အခန်း ၂၄ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် (အပိုင်း ၃)
သူ့အား
အနည်းငယ် စိတ်မသက်မသာဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ နှစ်သစ်ကူးပြီးလျှင် ကျိုးယိနိုက
စစ်တပ်ထဲသို့ သွားရတော့မည် ဖြစ်ပြီး မည်သည့်အချိန်တွင်
ပြန်လာနိုင်မည်ကို မသိနိုင်သေးခြင်သာ ဖြစ်သည်။
သူတို့မိသားစုက စုန့်တင်းရှန်းအတွက် လွတ်လမ်းတစ်ခု ချန်ထားခဲ့ပေမဲ့
မိသားစုပြန်ပေါင်းစည်းပြီး ပျော်ပျော်ရွှင်ရွှင် အတူတူ မနေချင်တဲ့သူရယ်လို့
ရှိပါ့မလား?
ပြီးတော့
ယိနိုက အမှန်တကယ် လူကောင်းလေးဆိုတော့
သူတို့မိသားစုအနေနဲ့ သူ့ကို လွှတ်လိုက်ဖို့ ဝန်လေးနေခဲ့ကြတယ်။
မနေ့ညက
သူ့ဇနီးအိုကြီးနဲ့
ခန်ပေါ်မှာ
လဲလျောင်းရင်း ဒီကိစ္စကို ဆွေးနွေးမိကြသေးတယ်။ သူက ကလေးနှစ်ယောက်ကို
ပေါင်းစည်းခွင့်ပေးဖို့
စိတ်ကူးမိတယ်၊ ဒါမှ အနည်းဆုံးတော့ အနာဂတ်မှာ
ယိနိုရဲ့ကလေး ကျန်နေနိုင်မယ်။ ဒါပေမယ့်
အဖွားကြီးကတော သူ့ကို ကြိမ်းမောင်းခဲ့တယ်။
လီရှီက သူမတို့၏မြေးမလေးကို ဂရုမစိုက်သည့်အတွက်
သူမ၏ခင်ပွန်းကို
ကြိမ်းမောင်းခဲ့ခြင်း ဖြစ်ပြီး ကျိုးယိနိုအတွက် ကလေးမွေးပေးရပါက သူမ၏မြေးမလေးတွင်
မိသားစုတာဝန်များ ပိုလာမည်ကို သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်
သူ
ပြန်လာရမယ်။ ရှင်
အရူးလိုမျိုး အလျင်စလိုနဲ့
ပေါက်ကရတွေ မလုပ်နဲ့။ ရှင့်ဘာသာရှင် အေးအေးဆေးဆေး နေစမ်းပါ"
စုန့်ရှင်းယိက
သက်ပြင်းချလိုက်ပြီး
"ဒီကလေးက ရိုးသားလွန်းတယ်။ ငါက အဲ့ဒါကြောင့် နည်းနည်း စိုးရိမ်နေမိတာပါ"
"ရှင်က ဘာကို
စိုးရိမ်နေတာလဲ? ရှင်က ကျိုင်းကောင်ကို ကြောက်လို့ လယ်မထွန်ဖို့ ပြောတဲ့သူလို
ဖြစ်နေပြီ။
ရှင်ရဲ့အဓိပ္ပာယ်မဲ့အတွေးတွေကို
ရပ်လိုက်တော့။
ဒီကလေး ကျူးဇီက ကံကောင်းတဲ့သူလို့
ကျွန်မ
ထင်တယ်။
သူ ပြန်လာတဲ့အခါ အာ့နွီအတွက်
ကောင်းမွန်တဲ့နေ့ရက်တွေ
ရှိလာလိမ့်မယ်။ ရှင်
အဲ့အကြောင်းကို စိတ်ပူမနေနဲ့တော့!"
လီရှီက စုန့်ရှင်းယိကို လှမ်းကန်လိုက်ပြီး သတိပေးလိုက်သည်။
“ကဲ...
မြန်မြန်
အိပ်တော့။ မနက်ဖြန်
ရှင်
အိပ်ရာထ နောက်ကျရင် ရှင့်ရဲ့မြေးတွေက ရှင့်ကို ရယ်ကြလိမ့်မယ်"
......။......။......
