အခန်း ၁၉ အတင်းအဖျင်း
စုန့်တင်းရှန်း
တစ်ခါမှ မဆုံတွေ့ဖူးသေးသည့် ထိုဦးလေး၏အမည်ကို စုန့်ကျစ်ရွှမ်း
ဟုခေါ်ပြီး သူ၏အသွင်အပြင်က စုန့်ရှင်းယိနှင့် အဘွားစုန့်တို့၏ အားသာချက်အားလုံးကို
ပေါင်းစပ်ထားခြင်း
ဖြစ်သည်။
သူက ရုပ်ရည်ချောမောပြေပြစ်သော်လည်း မိန်းမ
မဆန်သလို မျက်နှာထားတင်းမာနေခြင်းလည်း မရှိပေ။ သူ့၏မျက်နှာပေါ်မှ
အပြုံးက
ညင်ညင်သာသာ
တိုက်ခတ်နေသည့် နွေဦးလေနုအေးနှင့် တူနေပြီး တခြားသူများကို
စိတ်ပျော်ရွှင်စေသည်။
"အငယ်ဆုံးဦးလေး"
စုန့်တင်းရှန်းက သူ့ကို လေးလေးစားစား
နှုတ်ဆက်လိုက်ပြီး မုန့်ကို ခန်စားပွဲပေါ်
တင်ပေးလိုက်သည်။
အဘွားစုန့်က ကျယ်လောင်စွာ
ရယ်မောလိုက်ပြီး "ကြည့်စမ်း၊ ငါ ပြောတယ်မလား? ငါတို့ မိသားစုက
ကောင်မလေးတွေပဲ ဖြစ်ဖြစ်
ကောင်လေးတွေပဲဖြစ်ဖြစ်၊
ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ၊ ငါတို့ ရှောင်ရွှမ်းကို တွေ့တာနဲ့ သူတို့က အမြဲတမ်း
ကောင်းကောင်းမွန်မွန် ပြုမူကြတယ်"
စုန့်ကျဲကျင့်က သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ
ရယ်မောလိုက်ပြီး
"ဒုတိယအစ်မက
ဦးလေးကို မကြောက်ဘူး
ထင်ထားတာ၊ ဒါပေမယ့်
ဒုတိယအစ်မက
အိမ်အပြင်မှာ
ဗန်းမုန့်တွေကို တိတ်တိတ်လေး
စားနေပြီး အိမ်ထဲကို ဝင်လာတာနဲ့ ကြောင်ကလေးလို ဖြစ်သွားတယ်"
“သွားစမ်း”
စုန့်တင်းရှန်းက
သူမ၏ဝမ်းကွဲကို မျက်စောင်းထိုးလိုက်ပြီး သူမ ဘေးနားရှိ
ကျိုးယိနိုကို လျှာထုတ်ပြကာ ရယ်မောရင်း အဘွားစုန့်၏နံဘေးသို့ တိုးကပ်ထိုင်လိုက်ကာ "အဖွား၊
အဲ့တာက
အငယ်ဆုံးဦးလေးရဲ့
စာသင်သားအရှိန်အဝါ
အရမ်းပြင်းထန်လွန်းလို့ လူတွေက
ကျယ်ကျယ်လောင်လောင် မပြောရဲကြတာ မဟုတ်ဘူးလား?"
စုန့်တင်းရှန်းက
စကားပြောနေရင်း ခန်ပေါ်မှ အပုံကြီးတစ်ပုံကို တွေ့သွားကာ “ဒါက တခြားမိသားစုတွေဆီက နှစ်သစ်လက်ဆောင်တွေလား?”
လီရှီက "မင်းရဲ့တတိယအဖိုးမိသားစုနဲ့
ပဉ္စမအဖိုးမိသားစုပဲ ကျန်တော့တယ်"
နှစ်သစ်ကူးလက်ဆောင်အများစုက
မိမိအိမ်တွင်သာမက အခြားသူများကိုလည်း နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးနိုင်သည့်
ဆန်ကိတ်များ၊ အဆာပြေမုန့်များနှင့် ကြက်ဥများကဲ့သို့သော အရာများဖြစ်သည်။ အိမ်ပြန်လက်ဆောင်များနှင့်
နှစ်သစ်လက်ဆောင်များကြားမှ ခြားနားချက်မှာ အပြန်လက်ဆောင်
အများစုက ပိုမိုများပြားလှပြီး နှစ်သစ်လက်ဆောင်အများစုက ဆွေမျိုးများ
အလည်လာရင်း
ပေးလေ့ရှိသော လက်ဆောင်များ
ဖြစ်ကြသည်။
“ဆဋ္ဌမဦးလေးက
စျေးရောင်းသွားနေပြီး ပြန်လာတာ
မဟုတ်ဘူး၊ ဒွါဒသမဦးလေးကလည်း
မြို့ထဲမှာပဲ
ရှိသေးတယ်၊ ဒွါဒသမအဒေါ်က
သူ့ကို
သွားကြိုဖို့
မြို့ထဲကို
သွားနေပြီး ပြန်မလာသေးဘူး။ အိမ်မှာ
ဘယ်သူမှ မရှိကြဘူး ထင်တယ်၊ သမီး
ခန့်မှန်းမိတာကတော့ ဒွါဒသမအဒေါ်နဲ့ ဦးလေးတို့ ပြန်လာတဲ့အထိ
စောင့်ပြီးမှ လက်ဆောင်လာပို့မယ် ထင်တယ်၊ တတိယအဘိုးရဲ့အိမ်ကတော့.....”
