CHAPTER 20
Viewers 2k

အခန်း ၂၀ ပျေ်ရွှင်ဖွယ်သွေးခုန်နှုန်း

 

လီရှီကလည်း ထိုမိသားစုကို ငြီးငွေ့နေပုံရပြီး ထိုမိသားစုက သူမတို့မိသားစုအပေါ် အခွင့်ကောင်းယူခဲ့သည့်အရာများအား တစ်ခုချင်းစီ ပြောပြနေကာ ထိုအရာများက န့်ရှီကို အလွန်ဒေါသထွက်စေခဲ့သည်။

 

"အခြားသူရဲ့ စေ့စပ်ထားသူကို ဖြားယောင်းသွေးဆောင်တာမျိုးတွေ လုပ်ရဲတာ အံ့သြစရာရှိတော့ပါဘူး။ ဒါက သူတို့ရဲ့ ခိုးယူချင်တဲ့ အလေ့အထပဲ"

 

"မေ..." စုန့်တင်းရှန်းက ဖန့်ရှီကို တွန်းလိုက်ပြီး "ရှမိသားစုကလည်း သိပ်မကောင်းပါဘူး၊ ဒါပေမယ့် ကံကောင်းတာက သမီး သူတို့မိသားစုထဲကို မဝင်လိုက်ရဘူးလေကျူးဇီကောက အရမ်း ကောင်းတယ်။ ဒါကြောင့် နောင်အနာဂတ်မှာ ဒီကိစ္စကို မပြောပါနဲ့တော့ ဟုတ်ပြီလား?"

 

"ကျူးဇီက မကောင်းဘူးလို့ ငါ မပြောခဲ့ဘူး...ဒါပေမယ့်  တော်ပြီ တော်ပြီ၊ ငါ ဒီအကြောင်းကို ထပ်မပြောတော့ဘူး" ဖန့်ရှီက သူမ စကားအလွန်အကျွံပြောမိပြီး သားမက်ဖြစ်သူ စိတ်မချမ်းသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

 

သူမတို့ စကားစမြည်ပြောနေစဉ်မှာပင် တံခါးဝမှ အသံများ ထွက်လာသောကြောင့် ဖန့်ရှီက ခန်ပေါ်မှ အမြန်ဆင်းလိုက်ပြီး "ကလေးတွေအဖေ ပြန်လာပြီ"

 

ဒွါဒသမအဒေါ်က သူမ၏ခြင်းတောင်းကို ကောက်ကိုင်လိုက်ပြီး အပြုံးဖြင့် "စကား‌ကောင်းနေတာနဲ့ ငါ ရောက်နေတာ အတော်ကြာသွားပြီနင်တို့လည်း အလုပ်ရှုပ်နေတော့ ငါ ပြန်ဖို့ အချိန်တန်နေပြီ"

 

ထိုသို့ပြောပြီးလောက် သူမက ဒွါဒသမဦးလေးကို ခေါ်ကာ အိမ်ပြန်ရန် ပြင်လိုက်ကြပြီး နှစ်ယောက်သား စုန့်ရှင်းယိကို အိမ်အဝင်ဝတွင် နှုတ်ဆက်ကာ အိမ်ပြန်သွားကြသည်

 

စုန့်ရှင်းယိက စိတ်ပျော်နေပုံရကာ ရွှင်မြူးနေပြီး ရေနွေးတစ်ငုံ  အရင်သောက်လိုက်ပြီးမှ ခပ်ကျယ်ကျယ် အော်မေးလိုက်သည်။

 

"စားစရာရှိသေးလား? ငါ တလမ်းလုံး ဘာမှ မစားရသေးဘူး"

 

ချွေးမငယ် သုံးယောက်က ထမင်းချက်ရန် ခန်ပေါ်မှ အမြန်ဆင်းသွားကြပြီး ဖန့်ရှီနှင့် ကျန်းရှီတို့က သူတို့မိသားစုမှ ခင်ပွန်းသည်၏အပေါ်ဝတ်များကို ကူချွတ်ပေးနေပြီး အပြင်ဘက်သို့ ယူဆောင်သွားကာ ကြိုးတန်းပေါ်တွင် ချိတ်ဆွဲပြီး ဖြည်းဖြည်းချင်း ရိုက်ပုတ်နေကြသည်။

 

"ဖေ ဘယ်လို ဖြစ်သွားပြီလဲ?" စုန့်ကျစ်ရွှမ်းက သူ့ဆယ်နှစ်မြောက်အစ်ကိုကို ပြန်လိုက်ပို့ပြီး ပြန်ဝင်လာကာ ချက်ချင်း လှမ်းမေးလိုက်သည်။

 

"ဝယ်လိုက်ပြီလား?"


