CHAPTER 23
Viewers 2k

အခန်း ၂၃ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် (အပိုင်း ၂)

 

စတုတ္တအဘွားစုန့်ဖြစ်သည့် လီရှီက ဖန့်ရှီကို လှမ်းကြည့်လိုက်ပြီး ကျေနပ်နေသည့အမူအရာဖြင့်  "ဒီကလေးကို ကြည့်ပါဦး၊ အရမ်းကို ကြင်နာတတ်ပြီး။ ဖြောင့်မတ်တယ်၊ သူ့မှာ ဘာမှမရှိဘူးလို့ပဲ အမြဲ တွေးနေနဲ့။ ငါ့အမြင်မှာတော့ ကျူးဇီက အရမ်းတော်တယ်”

 

ဖန့်ရှီက သက်ပြင်းချလိုက်ပြီး ဘာမှ မပြောချင်သည့်အမူအရာကို ပြသလာသော်လည်း နောက်ပိုင်းတွင် သူမ မနေနိုင်ဘဲ ပြန်ပြောလာခဲ့သည်။

 

“ဒီကလေးက ကောင်းမှန်း ဘယ်သူက မသိဘဲ နေမှာလဲ? သူသာ နောက်ဆယ်ရက်၊ ဆယ့်ငါးရက်အတွင်း စစ်တန်းလျားကို မသွားရရင် ကျွန်မ သူ့ကို သားအရင်း တစ်ယောက်လို မချစ်ဘဲနေနိုင်ပါ့မလား? ဟင်း.... အခုတောင် ချစ်မိနေပါပြီလေထားပါတော့... အဲ့ကိစ္စကို မေ့လိုက်တော့မယ်၊ အခုမှ ပြောလည်း ဘာမှ မထူးတော့ဘူးကျူးဇီပြန်လာတဲ့အခါမှပဲ ဆက်ပြောကြတာပေါ့"

 

ထိုအချိန်တွင် ကျိုးယိနိုက စုန့်ရှင်းယိနှင့်အတူ အပြင်သို့ လိုက်ပါသွားပြီး နှင်းထူထပ်နေသည့် တိတ်ဆိတ်သော ရွာလမ်းပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်က လုံးဝ မည်းမှောင်နေသော်လည်း နှင်းဖြူဖြူများကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကျိုးယိနိုက အဘိုးအို လဲမကျသွားစေရန် အဘိုးအို၏လက်ကို တွဲထားပေးပြီ အဘိုးအို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည့် လေထဲမှ ဆေးနံ့ကို ရှူရှိုက်နေရသည်။  အဘိုးအိုအတွက်တော့ ထိုရှူထုတ်လိုက်သည့်အငွေ့များထဲတွင် အချိန်အမှတ်ရများနှင့် ဘဝ၏ပင်ပန်းနွမ်းနယ်နေမှုကို ဖြစ်ပေါ်စေသည့် ရှည်လျားသော အတိတ်မှ  ဖိစီးမှုများကို လေနှင့်အတူ လွင့်ပါးသွားစေပုံရသည်။

 

“တကယ်တော့ မင်းက အခု အရမ်း ငယ်သေးတယ်” 

 

စုန့်ရှင်းယိက စကား စပြောလိုက်သော်လည်း သူ့၏ဆေးတံကို ဖွာရှိုက်ရန်  စကားကို ခဏရပ်ကာ အဝေးသို့ ငေးကြည့်နေပြီးမှ ဆက်ပြောလိုက်သည်။

 

"အရင်က ငါတို့ရွာက ဘယ်လိုအခြေအနေလဲဆိုတာကို မင်းတို့ကလေးတွေ မသိနိုင်ဘူး။ အဲဒီတုန်းက ရွာက အခုလောက် မကြီးသေးဘူး။ နောက်ပိုင်းတွင် အငတ်ဘေးကနေ တိမ်းရှောင်လာတဲ့ လူတစ်စုက ဒီရွာကို ရောက်လာပြီး အခြေချနေထိုင်ကြလို့ ရွာက တဖြည်းဖြည်း ကြီးလာခဲ့တာငါတို့ရဲ့ဖိုးက ဒီကို စရောက်တုန်းက သူက အရမ်းဆင်းရဲတယ်။ အဲ့တုန်းက သူ့အသက်တောင်မှ ၁၃ နှစ် ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ ငါတို့ဖိုးရယ် အဖွားရယ် အဖေရယ်က ဒီအရပ်မှာ စပြီး အခြေချနေထိုင်ခဲ့တယ်။ အဲဒီတုန်းက သူတို့မှာ အခန်းနှစ်ခန်းပဲပါတဲ့ အိမ်လေးရှိပြီး  မြေတောင်မှ မရှိခဲ့ကြဘူး”

 

သူက သူ့ရှေ့တွင် အတိတ်ကို မြင်နေရသလို  ပြောပြနေရင်း ခေတ္တရပ်လိုက်ပြန်သည်။ သူ့၏ဆေးတံမှ မီးရောင်များ တောက်ပလာချိန်တွင် ရာသီဥတုဒဏ်ကို နှစ်ရှည်လများ ခံစားခဲ့ရသည့် သူ့မျက်နှာက တဖျပ်ဖျပ် တောက်ပနေသေးကို တွေ့လိုက်ရသည်။

 

ကျိုးယိနိုက အဘိုးအို ချော်လဲစေရန် သူ့လက်ကို ဆုပ်ကိုင်ပေးထားသောကြောင့် သူ ကြားနေရကြောင်း အတည်ပြုရန် ဘိုးအို၏လက်ကို နှစ်ကြိမ်ခန့် ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။