စုန့်တင်းရှန်းက သူမ၏စကားကို
ခဏရပ်လိုက်ပြီး ကျိုးယိနိုအား "ခြင်းတောင်း
ဘယ်မှာလဲ? ပြန်ပေးလိုက်တဲ့ လက်ဆောင်တွေ အဖွားကို ပြရမယ်၊
ပြီးတော့
အဖိုး ဘယ်သွားနေလဲ?”
လီရှီက
"မင်း
အဖေ၊ အဖိုးနဲ့ အကြီးဆုံးဦးလေးက မြို့ထဲကို သွားတယ်။ မင်းက
ဆိုင်တစ်ဆိုင် ဝယ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? သူတို့
ဆိုင်ရှာနေတာ
ကြာလှပြီ၊
ဒီနေ့တော့
တစ်ယောက်ယောက်က
မွေးရပ်မြေကို
မပြန်ခင်
သူ့ဆိုင်ကို ရောင်းသွားချင်တယ်လို့ သတင်းကြားခဲ့တယ်၊ သတင်းကြားတာနဲ့ မင်းအဖိုးက
မင်းအဖေ ထမင်းစားမှာကိုတောင် မစောင့်နိုင်ဘဲ မင်းအဖေနဲ့
မင်းဦးလေးကို ဆွဲခေါ်ပြီး ပြေးထွက်သွားတော့တာပဲ”
ထိုစကားကို
ကြားလိုက်ချိန်တွင်
ကျိုးယိနိုက
အမြန်ထရပ်လိုက်ပြီး “အဖွား၊
အဲ့ဒါက
အဖိုးနဲ့ အဖွားကို စိတ်ပူစေတဲ့ ဒီမြေးကြောင့်ပါ”
“ဟေး၊
ငါတို့အားလုံးက
မိသားစုတွေဆို ဖြစ်နေပြီ၊ တစ်ယောက်နဲ့တစ်ယောက် ဒီလိုစကားတွေ ပြောဖို့
မလိုဘူး။
ပြီးတော့
မင်းအဖိုးက အိမ်ထဲမှာ
နေနိုင်တာ
မဟုတ်ဘူး။
သူက
အပြင်ထွက်ဖို့ အကြောင်းတစ်ခုခုရရင်ကို ပျော်နေပြီ။ အဲ့ဒါ့ပြင် အဲ့သတင်းကို
မင်းတို့ရဲ့အငယ်ဆုံးဦးလေး ပြန်သယ်လာတာ၊ အဲ့တာကို
ကြားတာနဲ့
သူက
နွားလှည်းကို
မောင်းပြီး
ပြေးထွက်သွားတော့တာပဲ" လီရှီက အပြုံးဖြင့်
ပြောနေပြီး ကျိုးယိနိုကို လက်ဟန်ဖြင့် ပြန်ထိုင်ခိုင်းနေခဲ့သည်။
ကျိုးယိနိုက
အပြစ်ရှိသလို
ခံစားနေရပြီး စုန့်တင်းရှန်းကို လှမ်းကြည့်လိုက်သည်။
စုန့်တင်းရှန်းက "အဖိုးက သမီးကို တကယ် ဂရုစိုက်တယ်။ ကျိုးကော၊ ရှင်
အရက်တစ်ကျင်လောက် သွားဝယ်လိုက်၊ ဒီည အဖိုးနဲ့အတူ ကောင်းကောင်းသောက်ကြရအောင်"
စုန့်ကျစ်ရွှမ်းက "ငါ ဒီတစ်ခေါက်ပြန်လာတာ အရက် ဝယ်လာခဲ့တယ်၊ မင်း
သွားဝယ်ဖို့ မလိုတော့ဘူး"
စုန့်တင်းရှန်းက "အဲဒါက
အဆင်မပြေဘူး။ ဦးလေးငယ် ယူလာတဲ့ အရက်က ဦးလေးငယ်ရဲ့အရက်ပဲ၊ ကျွန်မ သောက်စေချင်တဲ့အရက်က
ကျွန်မရဲ့သိတတ်မှုပဲ။
ပြီးတော့
ဟိုဘက်ရွာမှာ
ဝက်ခေါင်းသားရောင်းတဲ့သူတစ်ယောက် ရှိတယ်။ ကျိုးကော အဲ့ကို သွားပြီး
နှစ်ကျင်းလောက် ဝယ်လာခဲ့နော်၊ ရော့ ဒီမှာ ပိုက်ဆံ၊ ရှင့် အိတ်ထဲကို သေသေချာချာ
ထည့်သွားဦး၊ ကျ မပျောက်စေနဲ့”
“ဝိုး
ငါတို့
တင်းရှန်းက မရိုးရှင်းတော့ဘူးပဲ၊ အရမ်းကို
အမိန့်ပေးတတ်နေတာပဲ?" ထိုစကားကို ပြောပြီးနောက် စုန့်ကျစ်ရွှမ်းက ရယ်မောလိုက်ကာ
ကျိုးယိနိုကို ထပ်နောက်ပြောင်လိုက်သည်။
“ကျူးဇီ...
