CHAPTER 25
Viewers 2k

အခန်း ၂ကွယ်ဝှက်နေတဲ့ ပဋိပက္ခတွေ

 

စုန့်ယွိလန်က အနည်းငယ်ရှက်ရွံ့သွားပုံရပြီး သူမ၏မျက်နှာက နီရဲလာကာ ချီတုံချတုံအမူအရာဖြင့် ပြောလာခဲ့သည်။ သူမ၏အသံကလည်း တိုးတိုးလေး ဖြစ်နေကာ "ဘာပဲဖြစ်ဖြစ် ငါ သူ့ကို လက်ထပ်ထားပြီး သူက ရှမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပါ... ငါ့ယောက္ခမနဲ့ ယောင်းမက ငါ့ကို တစ်ခုခုတောင်းလာရင် ငါ ပေးရမှာပဲလေ။ ငါ ငြင်းဖို့ မဖြစ်နိုင်ဘူး"

 

စုန့်တင်းရှန်းကတော့ သေလုမျောပါး ဒေါသထွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဒေါသတကြီး ပြန်ပြောလိုက်သည်။

 

"သူ့အမေနဲ့ သူ့ညီမက အစ်မဆီက အမြဲတမ်း တောင်းနေကြတာလား? ယောက္ခမက ချွေးမဆီက တစ်ခုခုတောင်းတာကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး"

 

စုန့်ယွိလန်က သူမထံတွင် အပြစ်ရှိနေဟန်ဖြင့် တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။

"သူတို့က တိုက်ရိုက်တောင်းတာတော့ မဟုတ်ပါဘူးဒါပေမယ့် သူတို့ဆီမှာ လိုအပ်နေတယ်လို့ ပြောကြတယ်၊ ပြီးတော့ သူတို့က ခနခန ပြောနေတာဆိုတော့ ငါ..."

 

စုန့်တင်းရှန်းက ဒေါသထွက်ထွက်ဖြင့် ရယ်မောလိုက်ပြန်သည်။ ထို့နောက် သူမက သူမ၏ဒေါသကို ထိန်းနိုင်အောင် ကြိုးစားရင်း သူမ၏နားထင်ကို ပြင်းပြင်းထန်ထန် ဖိထားလိုက်သည်။ ထို့နောက် သူမက သူမ၏ဒေါသကို လျှော့ချလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

 

"အစ်မ၊ အဲဒါ အမေက အစ်မအတွက် ပေးခဲ့တဲ့ ကျွန်မတို့အမေရဲ့ပိုက်ဆံပဲ၊ အစ်မမှာ အရေးပေါ်ကိစ္စရှိလာရင် သုံးဖို့ အမေက ပေးခဲ့တာလေအစ်မမှာ ဒီပိုက်ဆံတွေ မရှိရင်တောင် ကျွန်မတို့မိသားစုကနေ ခန်းဝင်အဖြစ် ပေးလိုက်တဲ့ လယ်မြေတွေနဲ့ဆိုရင် အစ်မ ကောင်းကောင်းမွန်မွန် နေနိုင်သေးတယ်။ အစ်မ မိဘအိမ်ကို ပြန်ပြီး တောင်းနေစရာ မလိုဘူး၊ အခု အစ်မ အိမ်ထောင်ကျပြီးတာ သုံးနှစ်ပဲရှိသေးတယ်၊ သူတို့က အစ်မရဲ့ပိုက်ဆံတွေ အကုန်ကုန်သုံးပစ်လိုက်ကြပြီလား?”

 

စုန့်ယွိလန်က ခေါင်းငုံ့လိုက်ပြီး မျက်ရည်များဝဲလာကာ ရှိုက်သံဖြင့် ပြန်ဖြေလိုက်သည်။

 

"အဲ့လိုဆိုရင်တောင် ငါက ဘာလုပ်နိုင်မှာလဲ? အမေက ငါ့အတွက် ကောင်းမယ် ထင်လို့ ဒီမိသားစုကို သေသေချာချာ ရွေးချယ်ပေးခဲ့တာလေအရင်ဆုံး အိမ်ထောင်ကျတဲ့အချိန်တုန်းကတော့ ငါလည်း သူတို့ ကောင်းယ်လို့ ထင်ခဲ့တာပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ငါ့ယောက္ခမနဲ့ တခြားသူတွေက ငါ့ပိုက်ဆံတွေကို အမြဲစိုက်ကြည့်မှန်း ငါ သိလာရတယ်။ ငါ့ယောက်ျားက သူ့မိဘအပေါ် သားသမီးဝတ်ကျေပွန်ပြီး ငါ စိတ်ရှည်ပေးဖို့ အမြဲတောင်းဆိုတယ်။ ငါ လုပ်နိုင်တာ ဘာမှ မရှိဘူး။ တင်းရှန်း၊ ငါ့ဘဝက နင့်လောက် ကံကောင်းဘူး..."

 

“ကျွန်မက ကံကောင်းတာလား? ဟမ်...”