စုန့်ရှင်းယိက တစ်ခုခုကို ထပ်တွေးမိသွားပုံရပြီး လေသံပျော့ပျော့ဖြင့် ထပ်ပြောလာပြန်သည်။

 

အဲ့တုန်းက သူတို့ အရမ်းဆင်းရဲခဲ့ကြတယ်၊ မဆင်းရဲဘဲလည်း ဘယ်နေပါ့မလဲ? သဘာဝဘေး ဖြစ်ရင်ဖြစ် မဖြစ်ရင် စစ်ပွဲတွေဖြစ်နေတာကို၊ နောက်ပိုင်းတွင် သူတို့က အံကြိတ်ပြီး စွန့်ပစ်မြေစာပုံချို့ကို ထွန်ယက်ခဲ့ကြတယ်၊ ငါတို့ရဲ့အဖေနဲ့အမေ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း သိပ်မကြာခင်မှာ အရမ်းအေးတဲ့ ဆောင်းရဲ့အအေးဒဏ်ကို မကျော်ဖြတ်နိုင်လို့ လူအိုကြီး နှစ်ယောက် သေဆုံးသွားကြတယ်အဲ့ဆောင်းရာသီမှာ လူတော်တော်များများ အေးခဲပြီး သေဆုံးသွားကြရတယ်။ မင်းတို့ရဲ့အဘိုးကြီး ဖြစ်လာမယ့် ငါတို့အဖေက  မြောက်ကနေ တောင်ဘက်ကို စွန့်စွန့်စားစား ထွက်ခွာသွားပြီး တခြားသူတွေနဲ့အတူ အလုပ်သွားလုပ်ခဲ့တယ်၊ ပင်ပန်းပြီး အန္တရာယ်များခဲ့ပေမယ့် မင်းတိုရဲ့အဘိုးကြီး ကြိုးစားခဲ့တယ်၊ မင်းရဲ့အဘွားကြီးကတော့ ကလေးတွေကို ပြုစုဖို့ အိမ်မှာနေခဲ့ရင်း လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ခဲ့ရတယ်။ မင်းတို့ရဲ့အဘိုးကြီး အပြင်မှာ ပြေးလွှားအလုပ်လုပ်နေတဲ့ အထိ ငါကို မမွေးသေးဘူး။ ငါ့ကို မွေးပြီးတဲ့နောက်ပိုင်းလောက်မှ အိမ်ကြီးတစ်လုံးဆောက်ဖို့၊ မြေဝယ်ဖို့ ပိုက်ဆံစုနိုင်ခဲ့ပြီး လယ်သမား ဘဝကို  စတင်နိုင်ခဲ့တယ်”

 

သူက ကောင်းကင်ကို မော့ကြည့်နေပြီး လေးလံသည့်ခံစားချက်က သူ့မျက်လုံးများကို မှုန်ဝါးသွားစေကာ သူ မှုတ်ထုတ်နေသည့် မီးခိုးငွေ့များက သူ့မျက်လုံးတစ်ဝိုက်ကို ပူလောင်သွားစေပုံရသည်။

 

အဲဒီတုန်းက ငါတို့ ညီအစ်ကိုတွေ တော်တော် အဆင်ပြေခဲ့ကြတယ်။ မင်းတို့ရဲ့အဘိုးကြီနဲ့ အဘွားကြီးက ငါတို့အစ်ကိုတွေကို မိသားစု ခွဲပေးခဲ့တဲ့ အကြောင်းရင်းက မိသားစုရဲ့ပိုင်ဆိုင်မှုတွေအတွက် တိုက်ပွဲဝင်နေတဲ့ တခြားသူတွေရဲ့ မိုက်မဲမှုတွေကို မြင်ခဲ့ကြလို့ပဲ။ ပြောရရင်တော့ သူတို့ စိုးရိမ်တာက ငါတို့  ဆင်းရဲမှာကို  စိတ်ပူတာ မဟုတ်ဘူးမညီမျှမှုတွေ ဖြစ်မှာကို စိုးရိမ်ခဲ့တာ၊ မညီမျှမှုတွေကြောင့် ညီအစ်ကိုတွေ စိတ်ဝမ်းကွဲမှာကို စိုးရိမ်ခဲ့တာ။ တိုတိုပြောရရင်တော့ ငါတို့ ညီအစ်ကိုခြောက်ယောက် မိသားစု စခွဲကြတော့ အားလုံးက တူညီတဲ့အရာတွေကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်မင်းတို့ရဲ့အဘိုးကြီးနဲ့ အဘွားကြီးကတော့ သူတို့အတွက် ဘာမှ မယူခဲ့ကြဘူး။ သူတို့က မင်းတို့ရဲ့အကြီးဆုံးအဖိုး အိမ်မှာ အတူနေပြီး သားတွေ လစဉ်ထောက်ပံ့တဲ့အရာတွေနဲ့တင် ကျေနပ်ခဲ့ကြတယ်၊ သူတို့ လိုတာထက် ဘာကိုမှ ပိုမယူခဲ့ကြဘူး

 

