CHAPTER 22
Viewers 2k

အခန်း ၂၂ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် (အပိုင်း ၁)

မြက်ခြောက်ဖြင့် ရက်လုပ်ထားသော ခြင်းတောင်းထဲမှ အိတ်ကြီးထဲတွင် ဟင်းသီးဟင်းရွက်ခြောက်နှင့် သစ်သီးဝလံမျိုးစုံ အစုံအလင် ရောနှောထိုးကြိတ် ထည့်ထားခဲ့သည်။ တတိယအဘိုးစုန့်၏မိသားစု မည်သည့်အသီးအနှံကိုမျှ ဝယ်ယူရန် မလိုအပ်သလို ဝယ်လည်းမဝယ်ကြပေ။ ထိုအသီးအနှံများက စျေးနှုန်းသင့်လျှင်ပင် သူတို့က ဝယ်ရန် ဝန်လေးကြသည်။

 

ထို့ကြောင့် သူတို့ အိမ်ရှိ အသီးအနှံများကို စုန့်တင်းရှန်းတို့မိသားစုနှင့် ဆဋ္ဌမအဘိုးမိသားစုမှ ပေးထားသည့်အသီးအနှံများ သို့မဟုတ် သူတို့အိမ်မှ ကလေးများ တောင်ပေါ်သို့ သွားကောက်လာသည့်  အသီးအနှံများ သို့မဟုတ် တစ်ခြားတစ်နေရာရာမှ ကလေးများ တိတ်တဆိတ် ခူးဆွတ်ခဲ့သည့်  အသီးအနှံများသာ ဖြစ်သည်။ အထူးသဖြင့် ထိုသစ်သီးခြောက်များက အာလူးခြောက်၊ ကန်စွန်းဥခြောက်နှင့် ခရမ်းချဉ်သီးခြောက် များသာ ရောနှောနေသောကြောင့် လူတိုင်း ခေါင်းခါလိုက်မိကြသည်

 

အမှန်တကယ်တွင် စုန့်တင်းရှန်းတို့မိသားစုက တတိယအဘိုးစုန့်၏မိသားစုမှ သူတို့အတွက် မည့်သည့်နှစ်သစ်ကူး လက်ဆောင် ပေးမည်ကို ဂရုမစိုက်ကြပေသူတို့မိသားစုက မည်မျှဆင်းရဲသည်ဟု ပြောနေစေကာမှု လက်တွေ့တွင် သူတို့က သာမန်လယ်သမားမိသားစုများထက် ချောင်လည်နေသေးသည်သူတို့ ဆင်းရဲသည်ဟု ပြောနေကြခြင်းက စုန့်မိသားစု၏အခြားမိသားစုခွဲများနှင့် နှိုင်းယှဉ်နေသောကြောင့်သာ ဖြစ်သည်။ သူတို့က စုန့်မိသားစု ခြောက်ခုထဲတွင်  အဆင်းရဲဆုံးဖြစ်သော်လည်း ရွာရှိအမှန်တကယ် ဆင်းရဲသောမိသားစုများထက် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။

 

နှစ်သစ်ကူးလက်ဆောင်များက မကောင်းလျှင်ပင် သပ်သပ်ရပ်ရပ် သန့်ရှင်းနေသရွေ့ လက်ဆောင်အဖြစ် အမြင်လှနေသေးသည်ပုံမှန်အားဖြင့် ရွာသားများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ခြောက်များသာ အမှန်တကယ် တတ်နိုင်ကြသည်။ သို့သော်လည်း ယခုကဲ့သို့ ကြုံရာကျပန်း အိတ်ထဲသို့ စုပုံထိုးထည့်ပြီး တခြားသူထံသို့ လက်ဆောင်ပို့သည့်သူကိုတော့ တစ်ခါမှ မတွေ့ဖူးကြပေယခုအချိန်တွင် အထုပ် အကြီး အသေးမျိုးစုံ ရှိနေပြီး အမှန်တကယ် အမှိုက်ပုံနှင့် တူနေလေသည်

 

စုန့်ရှင်းယိက အလွန်စိတ်မချမ်းသာ ဖြစ်နေပုံရပြီး သူ့မျက်နှာတစ်ခုလုံး အုံ့မှိုင်းနေသည်။ သူက သူ အမြဲဆောင်ထားတတ်သည့် ဆေးတံအိုးကို ကိုင်ထားရင်း လီရှီကို တစ်ချက် လှမ်းကြည့်လိုက်သည်

 

လီရှီကတော့ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသလို ပြုံးနေဆဲဖြစ်ပြီး သူမ၏စိတ်ရင်းမှန်ကို  လုံးဝ မဖော်ပြပေ။ သူမ၏အသံကလည်း နူးညံ့ညင်သာနေဆဲ ဖြစ်ကာ "ငါတို့ရဲ့တတိယအစ်ကိုနဲ့ တတိယယောင်းမအတွက် ဒါတွေကို စုဆောင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး၊ သူတို့ခမျာ တော်တော် ဒုက္ခများခဲ့မှာ သေချာတယ်ကလေးတွေ၊  ငါတို့ ပြန်ပေးမယ့် လက်ဆောင်ကို သွားယူလိုက်၊ မင်းတို့ရဲ့ပဉ္စမဦးလေးနဲ့ ပဉ္စမအဒေါ်ကို အကြာကြီး မစောင့်ရစေနဲ့ရာသီဥတုက ဒီလောက်အေးနေတာ သူတို့ မြန်မြန် အိမ်ပြန်နိုင်မှ  ခေါက်ဆွဲပြုတ်ပူပူလေးသောက်နိုင်ပြီး သက်တောင့်သက်တာ နေနိုင်မှာပေါ့

