CHAPTRE 21
Viewers 2k

အခန်း ၂၁ တို့ မင်ကို လိုအပ်နေတုန်ပဲ

ဖန့်ရှီက ယခုနှစ်တွင် သုံးဆယ့်ခုနစ်နှစ်ရှိနေပြီ ဖြစ်သည်။ သူမထံတွင် ယခင်က ကလေးခြောက်ယောက်ရှိခဲ့သော်လည်း ထိုခြောက်ယောက်ထဲမှ တစ်ယောက်ကို သူမ မတော်တဆ ချော်လဲခဲ့သောကြောင့် မမွေးဖွားမီ ဆုံးရှုံးလိုက်ရသည်ထိုကိစ္စကြောင့် လီရှီက သူမကို အလွန်အမင်း ဒေါသထွက်ခဲ့ဖူးသေးသည်

 

သို့သော် ဤအသက်အရွယ်တွင် သူမ နောက်ထပ် ကလေးထပ်ရနိုင်ည်ဟု သူမလည်း မမျှော်လင့်ထားခဲ့ပေသူမ တစ်ခဏတာမျှလောက် စိတ်လှုပ်ရှားနေခဲ့ပြီး ရှက်လည်းရှက်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ထိုခံစားချက်ကြောင့် သူမတစ်ကိုယ်လုံး ထုံထိုင်းနေသလို ခံစားနေရသည်။

 

"အိုး၊ ဒါက အရမ်းပျော်စရာကောင်းတဲ့ ကိစ္စပဲ!"

 

ခဏတာ အံ့အားသင့်နေပြီးနောက်တွင် အဘွားစုန့်က သူမပျော်ရွှင်မှုကို ချက်ချင်း ထုတ်ပြောလာခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် သားသမီးများ၊ မြေးမြစ်များ များစွာ မွေးဖွားနိုင်ခြင်းက မင်္ဂလာတစ်ပါးဖြစ်သည်။

 

အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဒူးထောက်မှာ မြေးတွေကို မမြင်ချင်တဲ့သူရယ်လို့ ရှိလို့လား?

 

ကျန်းရှီကလည်း ဖန့်ရှီအတွက် ဂုဏ်ပြုစကား နှစ်ကြိမ်လောက်ပြောလိုက်ပြီးမှ သူမ၏ အမူအရာက အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။

 

သူမက ယခု အသက်လေးဆယ်ရှိနေပြီ ဖြစ်သော်လည်း ကလေးသုံးယောက်သာ ရှိသေးသည်။ ကလေးငါးယောက်ရှိနေပြီဖြစ်သော ဖန့်ရှီနှင့် နှိုင်းယှဉ်မိချိန်တွင် သူမဘာသာ စိတ်မကောင်းဖြစ်နေမိသည်သို့သော်လည်း သူမ၏ဒုတိယသားကို မွေးဖွားချိန်တွင် သူမ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုကြောင့် နှစ်အတော်ကြာအောင် ပြန်လည်ဂရုစိုက်ပြီးနောက်မှ သူမ၏သမီးကြီးကို ထပ်မံမွေးဖွားနိုင်ခဲ့သည်ထို့နောက် သူမ နောက်ထပ် နှစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် ကလေးများက အားနည်းနေပြီး ကိုယ်ဝန်မမြဲခဲ့ပေ။

 

လီရှီက အမှန်တကယ် ယောက္ခမကောင်းတစ်ဦးဖြစ်ပြီး အကြီးဆုံးချွေးမ၏ စိတ်ဓာတ်ကျနေသော အမူအရာကို သူမ ချက်ချင်း ရိပ်မိသွားခဲ့သည်။ သူမက ကျန်းရှီကို ခပ်ဖွဖွ လှမ်းတွန်းလိုက်ပြီး "မင်းမှာက ဘယ်ဖြစ်နေတာလဲ? ဘာလဲ... မင်းက မနာလိုဖြစ်ပြီး ငြူစူချင်နေတာလား? ဘာငြူစူရာ ရှိလို့လဲ၊ မင်းရဲ့သားနှစ်ယောက်စလုံးက အိမ်ထောင်ကျ နေပြီ။ ပြီးတော့ မင်းမှာ မြေးနှစ်ယောက်ရှိနေပြီ၊ တတိယတစ်ယောက်ကလည်း မကြာခင် ရောက်လာတော့မယ်။ ပြီးတော့ ကလေးတွေဆိုတာ ကံကြမ္မာကပေးတဲ့ အရာပဲ၊ မင်း ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူး”

 

“အမေ ကျွန်မ သိပါတယ်…” ကျန်းရှီက သူမ၏မျက်နှာကို ခပ်ကြမ်းကြမ်း တစ်ချက်ပွတ်လိုက်ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