မင်းတစ်ခုခု အမှားလုပ်ထားလို့လား?”
ကျိုးယိနိုက
ပြုံးရုံသာ ပြုံးနေပြီး ပြန်မဖြေတော့ပေ။ သူက ပိုက်ဆံအိတ်ကို
သူ့ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီး နောက်ပြန်လှည့်ကာ ပြေးထွက်သွားတော့သည်။ ခဏအကြာတွင်
အပြင်ဘက်မှ ဖန့်ရှီ၏အသံကို
ကြားလိုက်ရသည်။
"ထမင်းစားချိန် နီးနေပြီ၊ မင်း ဘယ်သွားမလို့လဲ?"
"သောက်စရာ သွားဝယ်မလို့!" ကျိုးယိနိုက
နောက်ပြန်မလှည့်ဘဲ
ပြေးထွက်သွားပြီး မကြာမီပင်
သူက
မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
"အိမ်မှာ
အရက်
မရှိဘူးလား? သူက
ဘာလို့ အရက်သွားဝယ်နေသေးတာလဲ?"
ဖန့်ရှီက
ကန့်လန့်ကာကို
မြှောက်ကာ
ဝင်လာခဲ့ပြီး
သူမ၏လက်ထဲတွင် ဗန်းအကြီးကြီးတစ်ချပ် ကိုင်လာကာ ဗန်းမုန့်များ အပြည့်
သယ်လာခဲ့သည်။
"ပူနေတုန်း
မြန်မြန်စားလိုက်ကြ၊ အိုးထဲမှာ
ဂေါ်ဖီဟင်းရည် ရှိတယ်၊ ငါ အခု ချက်ချင်း သွားထည့်ပေးမယ်"
“မုန်လာဥနဲ့
ဂေါ်ဖီထုပ်နည်းနည်းပါ
ထပ်ထည့်လာခဲနော်”
လီရှီက ဝင်ပြောလိုက်သည်။
"အမေ၊ ကျွန်မ
သိပါတယ်"
ဖန့်ရှီက အပြုံးဖြင့် ကန့်လန့်ကာကို
ချကာ
ပြန်ထွက်သွားခဲ့သည်။
အပြင်ဘက်မှ
ဟင်းသီးဟင်းရွက်လှီးသံများ
ထွက်ပေါ်လာပြီး ခဏအကြာတွင် ဖန့်ရှီက သကြားနှင့်
ရှာလကာရည်ရောထားသော ခြစ်ထားသည့် ဂေါ်ဖီထုပ်တစ်ပန်းကန်ကို
ယူလာပေးခဲ့သည်။
ဗန်းမုန့်များကို ဂျုံမှုန့်ဖြူဖြူဖြင့် ပြုလုပ်ထားပြီး
နှစ်ဖက်စလုံး ရွှေညိုရောင်သန်းနေအောင်
ဖုတ်ထားသောကြောင့် အရသာရှိလှသည်။ ဗန်းမုန့်တစ်ချပ်၏အလေးချိန်က တစ်ကျင်းနီးပါး
ရှိပြီး ဗန်းမုန့်အများအပြားကို အစီအရီ ထပ်ထားခဲ့သည်။
လီရှီက ဗန့်မုန့်တစ်ဝက်ကို
ယူလိုက်ပြီး
သူမ၏တူချောင်းနှစ်ချောင်းဖြင့် ခြစ်ထားသော
ဂေါ်ဖီထုပ်ကို
ယူကာ ဗန်းမုန့်ထဲသို့
လိပ်လိုက်သည်။ ထိုနောက် သူမက စုန့်တင်းရှန်းကို "မင်းအမေက
ဒီမုန့်ဖုတ်တာ အရမ်းကောင်းတယ်။ စားရတာ လုံးဝ မခက်ခဲဘူး"
"ဆဋ္ဌမအဖွားဆီကနေ သင်ခဲ့တာလို့
ပြောတယ်" စုန့်တင်းရှန်းက အပြုံးလေးဖြင့်
ပြန်ရှင်းပြလိုက်ပြီး ထပ်ပြောလိုက်သည်။ "ဆဋ္ဌမအဖွားက သမီးကို ပန်းထိုး သင်ပေးမယ်တဲ့၊ နှစ်သစ်ကူးပြီးရင် လာခဲ့ဖို့
ပြောလိုက်တယ်"
အဘွားစုန့်က "မင်းရဲ့ဆဋ္ဌမအဘွားလား?
