အပိုင်း ၁၀၀
Viewers 12k

Chapter 100

ဆာစီးနီယာသည် စကားအဆုံးတွင် အသံတုန်သွားသော်လည်း လိုရင်းကိုတော့ ရှင်းလင်းစွာပင် ပြောနိုင်ခဲ့သည်။ 

သူမ စကားကိုကြားတော့ ဘန် သည် စူးရဲစွာ သူမကို စိုက်ကြည့်နေ၏။သူမလည်း တံတွေးတစ်ချက် မျိုချလိုက်ပြီး သူ့အဖြေကို စောင့်နေသည်။ သို့သော်လည်း စက္ကန့်အနည်းငယ်ကြာသည်အထိ ဘန်က ဘာစကားမှမဆိုလာသေးပေ။သူမ ပို၍ပင် ရှက်သွေးဖြာလာရပြီး ပါးပြင်ကလည်း ပန်းသီးတစ်လုံးလို နီရဲလာသည်။ထို့နောက် သူမ ပါးကိုကိုင်ထားသော သူ့လက်အား ဖယ်လိုက်‌သော်လည်း သူက ပြန်အုပ်ကိုင်ထားပြန်သည်။

"ဆာစီးနီယာ" 

ထို့နောက် ဘန်က သူမလက်ကို ဆွဲလိုက်ပြီး သူ့ပါးပြင်ပေါ် တင်ထားလိုက်သည်။စောစောက စိုးရိမ်နေသော သူ့အကြည့်မှာ‌ ပျောက်ကွယ်သွားပြီး အရင်ကထက် အန္တရာယ်ရှိသော အငွေ့အသက်တို့ သူ့မျက်လုံးထဲတွင် စိုးမိုးနေကြသည်။

 

"ကိုယ်ထင်တာမှန်ရင် မင်းခဏနေကျရင် ကိုယ့်လက်ထဲကနေ ထွက်သွားဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတာပဲ"

သူ့ကြည့်ရတာ သူမကို စကားတောင် ပေးပြောမည်မထင်။ ဆာစီးနီယာ သည် သူ့စကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော စူးရှရှ မျက်လုံးများကို ကြည့်လိုက်သည်။ 

"ကျွန်မလည်း စိတ်မပြောင်းပါဘူး"

 'ဘာလို့လဲဆိုတော့ ရှင့်ကို ကျွန်မ လိုချင်လို့ပါ' 

သူ စကားဆုံးသောအခါ ဘန် သည် ကုတင်ပေါ်တွင် ထိုင်နေသော သူမကို လှမ်းဖက်လိုက်သည်။ အမြဲတမ်း မျိုသိပ်ထားခဲ့ရသည့် ဆန္ဒကို အခုတော့ ဆက်ထိန်းထားလို့ မရတော့ပေ။သူမ သူ့ပါးပြင်ကို လာထိကတည်းကအရှိန်အဟုန် ပြင်းပြင်းဖြင့် တောင့်တနေပြီဖြစ်သည်။ 

ဘန် သည် နှုတ်ခမ်းကို ကျော်ကာ နဖူး၊ မျက်လုံးနှင့် ပါးပြင်တို့ကို မက်မက်မောမော နမ်းလိုက်သည်။နှုတ်ခမ်းကို မနမ်းခင် အေးစက်နေသည့် သူ့လက်ချောင်းတွေက သူမ နှုတ်ခမ်းတွေကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ 

ဆာစီးနီယာ သည် အေးစက်သော သူ့လက်ချောင်းများကြောင့် ဆတ်ကနဲ ဖြစ်သွားရသည်။

"ဒီနေ့ မင်းကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး"

သူမ နားထဲတွင် သတိပေးသံတစ်ခုလို ထွက်ပေါ်လာသည်။စကားအဆုံးတွင် ဘန်သည် သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းချင်း ထိကပ်ထားလိုက်သည်။ လက်ချောင်းများနှင့်မတူဘဲ သည်းမခံနိုင်သော နွေးထွေးမှုက သူမ ပါးစပ်ထဲကို ဝင်ရောက်လာတာကြောင့် သူမ မျက်လုံးကို တင်းတင်းမှိတ်ထားမိသည်။ကျူးကျော်ဝင်ရောက်လာသော ဘန် သည် သူမကို အသက်တောင် ပေးမရှူတော့။

