CHAPTER 17
Viewers 2k

အခန်း ၁၇ အစုတ်အပြတ်တွေ ပြန်ပေတယ်

 

တတိယအဖွားစုန့်က စုန့်တင်းရှန်း၏အပြုအမူကြောင့် သေလုနီးပါး ဒေါသထွက်နေခဲ့သည်။ သူမရှေ့တွင် ရပ်နေပြီး ပြုံးပြနေသည့် စုန့်တင်းရှန်းကို ကြည့်နေရင်း တခါ ကြိုးဆွဲချပြီးနောက် ထိုကောင်မလေးက တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်ဟု သူမ အမြဲခံစားနေသည်

 

အရင်တုန်းက စုန့်တင်းရှန်းသာဆိုရင် ဒီလိုအသေးအဖွဲကိစ္စလေးတွေကို လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါက ပန်းကန်လုံးလေးတစ်လုံးပဲ မဟုတ်ဘူးလား? စုန့်လောင်စစ်ရဲ့မိသားစုက ဘယ်လိုလုပ် ပန်းကန်လုံးတွေ ပျက်လပ်နေမှာလဲ?

ပြီးတော့ ဒီဖိနပ်အပေါ်ပိုင်းက ချုပ်ထားတာက ကြမ်းတမ်းနေရင်တောင်မှ အရင်ကဆိုရင် တင်းရှန်းက အေးအေးဆေးဆေး ပြန်ယူ သွားပြီး ဖြုတ်ပြီး ပြန်ချုပ်လိုက်မှာ၊ အဲ့တာဆိုရင် ပိုကောင်းသွားမှာပဲ မဟုတ်ဘူးလား?

 

သူမရဲ့အဘိုးကြီးက သူမ စုန့်လောင်စစ်ရဲ့မိသားစုကို စော်ကားမိသွားပြီလို့ ပြောခဲ့တယ်။ အခု ကြည့်ရတာတော့ သူမ တကယ်ပဲ လူတွေကို စော်ကားမိပြီ ထင်ပါရဲ့

 

တတိယအဘွားစုန့်က သူမ၏ မျက်လုံးများထဲမှ စူးရှသော အရိပ်အယောင်ကို ဖုံးကွယ်ကာ ဟန်လုပ်ပြုံးပြလိုက်ရင်း အနည်းငယ်အံ့သြနေသည့်အသွင်အပြင်သို့ အလျင်မြန် ပြောင်းလဲသွားခဲ့သည်။ သူမက လုံးဝ အပြစ်ကင်းစင်သည့် အမူအရာဖြင့် "အိုး... ဒုတိယချွေးမ၊ နင် ဒါကို ဘယ်ကနေယူလာတာလဲ? ဒါက အဲဒီနေ့က ငါ ဖြစ်သလို အမြန်ချုပ်ထားတဲ့ ဖိနပ်အပေါ်ပိုင်း မဟုတ်ဘူးလား? သြော် တင်းရှန်းရေ... နင်ကတော့ သိမှာ မဟုတ်ဘူး၊  အဲဒီနေ့က ရာသီဥတုက အေးနေပြီး ငါ နည်းနည်း အဆင်မပြေသလို ဖြစ်နေတော့ အမြန်ချုပ်လိုက်မိတာ၊ နောက်တော့  ပြန်ဖြုတ်ပြီး ပြန်ချုပ်ရမှာကို ပျင်းနေပြန်‌ရော၊ အခုလို မှားယူလာမိမယ်လို့တော့ ဘယ်သူက ထင်မှာ.....”

 

သူမ၏စကားမဆုံးခင်မှာပင် ပဉ္စမချွေးမ၏မျက်နှာက တောင့်တင်းသွားပြီး စုန့်တင်းရှန်း၏လက်ထဲမှ ဖိနပ်အပေါ်ပိုင်းကို အလျင်အမြန် ပြန်ယူကာ ဟန်လုပ်ပြုံးလိုက်ရင်း "ဟယ် အဲ့လိုလား၊ ကျွန်မလည်း တစ်ခုခု လွဲနေတယ်လို့တော့ ထင်နေမိတာ၊ ဒီဖိနပ်အပေါ်ပိုင်းက မေပြင်ဆင်ထားတဲ့ပုံနဲ့ မတူဘူးလေအေးပါ၊ ငါ အခုချက်ချင်း သွားလဲပေးမယ်"

 