ဿူ(မ)က ငါတို့လို သာမန်လူတစ်ယောက်
မဟုတ်ဘူးလို့
ငါ ထင်တယ်၊
လယ်သမားမိသားစုက မိန်းကလေးအများစုက ဘယ်မှာ ရက်ကန်း
ရက်နိုင်ပြီး ပန်းထိုးနိုင်မှာလဲ? အဲ့တာတွေ လုပ်နိုင်ရင်တောင် လက်ရာက
အကန့်အသတ်ရှိ လိမ့်မယ်။ ကျင်းချောင်အာရဲ့ ပန်းထိုးလက်ရာကို ကြည့်လိုက်၊ ကောင်းတယ်
မဟုတ်လား။
အဲ့ဒါ
မင်းတို့ရဲ့ဆဋ္ဌမအဖွားက သူ(မ)ကို
သင်ပေးထားတာလေ၊ ဒီနှစ်သစ်ကူးပြီးရင် မင်းနဲ့
ကျဲကျင့်တို့ နှစ်ယောက်လုံး
အရွယ်ရောက်ပြီ၊ မင်းတို့ ကောင်းကောင်းမွန်မွန် သင်ယူပြီး မင်းတို့ရဲ့ဆဋ္ဌမအဖွားကို ဝန်မပိစေနဲ့”
စုန့်ကျစ်ရွှမ်းက "အမေ၊ ကျွန်တော့်ရဲ့ဆရာမှာ
တော်ဝင်သမားတော် လုပ်ခဲ့ဖူးတဲ့
သူငယ်ချင်းကောင်းတစ်ယောက် ရှိတယ်၊ နောက်ပိုင်းမှာ သူက တော်ဝင်ဆေးဌာနကနေ
ထွက်လာပြီး ခရီးလှည့်လည်
သွားလာရင်း ဆေးကုသပေးနေတယ်၊ အခု သူက ဘေးနားက မြို့လေးမှာ
နေနေတယ်လို့ ပြောတယ်။ သူက
အမျိုးသမီးရောဂါတွေ ကုသတာ အရမ်းတော်တယ်တဲ့၊ ရာသီဥတုပူလာတဲ့အခါ ကျွန်တော့်ဆရာကို
စာရေးခိုင်းပေးမယ်၊ ဆဋ္ဌမအဖွားကို ကုသဖို့
သွားပင့်ဖိတ်ဖို့ ဆဋ္ဌမအဖိုးကို ပြောပြလိုက်ပါ”
လီရှီက
“ဒါက
စဉ်းစားစရာပဲ။
အခုအချိန်မှာ
မင်းတို့ရဲ့ ဆဋ္ဌမအဖိုးက သူ့ဇနီးရဲ့
ကျန်းမာရေးအတွက်
အရမ်း
စိတ်ပူနေတာ။
နှစ်သစ်ကူးပြီးရင်
မင်းရဲ့ဆရာကို လက်ဆောင်သွားပေးပြီး သမားတော်ဆီကို
သွားဖို့
ဘယ်အချိန်လောက်
အဆင်ပြေနိုင်မလဲ
မေးကြည့်လိုက်”
ကျိုးယိနိုက
အရက်နှင့် ဝက်သားများ
ဝယ်ပြီး အမြန်ပြန်ရောက်လာခဲ့သည်။ အေးလွန်းသောအချိန်တွင်ပင် မိုက်မဲသည့်ကောင်လေးက ချွေးများ
အလွန်အကျွံ စီးကျနေလေသည်။ သူ့မျက်နှာတွင် အဖြူရောင်နှင်းမှုန်များ
ဖုံးလွှမ်းနေပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေလေသည်။
“ဟင်းချို အရင်သောက်ပြီးမှ မုန့်စား” စုန့်တင်းရှန်းက စကားပြောနေရင်းဖြင့်
သူအတွက် နေရာဖယ်ပေးရန် သူမ၏တင်ပါးကို ရွှေ့လိုက်ပြီးမှ
စကားဆက်ပြောလိုက်သည်။ “အဲ့လို မဟုတ်ဘဲ
ဗိုက်ထဲမှာ အေးနေတုန်း မုန့်ကို အရင်စားလိုက်ရင် ရှင် ဗိုက်နာသွားလိမ့်မယ်"
ကျိုးယိနိုက အပြုံးဖြင့်
ခေါင်းညိတ်လိုက်ပြီး ဗန်းမုန့်ကို မယူမီ ဟင်းချိုတစ်ခွက်ကို ဖြည်းညှင်းစွာ
သောက်လိုက်ပြီးမှ
ဗန်းမုန့်များကို လိပ်ကာ အားပါးတရ
စတင်
စားနေတော့သည်။
စုန့်တင်းရှန်းက အများကြီး မစားနိုင်ဘဲ ဗန်းမုန့်တစ်ဝက်ခန့် စားပြီးနောက် သူမ ဗိုက်ပြည့်ဝသွားခဲ့သည်။ သူမက
ကျိုးယိနိုနှင့် တခြားသူများ စားသောက်နေသည်ကို ကြည့်နေခဲ့သည်။
အရပ်ရှည်ပြီး
ပိန်လှီတဲ့ ကျိုးယိနိုနဲ့ စုန့်ကျစ်ရွှမ်းနှစ်ယောက်လုံးက
အများကြီး စားနိုင်ပေမယ့် သူတို့ရဲ့သေးသွယ်တဲ့
အသွင်အပြင်ကို ထိန်းထားနိုင်သေးတယ်၊ သူတို့စားလိုက်တဲ့
အစားအစာတွေက လေထဲမှာ ပျောက်ကွယ်သွားတာလား?