စုန့်ရှင်းယိက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့လက်ထဲမှ အနီရောင် တံဆိပ်တုံးကြီးပါသည့် စာရွက်တစ်ရွက်ကို ထုတ်ယူကာ စုန့်တင်းရှန်းထံသို့ လှမ်းပေးလိုက်သည်။

 

"ငါတို့ ဝယ်ခဲ့ပြီးပြီ။ ဆိုင်က တော်တော် ကောင်းတယ်။ တစ်ထပ်ပဲရှိပေမယ့် နေရာကောင်းမှာ ရှိတယ်။ နောက်ဘက်မှာလည်း ခြံဝင်းတစ်ခု ရှိတယ်၊ အကောင်းဆုံးအချက်က ခြံထဲတွင် ရေတွင်းတစ်တွင်း ရှိတယ်၊ အဲ့ဒါက အရမ်းအဆင်ပြေတယ်၊ ပြီးတော့ တည်သီးပင် နှစ်ပင်လည်း ရှိနေသေးတယ်၊ ကြည့်ရတာတော့ စိုက်ထားတာ တော်တော်ကြာနေပြီ ထင်တယ်... တည်သီးပင်တွေက အရာရာကို အဆင်ပြေချောမွေ့စေမယ်လို့ ငါ ထင်တယ် တကယ်ကို ချောချောမွေ့မွေ့ ဖြစ်ဖို့လည်း မျှော်လင့်တယ်”

(T/n: သူတို့ဘက်မှာ တည်သီးက ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်တဲ့)

 

စုန့်တင်းရှန်းက စာရွက်ပေါ်မှ မြေကွက်အမည်ပေါက်ကို ကြည့်နေကာ အံ့အားသင့်နေခဲ့ပြီး  "အဘိုး၊ ဘာဖြစ်လို့ သမီးနာမည်ဖြစ်နေတာလဲ?

 

စုန့်ရှင်းယိက ကျိုးယိနိုကို တစ်ချက်ကြည့်လိုက်ပြီး "ဘာလဲ? မင်း... မင်းမိန်းမကို ပြောရသေးဘူးလား?"

 

ကျိုးယိနိုက သူ့ခေါင်းကို ကုတ်လိုက်ပြီးမှ စုန့်တင်းရှန်းကို ပြုံးပြလိုက်ပြီး "အဲ့ဒါက မင်းအတွက် ခန်းဝင်ပစ္စည်းပါ၊ ငါက အဲ့မှာ ဘယ်နှစ်နှစ်ကြာမယ်ဆိုတာ ငါလည်း မသိဘူး၊ မင်းက အိမ်လည်း မဆောက်ချင်ဘူး၊ မြေယာလည်း မဝယ်ချင်ဘူးဆိုတော့ မင်းနာမည်အောက်မှာ ဆိုင်တစ်ဆိုင် ထားခဲ့တာက အကောင်းဆုံးပဲ"

 

ကျိုးယိနိုက သူမအတွက် ဆိုင်ဝယ်ပေးလိမ့်ည်ဟု မမျှော်လင့်ထားသော စုန့်တင်းရှန်းကတော့ အကြာကြီး မှင်သက်နေမိသည်။

 

စုန့်ရှင်းယိက ကျိုးယိနိုကို ပုခုံးကို ခပ်ဖွဖွ လှမ်းပုတ်လိုက်ပြီး “မင်းက ကလေးကောင်းတစ်ယောက်ပဲ၊ ငါတို့ စုန့်မိသားစုက မင်းကို စိတ်မပျက်စေရဘူး။ ဒါပေမယ့် ရှေ့ဆက်ရမည့် ခရီးကလည်း အဝေးကြီး ရှိနေသေးတယ်ဘာပဲဖြစ်ဖြစ် အိမ်ပြန်လာဖို့ မမေ့နဲ့"

 

ကျိုးယိနိုက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

 

