CHAPTER 18
Viewers 2k

အခန်း ၁၈ ဦးလေး

 

ဆဋ္ဌမအဘိုးက ယခုနှစ်တွင် အသက်လေးဆယ်ကျော်သာ ရှိသေးပြီး ဆဋ္ဌမအဘွားက အသက်လေးဆယ်သာ ရှိသေးသည်။ သူတို့မိသားစုတွင် ကလေးငါးယောက်ရှိပြီး အကြီးဆုံးက ယောက်ျားလေးဖြစ်သည်။ ထိုအကြီးဆုံးသားက အိမ်ထောင်ကျနေပြီဖြစ်ကာ မြေးလေးတစ်ဦးနှင့် မြေးမလေးတစ်ဦး ရနေပြီ ဖြစ်သည်။ ဒုတိယနှင့် တတိယကလေးများက မိန်းကလေးများဖြစ်ကြပြီး ဒုတိယသမီးက အိမ်ထောင်ကျနေပြီဖြစ်ကာ တတိယသမီးက စုန့်တင်းရှန်းထက် နှစ်နှစ်ပိုကြီးပြီး ဆယ့်ခြောက်နှစ်သာရှိသေးသည်။ သူမလည်း အိမ်ထောင်ပြုတော့မည့် အရွယ်သို့ ရောက်နေသောကြောင့် သူမ နွေဦးပေါက်တွင် လက်ထပ်ရန် ရက်ရွေးထားပြီးသား ဖြစ်သည်။ သူမက မြို့တွင်းရှိ လှည်းဆိုင်မှ သားနှင့် လက်ထပ်မည်ဟု ပြောကြသည်။

 

ကျန်နှစ်ယောက်က အမြွှာတစ်စုံ ဖြစ်ပြီး ယခုနှစ်တွင် ရှစ်နှစ် ရှိနေပြီ ဖြစ်သည်။ ဆဋ္ဌမအဘွား ထိုအမြွှာများကို သူမ အသက်ကြီးမှ မွေးဖွားခဲ့သောကြောင့်  ဆဋ္ဌမအဘွား သေလုမျောပါး ဖြစ်ခဲ့ရသည်ဟု ပြောကြသည်ဆဋ္ဌမအဘွားက သူမ၏ခန္ဓာကိုယ် ပြန်ကောင်းမွန်လာစေရန် နှစ်အတော်ကြာ အချိန်ယူ ထိန်းသိမ်း‌စောင့်ရှောက်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်က ယခုအချိန်အထိ အနည်းငယ် အားနည်းနေသေးသည်။ အထူးသဖြင့် ဆောင်းရာသီတွင် လေအေးဒဏ်ကို ခံနိုင်သေးပေ။

 

ဆဋ္ဌမအဘိုး ငယ်စဉ်က စျေးရောင်းသမားတစ်ဦး ဖြစ်ခဲ့ပြီး သူက ထိုအလုပ်ကို အနှစ်သုံးဆယ်ကျော် လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း သူ့မိသားစုမှ သားနှစ်ယောက်လုံးက စျေးရောင်းသမား အလုပ်ကို အမွေဆက်ခံနိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် ထိုစျေးရောင်းသမားအလုပ်ကို ပဉ္စမအဖွားမိသားစုမှ ဒုတိယသားက အမွေဆက်ခံနိုင်ခဲ့သည်။

 

ဆဋ္ဌမအဘိုး၏မိသားစုတွင် သူတို့ကိုယ်ပိုင်ယာမြေအပြင် သီးပင်စားပင်များ စိုက်နိုင်သည့် တောင်ပေါ်မြေဧကများစွာ ရှိသည်။ အမှန်တကယ်တွင် ယခင်က ထိုထက်ပိုများခဲ့ဖူးသော်လည်း ဆိုးရွားသည့်နှစ်များတွင် ငွေမရှာနိုင်ဘဲ သီးပင်စားပင်များအတွက် ပျိုးပင်ဖိုးနှင့် တောင်ပေါ်မြေများ ဝယ်ယူစဥ်က အကြွေးကိုပင် မဆပ်နိုင်တော့ပေ။ အဆုံးတွင် စုန့်တင်းရှန်း၏အဘိုးက သူ့ကိုယ်ပိုင်ငွေဖြင့် ဆဋ္ဌမအဘိုး၏မိသားစုမှ မြေတစ်ဝက်ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ဆဋ္ဌမအဘိုး၏စိုးရိမ်ပူပန်မှုကို ပြေလျော့စေခဲ့သည်။

 

ထို့အတွက်ကြောင့်ပင် ဆဋ္ဌမအဘိုးက သူ၏စတုတ္ထအစ်ကိုနှင့် အထူးကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဆဋ္ဌမအဘိုးက သီးပင်စားပင်များကို သူ တစ်ယောက်တည်း ဂရုစိုက်ပေးခဲ့ပြီး သူ၏စတုတ္ထအစ်ကိုကို အနှောက်အယှက် မပေးခဲ့ပေ။

 