ထိုသို့ပြောပြီးနောက် သူမ၏မည်သူထဲမှ အဖြေကိုမျှ မစောင့်တော့ဘဲ အိမ်ထဲသို့ အမြန်ဝင်ကာ သူမ၏ယောက်ျားအတွက် ချုပ်ပေးထားသည့် ဖိနပ်အပေါ်ပိုင်းတစ်စုံထဲမှ တစ်ခုနှင့် လဲလှယ်ပေးရန် ပြင်ဆင်လိုက်သည်။ တခဏတာ တုန့်ဆိုင်းနေပြီး‌နောက် သူမက ပိုကောင်းသည့် ဖိနပ်အပေါ်ပိုင်းကို ဆွဲထုတ်လိုက်သည်။ ထိုဖိနပ်အပေါ်ပိုင်းက သူမ၏လက်ကို အပ်ဖြင့် ခဏခဏ ထိုးမိသည်အထိ ခင်ပွန်းသည်အတွက် သူမ ဂရုတစိုက် ချုပ်ထားသည့်ဖိနပ်များ ဖြစ်သော်လည်း အံကြိတ်ကာ စုန့်တင်းရှန်းအား ပေးလိုက်သည်။

စုန့်တင်းရှန်းက တည်တည်ငြိမ်ငြိမ်  အမူအရာဖြင့် အလွယ်တကူ လက်ခံလိုက်ကာ "ပဉ္စမအဒေါ်ရဲ့ပန်းထိုးလက်ရာက အရမ်းကောင်းတယ်လို့ ပြောကြတယ်လေကျောင်းရှန်းက ဘယ်လိုလုပ် ဒီ‌လို ဆိုးဆိုးဝါးဝါး ချုပ်ထားရတာလဲလို့ ကျွန်မ တွေးနေတာ၊ ဟုတ်ပါပြီ၊ နောက်ဆုံးတော့ သတိလက်လွတ်နဲ့  မှားပေးမိတာပေါ့၊ တတိယအဖွားကို ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ အရင်ပြန်နှင့်ပါတော့မယ်"

 

ထိုစကားကို ပြောပြီးနောက် သူမက ရယ်မောချင်စိတ်ကို ထိန်းထားရသောကြောင့် ပခုံးများ တုန်ခါနေပြီဖြစ်သော သူဘေးမှ ကျိုးယိနို၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တတိယအဘိုးစုန့်၏အိမ်မှ ယုံကြည်မှုအပြည့်နှင့် ပြန်ထွက်ခွာလာခဲ့သည်။

 

သူတို့ အိမ်ထဲမှ ထွက်လာပြီးနောက် ကျိုးယိနိုက မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ရယ်မောနောက "တတိယအဖွားက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ"

 

စုန့်တင်းရှန်းကလည်း ပြုံးနေခဲ့ပြီး သူမ၏မျက်ဝန်းလေးများက တောက်ပနေကော "သူတို့က ကျွန်မတို့အပေါ် အခွင့်ကောင်းယူလို့ ဝကြသေးဘူးကျွန်မတို့ မိသားစုက စိတ်ကောင်းရှိလို့ အရင်က သူတို့နဲ့ ငြင်းခုံခဲ့ကြဘူး၊ ဒါပေမယ့် သူတို့က ကျွန်မကို အနိုင်ကျင့်ဖို့တောင် လုပ်ခဲ့ကြတယ်ပေါ့၊ ဟင့်... ပြန် မတွန်းလှန်ရဲတဲ့သူက လူမိုက်ပဲ၊ ဘာလို့ သူတို့ကို ဂရုစိုက်နေရမှာလဲ? လာ ပဉ္စမအဖိုးရဲ့အိမ်ကို သွားကြရအောင်"

 

ပဉ္စမအဘိုးက စောစောစီးစီး ထွက်ခွာ(သေဆုံး) သွားခဲ့သောကြောင့် ထိုနေရာက အများအားဖြင့် တိတ်ဆိတ်နေကာ လူရိပ်လူယောင် မြင်ရချိန်က ရှားပါးလှသည်။  သို့သော်လည်း ယနေ့တွင် အဆင်ပြေနေပြီး ပဉ္စမအဘွားစုန့်က သူမ၏သမီး၊ မြေးလေးများနှင့်အတူ ခြံထဲတွင် အိပ်ယာခင်းကို ရိုက်နှက်နေကြသည်

 

"ပဉ္စမအဖွား!" စုန့်တင်းရှန်းက ချိုချိုသာသာ လှမ်းခေါ်လိုက်သည်။

 

ပဉ္စမအဘွားစုန့်ကလည်း ပြန်ပြုံးပြလိုက်ပြီး "တင်းရှန်းလား? အိုး... မြန်မြန်ဝင်ထိုင်၊ အပြင်မှာ အရမ်းအေးတယ်"

 

စုန့်တင်းရှန်းက အနည်းငယ် အံ့ဩနေပုံဖြင့် "ဟုတ်တယ်၊ အပြင်မှာ အေးလွန်းတယ်၊ အဲ့တာတောင်မှ ပဉ္စမအဖွားက ခြံထဲမှာ ရှိနေသေးတာလား? ဒီအချိန်မှာ ဘာလို့ အိပ်ယာ လှန်းနေတာလဲ?