 

ဒါပေမယ့် ကျွန်မ နည်းနည်းတော့ အားကျနေမိတယ်”

 

နှစ်သစ်ကူးကာလတွင် ထိုသတင်းကောင်းကို သိခဲ့ရပြီးနောက် ဖန့်ရှီက ချက်ချင်းပင် အလေးအနက် ဂရုစိုက်ခံရသည့်သူ ဖြစ်လာခဲ့သည်သူမက အမှန်တကယ် အသက်ကြီးနေဖြစ်ကာ ယခုအချိန်တွင် ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် မွေးဖွားနိုင်ရန် သူမအတွက် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ ဆေးဆရာက ဗိုက်ထဲမှ ကလေးနှင့် မိခင်လောင်း၏ကျန်းမာရေးအတွက် ဆေးစာ ရေးပေးခဲ့သော်လည်း ယခုအချိန်တွင် မြို့တွင်းမှ ဆေးဆိုင်များအားလုံး ပိတ်ထားပြီး ဆေးစာရှိလျှင်ပင် ဆေးမဝယ်နိုင်သေးပေ။

 

ဆေးဆရာကြီးက အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

 

“မင်းမိန်းမရဲ့အရိုးတွေ ဒီလောက် သန်မာနေတာ တစ်ရက်နှစ်ရက်လောက်နဲ့တော့ စိတ်ပူစရာ မလိုဘူး။ နှစ်သစ်ကူးပြီးတဲ့ ပဉ္စမနေ့ရောက်ရင် ဆေးဆိုင်တွေ ပြန်ဖွင့်မှာပဲ။ အဲ့အချိန်ရောက်မှ ဆေးသွားဝယ်ရင်လည်း နောက်ကျသေးပါဘူး။ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ ဆိုတာနဲ့ ပတ်သတ်တွင် မိန်းမတွေက ငါ့လို ဆေးဆရာထက်တောင် ပိုသိပါတယ်ကွာ" မင်းတို့အိမ်မှာလည်း အတွေ့အကြုံ ရှိတဲ့ အဘွားတစ်ယောက်ရှိနေတာပဲ။ ငါ့စကားကို နားထောင်စမ်းပါ"

 

အဘွားစုန့်က ရယ်မောရင်း ဝင်ပြောလိုက်သည်။

 

"ဟုတ်တယ်၊ ငါဆို ကလေးဘယ်နှစ်ယောက်ကို ပြုစုပျိုးထောင် ထားပြီးပြီလဲ? ပြီးတော့ ဒီမြေးတွေနဲ့ မြေးမတွေထဲမှာလည်း ငါ မစောင့်ရှောက်ပေးဖူးတဲ့သူ ဘယ်သူ ရှိလို့လဲ? တာ့န့်၊ သိပ်ပြီး စိတ်မပူနဲ့ ငါ့စကားကိုပဲ နားထောင်ငါ မင်းကို သေသေချာချာ ဂရုစိုက်ပေးမယ်"

 

ဆေးဆရာကို ပြန်လိုက်ပို့ပေးပြီးနောက် လီရှီက စုန့်ကျစ်ယွမ်အား ထပ်ပြောလိုက်သည်။

 

"ပုံမှန်ဆိုရင် ဒီလိုပျော်စရာကောင်းတဲ့ကိစ္စမျိုး ရှိလာတဲ့အခါ မင်းရဲ့ယောက္ခမတွေကို အမြန်ဆုံး ပြောပြသင့်တယ်။ ဒါပေမယ့် မနက်ဖြန်က နှစ်သစ်ကူးပဲ၊ ဒီနေ့ကလည်း အရမ်း နောက်ကျနေပြီ၊ နေရာတိုင်းမှာ နှင်းတွေနဲ့ ရေခဲတွေ ရှိနေတယ်၊ မင်း အချိန်မီ ပြန်မလာနိုင်မှာကို ငါ စိုးရိမ်တယ်။ နှစ်သစ်ကူးရဲ့ဒုတိယနေ့မှာ မင်း မင်း‌ယောက္ခမရဲ့အိမ်ကို သွားပြီး နှစ်သစ်ကူး လက်ဆောင်တွေ သွားပို့မှ ပြောမယ်ဆိုရင်ရော ဘယ်လိုလဲ? မင်းမိန်းမက ဒီနှစ် သူ့မိဘအိမ်ကို ပြန်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းမိတယ်