သို့သော်လည်း ယနေ့ခေတ်တွင် မြောက်ဘက်ရှိ အသီးအနှံပင်အများစုက သစ်တော်သီး၊ ဟော်သွန်၊ အချဥ်အရာရှိသည့်ပန်းသီးသေးသေးလေးများတည်သီးနှင့် မက်မွန်သီးများကဲ့သို့သော အသီးများ ဖြစ်သည်။ ဤအသီးအနှံများက သိုလှောင်ရန် မလွယ်ကူသလို ရာသီအလိုက်မရောင်းချနိုင်ပါက အခြောက်လှန်းရောင်းချရမည် ဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ထိုသို့အခြောက်ခံရခြင်းက ကိုင်တွယ်ရခက်ခဲပြီး အရင်းအနှီးလည်း ကြီးမားသောကြောင့် လယ်သမားများက ထိုအရာကို မကြိုက်ကြပေထို့ကြောင့် သူတို့က အသီးအနှံပင်များ အများကြီးစိုက်ရန် ကုန်ကျမည့်ငွေကို အစေ့အဆန်(စပါး၊ ဂျုံ)စိုက်သည်က ပိုကောင်းသည်ဟု အမြဲတမ်း မှတ်ယူထားကြသည်ထိုမှသာ ကပ်ဘေးကြုံလာလျှင် အနည်းဆုံး ထမင်းတစ်နပ် ပိုစားရလိမ့်မည်ဟု တွေးကြသည်။

 

သို့သော် ဆဋ္ဌမဘိုးက ထိုအယူအဆများကို မယုံကြည်သောကြောင့် သီးပင်စားပင်များကို စိုက်ပျိုးထားခဲ့ပြီး ပြုစုစောင့်ရှောက်ရန်သာ အာရုံစိုက်ထားခဲ့သည်။ သူက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဝါရောင်မက်မွန်ပင်များနှင့် သလဲပင်များကိုလည်း ဝယ်ယူခဲ့ပြီး ယခုနှစ် ဆောင်းဦးရာသီတွင် ငွေများစွာ ရရှိခဲ့သည်။

 

"တင်းရှန်း၊ ဝင်လာပြီး သလဲသီးတွေ စားလိုက်ဦး၊ အိုး ကျူးဇီ၊ မင်းက ပိုသန်မာလာတာပဲ၊ မဆိုးဘူး၊ မဆိုးဘူး!"

 

ဆဋ္ဌမအဘိုးစုန့်ရှင်းကျစ်က ကျယ်လောင်သော အသံဖြင့် မွေးဖွားလာသူ ဖြစ်ပြီး အခြားသူများကို မြင်သည်နှင့် အပြုံးဖြင့် နှုတ်ဆက်လေ့ရှိသည်။

 

အရင်တုန်းက သူ စျေးရောင်းသမားတစ်ယောက်အနေနဲ့ ကောင်းကောင်းလုပ်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။

 

ဆဋ္ဌမဘွားက အပူပေးထားသည့် ခန်ပေါ်တွင် ထိုင်နေပြီး သူမ၏ခြေထောက်များပေါ်တွင် ခြုံစောင်တစ်ထည် လွှမ်းခြုံထားခဲ့သည်။ သူမက အလွန်လှပပြီး အခြားနေရာမှ ထွက်ပြေးလာသည့် ကပ်ဘေးဒုက္ခသည်တစ်ဦးဟု ဆိုကြသည်။ ထိုအချိန်က ဆဋ္ဌမအဘိုးလည်း ငယ်ရွယ်နေသေးပြီး မိသားစုမှ မခွဲခွာရသေးဘဲ ကျန်နေသည့် တစ်ဦးတည်းသော သားဖြစ်သည်။ ဆဋ္ဌမဘွား၏ ရွှံ့များ ပေကျံနေသည် မျက်နှာပိန်ပိန်လေးကို မြင်လိုက်ရချိန်တွင် ဆဋ္ဌမအဘိုးက ဘာဖြစ်သွားမှန်း မသိဘဲ သူ့မိဘများကို သွားပြောပြခဲ့သည်

 

စုန့်မိသားစုမှ အဘိုးကြီးက  ဆဋ္ဌမဘွားကို သူမ၏မိဘများထံမှ ကန်စွန်းဥတစ်အိတ်ဖြင့် ဝယ်ယူကာ စုန့်အိမ်တွင် သုံးနှစ်ကြာ ပျိုးထောင်ပေးခဲ့ပြီးမှ ဆဋ္ဌမဘိုးနှင့် လက်ထပ်စေခဲ့သည်။ နှစ်ယောက်သား ပျော်‌ရွှင်ဖွယ်ဘဝဖြင့် နေထိုင်နိုင်ခဲ့ကြသည်။   ဆဋ္ဌမအဘွား၏ပန်းထိုးလက်ရာက လွန်ကောင်းမွန်ပြီး စုန့်မိသားစုမှ မိန်းကလေးငယ်များစွာက  ဆဋ္ဌမအဘွားထံမှ ပန်းထိုးပညာ သင်ယူခဲ့ကြသည်။ ဆဋ္ဌမအဘွားက ပန်းထိုးတတ်ရုံသာမက ရက်ကန်းလည်း ရက်လုပ်နိုင်သည်။ သူမက ဗီသွာလျှော်(နှမ်းကြတ်ပင်) သို့မဟုတ် ပိုက်ဆံလျှော်ပင်မှ လျှော်များဖြင့် အိမ်သုံးအထည်များ ရက်လုပ်ကာ ရောင်းချလေ့ရှိပြီး မိသားစု၏၀င်ငွေအများစုကို သူမက ထောက်ပံ့ပေးနိုင်ခဲ့သည်။