 

ပဉ္စမအဘွားစုန့်၏ဘေးနားတွင် ရပ်နေသော စုန့်ဟုန်မိန်က သူမပါးစပ်လေးကို ဖုံးအုပ်ကာ ရယ်မောလိုက်ပြီးမှ “ညက တစ်စုံတစ်ယောက်က နဂါးမင်းကြီးရဲ့ဘုရားကျောင်းကို ရေလွှမ်းသွားစေခဲ့တယ်…”

 

ဒေါ်လေး ပြောနဲ့၊ အဖွား ဒေါ်လေးကို ပြောပါဦး!" ဝတုတ်တုတ် ကောင်ငယ်လေးက လွန် ရှက်ရွံ့နေပုံရပြီး အသဲအသန် လှမ်းတားလိုက်သည်

 

ဟုန်မိန်က တင်းရှန်းထက် နှစ်နှစ်ငယ်ပြီး သူမ၏အထက်တွင် အစ်မ သုံးယောက်ရှိသည်။ အကြီးဆုံးအစ်မကို ရှို့မိန်ဟု ခေါ်ပြီး ဒုတိယအစ်ကို ရှန်းမိန်ဟု ခေါ်သည်။ တတိယတစ်ယောက်ကို ပိုင်မိန်ဟု ခေါ်သောကြောင့် သူမ မွေးလာချိန်တွင် အခြားမည်သည့်နာမည်ကိုမျှ မစဉ်းစားနိုင်တော့ဘဲ ဟုန်မိန်ဟုသာ ခေါ်လိုက်တော့သည်

(ရှို့မိန်- ပွင့်ဖူးနေသော ဇီးပန်းပွင့်လေး၊ ရှန်းမိန်- ရနံ့သင်းသော ဇီးပန်းပွင့်လေး၊ ပိုင်မိန်- အဖြူရောင်ဇီးပန်းပွင့်လေး၊ ဟုန်မိန်- အနီရောင် ဇီးပန်းပွင့်လေး)

 

ခုလို ဆောင်းရာသီရောက်လာရင် အိပ်ယာပေါ်မှာ ဆီးမထွက်ကျဘူးတဲ့ ကလေးရှိလို့လား? ဒါပေမယ့် အိပ်ယာခင်းတွေ စိုသွားရင် ရေလျှော်ဖို့ မဖြစ်နိုင်ဘူးဒါကြောင့် လှည့်ကွက်တစ်ခုပေါ်လာတယ်၊ အိုးကြီးတစ်လုံးနဲ့ မြေဆီ ဒါမှမဟုတ် သဲနုနုလေးတွေကို အပူပေးပြီး  သဲတွေကို စိုနေတဲ့နေရာကို တင်ပေးရတယ်သဲနုလေးတွေက အိပ်ယာခင်းက အစိုဓာတ်ကို စုတ်ယူသွားပြီး တော်‌တော်လေး ခြောက်သွေ့သွားရင် ရေငွေ့တွေ စုနေတဲ့ သဲတွေကို ပြန်ဖယ်ပြီး အိပ်ယာခင်းကို အပြင် ထုတ်ရတယ်။ လေထဲမှာ အခြောက်ခံနေရင်း အရေတွေကြောင့် လုံးသွားတဲ့ ဝါဂွမ်းတွေကို ရိုက်ပြီး ပြန်ဖြည်ပေးရတယ်။ မဟုတ်ရင် အိပ်ရတာ အဆင်မပြေဖြစ်နေလိမ့်မယ်။

 

ရိုက်နှက်ထုထောင်းပြီးရင်တော့ ခေါက်ရိုးအတိုင်း ပြန်ဖြန့်လိုက်တာနဲ့ ညဘက်မှာ အိပ်ဖို့ အဆင်သင့်ဖြစ်သွားလိမ့်မယ်။

 

"ဦးလေးတွေနဲ့ အဒေါ်တွေရော ဘယ်သွားကြလဲ?" စုန့်တင်းရှန်းက မေးလိုက်သည်။

 

ပဉ္စမအဘွားစုန့်က သူတို့အားလုံးကို ခန်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး မြေပဲကြော်စားရန် ဖိတ်ခေါ်လိုက်သည်။ "မင်းရဲ့ ဆဋ္ဌမအဒေါ်က ကိုယ်ဝန်ရှိနေတော့ မနက်ခင်းဆို နေလို့ သိပ်အဆင်မပြေဘူး။ ငါ သူ(မ)ကို အခန်းထဲမှာ အနားယူခိုင်းထားတယ်။ ခုနကမှ ထမင်းရည်ပူပူလေး သောက်ပြီး ပြန်အိပ်ပျော်သွားတယ်၊ မင်းရဲ့ဒွါဒသမ အဒေါ်(မင်းရဲ့ဆယ်နှစ်ယောက်မြောက်အဒေါ်)ကတော့  မင်းရဲ့ ဒွါဒသမ ဦးလေးနဲ့အတူ မြို့ကို လိုက်သွားတယ်။ မင်းရဲ့ဆဋ္ဌမဦးလေးကတော့ သူရဲ့လက်ကျန်ပစ္စည်းတွေ ရောင်းဖို့ စျေးရောင်းထွက်သွားလေရဲ့၊ သူ အခု သွားမှ ဖြစ်မှာလေ အဲ့တာတွေ ကုန်သွားရင် နှစ်သစ်ကူးပြီးတဲ့အထိ အပြင်ထွက်ဖို့ မလိုတော့ဘူးပေါ့

