်ခုဆီ ပြေးသွားလိုက်သည်။

 

"ဆာစီးနီယာ …မင်း အဆင်ပြေရဲ့လား" 

ဆာစီးနီယာ သည် စကားမပြောဘဲ မတ်တတ်ရပ်နေပြီး သူမ အနားကို ရောက်လာသူအား တစ်ချက်ကြည့်လိုက်သည်။

 "မင်း ထိခိုက်သွားသေးလား" 

စိုးရိမ်သော သူ့စကားများကို လျစ်လျူရှုကာ ဆာစီးနီယာ သည် ဘေးပတ်ပတ်လည်ကို အေးအေးဆေးဆေး ကြည့်နေလေသည်။ 

“ဟင်း” 

ထို့နောက် သူမသည် ဖုန်မှုန့်များကို ဖယ်ရှားလိုက်ပြီး ဆန်းကြယ်သော အပြုံးဖြင့် ဗားန် ကို ကြမ်းပြင်ပေါ် ချလိုက်သည်။ထို့နောက် သူမသည် မျက်နှာတစ်ချက် မလှပ်ရှားဘဲ လှည့်ထွက်သွားသည်။မီးခိုးများ ရှင်းသွားသောအခါ ဘန် သည် ဆာစီးနီယာ၏ မျက်နှာကို ကြည်လင်စွာ မြင်လာရသည်။

"ဆာစီးနီယာ..."

 သူမသည် ဆာစီးနီယာ ဟုတ်နေသော်လည်း သူမ၏ အငွေ့အသက်က ကွဲပြားနေသည်။ သူမ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေပြီး တစ်ခုခုဖြစ်နေသလိုရှိ၏။

"အဆင်ပြေရဲ့လားဟင်" 

သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။ 

“…”

 “…”

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားရသည်။

ထိုအခါ ဘန် ၏ မျက်လုံးအိမ်များသည် ပြင်းထန်စွာ တုန်ခါသွားရသည်။ သူမ နာမည်က သူ့လျှာဖျားမှာရှိသော်လည်း ဘာကြောင့်မှန်းမသိ ဆွံ့အနေသလိုပင်။ အကြောင်းမှာ ဆာစီးနီယာ ၏မျက်လုံးများသည် ခါတိုင်းနှင့်မတူနေတာကြောင့်ပင်။ နွေးထွေးမှုလည်း မရှိသော ကြက်သွေးနီရောင် မျက်လုံးတွေကကြောက်မက်ဖွယ် တောက်ပနေသည်။

 'ဒီခံစားချက်ကို ဘယ်လို ပြောရမလဲ… သူမ,မဟုတ်သလိုပဲ'

 "ကျွန်မ အဆင်ပြေပါတယ်" 

သူမက ပြုံးပြုံးလေးပြောလိုက် သော်လည်း မျက်လုံးများက ပြုံးဟန်မရှိချေ။ သူ ကျောရိုးထဲကပါ စိမ့်အေးလာသည်။ ဘန် အရင်တုန်းက သိခဲ့သည့် ဆာစီးနီယာ နှင့် မတူပေ။ တစ်ခဏအတွင်းမှာပင် ကြားလိုက်ရသော သူမ စကားသံက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေတော့သည်။ 

“ဘန်… တစ်ခါတစ်လေ ကျွန်မက ကျွန်မ မဟုတ်သလိုပဲ"

သူမက ထပ်ပြောလိုက်ပြန်သည်။

“ရှင်သိတဲ့ 'ကျွန်မ' မဟုတ်ဘူး…ဒီလူကြီးက တစ်ကိုယ်တည်း ဖြစ်နေပေမယ့် အတွင်းစိတ်ကတော့ မတူဘူး"

'စိတ်က မတူဘူး…ငါ့စိတ်ထဲကအတွေးတွေကို ပြောနေတာပါလား'

 

ဘန်သည် ရှုပ်ထွေးနေပုံဖြင့် သူမကို စိုက်ကြည့်ရင်း မျက်လုံးပြူးနေရသည်။အကြောင်းမှာ အနီရောင်အပူရှိန်တွေက သူမ ခန္ဓာကိုယ်ထဲကနေ ထွက်လာတာကြောင့်ဖြစ်သည်။သို့သော် ဆာစီးနီယာ သည် ပူလောင်နေပုံမရဘဲ ပြုံးရယ်နေတော့သည်။

"သခင် အဆင်ပြေရဲ့လား" 

"ဘယ်သူမှ မလာနဲ့"

ဘန် သည် အားချန် နှင့် အစေခံများ ချဉ်းကပ်လာသံကို ကြားသောအခါ အမြန် အော်လိုက်သည်။

 "ငါ ရှိနေတာမို့ မီးကို အရင်ငြိမ်းကြ"