နှစ်သစ်ကူး
ဒုတိယနေ့တွင် အိမ်ထောင်သည်သမီးများ မိဘအိမ်သို့ ပြန်လေ့ရှိသည်မှာ ရိုးရာဓလေ့တစ်ခုသာ
ဖြစ်သည်။ စုန့်တင်းရှန်းက မူလကတည်းက အိမ်သို့ ခဏခဏ ပြန်လာနေခဲ့ပြီး
ပုံမှန်အားဖြင့် သူမ အိမ်ထောင်ပြုပြီးချိန်နှင့်
အိမ်ထောင်မပြုရသေးသည့်အချိန်က သိပ်ကွာခြားမှု မရှိလှပေ။ သို့သော် ဤကဲသို့သော
နေ့ထူးနေ့မြတ်မျိုးတွင် သူမက ဓလေ့ထုံးတမ်းများကို လိုက်နာဆဲ ဖြစ်ကာ ကျိုးယိနိုနှင့်အတူ
လက်ဆောင်များ
ကိုင်ဆောင်လာရင်း
အိမ်ရှေ့တံခါးမှ
တဆင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ သူမက မိဘအိမ်သို့ ပထမဆုံး ပြန်လာသည့်
ကြင်စဦးဇနီးမောင်နှံကဲ့သို့ ပြုမှုနေကာ မခို့တရို့
ပြုံးနေခဲ့ပြီး အပြစ်ကင်းပြီး ဆွဲဆောင်မှုအပြည့်ရှိသည့် အပြုအမူများ
ဖြစ်အောင် တမင်တကာ ပြုမူနေသောကြောင့် ဖန့်ရှီ၏ရယ်မောသံကို
လက်ခံလိုက်ရသည်။
တမိသားစုလုံး
ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကာ နေ့လည်ခင်းသို့ ရောက်လာချိန်တွင် အိမ်တံခါးဝမှာ
တစ်စုံတစ်ယောက်၏အော်သံကို
ကြားလိုက်ကြရသည်။
"စတုတ္ထအဖိုးနဲ့ စတုတ္ထအဖွား၊ အဖိုးနဲ့အဖွားတို့
နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ"
အဘွားစုန့်က
သူမ၏ချွေးမများနှင့်
နောက်ပြောင်နေခဲ့သော်လည်း ထိုအသံကို ကြားလိုက်သည်နှင့်
သူမ၏အမူအရာက
ချက်ချင်း မည်းမှောင်သွားတော့သည်။ သူမက ဖန့်ရှီကို တစ်ချက်ကြည့်လိုက်ပြီး ရယ်ရင်းမောရင်း
ဝိုင်းဝိုင်းစက်စက်ဖြစ်နေသည့် ဖန့်ရှီ၏ မျက်နှာက ရုတ်တရက် ရှည်ထွက်လာသည်ကို
သူမ တွေ့လိုက်ရသည်။
(မျက်နှာရှည်ဆိုတဲ့ စကားက
စိတ်အခြေအနေမကောင်းတဲ့ မျက်နှာမျိုးကို ရည်ညွှန်းပြီး
တင်စားတာပါ)
ဖန့်ရှီက
သူမ၏နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး မဲ့ကာရွဲ့ကာ မှတ်ချက်ချလိုက်သည်။
“သူ(မ)
လာရဲသေးတယ်ပေါ့”
အပြင်ဘက်တွင် ရှိနေသည့်
စုန့်ကျစ်ချန်းကတော့ အနည်းငယ် အားနာဟန်ဖြင့်
ပြန်နှုတ်ဆက်လိုက်သည်။
"ဟေး၊ ထောင်ဟုန်
မင်းလည်း မိဘအိမ်ကို ပြန်လာတာလား?"
"သတ္တမဦးလေး" စုန့်ထောင်ဟုန်က
ချိုမြိန်သောအသံဖြင့်
ပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက်
သူမက သာယာငြိမ့်ညောင်းသော လေသံဖြင့် "ဒါက ကျွန်မရဲ့ခင်ပွန်းမြို့ကနေ ပြန်ယူလာတဲ့
သရေစာမုန့်ပါ။ အရမ်း အရသာရှိတယ်၊ ဒါက ရွာက
မုန့်တွေထက်
အများကြီး ပိုအရသာရှိတော့ သက်ကြီးရွယ်အိုတွေအတွက် အရမ်းသင့်တော်တယ်လေ။
အဲ့ဒါကြောင့် စတုတ္ထအဖိုးနဲ့ စတုတ္ထအဖွားကို တွေးမိပြီး အမြန်
လာပို့ပေးတာပါ”
စကားပြောသံနှင့်အတူ
တံခါးဝမှ
ကန့်လန့်ကာ
ပွင့်လာပြီး
စုန့်ကျစ်ချန်းက
အရင်
ဝင်လာခဲ့သည်။
သူ