ထိုဆိုင်က စုစုပေါင်း လျန် ၁၆၀ ကျော် ကုန်ကျခဲ့ပြီး ကျိုးယိနို၏မူရင်း ပိုင်ဆိုင်မှုက ထိုဆိုင်အား ဝယ်ရန် မလောက်ငှခဲ့ပေ။ သို့သော် စုန့်ရှင်းယိက ထိုဆိုင်ကို အတော်လေး မျက်စိကျနေခဲ့ပြီး သူ့အိတ်ကပ်ထဲမှ လျန် ၂၀ ကျော်ကို ရိုးရိုးရှင်းရှင်း ထုတ်ပေးခဲ့သည်။ ဆိုင်ကို ဝယ်ပြီးသည်နှင့် ပြန်ငှားရန် စီစဥ်လိုက်ကြပြီး သုံးယောက်သား အမြန်ပြန်လာခဲ့ကြသည်အသွားအပြန် နှစ်နာရီကျော်လောက် အချိန်ယူခဲ့ရပြီး အပြန်ပြန် အလှန်လှန် သွားလာခဲ့ရသောကြောင့် တကယ်ကို မောပန်းနေကြပြီ ဖြစ်သည်။

 

“ငါ လိုက်မေးကြည့်တာ ဒီဆိုင်က တစ်လကို ငွေတစ်လျန်နဲ့ ငှားလို့ ရတယ်တဲ့။ ဆိုလိုတာက မြို့ထဲမှာပဲ ဒီလောက်ဈေးသက်သက်သာသာနဲ့ ဆိုင်ဝယ်နိုင်တာ။ ခရိုင်မြို့ကိုသွားရင်  လျန်သုံးလေးရာ မရှိဘဲ သေချာပေါက် ဆိုင်တစ်ဆိုင် ဝယ်နိုင်လောက်ဘူးဒါက တိုက်ဆိုင်မှု တစ်ခုပဲ၊ ငါတို့ အာနွီက ကံကောင်းတယ်"

 

စုန့်ရှင်းယိက သူတို့မိသားစုအတွက် ဆိုင်တစ်ဆိုင် ထပ်ထည့်နိုင်ခဲ့သည်ဟု ခံစားနေရပြီး  ပြုံးဘဲ မနေနိုင်ဖြစ်နေကာ ပြုံးဖြီးဖြီးဖြစ်နေလေသည်

 

စုန့်တင်းရှန်းက ပိုင်ဆိုင်မှုစာရွက်ကို ကိုင်ထားပြီး ကျိုးယိနိုအား ကျေးဇူးတင်နေသည့် မျက်လုံးတစ်စုံဖြင့် လှမ်းကြည့်နေခဲ့သည်

 

ကျိုးယိနိုက ရှက်ရွံ့နေပုံရပြီး “နွားတွေကို သွားကြည့်လိုက်ဦးမယ်။ နွားတွေလည်း ပင်ပန်းလာလောက်တယ်။ ကျွန်တော် သူတို့ကို အစာသွားကျွေးလိုက်မယ်"

 

ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူက အလာတကြီး ထွက်ပြေးသွားတော့သည်။

 

စုန့်ရှင်းယိက ထွက်ပြးသွားသည့် သူ့နောက်ကျောကို ကြည့်နေရင်း သက်ပြင်းချလိုက်ကာ စုန့်တင်းရှန်းအား လှမ်းပြောလိုက်သည်။ "ဒီကလေးက အရမ်း ကြင်နာတတ်ပြီ ရိုးသားဖြောင့်မတ်တယ်၊ သူ့က သူ ပြန်မလာနိုင်ဘူးဆိုရင်တောင် မင်း နာမည်နဲ့ ဆိုင်ရှိနေရင် အခြားတွေနဲ့ ပြောဆိုဖို့ လွယ်ကူလိမ့်မယ်လို့ အဖိုးကို ပြောခဲ့တယ်။ သူက မင်းကို နှောင့်နှေးစေမှာ ကြောက်နေပုံရတယ်"

 

စုန့်တင်းရှန်းက ထိုဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတွင် ဤမျှကြင်နာတတ်သော နှလုံးသား ရှိလိမ့်မည်ဟု တွေးတောင်တွေးမိခဲ့ပေ။ သူမ၏မျက်လုံးများက ပူလောင်လာပြီး "ကျူးဇီကောက လူကောင်းပါကောင်းကင်က လူကောင်းတွေကို ကာကွယ်ပေးတယ်။ သူ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ။ သူ ပြန်လာပြီး သမီးတို့နဲ့အတူ ဘဝကို ကောင်းကောင်း ဖြတ်သန်းနိုင်လိမ့်မယ်"

 

စုန့်ရှင်းယိက "ဟုတ်တယ်၊ ဒါက သုံးလေးနှစ်ပဲ ကြာမှာပါအာ့နွီ... သမီး အရမ်း စိတ်မပူပါနဲ့၊ ကျူးဇီက ကံကောင်းမှာပါ"

 

ဖန့်ရှီကလည်း သက်ပြင်းချနေပြီး စိတ်မထိန်းနိုင်ဘဲ ကျိုးလောင်စန်း၏မိသားစုကို ဆူပူကြိမ်းမောင်းနေပြန်သည်

 

"သူတို့တစ်မိသားစုလုံးက အသိတရားကို မရှိကြဘူး။ သူတို့ကြောင့်သာ မဟုတ်ရင် ကျူးဇီက စစ်တန်းလျားကို သွားရမှာ မဟုတ်ဘူး!"

