အခန်း((3))
သွမ့်ချန်ဟွေ့၏ သင်္ဘောပေါ်တွင် __
“ဗိုလ်ချုပ်၊ ကျွန်တော် တင်ပြစရာရှိပါတယ်”
ကိုယ်ရံတော် ယန်ဖန်က စိုးရိမ်နေသည့်အမူအရာဖြင့် ကမန်းကတန်း ပြေးဝင်လာသည်။
“ဘာဖြစ်တာလဲ?”
သွမ့်ချန်ဟွေ့က လေးနက်သောလေသံဖြင့် မေးလိုက်လေ၏။
ယန်ဖန်က ဖိုင်တွဲကို ကိုင်လျက် ခန္ဓာကိုယ်ကို ဖြောင့်မတ်သည့် အနေအထားဖြစ်အောင် ပြုပြင်လိုက်သည်။
“ဒဏ်ရာရထားတဲ့သူတွေကို ကုသပေးထားပြီးပါပြီ ဗိုလ်ချုပ်၊ ဒဏ်ရာရထားတာကလွဲပြီး တခြားအသေအပျောက်မရှိပါဘူး၊
ဒါပေမဲ့ ဒဏ်ရာရတဲ့လူစာရင်းမှာ ဟယ်ချင်းနာမည်ကို ကျွန်တော် တွေ့ခဲ့ပါတယ်”
“ဟယ်ချင်း?”
လက်အောက်ငယ်သားများအားလုံးက သွမ့်ချန်ဟွေ့.ထံသိုး တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
ဟယ်ချင်းဆိုသူမှာ ၎င်းတို့ဗိုလ်ချုပ်၏ အနာဂတ် ခင်ပွန်းလောင်းပင် မဟုတ်ပါလား?
သွမ့်ချန်ဟွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“သူ ဘယ်လိုနေလဲ?”
ယန်ဖန် တုံဆိုင်းနေခဲ့သည်။
“သူ့လက်မှာ ဒဏ်ရာရထားပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး၊ သူ လန့်ပြီး သတိလစ်သွားတဲ့ပုံပဲ”
သွမ့်ချန်ဟွေ့က အကြီးအကဲထိုင်ခုံတွင် ထိုင်လိုက်ပြီး စခရင်ပေါ်ရှိ ဟယ်ချင်း နာမည်ကို အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်သည်။
“ငါ သိပြီ၊ ကြယ်စုပင်လယ်ဓားပြတွေကိုရော ထိန်းချုပ်လိုက်နိုင်ပြီးလား?”
မလှုပ်မယှက်အနေအထားဖြင့် ရပ်နေသော ယန်ဖန်က လက်ထဲရှိ အစီရင်ခံစာကိုကြည့်ကာ ဆက်ပြီး အစီရင်ခံလိုက်သည်။
“ကယ်ဆယ်ရေးလုပ်ငန်းစဉ်က အဆင်ပြေပြေနဲ့ ပြီးစီးသွားပါတယ်၊ တစ်စုံတစ်ယောက်က စိတ်စွမ်းအင်ကို အသုံးပြုပြီး ရန်သူတွေကို သတိလစ်အောင် လုပ်ခဲ့တဲ့ပုံပဲ၊
ခန့်မှန်းချက်အရတော့ သူ့ရဲ့စိတ်စွမ်းအင်က အဆင့် 3S ရှိတယ်လို ယူဆရပါတယ် ဗိုလ်ချုပ်၊ အဲဒီလူက အရေးပေါ် သင်္ဘောကို သုံးပြီး ထွက်ပြေးသွားတာဖြစ်နိုင်တယ်လို ကျွန်တော်တို့ ခန့်မှန်းထားတယ်”
“သူရဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားချင်တာများလား?”
သွမ့်ချန်ဟွေ့ သူ့၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“ဟုတ်ပါတယ်၊ နာမည်နဲ့အချက်အလက်အားလုံးက အတုတွေပဲ ဖြစ်နိုင်တယ်၊ သူတို့က တွင်းပေါက်ထဲကို ဝင်သွားတယ်၊ ကျွန်တော်တို့ လိုက်ဖမ်းရမလား?”