ကျန်းရှီက သက်ပြင်းချလိုက်ပြီး ကန့်လန့်ကာကို မြှောက်တင်ကာ အပြင်သို့ ထွက်သွားခဲ့သည်။ ခဏအကြာတွင် သူမက သရေစာမုန့်တစ်ဘူးနှင့် သစ်သီးသကြားလုံးတစ်အိတ်ကို ကိုင်ကာ ပြန်ရောက်လာပြီး ထိုပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။ သူမက စုန့်လောင်ဝူ၏ဇနီးကို ပြုံးပြလိုက်ပြီး ပြန်လှည့်ထွက်လာကာ ခန်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူမ ချုပ်လက်စ အဝတ်များကို ဆက်ချုပ်နေခဲ့သည်။

 

ဆင်းရဲချမ်းသာခြင်းက ကံကြမ္မာနှင့် ဆိုင်သည်ဟု ပြောလေ့ရှိကြသော်လည်း  လူ၏ကြိုးပမ်းမှုအပေါ်တွင်လည်း မူတည်နေသေးသည်။  ရွာတွင် စတုတ္ထစုန့်မိသားစုကို ချမ်းသာသည့်မိသားစုဟု ယူဆနေကြသော်လည်း သူတို့က စုတ်ပြဲနေသော အဝတ်အစား အနည်းငယ်ကိုပင် စွန့်ပစ်ရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။ သူတို့က စုတ်ပြဲနေသည့် နေရာများကို ဖယ်ထုတ်ပြီး ဖိနပ်အပေါ်ပိုင်းနှင့် ဖိနပ်ခုံများ ပြုလုပ်ရန် ပြန်သုံးကြသေးသည်

 

စုန့်ကျစ်ရှန်းက ပြုံးလိုက်ပြီး သူတို့အတွက် ပြန်ပေးသည့် လက်ဆောင်ကို လှမ်းယူလိုက်ကာ "ကျွန်တော့်တို့ရဲ့ စတုတ္ထဦးလေး မိသားစုကတော့ တကယ်ကို ချမ်းသာနေတုန်းပဲ၊ ဒီလို အဖိုးတန်ပစ္စည်းတွေကို ချက်ချင်း ထုတ်ပေးနိုင်တယ်"

 

ယခုအချိန်တွင်တော့ စုန့်ရှင်းယိက သည်းမခံချင်တော့သည့်ပုံစံဖြင့်  "ငါတို့ မိသားစုက ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မင်းနဲ့ မဆိုင်ဘူးလေ၊ မင်း ပဉ္စမနဲ့ ဆဋ္ဌမ မိသားစုတွေဆီ  သွားရဦးမှာမလား? မင်း သွားမယ်ဆိုရင် ဒီလိုမျိုး အမှိုက်ပုံလို ယူသွားလို့တော့ မဖြစ်ဘူးနော်လောင်ဝူ မင်းတို့ မိသားစုက  ဘယ်လောက်ပဲ ဆင်းရဲနေပါစေ မင်းတို့ တတ်နိုင်တဲ့ နှစ်သစ်လက်ဆောင်ကိုတော့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးသင့်တယ် မဟုတ်ဘူးလား? မင်းတို့က မင်းတို့ ဆင်းရဲနေတာ အတိတ်တုန်းက ငါတို့ မျှတမှုမရှိခဲ့တာကြောင့်လို့ တွေးပြီး မင်းတို့ရဲ့ဦးလေးတွေအပေါ် ဒီလိုဆက်ဆံနေတာလား?”

 

စုန့်ကျစ်ရှန်းက အံ့အားသင့်သွားပုံဖြင့် "စတုတ္ထဦးလေး၊ ဦး‌လေး ဘာတွေပြောနေတာလဲ? ကျွန်တော်တို့က ဘယ်လိုဆက်ဆံနေလို့လဲ?  ဦးလေး ဒီအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ခြောက်တွေကို မကြိုက်လို့လား? ဒါပေမယ့် ဒါက  သာမန်လူတွေရဲ့အမြင်မှာ ကောင်းနေတုန်းပဲလေ၊ စတုတ္ထဦးလေးက ငွေရှိတော့ ဒါတွေကို မကြိုက်ဘူးပေါ့၊ ကျွန်တော် သိပါပြီ စတုတ္ထဦးလေးရဲ့ မိသားစုက ချမ်းသာတော့ ဆင်းရဲတဲ့သူတွေကို နှိမ့်ချင်တယ်ပေါ့၊ ကျွန်တော်...."