 “ဟူး…” 

ဆာစီးနီယာ သည် သူ့မ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးကို စုပ်ယူခံလိုက်ရသလို ပြေလျော့သွားသည်။ထို့နောက်သူမကိုယ်ကလည်း တစတစ ပြိုကျလာသည်။ ဘန် သည် သူမ မဟန်တော့သည်ကို ခံစားမိသောကြောင့် ဖက်ထားသော လက်နှစ်ဖက်ကို လျှော့ကာ ခါးကို ကိုင်လိုက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။တစ်လျှောက်လုံးလည်း နှုတ်ခမ်းချင်း တစ်ချက်မှ မခွာကြသေးပေ။နှလုံးခုန်သံနှင့် ရောယှက်နေသော အသက်ရှုသံတို့ကသာ အခန်းထဲတွင် ထွက်ပေါ်နေသည်။

“ဟား… ဘန်" 

နှုတ်ခမ်းချင်း ခွာလိုက်သည်နှင့် ဆွဲဆောင်မှုရှိသော သူမ အသံက ဘန်ကို နှိုးဆွပေးနေသည်။ ဘန် သည် သူ့နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီအစွန်းထင်းတို့ကို သုတ်လိုက်ပြီး တပ်မက်မှု အပြည့်ရှိသော သူမ မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။

ဆာစီးနီယာ သည် ကုတင်ပေါ်တွင် လှဲနေပြီး ဘန် က ကုတင်ပေါ်တက်ကာ သူမ၏ အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သည်။ သူ့လက်ချောင်း ရှည်ရှည်တွေက ကြယ်သီးကို ဖြုတ်လိုက်တိုင်း သူမ၏ ဗိုက်သားဖွေးဖွေးလေးကို တစ်ချက်တစ်ချက် မြင်နေရတော့သည်။ ဆာစီးနီယာ သည် ရှက်ရွံ့လာရပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ Ben သည် သူမ၏ အင်္ကျီကို ချွတ်လိုက်ရုံသာ ဖြစ်သော်လည်း သူမ ရှက်ရခြင်း အကြောင်းရင်းမှာ စူးစူးရှရှ သူ့အကြည့်များကြောင့် ဖြစ်သည်။

 "ဆာစီးနီယာ" 

သူက စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

 "မဖုံးထားနဲ့လေ" 

သူမ မျက်နှာကို အုပ်ထားသည် လက်တွေကို ညင်သာစွာ ဖယ်ရှားလိုက်ရာ နီရဲနေသော သူမမျက်နှာကို တည့်တည့်စိုက်ကြည့်နေတော့သည်။

 "မင်းရဲ့ အရာအားလုံးကို ကိုယ်ကြည့်ချင်တယ်" 

သူတို့နှစ်ယောက်ကြားက အကွာအဝေးမှာ တစ်ယောက်နှင့် တစ်ယောက်၏ အသက်ရှူသံကို ခံစားဖို့ နီးလွန်းလှသည်။ ဆာစီးနီယာ သည် သူ့မျက်လုံးများကို တည့်တည့်မကြည့်ချင်ပေ။ အင်္ကျီလည်း လှစ်ဟ,သွားသောအခါ သူမ၏ ချောမွေ့နူးညံ့သော ကောက်ကြောင်းများသည် လရောင်အောက်တွင် လင်းလက်နေသည်။ 

ဘန်သည် ခေါင်းမူးလာသောကြောင့် အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။ 

"မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကိုယ် ကြည့်မယ်… ထိမယ်…ပြီးတော့ ရေးခြစ်မယ်"