အိမ်ထောင်ကျပြီး
သည့် သမီးဖြစ်သူက နှစ်သစ်ကူးဒုတိယနေ့တွင် မိဘအိမ်သို့ ပြန်သွားလေ့ရှိသော်လည်း သူမ၏သမီးဖြစ်သူကလည်း အိမ်ထောင်ကျသွားပါက နှစ်သစ်ကူး၏ဒုတိယနေ့တွင် မိဘအိမ်သို့ မပြန်နိုင်တော့ပေထို့ကြောင့် မိဘအိမ်သို့ ပြန်ချင်လျှင် ပထမလငါးရက်မြောက်နေ့အထိ စောင့်ကြသည်။

(T/N: ကိုယ်က မိဘအိမ် ပြန်ချင်ပေးမယ့် သမီးကလည်း ကိုယ်ဆီလာမှာဆိုတော့ မသွားနိုင်ဘဲ စောင့်နေပေးရတာမျိုးပါ)

 

ယခုတကြိမ်တွင် ဖန့်ရှီက  ကိုယ်ဝန်ရှိနေသောကြောင့် နှစ်သစ်ကူး၏ဒုတိယနေ့ဖြစ်စေ ငါးရက်မြောက်နေ့ဖြစ်စေ အိမ်မပြန်လာနိုင်တော့ပေ။ အပြင်တွင်  အေးစက်နေသည့်အပြင် လမ်းများကလည်း ချော်နေသောကြောင့်  သူမ အအေးမိသွားလျှင် သို့မဟုတ် ချော်လဲသွားလျှင် ငိုစရာမျက်ရည်ပင် မကျန်နိုင်တော့ပေ။

 

"ကောင်းပါပြီ၊ ကျွန်တော် နှစ်သစ်ကူးရဲ့ဒုတိယနေ့မှ သွားလိုက်တော့မယ်” စုန့်ကျစ်ယွမ်က ပြန်ဖြေလိုက်ပြီး သူ သွားများပေါ်နေသည်အထိ ပြုံးနေခဲ့သည်။ သူက သူ့မိန်းမကို ပိုကြည့်လေလေ ပိုကြည့်ကောင်းလေလေဟု ခံစားနေရပြီး ဖန့်ရှီ၏လက်ကို မနေနိုင် မထိုင်နိုင် လှမ်းကိုင်လိုက်သည်။

 

ဖန့်ရှီက ဒေါသတကြီးဖြင့် သူမ၏လက်ကို ဆောင့်ရုန်းသွားပြီး
ခန်ပေါ်တွင် ပုန်းနေလေသည်။

 

စုန့်တင်းရှန်းက ဝမ်းသာနေသလို တစ်ချိန်တည်းမှာပင် စိတ်လည်းပူနေခဲ့သည်။  ယခုခေတ်တွင် သားသမီးများ များလာလေလေ မိဘများ အသက်ကြီးချိန်၌ ပိုအားကိုး ရလေလေဖြစ်ပြီး ဖန့်ရှီက ယောက်ျားလေးတစ်ဦးကို မွေးဖွားနိုင်ရန် သူမ မျှော်လင့်နေမိသည်။ ကျေးရွာများတွင် ယောက်ျားလေးမွေးဖွားသော မိခင်များက ပိုအလေးအနက် အထားခံရသောကြောင့် ဖြစ်သည်။ သူမ စိုးရိမ်နေရခြင်းကတော့ လက်ရှိခေတ်တွင် ဆေးဝါးနှင့် ကုသနည်းများ မရှိသောကြောင့် သာမန်အအေးမိခြင်းကပင် အသက်ဆုံးရှုံးနိုင်ပြီး ကလေးမွေးရန်က ပိုခက်ခဲလှသည်သို့သော်လည်း လယ်သမားမိသားစုများမှ သမီးအများစုက ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရပြီး သူမတို့၏ ခန္ဓာကိုယ်နှင့် အရိုးများက အခြေခံအားဖြင့် သန်မာသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ကျေးလက်ဒေသများမှ မိသားစုအများစုတွင် ကလေးများစွာ ရှိနေတတ်ကြသည်။

 

အလိုလိုက်ခံရသည့် မိသားစုမှ သမီးများကတော့ သူမတို့ မွေးဖွားချိန်တွင်
သူမတို့၏အသက်တစ်ဝက်လောက် ဆုံးရှုံးသွားသလို ခံစားရလေ့ရှိသည်

 

 သူမကို ပိုစိုးရိမ်စေသည်က ယနေ့ခေတ်တွင် ထိရောက်သည့် သန္ဓေတားဆေးများ မရှိခြင်း ဖြစ်ပြီး သူမ အနာဂတ်တွင် ကလေးများ အဆုံးမဲ့မွေးနေရမည်ကို စိုးရိမ်နေမိသည်

 

ကလေးတွေအတွက်ကတော့.... သုတ်ပိုးက အရေအတွက်ထက် ပိုအရေးကြီးတယ်...