 

စုန့်ရှင်းယိက "ကောင်းချီးတွေနဲ့ ကံဆိုးမှုတွေက တစ်ခုနဲ့ တစ်ခု မှီခိုနေပြီး ယှဥ်တွဲရောက်လာတတ်တယ်လို့ လူတွေက ပြောကြတယ်။ ဒီလိုတွေ ဖြစ်ခဲ့ရင် ကျူးဇီက ကျိုးမိသားစုကနေ ခွဲထွက်သွားနိုင်ခဲ့မှာ မဟုတ်ဘူး။ တကယ်လို့ သူသာ ကျိုးမိသားစုမှာ ရှိနေသေးရင် အာ့နွီကို သူနဲ့ အိမ်ထောင်ချပေးဖို့ မင်းတို့ ဆန္ဒရှိကြမှာလား? သူ‌တို့မိသားစုကတော့....ဟူး!"

 

အမျိုးသားသုံးယောက် ဗန်းမုန့်များ စားနေချိန်တွင် လီရှီက စုန့်လောင်စန်း၏အိမ်မှ နှစ်သစ်ကူးလက်ဆောင်အကြောင်း ပြောပြနေခဲ့သည်

 

စုန့်ရှင်းယိက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခဏအကြာတွင် "ဘာပဲ ဖြစ်ဖြစ် ငါတို့က နေ့တိုင်းတွေ့နေရတာလေ။ ဒါကြောင့် ဆက်ဆံရေးကောင်းကို ထိန်းထားဖို့ လိုနေသေးတယ်။ ဒါပေမယ့် ငါတို့မိသားစုတွေ ခွဲထွက်ပြီးတာ ပဉ္စမမျိုးဆက်ကိုတောင် ရောက်နေပြီနောက်မျိုးဆက်က ကလေးတွေ အနာဂတ်မှာ သူတို့နဲ့ ပြောဆိုဆက်ဆံဖို့  ဆန္ဒရှိ မရှိကတော့ ငါတို့ လိုက်ထိန်းနေလို့ မရတော့ဘူး"

 

အားလုံး စားသောက်ပြီးချိန်တွင် စုန့်ကျစ်ရွှမ်းက သူ့ကျောင်းမှ အကြောင်းအရာများကို ဆက်ပြောပြနေခဲ့သည်။

 

"နောက်နှစ်နွေဦးပေါက်မှာ ရှမိသားစုက ပညာရှင်က စာမေးပွဲဖြေဖို့ မြို့တော်ကို သွားလိမ့်မယ်။ သူက စာလေ့လာတာ တော်တယ်၊ ဆရာတွေက သူ ဒီစာမေးပွဲကိုလည်း အောင်မြင်လိမ့်မယ်လို့ ပြောနေကြတယ်”

 

ဖန့်ရှီက အနည်းငယ် ဒေါသထွက်သွားပြီး "သူက ဘာလို့ စာမေးပွဲ ထပ်ဖြေမှာတုန်း?"

စုန့်တင်းရှန်းက ပြုံးဖြင့် "သူ စာမေးပွဲအောင်ဖို့ သမီး မျှော်လင့်တယ်။ သူသာ စာမေးပွဲကျရင် စုန့်မိသားစုကြောင်းဆိုပြီး ဘာတွေလျှောက်မယ်ဆိုတာ ဘယ်သူ သိမှာလဲ။ အချိန်တန်လို့ စုန့်မိသားစုကို ဒုက္ခမပေးရင် အကောင်းဆုံးပဲနောက်ပြီး သူ စာမေးပွဲအောင်လို့ အရာရှိ လုပ်ဖို့ ထွက်သွားရင်... အဲ့ဒါက အရမ်း ပျော်စရာကောင်းမယ် ထင်တယ်"

 

စုန့်ကျစ်ရွှမ်းက  နှာမှုတ်လိုက်ပြီး စုန့်တင်းရှန်းကို လှောင်ပြောင်လိုက်သည်။

 

"မင်း... မိန်းမငယ်လေးဖြစ်ပြီး တော်တော်ကို သိနေတယ်ပေါ့"

 

စုန့်တင်းရှန်းက သူမ၏မေးစေ့ကို မာန်ပါပါ ပင့်တင်လိုက်ပြီး "တခြားသူတွေ ပြောနေတာကို သမီးလည်း  ကြားနေရတယ်လေ။ သူ့ရဲ့အကျင့်စာရိတ္တနဲ့ဆိုရင် သူ အရာရှိအဖြစ် ရွေးချယ်ခံရတာနဲ့ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ?"