နောက်တွင် ရှချမ်း ရှိနေပြီး ကနွဲ့ကလျ လျောက်လှမ်းနေသည့် စုန့်ထောင်ဟုန်ကိုပါ တွေ့လိုက်ရသည်။
ဖန့်ရှီကတော့
ယခင်ကနှင့် ဘာမှ မကွဲပြားသည့် အကြည့်တစ်ချက်ကို ပေးကာ သူမ၏ခေါင်းကို ဘေးဘက်သို့
စောင်းထားရင်း
မသိချင်ယောင်ဆောင်နေကာ စုန့်တင်းရှန်းနှင့် စကားဆက်ပြောနေလေသည်။
ရှချမ်းက အနည်းငယ်
ရှက်သွားပြီး အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။ သူက စုန့်တင်းရှန်းကို အကြိမ်အနည်းငယ်
စိုက်ကြည့်ပြီးနောက် သူ့ကို မကျေမနပ် လှမ်းကြည့်နေသည့် ကျိုးယိနိုကို လှမ်းကြည့်လိုက်ပြန်သည်။
သူနဲ့ စုန့်တင်းရှန်း
စေ့စပ်ကြောင်းလမ်းထားတာ နှစ်ဝက်တောင်ကျော်ခဲ့သေးတယ်။
ဒါပေမယ့် သူမရဲ့မိသားစုက စုန်းတင်းရှန်း ငယ်ရွယ်သေးတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ သူတို့ကို နှစ်ယောက်တည်း
တွေ့ခွင့်မပေးခဲ့ဘူး။ အဲ့ဒါကြောင့် သူ
စုန့်တင်းရှန်းရဲ့လက်ကိုတောင် တစ်ခါမှ မကိုင်ဖူးဘူး။ မဟုတ်ရင် သူက
ဘယ်လိုလုပ်ပြီး စုန့်ထောင်ဟုန်နဲ့ ဆက်ဆံရေး ရှိသွားနိုင်မှာလဲ? ပြီးတော့
စုန့်ထောင်ဟုန်မှာသာ ရုတ်တရက် ကိုယ်ဝန်ရှိမလာခဲ့ရင် သူက စုန့်မိသားစုက ဆင်းရဲတဲ့
အပယ်ခံမိန်းခလေးတစ်ယောက်ကို ဘာလို့ လက်ထပ်ရမှာလဲ?
အခု
စုန့်တင်းရှန်းကို ကြည့်လိုက်ပါဦး၊ သူမက သူမရဲ့နက်မှောင်နေတဲ့ဆံပင်လေးတွေကို အိမ်ထောင်ရှင်မတစ်ယောက်လို
ထုံးဖွဲ့ထားပြီး ငွေဆံထိုးနှစ်ချောင်း
ထိုးစိုက်ထားတယ်။ ဆံထိုးတစ်ချောင်းက ငွေသားစစ်စစ်နဲ့ လုပ်ထားပြီး၊
နောက်တစ်ခုက စန္ဒကူးသားကို
ငွေနားကွပ်ထားတဲ့ ဆံထိုးလေး။ ပြီးတော့ သူမရဲ့နားပေါ်က ငွေနားကပ်လေးတွေက သူမရဲ့နားရွက်ကို
ပိုပေါ်လွင်စေပြီး သူမရဲ့ မျက်နှာဝိုင်းဝိုင်းလေးကို ပိုပြီး လှပကျော့ရှင်းနေစေတယ်။ သူမရဲ့လက်ချောင်းလေးတွေပေါ်မှာလည်း ငွေလက်စွပ်တွေနဲ့ ကျောက်တုံးလက်စွပ်လေးတွေ ရှိနေသေးတယ်။ သူမရဲ့လက်သည်းလေးတွေက ပန်းနုရောင်
သန်းနေပြီး သူမရဲ့နူးညံ့ပြီး လက်ချောင်းလေးတွေကို
ကြည့်ရတာ အစိမ်းရောင်နွေဦးကြက်သွန်မြိတ်လေးတွေကို
ကြည့်နေရသလို ခံစားရစေတယ်။
နောက်ဆုံးတော့
သူ့ရှေ့က ချမ်းသာတဲ့မိသားစု နောက်ခံရှိပြီး
ချောမောလှပတဲ့ မိန်းခလေးက ဘယ်က ရောက်လာမှန်းမသိတဲ့
ဒီလူယုတ်မာ ကျိုးထျဲကျူးရဲ့ လက်ထဲကို အမှန်တကယ် ကျရောက်သွားခဲ့ရတယ်။
ပြီးတော့
စုန့်တင်းရှန်း.... အရင်တုန်းက သူမက သူ့ကို
မြင်လိုက်တိုင်း “ချမ်းကော”လို့ တလေးတစား ခေါ်ခဲ့ဖူးတယ်။ အခုတော့ သူမက သူ့ကို ကြည့်တောင်
မကြည့်တော့ဘူး။ အဲ့တော့
အရင်က သူ့အပေါ်ထားတဲ့ လေးစားမှုတွေက အတုအယောင်တွေလား? သူမက
သူ့ရဲ့ပညာရှင်ဆိုတဲ့ အဆင့်အတန်းကို မက်မောနေတာလား?
ဟမ့်...
ဒီလိုမိန်းမမျိုးကတော့....