 

နောက်ပိုင်းတွင် သူမ၏ကျန်းမာရေးကြောင့် အထည်ရက်ခြင်းကို ရပ်နားလိုက်သည်ခု သူမ၏ချွေးမက သူမ၏ရက်ကန်းစင်ကို သုံးနေပြီး ချည်အချို့ကို ဝယ်ယူကာ အထည်နှင့် စောင်များ ရက်လုပ်တက်သည်။ သို့သော် သူမ၏အထည်နှင့် ခြုံစောင်များက ရောင်းနိုင်လောက်သည်အထိ မလုံလောက်ဘဲ သူမတို့ အိမ်အတွက်သာ လုံလောက်သည်။ မည်သို့ပင်ဖြစ်စေ သူမ ထိုသို့ အပင်ပန်းခံ ရက်လုပ်ခြင်းကပင် နှစ်တိုင်း ငွေအများကြီး အကုန်အကျ သက်သာစေခဲ့သည်။

 

"အိမ်မှာလည်း သလဲသီးတွေ အများကြီးရှိတယ်၊ အဲ့တာကြောင့် ဆဋ္ဌမဖိုးရဲ့အိမ်က သလဲသီးတွေကို လောဘမကြီးတော့ဘူး"

 

စုန့်တင်းရှန်းက  ပြုံးပြုံးရွှင်ရွှင်ဖြင့် ခန်ပေါ်သို့တက်ကာ  ဆဋ္ဌမအဖွား၏ဘေးသို့ တိုးဝှေ့ပူးကပ်လိုက်သည်။ ထို့နောက် သူမက သူမ၏တောင်းထဲမှ လိမ္မော်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး လောကွတ်ချော်လိုက်သည်။

 

"ဆဋ္ဌမအဖွားကျွန်မ အဖွား စားဖို့ ဒီလိမ္မော်သီးကို အခွံနွှာပေးမယ်"

“တင်းရှန်းက လက်ထပ်ပြီးမှ သူ()ရဲ့ပါးစပ်လေးက ပိုချိုလာတယ်”  ဆဋ္ဌမအဘွားက လိမ္မော်သီးတစ်စိပ်ကို ယူစားလိုက်ပြီး သူမ၏ပါးစပ်က သူမ၏နားများသို့ ချိတ်လုနီးပါး ပြုံးနေခဲ့သည်

 

ဆဋ္ဌမအဖွားက ကျွန်မကို ဘယ်လို နောက်ပြောင်ရမယ်မှန်း သိနေတယ်ပေါ့စုန့်တင်းရှန်းက လိမ္မော်သီးတစ်ဝက်ကို ဆဋ္ဌမအဘွားအား ပေးလိုက်ပြီး ကျန်တစ်ဝက်ကို အငယ်နှစ်ယောက်အား ဝေမျှပေးလိုက်သည်။ ထိုနောက် သူမက “ရက်ကန်းသံ ကြားနေရတယ်။ နှစ်သစ်ကူးအချိန်မှာ ကျွန်မရဲ့အဒေါ်က ဘာလို့ ရက်ကန်း ရက်နေတာလဲ?”

 

ဆဋ္ဌမအဘွားကအော်... ဒါက လျှော်ပိတ်ဖြူထည်တွေ ရက်နေတာလေ၊ ရွာထဲက လီမိသားစုရဲ့အကြီးဆုံးအဖိုးက ကြာကြာမနေရတော့ဘူးလို့ ခန့်မှန်းတယ်။ သူတို့မိသားစုက ဆင်းရဲပြီး အထည်ဝယ်ဖို့ ပိုက်ဆံမသုံးနိုင်တဲ့အတွက် ငါတို့မိသားစုနဲ့ ပစ္စည်းချင်း ဖလှယ်ကြတယ်။ အခု ရက်လို့ ပြီးလုနီးနီး ဖြစ်နေလောက်ပြီ"

 

စုန့်တင်းရှန်းက ခေါင်းညိတ်ပြလိုက်သည်

 