ထို့နောက် ဘန် သည် ချက်ချင်းပင် သူမ အင်္ကျီကို ချွတ်လိုက်ရာ လရောင်က သူမ ခန္ဓာကိုယ်အပေါ်ကို ဖြာကျလာသည်။ ဆာစီးနီယာ ကလည်း သူ့ခန္ဓာကိုယ်ကို ကြည့်နေပြီး သူ့ပခုံးပေါ်ရှိ ဒဏ်ရာဆီကို စမ်းသပ်ကြည့်လိုက်သည်။သူ့ နောက်ကျောက အမာရွတ်များက သူမ လက်ဖဝါးထဲတွင် အဖုအထစ်များအဖြစ် ခံစားရသည်။ထို့နောက် သူမက အိပ်ရာပေါ်မှ နည်းနည်းကြွလိုက်ပြီး သူ့ပခုံးနှင့် နောက်ကျောကို လှမ်းကြည့်လိုက်သည်။

"ဒဏ်ရာတွေ"

ဆာစီးနီယာ က အဖိုးတန်ရတနာတစ်ပါးကို ထိနေရသလိုမျိုး သူ့အသား

ကို ညင်သာစွာ ထိပြီး ပြောလိုက်သည်။ 

“အခု အဆင်ပြေပါတယ်”

ဘန် သည် တပ်မက်စိတ်ကို ထိန်းထားရကာ နူးညံ့သော သူမ အသားသည် သူ့ရင်ဘတ်ကို လာထိတိုင်း ဗလောင်ဆူနေရသော်လည်း လေးနက်လှသော သူမ စကားကြောင့် ရှေ့တိုးမရ‌ဖြစ်နေသည်။

ဆာစီးနီယာ သည် သူ့နောက်ကျောတွင် ရှိနေသော ဒဏ်ရာပေါင်းများစွာကို ထိလိုက်သည်။ ဘန် ၏မျက်ခုံးသည် သူမထိလိုက်တိုင်း အနည်းငယ်လှုပ်သွားသော်လည်း သူမ,မသိလိုက်ပေ။

 "ဖျက်ပစ်ချင်လိုက်တာ"

ဤဒဏ်ရာက သူ ဝေဒနာတွေကို ခံနိုင်ရည်ရှိသည်ဟူသော သူ့ခံယူချက်ကို ပြလိုက်သည့် သက်သေဖြစ်၏။ဖြစ်နိုင်လျှင် သူမတို့နှစ်ယောက် အတူရှိနေခိုက် ထိုနာကျင်မှုတွေကို မေ့ပျောက်ပစ်ချင်သည်။

လွန်ခဲ့သည့် သုံးနှစ်လောက်က ဖြစ်ခဲ့သော အမာရွတ်များသည် နောင်အခါ မြို့စားမင်း ဘန်၏ ပြီးပြည့်စုံသော သင်္ကေတတစ်ခု ဖြစ်လာပေလိမ့်မည်။

 "ဆာစီးနီယာ" 

သူမ သူ့အသားကို ထိလိုက်သည်နှင့် ထိတ်လန့်ရသည်။ အခု သူ ဆက်ပြီး ထိန်းမထားနိုင်တော့။

ဘန် က သူမကို ကုတင်ပေါ် အမြန်ပြန်လှဲလိုက်သည်။ ထို့နောက် နီညိုရောင်မျက်လုံးများကို ကြည့်ရင်း ခေါင်းငုံ့ထားလိုက်သည်။ 

“အာ…”

ဆာစီးနီယာ ၏ပါးစပ်မှ ညည်းညူသံ တစ်ခု ထွက်ပေါ်လာသည်။ နွေးထွေးသော ဘန်၏ နှုတ်ခမ်းများက သူမ၏ ဖြူဖွေးသော လည်ပင်းကို ပွတ်တိုက်ကာ လ ်ညှပ်ရိုးကို နမ်းရှိုက်လိုက်တာကြောင့်ပင်။

ဆာစီးနီယာ ကလည်း သူ့ဂုတ်ပိုးကို ပြန်သိုင်းဖက်လိုက်သည်။ သူ့မှာ ရှိသမျှအရာအားလုံးမှာ သူမ လိုချင်တောင့်တပြီး မျှော်လင့်ထားသည့် အရာတစ်ခုမို့ သူမလည်း ပျော်ရွှင်မှုကို ခံစားနေရ၏။