ထိုနောက် အဘိုးအိုက ခြောက်ကပ်ကပ် ရယ်မောလိုက်ကာ တကယ်တော့ မင်း ပြောကြည့်လေ၊ ငါတို့ မိသားစုတွေ ခွဲခွာလိုက်မှ‌တော့ လူတိုင်းက ကိုယ့်ဘဝကိုယ်နဲ့ ရှင်သန်ရမှာ မဟုတ်ဘူးလား? မိသားစုတစ်စုစီမှာ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးစွမ်းရည်နဲ့ ကြိုးစားမှုတွေ အပေါ်မူတည်ပြီး ကောင်းတာဆိုတာတွေ ရှိလာလိမ့်မယ်။ အဲ့တာတွေကို လိုက်ပြောနေဖို့ ဖြစ်နိုင်ပါတော့မလား? ကိုယ် ကောင်းကောင်းမနေရရင် သူများကို ဘာစောဒကတက်စရာရှိလဲ? မင်းတို့ရဲ့ပဉ္စမအဖွားကိုပဲ ကြည့်လိုက်မင်းတို့ရဲ့ပဉ္စမအဖိုးက အစောကြီး ထွက်သွားပေမယ့် ဘဝကို ပိုကောင်းအောင် ဖြတ်သန်းနေတာပဲ မဟုတ်ဘူးလား? သူတို့က ငါတို့မိသားစုလောက် အဆင်မပြေပေမယ့် မင်းတို့ရဲ့တတိယအဖိုးရဲ့ မိသားစုထက်တော့ ကောင်းနေသေးတာပဲမလား? မင်းတို့ရဲ့တတိယအဖိုးကတော့ ဘဝကို ဘာလို့ ဒီလိုမျိုး နေထိုင်နေရတာလဲ?"

 

အဘိုးအိုက သူ့၏နှုတ်ခမ်းများကို ပါးလွှာသော မျဉ်းတစ်ကြောင်းတည်းဖြစ်အောင် ဖိကပ်ထားလိုက်ပြီး သူ့စကားကို အဆုံးသတ်လိုက်သည်။

 

သူပြောချင်သည့် အဓိပ္ပာယ်က ရှင်းလင်းလှသည်။ တစ်ချို့လူများက တိုးတက်လာပြီး တချို့လူများက ဆုတ်ယုတ်သွားခဲ့သည် မည်သို့ပင်ဖြစ်စေ ကိုယ့်၏လုပ်ရပ်အပေါ်တွင်သာ မူတည်ပြီး အဆင်မပြေသည့်လူတချို့က မိမိကိုယ်ကိုသာ အပြစ်တင်နိုင်မည် ဖြစ်သည်

ကျိုးယိနိုက  အဘိုးအို၏ စကားသံများကို နားထောင်နေရင်း အေးအေးလူလူ လမ်းလျှောက်နေကာ အဘိုးအို၏ သက်ပြင်းချသံကို ကြားလိုက်ရချိန်တွင် စုန့်ရှင်းယိ လုံလုံလောက် ပြောပြီးပြီဟု တွေးကာ နောက်ပြန်လှည့်လိုက်ပြီး အိမ်ဆီသို့ နှေးကွေးသော ခြေလှမ်းများကို အတူပြန်လာခဲ့ကြသည်။

 

သူတို့ ပြန်ရောက်ချိန်တွင် ပင်မအခန်းမှ လူများက လူစုကွဲသွားပြီ ဖြစ်သည်။

 

လီရှီက အဘိုးအို မျက်နှာသစ်နှင့် ခြေလက်များ ဆေးကြောရန် ရေနွေးပြင်ပေးနေရင်း ကျိုးယိနိုကို လှမ်းပြောလိုက်သည်။

 

ကျူးဇီ၊ မင်း ယောက္ခနဲ့ သွားထိုင်နေလိုက်ဒီဖိုးကြီးက အဲလိုပဲ အပြင်ထွက်ပြီး  အကြာကြီး လမ်းလျှောက်တတ်တယ်ဒီနေ့တော့ မင်းသာ သူ့နောက်လိုက်မသွားရင် သူ အပြင်မှာ သေနေမှာကိုတောင် ငါ စိုးရိမ်နေရလိမ့်မယ်

 

စုန့်ရှင်းယိက သူ့လက်ကို ဆေးကြောနေပြီး သူ သောက်ထားသည့် အရက်ကလည်း အရှိန်ပြေသွားပုံရသည်။ သူက စိတ်အခြေအနေ ကောင်းနေပုံဖြင့် "ဟေး၊ ငါ စကားစပြောရင်းအချိန်ကို မေ့သွားလို့ပါကျူးဇီ၊ မင်းလည်း သွားပြီး အနားယူတော့"

 

ကျိုးယိနိုက အဘိုးအို ခန်ပေါ်တက်ရန် ကူညီပေးပြီးမှ ထိုအိမ်ခန်းထဲမှ ထွက်ကာ အနောက်ဘက်တောင်ပံသို့ လျှောက်သွားလိုက်သည်။

 

သူ ဝင်သွားသည်နှင့် စုန့်တင်းရှန်းက သူ့ကို စောင့်ဆိုင်းနေကာ တံခါးဖွင့်ပေးလိုက်ပြီး "ရှင် ပြန်လာပြီလား? ခြံဝင်းတံခါးကို သေသေချာချာ ပိတ်ခဲ့ရဲ့လား?"

 

"အင်း သေသေချာချာ ပိတ်ထားခဲ့တယ်" ကျိုးယိနိုက သူ့အဝတ်ထူထူကို ချွတ်လိုက်ပြီး သူ့၏ခြေဖဝါးကို ရိုက်ခါနေကာ အပြုံးဖြင့် ပြောလိုက်သည်။

 

"အဖိုးကလည်း သူ့မိဘတွေကို သတိရနေပုံပဲ"

 