အနီးနားရှိလူများ ဝင်မလာရန် တားမြစ်လိုက်သည်။ဆာစီးနီယာ ၏ ယခုပုံစံကို ဘယ်သူမှ မမြင်စေချင်ပေ။တဟုန်ထိုး ပြေးလာနေသော ခြေသံများကို ထပ်မံကြားရပြန်သည်။ 

ဘန် သူမကို တိတ်တဆိတ် ကြည့်နေသည်။သူမ၏ မျက်နှာအမူအရာ၊ အပြုအမူနှင့် လူတကာရှေ့တွင် တစ်ခါမျှ ထုတ်ဖော်မပြဖူးသော စွမ်းအားကိုပင် ထုတ်သုံးနေတာကြောင့် သူ သိထားသော ဆာစီးနီယာနှင့် လားလားမှ တူမနေ။တုန်ယင်နေသော သူ့မျက်လုံးများသည် အမြန် အေးစက်သွားသည်။

 "မင်း ဘယ်သူလဲ"

သနားညှာတာမှုကင်းသော အသံက သူတို့နှစ်ယောက်ကို စည်းတားလိုက်သည်။ ဆာစီးနီယာကလည်း သူ့မေးခွန်းကို ပြန် ဖြေလိုက်သည်။

 "ဘန်…ဘယ်သူရှိရမှာလဲ…ကျွန်မလေ"

ဘန် သည် ရင်းနှီးလှသော အသံကြောင့် လန့်သွားသည်။ သူ့ရှေ့မှာ ရပ်နေသူသည် ဆာစီးနီယာ ၏ မျက်နှာထား၊အသံတို့ပါ တူညီနေရ၏။သို့သော်လည်း သူ့စိတ်ထဲမှာ ဆာစီးနီယာ မဟုတ်မှန်း သိနေလေသည်။

 "သူမ ဘယ်မှာလဲ"

 "ဟမ်… ငါ မိသွားပြီလား" 

အသံက စူးရှပြီး ကြောက်စရာကောင်းလှသဖြင့် ဘန် ခေါင်းထောင်သွားရသည်။

"မင်း သူမကို ဘာလုပ်လိုက်တာလဲ"

 သူ ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။

 "ကျွန်မ မသိဘူး"

ထိုအမျိုးသမီး၏ မျက်လုံးများ မှိတ်သွားပြန်သည်။ မရှင်းလင်းသောအဖြေကြောင့် ဘန် ၏နှလုံးသားမှာ အေးခဲသွားရသည်။ ဆာစီးနီယာ နှင့် မဆုံနိုင်တော့မှာကို သူ ကြောက်သည်။ 

ဘန် နှုတ်ခမ်းကိုကိုက်ထားရင်း မျက်နှာမှာလည်း ရှုံ့မဲ့သွားသည်။သူ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိ‌တော့။ သူသည် ပျောက်ဆုံးနေသော ဆာစီးနီယာ ကိုရှာဖွေပြီး ကယ်တင်ခဲ့သည်။ သို့တိုင် ယခု ဤအမျိုးသမီးသည် ဆာစီးနီယာ ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် ဘာဆက်ဖြစ်မယ်မှန်း မသိတော့။ ကြောက်စိတ်ကြောင့် သူ့လက်များ အနည်းငယ်တုန်လာသည်။ 

ဆာစီးနီယာ သည် ရယ်စရာကောင်းနေသကဲ့သို့ တခစ်ခစ်ရယ်ကာ သူမ လက်နှစ်ဖက်ကို ငုံ့ကြည့်နေသည်။ တောက်လောင်နေသော အပူဒဏ်ကို သိုလှောင်ထားသော သူမ၏ လက်များသည်လည်း အလွန်တုန်ယင်နေသည်။ရုတ်တရက် သူမ မျက်နှာကြီး မည်းမှောင်သွားသည်။အပူကို တစ်ကြိမ်တည်း စုပ်ယူလိုက်သောကြောင့် သူမကိုယ်သည် မခံနိုင်လောက်အောင် ပင်ပန်းနေပြီ ဖြစ်သည်။

 "ကျွတ်" 