စုန့်ရှင်းယိ၏အပြုံးက ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများက ကျဥ်းမြောင်းသွားကာ "ငါ့ရှေ့မှာ ပေါက်ကရတွေ မပြောနဲ့၊ ငါ မင်းတို့ကို နှိမ့်ချချင်ရင် မင်းတို့မိသားစုနဲ့ ဆက်အသွယ် ဖြတ်ပြီးတာ ကြာနေပြီ”

 

စုန့်ရှင်းယိက အနည်းငယ် ဒေါသထွက်နေပြီ ဖြစ်သည်။ သူက သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထားလိုက်ပြီး ခန်ကို သူ့ဆေးတံရိုးဖြင့် ခေါက်လိုက်သည်။ ထို့နောက်  သူက သူ့‌ရှေ့မှ ရောနှေထားသည့် နှစ်သစ်ကူးလက်ဆောင်များကို တစ်ချက်ကြည့်လိုက်ပြီး “ဒီနှစ်မှာလည်း ပြန်ပေးလိုက်တဲ့လက်ဆောင်က  ဖိနပ်အပေါ်ပိုင်းတစ်ခုပဲ။ အဲ့တာက ကံကောင်းစေတဲ့ နံပါတ်ဖြစ်ရင်တောင်  ငါတို့ဘာမှ မပြောဘူး၊ အခုလာပို့တဲ့ နှစ်သစ်ကူးလက်ဆောင်ကလည်း အားလုံး ရောထွေးပြီး ရှုပ်ပွနေတယ်။ ဒါက စိတ်ရှုပ်စရာကောင်းတဲ့ နှစ်သစ်ကူး လက်ဆောင်မဟုတ်ဘူးလား? မင်းတို့က ငါတို့အိမ်ကို ပြသနာတွေ ယူလာပေးချင်တာလား? တော်ပြီ၊ ငါ မင်းနဲ့ မပြောချင်တော့ဘူး။ မင်း  ပြန်သွားပြီး မင်းအဖေနဲ့အမေကို ပြောလိုက်ယ်။ မင်းတို့က နှစ်သစ်ကူးကာလအတွင်း ငါတို့အတွက် ပြသနာတွေ ပေးချင်တယ်ဆိုရင် နောင်နှစ်တွေမှာ ငါ့အိမ်ကို မလာခဲ့နဲ့တော့၊ ငါတို့တွေ သာမန် ဆွေမျိုးတွေလိုပဲ ပြုမူကြမယ်"

 

စုန့်ကျစ်ရှန်းက မြေပြင်ပေါ်တွင် ရပ်နေခဲ့ပြီး သူက ရှက်ရွံ့နေသလို ဒေါသထွက်နေပုံလည်းရသည်။

 

သူက ခဏလောက်စဉ်းစားနေပြီး ပြန်မေးလာခဲ့သည်။ "စတုတ္ထဦးလေး၊ ကျွန်တော်တို့မိသားစုက သာမန်အချိန်တွေမှာ ဦးလေးတို့ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးဘူး၊ ဒါပေမယ့် အခု ကျွန်တော့်ညီလေးရဲ့သမီး ရှရှို့စွေ့နဲ့ လက်ထပ်လိုက်တဲ့အတွက် ကျွန်တော်တို့ကို အကွာအဝေးတစ်ခု ခြားချင်တာလား? ပြဿနာက အိမ်ထောင်ရေးဆိုတာ ကောင်းကင်က သတ်မှတ်တာပဲ၊ တင်းရှန်းမှာ ဒီလိုကံတရား မရှိဘူး၊ အဲအတွက်နဲ့ ကျွန်တော်တို့ကို အပြစ်တင်လို့ ဘူး"

ထိုစကားကို ကြားလိုက်ချိန်တွင် န့်ရှိက ဒေါသထွက်သွားပြီး သူမ စောင်ကို အမြန် ဖယ်လိုက်ကာ ခန်ပေါ်တွင် ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ရန်တွေ့လိုက်သည်။ "ငါတို့ မျက်နှာသာပေးနေတာကို ကမ်းတက်မလာနဲ့၊ အရှက်မရှိဘူးလား? နင်တို့ရဲ့ စုန့်ထောင်ဟုန်က ဘယ်လို လက်ထပ်ခဲ့လဲဆိုတာ နင်တို့ မသိဘူးလား?"

 

"ဒုတိယချွေးမ!" လီရှီက သူမကို ဒေါသတကြီး အော်‌ခေါ်လိုက်ပြီး စတင်ဆူပူတော့သည်။

 "အခု နင် ဘာဖြစ်နေလဲ နင် မသိဘူးလား? အဲ့တာတောင်မှ ခန်ပေါ်မှာ ခုန်ပေါက်နေသေးတာလား? ဒီအခန်းထဲမှာ နင် ထိုင်ဖို့ နေရာ မရှိဘူးလား? ထိုင်နေစမ်း”

ဖန့်ရှီက ဒေါသတကြီး ထိုင်ချလိုက်ပြီး စုန့်တင်းရှန်းက စောင်ကို အလျင်အမြန် ဆွဲယူကာ သူမကို ပြန်ခြုံပေးလိုက်ပြီး စုန့်ကျစ်ရှန်းကို ပြုံးပြုံးလေး ဝင်ပြောလိုက်သည်

 