 

ထားလိုက်ပါတော့.... အဲဒါကို မေ့ပစ်လိုက်၊ မေ့ပစ်လိုက်၊ နင် အရမ်းတွေးလွန်နေပြီ

 

"အင်း... သမီက အခုမှ အိမ်ထောင်ကျခါစကို အမေက ကိုယ်ဝန်ရှိနေတယ်တခြားလူတွေ သိရင် ရယ်ကြတော့မှာပဲ!"

 

 ဖန့်ရှီ၏မျက်နှာက နီရဲနေပြီး သူမက ခေါင်းမမော့ရဲလောက်အောင် ရှက်ရွံ့နေပုံရသည်။

 

လီရှီက ရယ်မောလိုက်ပြီး သူမကို ပြန်ပြောလိုက်သည်။

 

"ဘာကို ရယ်ကြမှာလဲ? မင်းရဲ့ယောင်းမကြီးကတောင် မင်းကို မနာလိုဖြစ်နေပြီ။ အပြင်လူတွေက မင်းနဲ့ ငါတို့မိသားစုကို ဘယ်လောက်တောင် မနာလို ဖြစ်ကြမယ် ထင်လဲ? မင်း အဲ့လောက် လေးလေးနက်နက် တွေးမနေနဲ့။ မင်းက နေ့တိုင်း ဒီလို ရှုပ်ပွနေတဲ့ ကိစ္စတွေကိုပဲ တွေးနေတာလား? တော်ပြီ၊ မင်း ဒီမှာပဲ ငါနဲ့အတူ လာနေလိုက်တော့၊ ပြီးတော့ ညဘက် ဖက်ထုပ်လုပ်တာကို ဝင်မပါနဲ့”

 

ဖန့်ရှီက မပျော်မရွှင် ဖြစ်သွားပုံရပြီး စောဒကတက်လာပြန်သည်။

 

"ဘာဖြစ်လို့လဲ၊ ကျွန်မ ကိုယ်ဝန်ရှိနေတာက ဖက်ထုပ်လေးတောင် မလုပ်ရတော့ဘူးလား?"

 

သူမက အလွန်တရာ စေ့စပ်သေချာသူ မဟုတ်သော်လည်း အိမ်တွင်းရေးတွင် အိမ်မှုကိစ္စအားလုံးကို ကောင်းစွာစီမံဆောင်ရွက်တတ်သူဖြစ်သည်။ ပုံမှန်အားဖြင့် သူမ၏ချွေးမက အဆင်မပြေ ဖြစ်နေလျှင် သူမက သူမ၏ချွေးမကို ဘာမှမလုပ်စေဘဲ အလုပ်အားလုံးကို သူမဘာသာ လုပ်ကိုင်လေ့ရှိသည် ယောက္ခမတစ်ဦးအနေဖြင့် သူမက ချွေးမအတွက် စည်းမျဥ်းစည်းကမ်းများ ချမှတ်ပေးနိုင်သော်လည်း သူမက ဘယ်သောအခါမှ ထို့သို မလုပ်ခဲ့ပေ။ သို့သော်လည်း အဘွားစုန့်က သူမကို ယောက္ခမကောင်းတစ်ယောက်ဖြစ်အောင် သင်ကြားပေးခဲ့သူ ဖြစ်ပြီး သူမ၏ယောက္ခမက ချွေးမများအား စည်းကမ်းများ ချမှတ်သည်ကို သူမ မမြင်ဖူးသောကြောင့် သူမလည်း ထိုနည်းလမ်းကို သင်ယူတတ်မြောက်မည် မဟုတ်ပေ

 

"မုန့်ညှက်တွေက အေးနေတော့ မင်းရဲ့လက်တွေ အေးခဲသွားပြီး မင်းလည်း အဆင်မပြေသလို ခံစားရလိမ့်မယ်။ မင်းအသက်က အခုဘယ်လောက်ရှိနေပြီလဲဆိုတာ မသိဘူးလား?" အဘွားစုန့်က မျက်လုံးပြူးဖြင့် ဖန့်ရှီကို ဆူပူနေပြီး "မင်းက မင်းရဲ့အသက်ကို ဆယ့်ခုနစ်နှစ် ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လို့ ထင်နေတုန်းပဲလား? မင်း ဒီဆောင်းရာသီမှာ အိမ်ထဲမှာပဲ နေမယ်။ ဘယ်ကိုမှ မသွားရဘူး။ တခြားအရာတွေ အတွက် ဘာမှမပြောခင် ကလေးတည်ငြိမ်သွားတဲ့အထိ စောင့်လိုက်ဦး”

 