သူ၏စကားကိာကြားလျှင် တခြားသူများက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဗိုလ်ချုပ်ကြီး၏စိတ်စွမ်းအားနှင့် အတိုင်းအတာ တူညီသော 3S အဆင့်ရှိသည်း စိတ်စွမ်းအင်ရှိသူမှာ ကြုံတောင့်ကြုံခဲ ရှားပါးလွန်းပေ၏။
သို့သော်ငြားလည်း အရေးပေါ်အသက်ကယ်လှေလေးနှင့် တွင်းပေါက်ထဲသို့ ဝင်သွားခြင်းက အန္တရာယ်များလွန်းလှပြီး အသက်ရှင်နိုင်ဖိုရန်မှာ ဆယ်ပုံပုံတစ်ပုံမျှသာ ရှိသည်။
“ထားလိုက်တော့၊ လိုက်ဖမ်းစရာမလိုဘူး”
“ဗိုလ်ချုပ်ရဲ့ အနာဂတ်ခင်ပွန်းလောင်းကိုရော ဘယ်လိုလုပ်ရမလဲ ?”
ယန်ဖန် သတိထားပြီး မေးလိုက်သည်။ မကြာသေးမီကပင် အင်အားနည်းပါးလာသော မင်းမျိုးမင်းနွယ်များက ဗိုလ်ချုပ်ဟွမ့်ကို မျက်စိကြနေကြပြီး ချမ်းသာသောအိမ်ထောင်ရေးအတွက် အရိပ်အမြွက် ပြသခဲ့ကြသည်။
ဟယ်မိသားစုသည်လည်း ထိုအထဲမှ တစ်ခုဖြစ်နေခဲ့လေသည်။
“သူ့ကို ဗဟိုဆေးရုံကို ပို့ပြီး အသေးစိတ်စစ်ဆေးတာတွေ လုပ်ပေးလိုက်တော့၊ ကြယ်စုပင်လယ်ဓားပြတွေကိုလည်း ခေါ်သွားပြီး စစ်ဆေးလိုက်”
“ကောင်းပါပြီ၊ ဗိုလ်ချုပ်”
သွမ့်ချန်ဟွေ့ပ ကြယ်စုပင်လယ်ဓားပြများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် မြို့တော်ကြယ်စုသို့ ပြန်လာခဲ့သည်။
လုပ်ထုံးလုပ်နည်းများအရ သူ၏ အနာဂတ် အိမ်ထောင်ဘက်ထံသို့ သွားရောက်တွေ့ဆုံရပေဦးမည်။
သူ တံခါးကို ဖွင့်လိုက်သည့်အချိန်တွငရ တည်ငြိမ်အေးချမ်းသော အလှတရားနှင့် ပြည့်စုံသော လူငယ်တစ်ဦးက သစ်သားငါးကို ခေါက်နေကြောင်း မြင်လိုက်ရသည်။
(T/N - သစ်သားငါး_ ဘုရားစာ ရွတ်ဆိုရာတွင် တီးခတ်အသုံးပြုရသည့် သစ်သားဖြင့် ပြုလုပ်ထားသော တူရိယာတမျိုး)
သွမ့်ချန်ဟွေ့ ထိုမြင်ကွင်းကို ကြည့်ရင်း တဒင်္ဂမျှ မိန်းမောသွားခဲ့သည်။သူ့၏မျက်စိရှေ့ရှိ အမျိုးသား၏ ရုပ်ဆင်းသွင်ပြင်သည် အပြစ်ပြောစရာမရှိလောက်အောင် ချောမောလှပနေပြီး ကွဲပြားခြားနားသည့် ခံစားချက်မျိုးကို ပေးနေလေသည်။
မနက်ခင်း မိုးလင်းခါစအချိန် ကောင်းကင်မှ အလင်းတန်းများ အောက်တွင် စွမ်းအင်အပြည့်ဖြင့် ဖြောင့်ဖြောင့်တန်းတန်း ပွင့်လန်းနေသော ကြာပန်းဖြူများကိုပင် သူ ရုတ်ချည်း အတွေးရောက်သွားသည်။
သွမ့်ချန်ဟွေ့တစ်ယောက် မိန်းမောနေရာမှ အလျင်အမြန် သတိပြန်ကပ်လိုက်ပြီး တဒင်္ဂတုန်လှုပ်မှုကို အမြန်ပင် ထိန်းချုပ်ကာ ဟယ်ချင်းကို သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။
တစ်ဖက်လူ၏လက်မောင်းတွင် ပတ်တီးစည်းထားပြီး လက်ထဲတွင်ပုတီးကို ကိုင်ထားသည်။ သူ၏ နက်မှောင်သော ဆံနွယ်များကို အဝတ်စဖြင့် သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည်။
ဝတ်ဆင်ထားသော အဝတ်အစားမှာလည်း သူနှင့်လိုက်ဖက်စွာကြည့်ကောင်းလို့နေသည်။
