အပိုင်း ၁၁၆
Viewers 12k

Chapter 116

ဆာစီးနီယာသည် မြင့်မားစွာတဟုန်းဟုန်းတောက်လောင်နေသည့် မီးတန်းကိုစိုက်ကြည့်ကာ တံတွေးကိုမြိုချလိုက်မိသည်။ ထိုမီးတောက်မှာ သူအရင်ကစုပ်ယူဖူးခဲ့သည့်မီးတောက်များထက်ပင် အရွယ်အစားပို၍ကြီးနေသည်။

 

‘တကယ်ပဲ အဆင်ပြေပါ့မလား’

 

မီးတောက်မှာ ရပ်နားခြင်းမရှိဘဲ အဆက်မပြတ်တောက်လောင်နေသည်။ ဆာစီးနီယာ လက်ကိုဖြန့်ကာ မီးတောက်ကိုစုပ်ယူရန်ကြိုးစားနေသည်။သူ ဆွဲငင်အားဖြင့်စုပ်ယူလိုက်လျှင် ထိုအရာကိုတားနိုင်မည်ဟု ထင်နေသော်လည်း မီးတောက်မှာ ထိုကဲ့သို့လုပ်နိုင်ရန်ပင် ခက်ခဲနေသည်။

‘ဘာလို့လဲ…’

ဆာစီးနီယာ၏ကိုယ်‌ပေါ်မှ အေးစက်သည့်ချွေးစက်များ ကျဆင်းလာခဲ့သည်။ သူထင်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် ရှက်စိတ်များကြောင့် ဇောချွေးပြန်နေခြင်း‌ပင်။

အခုအခြေအနေေအရဆိုလျှင် မီးတောက်ကိုစုပ်ယူနိုင်နေရမည်ဖြစ်သည်။ သို့သော်မီးတောက်မှာ သားရဲရိုင်းတစ်ကောင်သဖွယ် မာန်ဖီနေဆဲပင်။ ဆာစီးနီယာ၏နှုတ်ခမ်းမှာ တဆတ်ဆတ်တုန်ခါနေကာ မျက်လုံးကိုကျယ်ကျယ်ဖွင့်၍ သတိကြီးကြီးထားထားသည်။ သူသာအမှားလုပ်မိလျှင် သူ၏အနားမှလူများ နာကျင်ရပေလိမ့်မည်။

“ဟာ့”

 

နောက်ထပ်တစ်ကြိမ် သူ့လက်များကိုဆန့်ထုတ်ကာ စွမ်းအားများကိုထုတ်နေသည့်အချိန်တွင်မီးတောက်ကြီးသည် သူ၏ပစ်မှတ်ကို တွေ့သွားသပဲ့သို့ မီးခိုးတန်းများကိုဖြတ်ကာ ဆာစီးနီယာဆီသို့ ဦးတည်လာသည်။ 

 

“အားးး”

ထိုကျယ်လောင်သောအသံမှာ နေရာတစ်ခုလုံးကိုပြန့်နှံ့သွားကာ နှားစည်ကိုပင်ထိခိုက်စေနိုင်လောက်အောင် ပြင်းထန်သည်။

 

မီးတောက်သည် ဆာစီးနီယာကို ဝါးမြိုတော့မည့်ပုံဖြင့် အပြင်းအထန်ဦးတည်လာနေသည်။ သူ၏အရှိန်နဲ့ရွေ့ရှားပုံမှာ ကြောက်စရာကောင်းလှသည်။ ဘန်သည်လည်း အန္တရာယ်ကိုခံစားမိနေသည်။

“ဆာစီးနီယာ”

ဘန် ဆာစီးနီယာဆီသို့ ပြေးသွားလိုက်သည်။

အနီရောင်မီးတောက်မှာ မကောင်းဆိုးဝါးပုံစံဖြင့် ဆာစီးနီယာဆီ‌သို့ အံ့ဩစရာကောင်းသောအရှိန်ဖြင့်လာနေသည်။ ထိုအချိန်တွင် တစ်ခုခုမှားသွားပြီဆိုသည်ကို သူမ သိလိုက်သော်လည်း အလွန်ပင်နောက်ကျသွားပြီဖြစ်သည်

 

ဆာစီးနီယာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန်တိုက်ခတ်နေသော လေမုန်တိုင်းတစ်ခုနှင့်တူသည့် မီးတောက်ကြီး၏ဝါးမြိုခြင်းကို ခံရတော့မည်။

 

ပုံမှန်ဆိုလျှင် မီးတောက်ကိုစုပ်ယူနိုင်ရမည့်အစား မီးတောက်ကပင် ဝါးမြိုသွားသည်။ အညှာအတာကင်းမဲ့သော မီးတောက်ကြီးသည် ဆာစီးနီယာ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူ့လက်များနှင့် ခြေထောက်များမှာ ခြေကုန်လက်ပန်းကျကာ သတိလည်းရတစ်ချက်မရတစ်ချက်ဖြစ်‌နေသည်။ ထိုမီးတောက်ကြီးလက်မှ လွှတ်မြောက်ရန်ကြိုးစားသော်လည်း မလွှတ်မြောက်နိုင်ပေ။

ဆာစီးနီယာ၏ကိုယ်ထဲသို့ အပ်ပေါင်းတစ်သောင်းထိုးစိုက်လိုက်သလိုပင် မီးတောက်၏အပူများမှာ ထိုးဖောက်ဝင်ရောက်နေပြီးတုတ်တုတ်မျှပင်မလှုပ်နိုင်အောင်ဖြစ်နေသည်။ သူ၏အသားအရေသည် အပိုင်းအစများအဖြစ် စုတ်ပြဲသွားကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများကို အပြင်းအထန်ခံစားနေရသည်။

“ဟ-ဟမျးး…”

ဆာစီးနီယာ သတိတစ်ချက်ဝင်လာသည်နှင့် အသက်ပြင်းပြင်းရှူလိုက်သည်။ ဘန်သည်သူ၏အနားသို့ ပြေးလာသည်ကိုတွေ့လိုက်ရသည်။

 

“မ-မလာနဲ့… အနားကပ်မလာ…”

သူမ ကျန်ရှိ‌နေသည့် နောက်ဆုံးခွန်အားလေးကိုအသုံးပြု၍ ဘန်အားတားလိုက်သည်။ နာကျင်မှုခံစားနေရသည့်အထဲမှ ခက်ခက်ခဲခဲဖြင့်အသံထွက်လာရသော်လည်း စကားကိုပင်ဆုံးအောင်မပြောနိုင်လိုက်ပေ။ 

“ဟူး…”

ဆာစီးနီယာသည် သူ၏အသိစိတ်ကို ထပ်မပျောက်သွားအောင် ထိန်းသိမ်းနေသည်မှာ ဆုံးတော့မည့်ကြိုးတစ်စကို ကိုင်ထားရသလိုပင်ဖြစ်နေသည်။ သူထိန်းချုပ်နိုင်သည်ထက် ကျော်လွန်လို့နေလေသည်။ ထိုကဲ့သို့နာကျင်မှုမျိုးကို သည်းခံနိုင်စွမ်းမရှိပေ။ သူ၏မျက်လုံးများ မှိတ်မသွားခင် အချိန်လေးတွင် သူ၏နာမည်ခေါ်နေသံများကို ကြားနေရသည်။

* * *

“ဆာစီးနီယာ”

ဘန်သည် ဆာစီးနီယာအား မီးတောက်ကြီး၏လက်မှ ကယ်ဆယ်ရန်ပြေးသွားသည်။ သို့သော်တဟုန်းဟုန်းတောက်လောက်နေသည့် မီးတောက်သည် ဘန်အားထိုသို့လုပ်ရန်ခွင့်မပေးပေ။ ဘန်၏အင်္ကျီသည် မီးတောက်၏အပူရှိကြောင့် စုတ်ပြဲသွားသည်။

“မဖြစ်ဘူး မဖြစ်ဘူး”

သို့သော်ဘန်သည်လက်မလျှော့ဘဲ မီးဆီသို့ပြန်ပြေးသွားသည်။ မီးတောက်မှန်းသိသော်လည်း အတင်းတိုးဝင်နေသည့် ပိုးဖလံသဖွယ် ဘန်သည်လည်း မီးတောက်သည်သူ၏ခန္ဓကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည်ကို မသိသလိုပင်ဖြစ်နေသည်။ အမှန်မှာ မသိခြင်းမဟုတ် ထိုအရာများကိုပင် မတွေးနိုင်လောက်အောင် ဖြစ်နေခြင်းပင်ဖြစ်သည်။