ဆောင်းတွင်းဖြစ်နေသောကြောင့် မုန့်ညှက်နှင့် အဆာပလာများကို မီးဖိုချောင်ထဲတွင် အဆင်သင့် သိမ်းထားလေ့ရှိသော်လည်း မု့န်ညှက်က ပြန်ဂရုစိုက်ပေးရန် လိုအပ်သေးသည်။ မုန့်စိမ်းကို မီးဖိုပေါ်တွင် ဖုတ်ရမည်ဖြစ်ပြီး ထိုအခိုက်အတန့်တွင် အနည်းငယ် နွေးထွေးသည်ဟု ခံစားရနိုင်သည်သို့သော် ထိုအရာများကို တံခါးနားမှ ဗီရိုပေါ်တွင် တင်ထားလိုက်ပါက နေ့တစ်ဝက်အတွင်း ရေခဲတုံးဖြစ်သွားပေလိမ့်မည်

 

အလုပ်လုပ်ခွင့် မရတော့သည့် ဖန့်ရှီက ခန်၏ဘေးမှ နံရံကို မှီထားပြီး  အလွန်စိတ်မကောင်းဖြစ်‌နေပုံဖြင့် အိပ်ယာခင်းသေးသေးလေးဖြင့် သူမကိုယ်သူမ ဖုံးအုပ်လိုက်သည်။

 

စုန့်မိသားစုတွင် အလုပ်အများစုကို အမျိုးသားနှင့်အမျိုးသမီးများ အတူတကွ လုပ်ဆောင်ကြပြီး အထူးသဖြင့် စုန့်ရှင်းယိ၏မိသားစုတွင် မီးဖိုချောင်အလုပ်မလုပ်နိုင်သည့် အမျိုးသားဟူ၍ မရှိတော့ပေစုန့်ရှင်းယိ၏ထူးခြားသော လက်ရာက အသားပြုတ်ဖြစ်ပြီး အခြားသားများကလည်း ဂျုံနယ်ခြင်း ဂျုံလှိမ့်ခြင်း၊ မုန့်လုံးခြင်းနှင့် ဖက်ထုပ်ထုပ်ခြင်း စသည်ဖြင့် ပြုလုပ်နိုင်ကြသည်။ အထူးခြားဆုံးက စာပေသင်ကြားနေည့် စုန့်ကျစ်ရွှမ်းပင်လျှင် သူ၏အင်္ကျီလက်များကို လှန်တင်ကာ အလုပ်ဝိုင်းကူ နေခဲ့သည်။

 

ကျိုးယိနိုက မုန့်ပေါင်းနှင့် ဖက်ထုပ်လုပ်နည်းကို လုံးဝ မသိပေသူ ကျိုးအိမ်တွင် ရှိနေစဥ်က အသားများအပြည့်ပါသည့် ဖက်ထုပ်များ စားရသည့်သူက မည်သည့်အခါမှ သူ မဟုတ်ခဲ့ပေ။ ကျိုးမိသားစုမှ တတိယချွေးမက သူ့ကို ထိုအရာများနှင့် လုံးဝ ထိတွေ့ခွင့် မပြုခဲ့ပေ။ အများစုအားဖြင့် သူက သားကောင်များကို ဖမ်းဆီးပေးရသည့်အပြင် ထိုသားကောင်ကို သတ်ပေးရသော်လည်း သူတို့က အသားပြုတ်ကို စားကြပြီး သူအတွက်ကတော့ အရိုးပြုတ်ရည် သောက်ရန်သာ ပေးလေ့ရှိကြသည်

 

ထို့ကြောင့် ဖက်ထုပ်လုပ်နည်းကို သင်ယူပြီးချိန်မှာ စုန့်တင်းရှန်းက သူ့ကို မီးကြည့်ရန် စေလွှတ်ခဲ့သည်

 

တစ်မိသားစုလုံးက အတူတူ ပူးပေါင်းပါဝင်နေကြပြီး တိုက်ပွဲဝင်နေကြသလို  ဖက်ထုပ်များ အလျင်အမြန် ပြုလုပ်နေကြသည်။ ဖက်ထုပ်ပန်းကန်လုံးကြီးများကို အိုးပေါ်မှ ချထားလိုက်သည်နှင့် မကြာမီမှာပင် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။

 

ဖက်ထုပ်တစ်ဗန်းကို ပြုတ်ပြီးတိုင်း အအေးခံရန် အပြင်သို့ ယူသွားကြသည်။ အေးသွားသောအခါတွင် ၎င်းတို့ကို နံရံအောက်ရှိ သစ်သားစည်ပိုင်းထဲသို့ လောင်းထည့်ထားရသည်။ စားချင်သည့်အခါတိုင်း ထိုဖက်ထုပ်များကို ပြန်ရွေးထုတ်ပြီး ရေနွေးငွေ့ဖြင့် ပြန်နွေးလိုက်လျှင် ဖက်ထုပ်အသစ်များကဲ့သို့ ဖြစ်လာပေလိမ့်မည်။