ဟယ်ချင်းသည်လည်း တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို အတန်ကြာကတည်းက ခံစားမိပြီးဖြစ်သည်။
ဆိုရလျှင် သူ နိုးလာသည်က မကြာသေးပါချေ။
အခြေအနေကို သုံးသပ်ရလျှင် ကြယ်စင်စု ပင်လယ်ဓားပြ ဖြစ်စဉ်ကို ကောင်းမွန်စွာ ဖြေရှင်းပြီးဟု ထင်ရသည်။
ယခု ဆက်လက်ဖြေရှင်းရန် ကျန်ရှိနေသည်မှာ သူ၏အိမ်ထောင်ရေးကိစ္စသာဖြစ်ပေသည်။
ဆရာဝန်မှ သွမ့်ချန်ဟွေ့အား ပြောနေသည့်စကားများကို သူကြားနေခဲ့ရသည်။
“ဗိုလ်ချုပ်၊ မစ္စတာဟယ်က ထိခိုက်ဒဏ်ရာ နည်းနည်းလောက်ပဲရထားတာပါ၊ သူအဆင်ပြေပါတယ်”
“ကောင်းပြီ”
သွမ့်ချန်ဟွေ့၏အသံက တည်ငြိမ်နေခဲ့သည်။
“ဒါဆို ကျွန်တော်သွားတော့မယ်၊ ဗိုလ်ချုပ်တို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြပါ”
ဆရာဝန်က လိမ်မာပါးနပ်စွာဖြင့် နေရာမှ ထွက်ခွာသွားလေသည်။
ဟယ်ချင်းက သစ်သားငါးကို ထပ်ပြီး ခေါက်နေခဲ့သည်။ သို့သော်လည်း သူ ထပာမံ၍ ဟန်ဆောင်ထားနိုင်မည် မဟုတ်ကြောင်းကို သဘောပေါက်လိုက်ပြီး မျက်လုံးဖွင့်ကာ သွမ့်ချန်ဟွေ့ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ထိုအမျိုးသား၏ ပတ်လည် တွင် ဝိုင်းရံနေသော ရွှေရောင်အလင်းတန်းများက သူ့မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။
ဟယ်ချင်းအတွက်တော့ ဤကဲ့သို့ အလင်းရောင်များ ထူထဲစွာ တောက်ပနေသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထို့အတူ သူ့၏ဘေးဘက်ပတ်လည်တွင် လှည့်ပတ်နေသော အမည်းရောင် အခိုးအငွေ့များလည်း အနည်းငယ်လည်း ရှိနေသည်။
ဟယ်ချင်း အရင်ဆုံး စကားစ ပြောလိုက်သည်။
“ဗိုလ်ချုပ်ဟွမ့် ၊ မင်းရဲ့မျက်နှာပေါ်မှာ မကောင်းတဲ့စွမ်းအင်တွေ ဖုံးလွှမ်းနေတာကို ကိုယ်တော်မြင်နေရတယ်၊
မင်းရဲ့ ဘေးနားမှာလည်း မကောင်းတဲ့အငွေ့အသက်တွေ ဝိုင်းရံနေတယ်၊ မင်းရဲ့သက်တမ်းက သိပ်မကျန်တော့မှာကို ကိုယ်တော်စိုးရိမ်မိတယ်”
ထိုစကားမှာ သူ လိမ်ညာပြောဆိုလိုက် ခြင်းမဟုတ်ချေ။ သွမ့်ချန်ဟွေ့က အမှန်တကယ်ပင် ဂြိုဟ်သားအဆိပ်သင့်နေခြင်း ဖြစ်သည်။
“ငါ သိတယ်”
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော သွမ့်ချန်ဟွေ့က မျက်လုံးကိုပင့်ကြည့်လိုက်လေသည်။ သို့တိုင်အောင် သူ၏အရှိန်အဝါက အနည်းငယ်မျှပင် လျော့နည်းသွားခြင်းမျိုး မရှိချေ။
ဟယ်ချင်း သူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
“ကိုယ်တော် အရင်တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ဖူးတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့အဆင့်တွေလည်း ထိုးကျသွားခဲ့တယ်၊
ကိုယ်တော့်ရဲ့ စိတ်စွမ်းအားတွေ ဆုတ်လျော့ပြီး ခန္ဓာကိုယ်ကလည်း အားနည်းသွားခဲ့တယ်၊ ဒီတော့ ဗိုလ်ချုပ်ကို သိပ်ပြီးကူညီနိုင်မယ် မထင်ဘူး၊
ဒီတော့ ကိုယ်တော်တို့ရဲ့လက်ထပ်ပွဲကို ဖျက်သိမ်းပေးလို့ ရမလား?”