ကျိုးယိနိုက နားမလည်နိုင် ဖြစ်နေပြီး စူးစမ်းချင်စိတ်လည်း ပေါ်လာသောကြောင့် "သူ အရာရှိဖြစ်လာရင် ဘာဖြစ်သွားမှာလဲ? အခု ငါတို့ အများစုက တတိယအဖိုးရဲ့မိသားစုနဲ့ အဆင်မပြေကြဘူး။ အဲဒီအချိန်ကျရင် သူတို့က ငါတို့မိသားစုကို မထီမဲ့မြင်ပြုကြမယ်လို့ ငါ ထင်တယ်"

 

စုန့်ကျစ်ရွှမ်းက သူ့ကို အပြုံးဖြင့် ပြန်ထပ်မေးလိုက်သည်။ "ကျူးဇီ၊ မင်းက အာ့နွီလောက် ဦးနှောက် မကောင်းဘူး၊ လာမယ့်နွေဦးရာသီမှာ စာမေးပွဲဖြေဖို့ မြို့တော်ကို သွားမယ်ဆိုရင် သူ ပြန်လာတဲ့အခါ ငါးလပိုင်း ဒါမှမဟုတ် ခြောက်လပိုင်းလောက် ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ဆို ထောင်ဟုန်က ကလေးမွေးတော့မှာ မဟုတ်ဘူးလား?"

 

ဖန့်ရှီက စဉ်းစားတွက်ချက်လိုက်ပြီး "ဟုတ်တယ်... အဲ့လောက်ဆို မွေးခါနှးနေလောက်ပြီ၊ ဒါပေမယ့် ဒါက အရာရှိ‌ရွေးချယ်ခံရတာနဲ့ ဘာဆိုင်လို့လဲ"

 

စုန့်ကျစ်ရွှမ်းက ခပ်လှောင်‌လှောင်အမူအရာဖြင့် "ဒုတိယမရီး၊ ရှချမ်းက စာဖတ်နိုင်ပေမယ့် သူ အမြင်ကျဥ်းတာကို ရီး မသိပါဘူး။ သူက သူများတွေ ချမ်းသာကြွယ်ဝတာကို မြင်ရင် အနာလို ဖြစ်ပြီး မုန်းတီးတတ်တယ်၊ တကယ်တော့ သူက အမြဲတစေ ဟန်ဆောင်နေတာမရီး စဥ်းစားကြည့်လေ၊ ကျွန်တော်တို့ မိသားစုမှာ ပိုက်ဆံအများကြီး မရှိဘူးလား? ဒါပေမယ့် သူက ကျွန်တော်တို့ကို သားသတ်သမား မိသားစုလို့ အမြဲသုံးနှုန်းတယ်၊ ဘာလို့ လယ်သမား မိသားစု၊ ပညာရှင် မိသားစုလို့ မပြောရတာလဲ? အထူးသဖြင့် ကျွန်တော်က သူနဲ့ သက်တူရွယ်တူဖြစ်ပြီး သူ ပညာရှင် ဖြစ်နေတယ် ဆိုရင်တောင် ကျွန်တော်ကလည်း စာသင်နေပြီး ထုံရှန်းဖြစ်နေပြီလေ၊ သူက အဲ့တာကိုကျတော့ မမြင်နိုင်ဘူးလား?"

 

ဖန့်ရှီက “သူ အဲ့ဒါကို လက်မခံနိုင်ရင် ဘာလို့ ဒီလို လုပ်ခဲ့တာလဲ? သူက ငါတို့ကို လာပတ်သတ်စရာ မလိုဘူးလေ”

 

စုန့်ကျစ်ရွှမ်းက "သူ လက်ခံနိုင်ပေမယ့် ပိုက်ဆံလိုချင်လို့ ဟန်ဆောင်နေတာလေသူသာ တကယ် စာမေးပွဲအောင်သွားပြီး အရာရှိ ဖြစ်လာလို့ အဲဒီနေရာကို ရောက်သွားရင် သူကိုယ်သူ တကယ်ထိန်းသိမ်းနိုင်ပါ့မလား?"