 

သူမ၏ဆဋ္ဌမဦးလေးက စျေးရောင်းသမားတစ်ဦးဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်အချိန်မှ လွဲလျှင် သူက အမျိုးမျိုးသော ပစ္စည်းလေးများကို နယ်လှည့်ရောင်း၀ယ်သူဖြစ်သည်။ သူမ၏ဆဋ္ဌမအဒေါ်နှင့် ဒွါဒသမအဒေါ်တို့ ပြုလုပ်ပေးသည့် ဆံညှပ်နှင့် ခေါင်းစည်းကွင်းလေးများအပါအဝင် အခြားနေရာမှ ဝယ်ယူထားသည့် ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ အပ်နှင့် ချည်မျှင် စသည်တို့ကို နေရာစုံသို့ လိုက်လံရောင်းချလေ့ရှိပြီး  ‌တော်လေးကောင်းမွန်သော ဘဝနှင့် နေထိုင်နိုင်ခဲ့သည်။

 

အမှန်တကယ်တွင် သူမပဉ္စမအဘွားက သားသမီးများစွာ မွေးဖွားခဲ့သော်လည်း မိန်းကလေး လေးဦးမွေးဖွားခဲ့သည်ခုအချိန်တွင် ထိုမိန်းကလေးများထဲမှ သုံးယောက်က အိမ်ထောင်ကျနေပြီ ဖြစ်သည်။ သားနှစ်ယောက်ထဲမှ တစ်ယောက်က ဈေးရောင်းသမားဖြစ်ပြီး ကျန်တစ်ယောက်က မြို့ထဲစက္ကူရုပ်များပြုလုပ်သည့်လုပ်ငန်း လုပ်ကိုင်နေခဲ့သည်သူတို့က သူတို့၏ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအတွက် အလုပ်များနေသောကြောင့် သာမန်နေ့များတွင် သူတို့နှင့်တွေ့ရန် မလွယ်ကူပေ။ တစ်ချိန်က မိသားစုစုံစုံဖြင့် စည်ကားသိုက်မြိုက်ခဲ့သော ခြံဝင်းကြီးက ယခုအခါ တိတ်ဆိတ်ငြိမ်သက်သော ခံစားချက်ကို ပေးနေတက်သည်။

 

ထိုအကြောင်းက ပဉ္စမအဘွား၏မိသားစုက မခွဲခွာရသေးသည့်အကြောင်းအရင်းလည်း ဖြစ်နိုင်သည်သို့သော်လည်း ခြံထဲတွင် သားနှစ်ယောက်သာ ကျန်‌နေမည်ဖြစ်သောကြောင့် ပိုင်ဆိုင်မှု ခွဲဝေရာတွင် မုန်တိုင်းနှင့် တိုက်ပွဲများ ဖြစ်လာမည် မဟုတ်ပေ။

 

"အမေက ဒေါ်လေးဟုန်မိန်အတွက် ခေါင်းစည်းနဲ့ ပန်းထိုးခေါင်းပုဝါလေးတွေကို ပြင်ဆင်ပေးလိုက်တယ်။ အခု ဒေါ်လေးဟုန်မိန်က အရွယ်ရောက်တဲ့ မိန်းကလေးဖြစ်လာပြီး နောက်နှစ်နှစ်လောက်ဆိုရင် တစ်ယောက်ယောက်နဲ့တွေ့ရတော့မယ်၊ အဲ့‌တော့ လှလှပပလေး ဝတ်ရတော့မှာပေါ့အဒေါ်နှစ်ယောက်လုံးက ဆံညှပ်လေးတွေ လုပ်တက်မှန်းသိပေမယ့် ဒါက ကျွန်မအမေ့ရဲ့စိတ်ရင်းထဲက အတွေးလေးပါ"

 

စုန့်တင်းရှန်းက နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ကျိုးယိနိုကို ဆွဲခေါ်ကာ ပဉ္စမအဘွားကို ဂါရဝ ပြုလိုက်သည်

 

ပဉ္စမအဘွားက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဆောင်များကို လက်ခံလိုက်ပြီး ဟုန်မိန်အား လှမ်းပေးလိုက်သည်။ ဟုန်မိန်က ခြင်းထဲမှ သကြားလုံးတစ်လုံးကို ယူကာ  သူမကို  စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည့် ထောင်ဇီ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

 