 

ဆာစီးနီယာကို ကယ်ဆယ်ရန်သာ စိတ်အားထက်သန်နေသည်။ ဆာစီးနီယာသည် မီးကိုထိန်းချုပ်နိုင်သည့် စွမ်းအားရှိသည်ကို သိသော်လည်း စိုးရိမ်ပူပန်မှုများသည် သူ၏စိတ်ထဲတွင် စိုးမိုးနေဆဲပင်။ ဆာစီးနီယာသည် ‌မီးတောက်ထဲတွင် မေ့မျောနေ‌ဆဲပင်။ ဆာစီးနီယာကိုအထင်မှား‌ချင်မှားနေနိုင်သည်။ သို့သော် ထိုကဲ့သို့မကောင်းဆိုးဝါးမီးတောက်ကြီး၏ ဝါးမြိုခြင်းခံနေရပြီး အဆင်ပြေမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဘန်သည် ဆာစီးနီယာကို သူကိုယ်တိုင်ကယ်ဆယ်ရန်ကြိုးစားနေခြင်း‌ပေ။

“အလက်စ်”

သိုသော် သူ၏ခြေလှမ်းများသည်တစ်စုံတစ်ယောက်၏ တားမြစ်မှုကြောင့်ရပ်တန့်သွားပြီး အနောက်ကိုသာပြန်ဆွဲခေါ်ခံလိုက်ရသည်။

“ကျွန်‌တော့်ကိုလွှတ်”

“မင်းအဲထဲကို အတင်းဝင်သွားရင် သေသွားမှာပေါ့”

လိုင်မာဖီးယပ်စ်သည် ဘန်၏လက်ကိုအတင်းဆွဲကာ အော်ပြောလိုက်သည်။

“ကျွန်‌တော်ဂရုမစိုက်ဘူး အဲဒါကြောင့်လွှတ်ပေးပါ”

“စိတ်ထိန်းစမ်းပါဦး”

ဘန်၏ခေါင်းသည် ပြင်းထန်သောထိုးချက်ကြောင့် လည်ထွက်သွားသည်

“မရူးစမ်းပါနဲ့ကွာ”

လိုင်မာဖီးယပ်စ်သည် သူ၏လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ဘန်အားအေးစက်သည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူ၏အရင်းနှီးဆုံးသူငယ်ချင်းကို အဆုံးရှုံးမခံနိုင်ပေ။ သူ၏သူငယ်ချင်းကို သေစေနိုင်လောက်သည့်မီးတောက်ထဲသို့ မည်သို့မျှမတိုးခိုင်း‌နိုင်ပေ။ နောက်ထပ်အကြောင်းအရင်းမှာ ဆာစီးနီယာက လိုင်မာဖီးယပ်စ်အား တောင်းဆိုထားခြင်းကြောင့်ပင်ဖြစ်သည်။

“အရှင့်သား ဘန်-ဟို မြို့စားမင်းကို အဆုံးကာကွယ်ပေးပါ အဲဒါမှ သူကျွန်မမရှိလည်း နေနိုင်မှာပါ”

လိုင်မာဖီးယပ်စ်သည် ဆာစီးနီယာကိုကတိပေးခဲ့သည်။ ဆာစီးနီယာမတောင်းဆိုလျှင်တောင် လိုင်မာဖီးယပ်စ်သည် ဘန်ကိုကာကွယ်သွားမည်ဖြစ်သည်။

“‌သေချာစဉ်းစားစမ်းပါ 

ဆာစီးနီယာက မင်းလိုအဲလိုဖြစ်စေချင်ပါ့မလား”

လိုင်မာဖီးယပ်စ်မျက်လုံးများကိုစုံမှိတ်ရင်းပြောလိုက်သည်။ မီးတောက်ကြီးထဲတွင် ဆာစီးနီယာဝါးမြိုခံလိုက်ရသည့်မြင်ကွင်းမှာ သူ၏စိတ်ထဲတွင်ပြန်မြင်ယောင်နေကာ နာကျင်နေရသည်။ ဆာစီးနီယာမီးလောင်ကျွမ်းခဲ့သည်ကို မြင်တွေ့လိုက်ရသည်မှာ ကြောက်စရာကောင်းပြီးရက်စက်လွန်းလှသည်။

