အပိုင်း ၁၁၈
Viewers 12k

Chapter 118

ဘန်း

ကြီးမားသည့် ပေါက်ကွဲသံကြီးနှင့်အတူ အန္တရာယ်ကြီးစွာ တောက်လောင်နေသည့်မီးတောက်ကြီးသည် ရေနှင့်ပက်ဖြန်းလိုက်သဖွယ် ပြိုကွဲသွားသည်။ 

“အား”

“အာ-အားးးးး”

ထိုမီးတောက်ကြီးမှာ သူတို့နှင့် လောကကြီးတစ်ခုလုံးကို လောင်မြိုက်တော့မည်ဟု ထင်မှတ်နေ၍ အော်ဟစ်နေကြသည်။

“ဟ-ဟမျ…”

သို့သော်တစ်ခဏအကြာတွင် ထိုအော်ဟစ်သံများမှာ တစ်မျိုးပြောင်းသွားသည်။

“မပူဘူးဟ…”

လူများသည် ပဟေဠိဖြစ်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။

“ဘယ်လိုလုပ်ပြီး…”

လူတစ်ယောက်ကို ဝါးမြိုနိုင်သည့် မီးတောက်ကြီးမှာ ရုတ်ရက်ဆိုသလိုပင် နေရာပေါင်းစုံသို့ ကွဲထွက်ပျံ့နှံ့သွားပြီး အနီရောင်ရေနွေးငွေ့များအဖြင့် ကောင်းကင်ယံသို့ တက်သွားသည်။ အနီရောင်ရေနွေးငွေ့များမှာ အလွန်ပေါ့ပါးလွန်းသည့်အတွက် လေနှင့်ပင်မျောပါသွားသည်။

“ဟို-ဟိုမှာကြည့်လိုက်ဦး”

တစ်စုံတစ်ယောက်က ထိုသို့အော်ပြောလိုက်သည်နှင့် အားလုံး၏မျက်လုံးများသည် မီးတောက်ဆီသို့ ဦးတည်သွားကြသည်။

“ဒါ-ဒါက…”

ထိုအသံမှာ အံ့ဩမှုနှင့်သိချင်စိတ်များရောယှက်နေသည်။

“ဆာစီးနီယာ…”

ပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် အနီးအနားတွင် ရှိနေခဲ့သောကြောင့် ဘန်၏ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များရနေသည်။ သူ၏အရေပြားမှာ သွေးများစီးကျနေသည်။ သို့သော် ဘန်သည် ထိုအရာကိုစိတ်ပူရန်အချိန်မရှိဖြစ်နေသည်။ မီးတောက်များပျောက်ကွယ်သွားသည့်နေရာတွင် တစ်စုံတစ်ယောက်သည် မတ်တပ်ရပ်လျက်ရှိနေသောကြောင့်ပင် ဖြစ်သည်။

မီးတောက်ကြီး၏ သနားညှာတာမှုကင်းမဲ့စွာဖြင့် ဝါးမြိုခြင်းခံလိုက်ရသည့် အမျိုးသမီးသည် ယခုတွင် အကောင်းအတိုင်း မတ်တပ်ရပ်လျက်ပင်။ ထိုအမျိုးသမီးမှာ ဆာစီးနီယာပင်ဖြစ်သည်။ သူသည် ထိုနေရာတွက် ဒဏ်ရာတစ်ချက်မျှပင်မရဘဲ မတ်တပ်ရပ်နေသည်။ သူ၏ခြုံထည်နှင့် ဂါဝန်စမှာတော့ နည်းနည်းငယ်မီးလောင်ထားသည်။ ထိုအရာများထက် မီးတောက်ကြီး၏ဝါးမြိုခြင်းမခံရခင်က ကြည့်ခဲ့‌သည့် အကြည့်များအတိုင်း ကြည့်နေခဲ့သည်။

 

ဆာစီးနီယာ၏ ပိတ်ထားသောမျက်လုံးများသည် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုမျက်လုံးများမှာ အရင်က‌လောက်နီရဲမနေတော့ပေ။ ဆောင်းဦးရာသီတွင် နေဝင်သွားသည့်အချိန်တွင် မြင်တွေ့ရသည့် ကောင်းကင်၏အရောင်အဖြစ် ပြောင်းနေသည်။ ဟိုဟိုဒီဒီပြန့်ကျဲနေသော မီးတောက်များကိုကြည့်နေသည့်အကြည့်မှာ ယခင်ကထက်ပင်ပို၍ တည်ငြိမ်နေသည်။