ထောင်ဇီက ယခုနှစ်တွင် အသက်ငါးနှစ် ရှိပြီဖြစ်ကာ ဆဋ္ဌမအဒေါ်၏သားအကြီးဆုံး ဖြစ်သည်။ ဆယ့်နှစ်ယောက်မြောက်အဒေါ်၏ ပထမဆုံးကလေးက အသက်သုံးနှစ်သာ ရှိသေးပြီး မိန်းခလေး ဖြစ်သောကြောင့် သူမ အနည်းငယ် အရွယ်ရောက်လာလျှင် ဆယ့်နှစ်ယောက်မြောက်အဒေါ်က ဒုတိယကလေးယူရန် ပြင်ဆင်ရမည် ဖြစ်သည်။

 

အမှန်တကယ်တွင် ပဉ္စမအဘွားစုန့်ကလည်း  အသက်မကြီးသေးဘဲ  လေးဆယ်ကျော်လောက်သာ ရှိနေသေးသည်။ သို့သော်လည်း ပဉ္စမအဘိုးက စောစောကွယ်လွန်သွားခဲ့သောကြောင့် ညဘက်ဆိုတွင် စကားပြောရန်ပင် အဖော်မရှိဘဲ အထီးကျန်ဆန်လွန်းကြီး ဝမ်းနည်းပူဆွေးရသောကြောင့် ရှိရင်းစွဲအသက်ထက် ပိုကြီးနေပြီဟု ထင်ရစေသည်။ ထိုနွေးထွေးမှု မရှိသည့် အထီးကျန်ဆန်မှုက သူမအပေါ် သက်ရောက်လွန်းအားကြီးပြီး သူမ၏စိတ်အခြေအနေကို မှေးမှိန်သွားစေကာ အိုမင်းရင့်ရော်မှုကို တစ်နည်းနည်းဖြင့် သယ်ဆောင်လာခဲ့ပုံရသည်။

 

စုန့်ဟုန်မိန်က စုန့်တင်းရှန်း၏ခြင်းတောင်းထဲမှ ဖိနပ်အပေါ်ပိုင်းကို သတိထားမိသွားပြီး လှမ်းကြည့်လိုက်ကာ "ဟယ်၊ ဒီဖိနပ်အပေါ်ပိုင်းက အရမ်းကောင်းတယ်၊ ဘယ်သူ ပေးလိုက်တာလဲ?"


စုန့်တင်းရှန်းက ပြုံးဖြင့် ပြန်ဖြေလိုက်သည်။

 

"တတိယအဖွားက ကျွန်မကို ပေးလိုက်တာ”

 
ဟုန်မိန်က ထိုဖိနပ်အပေါ်ပိုင်းကို အလျင်အမြန် ထုတ်ယူကြည့်လိုက်ပြီး တစ်ခုတည်း ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် သူမက  ခဏတာ အံ့အားသင့်နေသွားပြီးမှ ပဉ္စမအဘွားကို လှမ်းကြည့်လိုက်သည်။

 

ပဉ္စမအဘွားက တတိယအဘွားနှင့် အမြဲဆန့်ကျင်နေခဲ့သည်။ ထိုအရာကို မြင်လိုက်ချိန်တွင် သူမက "မနှစ်တုန်းကမှ ဖိနပ်အောက်ခံတစ်စုံ ပေးခဲ့သေးတယ်၊ ဒီနှစ်တော့ ဖိနပ်အပေါ်ပိုင်းတစ်ခုပဲ ပေးတယ်။ သူတို့မိသားစုတွေ လူကောင်းတစ်ယောက်ဖြစ်ဖို့ ‌မျှော်လင့်ချက်က နည်းသထက် နည်းလာပြီ"

 

စုန့်ဟုန်မိန်က ရုတ်​တရက် နှုတ်ခမ်းစုလိုက်ပြီး "ဒါဆို ကျွန်မတို့က ဘာလို့ သူတို့မိသားစုဆီကို ကောင်းတာတွေ အများကြီး ပို့ပေးနေသေးတာလဲ?"

 

သူတို့မိသားစုတွင် စျေးသည်တစ်ဦး ရှိနေသောကြောင့် သူတို့၏နှစ်သစ်ကူးလက်ဆောင်များကလည်း ကောင်းမွန်လှသည်။ သကြားရည်အိုးသေးသေးလေးတစ်လုံး၊ သစ်သီးခြောက်တစ်ထုပ်နှင့် အဒေါ်များ ကိုယ်တိုင်လုပ်ထားသည့် ခေါင်းစည်းကွင်းလေးများ ပါဝင်သည်။ ထိုခေါင်းစည်းကွင်းလေးများကို ချည်ထည် သို့မဟုတ် ကတ္တီပါပန်းလေးများဖြင့် ရိုးရိုးရှင်းရှင်း ပုံဖော်ထားသော်လည်း ရွာတွင် လွန်အဖိုးတန်လှသည်။ ၎င်းအပြင်  ကြယ်သီး သို့မဟုတ် လက်စွပ် သို့မဟုတ် ဆံထိုးကဲ့သို့သော တစ်ခုခုတွင် အလှဆင်နိုင်သည့် ပန်းပွင့်ပုံခရုခွံအတွဲလေး နှစ်ဆယ်လည်း ပါရှိနေသေးသည်။