 

လီရှိက ပမာဏကို ရေတွက်ပြီး မိသားစု၏ညစာအတွက် အလုံအလောက် ချန်ထားက  ကျန်သည့်ဖက်ထုပ်အားလုံးကို အေးခဲထားစေခဲ့သည်။ တစ်ဘက်၌ ဖက်ထုပ်များ ပြုလုပ်နေချိန်တွင်  ယာဂုကျိုရန်အတွက် အခြားတစ်ဖက်ရှိ မီးဖိုကိုလည်း မီးမွှေးထားခဲ့သည်။

 

ကျန်းရှီ ယာဂုကျိုနေသည့်ကို မြင်လိုက်ရချိန်တွင် စုန့်တင်းရှန်းက မြေအောက်ခန်းသို့ သွားကာ ဂေါ်ဖီထုပ်ကြီးတစ်ပိုင်းကို ယူလာခဲ့သည်။ အပြင်ဘက်ရှိ ဟောင်းနွမ်းပုပ်နေသော အရွက်များကို ဖယ်ထုတ်လိုက်ပြီး နူးညံ့သော ဂေါ်ဖီအတွင်းသားကို ချန်ထားကာ ပါးပါးလှီးဖြတ် လိုက်သည်ထို့နောက် ရှာလကာရည်၊ သကြား၊ ဆားတို့ဖြင့် ရောမွှေထားလိုက်သည်။ ထို့အပြင် သူမက ကြက်သွန်ဖြူတစ်ဒါဇင်ကို ခြင်းတောင်းတစ်ခုအတွင်း ထည့်ကာ ကြက်သွန်ဖြူကို အခွံနွှာရန် အိမ်ထဲသို့ ပြန်ယူလာခဲ့သည်။

 

မြောက်ပိုင်းသားများက ဖက်ထုပ်၊ မုန့်ပေါင်း၊ ဂျုံမုန့်လုံး သို့မဟုတ် အသားမုန့်ပေါင်းများ စားသည့်အခါ ကြက်သွန်ဖြူစိတ် အနည်းငယ်ကို ကိုက်စားလေ့ရှိကြသည်။ ၎င်းက စားနေသည့်အစားအစာကို ပိုအရသာရှိစေရုံသာမက အအီပြေစေသည်ဟုလည်း ထင်မြင်ကြသည်။

 

မုန့်လုံးများတွင် ဝက်သားနှင့် ဝက်ဆီများ ရှိတတ်ပြီး ကိုက်လိုက်တိုင်း အဆီအရသာကို ခံစားရတတ်သည်။ မုန့်ပေါင်းတစ်ကိုက် ကိုက်လိုက်ပြီး ဂေါ်ဖီထုပ် တစ်လုပ်စာကို ထပ်စားကာ ယာဂုပူပူနွေးနွေး တစ်လုတ်ခန့် သောက်လိုက်ရခြင်းက နှစ်သိမ့်မှုအပြည့်ပေးနိုင်ပြီး သက်တောင့်သက်သာရှိစေသည်ဟု သတ်မှတ်ကြသည်။ စုန့်ရှင်းယိ၏စကားအရ ထိုအရာကို နေ့တိုင်းစားရခြင်းက နတ်ဘုရားကိုပင် မနာလိုစေမည် ဖြစ်သည်

 

ဖက်ထုပ်များအပြင် ကျိုးယိနို ဝယ်ယူလာသည့် ဝက်ခေါင်းသားကိုလည်း စားခဲ့ကြပြီး အဘိုးစုန့်က အလွန်စိတ်ပျော်နေကာ အရက်ပင်သောက်နေခဲ့သေးသည်။

 

လီရှီက သူမ၏အဘိုးအိုကို အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်ပြီး ကျိုးယိနိုကို လှမ်းကြည့်လိုက်ကာ "မင်းအဖိုးက အမြဲတမ်း အဲ့လိုပဲ။ သူက ကြောင်ကျင်ငယ်ရည် နှစ်ခွက်လောက်သောက်ပြီးရင် သူက နတ်ဘုရားနဲ့တောင် နေရာမလဲနိုင်ဘူးလို့ တွေးနေတာနတ်ဘုရားကရော သူနဲ့နေရာ ပြောင်းချင်မယ်တဲ့လား? တကယ်လို့ နတ်ဘုရားက သူ့ကို နတ်သမီးပေးမယ်ဆိုရင် သူက ချက်ချင်း နေရာလဲပေးလိုက်မှာ”

 

စုန့်ရှင်းယိက ရယ်မောလိုက်ပြီး "ဒါဆို သူတို့က ငါကို နတ်ဘုရားမ  နှစ်ယောက် ပေးရင် ငါ နေရာလဲပေးလိုက်မယ်။ တစ်ယောက်ထဲ ပေးရင်တော့ ငါ နေရာလဲပေးမှာ မဟုတ်ဘူး"