သူမ အရေပြားထဲ စိမ့်ဝင်သွားသည့် နွေးထွေးမှုကို ခံစားနေစဉ် ဘန် က သူမ ခြေထောက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ခါးမှာ ရစ်ပတ်ခိုင်းလိုက်သည်။

 

ဆာစီးနီယာ သည် ခြေချောင်းများ ပါ ကွေးကောက်နေရသည့် ပြင်းထန်လှသော ခံစားမှုကြောင့် တုန်လှုပ်သွားသည်။ ညသည် သူတို့နှစ်ယောက်ကြားတွင် နက်နဲလာသည်။ တစ်ယောက်ကိုတစ်ယောက် အဆုံးမသတ်ချင်ကြ။

“အင်…”

 ပြတင်းပေါက်မှ ထွက်လာသော ငှက်အော်သံတို့ကြောင့် ဆာစီးနီယာ မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်။ ပါးလွှာသော လိုက်ကာခန်းဆီးများမှတဆင့် နေရောင်ခြည်သည် တောက်ပနေ၏။ နေရောင်ခြည်ကို ရှောင်ရှားရန် လူးလှိမ့်ပြီး အကြောဆန့်လိုက်သည်။ညအိပ်တုန်းက တစ်ယောက်ယောက် သူမကို နင်းထားသကဲ့သို့ ကျောလည်းအောင့်နေကာ တစ်ကိုယ်လုံး နာကျင်နေသည်။

 “အင်း...အင်း…”

 "နိုးနေပြီလား"

ညည်းတွားနေသော ဆာစီးနီယာ သည် သူမ ဘေးနားမှ ကြားလိုက်ရသော အသံကြောင့် မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူ့ဘက်ကို ခေါင်းလှည့်လိုက်သောအခါ ချိုသာစွာပြုံးနေသည့် ဘန်ကို သူမ မြင်လိုက်ရသည်။

 "မင်္ဂလာနံနက်ခင်းပါ ဆာစီးနီယာ" 

သူမကို ပွေ့ပိုက်ထားရင်း ဘန် က နှုတ်ဆက်ပြီး နဖူးကို နမ်းလိုက်သည်။

 “…”  

“မနက်ခင်းကြီး နှုတ်ဆက်နေရတယ်… အိပ်မက်လိုပဲ” 

ရွှင်မြူးသော သူ့အသံက သူမနှလုံးသားကို တုန်လှုပ်သွားစေသည်။ သူသည် မျက်လုံးကပါ ပြုံးလျက် ဆာစီးနီယာကို စိုက်ကြည့်နေတော့သည်။

ဆာစီးနီယာ သည် သူ့ကိုကြည့်ရင်း မနေ့ညက အဖြစ်အပျက်ကို တွေးရင်း မျက်နှာပူလာသည်။ထို့ကြောင့် ခေါင်းအုံးထဲ မျက်နှာနှစ်ထားလိုက်တော့သည်။ တစ်ညလုံး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်အိပ်ပြီးနောက် မိုးလင်းလာမှ သူမ အိပ်ပျော်သွားပုံရသည်။

“ဟာ” 

သူ့ကို ဘယ်လို ရင်ဆိုင်ရမှန်းကို တွေးတောရင်း ဆာစီးနီယာ ထအော်လိုက်မိသည်။အဘယ်ကြောင့်ဆိုသော် ဘန် က သူမကို နောက်မှ ဆွဲဖက်လိုက်ပြီး သူ့ကိုယ်နှင့် ပူးကပ်လိုက်တာ‌ကြောင့် ဖြစ်သည်။ 

"ကိုယ် အရမ်းကြိုးစားခဲ့မိလို့လား" 

သူမ အကြည့်ကို ရှောင်ရင်း မနေ့ညက ကြိုးစားခဲ့သည့် ဘန် က သူ့ကိုယ်သူ အပြစ်တင်နေသည်။

 "အဲ့ဒါ...အဲ့လိုမဟုတ်ဘူး" 