“သွားမှဖြစ်မယ်”

သို့သော်ဘန်သည် လိုင်မာဖီးယပ်စ်၏စကားများကို ကြားနိုင်စွမ်းမရှိဖြစ်နေသည်။ လိုင်မာဖီးယပ်စ်အား အတင်းတွန်းဖယ်လို့နေသည်။

“အလက်စ် သတိထားပါဦးကွာ”

“သူ့ဆီသွားမှဖြစ်မယ် သူနာနေမှာပဲ... တော်တော်ပူမှာ...”

ဘန်၏အော်ပြောနေသည့်အသံပါ ငိုသံမျှမျှပါနေသည်။

ဘန်၏မျက်လုံးများသည် တလောကလုံးကို စိတ်ပျက်ဒေါသထွက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေသည်။ လိုင်မာဖီးယပ်စ်၏ထိုးနှက်မှုကြောင့် ဘန်၏နှုတ်ခမ်းမှာကွဲ၍ သွေးထွက်လို့နေသည်။ သို့သော် နှလုံးသားမှနာကျင်မှုသည် ထိုနာကျင်မှုထက်ပိုနေသည်။ အရိုးများကြေကျပျက်စီးကာ မီးလောင်ကျွမ်းခံရသည့် နာကျင်မှုများတောင် ဘန်၏နှလုံးသားထဲမှနာကျင်မှုကို မကျော်နိုင်ပေ။ သူ၏အာရုံကြောများကို တစ်စုံတစ်ယောက်မှဖြတ်တောက်သွားသဖွယ် မည်သည်မျှကိုအာရုံမရှိပေ။

ဘန်သည်အသက်ပင်ရှူရခက်နေသော်လည်း ဆာစီးနီယာဆီကိုသာ ဖြစ်သမျှမြန်မြန်ရောက်အောင် သွားချင်နေသည်။ ဆာစီးနီယာထပ်၍နာကျင်မည်ကို မကြည့်ရက်ပေ။

‘ဆာစီးနီယာတော့ ငါကူညီမှာကိုစောင့်နေတော့မယ်…’

သူက ဆာစီးနီယာ၏‌ဘေးတွင် တစ်သက်လုံးရှိသွားမည်ဟု ကတိပေးထားခဲ့သည်။

“မင်းလေးဘေးမှာ ကိုယ်တစ်သက်လုံးရှိသွားပေးမယ်လို့ ကတိပေးပါတယ်”

သူ ‌ဆာစီးနီယာကို မည်သို့အခြေအနေမျိုးတွင်ဖြစ်စေ ကာကွယ်သွားမည်ဟု ကျိန်ဆိုထားခဲ့သည်။

ဘန်သည် လိုင်မာဖီးယပ်စ်ကို အတင်းတွန်းဖယ်၍ ဆာစီးနီယာဆီသို့ ပြေးသွားလိုက်သည်။

“မြို့စားမင်းကိုတား”

လိုင်မာဖီးယပ်စ် အစောင့်အကြပ်များကို အမိန့်ပေးလိုက်သည်။ လက်မလျှော့သော ဘန်အားတားရန်မှလွှဲ၍ မည်သည်မျှရွေးစရာမရှိပေ။ လိုင်မာဖီးယပ်စ်၏အမိန့်ကြောင့် အစောင့်အကြပ်များသည် ဘန်အားဝိုင်းလိုက်သည်။

“‌ဘေးဖယ်ကြစမ်းကွာ”

ဘန်သည် ကြမ်းကြုတ်ရက်စက်သော မျက်လုံးများဖြင့် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

“‌တောင်းပန်ပါတယ် ‌အိမ်ရှေ့စံမင်းသားရဲ့ အမိန့်မလို့ပါ”

အစောင့်အကြပ်များက ဘန်အားမည်သို့မျှလမ်းမဖယ်ပေးချေ။

“မင်းတို့အားလုံးကိုမသတ်မိခင် ငါ့အရှေ့ကနေဖယ်လိုက်နော်”