သူတို့နှစ်ယောက်စလုံးက
ဗန်းမုန့်အကြီးကြီး နှစ်ပိုင်းကို စားပြီး ဟင်းရည်ပန်းကန်လုံးကြီး တစ်လုံးစီ သောက်လိုက်ပြီးမှ
တင်းတိမ်သွားကြပုံပေါ်သည်။
စားသောက်ပြီးနောက်တွင်
အတွင်းနှင့် အပြင်ကို သန့်ရှင်းရေး လုပ်လိုက်ကြပြီး ကလေးများကို
အိပ်ခိုင်းလိုက်သည်။ အမျိုးသမီးများက ခန်ပေါ်တွင် ထိုင်ကာ စကားစမြည် ပြောနေကြပြီး
စုန့်ကျစ်ရွှမ်းက စစ်သည်များ၊
တပ်မှူးများနှင့် များအကြောင်းနှင့် တစ်ဦးပေါ်တစ်ဦး
အမြတ်ထုတ်မှုများအကြောင်း ပြောပြနေကာ ကျိုးယိနိုက စိတ်ဝင်တစား
နားထောင်နေခဲ့သည်။
ဖန့်ရှီက
ခန်ပေါ်ရှိ နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ခွဲထုတ်နေပြီး ဖိနပ်အပေါ်ပိုင်းတစ်ခုကို တွေ့သွားခဲ့သည်။
သူမက “ဒီဖိနပ်အပေါ်ပိုင်းက ငါတို့မိသားစုကလား ဒါမှမဟုတ်
တစ်စုံတစ်ယောက်က ပေးလိုက်တာလား? တစ်ခုတည်းလား
တစ်စုံမဟုတ်ဘူးလား?”
စုန့်တင်းရှန်းက
စုန့်ကျစ်ရွှမ်း၏ပုံပြင်များကို နားထောင်နေခဲ့ပြီး ဖန့်ရှီက မေးလိုက်မှ သူမက
ရုတ်တရတ် သတိရသွားပြီး
"ဒါက တတိယအဖွားရဲ့မိသားစုက ပြန်ပေးလိုက်တဲ့ လက်ဆောင်လေ"
ဖန့်ရှီက ထိုဖိနပ်အပေါ်ပိုင်းကို
ကောက်ယူလိုက်ပြီး
"တစ်ခုတည်းလား?"
စုန့်တင်းရှန်းက အပြုံးပင်
မပျက်ဘဲ
"ဒါက ဖိနပ်အပေါ်ပိုင်းတစ်ခုလေ"
"ဒါက
ဘာလဲ" ဖန့်ရှီက အနည်းငယ် မကျေမနပ်
ဖြစ်သွားပြီး
"နှစ်သစ်ကူးအတွက် လက်ဆောင်အဖြစ်
ဖိနပ်တစ်ဘက်လား? ခြေအိတ်နှစ်လုံး ဒါမှမဟုတ်
ဖိနပ်အောက်ခံနှစ်ခု ပေးတာကမှ ပိုကောင်းဦးမယ်"
လီရှီ၏မျက်နှာကလည်း သိပ်မကောင်းတော့ပေ။ ရွာမှ လူတော်တော်များများက
လက်ဆောင်ပေးရာတွင်
ဂဏန်းကို
အာရုံစိုက်တက်ကြသည်။ မိသားစုက
ဆင်းရဲသောကြောင့်
ကြက်ဥသာ
ပေးနိုင်လျှင်ပင် ကြက်ဥနှစ်ဥပေးတက်ကြပြီး စုံဂဏန်းဖြစ်အောင်
ပေးတက်ကြသည်။
မဂဏန်းကို
ထူးဆန်းစွာပေးခြင်းအား မဆင်မခြင် ပြုလုပ်ခြင်း သို့မဟုတ် တခြားသူကို ဒုက္ခပေးချင်ခြင်းဟု
သတ်မှတ်ကြသည်။ မည်သူကမျှ ထိုကဲ့သို့ ထူးထူးဆန်းဆန်း လက်ဆောင်ကို မပေးကြပေ။
စုန့်တင်းရှန်းက ပြောတယ်
"ပဉ္စမအဖွားပြောတာတော့
ဖိနပ်အပေါ်ပိုင်းတစ်ခုကို အောက်ခံနှစ်ခုအဖြစ်
ခွဲလို့
ရတယ်တဲ့၊ အဲ့ဒါကြောင့် စုံဂဏန်းလို့ ရေတွက်နိုင်တယ်”
ဖန့်ရှီက လှောင်ပြောင်ရယ်မောလိုက်ပြီး
"ဒါက တော်တော်ကောင်းတာပဲ။ မင်းတို့ရဲ့ တတိယအဖွားအိမ်က နှစ်သစ်ကူးလက်ဆောင်ပေးဖို့
မကြာခင် ရောက်လာကြ
လိမ့်မယ်၊ ငါတို့ သူတို့ကို တူတစ်စုံ ပြန်ပေးလိုက်ရအောင်၊ အဲဒါလည်း စုံဂဏန်းပဲ"
လီရှီက သူမကို
လှမ်းရိုက်ကာ ရယ်မောလိုက်ပြီး "နင် ဘာတွေ ပြောနေတာလဲ?" ဒီဖိနပ်အပေါ်ပိုင်းကို
ကြည့်လိုက်
လက်ရာက တော်တော်ကြည့်ကောင်းတယ်။
မင်းရဲ့ တတိယအဒေါ် လုပ်တာဖြစ်နိုင်မလား?