သူ ရုတ်တရက် သွမ့်ချန်ဟွေ့နှင့်လက်ထပ်ရမည်ကို စိတ်မသက်သာဖြစ်လာရသည်။ သူ့အတွက်တော့ ဤအတုအယောင်လက်ထပ်ပွဲက မသင့်လျော်သောအကြံအစည်တစ်ခုပင်။
ထိုကဲ့သို့ ကံကောင်းခြင်း အလင်းရောင်များ ထူထဲစွာ ဝန်းရံထားသော လူတစ်ယောက်က သူ၏ဘဝလက်တွဲဖော်ဖြစ်လာမည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါချေ။
သူ့အတွက်တော့ ဤလက်ထပ်မှုသည်က အလွန်အမင်းအန္တရာယ်များလွန်းသည်။
“မရဘူး”
သွမ့်ချန်ဟွေ့က တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ငြင်းဆိုလိုက်သည်။
“???”
ဟယ်ချင်း သူ့ကို နားလည်သဘောပေါက်စေရန် ရှင်းပြမှဖြစ်ပေတော့မည်။
“ဗိုလ်ချုပ်၊ အတင်းအကျပ် လက်ထပ်ယူထားတဲ့ အိမ်ထောင်ရေးက ပျော်ရွှင်မှုကို ရနိုင်မှာမဟုတ်ဘူး”
သွမ့်ချန်ဟွေ့က ပန်းစည်းကိုကိုင်ထားပြီး သူ၏အစောင့်အား ခေါင်းညိတ်အချက်ပြလိုက်ကာ ဝှီးချဲကို ပိုမိုနီးကပ်အောင်တွန်းစေလိုက်သည်။
ထို့နောက် သူက ပန်းစည်းကို စားပွဲဘေးတွင် ချလိုက်ပြီး၊ တရားဝင် မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ မစ္စတာဟယ်၊ ဒါ ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းပဲ၊ ငါ့ နာမည်က သွမ့်ချန်ဟွေ့ဖြစ်ပြီး စစ်သားတစ်ယောက်ပါ၊
စည်းကမ်းတွေကို လိုက်နာပြီး ဥပဒေအရ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ငါမင်းကို လက်ထက်မယ်”
ဟယ်ချင်း စိတ်ထဲတွင် တွေးလိုက်မိသည်။
‘ဒီလူက လက်ထက်ပွဲကို စာချုပ်စာတမ်းတစ်ခုလို အပြီးသတ်ဖို့ ကြိုးစားနေတာပဲ’
ဟယ်ချင်း ဇွဲမလျော့ပဲ ဆက်ပြီး ကြိုးစားလိုက်သည်။
“ကိုယ်တော့်ဆီမှာ ဖယ်ရိုမုန်းမရှိဘူး၊ကလေးလည်းမမွေးနိုင်ဘူး၊ ပြီးတော့ ကိုယ်တော်က ဗုဒ္ဓရဲ့သားတော်အဖြစ်ခံယူထားတဲ့သူပါ”
အပြင်ဘက်မှ တိုက်ခတ်လာသော လေပြေလေညှင်းများမှတဆင့် ကြာပန်း၏ မွှေးရနံ့ကို ခပ်သင်းသင်း ရှုရှိုက်လိုက်မိသည်။
သွမ့်ချန်ဟွေ့က ချောမောပြီး ကြည့်ကောင်းလွန်းလှသော ဟယ်ချင်း၏မျက်နှာကို ကြည့်ရင်း အနည်းငယ်ပြုံးလိုက်မိသည်။
“ကိစ္စမရှိဘူး၊ ငါ အဲဒါတွေကိုစိတ်မရှိပါဘူး”
ဘယ်လို လူလိမ်လေးလဲ။
ဟယ်ချင်း : “??”