 “ရိုးရိုးသားသား ပြောရရင် ပဉ္စမဦးလေးပြောခဲ့တာတွေက တကယ်ကို ယုတ္တိမတန်ဘူး။ ကျွန်မတို့ မိသားစုက အရင်ထဲက ဦးလေးတို့ကို ဘာမှလာ မပြောခဲ့ဘူး၊ ပြီးတော့ ကျွန်မ ကြိုးဆွဲချခဲ့တယ်၊ ဦးလေးလည်း ကြာမှာပေါ့၊ ကျွန်မ သေလုနီပါး ဖြစ်ခဲ့ပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး၊ အခု လူကောင်းတစ်ယောက်နဲ့ အိမ်ထောင်ကျပြီးနေပြီ။ ဒါတောင်မှ ဦးလေးက ကျွန်မမှာ ကံကြမ္မာကောင်းမရှိဘူးလို့ ပြောနေသေးတယ်၊ ဦးလေး လျှောက်ပြောနေတာကြောင့် တကယ် တစ်ခုခုဖြစ်သွားရင် ဦးလေး ဒီမှာ အေးအေးဆေးဆေး ဒီလို ရပ်နေနိုင်မယ်ထင်လား? ကျွန်မတို့ မိသားစုမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား?”

 

စုန့်လောင်ဝူ၏ဇနီးက သူမ၏ခင်ပွန်းကို အလျင်အမြန် ပြန်ဆွဲလိုက်ပြီး ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ကိုင်ထားကာ အပြုံးလေးဖြင့် "ရှင် ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ? စတုတ္ထဦးလေး၊ ကျွန်မတို့ မိသားစုရဲ့ အခြေအနေကို ဦးလေးလည်း သိပါတယ်ကျွန်မတို့ နေ့ဘက်မှာ နှစ်သစ်ကူးလက်ဆောင်တွေ လာပေးဘူးဆိုတာက ကျွန်မတို့ရဲ့မိဘတွေက အရမ်းဂုဏ်ယူနေလို့ သူများတွေ မြင်သွားမှာကို စိုးရိမ်လို့ပါ... အခု နှစ်သစ်ကူးနီးလာပြီဆိုပေမယ့် မိသားစုအရှုပ်အထွေးတွေကို မဖြေရှင်းနိုင်သေးဘူး၊ ဒါ... ဒါတွေက ကျွန်မရဲ့ စုန့်လောင်ပါးရဲ့မိန်းမ အလျင်စလို ပြင်ဆင်ခဲ့မိလို့ပါ၊ ကျွန်မတို့ အမြင်လုပ်ခဲ့မိတာကြောင့် အမြင်မကောင်း ဖြစ်နေတာပါကျွန်မတို့အပေါ် သဘောထားကြီးပေးပြီး မငြင်းခုန်ပါနဲ့တော့”

 

စုန့်တင်းရှန်းက စုန့်ကျစ်ရှန်း၏ဇနီးအပေါ် လေးစားမှုတစ်ခု တိုးလာခဲ့ပြီး  သူမကို လေးလေးစားစား ကြည့်နေလိုက်သည်။

 

သူမ တတိယဖိုးစုန့်ရဲ့အိမ်ကို နှစ်သစ်ကူးလက်ဆောင်တွေ သွားပေးတုန်းကလည်း ဖိနပ်မှားအေးမိတယ်ဆိုပြီး ဦးဆောင် ဖြေရှင်းပေးနေတာက ဒီငါးယောက်မြောက်အဒေါ်ပဲ။ သူမက ထူးခြားတဲ့ လူတစ်ယောက်ဖြစ်ပုံရတယ်။ အခုလည်း စုန့်ကျစ်ရှန်းက သူမတို့အဖိုးကို စကားအနည်းငယ်နဲ့ စိတ်ဆိုးစေခဲ့တယ်။ ပဉ္စမအဒေါ်ကတော့ ဒီကိစ္စကို ချောချောမွေ့မွေ့ ပြန်ဖြစ်သွားစေဖို့ သူမရဲ့ခင်ပွန်းကို ဆွဲထားပြီး သူကိုယ်သူနဲ့ အဋ္ဌမအဒေါ်အပေါ် အပြစ်တွေ အားလုံးကို ပုံချလိုက်တယ်။ ဒါက တတိယအဘိုးစုန့်နှင့် တတိယအဖွားစုန့်ရဲ့မျက်နှာကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး သူမရဲ့ ယောက်ျားကိုလည်း အရှက်မရစေတော့ဘူး

 

စုန့်ရှင်းယိနှင့်အနေဖြင့် သူ့တူဇနီးကို ဘာမှ မပြောနိုင်တော့ပေ။  ပြောနိုင်လျှင်ပင် ပြောချင်စိတ်လည်း မရှိတော့ပေသူက ခန်၏နောက်မှီကို မှီထိုင်နေရင်း ဘာမှ ထပ်မပြောတော့ပေ

 

လီရှီကတော့ ခပ်အေးအေးသာ ဖြစ်နေဆဲပင်။ သူမကစုန့်ထောင်ဟုန်ရဲ့ အဖြစ်အပျက်က သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို နင်တို့လည်း သိနေတာပဲ၊  နောင်မှာ ငါတို့ရှေ့ရောက်ရင် အဲ့ကိစ္စကို စကားမဖြစ်တောင် မပြောနဲ့၊ ညီမနဲ့ စေ့စပ်ပွဲ ပျက်သွားတဲ့သူကို အစ်မက အပြေးအလွှား လက်ထပ်လိုက်တယ်၊ ဆယ်လီအကွာနဲ့ ရွာရှစ်ရွာမှာ တစ်ခါမှ မကြားဖူးဘူး။ အပြင်ထွက်ရင် လူတွေက ရယ်ကြလိမ့်မယ်၊ ငါတို့မိသားစုက မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေလိမ့်မယ်။   ဒါမျိုးက အကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းတဲ့ မိသားစုတွေပဲ လုပ်နိုင်တာလေ၊ တော်ပါပြီ၊ စကားအများကြီး မပြောတော့ဘူး၊ အပြင်မှာ အေးခဲနေပြီး၊ မင်းတို့ ပြန်သွားသင့်တယ်