ဖန့်ရှီက အိမ်ထဲတွင် ရှိနေကာ သူ့ကို နှုတ်ဆက်လိုက်ပြီး သူ ပြောသည့်စကားကို ကြားလိုက်ချိန်တွင် "တင်းရှန်း၊ မင်းတို့ရဲ့အဘိုးကြီးကို မှတ်မိသေးလား? မင်းတို့ရဲ့အဘိုးကြီးနဲ့ အဘွားကြီးက အရမ်းကြင်နာတတ်တယ်၊ ဒီရွာမှာ ဘယ်သူကမှ သူတို့ မကောင်းကြောင်း ပြောကြဘူး၊ သူတို့နဲ့ပတ်သက်တဲ့ ကောင်းသတင်းပဲ ရှိတယ်၊ မင်းတို့ရဲ့ဖိုးကြီးက စောစော ဆုံးသွားတယ်ဆိုပေမယ့် အဲ့တုန်းက အသက် ခုနစ်ဆယ်လောက်ရှိနေပြီ။ မင်းတို့ရဲ့အဖွားကြီးကတော့ ခုနှစ်ဆယ့်ငါးလောက်အထိ အသက်ရှည်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ ငါတို့ကို ထားသွားခဲ့တာ"

 

စုန့်ကျစ်ယွမ်က ဘေးနားမှ ထိုင်ခုံအပု‌လေးပေါ်တွင် ထိုင်နေပြီး ခြွေလှေ့တောင်းကို ပေါ်ပေါ်တင်ထားကာ မြေပဲများ ခြွေနေရင်း "မင်းတို့ရဲ့အဖိုးက သူ့မိဘတွေကို လွမ်းဆွတ်နေမှာပေါ့။ သူ့ဘဝက အခုဆို ပိုကောင်းလာတယ်လို့ မင်းတို့အဖိုက အမြဲခံစားနေရတာလေ။ ဒါပေမယ့် သူ့မိဘတွေက ဒီကြွယ်ဝမှုတွေကို ခံစားခွင့်မရလိုက်လို့ သူ စိတ်မသက်မသာ ဖြစ်နေခဲ့တာ၊ ပြီးတော့ သူက သူ့ကိုယ်သူ အမြဲတမ်းလေးစားပေမယ့် သူ့အစ်ကိုရဲ့ ကံဆိုးမှုအတွက် သူ့မှာ အပြစ်ရှိတယ်လို့ သူ ခံစားနေရတုန်းပဲ၊ ဒါက ပိုက်ဆံနဲ့ မပတ်သက်ဘူးသူ့အစ်ကိုရဲ့ စရိုက်ကောင်းတွေက သူ့အပေါ် လွှမ်းမိုးနေပုံရတယ်။ ဒါပေမယ့် သူ့အကိုက ပြောင်းလဲသွားတယ်။ အဲဒါက တကယ့်အဖြစ်ဆိုးပဲ

 

ဖန့်ရှီက “ကျွန်မတို့ အခု ကောင်းကောင်းနေနိုင်တာက ကျွန်မတို့ကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့လို့ မဟုတ်ဘူးလား။ ရှင် အခြားသူတွေကို နောက်ကို လိုက်ပြီး ဝက်သတ်ဖို့ သင်တုန်းက အသက်ဆယ့်သုံးနှစ် ဒါမှမဟုတ် ဆယ့်လေးနှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား? ရှင့်ရဲ့တတိယဦးလေးက အားနေရင်တောင် တောင်းတစ်လုံးယက်လို့လား? သူ အဲ့လို လုပ်ခဲ့ရင်တောင် ပိုက်ဆံနဲ့ ရောင်းလို့ရဦးမယ်၊  နောက်ပိုင်း ရှင် ကိုယ်တိုင် စပြီး ဝတ်တွေ သတ်တယ်ရှင် ရှင့် တတိယဦးလေးရဲ့မိသားစုကို ဆွဲခေါ်ခဲ့ပေမယ့် သူတို့က ပင်ပန်းတယ်ဆိုပြီး မငြင်းခဲ့ဘူးလား? သူတို့ပဲ ပင်ပန်းတတ်တာလား? တခြားသူတွေကရော မပင်ပန်းတတ်လို့လား? ကျွန်တို့က အခြားသူတွေအပေါ် အကြွေးတင်နေလို့လား? အဖေက သူ့ရဲ့တတိယအစ်ကို ကောင်းကောင်းမွန်မွန် မနေရဘူးလို့ ခံစားနေရတယ်ဒါပေမယ့် သူ့တို့မှာ စားစရာနဲ့ အဝတ်အစားအတွက် ပိုက်ဆံမရှိဘူးလည်း မဟုတ်ဘူး၊ အမှန်တော့ လူတွေရဲ့ နှလုံးသားတွေက ပြောင်းလဲသွားခဲ့တာ

 

စုန့်တင်းရှန်းက “တကယ်တော့ အဖိုးဘက်ကလည်း မမှားပါဘူးသူတို့ဘက်ကလည်း တခြားလူကို အခွင့်ကောင်းယူတာ ကျင့်သားရနေပြီ။ သူတို့ ဆင်းရဲနေရင် တခြားသူတွေက သူတို့ကို စောင့်ရှောက်ရမယ်လို့ သူတို့ ထင်နေပုံပဲအဲ့ဒါကြောင့် သူတို့က သူတို့ ဆင်းရဲတယ်ဆိုပြီး တချိန်လုံး ညည်းညူနေကြတာ၊ ပုံမှန်ဆို မြေမူနှစ်ဆယ်က တစ်နှစ်ကို ငွေအလုံအလောက်ရနေတာပဲ၊ ပြီးတော့ ရိတ်သိမ်ချိန်ကြန်ရင် သူတို့ တခြား အလုပ်တွေ လုပ်ပြီး ငွေနည်းနည်း စုနိုင်သေးတယ်။ ဘာလို့ ဒီလို နေ နေရမှာလဲ?"