 

စုန့်တင်းရှန်းက "သူ ထိန်းနိုင် မထိန်းနိုင်ကို ပြောဖို့တောင် မလိုတော့ပါဘူး၊  ထောင်ဟုန်က ရှမိသားစုမှာ လက်ထပ်နိုင်ဖို့ အရမ်းကြိုးစားခဲ့တယ်၊  ရှချမ်းလို စေ့စပ်ထားသူအ‌ပေါ် အဲ့လိုပြုမူနိုင်သူက သူ တကယ် အရာရှိဖြစ်လာတဲ့အခါ သူ့မျက်လုံးထဲမှာ ထောင်ဟုန် ရှိနေနိုင်ပါ့တော့မလား? ပြီးတော့ ထောင်ဟုန်က အဲ့အချိန် ကလေးမွေးထားပြီး  ကလေးက ငယ်သေးတော့ သူနဲ့အတူ အပြင်ကို လိုက်သွားနိုင်ပါ့မလား? ရှချမ်းက အပြင်မှာ သခင်မ တစ်ယောက် ရှာလိုက်တာနဲ့ ထောင်ဟုန်တစ်ယောက် သေတဲ့အထိ ဒေါသဖြစ်လိမ့်မယ်"

 

ဖန့်ရှီက စဉ်းစဉ်းစားစားဖြင့် ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် သူမ၏လက်ကို မြှောက်လိုက်ပြီး စုန့်တင်းရှန်းက ခေါင်းကို ခေါက်လိုက်ကာ ဒေါသတကြီးဖြင့် "ကောင်မလေး၊ နင်က ဘာလို့ သူများ အပြင်မှာ အပျော်ရှာပြီး သခင်မရှာမယ့်အကြောင်းကို တွေးနေတာလဲ?"

 

စုန့်တင်းရှန်းက စိတ်ဆိုးဟန်ဆောင်ကာ ကျိုးယိနို၏နောက်သို့ ကမန်းကတန်း ဝင်ပုန်းလိုက်ရင်း "အမေ၊ သမီး အိမ်ထောင်ကျနေပြီ၊ အမေက သမီးကို ကလေးတစ်ယောက်လို မြင်နေတုန်းပဲလား?"

 

ဖန့်ရှီက သူမ၏ သမီးကြောင့် ဒေါသထွက်သွားပြီး
"
နင် အိမ်ထောင်ကျပြီးတာနဲ့ နင့်ကိုယ်နင် ကလေးမလေး မဟုတ်တော့ဘူးလို့ ထင်နေတာလား? နင် ယောင်းတွေကို ကြည့်စမ်း၊ နင် ယောင်းမတွေ အဲ့လိုတွေ ပြောနေတာကို နင် မြင်ဖူးလို့လား?"

 

ယောင်းမသုံးယောက်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။ ကျင်းချောင်အာက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး "ဒုတိယအဒေါ်အန်တီ၊ အာ့နွီကို  အဲ့လို မပြောပါနဲ့၊ အာ့နွီက အရမ်း အမြင်ကျယ်ပြီး အဝေးကြီးကို မြင်နိုင်တယ်၊ ကျွန်မတို့လို ငတုံးတွေက အာ့နွီလို ဘယ်တွေးနိုင်မှာလဲ? ဒါပေမယ့် အာ့နွီ ပြောတာကို နးထောင်ကြည့်တော့ ဒါတွေက  ရှချမ်း လုပ်နိုင်တဲ့အရာလို့ ကျွန်ထင်တယ်"

 

စုန့်ကျစ်ရွှမ်းက "ဒါပေမယ့် ဒါတွေ အမှန်ဖြစ်လာရင် ဒေသခံပြည်သူတွေပဲ ဒုက္ခရောက်လိမ့်မယ်။ သူ အရမ်းလွန်ဖို့တော့ ငါ မျှော်လင့်တယ်"

 

ဖန့်ရှီက "ဒါက ငါတို့ကိစ္စမှ မဟုတ်တာ၊ စိတ်ပူမနေကြနဲ့တော့။ ဘာပဲဖြစ်နေ ဖြစ်နေ ဒါက သူတို့ရှမိသားစုရဲ့ကိစ္စပဲ။ မင်းဘာသာ သားတစ်ယောက် မွေးပြီး သူ့ကို ပြုစုကို ပျိုးထောင်လိုက်၊ အဲ့တာဆို ကျန်တာတွေကို ဘာမှ ဂရုစိုက်နေစရာ မလိုတော့ဘူး!"