ဆာစီးနီယာ သည် အန်ချင်သလို၊ပျို့အန်ချင်လာသလို ခံစားနေရသည်။ ကားမူးနေသလိုကြီးဖြစ်ကာ ခေါင်းလည်း မူးနေသည်။ထို့မျှမကသေး၊ သူမသည် စုပ်ယူထားသော အပူအားလုံးကို မနောအဖြစ် ပြောင်းလဲရန် ဤအခြေအနေတွင် သုံးရက်ကျော်နေခဲ့ရသည်။ထိုအကြောင်းကို တွေးလိုက်ရုံနှင့် သူမ လည်ပင်းက သွေးကြောကြီးများ ထောင်လာရအောင် ဒေါသထွက်လာသည်။ယခုလို အခြေအနေကြီးတွင် သုံးရက်ကြာနေခဲ့ရသဖြင့် လူကလည်း ယိုင်နဲ့နေသည်။ ထို့နောက် သူမသည် အေးစက်သောအကြည့်ဖြင့် သူ့ကိုပြုံးပြလိုက်သည်။

“ပြန်တွေ့ကြမယ်” 

“ဘယ်လို…” 

ထို့နောက် သူမ စုပ်ယူထားသမျှ အပူတွေကို ထုတ်ပစ်လိုက်ရာ အနီရောင်အပူငွေ့တွေက ဂိုဒေါင်ဆီ ဦးတည်သွားတော့သည်။

ဘုန်း…

ဂိုဒေါင်သည် အသံကျယ်ကြီး မြည်ဟည်းပြီး ပေါက်ကွဲသွားရ၏။

"ဟာ" 

လူအများ၏ အော်ဟစ်သံကလည်း ကောင်းကင်ယံကို ထိုးဖောက်သွားမတတ်ပင်။ဂိုဒေါင်ကြီးသည် နံရံများ အက်ကွဲကာ ကျောက်တုံးများ ပြိုကျသွားတာကြောင့် ဖုန်လုံးကြီးများ လိမ့်တက်သွားသည်။

 အုံ့ဆိုင်းနေသော မီးခိုးငွေ့များကြားတွင် တုန်လှုပ်ခြင်းမရှိဘဲ ရပ်နေသည့် သူမကို ဘန်သည် ကြောင်ပြီး ကြည့်နေမိတော့သည်။ ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုကို သူကိုယ်တိုင် မျက်စိနှင့် မြင်လိုက်ရ၍ ဘန်တစ်ယောက် ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေလေ၏။ သူ ဘာမှ မလုပ်နိုင်‌ရလောက်အောင် အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်။ထို့နောက် လှည့်ပတ်သွားလာနေကြသော လူသံ၊သူသံ များက သူ့နားထဲတွင် ပဲ့တင်ထပ်နေရတော့သည်။ 

“…” 

အပူတွေ အားလုံးကို လွှတ်ပေးလိုက်ရာ ဆာစီးနီယာသည် မျက်လုံးမှိတ်သွားရသည်။ထို့နောက် တုန်ယင်နေသော သူမသည် ကူကယ်ရာမဲ့ ရှေ့သို့ ကိုင်းညွတ်သွားသည်။

 "ဆာစီးနီယာ" 

ဘန် သည် သူမကို လက်နှစ်ဖက်ဖြင့် အမြန်ဆွဲဖမ်းထားလိုက်သည်။

ဆာစီးနီယာ လုံးဝ သတိလစ်သွားပြီးနောက်…

"ကျွန်မကြောင့် မဟုတ်လား…ဟီးဟီး..." 

ဗားန် သည် မျက်ရည်များ ကျလာရင်း ရေရွတ်လိုက်မိတော့သည်။ မေ ကလည်း မျက်နှာမကောင်းရှာဘဲ ကုတင်ပေါ်တွင် လှဲနေသော ဆာစီးနီယာ ကို ကြည့်နေသည်။ 

" မီးခိုးတွေ အရမ်းရှူမိလို့ထင်တယ်" 

“…”

ဘန် သည် ဆာစီးနီယာ ကိုစစ်ဆေးနေသော ဆရာဝန်၏ စကားကိုတုံ့ပြန်ခြင်းမရှိပေ။ သတိလစ်သွားသော ဗားန် သည် လန့်နိုးလာကာ ဆာစီးနီယာကိုကြည့်ရင်း ငိုနေပြီဖြစ်သည်။ တစ်ကယ်တမ်းလည်း ဆာစီးနီယာ သည် သေသွားသူလိုမျိုး နေ့တစ်ဝက်လုံးလုံး မထသေးပေ။

"ဒါပေမယ့် ဘာလို့ အစ်မက မနိုးတာလဲရှင့်.." 