 

စုန့်ကျစ်ရှန်းက လက်မခံချင်ဘဲ တစ်ခုခုထပ်ပြောချင်နေသေးသော်လည်း ဇနီးဖြစ်သူက သူ့ကို အတင်းဆွဲထားသောကြောင့် သူ့ပါးစပ်ဝမှ စကားလုံးများကို မကျေမနပ် ပြန်မျိုချလိုက်ရသည်။ ထို့နောက် သူက သူ့ပစ္စည်းများကို ကောက်ယူကာ ပြန်ထွက်ခွာသွားတော့သည်။

 

သူတို့ ထွက်သွားပြီးနောက် စုန့်ရှင်းယိက သက်ပြင်းချလိုက်ကာ “ဒီတတိယမိသားစုက ပို ပိုပြီး ပုံစံမကျတော့ဘူး…”

 

အဘွားစုန့်ကတော့ သူ့ကို လျစ်လျူရှုထားပြီး သူမ၏ချွေးမနှင့် မြေးများနှင်အတူ အဝတ်ဟောင်းများ ပြန်ချုပ်နေခဲ့သည်။ သူမက သူမ၏အလုပ်အပေါ်တွင်သာ အာရုံစူးစိုက်ထားပြီး သူမတွင် ညည်းညူရန် အချိန်မရှိကြောင်း သိသာအောင် ပြသနေခဲ့သည်။

 

စုန့်ရှင်းယိက သူ့မျက်နှာကို ကုတ်လိုက်ကာ သူ့သားသုံးယောက်ကို ပြုံးပြလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီး၊ ဒါက ကိစ္စကြီး မဟုတ်ပါဘူး၊ သူတို့ကို အခုကတည်းက လျစ်လျူရှုထားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ ဒါနဲ့ အကြီးဆုံးကလေး၊ မင်း ဒီတောင်းထဲက ပစ္စည်းတွေကို သေသေချာချာ ရွေးထုတ်ပြီး ပြန်ခွဲလိုက်ကြ၊ ရှုပ်ပွ နေတာပဲ"

 

"အင်း" စုန့်ကျစ်ချန်းက တောင်းကို ပြတင်းပေါက်နားမှ စားပွဲပေါ်သို့ တင်လိုက်ပြီး သူ့ညီနှစ်ယောက်အတူ သေသေချာချာ ပြန်ခွဲနေခဲ့သည်။ ပစ္စည်းကောင်းများ ပါသော်လည်း အားလုံး ရောထွေးနေပြီး အမြင်မတင့်တယ် ဖြစ်နေခြင်းက စိတ်ပျက်စရာကောင်းနေခြင်း ဖြစ်သည်။

 

ပန်းကန်များကို ဆေးကြောပြီးချိန်တွင် ကျိုးယိနိုက ပင်မခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သန့်ရှင်းရေး လုပ်ထားခဲ့သည်။  ထို့နောက် ရေနွေးအိုး ကျိုထားရင်း စားပွဲဆီသို့ ‌ရောက်လာကာ ဟင်းသီးဟင်းရွက်ခြောက်ကို ကူခွဲပေးနေခဲ့သည်၊

 

စုန့်ရှင်းယိက သူ့မျက်နှာကို တချက်ကုတ်လိုက်ပြန်ပြီး သူ့မိန်းမကို သေသေချာချာကြည့်ကာ သက်ပြင်းချလိုက်ရင်း ထပ်ပြောလိုက်ပြန်သည်။

 

အင်း… တကယ်တော့ မင်းတို့ရဲ့တတိယဦးလေးက အရင်က ဒီလိုမဟုတ်ဘူး။ ငါတို့ငယ်ငယ်တုန်းက မိသားစုတွေက မချမ်းသာကြဘူး။ အဘိုးကြီးနဲ့ အဘွားအိုက ပိုက်ဆံတွေကို သေသေချာချာ စုဆောင်းပြီး လယ်မြေတွေ ဝယ်နိုင်ခဲ့ကြတယ်အဲ့တုန်းက ငါက ငယ်သေးတယ်၊ မင်းတို့ရဲ့တတိယဦးလေး လယ်ထဲကို အလုပ်သွားလုပ်တိုင်း သူက ငါ့ကို သူ့ရဲ့နောက်ကျောမှာ သယ်ပိုး သွားခဲ့တာ။ ငါတင်မကဘဲ မင်းတို့ရဲ့ ပဉ္စမဦးလေးနဲ့ ဆဋ္ဌမဦးလေးလည်း အတူတူပဲ၊ သူက ငါတို့ သူ့ဘေးမှာ ရှိနေမှ သက်တောင့်သက်သာ အလုပ်လုပ်နိုင်တာငါတို့တွေ အကုန်လုံးက မင်းတို့ရဲ့တတိယဦးလေး လက်ထဲမှာ ကြီးပြင်းလာရ‌တာလေ…”