စုန့်ထောင်ဟုန်ကလည်း
သာမန်လူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။ မည်သူကမျှ သူမကို
ဂရုမစိုက်သော်လည်း
သူမကတော့ ရယ်ကာမောကာ စကားစမြည် ပြောနေလေသည်။ သူမက
သူမ၏အသံချိုချိုဖြင့် စုန့်ရှင်းယိနှင့် အဘွားစုန့်တို့ ကျန်းမာပြီး
သန်မာနေသေးသည့်အတွက် ချီးကျူးသော စကားလုံးများ ဖွဲ့နွဲနေခဲ့သည်။ ထို့နောက်
ကျန်းရှိနှင့် ဖန့်ရှီတို့ကာ ကြီးပွားချမ်းသာလာစေရန် ဆုတောင်းပေးနေကာ
စုန့်ကျဲကျင့်က ပို၍
လှပလာသည်ဟု ချဲ့ကားပြောနေပြန်သည်။ သူမ၏နှုတ်မှ ထွက်လာသော စကားများ
အားလုံးက စကားကောင်းများ
ဖြစ်ပုံရပြီး နောက်ဆုံးတွင်
သူမက
စုန့်တင်းရှန်းကို
ကြည့်ကာ သူမ၏ပါးစပ်ကို လက်ဝါးဖြင့်အုပ်လိုက်ရင်း မခို့တရို့ ထပ်ပြောလာပြန်သည်။
"တင်းရှန်းက
အခု အိမ်ထောင်ကျပြီနေပြီ၊ ဒါပေမယ့်
အရင်ကထက် အများကြီး ပိုရှက်တတ်လာပုံရတယ်"
စုန့်တင်းရှန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး
အပြုံးဖြင့်
တုံ့ပြန်လိုက်သည်။
"ငါ ရှက်နေတာ မဟုတ်ဘူး၊ ငါက စကားမပြောချင်လို့"
စုန့်ထောင်ဟုန်၏မျက်နှာက ပြုံးနေဆဲဖြစ်ကာ "စကားမပြောချလောက်အောင်
ပင်ပန်းနေရင်တော့ ကောင်းကောင်းအနားယူဖို့
လိုတယ်"
ထိုစကားကို
ပြောပြီးနောက် သူမက
ကျိုးယိနိုကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ပြီး
သူမ၏ပါးစပ်ကို
အုပ်ကာ ရယ်မောနေပြန်သည်။
အခြေအနေ
အနည်းငယ်
ဆိုးရွားလာသည်ကို မြင်လိုက်ချိန်တွင် စုန့်ကျစ်ရွှမ်းက နှစ်ဦးနှစ်ဘက်
ပြသနာ မဖြစ်ရအောင် လူစုခွဲရန် ကြံစည်လိုက်သည်။ သူက မြန်မြန်ဆန်ဆန်
ထရပ်လိုက်ပြီး ရှချမ်းဆီသို့
လှမ်းသွားလိုက်ကာ ပေါ့ပေါ့ပါးပါး စကားစလိုက်သည်။
"ယောက်ဖ၊ ငါ ရှင်းရှင်းလင်းလင်း
မဖြေရှင်းနိုင်တဲ့ မေးခွန်းတစ်ခု
ရှိနေတယ်။ မင်း
ငါ့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား? အဆင်ပြေရင် ငါ့အခန်းထဲကို
လိုက်ခဲ့လေ"
ရှချမ်းကလည်း ထိုဆက်ဆံရေးအခြေအနေကို
ဖြေလျော့ရမည်ဖြစ်ကြောင့်
နားလည်နေပြီး မေးစေ့ကို မော့ကာ
အလွယ်တကူ သဘောတူလိုက်သည်။
"ရပါတယ်၊ ခင်ဗျား
အဖြေရှာလို့ မရတဲ့ မေးခွန်းက ဘာလဲ? ပညာရှင်စာမေးပွဲအတွက် မေးခွန်းတွေက
အရမ်းခက်ခဲမယ်လို့တော့
ကျွန်တော် မထင်ဘူး"
သူတို့နှစ်ယောက်
စုန့်ကျစ်ရွှမ်း၏အိမ်ခန်းဆီသို့
ဦးတည်သွားကြသော်လည်း စုန့်ထောင်ဟုန်က ခန်အနားစွန်းတွင် ထိုင်နေဆဲဖြစ်သည်။
သူမက သူမ၏ခါးကို ကိုင်ကာ မလှုပ်မယှက်
ထိုင်နေခဲ့သော်လည်း သူမ၏အတွေးများက အဆက်မပြတ်ပြေးလွှားနေကာ ပြောစရာစကားတစ်ခုခု ရှာဖွေနေခဲ့သည်။
ဖန့်ရှီက တိတ်ဆိတ်မှုကို
မကြိုက်သလို သူမသမီးအပေါ် ပြုမူနေသည့် စုန့်ထောင်ဟုန်၏ပုံစံကိုလည်း
ဒေါသထွက်လာသသောကြောင့် သူမကို
လှမ်းမေးလိုက်သည်။
"ထောင်ဟုန်၊
မင်းဗိုက်က ဘယ်နှလရှိပြီလဲ? မင်းဗိုက်က
လတော်တော်ရင့်တယ်လို့
ထင်ရတယ်နော်"
စုန့်ထောင်ဟုန်က သူမ၏ဗိုက်ကို
သူမလက်ဖြင့် ပြန်ဖုံးလိုက်သော်လည်း
သူမ၏အပြုံးက လုံးဝ မပြောင်းလဲသေးပေ။
"သုံးလရှိပြီ"
ဖန့်ရှီက ရယ်မောကာ
"ဒါက သုံးလပဲရှိသေးတာလား? မင်း
ဗိုက်က တော်တော်ဖောင်းနေပြီနော်၊ ထောင်ဟုန်နဲ့ လက်ထပ်ပြီးတာ သုံးလပဲ ရှိသေးတာလား?”