ထိုအရာများကို ကြည့်ခြင်းအားဖြင့် ဆာစီးနီယာပြန်လာသည်ဟုတထစ်ချ ပြောနိုင်သည်။ သူ၏စွမ်းအားဖြင့် လူသားများကိုကာကွယ်ရမည်ကို ရှင်းရှင်းလင်းလင်းသိရှိသွားပြီဖြစ်သည်။ ထိုကြောင့် စင်ကြယ်သောအဖြူရောင်အလင်းတန်းသည် ဆာစီးနီယာအားပြန်ပို့ခဲ့ခြင်းဖြစ်နိုင်သည်။ ဆာစီးနီယာသည် တုံ့ဆိုင်းခြင်းမရှိဘဲ မီးတောက်ကြီးရှိရာသို့ ဦးတည်သွားလိုက်သည်။

ဂွန်း။

မီးတောက်ကြီးသည် လေပေါ်သို့အမြင့်ကြီးတက်သွားကာ အသံအကျယ်ကြီးတစ်ချက်ဟိန်းလိုက်သည်။ ထိုမီးတောက်ကြီးသည် ဟိန်းသံနှင့်အတူ ကတော့ပုံစံဖြင့် လည်လို့နေသည်။

“ဟမ်း”

ထိုအမျိုးအမည်မသိသော အဖြစ်အပျက်ကို မြင်တွေ့နေရသော လူများသည် ကြောက်လန့်၍အော်ဟစ်နေကြသည်။

ဆာစီးနီယာဆီသို့ တိုင်ဖွန်းမုန်တိုင်းကဲ့သို့ လျင်မြန်စွာဦးတည်လာသော မီးတောက်ကြီးသည် အဆုံးထိတောင်မမြင်နိုင်လောက်အောင်ပင် ကြီးမားလွန်းလှသည်။

အရာအားလုံး အဆုံးသတ်‌တော့မည်လား။

လူများသည် ထိုအခြေအနေကြောင့် သူတို့အဆုံးသတ်တော့မည်ဟု ထင်မိနေကြသောကြောင့် မရပ်မနားတုန်ရီနေကြသည်။ အဆုံးအစမရှိသော စွမ်းအားအပြည့်ဖြင့် ဆံပင်အနီရောင်ရှိသော အမျိုးသမီးတစ်ဦးသည် မီးတောက်ကြီး၏ရှေ့တွင် မတ်တပ်ရပ်လို့နေသည်။ မီးတောက်ကြီးထဲမှ အသက်ရှင်လျက်ထွက်လာနိုင်သော်လည်း ထိုမီးတောက်ကြီးကို တားနိုင်စွမ်းရှိမည်မဟုတ်ပေ။ ဆာစီးနီယာမှလွဲ၍ ကျန်သောလူများသည် ထိုကဲ့သို့တွေးနေကြသည်။

“…”

ဆာစီးနီယာသည် သူ့ဆီသို့အေးစက်သည့်သွင်ပြင်ဖြင့် ဦးတည်လာနေသည့် မီးတောက်ကြီးအား စိုက်ကြည့်လို့နေသည်။ သူ၏ကြက်သွေးရောင်မျက်လုံးများမှာ ပုံမှန်မဟုတ်သော အလင်းရောင်များဖြင့် ပြည့်နေသည်။

‘မင်းကို ငါ့လက်နဲ့ကိုယ်တိုင်ကာကွယ်မယ်’