 

ဖန့်ရှီက "သူတို့မိသားစုက ရိုးသားလွန်းတယ်လို့ လူတွေက ပြောကြတယ်၊ သူတို့က အပြင်ရောက်ရင် စကားကောင်းကောင်း မပြောတတ်ကြဘူး၊ တခြားလူ ကျေနပ်အောင် မလုပ်ပေးတတ်ချင်ဘူး။ အဲ့ဒါကြောင့် တခြားသူတွေက သူတို့ကို မသုံးချင်ကြဘူး။ အဲ့လိုတွေ ပြောခဲ့ကြတယ်။ အခုကြည့်လိုက်တော့ အဲ့စကားတွေက အမှန်မဟုတ်ဘူးပဲ။ သူတို့က ပင်ပင်ပန်းပန်းကို မလုပ်ချင်တာ။ မင်းတို့ရဲ့ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးရဲ့သားတွေက မင်းအစ်ကိုကြီးထက်တောင် သန်မာကြသေးတယ်မဟုတ်ဘူးလား? အခု မင်းရဲ့အစ်ကိုကြီးက ဝက်တစ်ကောင်ကို သယ်ပြီး သွားနိုင်နေပြီ၊ သူတို့က နှစ်ယောက်ပေါင်းလို့ ဝက်​တစ်ကောင်တောင် သယ်နိုင်ကြဘူးဘယ်လောက် အသုံးမဝင်တဲ့ အမှိုက်တွေလဲ? ဘယ်​သူနဲ့တူလို့ အဲ့လောက်အသုံးမကျမှန်းကို မသိဘူး"

 

စုန့်တင်းရှန်းက ပြုံးလိုက်ပြီး "အလိုလိုက်ခံရတဲ့ကလေးတွေက ဆင်းရဲတဲ့ မိသားစုက လာတယ်လို့ ပြောကြတယ်လေ"

 

ဖန့်ရှီက သူမကို စူးစူးဝါးဝါး စိုက်ကြည့်ကာ "သူတို့ကို အလိုလိုက်ခံရတဲ့ကလေးတွေလို့ သတ်မှတ်တယ်ပေါ့"

 

စုန့်တင်းရှန်းက "မေ၊ သမီးပြောတဲ့ အလိုလိုက်ခံရတယ်ဆိုတာက တစ်ချို့လူတွေက  ဆင်းရဲမှာကို မကြောက်ဘူး ဒါပေမယ့် သူတို့က ပင်ပန်းမှာကို ကြောက်ကြတယ်၊ အဲ့ဒါကြောင့် သူတို့က သူတို့ကိုယ်သူတို့ မပင်မပန်းနေနိုင်အောင် အလိုလိုက်ထားတာကိုပြောတာပါ

 

ဖန့်ရှီက မျက်ခုံးပင့်ကာ နှာမှုတ်လိုက်ပြီးအဲ့ဒါကို အလိုလိုက်ခံရတယ်လို့ ခေါ်တာလဲ? ဘဝက အစေခံသာသာကို သခင်မလေးလို နေချင်တာမျိုးပေါ့လေ၊ စကားမစပ် အာ့နွီအာ၊ မင်းတို့ ဒီနေ့ ဒီမှာနေမှာလား ဒါမှမဟုတ် ပြန်သွားမှာလား?"

 

စုန့်တင်းရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "ပြန်သွားမှာ"

 

ဖန့်ရှီက ခေါင်းပြန်ညိတ်ပြလိုက်ပြီး "ကောင်းပြီ၊ မင်းအဖေက မနက်ဖြန်မနက် ဝက်တစ်ကောင် သတ်ရမှာဝက်သားမှာထားတဲ့လူတွေ ရှိတယ်မင်းတို့ ဒီကို စောစောလာခဲ့၊ တို့ဟူးအသားလုံးလုပ်ဖို့ စောစော ပြင်ဆင်ရမယ်။ ငါတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်"

 

စုန့်တင်းရှန်းနှင့် ကျိုးယိနိုတို့က အကြည့်ချင်းဖလှယ်ကာ ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့ကို နှုတ်ဆက်လိုက်ပြီး အိမ်နောက်ဖေးတံခါးသို့ လျှောက်သွားကာ တံခါးဖွင့်ပေးရန် သူမ၏အစ်ကိုကြီး စုန့်ကျွင်းရှန်ကို တောင်းဆိုလိုက်သည်။ ထို့နောက် သူ့တို့အိမ်သို့ ပြန်လာခဲ့ကြသည်။

 

အိမ်နောက်ဘက်သို့ ပြန်ရောက်ချိန်တွင် ကျိုးယိနိုက ဝက်များကို ကြည့်ရန် ထပ်သွားခဲ့သေးသည်။ ၎င်းတို့အနက် ဝတ်မကြီးနှစ်ကောင်က  မျိုးပွားရန် ဖြစ်ပြီး ကျန်နေသည့်သုံးကောင်ထဲမှ တစ်ကောင်က မနက်ဖြန်တွင် အသတ်ခံရဖွယ်ရှိသည်။ ဝက်စာခွက်ထဲတွင် အစာကျန်များရှိနေပြီး  စုန့်ကျွင်းရှန် ဝက်စာလာကျွေးသွားခြင်း ဖြစ်နိုင်သည်။

 

သူ အိမ်ထဲသို့ ဝင်သွားချိန်တွင် စုန့်တင်းရှန်းက မီးခွက်ထွန်းထားပြီး ဖြစ်ကာ မီးဖိုကို မီးမွေးနေခဲ့သည်။ သူက စုန့်တင်းရှန်းကို အိမ်ထဲအမြန်ဝင်ခိုင်းလိုက်ပြီး သူမ မငြင်းနိုင်မီ သူက မီးမွှေးရန် တာဝန်ကို လွှဲပြောင်းယူလိုက်သည်

 

စုန့်တင်းရှန်းက ရယ်မောလိုက်ပြီး “ကြည့်စမ်းပါဦး၊ ရှင်က ကျွန်မက နူးနူးညံ့ညံ့ ဆက်ဆံနေတာလား? ကျွန်မက ဘယ်တုန်းက အဲ့လောက် အဖိုးတန်သွားတာလဲ?"