 

အဘွားစုန့်က သူမ၏အဘိုးကြီး ထိုသို့ပြန်ပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ ရုတ်တရက် သူမမျက်နှာက နီရဲလာပြီး တံတွေးထွေးလိုက်ပြီး "ရှင် အသက် ဘယ်လောက် ရှိပြီလဲ? ဘာလို့ ဒီလောက် မိုက်မဲတဲ့ စကားတွေကို ပြောနေသေးတာလဲ? သွား... သွားစမ်း...ဝေး‌ဝေးကိုသွား... ခန်ပေါ်မှာ သွားထိုင်နေလိုက်၊ ကျွန်မ ဒီနေရာကို ရှင်းရဦးမယ်"

 

လီရှီက သူမ၏ချွေးမများ၊ မြေးချွေးမများနှင့် ကောင်မလေးများ ပါးစပ်ပိတ်ပြီး ရယ်မောနေသည်ကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်သူမက လက်ကျန်ဟင်းလျာများနှင့် ဖက်ထုပ်များကို မျက်နှာထားတင်းတင်းဖြင့် အိမ်အပြင်သို့ သယ်ထုတ်သွားတော့သည်။ သူမ ထွက်သွားသည်နှင့် အားလုံးက ထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ကြသည်

 

သူမ ပစ္စည်းများကို နေရာမချရသေးခင်တွင် အပြင်မှ တံခါးခေါက်သည့် အသံတစ်ခုကို ကြားလိုက်ရပြီး "စတုတ္ထအဒေါ်လား? ကျွန်တော်တို့ စတုတ္ထအ‌ဒေါ်နဲ့ စတုတ္ထဦးလေးကို နှစ်သစ်ကူး လက်ဆောင်ပေးဖို့ လာတာပါ"

 

"အခုမှ ဒီကိုလာဖို့ သတိရတာလား? ခဏနေရင် ငါတို့က မီးတွေငြှိမ်းပြီး အိပ်တော့မှာ" လီရှီက ဒေါသတကြီး ရေရွတ်ပြီး ကျန်းရှီအား တံခါးသွားဖွင့်ခိုင်းလိုက်သည်။

 

စုန့်လောင်ဝူဟု အများက ခေါ်လေ့ရှိကြသည့် စုန့်ကျစ်ရှန်းတို့ ဇနီးမောင်နှံက ပစ္စည်းအစုံအလင်ကို ကိုင်ဆောင်ကာ တံခါးဝသို့ ရောက်လာကြပြီး "အိုး၊ စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်၊ ကျွန်တော်က အခုမှ အပြင်က ပြန်ရောက်လာပြီး နှစ်သစ်ကူး လက်ဆောင်တွေ လိုက်ပေးရင်းနဲ့ အလုပ်ရှုပ်နေလို အခုမှ ရောက်လာနိုင်တယ်။  အိုး အိမ်ထဲမှာ ဘာလို့ အရမ်းမွှေးနေရတာလဲ? စတုတ္ထဦးလေး ဦးလေး အရက်သောက်နေတာလား? ပြီးတော့ အသားဖက်ထုပ်တွေလည်း ရှိနေတာလား? စတုတ္ထဦးလေးက အရမ်းကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ထားတာပဲ၊ ကျွန်တော်ဆိုရင် အသားအပြည့်ပါတဲ့ ဖက်ထုပ်ကို မစားနိုင်တာ ဘယ်လောက်ကြာနေမှန်းတောင် မသိတော့ဘူး"

 

စုန့်ရှင်းယိ၏ပါးစပ်က လှုပ်စိလှုပ်စိ ဖြစ်လာပြီး သူ တစ်ခုခု ပြောခါနီးတွင် လီရှီက စကား ဝင်ပြောလိုက်သည်။

 

ဘာလို့ မင်းတို့ကိုယ်တိုင် ဒီကို ရောက်လာကြတာလဲ?  ရာသီဥတုက အရမ်းအေးနေပြီး မင်းရဲ့ဦးလေးအတွက် လက်ဆောင်ကို ကလေးတွေနဲ့ ပေးခိုင်းလို့ ရနေတာကို"
"
အင်းစုန့်လောင်ပါးက ဒီကို လာဖို့ ရှက်နေတာလေကလေးတွေက လာဖို့ ဆန္ဒ မရှိကြဘူး။ ကျွန်တော်ချွေးမကလည်း ဗိုက်ကြီးနေတော့ လာဖို့ အဆင်မပြေဘူး... အဲ့ဒါကြောင့် ကျွန်တော်ပဲ လာခဲ့ရတာ"