“‌တေ-တောင်းပန်ပါတယ်

အစောင့်အကြပ်များသည် ကြောက်ဒူးများတုန်နေသော်လည်း လိုင်မာဖီးယပ်စ်၏အမိန့်ဖြစ်သည့်အတွက် မနာခံ၍မရချေ။

ဘန်က အစောင့်အကြပ်များကို ဒေါသမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ထိုဒေါသမီးမှာ မည်သို့မျှငြိမ်းသက်သွားတော့မည်ပုံ မပေါ်ချေ။

“…”

ဘန်၏စိတ်ထဲတွင် ဆာစီးနီယာနှင့်နောက်ဆုံးပြောခဲ့သည့် စကားများကို ပြန်ကြားယောင်နေသည်။ ဆာစီးနီယာသည် သူနှင့်အမြဲအတူရှိမည်ဟု ဘန်ကပြောလိုက်လျှင် ပြုံးကာကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

“သံအမတ်ကြီး ကျွန်တော်တို့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ”

အစောင့်အကြပ်များက ဘန်ဓားရှည်ကိုကိုင်ကာ ငြိမ်သက်စွာရပ်နေသည်ကိုတွေ့၍ ဘန်လက်လျှော့သွားပြီဟုထင်ကာ စိတ်လျှော့နိုင်သွားသည်။

“ဆာ-ဆာစီးနီယာ”

ထိုအချိန်တွင် မေ၏ခြေလှမ်းများမှာ ရပ်တန့်သွားကာ မျက်ရည်များကျဆင်းလာခဲ့သည်။

“မီးထဲမှာ လူရှိနေလို့ ကူညီကြပါဦး”

ဗားန်က မီးကိုငြှိမ်းသတ်ရန် ရေများပက်ဖြန်းနေသည်။

“ကူညီကြပါဦး”

မေသည် သူ၏မျက်ရည်များကိုသုတ်ရင်း တစ်စုံတစ်ခုကူညီပးနိုင်ရန်အတွက် သဲပုံးကိုသယ်ပေးနေသည်။ မေနှင့်ဗားန်သည် တစ်ယောက်တစ်လက်ဖြင့် သဲနှင့်ရေများပက်ဖြန်းကာ မီးကိုငြှိမ်းသတ်နေသည်။ အကူအညီပေးရန် အော်ဟစ်နေခဲ့သော်လည်း ကြောက်ရွံ့နေသည့်လူများမှာ သူတို့လွတ်မြောက်ရန်အတွက်သာ အလျင်လိုနေသည်။ 

အဆက်မပြတ်တောက်လောင်နေသည့် မီးတောက်ကြီးသည်‌အရောင်ဖျော့သွားခဲ့သည်။ တစ်ချက်တည်းနှင့်ပင် အပြတ်သိမ်းနိုင်မည့်ပုံပင်။ သို့သော် တစ်ခဏအကြာတွင် သေးငယ်သောမီးတောက်ငယ်လေးသည် ဖျတ်ဖနဲဖြင့် ပြန်တောက်လောင်လာခဲ့သည်။

“အကုန်လုံး ဝိုင်းကူမှအဆင်ပြေမှာပါ....”

တစ်စုံတစ်ယောက်သည် ခြေစုံရပ်ကာ အော်ပြောလိုက်သည်။ အမျိုးသမီးသည် မီးသတ်ပိုက်ကိုယူကာ ရေသွယ်ပိုက်နှင့်ချိတ်ဆက်၍ မီးတောက်များကို ပစ်နေသည်။ ထိုအမျိုးသမီးမှာ ဆာစီးနီယာကယ်ခဲ့သည့်ကလေးတစ်ယောက်၏ အမေပင်ဖြစ်သည်။

“‌ရေပိုက်တွေအကုန်လုံးယူလိုက်”

 

လိုင်မာဖီးယပ်စ်သည်လည်း ဝင်ကူညီခဲ့သည်။ သူ၏အစောင့်အကြပ်များကို ရေပိုက်များယူလာရန် အမိန့်ပေးနေသည်။ 

ယူလာသောရေပိုက်များဖြင့် မီးတောက်များကိုရေများဖြင့် ပစ်နေကြသည်။ ထိုသို့အများအားကြောင့် မီးတောက်မှ အနက်ရောင်မီးခိုးမြူများသည် အမှောင်ထုသဖွယ်ဖုံးလွှမ်းသွားသည်။