 

ထို့နောက် စုန့်တင်းရှန်းက ပြုံးလေးဖြင့် အိမ်ထဲ ဝင်သွားပြီး သူမတို့နှစ်ယောက်၏ အနွေးအင်္ကျီကို ယူကာ ချိတ်ဆွဲထားလိုက်သည်။ ထို့နောက် ခုံတန်းရှည်လေးကို ဆွဲထုတ်ကာ ကျိုးယိနို၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး "အဖိုးက ရှင့်ကို  ဘာတွေပြောခဲ့လဲ? ရှင်တို အပြင်ထွက်တာ ဘာလို့ အဲ့လောက်ကြာနေတာလဲ?"

 

ကျိုးယိနိုက သူတို့စကားဝိုင်းကို ပြန်ပြောပြခဲ့ပြီး စုန့်တင်းရှန်းက ခဏလောက် စဉ်းစားနေပြီးမှ ကောက်ချက်ချလိုက်သည်။ "သူ့အစ်ကိုက ကောင်းကောင်းမလုပ်တော့ အဖိုးက သူမျက်နှာ ပျက်ရတယ်လို တွေးနေတာထင်တယ်"

 

ကျိုးယိနိုက ခေါင်းညိတ်လိုက်ပြီး ခဏလောက် စဉ်းစားနေသေးသည်။ ထို့နောက် သူက "ငါ့ရဲ့မျိုးရိုးနာမည်က ကျိုးလို့ ဖိုးကို ပြောဖူးတယ်။ အဲ့တာကြောင့် ငါက တတိယအဘိုးရဲ့မိသားစုနဲ့ ဘာမှ မပတ်သတ်ဘူး၊ သူတို့က မင်းကို အနိုင်ကျင့်လို့ မရဘူး။ မင်းက ငါ့မိန်းမဖြစ်နေပြီ၊ ငါ မင်းကို ကာကွယ်ပေးမှာပါ"

 

စုန့်တင်းရှန်းက ရယ်မောနေပြီး သူမဘေးမှ ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ကောင်လေး၏မျက်နှာပေါ်တွင် ကလေးဆန်သော အရိပ်အယောင်များ ရှိနေသော်လည်း သူက လူကြီးတစ်ယောက်လို ရင့်ကျက်နေပြီ ဖြစ်သည်။

 

နောက်တစ်နေ့ မိုးလင်းချိန်တွင် ခြံထဲမှ ဆူညံသံများ ထွက်လာခဲ့သည်။

 

စုန့်တင်းရှန်းက သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ အိပ်ရာရန် ပြင်လိုက်သော်လည်း ကျိုးယိနိုက သူမကို တားဆီးလိုက်သည်

 

"မင်း ခဏတော့ အိပ်လိုက်ပါဦး၊ အဖေနဲ့ အကြီးဆုံးဦးလေးက အခုမှ ဝက်ဖမ်းတုန်း ရှိသေးတယ်"

 

စုန့်တင်းရှန်းက စောင်ကို ကိုင်ထားရင်း လူးလဲထကာ ခေါင်းခါလိုက်သည်။

 

"မအိပ်တော့ဘူး၊ မေက ဒီနေ့ စောစောလာဖို့ ပြောထားတယ်"

 

ထိုစကားကို ပြောနေရင်းဖြင့် သူမ ထပ်ပြီး သမ်းဝေနေမိပြန်သည်။ မနေ့က သူမ ကျိုးယိနိုနှင့် စကားပြောနေခဲ့ပြီး အိပ်ရာဝင် နောက်ကျခဲ့သည့်အတွက် အိပ်ရေးမဝသလို ခံစားနေသည်

 

စုန့်တင်းရှန်း အိပ်ရာမှ ထလာချိန်တွင် အိုးထဲမှ ရေနွေးက အဆင်သင့် ဖြစ်နေခဲ့သည်။ သူမ ဆေးကြောပြီးသွားချိန်တွင် ဝက်တစ်ကောင်ကို သတ်နေသည့် အသံနှင့် အပြင်ဘက်မှ အော်ဟစ်အားပေးသံများကို သူမ ကြားလိုက်ရသည်။

 

ရှေးခေတ်က လူတွေရဲ့ဘဝက တကယ်ကို ဆင်းရဲလွန်းတယ်။ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိဘူး။ ဝက်သားသတ်တာကိုတောင် စိတ်ဝင်တစား ကြည့်ကြတယ်။ ပြီးရင် သားသတ်သမားရဲ့ ဓားကိုင်ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီ မှတ်ချက်ပေးကြသေးတယ်။ ဒီအချိန်မှာတော့ ဒါက ရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဖျော်ဖြေရေးတစ်ခု ဖြစ်နေသေးတယ်။

 

စုန့်တင်းရှန်းက သူမ၏အိမ်တံခါးကို သော့ခတ်ပြီး စုန့်အိမ်သို့ သွားလိုက်ရာ ကလေးများပင် စောစော အိပ်ရာထနေကာ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြပုံရသည်။

 

စုန့်ကျစ်ရွှမ်းက သူ့လက်ထဲတွင် မီးရှူးမီးပန်းလေးများကို ကိုင်ထားပြီး တစ်ယောက်ချင်းစီအတွက် ခွဲဝေပေးနေခဲ့သည်။

 