 

ထိုခရုခွံလေးများက တောင်ဘက်တွင် သိပ်မရှားဘဲ ကမ်းရိုးတန်းအနီးတွင် ပေါများလှသည်။ တောင်ပိုင်းမှ လူတော်တော်များများ
ထိုအခွံထူထူလေးများကို ရွေးကောက်ကာ မြောက်ပိုင်းသို့ ရောင်းချကြသည်မြောက်ပိုင်းတွင် ထိုအရာလေးများက စျေးပေါနေသေးသော်လည်း ရှားပါးနေဆဲဖြစ်သည်

"အိုး ဒီပန်းပွင့်လေးက အရမ်းလှတယ်" စုန့်တင်းရှန်းက ပန်းတစ်ပုံခရုခွံလေးတစ်ခုကို ထုတ်ယူကာ ဘယ်ပြန်ညာပြန် ကြည့်နေခဲ့သည်။ အလင်းရောင်ဖြင့် ထိလိုက်ချိန်တွင် ထိုခရုခွံလေးက ရောင်စုံအလင်းများ ထွက်လာတက်သည်။ မြို့မှ လူများက ထိုဈေးသက်သာသည့်အရာများကို မကြိုက်ကြသော်လည်း ရွာသူရွာသားများအတွက်တော့ ထိုအရာကိုပင် လက်ဝတ်ရတနာဟု ယူဆနိုင်သည်

 

ပဉ္စမအဖွားက ပြုံးလိုက်ပြီး "မင်းရဲ့ဆဋ္ဌမဦးလေးက ဒီနှစ် တောင်ပိုင်းက အရောင်းသမားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဒီပန်းကြယ်သီးခေါင်းလေးတွေ အများကြီး ဝယ်လာခဲ့တယ်၊ ပြန်ရောင်းတော့လည်း ‌အရမ်းရောင်းရတယ်။ အဲဒါတွေကို အဖွားက မင်းတို့ မိန်းမငယ်လေးတွေအတွက် အထူးရွေးချယ်ပြီး သိမ်းထားခဲ့တာ၊ မင်းတို့ ကောင်မလေးအတူတူ ဝတ်ကြလေ”

 

“ဒါဆို ကျွန်မ နားကပ်တစ်ရံ လုပ်ဝတ်လိုက်မယ်၊ အဲ့ဒါက အရမ်းလှမှာ သေချာတယ်"

 

စုန့်တင်းရှန်းအတွက် ထိုကဲ့သို့သော အရာမျိုးက မစိမ်းဘဲ သူမ မမြင်ဘူးရန် မဖြစ်နိုင်ပေ။ သူမက လှပသည့်ပစ္စည်းကောင်း အများကြီးကို တွေ့ဖူးခဲ့သော်လည်း အခု ဈေးပေါသည့် ပန်းခရုခွံလေးများက လှပနေသည့်အပြင်  ပဉ္စမအဘွားကို ရယ်မောစေချင်သောကြောင့် သူမက နားကပ် လုပ်ချင်သည်ဟု ပြောလိုက်ခြင်းဖြစ်သည်

 

သို့သော်လည်း ဟုန်မိန်က လိုက်မရယ်ဘဲ သူမလက်ထဲမှ ပစ္စည်းများ အေးခဲစေရန် အပြင်သို့ သွားထားပြီး ပြန်ရောက်လာကာ "တင်းရှန်း၊ ဒါက ကြည့်ကောင်းတယ်လို့ နင် ထင်လား? သူတို့က ငါတို့ရဲ့ပစ္စည်းကောင်းတွေ အများကြီးကို ယူပြီး ဖိနပ်အပေါ်ပိုင်းတစ်ခု ပြန်ပေးတယ်။ တတိယအဖွားက တော်တော်ဟုတ်နေတာပဲ…”

 

ဟုန်မိန်” ပဉ္စမအဘွားက သူမ၏သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး “မင်းရဲ့ တတိယအဒေါ်က ဒီနှစ်မှာ ငွေရေးကြေးရေး အဆင်မပြေ ဖြစ်နေနိုင်တယ်။ ထောင်ဟုန် အိမ်ထောင်ကျ‌သွားတော့ နည်းနည်းတော့ ကျပ်တည်းနေမယ် ထင်တယ်။  အဲဒါကို ကြည့်လိုက်ဦး၊  ဂရုတစိုက် လုပ်ထားမှန်း သိသာတယ်လေ ချုပ်ရိုးတွေကို စေ့စေ့စပ်စပ်နဲ့ သေသေချာချာ ချုပ်ထားတာ

 

ထိုစကားကို ကြားလိုက်ချိန်တွင် စုန့်တင်းရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ပဉ္စမအဖွားက ဒေါ်လေးကို ပစ္စည်းတွေ သွားပို့ခိုင်းရင် ဒေါ်လေး သတိထားရမယ်နော်။ တတိယအဖွားမှာ လက်ရာဆိုးတဲ့ ဖိနပ်အပေါ်ပိုင်းတစ်ခု ရှိတယ်မတော်တဆ မှားပေးမိရင် အဲ့ဒါကို ပြန်လဲခိုင်းလိုက်..."