မိသားစုတွင် သက်ကြီးရွယ်အိုတစ်ဦး ဆုံးပါးသွားပါက မျိုးဆက်သစ်လူငယ်များက လျှော်ဖြူအဝတ်ကို ဝတ်ကာ ငိုကြွေးမြည်တမ်းကြပြီး ဝမ်းနည်းကြောင်း ပြသလေ့ရှိကြသည်။ တချို့က သားသမီးဝတ်ကျေပွန်စွာဖြင့် အဖြူရောင် ပိတ်ချောများကို သုံးလေ့ရှိကြသည်။ အမှန်တကယ်တွင် လျှော်ဖြူပိတ်ပါးက စျေးပေါလှပြီး ပိတ်စတစ်စလျှင် ဆယ်ဝမ်သာ ကုန်ကျသော်လည်း လီမိသားစု၏အကြီးဆုံးအဘိုးက သနားစရာကောင်းလွန်းလှသည်။ လီမိသားစုက  လူဦးရေများလွန်းပြီး  ယနေ့ ထိုမိသားစုတွင် အဘိုးကြီးတစ်ယောက်ဖျားနာလျှင် နောက်နေ့၌ ထိုမိသားစုမှ အခြားလူအိုကြီးတစ်ယောက် ဖျားနာနေတတ်သည်တခြားသက်ကြီးရွယ်အိုများက တောင်ခံနိုင်သေးသော်လည်း အကြီးဆုံးအဘိုးက  အသက် ၈၅ နှစ်ရှိနေပြီဖြစ်သည်။ သူက အသက်ငါးဆယ်အရွယ်ကတည်းက စတင်နာမကျန်းဖြစ်ခဲ့ပြီး ကြီးကြီးမားမား မဟုတ်သည့် အသေးစားဖျားနာမှုများသာ ဖြစ်လေ့ရှိသည်။

 

ဆင်းရဲနွမ်းပါးသော မိသားစု အများစုက ရောဂါဖြစ်မည်ကို ကြောက်ရွံ့တတ်ကြပြီး ဆေးဝါးမျာက စျေးကြီးလွန်းလှသည်။  မိသားစုက တစ်နှစ်တာလုံး အလုပ်ကြိုးစားကြသော်လည်း သူတို့ရရှိသော ငွေအနည်းငယ်ပင် မနွေးသေးခင် တစ်စုံတစ်ဦးက နာမကျန်းဖြစ်ကာ ထိုငွေထဲမှ အများစုကို သုံးစွဲလိုက်ရသည်။

 

မည်သို့ပင် ဖြစ်စေ သူတို့က ထိုအရာကို လက်ခံနိုင်ကြသည်။ သူတို့က အကြီးဆုံးအဘိုးကို အပြစ်မတင်ရက်ကြပေတခြားသူများက သူတို့အဘိုးကို ပြောလာလျှင်လည်း သူတို့က သေသည်အထိ ပြန်ရန်တွေ့ကာ ဆဲဆိုကြိမ်းမောင်းတက်ကြသည်။

 

ဆဋ္ဌမအဘိုးက "အဘိုးကြီးလီက ပျော်စရာအသုဘပွဲကို ဆင်နွှဲရမှာပါသူ့ရဲ့သားသမီးနဲ့ မြေးတွေကို ဆွဲမချမိအောင် သူ စောစော ထွက်သွားတာက ပိုကောင်းပါတယ်"

 

ဆဋ္ဌမအဘွားက ဆဋ္ဌမအဘိုးကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေကာ "ရှင် ဘာတွေ ပြောနေတာလဲ? ရှင်က ကျွန်မကို မကြည်ဖြူတော့ဘူးလား?"

 

ဆဋ္ဌမအဘိုးက ဆဋ္ဌမအဘွား ကျေနပ်စေရန် ကမန်းကတန်း ကြိုးစားလိုက်သည်။ သားသမီးများ ထိုနေရာတွင် မရှိပါက သူက  ဆဋ္ဌမအဘွား ရယ်မောအောင် သူ့ကိုယ်သူ အရူးဖြစ်ခံပြီး ချော့မော့ပေလိမ့်မည်။

 

စုန့်တင်းရှန်းက ကျိုးယိနိုကို လှမ်းကြည့်လိုက်ပြီး ဆဋ္ဌမအဘိုးအတွက် နောက်ဆုံးကျန်နေသည့် နှစ်သစ်ကူးလက်ဆောင်များ ထုတ်ပေးရန် ပြောလိုက်သည်ဆဋ္ဌမအဘိုးက  နှစ်သစ်ကူးလက်ဆောင်များကို တစ်ချက်ကြည့်လိုက်ပြီး "မင်းတို့ မိသားစုမှာ ဆီတွေ အများကြီးကျန်နေသေးတာလား? အဲတာဆိုရင် ငါတို့ကို ပန်းကန်တစ်လုံးစာ‌လောက် လာပို့ပေးပါနိုင်မလား? မင်းရဲ့ဆဋ္ဌမအဖွားက ဆီရွဲရွဲနဲ့ ဗန်းမုန့် စားချင်နေတယ်"

 

"အဲ့ဒါဆို ကျွန်မ အဖွားအတွက် အခု သွားယူပေးပါ့မယ်။ ကျိုးဇီကော..."

 

စုန့်တင်းရှန်းက စကားမဆုံးခင်မှာပင် ကျိုးယိနိုက “အင်း” ဟု ပြောကာ ချက်ချင်း လှည့်ပြေးသွားတော့သည်

 

"ကြည့်စမ်း၊ ကြည့်စမ်း၊ မင်းက အရမ်းအာဏာရှိတာပဲ၊ မင်ရဲ့လူကို အမိန့်ပေးနိုင်တယ်။ တော်သေးတာပေါ့ ကျူးဇီက စိတ်ထားကောင်းလို့ မဟုတ်ရင် မင်း အရိုက်ခံရလိမ့်မယ်" ဆဋ္ဌမအဘိုးက အရွှမ်းဖောက်လိုက်သည်

 