"လူတစ်ယောက်စီအတွက် ဆယ်ခုနော် ထပ်မရတော့ဘူးထူတန်း၊ မင်းက အရမ်းငယ်သေးတယ်။ မင်းရဲ့အစ်ကိုတွေ တော့တာကို ကြည့်နော်။ ခနနေရင် ဦးလေး မင်းတို့အတွက် သကြားလုံးတွေ ဝေပေးဦးမယ်"

 

စုန့်တင်းရှန်းမောင်ငယ်နှစ်ယောက်က သူတို့ ဝေစုရသော မီးရှူးမီးပန်းများကို ယူကာ စိတ်လှုပ်ရှားစွာ အော်ပြောနေကြသည်။

 

"ဦးလေး အပြင်ထွက်ပြီး မီးရှူးမီးပန်းပစ်ကြစို့"

 

စုန့်ကျစ်ရွှမ်းက သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး "ငါ မလိုက်တော့ဘူး။ မင်းအစ်ကိုနဲ့ မင်းရဲ့တူသုံးယောက်ကို ဆော့ဖို့ ခေါ်သွားလိုက်။ မင်းတို့ လျှောက်မပြေးနဲ့နော် နားလည်ကြလား?”

 

ကလေးများက အတူတူ ပြေးထွက်သွားကြပြီး စုန့်ကျစ်ရွှမ်းက သူ့လက်ဝါးနှစ်ဘက်ကို လက်ခုပ်တီးကာ သူ့လက်မှ အမှုန်များကို ခါချလိုက်သည်။ ထို့နောက် သူက စုန့်တင်းရှန်းကို ကြည့်ကာ မကျေမနပ်လေသံဖြင့် လှမ်းပြောလိုက်သည်။

 

"မင်းရဲ့ခင်ပွန်းက ဒီကိုရောက်နေတာ ကြာလှနေပြီ။ မင်းက ဘာလို့ အခုမှ ဒီကိုရောက်လာတာလဲ? ဘယ်လောက်တောင် အပျင်းကြီးတဲ့ မိန်းခလေးလဲ?"

စုန့်တင်းရှန်းက နှာမှုတ်လိုက်ပြီး "အနာဂတ်မှာ ဦးလေး အိမ်ထောင်ကျရင် ဦးလေးက ဦးလေးမျက်နှာသစ်ဖို့ ဦးလေးရဲ့ဇနီးကို မနက်စောစော နိုးပြီး ရေနွေးတည်ခိုင်းမှာလား?"

"ဒီကောင်မလေးကတော့" စုန့်ကျစ်ရွှမ်းက နွေးထွေးသောလေသံဖြင့် ဆူငေါက်လိုက်ပြီး  "သွား၊ သွား၊ မင်း အလုပ်ကို မင်း သွားလုပ်တော့ဒီမှာနေပြီး မင်းရဲ့ဦးလေးကို မပျော်မရွှင် ဖြစ်အောင် လာလုပ်မနေနဲ့"

 

စုန့်တင်းရှန်းက ပြုံးလိုက်ပြီး ရှေ့ခြံဝင်းသို့ လှည့်ကြည့်လိုက်ရာ ထိုနေရာမှ လူအားလုံး ကိုယ်စီအလုပ်ရှုပ်နေကြသည်ကို သူမ မြင်လိုက်ရသည်

 

န့်ရှီက ရေအေးကို မထိရန် တင်းတင်းကြပ်ကြပ် တားမြစ်ခံထားရပြီး သူမက အသီးအရွက်များ လှီးဖြတ်ခြင်းကိုသာ လုပ်နေရသည်။ ကျန်းရှီက တို့ဟူးကို ညှစ်နေပြီး တိုဟူးအသားလုံးကြော်ရန် ပြင်ဆင်နေသည်။ သူမ၏အကြီးဆုံးယောင်းမဖြစ်သည့် ချောင်းရှီက ခြံထဲတွင် ကြက်များနှင့် ဘဲများကို သတ်နေပြီး သူမ၏ဘေးတွင် အေးခဲနေသည့် ငါးအနည်းငယ်လည်း ရှိနေကာ သူမ ကိုယ်တွယ်ထားပြီးပုံရသည်။

 

အကြီးဆုံးဦးလေး၏ ချွေးမဖြစ်သည့် ကျင်းချောင်အာလည်း ကိုယ်ဝန်ရှိနေသောကြောင့် သူမက ဟင်းထည့်မည့်ပန်းကန်များကို ထုတ်ယူပြီး သန့်စင်အောင် သုတ်ပေးခြင်းကဲ့သို့သော ပေါ့ပါးသည့်အလုပ်များကို လုပ်ပေးနေခဲ့သည်

 

"မေ၊ သမီး ဘာလုပ်ပေးရမလဲ?" စုန့်တင်းရှန်းက သူမ၏ အင်္ကျီလက်များကို လှန်တင်ရင်း မေးလိုက်သည်။

 

ဖန့်ရှီက သူမ၏လက်ကောက်ဝတ်ကို ခါယမ်းလိုက်ပြီး "စန်းနွီအာနဲ့အတူ ဆီးသီးခြောက်တွေ ကူရွေးပြီး မြေပဲတွေကို အခွံနွှာပေးလိုက်။ စကားမစပ်၊ သခွားဖရုံသီးအတွက် အစာတွေ ဘယ်အချိန်အဆင်သင့်ဖြစ်မလဲလို့ သမီးရဲ့အဖွားကို မေးကြည့်ပေးဦး။ အခု အဆင်သင့် ဖြစ်နေပြီလို့ ပြောရင် သခွားဖရုံ ခုနစ်လုံး၊ ရှစ်လုံးလောက် ယူသွားပြီး အခွံနွာပေးလိုက်”