သူ(မ)ရဲ့အပ်ချုပ်လက်ရာက
အရမ်းကောင်းပေမယ့် ချွေးမတွေ
ရလာပြီးတဲ့နောက်မှာ သူ(မ) အပ်ကိုင်ဖို့ ခဲယဉ်းသွားခဲ့တယ်။ ဒီချုပ်ရိုးအရတော့ မင်းတို့ရဲ့ ပဉ္စမမြောက်ယောင်းမ ချုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်”
စုန့်တင်းရှန်းက သူမပါးစပ်ကို
အုပ်ကာ အကြာကြီးရယ်မောနေပြီးမှ “အဖွားက တကယ်ကို ပိုင်းခြားတတ်တာပဲ၊
ပထမတော့ အဋ္ဌမအဒေါ်က ချုပ်ရိုးကြမ်းတဲ့ ဖိနပ်အပေါ်ပိုင်းတစ်ခု ယူလာပေးတယ်။ သမီးက
ကျောင်းရှင်း ချုပ်ထားတာလားလို့ မေးတော့ ပဉ္စမအဒေါ်က စိတ်ပူပြီး ချက်ချင်း ပြေးလာတယ်။ တတိယအဖွားက
သူ(မ)
စိတ်ရှုပ်နေတုန်း လုပ်ထားတာလို့
ပြောပြီး ပဉ္စမအဒေါ်ကို အသစ်ထပ်ယူခိုင်းလိုက်တယ်။ ပဉ္စမအဒေါ်က သူ့အိမ်ခန်းထဲကိုသွားပြီး
ဖိနပ်အပေါ်ပိုင်း
နောက်တစ်ခု ယူလာပေးခဲ့တာ"
ဖန့်ရှီက ထိုဖိနပ်အပေါ်ပိုင်းကို
ငုံ့ကြည့်ကာ ဘေးသို့ ပစ်ချလိုက်သည်။
ထိုအရာက
ဖိနပ်အပေါ်ပိုင်းတစ်ခုသာ ဖြစ်ပြီး အဘွားကြီးနှင့် အဘိုးကြီးတို့၏ ဖိနပ်များအတွက် အသုံးမပြုနိုင်ပေ။
အကြီးဆုံးအဒေါ်ဖြစ်သူ ကျန်းရှီက ထိုဖိနပ်အပေါ်ပိုင်းကို
ကောက်ကိုင်လိုက်ပြီး "မင်းတို့ ဘယ်သူမှ မလိုချင်ရင် ငါ ယူသွားပြီး
မင်းတို့ရဲ့အကြီးဆုံးအစ်ကိုအတွက် ဖိနပ်အောက်ခံတစ်စုံ လုပ်ပေးလိုက်မယ်။ မင်းတို့ရဲ့အစ်ကိုအကြီးဆုံးမှာ
ဖိနပ်အပါးတွေပဲ ရှိတယ်။ အခု
ကြည့်လိုက်တော့ ဒါတွေက ကြီးပြီး
တော်တော်ကောင်းမယ်ထင်တယ်”
လီရှီက
ဖန့်ရှီအား လှမ်းကြည့်လိုက်ပြီး “မင်းရဲ့ယောင်းမကို ကြည့်စမ်း၊
နင်ကတော့
ဒေါသထွက်ဖို့ပဲ သိတယ်။ ကံကောင်းတာက အာ့နွီက နင်နဲ့မတူတာပဲ"
ဖန့်ရှီက သူမ၏မေးစေ့ကို မြှောက်လိုက်ပြီး
"သူ(မ)က
ဘာကြောင့် ကျွန်မနဲ့ မတူရမှာလဲ? ကျွန်မကတော့ အာ့နွီက ကျွန်မနဲ့တူတယ်လို့
ထင်တယ်၊
သူ(မ)က အရမ်း စကားပြောနိုင်တယ်”
သူတို့
စကားစမြည် ပြောနေချိန်မှာပင် ပဉ္စမအဖွားအိမ်မှ လူများ ရောက်လာကြသည်။ ဒွါဒသမဦးလေးက ဒွါဒသမအဒေါ်ကို ခေါ်လာပြီး သူက လီရှီကို အရင် အရိုအသေပေးပြီးမှ နှစ်သစ်ကူးလက်ဆောင်များ ထုတ်ပေးလာခဲ့သည်။
ထိုလက်ဆောင်က မုန့်နှစ်ဗူးနှင့် ဝက်အူချောင်းတစ်ခွေ
ဖြစ်သည်။
ဒွါဒသမအဒေါ်က ဘေးဘီကို
တစ်ချက်ကြည့်လိုက်ပြီး
ခန်ပေါ်မှ ဖိနပ်အပေါ်ပိုင်းကို
မြင်သွားကာ အပြုံးလေးဖြင့် “ဒါက တတိယအဒေါ်ဆီက ပြန်ပေးတဲ့
လက်ဆောင်မဟုတ်လား။ ဒီတစ်ခုက
ကျွန်မဆီက တစ်ခုထက် ပိုလှတယ်"