မေ က စိတ်ပျက်လက်ပျက်နှင့် မေးလိုက်သည်။ 

"ကျွန်တော်တို့ နည်းနည်း စောင့်ကြည့်ရမှာပေါ့" 

ဆရာဝန်က ခဏစောင့်ကြည့်ခိုင်း နေသည်။ သူမ၏ အခြေအနေသည် မီးထဲတွင် အသက်လုခဲ့ရသော်လည်း တော်တော်လေး အခြေအနေကောင်းမွန်နေသဖြင့် ဘာကြောင့် မနိုးလာမှန်း ဆရာဝန်လည်း မသိတော့ပေ။

 "အားလုံး ထွက်သွားကြ" 

အခန်းထဲတွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် ဆရာဝန်လည်း တုန်လှုပ်သွားပြီး သူ့ပစ္စည်းများကို အမြန်ထုပ်ပိုးကာ ထွက်ခွာသွားတော့သည်။ 

ဗားန် သည် သူမ အပြစ်ဟု ပြောကာ ငို‌နေရင်း မေနှင့်အတူ အခန်းထဲမှ ထွက်သွားတော့သည်။ 

ယခုတော့ ဆာစီးနီယာ နှင့် ဘန် သာ အခန်းထဲတွင် ကျန်ခဲ့သည်။

ဘန် သည် ကုတင်ဘေးက ထိုင်ခုံသေးသေးလေးပေါ်မှာ ထိုင်နေသည်။သူ့ မျက်လုံးထဲတွင် အတွေးများစွာ နစ်မြုပ်သွားရသည်။ သူက မျက်ရည်စများကို သုတ်လိုက်ပြီး ပူနေသည့် သူမ လက်ကို ထိလိုက်သည်။သူမ လက်ကလေးသည် ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သန့်ရှင်းလှပနေသည်။ ဤကဲ့သို့ ဖြူဖွေးနူးညံ့လှသော လက်ကလေးက မီးအပူတွေ ထုတ်လွှတ်တတ်သည်ကို သူ မယုံနိုင်အောင် ဖြစ်ရသည်။ ဂိုဒေါင်ကြီးတစ်ခုလုံး အစအန ရှာမရအောင်ကို ပြိုကျသွားသည်။ ကံကောင်းစွာဖြင့် ဂိုဒေါင်အပြင်ဘက်တွင် အားလုံး ရပ်နေကြသောကြောင့် အသေအပျောက်မရှိခဲ့ပေ။

သူမ၏ စွမ်းအားကြောင့ လူတွေနာကျင်မည်ဟု မတွေးဆခဲ့သော ဆာစီးနီာယာသည် တခြားလူတစ်ယောက်ဖြစ်သွားမှန်း သိပ်သိသာ၏။ထို့အပြင် ဘန်ကိုယ်တိုင်လည်း သူမ အစွမ်းကို ယခုမှ မျက်ဝါးထင်ထင် တွေ့ဖူးခြင်းဖြစ်၍ စိတ်ရှုပ်သွားရသည်။ သို့တိုင် သူ့ကို စိတ်ရှုပ်ထွေးစေသည့် အဓိကအရာမှာ ဆာစီးနီယာ ၏ တိရစ္ဆာန် တစ်ကောင်လို အကြည့်စူးစူးများ ဖြစ်တော့သည်။

 

'ဘယ်လိုဖြစ်တာလဲ…' 

လူနှစ်ယောက်က ဘယ်လိုလုပ် တစ်ကိုယ်တည်းမှာ လာပြီး ဖြစ်နေရတာလဲ…

 

သူမတို့နှစ်ယောက်ကလည်း အဖြူနဲ့ အမည်းလို ကွဲပြားနေကြသည်။

 "ငါ ဘာလုပ်သင့်သလဲ…"

သူမကို တစ်နည်းနည်းနှင့် ကူညီချင်သော်လည်း ဘာလုပ်ရမှန်း မသိပေ။

 "ကျွန်မ အရင်ပုံစံအတိုင်း ပြန်မဖြစ်လာခဲ့ရင် ၊တခြားလူတွေ ဒါမှမဟုတ် ရှင့်ကို ထိခိုက်စေရင် ရှင် ဓားကို ကိုင်လိုက်ပါ"

သူမ ပြောခဲ့သည့်စကားသည် သူ့စိတ်ထဲမှာ စွဲမြဲနေခဲ့သည်။ဘန် သည် စိုးရိမ်စိတ်များ တိုးလာရပြီး မျက်နှာကို အကြိမ်ကြိမ် ပွတ်သပ်မိတော့သည်။ ဆာစီးနီယာ နိုးလာသောအခါ တခြားလူတစ်ယောက် ဖြစ်နေမည်ကို သူကြောက်ရွံ့ နေမိသည်။   

“ထပါ…နိုးပါတော့"

 'အရင်အကျင့်လေးတွေရှိတဲ့ သူမ ပဲဖြစ်ပါစေ…ပုံမှန်အတိုင်း ပြန်ဖြစ်လာပါစေ…'

သူ အကြိမ်ကြိမ် ဆုတောင်းမိ၏။