မီးတောက်ကြီးရှိရာသို့ ဆန့်ထုတ်ထားသော သူ၏လက်များကို ခွန်အားပို့လိုက်သည်။

ဝုန်း။

ကောင်းကင်ယံတွင် မိုးကြိုးပစ်သံ၏ပဲ့တင်ထပ်သံနှင့်အတူ မီးတောက်ကြီးသည် သူ၏သခင်ကိုတွေ့လိုက်ရသော ခွေး‌တစ်ကောင်သဖွယ် ဦးညွှတ်‌သွားသည်။ မငြှိမ်းသတ်နိုင်တော့မည်ဟု တွေးဆထားသည့် မီးတောက်ကြီးမှာ ပြင်းထန်သောလေတိုက်ခတ်မှုနှင့်အတူ ဆာစီးနီယာ၏လက်ဖဝါးထက်တွင် စုပ်ယူခြင်းခံလိုက်ရသည်။

ဆာစီးနီယာ၏ဆံပင်အနီရောင်မှာ လေတိုက်ခတ်မှုကြောင့် မီးတောက်တစ်ခုတောက်လောင်နေသဖွယ် တဖျပ်ဖျပ်လွှင့်နေသည်။ မီးတောက်ကြီးတစ်ခုလုံးကို စုပ်ယူပြီးသည့်နောက်တွင် ဆာစီးနီယာသည် လေပေါ်တွင် မျောလို့နေသည်။ ကောင်းကင်ယံမှာလည်း မီးခိုးမှိုင်းများဖြင့် ပြည့်နှက်နေသည်။

“ဟူး”

အပူတွေအများကြီးထုတ်ခဲ့ရသော ဆာစီးနီယာသည် အသက်ပြင်းပြင်းရှူ၍ သူ၏လက်ကိုအောက်ချလိုက်သည်။ အပူရှိန်ကြောင့်ကောင်းကင်ယံတွင် မြောက်ဝင်ရိုးစွန်းတွင်သာ မြင်တွေ့ရနိုင်သည့် အလင်းတန်းများနှင့်တူသော အနီရောင်အလင်းတန်းများဖြစ်ပေါ်နေသည်။ ဆောင်းရာသီ၏အအေးဒဏ်ကြောင့် အပူများမှာ ယူပစ်လိုက်သလိုပင် ပျောက်သွားသည်။

လူတိုင်း၏စိုးရိမ်‌ပူပန်နေသော စိတ်များပျောက်ကွယ်သွားကာ တိတ်ဆိတ်သောညချမ်းအဖြစ် ပြန်လည်ရောက်ရှိလာသည်။ လောကကြီးတစ်ခုလုံးကို လွှမ်းမိုး‌သွားသည့် မီး‌တောက်ကြီးမှာ အစကတည်းကပင်မရှိခဲ့သဖွယ် တစ်ခဏအတွင်း ပျောက်ကွယ်လို့သွားသည်။ မီးတောက်ကြီးရှိခဲ့သည့် သက်သေဟူ၍ ကောင်းကင်ထက်သို့တက်နေသော အမဲရောင်မီးခိုးများသာရှိတော့သည်။

“ဆာစီးနီယာ…”

နာကျင်နေသောအသံသည် ကြားရသူအပေါင်းကိုပင် မျက်ရည်‌ခအောင်လုပ်နိုင်သဖွယ်ဖြစ်နေသည်။ ဆာစီးနီယာခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါတွင် သူ့ဆီသို့တရွတ်ဆွဲလျှောက်လှမ်းလာသည့် ဘန်အားတွေ့လိုက်ရသည်။

”…ဘန်”

ဆာစီးနီယာ၏နားတွင် ဟင်းလင်းပြင်ပေါ်၌ကြားခဲ့ရသောအသံနှင့် ယခုဘန်သူ့အားခေါ်နေသောအသံကို တစ်ထပ်တည်းကြားနေရသည်။

‘ဘာလို့များ သူ့အသံကိုအမြဲတမ်းကြားနေရတာလဲ…’

အကြောင်းပြချက်ကို သိသွားသည့်နောက်တွင် သူ၏မျက်နှာမှာ မီမြန်းသွားသည်။ သူ့အား ယုံကြည်ချက်‌ရှိအောင် လုပ်ပေးနိုင်သူမှာ ဘန်ပင်ဖြစ်သည်။ ဆာစီးနီယာ၏ဖြစ်တည်မှုကို လက်ခံပေးနိုင်ခဲ့သည့်သူပင်။ ထိုသူသည် ဆာစီးနီယာ ချစ်ခင်မြတ်နိုးသောသူလည်းဖြစ်သည်။