 

စုန့်ကျစ်ရှန်းက ဟိုဟိုဒီဒီ ကြည့်နေရင်း ပြုံးဖြင့် ထပ်ပြောလာခဲ့သည် “ကျွန်တော် ဒီနေ့ ထင်းခုတ်ဖို့ တောင်ပေါ်ကို သွားခဲ့တာလေ၊ ပြန်ရောက်တော့ မှောင်နေတာနဲ့ စားဖို့တောင် အချိန်မရဘဲ နှစ်သစ်ကူးလက်ဆောင်တွေပေးဖို့ ကျွန်တော့်မိန်းမကို ခေါ်ပြီး အမြန်ထွက်လာခဲ့တာ”

 

ဖန့်ရှီက သူမ၏မျက်လုံးများကို မျက်ဖြူသားများ ပေါ်လာသည်အထိ အပေါ်သို့ လှန်ပြလိုက်ပြီးမှ စုန့်တင်းရှန်းကို သူမ၏ဘေးသို့ ဆွဲခေါ်ကာ သူမ၏အသံကို လျှော့ချလိုက်ပြီး " အရင်က သူတို့မိသားစုက လူတွေ အရမ်းရိုးသားတယ်လို့ ငါတို့ ဘာလို့ ထင်ခဲ့ကြတာလဲ၊ သူ့မျက်လုံးတွေကို ကြည့်လိုက်စမ်း၊ ငါတို့ အိုးထဲကအရာတွေ အားလုံးကို သူ့ပါးစပ်ထဲကို ထည့်ချင်နေတယ်"

 

စုန့်တင်းရှန်းတစ်ယောက် ထိန်းနိုင်ဘဲ ရယ်လိုက်မိတော့သည်။  

 

ဒီမှာ သက်ကြီးရွယ်အိုတွေ ရှိနေသေးတော့ သူမ ဝင်ပြောဖို့တော့ မလိုသေးဘူး။

 

ကျိုးယိနိုက အပြင်တွင် ပန်းကန်ဆေးနေပြီး ယခုအချိန်တွင် သူ ဝင်မလာချင်သောကြောင့် အပြင်တွင် ဆက်နေနေပုံရသည်

 

လီရှီကတော့ ခပ်ပြုံးပြုံးဖြင့် "မင်းတို့က မပြောမဆိုနဲ့ ရောက်လာကြတာလေ။ အပြင်မှာ ပန်းကန်ဆေးနေတာ မင်း မတွေ့ခဲ့ဘူးလား။ ငါတို့အားလုံး စားပြီးသွားပြီ။ မင်းတို့သာ နည်းနည်း စောပြီး ရောက်လာခဲ့ရင် ငါတို့နဲ့အတူတူ စားနိုင်မှာ သေချာတယ်"

 

"ဟုတ်တယ်၊ ဟုတ်တာ‌ပေါ့..." စုန့်ကျစ်ရှန်းက ခေါင်းညိတ်ညိတ်ဖြင့် ရယ်မောလိုက်ပြီး ပစ္စည်းများကို ခန်ပေါ်သို့ တင်လိုက်ကာ "စတုတ္ထဦးလေး၊ စတုတ္ထအဒေါ်၊ ဒါက ဦးလေးတို့အတွက် ကျွန်တော်တို့မိသားစုရဲ့နှစ်သစ်ကူးလက်ဆောင်ပါ။ အရမ်းကောင်းတဲ့ပစ္စည်းတွေတော့ မဟုတ်ဘူး၊ စတုတ္ထဦးလေးတို့ မိသားစုရဲ့လက်ဆောင်နဲ့တော့ မယှဉ်နိုင်ဘူးလေ။ ဒါပေမယ့် အနည်းဆုံးတော့ ဒါက ကျွန်တော်တို့ မိသားစုရဲ့သိတတ်မှုပါ"

 

ထိုအိတ်ကြီးကြီးကို မြင်လိုက်ရချိန်တွင် စုန့်တင်းရှန်းက သူမ၏ဘေးတွင် မှီထိုင်နေသည့် သူမ၏မောင်အကြီး စုန့်ကျွင့်ယောင်ကို လှမ်းဆိတ်ဆွဲလိုက်သည်။ ကောင်လေးက သူမကို မျက်စောင်းထိုးလိုက်ပြီးမှ ပြုံးပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။

 

ပဉ္စမဦးလေး ဘာပစ္စည်းကောင်းတွေ ယူလာပေးတာလဲ”

 

ထိုစကားကို ပြောပြီးနောက် သူက ထိုအိတ်ကြီးကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

 

စုန့်တင်းရှန်းက ထိုပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောမိလုနီးပါး ဖြစ်သွားရသည်

 
------------------

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