ဆဋ္ဌမအဘွားက “ဟွန့်”ခနဲ နှာမှုတ်လိုက်ပြီး စုန့်တင်းရှန်းကို ပြောလိုက်သည။ "ကြည့်လေ၊ ငါတို့မိသားစုထဲက ယောက်ျားတွေကတော့ အုပ်ထိန်းလို့ကို မရတော့ဘူး။ ဒါက ဒီအဘွားကြီးကို ပင်ပန်းစေယ်"

 

“အိုး ကလေးတွေအမေ…” ဆဋ္ဌမအဘိုးက လူကြီးတစ်ယောက်၏အသွင်အပြင်ကို ထိန်းထားချင်နေသော်လည်း ဆဋ္ဌမအဘွားကြောင့် သူ့မျက်နှာကို အရိုက်ခံနေရပြီး အမြဲလိုလို ရှက်ရွံ့နေရတော့သည်။

 

စုန့်တင်းရှန်းက ပြုံးနေခဲ့ပြီး သူတို့ ကြားထဲတွင် ဝင်ပြောနိုင်သောကြောင့် ခန်စားပွဲပေါ်မှ သလဲသီးကြီးတစ်လုံးကို ကောက်ယူကာ အခွံနွှာနေလိုက်သည်

 

ဆဋ္ဌမအဘိုးက သူ ပြင်ဆင်ထားသည့် ပြန်ကမ်းလက်ဆောင်ကို ထုတ်ယူလိုက်သည်။ သူတို့မိသားစု ပြင်ဆင်ပေးထားသည့် လက်ဆောင်များက ထန်ကျင်းမှ ယူလာသည့် ကွေ့ဟွားပန်းခြောက်နှစ်ဗူး၊ နှမ်းသကြားလုံးနှစ်ဗူးနှင့် ကြက်ဥတစ်ခြင်းတောင်း အပါအဝင် အစားအသောက်များ ဖြစ်သသည်ဆဋ္ဌမအဘိုးက "အခြားလူတွေဆီမှာ ဒီနှမ်းသကြားလုံးတွေ မရှိဘူး။ ငါကိုယ်တိုင် အခြောက်ခံထားတဲ့ သစ်သီးခြောက်တွေပဲ ထည့်ပေးလိုက်တာ။ ဒါပေမယ့် မင်းတို့မိသားစုအတွက်ကတော့ အသီးခြောက်တွေ မပါဘူး၊ ဒီတစ်မျိုးနဲ့ အစားထိုးလိုက်တယ်။ နောက်မှ စမ်းစားကြည့်လိုက်ဒါကို ပျားရည်နဲ့ ကြက်ဥရောပြီး လုပ်ထားတာ၊ အရမ်းမွှေးတယ်၊ ငါ အရင် စျေးရောင်းတုန်းက သိခဲ့တဲ့ အစ်ကိုတစ်ယောက်က ထန်ကျင်းကနေ ယူလာပေးတာ"

 

စုန့်တင်းရှန်းကတော့ ထိုနှမ်းသကြားလုံးမျိုးကို မြင်ဖူးနေပြီးစားဖြစ်သည်။ နောက်ပိုင်း မျိုးဆက်များကတော့ နှမ်းသကြားပြားဟု ခေါ်ဝေါ်ကြပုံရသည်။ ထန်ကျင်းကဲ့သို့သော မြောက်ပိုင်းဒေသများ၏ အထူးသရေစာတစ်ခု ဖြစ်သည်။ တောင်ဘက်က ပူနွေးပြီး စိုစွတ်သည့်အပြင် သကြားရည်နှင့် ဆီများပြည့်နေသော ထိုသကြားလုံးမျိုးက ပူလာသည်နှင့်အမျှ ဗူးထဲတွင် အရည်ပျော်သွားတတ်သောကြောင့် သိုလှောင်ရန် ခက်ခဲသည်။

 

သို့သော် မြောက်ဘက်တွင် ဆောင်းရာသီကဲ့သို့ အမြဲအေးနေသောကြောင့် ဤသကြားလုံးက ပုံပျက်ခြင်း မရှိပေ။ နှစ်လမှ သုံးလအထိ အပြင်ဘက်တွင် ထားကာ သိမ်းဆည်းနိုင်သည်။

 

"ကျေးဇူးတင်ပါတယ် ဆဋ္ဌမဖိုး" စုန့်တင်းရှန်းက ပြုံးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

 

ဆဋ္ဌမဖိုးက “ဘာကို ကျေးဇူးတင်နေတာလဲ? အဲ့တုန်းက မင်းအဖိုးသာ ငါ့ကို မကူညီခဲ့ရင် ငါ အခု စားစရာတောင် တောင်းစားနေရလိမ့်မယ်။ တော်ပါပြီ၊ ဒီအကြောင်းတွေကို ပြန်မပြောချင်တော့ဘူး၊ တိုတိုပြောရရင် အခု ငါတို့ ဘဝတွေ ပိုကောင်းလာပြီ၊ ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြယ်။ စကားမစပ်၊ မင်းရဲ့မိသားစုင ကျူးဇီက နှစ်သစ်ကူးပြီးရင် စစ်တန်းလျားကို သွားရတော့မယ်ဆို၊ မင်းရဲ့ဆဋ္ဌမအဖိုးက  လူအများကြီးနဲ့ သိတာဆိုတော့ မင်းတို့ တစ်ခုခု ဝယ်ချင်တာရှိရင် လိုက်ကြည့်ပေးလို့ ရတယ်နော်"