 

စုန့်တင်းရှန်းက ဖန့်ရှီ၏အနားသို့ ပြန်ကပ်သွားလိုက်ပြီး သူမ၏လက်မောင်းကို ဖက်ကာ ဆွဲယမ်းနေရင်း "ဟုတ်ပါပြီ၊ အမေ၊
သမီး မှားသွားပါတယ်နော်ကဆို သမီး အဓိပ္ပာယ်မဲ့တာတွေ ပြောတော့ပါဘူး၊ မေ၊ သမီးအတွက် ဒီစာရွက်ကို သိမ်းထားပေးပါလား?"

 

ဖန့်ရှီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ငါ မသိမ်းပေးနိုင်ဘူး၊ မင်းရဲ့ပစ္စည်းတွေကို မင်းဘာသာသိမ်းထား"

 

"အဖွား၊ အမေ့ကို ပြောပေးပါဦး" စုန့်တင်းရှန်းက တတိယအဘွားစုန့်၏အနားသို့ ရောက်သွားပြန်ပြီး စစ်ကူခေါ်လိုက်သည်။

 

"အဖွား၊ အမေက သမီးအတွက် သိမ်းထားပေးမှာ မဟုတ်ဘူး၊ အဖွား သမီးအတွက် ကူညီပြီး သိမ်းထားပေးလို့ ရမလား? သမီးက ဒီလို အရေးကြီးတဲ့အရာတွေကို ဘယ်မှာ ထားရမှန်းမသိဘူး၊ ဆုံးရှုံးသွားရင် ဒုက္ခဖြစ်လိမ့်မယ်"

 

တတိယအဘွားစုန့်က ဖန့်ရှီကို တစ်ချက်ကြည့်လိုက်ပြီး "မင်းကတော့ မင်းအမေရဲ့ဒေါသကို တော်တော် ရင်ဆိုင်ရဦးမှာပဲ။ တခြားသူတွေက အသက်ကြီးလာရင် ပိုတည်ငြိမ်လာတတ်တယ်။ မင်းအမေကတော့ အသက်ကြီးလာလေလေ ကလေးတစ်ယောက်လို ဒေါသပိုထွက်လာလေပဲ"

 

စုန့်တင်းရှန်းက ပြုံးလိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ "အဖွား၊ အဲ့တာက အဖွား အမေ့ကို အရမ်းအလိုလိုက်နေလို့ မဟုတ်ဘူးလား? တကယ်လို့ တခြားယောက္ခမတွေသာဆိုရင် အမေ့ကို အိမ်တွင်းရော အိမ်ပြင်မှာပါ အလုပ်လုပ်ဖို့ သင်ကြားပေးမှာ သေချာတယ်။ ဘယ်လိုလုပ်ပြီး ဒေါသထွက်ဖို့ အချိန်တွေပေးထားမှာလဲ?”

 

"ကောင်းတယ်....စုန့်တင်းရှန်း! နင်က တော်တော် စကားတတ်နေတယ်ပေါ့လေ"

 

ဖန့်ရှီက ဒေါသတကြီးဖြင့် ခန်ပေါ်သို့ တက်လာကာ တံမြက်စည်းကို ကောက်ယူလိုက်ပြီး စုန့်တင်းရှန်းကို ရိုက်ရန် လက်ဆန့်လိုက်သည်။

 

စုန့်တင်းရှန်းက ကျယ်လောင်စွာ ရယ်မောရင်း အဘွားစုန့်၏နောက်သို့ ပြေးဝင်သွားသည့်အပြင် သူမ၏ပါးစပ်ကလည်း အော်ဟစ်နေသေးသည်။

 

"အဖွား၊ သမီးကို ကယ်ပါဦး၊ အဖိုးသမီးကို ကယ်ပါဦး၊ အမေက သမီးကို တကယ်ရိုက်တော့မယ်!

 

အခန်းထဲရှိလူတိုင်း ရယ်မောနေကြပြီး စုန့်ကျစ်ယွမ်ကတော့ ခေါင်းကိုက်နေသလို ခံစားလိုက်ရသည်။ သူက ဖန့်ရှီ၏လက်ထဲမှ တံမြက်စည်းကို ဆွဲဖယ်လိုက်ပြီး "မင်းကိုမင်း ပြန်ကြည့်ပါဦး၊ အသက်က ဘယ်လောက်ရှိပြီလဲ...