ဟယ်ချင်းသည်လည်း ဇွဲမလျော့ပဲ နှုတ်ခမ်းထောင့်စွန်းများကို ပင့်တင်လိုက်ပြီး နူးညံ့သိမ်မွေ့သော အပြုံးဖြင့် သူ့အား ထပ်မံစည်းရုံးရန် ကြိုးစားလိုက်ပြန်သည်။
“ဒါဆို ဗိုလ်ချုပ်၊ ကိုယ်တော်တို့လက်ထက်ပြီး နောက်ပိုင်းမှာ ကွာရှင်းပေးနိုင်မလား? ပြောလို့မရဘူးလေ၊ ဗိုလ်ချုပ်လည်း တကယ့်အိမ်ထောင်ဘက်ကို ရှာတွေ့ပြီး လက်ထပ်ချင်တာမျိုး ရှိလာနိုင်တာပဲမဘား”
သွမ့်ချန်ဟွေ့ သူ့အား ခဏကြာအေညာ်စိုက်ကြည့်ပြီးနောက် အနည်းငယ်စိတ်ဝင်စားလာခဲ့သည်။
“စနစ်က ငါတို့နှစ်ယောက်ကို ‘ကံကြမ္မာမိတ်ဖက်’တွေလို့ ပြထားတယ်”
“ဒါက တွက်ချက်မှုတစ်ခုပဲ၊ တစ်နေ့နေ့မှာ မင်း တကယ်ချစ်တဲ့သူကို တွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ? သူအတွက် ဘယ်တရားပါ့မလဲ?”
“ရှိလာမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူးလို မင်းကိုယ်တိုင်ပဲ ပြောထားတယ်မလား”
သွမ့်ချန်ဟွေ့ ပြောနေရင်းဖြင့် အနည်းငယ်အိပ်ငိုက်လာခဲ့သည်။
“ငါ သေသွားတာနဲ့ မင်းလွတ်လပ်သွားလိမ့်မယ်၊ ပြီးတော့ ငါရဲ့ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကိုလည်း မင်း ခံစားခွင့်ရမယ်၊ အခုချိန်မှာ လက်ထက်ပွဲကို ဖျက်သိမ်းလိုက်ရင် မင်း အဖြူရောင်မျှော်စင်ဆီ ပြန်သွားရလိမ့်မယ်၊
ပြီးတော့ ငါ့ရဲ့အချိန်က သုံးနှစ်လောက်ပဲ ကြာတော့မှာ၊ ငါ မင်းအတွက် အရာအားလုံးကို သေချာ စီစဉ်ပေးခဲ့မယ်”
“…”
ဟယ်ချင်း မည်သို့တုန့်ပြန်ရမည်ကို မသိတော့ပဲ ခဏကြာအောင် တိတ်ဆိတ်သွားရသည်။
သွမ့်ချန်ဟွေအား ဝန်းရံထားသော ရွှေရောင်အလင်းတန်းကို သူ ထပ်ပြီး စိုက်ကြည့်လိုက်သည်။
အောမိထောဖော ..
ဘုရားခုနှစ်ဆူ တည်နိုင်တာထက် လူတစ်ယောက်ရဲ့ ဘဝကို ကယ်တင်ခြင်းက ပိုကောင်းပါတယ်။
အထူးသဖြင့် ဤမျှ ကြီးမားတဲ့ ကံကြမ္မာစွမ်းအား ပိုင်ဆိုင်ထားသူဆိုပါက ပို၍ပင် ကောင်းနေသေးသည် မဟုတ်ပါလား?
“ကောင်းပြီလေ”
ဤသည်မှာ ကံတရားကြောင့်ဟု ဆိုနိုင်သော်လည်း သုံးနှစ်ဟူသော အချိန်က သူ့အတွက် ရှည်ကြာလွန်းလှပြီး စွန့်စားလွန်းရာလည်း ရောက်နေသည်။
*