 

စုန့်တင်းရှန်းက "ကျွန်မတို့ ဘာမှ မလိုပါဘူး၊ သူက သာမန်စစ်သားပဲ ဖြစ်မှာလေ။ သူ့လက်ထဲမှာ တစ်ခုခု ကောင်းတာရှိနေရင် တခြားသူတွေက သူ့ဆီကနေ လုယူဖို့ ကြိုးစားကြမှာ မဟုတ်ဘူးလား? ခိုင်ခံ့ပြီး တာရှည်ခံတဲ့ အဝတ်အစားနဲ့ ဖိနပ်နည်းနည်း ထည့်ပေးနိုင်ရင် လုံလောက်ပါပြီ"

 

တကယ်တော့ သူလုပ်ထားတဲ့ ကြိမ်ချပ်ဝတ်က ပြီးလုနီးနီး ဖြစ်နေပြီ၊ ဆီစိမ်ပြီးတာနဲ့ အဆင်သင့်ဖြစ်သွားလိမ့်မယ်သူမ ဝါဂွမ်းချပ်ဝတ်လို့ ခေါ်တဲ့ ချပ်ဝတ်တန်ဆာတစ်မျိုး ရှိတယ်လို့ ကြားဖူးခဲ့ပေမယ့် သူမ  အဲ့ဒါကို မမြင်ဖူးခဲ့တဲ့အတွက် အဲ့ချပ်ဝတ်တန်ဆာကိုတော့ သူမ မဖန်တီးနိုင်ခဲ့ဘူး? အဲ့အတွက်တော့ နည်းနည်း နောင်တရနေမိတယ်။

 

ဆဋ္ဌမအဘိုးက "ဓားတွေမှာ မျက်စိမရှိတော့ စစ်မြေပြင်မှာ မိုက်မိုက်မဲမဲ ရှေ့မတိုးဖို့ ကျူးဇီကို ပြောရမယ်"

 

စုန့်တင်းရှန်းက "ကျွန်မ မိဘတွေက သူ့ကို ခဏ ခဏ ပြောပြီးပါပြီ၊ ပြီးတော့ ကျိုးဇီကော သိပ်ပြီး တုံးအပါဘူး။ သူက မြို့ထဲက မြင့်မြတ်တဲ့လူတစ်ယောက်နဲ့ သိကျွမ်းခဲ့တယ်။ သူ့မျိုးရိုးက ဝမ်လို့ ပြောတယ်။ ဝမ်သခင်ကြီးရဲ့ဆွေမျိုးတစ်ယောက် စစ်တန်းလျားမှာ အရာရှိငယ်တစ်‌ယောက်လေ။ အချိန်တန်ရင် ကျိုးဇီကောကို သူ့ရဲ့အစေခံအဖြစ် တာဝန်ထမ်းဆောင်ခိုင်းလိမ့်မယ်၊ ဒါပေမယ့် သူ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ ကျိုးဇီကောအပေါ်မှာပဲ မူတည်တယ်"

 

ဆဋ္ဌမမြောက်အဘွားက အသံတိုးတိုးဖြင့် “ကျူးဇီက ကံကောင်းတဲ့ ကလေးပါ၊ အဲ့တာကြောင့် အရမ်းစိတ်ပူပြီး အမိန့်တွေ လျှောက်ပေးမနေနဲ့၊ ပြောတာတွေများသွားရင် ကလေးက ဘာလုပ်ရမှန်း မသိတော့ဘဲ စိတ်မသက်မသာ ဖြစ်နေလိမ့်မယ်”

 

သူတို့ စကားစမြည် ပြောနေကြစဉ်မှာပင် ကျိုးယိနိုက တောင်းတစ်လုံးကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။ ခြင်းတောင်းကို ဖွင့်ကြည့်လိုက်ရာ ဆီပန်းကန်လုံးအကြီးကြီးတစ်လုံးနှင့် စမုန်နက်နှင့် ငရုတ်ကောင်းများ ပါသည့် အထုတ်တစ်ထုပ်ကို တွေ့လိုက်ရသည်။

 

ဆဋ္ဌမအဘိုးက ပြုံးလိုက်ပြီး "ဒီစမုန်နက်နဲ့ ငရုတ်ကောင်းကို မင်းရဲ့ယောက္ခမ ပြင်ဆင်ပေးလိုက်တာ မဟုတ်လား? ဖုန့်ရှီက မင်းတို့ရဲ့ဆဋ္ဌမအဖွားဆီမှာ ပန်းထိုးသင်ဖို့ ရောက်လာဖူးတယ်။ နောက်ဆုံးတော့ မင်းရဲ့ ယောက္ခမက ပန်းထိုးပညာကို မသင်နိုင်ဘဲ ဗန်းမုန့်လုပ်နည်းကို သင်ယူသွားခဲ့တယ်။ မင်းရဲ့အဖွားလုပ်တဲ့ ဗန်းမုန့်က အရမ်းအရသာရှိပြီး အေးသွားတာတောင် ကြွပ်ရွနေတုန်းပဲ"