ဆာစီးနီယာသည် သူမဆီသို့အမြဲလိုလိုအရင်ချဥ်းကပ်ခဲ့သည့် ဘန့်ဆီသို့ ပြေးသွားလိုက်သည်။ ဘန်သည်လည်း ဆာစီးနီယာဆီသို့ပြေးသွားကာ သူတို့၏ကြားတွင် မည်သည့်ကြားကွက်လပ််မှာ မရှိစေလိုကြောင်းပြသနေသဖွယ်ဖြင့် တင်းကြပ်စွာဖက်ထားလိုက်သည်။

“ဆာစီးနီယာ”

ထို့နောက်တွင် သူ၏နှလုံးသားအပြည့်ဖြင့် ဆာစီးနီယာ၏နာမည်အား ထပ်၍ခေါ်လိုက်သည်။ ဘန်သည် ထိုအဖြစ်အပျက်မှာ အိပ်မက်သည်လား။ တကယ့်အဖြစ်အပျက်သည်လား အတည်ပြုချင်သောကြောင့် ဖြစ်လိမ့်မည်။

“မျက်နှာမှာ ဘာတွေဖြစ်ထားတာလဲ… ဒဏ်ရာတွေချည်းပဲ ”

ဘန်၏လက်မောင်းထဲတွင်ရှိနေသော ဆာစီးနီယာသည် ငိုနေမိသည်။ ဘန်၏မျက်နှာတွင် ဒဏ်ရာများကို မြင်တွေ့လိုက်ရ၍ သူ၏နှလုံးသားမှာ နာကျင်နေသည်။သူမ ဘန်၏မျက်နှာကို ကြင်နာယုယစွာဖြင့် ထွေးပွေ့ထားသည်။

“မင်းကို ဆုံးရှုံးလိုက်ရပြီထင်ခဲ့တာ…”

ဆာစီးနီယာအား ထွေးပွေ့ထားသည့် သူ၏လက်များကိုဖယ်လိုက်ကာ သူ၏မျက်နှာအားထွေးပွေ့ထားသည့် ဆာစီးနီယာ၏လက်ကို ဆွဲကိုင်လိုက်သည်။ ထုံးစံအတိုင်းပင် ဆာစီးနီယာ၏နွေးထွေးနေသောလက်မှ အပူများသည် ဘန်ဆီသို့ပျံ့နှံ့သွားသည်။ ဘန်၏တုန်ရီနေသောမျက်လုံးထဲမှာ မျက်ရည်စများသည် သူ၏ပါးပြင်သို့ဖြတ်ကာ စီးဆင်းလာခဲ့သည်။

ဆာစီးနီယာ၏နွေးထွေးနေသော အသားအရေကြောင့်ပင် ဘန်သည် ဆာစီးနီယာအသက်ရှင်နေကြောင်းနှင့် သူ့အားထားမသွားကြောင်းကို အတည်ပြုလိုက်နိုင်သည်။ သူ၏တစ်စစီကွဲကြေသွားသော နှလုံးသားမှာ အကောင်းအတိုင်းပြန်ဖြစ်သွားလေသည်။

“မဖြစ်နိုင်တာ”

ဆာစီးနီယာသည် သူ၏သေးသွယ်သော လက်ချောင်းများဖြင့် ညင်သာစွာပွတ်သပ်၍ မျက်ရည်များကို သုတ်လျက်ဖြင့် ပြောလိုက်သည်။

“ရှင့်ကို ထားခဲ့စရာအကြောင်းမှမရှိတာ”

သူမည်သည့်အခါမျှထားခဲ့ရန် မတွေးဖူးသည့်တစ်ခုတည်းသောအရာကို ဆုံးရှုံးရလုနီးနီးဖြစ်ခဲ့ရသည်။ ထိုအရာကြောင့်ပင် မျက်ရည်များအဆက်မပြတ်ကျဆင်းနေခဲ့ရသည်။

“အရမ်း ကြောက်နေခဲ့တာ”