စုန့်ထောင်ဟုန်ကလည်း
အပြုံးဖြင့်သာ တုံ့ပြန်နေဆဲဖြစ်သည်။
“သူတို့က
အမြွှာတွေဆိုတော့ နည်းနည်းပိုဖောင်းနေတာ ပုံမှန်ပါပဲ။ ဒါနဲ့ ညီမတင်းရှန်းမှာ ကိုယ်ဝန် ရှိနေပြီလား?”
စုန့်တင်းရှန်းက စုန့်ထောင်ဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး
ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။ "ငါက ငယ်သေးတယ်၊ အလျင်အလိုသေးဘူး"
စုန့်ထောင်ဟုန်က အံ့အားသင့်သွားဟန်ဖြင့်
သူမ၏ပါးစပ်ကို
အုပ်လိုက်ကာ "အိုက်ယား၊ နင်
အလျင်လိုသင့်တယ် မဟုတ်ဘူးလား? ကျူးဇီကောက ရက်အနည်းငယ်အတွင်း ထွက်သွားတော့မှာလေ၊ သူက
နင့်အတွက် ကလေးတစ်ယောက်လောက် ချန်ထားခဲ့သင့်တာ မဟုတ်ဘူးလား?"
"နင်
ဘာတွေပြောနေတာလဲ?" ဖန့်ရှီက လုံးဝ
ပေါက်ကွဲသွားပြီး
"သူ
ထွက်သွားပြီးရင်
ပြန်မလာတော့မှာ
မဟုတ်ဘူး။
သုံးလေးငါးနှစ်ကြာလည်း
ငါတို့တင်းရှန်းက စောင့်နိုင်သေးတယ်။ နင်က ဘာလို့ ဝင်စိတ်ပူပေးနေရတာလဲ? နင့်ဗိုက်ထဲကအမြွှာတွေကိုပဲ ဂရုစိုက်စမ်းပါ"
စုန့်ထောင်ဟုန်က အနည်းငယ်
ပြုံးလိုက်ပြီး ထပ်ပြောလာပြန်သည်။
“တောင်းပန်ပါတယ်
အဒေါ်၊ ကျွန်မကို
စိုးရိမ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကျွန်မက ညီမတင်းရှန်းအတွက်
စိုးရိမ်မိသွားလို့ပါ အဲ့ဒါကြောင့်... အိုး၊ ကျွန်မ
ဆက်မပြောတော့ဘူး။ ယောင်းမကျင်း၊
ယောင်းမ အဲ့လက်ကိုင်ပုဝါမှာ
ပန်းထိုးနေတဲ့ ပုံစံက တကယ်လှတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မက အခု ကိုယ်ဝန်ရှိနေပြီဆိုတော့
ကျွန်မရဲ့ယောက္ခမကြီးက
ကျွန်မရဲ့မျက်လုံးတွေ ထိခိုက်မှာကြောက်လို့
အပ်ချုပ်ခွင့် မပေးတော့ဘူး”
လက်ကိုင်ပဝါ
ပန်းထိုးနေသည့် ကျင်းချောင်းအာ : “…..???”
"နေ့ခင်းကြောင်တောင်
နင်က
ဘာကို ကြောက်နေရတာလဲ? ဘယ်သူက ကလေးမမွေးဘူးလို့လဲ? ဘယ်သူက
ဘယ်လောက်အဖိုးတန်နေတာတုန်း၊
အိုး...ဟုတ်တာပေါ့... ငါ မေ့သွားတာ၊ နင်က ပညာရှင်တစ်ယောက်ရဲ့
ဇနီးဖြစ်နေပြီလေ၊ နင့်ကိုယ့်နင် ဂရုစိုက်သင့်တာပေါ့"
စုန့်ထောင်ဟုန်က သူမ၏ပါးစပ်ကို သူမလက်ဖြင့်
အုပ်လိုက်ပြန်ပြီး "သြော်၊ ငါက ကိန်းခန်းကြီးနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့်
ငါ့ယောက္ခမက
သူ့မြေးအတွက်
စိတ်ပူနေတာလေ။ ငါ အပျင်းပြေ
အလုပ်လုပ်ရင်တောင် ငါ့ယောက္ခမက
စိုးရိမ်နေတာ”
စုန့်တင်းရှန်းက သူမ၏နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး
စိတ်ထဲမှ
ပြန်ပြောလိုက်သည်။
နင်
ငါတို့ကို သက်သက်လာကြွားနေတာမဟုတ်ဘူးလား? နင့်ကို ကြည့်ရုံနဲ့
ရှမိသားစုထဲမှာ
နင့်
အဆင်မပြေဘူးဆိုတာ ငါ ပြောနိုင်တယ်။
ဘာတဲ့...