 

ဖန့်ရှီက မကျေမနပ် နှာမှုတ်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းကာ ခန်ပေါ်တွင် ဝင်ထိုင်လိုက်သည်သူမ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူမ၏မျက်နှာက ဖြူဖျော့လာကာ မထိန်းနိုင်တော့ဘဲ နှစ်ကြိမ်တိုင်တိုင် ပျို့အန်လာခဲ့သည်။

 

စုန့်တင်းရှန်းတစ်ယောက် ထိတ်လန့်သွားပြီး ဖန့်ရှီကို ကူတွဲပေးရန် အမြန် ပြေးသွားလိုက်ပြီး “အမေ ဘာဖြစ်တာလဲ? သမီးကို မခြောက်နဲ့နော်!"

 

အဘွားစုန့်ကလည်း စိုးရိမ်တကြီးဖြင့် "သမားတော် သွားခေါ်ကြလေ ဘာကို တွေဝေနေကြတာလဲ? နင် ဘာဖြစ်တာလဲ? နင် လေအောင့်လို ဗိုက်နာနေတာလား?"

 

ဖန့်ရှီက အကြိမ်အနည်းငယ် ပျို့တက်လာပြီး နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ အန်ထုတ်ရန် အိမ်ထဲမှ ပြေးထွက်သွားခဲ့သည်။ စုန့်တင်းရှန်းက  အချိန်အတော်ကြာ မှင်သက်နေပြီးမှ သူမ၏မိခင်ကို ကူညီပေးရန် ပြေးလိုက်သွားခဲ့သည်။

 

"မေ..." စုန့်တင်းရှန်းက မိခင်ဖြစ်သူနောက်ကျောကို ဖွဖွလေး ပုတ်ပေးနေရင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ထို့နောက် ပျို့အန်ချင်စိတ် သက်သာစေရန် ရေနွေးနှစ်ငုံလောက် သောက်ခိုင်းလိုက်သည်။

 

နောက်ဆုံးတွင် သူမ၏ရင်ထဲမှ ပျို့အန်ချင်စိတ် သက်သာသွားသောကြောင် ဖန့်ရှီက သူမဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး "ရပြီအမေ အဆင်ပြေပါတယ်အိုး ဒါက မင်းကြောင့် ဖြစ်ရတာ မဟုတ်ဘူးလား? မင်းကို ဘယ်သူက အမေ့ကို ပြဿနာလာရှာခိုင်းလို့လဲ၊ မင်း အိမ်ထောင်ကျပြီးတာတောင် ဒီအမေကို ဘယ်လိုတောင် ဒုက္ခပေးနိုင်ရတာလဲ?”

 

စုန့်တင်းရှန်းက မျက်ရည်များဝဲနေပြီး မိခင်ဖြစ်သူ၏လက်မောင်းကို ဖက်ထားခဲ့သည်။

 

သူမ တကယ်ကို ကြောက်ရွံ့နေခဲ့တာပါ၊ နောက်ဆုံးမှာ သူရရှိထားခဲ့တဲ့ ဒီမိသားစုရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေ ရုတ်တရက် ပျောက်ကွယ်သွားမှာကို သူမ အရမ်း အရမ်း ကြောက်နေခဲ့မိတယ်။

 

ပရမ်းပတာအခြေအနေတွင် စုန့်ကျစ်ယွမ်က ရွာမှ လူများ အားကိုးရသည့် သမားတော်ကို ပင့်ဖိတ်ရန် ပြေးသွားခဲ့ပြီး မကြာခင် ပြန်ရောက်လာခဲ့သည်သမားတော်က အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ် ဖြစ်ပြီး အလွန်ပိန်လှီလှသည်။ သူက ဖန့်ရှီ၏သွေးခုန်နှုန်းကို စစ်ဆေးပေးခဲ့ပြီး "ဂုဏ်ပြုပါတယ် အဖိုးကြီးနဲ့ အဖိုးကြီးစုန့်ရှစ်ယီး မင်းကိုလည်း ဂုဏ်ပြုပါတယ်အိုး၊ မင်းက အရမ်းစိတ်ပူနေပုံပဲ၊ မင်းမိန်းမက နေကောင်းပါတယ်ကွ။ ဒါက ပျော်ရွှင်ရမယ့် သွေးခုန်နှုန်းပါကွာ!"

အခန်းထဲရှိလူတိုင်း အံ့သြသွားကြသည်။

---------------

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