 

ပဉ္စမအဘွားက ချက်ခြင်းသဘောပေါက်ပြီး မခိုးမခန့် ရယ်မောလိုက်ကာ "ဒီတတိယမိသားစုကတော့ ပို ပိုပြီး ဆိုးလာတယ်"

 

လက်ဆောင်များကို ပြန်ထုပ်ပိုးပြီးချိန်တွင် စုန့်တင်းရှန်းက "ကျွန်မတို့ ဆဋ္ဌမအဖိုးရဲ့အိမ်ကို သွားစရာရှိသေးတယ်၊ ပဉ္စမအဖွားကျွန်မတို့ကို လိုက်မပို့နဲ့တော့။ အပြင်မှာ အရမ်းအေးတယ်။ ဦးလေးတွေနဲ့ အဒေါ်တွေကို ကျွန်မ ကိုယ်စား နှုတ်ဆက်ပေးပါဦး"

 

"တင်းရှန်း... ငါ နင့်ကို လိုက်ပို့ပေးမယ်" စုန့်ဟုန်မိန်က ခန်ပေါ်မှ ဆင်းလာပြီး စုန့်တင်းရှန်း၏လက်ကို ကိုင်ကာ အပြင်သို့ အတူလိုက်ထွက်လာခဲ့ကြသည်။  တံခါးဆီသို့ရောက်သောအခါ သူမက "တတိယအဒေါ်အိမ်ကို သွားတဲ့အခါ ဘာတွေ သတိထားရဦးမလဲ?"


စုန့်တင်းရှန်းက ထပ်ရယ်လိုက်ပြီး "အရင်နှစ်တွေက ဒီလို မေးဖူးပါဘူး။ ဒီနှစ် ဘာတွေဖြစ်ခဲ့လို့လဲ?"

 

စုန့်ဟုန်မိန်က "အရင်က ငါက ငယ်သေးတယ်လေ၊ ဒါပေမယ့် ငါ့အမေနဲ့ ငါ့ယောင်းမ ပြောတာကို ငါ ကြားခဲ့တယ်၊ တတိယအဖိုးအိမ်က အခြောက်ခံဖို့ လှေ့တောင်းတစ်တောင်း ငှားသွားပြီး နှစ်လကြာတဲ့ အထိ ပြန်လာမပို့ဘူး။ သွားတောင်းတဲ့အခါ ကျိုးနေတဲ့ လှေ့တောင်းကို  ပြန်ပေးခဲ့ပြီး ငါတို့ ငှားလိုက်တဲ့တောင်းကို သူတို့ ခဏတဖြုတ်ပဲ သုံးတယ်လို့ ပြောခဲ့တယ်။ ငါ့ယောင်းမကို စိတ်ဆိုးလွန်းလို့ ငိုတောင် ငိုတယ်

 

စုန့်တင်းရှန်းက သက်ပြင်းချလိုက်ပြီး “အရင်တုန်းက တတိယအဖိုးရဲ့မိသားစုက ဆင်းရဲတယ်တော့ သူတို့ ပိုမိုကောင်းမွန်တဲ့ဘဝမှာ နေနိုင်ဖို့ ငါတို့ ကူညီပေးတာက ဘာမှမဖြစ်နိုင်ဘူးလို့ ငါလည်း ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့မိသားစုက နည်းနည်းတော့ လွန်လွန်းတယ်။ ငါ့အမေက တတိယအဖွားနဲ့တောင် ငြင်းခုံခဲ့တယ်။ စျေးနေရာကြီးမှာ တကယ့်ကို ရယ်စရာတစ်ခု ဖြစ်သွားတာပဲ၊ ငါ့အမေက တတိယအဖွားကို ခေါက်ဆွဲပြုတ်ပူပူနွေးနွေးနဲ့ ဧည့်ခံမယ်လို့ ပြောခဲ့ပေမယ့် အဌမအဒေါ်ရဲ့စကားတွေက ကြမ်းတမ်းလွန်းပြီး နားမခံသာဘူးပြီးတော့ ငါ့အမေက တတိယအဖွားကို ပထမဆုံးအကြိမ် သိတတ်တာမို့ တတိယအဖွားက အခွင့်ကောင်းယူရမယ်လို့တောင် အဌမအဒေါ်က ပြောခဲ့သေးတယ်၊ အဲ့တာက ငါ့အမေကို အရမ်းစိတ်ဆိုးစေခဲ့တယ်..."