သူတို့အားလုံးက
နင်
အလုပ်လုပ်မှာကို စိုးရိမ်နေတယ်လို့ ပြောနေတာလား? ငါ ထင်တာကတော့
နင့်ယောက္ခမက
နင့်ကို အလုပ်တွေ
အများကြီး လုပ်ခိုင်းပြီး နင်ကလည်း နင့်ယောက္ခမက နင့်ကို အနိုင်ကျင့်နေတယ်လို့ တွေးနေတာ
မဟုတ်ဘူးလား?
စုန့်ထောင်ဟုန်တစ်ယောက်
သူမ၏ယောက္ခမက သူမအပေါ် မည်မျှကြင်နာကြောင်း
တတွတ်တွတ် ပြောနေချိန်တွင်
အပြင်ဘက်တံခါးမှ
အသံများ
ထွက်ပေါ်လာပြီး ဖန့်ရှီ၏ အကြီးဆုံးသမီးဖြစ်သူ စုန့်ယွိလန် ပြန်ရောက်လာခဲ့သည်။
အပြင်မှ
အသံကို
ကြားလိုက်သည်နှင့်
စုန့်တင်းရှန်းက ခန်ပေါ်မှ အမြန်ဆင်းကာ အော်ဟစ်လိုက်သည်။
"အမေ၊ အစ်မ အိမ်ပြန်လာပြီ"
သူမ
စုန့်ထောင်ဟုန်ရဲ့
ယောက္ခမ
ကောင်းကြောင်းတရားတွေကို တကယ်ကို မကြားချင်တော့ဘူး၊ အစ်မကို
သွားကြိုပြီး အစ်မနဲ့ကောင်းကောင်း စကားပြောချင်သေးတယ်။
စုန့်ယွိလန်နှင့် သူမ၏အမျိုးသား ရှတာ့ရှန်းတို့က
အတူတူ လျှောက်လှမ်းလာကြပြီး ဆီစိုအဝတ်ဖြင့် ဖုံးထားသည့် ခြင်းတောင်းတစ်လုံးကို
ယူလာကြသည်။ ရှတာ့ရှန်း၏
လက်ထဲတွင်လည်း
ပင်လယ်ရေမှော်ခြောက်တစ်စည်းနှင့် အဆာပြေမုန့်တစ်ဗူး ကိုင်ဆောင်ထားသေးသည်။
"အစ်မ၊
ခဲအို"
စုန့်တင်းရှန်းက အစ်မနှင့်
ခဲအိုဖြစ်သူကို နွေးနွေးထွေးထွေး လှမ်းအော်ခေါ်လိုက်ပြီးမှ စုန့်ယွိလန်၏အမူအရာတွင် တစ်စုံတစ်ခု
မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။ စုန့်ယွိလန်က
ပြုံးနေသော်လည်း သူမ၏အပြုံးက သူမ၏မျက်လုံးထဲသို့ မရောက်ဘဲ တစ်ခုခုကြောင့်
ပိတ်ဆို့ခံထားရသလို ဖြစ်နေခဲ့သည်။
သို့သော်
စုန့်ယွိလန်က
ထိုအရာကို
ကောင်းကောင်း
ဖုံးကွယ်ထားနိုင်ခဲ့ပြီး
သူမက
အပြုံးလးဖြင့်
ပြန်ပြောလာခဲ့သည်။
"ဟေး၊
တင်းရှန်း မင်း
ပိုထွားလာပြန်ပြီလား? အရပ်လည်း
ပိုရှည်လာတယ်၊ အစ်မနဲ့တောင် အရပ်အတူတူ ဖြစ်တော့မယ်"
စုန့်တင်းရှန်းက တစ်ခစ်ခစ်
ရယ်မောလိုက်ပြီး စုန့်ယွိလန်၏ လက်မောင်းကို ပွေ့ဖက်ကာ အိမ်ထဲသို့
ဝင်လာခဲ့ကြသည်။
ယခုရောက်လာသူက
သူမတို့မိသားစု၏ မြေးမလေးဖြစ်သလို သမီးလည်း ဖြစ်သောကြောင့် လီရှီနှင့် ဖန့်ရှီတို့က
မျက်နှာများက ပိုကြည်လင်လာပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြကာ စုန့်ထောင်ဟုန်ကို ဘေးဖယ်ထားလိုက်ကြသည်။
စုန့်ယွိလန်က သူမယူလာသည့်
ပစ္စည်းများကို
ဖန့်ရှီထံသို့ ပေးလိုက်ပြီး
စုန့်တင်းရှန်းကို ဆွဲခေါ်ကာ မိခင်ဖြစ်သူကို ခွင့်တောင်းလိုက်သည်။
"အမေ၊
သမီးနဲ့ ညီမလေး မတွေ့ရတာ တော်တော် ကြာနေပြီ၊ အခန်းထဲကို ပြန်သွားပြီး
စကားသွားပြောလိုက်ဦးမယ်"
"သွား၊
သွား၊ ဒီကလေးတွေကတော့..." ဖန့်ရှီက သူမ၏သမီးနှစ်ယောက်ကို
အပြုံးဖြင့်
ကြည့်နေခဲ့ပြီး သူမ၏နှလုံးသားတစ်ခုလလုံး နွေးထွေးနေသလို
ခံစားနေခဲ့ရသည်။
အနောက်ဘက်တောင်ပံမှ
အခန်းထဲသို့ ရောက်လာချိန်တွင် စုန့်တင်းရှန်းက စုန့်ယွိလန်ကို သေသေချာချာ
ကြည့်လိုက်ပြီး စူးစမ်းလိုက်သည်။
"အစ်မ၊ တစ်ခုခု
ဖြစ်နေလို့လား?"