 

ကျိုးယိနိုက "ကျွန်တော် အိမ်ပြန်ရောက်တော့ အမေက အဲ့ဒါတွေကို ကြော်နေပြီဆဋ္ဌမအဖွားအတွက် ဝက်ဆီစမုန်နက်ဆားနဲ့ ငရုတ်ကောင်းကို ပြင်ဆင်ပေးထားတယ်လို့ ကျွန်တော့်ကို ပြောတယ်

 

ဆဋ္ဌမအဘွားက “အဲ့တာကမှ မင်းရဲ့ယောက္ခမအစစ်ပဲ၊ တစ်ခါတရံ ဖန့်ရှီရဲ့ ပါးစပ်က တခြားသူတွေ သည်းမခံနိုင်လောက်အောင် ကြမ်းတမ်းပေမယ့် သူ(မ)ရဲ့ နှလုံးသားက ရင့်မှည့်နေတဲ့ တည်သီးထက်တောင် ပျော့ပျောင်းလွန်းနေသေးတယ်"

 

ကျိုးယိနိုက သူ့နှုတ်ခမ်းများကို ခပ်ဖွဖွဖိကာ ပြုံးနေရင်း စုန့်တင်းရှန်းကို လှမ်းကြည့်လိုက်သည်
စုန့်တင်းရှန်းက ခန်ပေါ်မှဆင်းကာ ဆဋ္ဌမအဘိုးနှင့်  ဆဋ္ဌမအဘွားအား အရိုအသေပေး ဂါရဝပြုလိုက်ကြပြီး အိမ်ပြန်တော့မည့်အကြောင်း ပြောလိုက်သည်။

 

ဆဋ္ဌမအဘွား သူမတို့ကို အတင်းမထားတော့ဘဲ "တင်းရှန်း၊ မင်း ပန်းထိုးဖို့ မလာတာ အတော်ကြာနေပြီ။ နှစ်သစ်ကူးပြီးလို့ မင်းမှာ ဘာမှ လုပ်စရာ မရှိတော့ရင် ဒီကိုလာခဲ့ဖို့ သတိရနော်"


စုန့်တင်းရှန်း၏နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။

 

ငါက ပန်းထိုးသင်ရမှာလား? ငါ့ရဲ့ အရည်အချင်းတွေက မလုံလောက်သေးဘူးလား?

 

သို့သော် ခဏအကြာတွင် သူမက မူလစုန့်တင်ရှန်း၏ပန်းထိုးလက်ရာကို ပြန်တွေးမိသွားပြီး ခေါင်းညိတ် သဘောတူလိုက်သည်

 

စုန့်တင်းရှန်းကို လိုက်ပို့ပေးပြီးနောက်  ဆဋ္ဌမအဘွားက သက်ပြင်းချလိုက်ပြီး "ဒီလူငယ်စုံတွဲလေးက လိုက်ဖက်ပြီး အရမ်းကြည့်လို့ ကောင်းတယ်။ ဒီကျိုးမိသားစုကတော့.... သူတို့က လူတွေဖြစ်နေရဲ့နဲ့ ဒီလိုဆိုးဝါးတဲ့ အလုပ်တွေကို လုပ်နိုင်ကြတယ်"

 

ဆဋ္ဌမအဘိုးက “အခု သူတို့ ကောင်းကောင်းနေနိုင်ကြပြီပဲဒါက အချိန်ကောင်းပဲ။ လူငယ်လေး တန်းလျားကို သွားပြီး နှစ်အနည်းငယ်ကြာအောင် ခြေလက်တွေ မကျိုးသေးသရွေ့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ သူ ပြန်လာတဲ့အခါ ကောင်းကင်ပေါ်ကို မတ်တတ်ရပ်နိုင်တဲ့လူ ဖြစ်နေလိမ့်မယ်၊ မင်း သူတို့အတွက် စိတ်မပူမနေနဲ့၊ တကယ်လို့ မင်း စိတ်ပူချင်ရင် ငါ့အတွက် ပိုစိုးရိမ်ပေးရမှာ မဟုတ်ဘူးလား?”

 

ဆဋ္ဌမအဘွားက ရယ်မောလိုက်ပြီး သူမ၏ခင်ပွန်းကို မျက်စောင်းထိုးလိုက်သည်။

စုန့်တင်းရှန်း အိမ်ပြန်ရောက်လာချိန်တွင် ခြံထဲသို့ ဝင်လိုက်သည်နှင့် ဆားနှင့် ငရုတ်ကောင်းရနံ့ သင်းသင်းလေးကို ရှုရှိုက်လိုက်ရသည်

 

ကျန့်ရှီက ဝက်ဆီဖက်နှင့် တရုတ်ဂေါ်ဖီထုပ်များပါသော ဖက်ထုပ်များ ပြုလုပ်နေပြီး ညဘက်ရောက်မှ ရေနွေးငွေ့ဖြင့် ပေါင်းက စားကြမည်ဟု သူမကို ပြောပြနေသည်ဖန့်ရှီက ဗန်းမုန့်များ ဖုတ်နေပြီး သူမ၏ဘေးတွင် ဖုတ်ပြီးသားဗန်းမုန့်ချို့ ရှိနေသည်။ ဗန်းမုန့်၏အပေါ်ယံက အညိုရောင်ဖြစ်ပြီး အရမ်းမွှေးလွန်းလှသည်။ ၎င်းက ကလေးအနည်းငယ် ဝန်းရံလာစေရန် ဆွဲဆောင်နိုင်ပြီး ကလေးများက အဝေးသို့ ထွက်သွားရန် တွန့်ဆုတ်နေပုံရသည်။