မီးခိုးများသည် နေရာအနှံ့ကိုပျံ့နှံ့သွားသည်။ မီးတောက်ကို ရေလောင်းလိုက်၍ထွက်လာသောထိုမီးခိုးများကြောင့် လူများသည်မွှန်၍ ချောင်းဆိုးနေကြသည်။ သို့သော် ထိုကဲ့သို့အခြေအနေရောက်အောင်ပင် မနည်းပင်ငြှိမ်းသတ်ခဲ့ရခြင်းပင်။ သိုသော်မီးမှာ အကုန်မငြိမ်းသေးပေ။

“‌ရေ-ရေပိုက်တွေ ထပ်ယူခဲ့”

စိတ်ရှုပ်ထွေးနေသည့် လိုင်မာဖီးယပ်စ်က သူ၏အစောင့်အကြပ်များကို အောင်ပြောလိုက်သည်။ ထိုအခြေ‌အနေကြောင့် အစောင့်အကြပ်များသည်လည်း စိတ်တွင်တုန်လှုပ်ခြောက်ခြားနေကြသည်။

ထိုအချိန်တွင် ခရမ်းရင့်ရောင်မျက်လုံးတစ်စုံမှာ သတိကြီးကြီးထားနေသည်။ ဘန်သည်သူ၏ဓားရှည်ကို အစောင့်အကြပ်များသို့ ချိန်ရွယ်ထားကာ လွှဲလိုက်သည်။ သူ၏ဓားရှည်ရှိချွန်ထက်သည့် ဓားသွားသည် အစောင့်အကြပ်များ၏ လက်မောင်းနှင့်ခြေထောက်များကို ဖြတ်သန်းသွားသည်။ သူ၏လမ်းကိုလာပိတ်သည့်သူမှန်သမျှကို ခုတ်ပစ်ရန် အဆင်သင့်ဖြစ်လို့နေသည်။

“သံ-သံအမတ်ကြီး”

“အားးးး”

အကာအကွယ်မဲ့နေသည့် အစောင့်အကြပ်များသည် သွေးထွက်နေသော ဒဏ်ရာများဖြင့်ပြိုလဲနေသည်။ သူတို့အား လိုင်မာဖီယပ်စ်ပေးထားသည့် အမိန့်မှာဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘန်သည်ကျားသစ်သဖွယ် အစောင့်အကြပ်များ၏အော်သံများကြားမှ ထွက်လာခဲ့သည်။

“အလက်စ်”

လိုက်မာဖီးယပ်စ်သည် ဘန်၏နာမည်ကို အလျင်အမြန်ခေါ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဘန်က မီးထဲသို့တုံ့ဆိုင်းခြင်းမရှိ ဦးတည်သွားသည်။ အကယ်၍ထိုအချိန်သည် ဆာစီးနီယာနှင့်နေနိုင်ရန် နောက်ဆုံးအချိန်ဆိုလျှင်... လက်လွတ်မခံဘဲ ဆာစီးနီယာ‌ဆီသို့ အရောက်သွားရပေ‌မည်။

“ဆာစီးနီယာ” ဘန်၏အသံမှာ ပဲ့တင်ထပ်လို့နေသည်

အရာအားလုံးကို ဝါးမြိုနိုင်သည့် မီးတောက်ကိုပင်မကြောက်မရွံ့ဖြင့် ခုန်ဝင်သွားကာ ဆာစီးနီယာရှိသည့်နေရာသို့ ရောက်အောင်သွားခဲ့သည်။ လူတိုင်းသည် ဘန်၏ကိုယ့်ကိုယ်ကိုယ်သတ်သေစေနိုင်လောက်သည့် လှုပ်ရှားမှုကြီးကို တအံ့တဩဖြင့် စိုက်ကြည့်၍နေကြသည်။ 

ထိုအချိန်တွင် လောကကြီးတစ်ခုလုံးကို ပျံ့နှံ့သွားနိုင်လောက်သည့် ကျယ်လောင်သောပေါက်ကွဲသံ ပေါ်ထွက်လာခဲ့သည်။

Xxxxxxxx