ဘန်သည် မျက်တောင်တစ်ချက်မျှမခတ်ဘဲ ဆာစီးနီယာကိုထပ်ကာထပ်ကာကြည့်နေခဲ့သည်။ သူ၏အမြင်များမှာ မျက်ရည်စများကြောင့် ဝိုးတိုးဝါးတား‌ဖြစ်နေသော်လည်း လုံးဝပင်မျက်လုံးမမှိတ်ချေ။ သူမျက်လုံးမှိတ်လိုက်သည့်အချိန်တွင် သူ၏အရှေ့၌မြင်တွေနေရသည့် အရာအားလုံး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်။ 

 

ဆာစီးနီယာ မီးတောက်ကြီး၏ဝါးမြိုခြင်းခံလိုက်ရသည့်အချိန်တွင် ဘန်သည်ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်မှုကို ခံစားခဲ့ရသည်။ ထိုနာကျင်မှုမှာ သူ၏ရင်ဘတ်အား ဓားသွားဖြင့်ထိုးစိုက်သည်ထက်ပင် ပို၍နာကျင်ရသည်။ သို့သော် မီးတောက်ကြီး၏ဝါးမြိုခြင်းခံလိုက်ရသည့် ဆာစီးနီယာ၏နာကျင်မှုနှင့် ယှဉ်လိုက်လျှင် သူ၏နာကျင်မှုမှာ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်ထက် မပိုပေ။ ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ ဆာစီးနီယာအားဝါးမြိုနေသည့်မီးတောက်ကြီးထဲသို့ ခုန်ဝင်ခဲ့ခြင်းပင်။ ဆာစီးနီယာနာကျင်ခံစားနေရသည်ကို မခံစားနိုင်သောကြောင့်ပင်ဖြစ်သည်။

မီးတောက်ထဲတွင် ဆာစီးနီယာကို တစ်ယောက်တည်းမထားခဲ့နိုင်ချေ။ ဆာစီးနီယာအား မကယ်နိုင်ခဲ့၍ သူ့ကိုယ်သူအပြစ်တင်နေရပေမည်။ ဆာစီးနီယာအား ဆုံးရှုံးသွား၍ သူမရှိသောနေ့ရက်များကို ဖြတ်သန်းရသည်မှာ ‌ရှင်လျက်နှင့်သေနေသလိုပင်ဖြစ်နေမည်။ ဘန်သည် ဆာစီးနီယာနှင့် အစကတည်းကပင် ဝေးဝေးနေခဲ့လျှင်နေခဲ့ သို့မဟုတ် ဆာစီးနီယာအား ကာကွယ်ပေးနိုင်မည်စွမ်းအားဖြစ်ဖြစ် ရနိုင်ရန်ဆုတောင်းနေခဲ့မိသည်။ ကူကယ်ရာမဲ့နေသည့် သာမန်လူသားတစ်ယောက်အနေဖြင့် မီးတောက်ကြီးထဲသို့ ခုန်ချကာကယ်ရန်မှလွဲ၍ ရွေးစရာမရှိခဲ့ပေ။

“…ကိုယ်မင်းကိုမကာကွယ်နိုင်ခဲ့ဘူး”

“ဘန်”

“တကယ်ကို… ဘာမှမလုပ်နိုင်ခဲ့ဘူး”

သူ၏အကြည့်မှာ အောက်သို့သာငိုက်စိုက်နေသည်။ သူ၏ဒဏ်ရယဒဏ်ချက်အပြည့်ဖြင့် မျက်နှာမှာလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေသည်။

“ဘန် ကျွန်မကိုကြည့်”

ဆာစီးနီယာက ထိုသို့တောင်းဆိုလိုက်သော်လည်း ဘန်သည်ဆာစီးနီယာနှင့် မျက်လုံးချင်းမဆုံချင်ပေ။

“ကျွန်မကို လုံးဝမကြည့်ချင်တော့ဘူးလား”

“မဟုတ်ဘူး အဲဒီလိုမဟုတ်ပါဘူး…”

ဆာစီးနီယာ၏စကားကြောင့် အလျင်စလို ခေါင်းမော့ကြည့်လိုက်သည်။ ထိုကဲ့သို့မရည်ရွယ်ကြောင်း သူ၏ခေါင်းကို ရမ်းခါကာငြင်းလိုက်သည်။