ထိုသို့
ပြောပြီးနောက် သူမက
သူမ၏ခြင်းတောင်းထဲမှ ဖိနပ်ပေါ်ပိုင်းကို ဆွဲထုတ်လိုက်သည်။
လီရှီက ထိုဖိနပ်အပေါ်ပိုင်းကို
တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ "အဲ့တာက
တကယ်ကို မလွယ်ဘူးပဲ"
ထိုဖိနပ်အပေါ်ပိုင်းတွင်
ချုပ်ရိုးနှစ်ခုပါရှိပြီး တစ်ခုမှာ ကြမ်းတမ်းနေပြီး နောက်တစ်ခုက သပ်ရပ်သော်လည်း
ချုပ်ရိုးက ကျဲနေပြန်သည်။ တချက်ကြည့်ရုံဖြင့် ၎င်းကို လူနှစ်ဦးက ပြုလုပ်ထားခြင်း
သို့မဟုတ် လူတစ်ဦးက နှစ်ကြိမ်ပြုလုပ်ထားကြောင်း သိသာနေသည်။
ဒွါဒသမအဒေါ်က သူမ၏ဖိနပ်အပေါ်ပိုင်းကို
ပြန်သိမ်းလိုက်ပြီး "အိုက်ယား၊ အဲဒါက တကယ်ကို မလွယ်ကူဘူးပဲ။ တံခါးထဲကို ဝင်လိုက်တာနဲ့
သူတို့ချွေးမနှစ်ယောက်က မျက်ရည်တွေ
သုတ်နေတာကို တွေ့ခဲ့ရတယ်။ ဒီလိုနှစ်သစ်ကူးအကြိုမှာ
ဘာလို့
ငိုရမှန်း
မသိဘူး။ သူတို့ရဲ့
ချစ်စရာကောင်းတဲ့
ကျောင်းရှင်းအာအတွက် ဂုဏ်သတင်းကို ပျက်ပြားစေတယ်လို့လည်း ညည်းညူနေကြသေးတယ်။ အသံက ကျယ်လောင်လွန်းလို့
တံခါးနားကနေတောင်
ကြားနေရတယ်”
သူမတို့ စကားစမြည်ပြောနေကြသည်ကို
တွေ့လိုက်ရသဖြင့် ဒွါဒသမဦးလေးကလည်း စုန့်ကျစ်ရွှမ်းနှင့် ကျိုးယိနိုတို့ကို အနောက်ခန်းသို့
ဆွဲခေါ်သွားပြီး
အမျိုးသမီးများ ပြည့်နေသည့် အခန်းကိုသာ ချန်ထားခဲ့ကြသည်။
ဖန့်ရှီက စပ်စုနေပြီး
"သူတို့က
ဘာဖြစ်နေကြတာလဲ? နှစ်သစ်ကူးမှာ
ဘာလို့ ငြင်းခုံနေကြတာလဲ?"
ဒွါဒသမအဒေါ်က ခန်၏အစွန်းမှာ ခပ်အေးအေး
ဝင်ထိုင်လိုက်ပြီး
ခြင်းတောင်းကို မြေကြီးပေါ်သို့ ချလိုက်ကာ စကားဆက်ပြောနေတော့သည်။
"ယောင်းမ၊
နင်
မသိဘူးလား?
ငါလည်း စကားနည်းနည်းပဲ နားထောင်ခဲ့ရတာ၊ တစ်ယောက်ယောက်
ကျောင်းရှင်းလုပ်ထားတဲ့ ဖိနပ်အပေါ်ပိုင်းလို့ ပြောခဲ့တယ်တဲ့၊ ကျောင်းရှင်းက
သူ နှစ်ခါတောင်ပြန်ချုပ်ထားရတာလို့လည်း ပြောသေးတယ်၊ ဒီလိုမျိုး ဖိနပ်နဲ့ သူ(မ)ရဲ့မျက်နှာကို
ဘယ်လိုပြရမှာလဲတဲ့၊
သေချင်တယ်လို့လည်း ပြောသေးတယ်၊ ငါလည်း
ရှင်းရှင်းလင်းလင်းတော့ မကြားရဘူး၊ အလိုက်မသိတဲ့
မင်းတို့ရဲ့ဦးလေးက တံခါးကို ခေါက်လိုက်တော့၊ ချွေးမနှစ်ယောက်က မျက်ရည်တွေ
သုတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်သွားကြတယ်”
စုန့်တင်းရှန်းက တစ်ခစ်ခစ်
ရယ်မောလိုက်ပြီး
"ကျောင်းရှင်း
ချုပ်ထားတဲ့ ဖိနပ်လို့ ပြောခဲ့တဲ့ တစ်စုံတစ်ယောက် သမီး ဖြစ်နေမလား?"