 

နေ့က နှစ်သစ်ကူးအကြိုဖြစ်ပြီး မိသားစုတိုင်းက တစ်နှစ်တာလုံး အလုပ်ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် အကောင်းဆုံးအစားအစာများကို ပြင်ဆင်နေကြသည်။ မိုးမလင်းသေးသော်လည်း ရွာက လှုပ်ရှားမှုများနှင့် စည်ကားနေပြီ ဖြစ်သည်

 

လီရှီကလည်း အိမ်ထဲတွင် မနေဘဲ တံခါးဝတွင် ရပ်နေကာ ဝက်သားရောင်းနေသော သားဖြစ်သူကို ရွှင်လန်းသောမျက်နှာဖြင့် ကြည့်နေခဲ့သည်။ သူမက ဝက်သား လာဝယ်သောသူတိုင်းအား စကားကောင်းများ ပြောပေးနေပြီး ထိုလူများအားလုံးကလည်း ဝက်သားဝယ်ကာ ငွေပေးချေနေရင်း  သားလိမ္မာများကို မွေးထားနိုင်ကြသည့် အဘွားစုန့်နှင့် စုန့်ရှင်းယိကို ချီးကျူးနေကြသည်

 

"သား‌တွေက ကြိုးစားရုံတင်မကဘဲ ချွေးမတွေနဲ့ ကလေးတွေကလည်း အလုပ်လုပ်နိုင်စွမ်း ရှိကြတယ်။ အခုကစပြီး စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်က ကောင်းချီးတွေကို ပိုင်ဆိုင်ရလိမ့်မယ်"

 

"ဟုတ်တယ်၊ အလုပ်ကြိုးစားသူတွေ အားလုံးက မင်းရဲ့မိသားစုမှာ လာပေါင်းစုံနေကြတာ"

လီရှီက သူမ၏ပါးစပ်နားရွက်သို့ ချိတ်တော့မတက် ဝမ်းသာအားရ ပြုံးနေပြီး သူမ၏လက်ကို  ဝှေ့ယမ်းကာ နှိမ်ချသော အမူအရာဖြင့် တုံ့ပြန်နေခဲ့သည်။

 

“မဟုတ်ပါဘူးအေ၊ အဲ့လောက်လည်း မဟုတ်ပါဘူး”

 

သို့သော်လည်း သူမက ဂုဏ်ယူနေသော အပြုံးဖြင့် အလုပ်ရှုပ်နေပုံရသည့် သားနှင့် ခင်ပွန်းကို လှမ်းကြည့်နေလေသည်။

 

"အဖွား၊ မေက ဘယ်အချိန်မှာ သခွားဖရုံကို ပြင်ဆင်ရမလဲလို့ မေးခိုင်းလိုက်တယ်" စုန့်တင်းရှန်းက မေးလိုက်သည်။

 

လီရှီက ပြုံးနေဆဲဖြစ်ကာ "အခု စိတ်မပူနဲ့ဦး၊ ညဘက် ဖက်ထုပ်လုပ်တဲ့အခါမှ သုတ်လည်း သိပ်နောက်ကျမှာ မဟုတ်ဘူး"

 

စုန့်တင်းရှန်းက အိုး” ဟု  ပြန်ပြောလိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်ရာ ကျိုးယိနိုက တစ်စုံတစ်ယောက်အတွက် အရိုးကြီးများ ခုတ်ပေးနေသည်ကို သူမ တွေ့လိုက်ရသည်

ဒီကောင်လေးက တကယ်ကို အလုပ်ကောင်းကောင်း လုပ်နိုင်တယ်။

 

စုန့်တင်းရှန်းက ပြုံးလေးဖြင့် ခေါင်းယမ်းကာ ခြံထဲသို့ ပြန်လျှောက်သွားလိုက်သည်။

 

မနက်မိုးလင်းမှ ညအထိ ထိုထမင်းဝိုင်းအတွက် အလုပ်ရှုပ်နေကြပြီး ခန်ပေါ်တွင် တွဲတင်ထားသည့် စားပွဲနှစ်လုံးတွင်  ကြက်၊ ဘဲ၊ ငါးများ အပါအဝင် ဟင်းလျာများဖြင့် ပြည့်နှက်နေလေသည်။

 

စုန့်ရှင်းယိက စားပွဲဝိုင်းကြီးတွင် ထိုင်နေသည့် လူများကို ကြည့်နေရင်း သူ့မျက်လုံးများ ပိတ်နေပြီး သွားများပေါ်သည်အထိ ပြုံးနေခဲ့သည်

 

လူတွေက ဘာကြောင့် တစ်နှစ်ပတ်လုံး အလုပ်ကြမ်းတွေ လုပ်ခဲ့ကြတာလဲ? နှစ်ကုန်ခါနီးမှာ မိသားစုတစ်စုလုံး အတူတူထိုင်ပြီး ကောင်းကောင်းမွန်မွန် စားသောက်နိုင်ဖို့ပဲ မဟုတ်ဘူးလား? အခု သူ့မှာ မြေးလေးတွေတောင် ရှိနေပြီး သားသမီးတွေက အလုပ်ကြိုးစားကြသလို တ္တရားလည်း ကျေပွန်ကြတယ်။ မိသားစုတွေ ခွဲပြီးနေတာတောင် အတားအဆီးမရှိဘဲ ချစ်ချစ်ခင်ခင် အတူတကွ နေထိုင်နေကြဆဲပဲ။ အဘိုးကြီးတစ်ယောက်အနေနဲ့ သူ ဘယ်လိုမပျော်ဘဲ နေနိုင်မှာလဲ?

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