"ဘာ!
ငါ့မှာ မျက်လုံးရှစ်ဆယ် ရှိရင်တောင် သူတို့မိသားစုကို စောင့်ကြည့်နိုင်ပါ့မလား?” ဟုန်မိန်က ပဉ္စမအဘိုး၏ ရိုးဖြောင့်သောအမွေကို ဆက်ခံသူဖြစ်ပြီး တည့်တိုးသာ ဆက်ပြောနေတော့သည်

 

"ဒါဆို ငါတို့က သူတို့ကို နှစ်တိုင်း ကောင်းတဲ့အရာတွေ ပေးပြီးတော့ သူတို့က အစုတ်တွေ ပြန်ပေးတယ်။ အဲဒါကို တွေးလေလေ၊ ဒေါသထွက်လေပဲ"

 

စုန့်တင်းရှန်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒေါ်လေးဟုန်မိန်ဒေါ်လေး ဒီလိုမျိုး တွေးကြည့်လိုက်ပါစုန့်ဆိုတဲ့ နာမည်ကို စုတ်ချက်တစ်ချက်တည်းနဲ့ ရေးလို့ မရဘူး၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ မဖြစ်နိုင်ဘူး။ ငါတို့က ကိုယ့်အသိစိတ်နဲ့ကိုယ် နေပြပြီး ငါတို့က သူတို့မိသားစုကို ဆိုးဆိုးရွားရွား မဆက်ဆံဘူး ဆိုတာ ပြသရမယ်၊ ဒေါ်လေးက အခု ဆယ့်နှစ်နှစ်ဖြစ်နေပြီ၊ နှစ်သစ်ကူးပြီးရင် ဆယ်သုံးနှစ် ဖြစ်သွားလိမ့်မယ်၊ တကယ်လို့ ဒေါ်လေး အမှားတစ်ခုခု လုပ်မိရင် ရွာမှာ လွယ်လွယ်ဝေဖန်ခံရနိုင်တယ်၊ ပြီးတော့ အဖွားက အခု မုဆိုးမ ဖြစ်နေတယ်အဖွားက ပွဲတော်ရက်တွေမှာတောင် မပြင်မထွက်ဘူး၊ ဒေါ်လေးက နောက်ထပ်နှစ်နည်းနည်းလောက် အဖွားကို ဂရုစိုက်ပေးမယ်၊ ဒေါ်လေး များများ စောင့်ကြည့်ထားပြီး ပိုသတိထားရမယ်၊ စကားကို နည်းနည်းပဲပြော”

 

စုန့်ဟုန်မိန်က ချိုချိုသာသာ ရယ်မောလိုက်မောလိုက်သော်လည်း သူမ၏အသံတွင် နောက်ပြောင်ရိပ်များ ပါဝင်နေခဲ့သည်။

 

"တင်းရှန်း၊ ငါ အဲ့ဒါတွေကို သတိမထားမိလိုက်ဘူး။ အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တော့ နင်က ချက်ချင်း အရွယ်ရောက်သွားပြီအရင်က နင် ငါ့ကို ဒါမျိုးတွေ​ပြော​ဖူး​ဘူး။ အရင်ကလိုဆိုရင် တတိယအဖွားရဲ့မိသားစုက ဆင်းရဲပြီး ငါတို့ကို အခွင့်ကောင်းယူနေတယ်လို့ ငါ လိုက်ပြောမိမှာ သေချာတယ်

 

ထို့သို့ပြောပြီးနောက် စုန့်ဟုန်မိန်က သူမ၏ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်သည်

 

စုန့်တင်းရှန်းက အံ့အားသင့်သွားပြီး မြန် ပြန်ပြုံးလိုက်ကာ "အဲဒီတုန်းက ဒေါ်လေးက အရမ်းငယ်သေးလို့ မသိနားမလည်သေးတာပါအဲ့ဒိအကြောင်း ဘယ်သူ့ကိုမှ မပြောရသေးဘူးမလား?"


စုန့်ဟုန်မိန်က သူမ၏မေးစေ့ကို မြှောက်လိုက်ပြီး "ငါက စကားဖွာတတ်တဲ့သူလား? ငါက ကိုယ့်ဘာသာ သိသာပြီး တိတ်တိတ်လေး လှောင်ပြောင်နေတာပါ၊ တကယ်တော့ ငါ့အမေကလည်း ငါ့ကို အဲလိုအကြံပေးခဲ့တယ်၊ ဟား ဟား"

 

စုန့်တင်းရှန်းက သူမ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး သူမ၏ဝမ်းကွဲအဒေါ်ကို အကဲခတ်လိုက်သည်။

ဒီကလေးမလေးက မလွယ်ဘူးပဲ... သေသေချာချာ ဖုံးကွယ်ထားတဲ့ အလွှာတွေ ရှိနေတယ်ပေါ့....

 

စုန့်တင်းရှန်းက မနေနိုင်ဘဲ ရယ်မောလိုက်ကာ စုန့်ဟုန်မိန်၏ကျစ်ဆံမြီးလေးကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူမက သူမဘာသာ တိုးတိုးလေး ညည်းညူလိုက်သည်။

“နင်က တစ်ခုခုတော့ တစ်ခုခုပဲ”

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