 

ထိုအချိန်တွင် စုန့်မိသားစု၏ အကြီးဆုံးသားနှင့် ဒုတိယသားက အလုပ်ကြမ်း လုပ်နိုင်သည့် အရွယ်သို့ ရောက်နေပြီဖြစ်ကာ မိသားစု၏ပင်မအလုပ်သမားများ ဖြစ်ခဲ့ကြသည်။ အဘွားအိုတွင် သမီးတစ်ယောက်မှ မရှိသလို ထိုအချိန်က ချွေးမလည်း မရှိသေးသောကြောင့် တစ်မိသားစုလုံးအတွက် အစားအသောက် ချက်ပြုတ်ရေးနှင့် အဝတ်အစားများ လျှော်ဖွတ်ရေးတို့အတွက် အိမ်တွင်သာ တနေကုန် အလုပ်ရှုပ်နေခဲ့ပြီး  ကလေးများကို ဂရုမစိုက်နိုင်တော့ပေ။

 

ထိုအချိန်တွင် စုန့်ရှင်းယိနှင့် အခြားအငယ်နှစ်ယောက်က ငယ်ရွယ်နေဆဲဖြစ်ပြီး စုန့်ရှင်းရန်က သူတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်နောက်ပိုင်းတွင် စုန့်မိသားစု၏ဆဋ္ဌမသား ဖြစ်သော  စုန့်ရှင်းကျစ် အသက်ငါးနှစ်အရွယ်တွင် သားအကြီးဆုံးက အိမ်ထောင်ပြုခဲ့ပြီး အငယ်များကို စောင့်ရှောက်ပေးရန်  ထိုချွေးမကို တောင်းဆိုခဲ့သည်။

 

ညီငယ်လေးနှစ်ယောက် မွေးလာချိန်တွင် မိသားစုက  ပိုအခြေအနေ ကောင်းလာသောကြောင့် သူတို့က သိနားမလည်ကြသော်လည်း စုန့်ရှင်းယိအတွက်တော့ သူ့၏ကလေးဘဝက တတိယအစ်ကိုနှင့်အတူ ကုန်ဆုံးခဲ့ရသည်။ သူ၏အမှတ်တရများက အကောင်မွန်ဆုံးသောအရာများ မဟုတ်သော်လည်း သူက တတိယအစ်ကို၏ကျောကို တင်းတင်းဆုပ်ကိုင်ကာ တတိယအစ်ကိုကို လုံးလုံးအားကိုးခဲ့ရသည်။ ၎င်းမှာ သူ ကြီးပြင်းလာခဲ့သည့် အဖြစ်မှန်ဖြစ်ပြီး ညီအစ်ကိုများကြားမှ နွေးထွေးမှုဖြစ်သောကြောင့် သူက အချို့သော ဝန်ထုပ်ဝန်ပိုးများကို ရိုးရိုးရှင်းရှင်း မလွှတ်ချနိုင်သေးပေ။

 

လီရှီက နှာမှုတ်လိုက်ပြီးဟုတ်ပ၊ ရှင့်ရဲ့တတိယစ်ကိုက ရှင့်ကို ကြင်နာပေးခဲ့တယ်။ ဒါပေမယ့် နှစ်တွေ ဒီလောက်အကြာကြီးမှာ ကျွန်မတို့က သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လား? မိသားစုတွေ ခွဲခွာပြီး မိသားစုတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေထိုင်လာကြတယ်၊ ရှင့်တတိယအစ်ကိုရဲ့ဘဝကတော့ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာတယ်။ အဲဒီတုန်းက ရှင် တခြားလူ‌တွေနဲ့အတူ ယာဥ်တန်းနဲ့ လိုက်သွားပြီ ကုန်တွေ ထမ်းပိုးတုန်းက သူ့ကို ရှင်နဲ့အတူ လိုက်ခဲ့ဖို့ မတောင်းဆိုခဲ့ဘူးလား? သူ အလုပ်သွားလုပ်ရင်း ခါးနာသွားတာတောင်မှ ရှင့်ရဲ့တတိယမရီးက နှစ်ပေါင်းများစွာ ညည်းညူနေသေးတာ မဟုတ်ဘူးလာ? အဲ့နှစ်တွေမှာ ကျွန်တို့မိသားစုက သူ့ရဲ့ဆေးဖိုးတွေကို အကုန်အကျ မခံခဲ့ဘူးလား? အလုပ်ကနေ တစ်ခေါက်ပြန်ရောက်တော့ ကြောက်လန့်ပြီး အပြင်ထွက်တာထက် အိမ်မှာ လယ်စိုက်ချင်တယ်လို့ ပြောခဲ့တာ ဘယ်သူလဲ? ရှင့်ရဲ့တတိယအစ်ကိုပဲ မဟုတ်ဘူးလား? ရှင် ရှင်တဲ့ငွေရဲ့တစ်ဝက်ကိုလည်း သူကို့ ပေးခဲ့သေးတယ်၊ ကျွန်မ ရှင့်ကို တစ်ခုခု ပြောခဲ့မိလို့လား?"

 

စုန့်ရှင်းယိက "မပြောပါဘူး၊ ငါက  ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။ ငါ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး..."