"ဘာလဲ?"
စုန့်ယွိလန်က အနည်းငယ်
ရှက်သွားဟန်ဖြင့်
ကမန်းကတန်း ငြင်းဆန်လိုက်သည်။
"ဘာဖြစ်ရမှာလဲ? ဘာမှ မဖြစ်ပါဘူး..."
"ဘာလို့ ဘာမှ မဖြစ်ရမှာလဲ၊ အစ်မ
ကျွန်မကို ကြည့်တဲ့ပုံစံက တခုခုလွဲနေပြီ။ အစ်မ၊ ကျွန်မရဲ့ခဲအိုက
အစ်မကို အနိုင်ကျင့်လို့လား?" စုန့်တင်းရှန်းက သွေးတိုးစမ်းကာ
မေးမြန်းလိုက်သည်။
စုန့်ယွိလန်
စကားပြောရန် ပြင်လိုက်သော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံဖြင့်
တုံ့ဆိုင်းနေသေးသည်။ ထို့နောက်မှသာ သူမက အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။
"အာ့နွီအာ၊ နင့်ရဲ့ခဲအို... သူက အပြင်ထွက်ပြီး စီးပွားရေးလုပ်ချင်နေတယ်"
"ဘာလဲ?"
စုန့်တင်းရှန်းက
အံ့အားသင့်သွားခဲ့သည်။
ရှတာ့ရှန်းက ဆိုးတယ်လို့
မပြောနိုင်ပေမယ့်
သူက လုံးဝ ကောင်းနေတာမျိုးလည်း မဟုတ်ပြန်ဘူး။ သူက ရိုးသားပေမယ့်
လုံးဝ အရည်အချင်းမရှိတဲ့လူတစ်ယောက်ပဲ။ သူတို့မိသားစုမှာ ညီအစ်ကိုတွေ အများကြီး
ရှိပြီး စုန့်ယွိလန်က ရှမိသားစုမှာ အကြီးဆုံးမရီး ဖြစ်လာခဲ့တယ်။ သူမကိုယ်တိုင် သားယောက်ျားလေးတစ်ဦး
မွေးဖွားနိုင်ခဲ့တာကြောင့်ရယ်
စုန့်မိသားစုရဲ့ပံ့ပိုးမှုတွေရယ်
ရှိတာကြောင့် ရှတာ့ရှန်းက သူမကို ဘာဒုက္ခမှ မဖြစ်စေဘဲ သူမအပေါ် ကြင်နာတယ်လို့တောင်
ပြောလို့ရတယ်။
ဒါပေမယ့်
ဒါတွေအားလုံးက အပေါ်ယံပဲ။
စုန့်ယွိလန်က
စုန့်ကျစ်ယွမ်နဲ့တူပြီး စကားနည်းတယ်၊ သူမက အပြင်လူတွေနဲ့ စကားပြောရတာကို မကြိုက်ဘဲ မိသားစုဝင်တွေနဲ့ပဲ
စကားပြောလေ့ရှိတယ်။ အခု အိမ်ထောင်ကျတာ
ကြာပြီဆိုတော့
သူမမှာလည်း စိတ်ပူစရာတွေ အများကြီးရှိနေနိုင်တယ်။
"ခဲအိုက စီးပွားရေး
လုပ်ချင်တာလား?
သူက...
စီးပွားရေးရော
လုပ်နိုင်လို့လား?