 

"တင်းရှန်း ပြန်လာပြီလား? ဒီကို မြန်မြန်လာပြီး ကလေးတွေအတွက် မုန့်တွေ မြန်မြန် ပိုင်းပေးလိုက်။ သူတို့ အားလုံး အစားအတွက် ဘယ်လောက်လောဘကြီးနေလဲ ဆိုတာ ကြည့်လိုက်ကြပါဦး" ဖန့်ရှီက ဗန့်မုန့်ကို လှန်နေရင်း ရယ်မောကာ စုန့်တင်းရှန်းကို လှမ်းပြောလိုက်သည်။

 

သူမတို့ အိမ်တွင် ဝက်ဆီဆားနှင့် ငရုတ်ကောင်း ထည့်ရန် နေနေသာသာ ဂျုံဖြူဗန်းမုန့် ဖုတ်ရန်ပင် ရှားပါလှသည်စုန့်တင်းရှန်းက သူမ၏လက်များကို ဆေးကြောလိုက်ပြီး ဗန်းမုန့်ကို လှီးဖြတ်ကာ ဆီအရွဲဆုံးအပိုင်းကို သူမပါးစပ်ထဲသို့ အရင်ပစ်သွင်းလိုက်ပြီး "စားလို့ ကောင်းလိုက်တာအမေ...အမေ ဒါကို  ဆဋ္ဌမအဖွားဆီက ဒီမုန့်လုပ်နည်းကို သင်ယူခဲ့တာလား?"

 

ဖန့်ရှီက "မင်းကိုယ်မင်း ကြည့်စမ်း၊ မင်းက တခြားသူတွေထက်တောင် ပိုလောဘကြီးနေသေးတယ်။ ဒါပေမယ့် ငါ ဒါကို မင်းရဲ့ဆဋ္ဌမအဖွားဆီကနေ သင်ယူခဲ့တာ ဟုတ်တယ်၊ မင်းရဲ့ဆဋ္ဌမအဖွားက ဗန်းမုန့်လုပ်တာ အရမ်းတော်တယ်။ သူ(မ) လုပ်တဲ့ ဘယ်လို ဗန်းမုန့်မျိုးမဆို အရသာ အရမ်းကောင်းတယ်၊ မုန့်တွေကို ဖြတ်ပြီး အရင် ယူသွားပေးလိုက်မင်းရဲ့အဖိုးနဲ့ အဖွားက အရှေ့ခန်းမှာ ရှိတယ်၊ စကားမစပ် မင်းရဲ့ဦးလေးလည်း ခုန ပြန်ရောက်လာပြီ၊ အခု သူ့အခန်းထဲမှာ ရှိနေတယ်”

 

စုန့်တင်းရှန်းတစ်ယောက် မျက်လုံးပြူးသွားသည်။

 

သူမ ဒီကို ရောက်ပြီးကတည်းက သူမရဲ့ဦးလေးက သူမ မင်္ဂလာဆောင်မှာ တစ်ခေါက် ပြန်လာခဲ့တယ်၊ ဒါပေမယ့် သူက အရက်တောင် မ‌သောက်ဘဲ သူမတို့ လူကြီးမိဘတွေကို ကန်တော့တာကို စောင့်ဆိုင်းပြီးတာနဲ့ အလျင်အမြန် ပြန်ထွက်ခွာသွားခဲ့တယ်။ အဲဒီ့ကတည်းက ဒီဦးလေးကို သူမ မတွေ့ရတော့ဘူး

 

သူမ ဗန်းမုန့်များကို သယ်ဆောင်ကာ အိမ်ထဲဝင်လာချိန်တွင် ကျိုးယိနိုက လူငယ်တစ်ဦးနှင့် စကားပြောနေခဲ့သည်။ စုန့်တင်းရှန်းကို တွေ့သွားချိန်တွင် ထိုလူက သူမကို ပြုံးပြပြီး လှမ်းပြောလိုက်သည်။

 

"ဟေး တင်းရှန်း... မင်းက အိမ်ထောင်ကျပြီးသွားတော့ အရင်နဲ့ တကယ့်ကို မတူတော့ဘူးပဲ။ အရင်ကထက် အများကြီး တည်ငြိမ်လာတယ်"

 

ဘယ်လောက်တောင် ချောမောတဲ့ ပညာတတ်လူငယ်လေးလဲ?

 

မူရင်းစာရေးသူ၏မှတ်စု....

စုန့်တင်းရှန်း : လူတိုင်းက ငါ အိမ်ထောင်ကျပြီး ရင့်ကျက်လာပြီလို့ ပြောနေကြပေမယ့် ငါ့အသက် ရှစ်ဆယ်ကျော်နေတာကို ငါပဲ သိတယ်~

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