 

လီရှီက "ဒါဆို ရှင်က ဘာကို ဆိုလိုချင်တာလဲ? ရှင် သူ့အပေါ်တင်နေတဲ့ ကျေးဇူးကြွေးတွေကို ဆပ်ပြီးသွားပြီ၊ ကျွန်မတို့မိသားစုက သူတို့ကို နှစ်တွေအများကြီး ကူညီပေးခဲ့တယ်။ ကောင်းပြီ၊ ရှင်က သူ အဆင်မပြေဘူး ထင်နေပေမယ့် အဲ့ဒါက ရှင့်ကိုယ်ရှင်နဲ့ နှိုင်းယှဉ်နေလို့လေ၊ တခြားသာမန်လယ်သမားတစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်ရင် သူ့ဘဝက ဘယ်လောက်တောင် ကောင်းနေလိုက်သလဲ? သူ့မိသားစုမှာ မြေမူ နှစ်ဆယ်ရှိပြီး သူ့သားသုံးယောက်ကို ငါးမူစီ ပေးလိုက်ရင်တောင် သူ့အတွက် ငါးမူကျန်ဦးမယ်၊ ရှင် ဘယ်လိုထင်လဲ? ကျွန်မတို့ကလေးတွေက သူတို့မိသားစုကို အကြွေးတင်နေသေးတယ်လို့ ထင်နေတာလား? အာ့နွီအာက သူတို့မိသားစုကို အကြွေးတင်နေသေးတာလား?


စုန့်ရှင်းယိက စိတ်မသက်သာ ဖြစ်သွားပုံဖြင့် သူ့မျက်နှာကို ထပ်ခါ ထပ်ခါ ပွတ်သပ်နေပြီး သူ့စကားစကို သူ ပြန်ဖြတ်ရတော့သည်။

 

“အို အဘွားကြီး။ ငါ ဘာမှ မပြောဘူး၊ ဒီလောက် နှစ်တွေ ကြာပြီးမှ သူတို့မိသားစုက ဘာလို့ ဒီလိုမျိုး အဆုံးသတ်သွားလဲလို့ပဲ ငါ တွေးလိုက်မိတာပါ”

 

လီရှီက နှာမှုတ်လိုက်ပြန်ပြီး လှောင်ပြောင်သံဖြင့်ကျွန်မလည်း သူ့မိသားစုက ရိုးသားပြီး ငွေမရှာတတ်ဘူး၊ ဘယ်လိုနေရမလဲဆိုတာ မသိဘူးလို့ ထင်ခဲ့ဖူးတယ်။ အဲ့ဒါကြောင့် သူတို့ ဆင်းရဲတွင်းနက်နေခဲ့ရတာလို့ ထင်ခဲ့ပေမယ့် အခု တွေးကြည့်လိုက်တော့... တစ်နေ့ထက်တစ်နေ့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူတို့က ငါတို့ သူတို့နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ပစ်ဖို့ ဆန္ဒမရှိဘူးလို့ တွေးပြီး ဒီအတိုင်း တစ်ချိန်လုံး ကစားနေကြတာပဲ။ ဒါတောင် တစ်နည်းနည်းနဲ့ သူတို့က ပိုနစ်နာတယ်လို့ ထင်နေကြတုန်းပဲ။ သူတို့ရဲ့ မောက်မာမှုက ရယ်စရာကောင်းတယ်"

 

စုန့်ရှင်းယိက ပြေရာပြေကြောင်းပင် ထပ်ပြောဝံ့တော့ဘဲ သူ့၏ဆေးတံကိုင်ကာ အပြင်ဘက်သို့ ထွက်သွားတော့သည်။ သူက အပြင်ဘက်တွင် ထိုင်ချလိုက်ပြီး ဆေးတံကို မီးညှိလိုက်ကာ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်မှ မီးခိုးများငွေ့ကို ငေးကြည့်နေခဲ့သည်

အခန်းထဲတွင် စုန့်တင်းရှန်းနှင့် ကျိုးယိနိုတို့က  အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် ကျိုးယိနိုက  စကားတစ်ခွန်းမှ မပြောဘဲ ကုတ်အင်္ကျီအထူကြီး ဆွဲယူကာ အဘိုးအို နောက်သို့ ဖျတ်ဖျတ်လတ်လတ် လိုက်လာခဲ့သည်။ သူက အင်္ကျီကို အဘိုးအို၏ပခုံးပေါ်သို့  ညင်ညင်သာသာ တင်ပေးလိုက်သည်။

 

အဘိုးအိုက မီးခိုးငွေ့များကို နှစ်ကြိမ်ခန့် ရှူရှိုက်လိုက်ပြီးမှ ပြန်ထွက်သွားတော့မည့် ကျိုးယိနို တားဆီးလိုက်ပြီး သက်ပြင်းချလိုက်ကာ “မင်းတို့အဖွားကို ကြည့်ပါဦး။ ငါ စကားနည်းနည်း ပြောပြီးတာနဲ့ သူ()က ငါ့ကို ဒီလို အော်တယ်။ ငါမှာ စကားပြောဖို့ နေရာလေးတောင် မရှိတော့ဘူးပါဘူးကွာ"

 