ဒွါဒသမအဒေါ်က ကဲ့ရဲ့ဟန်ဖြင့် လှောင်ပြောင်ရယ်မောလိုက်ပြီး "ဒီမိသားစုက
အခု တကယ်ကို
အခွင့်ကောင်းယူနေတာပဲ၊ အရင်ကတောင်
အခုလောက် အခွင့်ကောင်း
မယူခဲ့ဘူး ၊ ငါတို့
မိသားစုမှာ ငါ့ယောက္ခမတစ်ယောက်တည်း
ရှိနေတော့ သူတို့က လွယ်ကူတဲ့ ပစ်မှတ်လို့ တွေးနေကြပုံပဲ၊
လှေကားထစ်ကို အခွင့်အရေးရတိုင်း
လွတ်လွတ်လပ်လပ် တက်နေကြတယ်။ သူတို့ငှားထားတဲ့ ခြွေလှေ့တောင်းကို
မှတ်မိတယ်မလား? ပြန်ပေးတဲ့အခါ
လုံးလုံးပျက်စီးနေပြီး ငါ့ယောင်းမကိုတောင်
ပြန်အပြစ်တင်လိုက်သေးတယ်”
ဖန်ရှီက
မယုံကြည်နိုင်စွာ မျက်ခုံးပင့်လိုက်ပြီး “အဲ့လိုတွေ ဖြစ်ခဲ့သေးတာလား?”
ဒွါဒသမအဒေါ်က သူမ၏မျက်လုံးကို ပြူးလိုက်ကာ လှောင်ပြောင်သော
အသံဖြင့် “ဒါက တစ်ခါနှစ်ခါ
မဟုတ်ဘူး၊
ဆဋ္ဌမအဒေါ်ရဲ့ချွေးမက
ရက်ကန်းလုပ်နည်းကို မသင်ခဲ့ဘူးလား? သူတို့ လာပြီး ပိတ်ယက်ခိုင်းတာ တစ်ခါ
နှစ်ခါမကဘူး။ သူ့မိသားစုက
ပိတ်ဖြူဆိုရင်တော့
သေးသေးလေးတောင် မချန်ဘဲ ပြန်တောင်းတယ်။ ပြီးတော့ ဆဋ္ဌမအဒေါ်ရဲ့မိသားစုက သူတို့မိသားစုအတွက် အဝတ်အစားတွေ
မပေးဘူးလို့လည်း ပြောကြသေးတယ်။ သူတို့က သူတို့မိသားစုအားလုံးအတွက် အဝတ်အထည်တွေကို
ဆဋ္ဌမအဒေါ်ဆီကနေ လိုချင်နေပုံပဲ"
အဘွားစုန့်က သက်ပြင်းချလိုက်ရင်း
"ဟေး၊ ဒီလိုမျိုးကြုံခဲ့ရတာက
ငါတို့မိသားစုတင် မဟုတ်ဘူးပဲ၊ အာ့နွီရဲ့မင်္ဂလာပွဲနေ့မှာ သူတို့မိသားစုကလူတွေ ရောက်လာကြတယ်။ သူတို့က
စားသောက်တဲ့အပြင် ပစ္စည်းတွေလည်း ယူသွားကြတယ်၊ ငါတို့က
အကုန်လုံးကို လိုက်မကြည့်နိုင်ဘူးလေ၊ ကြည့်မိတဲ့အချိန်ရောက်တော့
ပန်းကန်တွေ၊
တူတွေ အများကြီး ပျောက်နေတယ်။
သူတို့ ဘယ်အချိန်က ယူသွားလဲတောင် မသိလိုက်ဘူး။ ကျန်းရှီက အပြင်လူတွေ
သိရင် ရုပ်ဆိုးမှာ
ကြောက်လို့ ပန်းကန်တွေကို တိတ်တဆိတ် ပြန်သွားတောင်းခဲ့ရတယ်”
ဖန့်ရှီက အံ့အားသင့်သွားပြီး
ဒေါသထွက်လာပုံရကာ
“ဘာလဲ? နောက်ထပ်ဘာတွေရှိသေးလဲ?"
စုန့်တင်းရှန်း
: အတင်းအဖျင်းတွေကို နားထောင်ရတာ ကြိုက်တယ်။
အတင်းအဖျင်းတွေ နားထောင်ရတာက ပျော်စရာကောင်းတယ်။
----------------
🌟🌟🌟🌟🌟 Thank
you for always being my greatest supporter. 🌟🌟🌟🌟🌟