ဆာစီးနီယာကိုမတွေ့မမြင်ရဘဲ ဘန်မည်သို့နေနိုင်မည်နည်း။

ဆာစီးနီယာမရှိ‌သော သူ၏ဘဝကို အိပ်မက်ထဲတောင်ထပ်မမက်ဘူးချေ။ ထို့ကြောင့်ပင် မီးထဲသို့ခုန်ချခဲ့ခြင်းဖြစ်သည်။

“ရှင်ကျွန်မကို အမြဲတမ်းကယ်တင်ပေးခဲ့တာပါ”

ဆာစီးနီယာသည် ဘန်သူ့‌ဆီမှအကြည့်မလွဲနိုင်‌တော့အောင် ဘန်၏ပါးပြင်နှစ်ဖက်ကို သူ၏လက်နှစ်ဖက်ဖြင့် ညင်သာစွာကိုင်ထားသည်။ သူ၏တုန်ခါ‌နေသော ခရမ်းရင့်ရောင်မျက်လုံးများမှာ ညအချိန်ကောင်းကင်ယံထက်ပို၍ ရင့်သောအရောင်ရှိနေပြီး နဂါးငွေ့တန်းထက်ပင် လှပလွန်းလှနေသည်။ 

“အခုအချိန်ထိ ဒီနေရာမှရပ်နေနိုင်အောင် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ရှင်ပဲလုပ်ပေးခဲ့တာပါ”

ဆာစီးနီယာ၏နှုတ်ခမ်းများမှာ စွဲလမ်းစရာကောင်းနေသည်။ တောက်ပနေသည့်စိန်တစ်ပွင့်ထက် နွေဦးတွင်ပွင့်သောပန်းကလေးများထက်ပင် ဆာစီးနီယာ၏အပြုံးမှာ လှပနွေးထွေးနေသည်။

“ဆာစီးနီယာ”

“ဆာစီးနီယာ ကိုယ့်ကိုကြည့်ပါဦး”

“ကိုယ်မင်းနဲ့အတူတူရှိချင်တယ်”

“ကိုယ်နဲ့အတူတူရှိပေးပါနော် ဆာစီးနီယာ”

ထိုနေ့တွင်။

ဆိပ်ကမ်းတွင်အတူတူရှိခဲ့စဉ်က ဘန်ထိုနာမည်ကို စခေါ်ခဲ့သည့်အချိန်မှစ၍ ဆာစီးနီယာဟု ဖြစ်တည်မှုတစ်ခု ဖြစ်စေခဲ့သည်။ ဆာစီးနီယာသည် ဘန်ခေါ်နေကျဖြစ်သော ထိုနာမည်ကိုသာ သဘောကျခဲ့သည်။ ဆာစီးနီယာအဖြစ်နေခဲ့ရသည့် အချိန်များမှာ သူ၏ဘဝတွင် အကောင်းဆုံးအချိန်များပင်ဖြစ်သည်။

ဆာစီးနီယာ၏နှစ်နှစ်ကာကာ ပြုံးပြနေသောအပြုံးမှာ အိပ်မက်သဖွယ် ပျောက်ကွယ်မသွားသည့်အတွက် အံ့ဩနေသည့်ပုံပေါ်နေသည်။

“အဲဒါဆို အဲလိုမပြောနဲ့လေ”

ဆာစီးနီယာ ဘန်၏လက်မောင်းထက်သို့ ပြန်မှီလိုက်သည် ဘန်၏ကျယ်ဝန်းသောရင်ဘတ်ထဲမှ ခုန်နေသောနှလုံးသားကိုပင် ခံစားမိနေသည်။ အရင်ကပင် ခက်ထန်ကြမ်းတမ်းတတ်သောဘန်သည် ယခုတွင် ဆာစီးနိယာကိုတင်းကြပ်စွာဖက်ထားသည်။

“‌နောက်ဆုံးထွက်သက်အချိန်ထိတောင် မင်းနဲ့ပဲအတူတူရှိမှာ”

ဘန်သည် သူ၏နှလုံးသားတစ်ခုလုံးကိုဖွင့်ဟလိုက်ကာ သူ၏နှုတ်ခမ်းကို ဆာစီးနီယာ၏လည်ပင်းထက်တွင် နှစ်မြှုပ်ထားလိုက်သည်။

Xxxxxxx