မြေးသားမက်ဖြစ်နေသည့် ကျိုးယိနိုက သူ ဝင်မပြောသင့်ဘူးဟု တွေးထားခဲ့သော်လည်း နောက်ဆုံးတွင် သူ ပြောလိုက်မိသေးသည်။ "အဖိုး၊ အဖွားက တင်းရှန်း အနိုင်ကျင့်ခံရတာကို မြင်လိုက်ရပြီး သူတို့မိသားစုကလည်း ဒီလိုတွေ ဖြစ်နေလို့ ဒေါသထွင်နေတာ ဖြစ်မှာပါ”

 

 “စုန့်လောင်စန်းရဲ့မိသားစုက ပိုပိုပြီး ဆိုးရွားလာပေမယ့် နောက်ဆုံးမှာတော့ သူက ငါ့အစ်ကိုပဲ၊ မင်းတို့ရဲ့ တတိယအဘိုးပဲငါတို့က စုန့်မျိုးရိုးတွေ ဖြစ်နေတုန်းပဲ၊ သူတို့ ဘယ်လောက်ပဲ ရုပ်ဆိုးအောင် လုပ်နေပါစေ သူ့ကို မျက်နှာသာပေးရမယ့်အချိန်ဆိုရင်တော့ မျက်နှာပေးရလိမ့်မယ်"

 

စုန့်ရှင်းယိက အမှန်တကယ်ကို စိတ်မကောင်းဖြစ်နေခဲ့သည်။ သူ့တတိယအစ်ကိုက အရမ်းလွန်လွန်းသည်ဟု သူ ခံစားနေသော်လည်း ငယ်စဥ်က သူ့အစ်ကို၏ကြင်နာမှုကို ပြန်တွေးမိချိန်တွင် သူ စိတ်ပျော့သွားပြန်သည်။

 

ကျိုးယိနိုက ခဏလောက် စဉ်းစားနေပြီးမှ “အဖိုးအဖိုးနဲ့ တတိယအဖိုးက ညီအစ်ကိုတွေလေ၊ ပုံမှန်နေ့တွေမှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး စကားများများ ပြောကြတာ မှန်တယ်။ ဒါပေမယ့် သူတို့က တင်းရှန်းကို အရမ်းအနိုင်ကျင့်တယ်။ နောက်ဆို အဲ့လို ဆွေမျိုးတွေဆီကို ကျွန်တော် မသွားတော့ဘူးဘာပဲဖြစ်ဖြစ် ကျွန်တော်ရဲ့မျိုးရိုးနာမည်က “ကျိုး" မဟုတ်ဘူးလား? ကျွန်တော်ရဲ့ယောက္ခမ နှစ်ယောက်စလုံးက စိတ်သဘောထားဖြောင့်သူတွေလေ၊ သူတို့က အဖိုးသွားတာကို တားမှာ မဟုတ်ပေမယ့် အခုက စပြီး သူတို့မိသားစုနဲ့ ပြောဆိုဆက်ဆံဖို့က နည်းနည်းတော့ ခက်လိမ့်မယ်။ အဖိုးက သူတို့ကို အဖိုးလို လေးနက်တဲ့ ဆွေမျိုးတွေအဖြစ် ဆက်ဆံခိုင်းတာက…”

 

“သိတယ် အိုက်ယားငါလည်း ဘာတွေ ဖြစ်နေမှန်းသိပါတယ်။ သူတို့ နှစ်သစ်ကူးလက်ဆောင် လာပေးတာကို မြင်တော့ ငါ အရမ်း စိတ်ရှုပ်သွားလို့ပါဂ

စုန့်ရှင်းယိက  သူ့ဆေးတံကို ဆေးထပ်ဖြည့်လိုက်ပြီး ကျိုးယိနိုကို ဆွဲခေါ်ကာ "ငါနဲ့ လမ်းလျှောက်ရအောင်"

 

ကျိုးယိနိုက "အပြင်မှာ အေးခဲနေပြီ..."

 

"အဝေးကြီး မသွားဘူးကွာ၊ တံခါးအပြင်ကို လမ်းလျှောက်ပြီး အဲဒီ့သစ်ပင်အထိ လျှောက်ပြီးရင် ပြန်လာကြမယ်၊ ငါ အရမ်း စိတ်ဓာတ်ကျနေလို့ပါကွာ"

အဘိုးအိုက အမှန်တကယ် ဝမ်းနည်းနေပုံရသောကြောင့် ကျိုးယိနိုက စိတ်မကောင်းဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒါဆို အိမ်ထဲဝင်ပြီး သွားပြောလိုက်ဦးမယ်"

 

 သူ အိမ်ထဲသို့ ဝင်သွားပြီး ပြောလိုက်သည်နှင့် လီရှီက "လမ်းလျှောက်ထွက်တာ ပိုကောင်းတယ်အဲ့ဒါမှ သူ တစ်နေ့လုံး ထိုင်တွေးမနေတော့မှာ၊ အဲ့ဒါကပဲ သူ့ကိုယ်သူ ကယ်တင်နိုင်လိမ့်မယ်။ ကျူးဇီ... မင်းရဲ့အပေါ်ဝတ်ကို ထပ်ဝတ်သွားဦး။ အအေးမမိစေနဲ့”

ကျိုးယိနိုက အဝတ်ထူထူတစ်ထည်ကို ကောက်ဝတ်လိုက်ပြီး အပြင်သို့ ပြန်ထွက်သွားတော့သည်

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