အစ်မ၊
ကျွန်မ
ခဲအိုကို
နှိမ့်ချတာ မဟုတ်ဘူးနော်၊ ခဲအို... သူက အရမ်းရိုးသားလွန်းတယ်။ ရိုးသားတဲ့သူတွေ စီးပွားရေးလုပ်တဲ့အခါ
လှည့်စားခံရဖို့
လွယ်ကူတယ်"
စုန့်တင်းရှန်းက
သူမ၏စိုးရိမ်ပူပန်မှုတစ်ချို့ကို ဖော်ပြလိုက်သည်။
အခုခေတ်မှာ
ယောက်ျားတစ်ယောက်ရဲ့ရိုးသားမှုကို ချီးကျူးစရာလို့
သတ်မှတ်ကောင်း သတ်မှတ်နိုင်ပေမယ့် သူမရဲ့အရင်ကမ္ဘာတော့ ယောက်ျားတစ်ယောက်ရဲ့ရိုးသားမှုကို ချီးကျူးရရင် ဒီလူက အခြေခံအားဖြင့်
အသုံးမဝင်ဘူးဆိုတာ သက်သေပြနေပြီ။ ဆိုလိုတာက
သူ့မှာ ချီးကျူးလောက်စရာ ကြည့်ကောင်းတဲ့ ရုပ်ရည်မရှိဘူး၊ အရပ်လည်း
မရှည်ဘူး၊ လစာလည်း
မကောင်းဘူး။ ပိုက်ဆံလည်း အများကြီးမရှိဘူး။ မိသားစု
နောက်ခံလည်း မကောင်းဘူး၊ အားလုံးက သာမန်ဖြစ်နေပြီး မယ်မယ်ရရ ချီးကျူးစရာ မရှိလို့
ရှိ မရှိ မသေချာတဲ့ ရိုးသားခြင်းဆိုတာလေးကို ဂုဏ်ဖော်ပြီး
ချီးကျူးပေးရတာမျိုးပါ။
စုန့်ယွိလန်က သူမ၏အသံကို ထပ်လျှော့ချလိုက်ပြီး ဆက်ပြောလာခဲ့သည်။
"မင်းရဲ့ခဲအိုမှာ ရေထဲမှာ လှေပေါ်မှာ
အလုပ်နေတဲ့ အစ်ကိုတစ်ယောက်
ရှိတယ်။ ပင်လယ်စာလုပ်ငန်းက အရမ်းအကျိုးရှိတယ်လို့
ပြောတယ်၊ ငါတို့နေရာက ပင်လယ်နဲ့မဝေးဘူး၊ ဒါပေမယ့် နီးလည်းမနီးဘူး။ အများအားဖြင့်တော့ ပင်လယ်စာတွေ
အများကြီးရနိုင်ဖို့
တော်တော်ခက်တယ်"
စုန့်တင်းရှန်းက ခဏလောက်စဉ်းစားနေပြီးမှ "အစ်မ၊ အစ်မ
အိမ်ထောင်ပြုတုန်းက
အစ်မအတွက် လက်ဖွဲ့အဖြစ်ပေးလိုက်တဲ့ ငွေတွေ အများကြီး ရှိတယ်မလား? အနည်းဆုံး
လျန်နှစ်ဆယ်လောက် ရှိတယ် မဟုတ်ဘူးလား? ပြီးတော့
အစ်မရဲ့ခန်းဝင်ပစ္စည်းဖြစ်တဲ့ လယ်မြေကနေ ရတဲ့ အကျိုးအမြတ်တွေကို
ထည့်ပေါင်းလိုက်ရင် အရင်းအနှီးအတွက် မလုံလောက်ဘူးလား?”
စုန့်ယွိလန်၏အမူအရာက ပို၍ပင် ရှက်ရွံ့လာဟန်ရကာ
သူမက “အဲဒီငွေတွေ…
အဲ့ငွေတွေက
လွန်ခဲ့တဲ့
နှစ်အနည်းငယ်က ငါ့ယောက္ခမက နေမကောင်းလို့ ဆေးဝယ်ဖို့ ပိုက်ဆံ သုံးလိုက်ရတယ်။
ငါ့ယောင်းမကလည်း အိမ်ထောင်ပြဖို့ အရွယ်ရောက်နေပြီ၊ သါ သူ(မ)အတွက် နားကပ်နဲ့ လက်စွပ်တစ်ကွင်း ပေးလိုက်ရတယ်။
အာ့နွီအာ....”
"အစ်မ ဘာလို့ ဒီလောက် နုံအရတာလဲ?!"
ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်တင်းရှန်းတစ်ယောက် အကြီးအကျယ်
ဒေါသထွက်သွားတော့သည်။
(T/n: မူရင်းသာသာက
စုန့်တင်းရှန်းရဲ့အစ်မ နာမည်ကို ပြောင်းလိုက်ပါတယ်တဲ့။ အရှေ့ပိုင်းမှာတုန်းက
စုန့်ကျောင်းရှင်းလို့ သုံးသွားတာပါ)
🌟🌟🌟🌟🌟 Thank you
for always being my greatest supporter. 🌟🌟🌟🌟🌟