ဆာစီးနီယာ သည် သူ့အသားနှင့် ထိကပ်နေသဖြင့် အသံပါတုန်နေရသည်။ ရှည်လျားသော ညတာသည် မနက်မိုးမလင်းတော့ဟု မျှော်လင့်ရလောက်အောင် ကောင်းမွန်ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက်၏ ခန္ဓာကိုယ်အပူချိန်ကို ရောစပ်ယှက်နွယ်ပြီး ပေါင်းစပ်လိုက်တာကြောင့် သူမကို ပိုပိုပြီး အားဖြည့်ပေး‌နေသည်။ ပထမဆုံးအကြိမ် ခံစားဖူးသည့်အတွက် သူမ,မခံစားဖူးသော ခံစားမှုအသစ်သည် သူမရင်ကို အဆုံးမရှိ နွေးထွေးစေခဲ့သည်။ အဆုံးတွင် သူ့နာမည်ကိုသာ အဆက်မပြတ်ခေါ်နေရတော့သည်။

 

"အဟမ်း"

ဘန် သည် သူမ ပါးပြင်ကို ဖိကပ်နမ်းနေသဖြင့် Cersinia သည် ရှက်သွားရကာ ချောင်းဆိုးလိုက်သည်။ထို့နောက် ရင်ထဲလည်း တဒိန်းဒိန်းခုန်နေရသည်။

 'ကြာရင် ငါ့နှလုံးသားလည်း ဒုက္ခရောက်တော့မယ်'

 “ဒါဆိုလည်း တော်သေးတာပေါ့"

 အလွန်စိတ်သက်သာ ရာရသွားသော ဘန်သည် မျက်နှာကို သူမ၏ လည်ပင်းနောက်ဘက်တွင် မြှုပ်ထားလိုက်သည်။ နေရောင်အောက်မှ ဆင်စွယ်ရောင် အသားအရေက သူ့စိတ်တွေကို နှိုးဆွနေ၏။

 

"အခုကစပြီး ကိုယ်တို့ နေ့တိုင်း အတူတူရှိတော့မယ်"

 "ဟင်" 

ဆာစီးနီယာ သည် မမျှော်လင့်ထားသည့်စကားကြောင့် သူ့ကို လှည့်ကြည့်လိုက်သောအခါ ပြုံးနေသည့် ဘန် ကို မြင်လိုက်ရသည်။ သူမသည် လိမ္မာပါးနပ်သော သူ့အပြုံးကို စိုက်ကြည့်နေပြီး စောင်အတွင်းပိုင်းကို ကြည့်လိုက်ပြန်သည်။ ထိုအခါသူ့လက်ကြီးက သူမ အသားပေါ် တွားသွားပြီး အပေါ်ကို ဖြည်းဖြည်းချင်း တက်လာသည်။သူမ အံ့သြတကြီးဖြင့် ဘန်ကို မော့ကြည့်လိုက်တော့ ပူလောင်နေသည့် သူ့အကြည့်တွေကို တွေ့လိုက်ရပြန်သည်။ 

'ထပ်ပြီးတော့လား' 

အဓိပ္ပါယ်ကို သူမ မသိတာကြောင့် အံ့ဩသွားသည်။ 

'တစ်ညလုံးအိပ်ပြီးတာတောင်...'

ဘန် သည် သူမ မောပန်းလာ၍ မျက်လုံးမှတ်သွားသည်အထိ ပင်ပန်းပုံတစ်စက်ကလေးတောင် မပြပေ။

အံ့သြစရာကောင်းတယ်လို့ ပြောရမလား…

"နားချင်လို့လား" 

ဆွဲဆောင်မှုရှိသော အပြုံးဖြင့် သူက မေးလိုက်သည်။ ဆာစီးနီယာ သည် သူ့စကားကြောင့် ရယ်မိသွားရသည် 

“အင်း…ဒါဆိုလည်း သဘော"

သူမ ပြန်ဖြေလိုက်သည်နှင့် ဘန်သည် စောင့်နေသလိုမျိုး နှုတ်ခမ်းကို ထပ်နမ်းလိုက်ပြန်သည်။ 

သို့ဖြင့်၊ ဆာစီးနီယာ သည် ညနေခင်းအထိ အိပ်ယာမှ မထနိုင်တော့ချေ။