 

လက်ရှိအချိန်တွင် စုန့်တင်းရှန်းက အမှန်တကယ် စိတ်ဆိုးသွားခဲ့သည်သူမက ရွဲ့စောင်းသော လေသံဖြင့် “ဟုတ်ပ၊ ကျွန်မက တကယ်ကို ကံကောင်းတာလေ၊ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခံရလို့ ကြိုးဆွဲချပြီး သေဆုံးလုနီးပါးဖြစ်ခဲ့ရတယ်အဲ့တာတောင်မှ အစ်မက ကျွန်မရဲ့ဘဝ ကောင်းတယ်လို့ ထင်နေသေးတာလာ? အခု ကျွန်မ အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတယ်၊ ဒါတောင်မှ အိမ်ထောင်ပြုဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ ကျွန်မရဲ့ယောက်ျားကိုလည်း ကြည့်လိုက်ဦး။ ရက်ပိုင်းအတွင်း စစ်မှုသွားထမ်းရတော့မယ်။ သူရဲ့အနာဂတ်က ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး၊ အသက်ရှင်ဖို့တောင် အာမမခံနိုင်ဘူး၊ အဲ့ဒါတောင်မှ ကျွန်မ ကံကောင်းတယ်လို့ အစ်မ ထင်နေသေးတာလား?"

 

"ဒါပေမယ့် နင့်မှာ ခန်းဝင်ပစ္စည်းတွေ  အများကြီး ရှိတယ်လေ။ ခန်းဝင်ပစ္စည်းတွေ အများကြီးရှိတဲ့ မိန်းမက ဘယ်ကိုသွားသွား ခေါင်းမော့နိုင်တယ်!" စုန့်ယွိလန်က မျက်ရည်များကျလာပြီး ငိုသံဖြင့် တုံ့ပြန်လိုက်သည်

 

စုန့်တင်းရှန်းက လှောင်ရယ် ရယ်လိုက်ကာ ပြန်ပြောလိုက်သည်။

 

"ကျွန်မရဲ့ ခန်းဝင်ပစ္စည်းက အရမ်းများနေတာလား? အစ်မ၊ ကျွန်မတို့ မိသားစုအကြောင်းကို တခြားသူတွေ မသိရင်တောင် အစ်မကတော့ သေသေချာချာ သိသင့်တယ် မဟုတ်ဘူးလား? အစ်မ အိမ်ထောင်ပြုတဲ့အချိန်တုန်းက အစ်မရဲ့ခန်းဝင်ပစ္စည်းတွေက တရွာလုံးမှာ အကောင်းဆုံး မဟုတ်ရင်တောင် အကောင်းဆုံးတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်တယ်။ အစ်မ အဲ့ဒါကို ဝန်ခံတယ်မလား? ကျွန်မတို့ရဲ့မိဘတွေက အစ်မကိုပဲဖြစ်ဖြစ် ကျွန်မကိုပဲဖြစ်ဖြစ် အကောင်းဆုံးတွေ ပေးခဲ့တာ မဟုတ်ဘူးလား? အဲ့ဒါကို အစ်မ အသိဆုံးပဲ၊ အခု ကျွန်မရဲ့ခန်းဝင်ပစ္စည်းက အရမ်းများတယ်လို့ ဘယ်သူက ပြောလိုက်တာလဲ”

 

စုန့်ယွိလန်၏နှုတ်ခမ်းများက နှစ်ကြိမ်လောက် လှုပ်စိလှုပ်စိဖြစ်သွားသော်လည်း သူမက ဘာမှ ထပ်မပြောလာခဲ့ပေ။

 

စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။

 

"ကျွန်မ နားလည်သွားပြီကျွန်မတို့ရဲ့မိဘတွေက သမီးတွေကို ခွဲခြားဆက်ဆံပြီး  ကျွန်မအပေါ် ပိုကောင်းတယ်၊ အစ်မကိုတော့ ဆိုးဆိုးရွားရွား ဆက်ဆံတယ်၊ ရှမိသားစုက အစ်မကို အဲ့လိုမျိုးတွေ ပြောခဲ့တာမလား? မိဘတွေက အစ်မကိုတော့ ငွေလျန်နှစ်ဆယ်နဲ့ မြေဧကနည်းနည်းပဲ ပေးခဲ့မယ်၊ ကျွန်မကိုတော့ မြေနဲ့ ပိုက်ဆံအပြင် ဆိုင်တစ်ဆိုင်ပါ ပေးတယ်လို့ ပြောခဲ့တာ မဟုတ်လား?"

 

သူတို့မိသားစုက သူမတို့ ဆိုင်ဝယ်လိုက်ခြင်းကို တခြားသူများထံမှ ဖုံးကွယ်ထားခဲ့ကြပေ။ အထူးသဖြင့် ထိုဆိုင်၏ပိုင်ဆိုင်မှု စာရွက်တွက် စုန့်တင်းရှန်း၏အမည်ကို ရေးထားခဲ့သောကြောင့် လူတော်တော်များများက မနာလို ငြုစူကြပြီး အတင်းအဖျင်းများ တိတ်တိတ်ဆိတ်ဆိတ် တီးတိုး‌ပြောဆိုနေခဲ့ကြသည်

 

စုန့်ယွိလန်က တိတ်ဆိတ်နေပြီး ဘာစကားမှ ပြန်မပြောခဲ့ပေ

 

သို့သော်လည်း စုန့်တင်းရှန်းကတော့ “ဟွန်း”ခနဲ နှာမှုတ်လိုက်ပြီး  ထပ်ပြောနေပြန်သည်။

 

“အစ်မ၊ အစ်မ ဘာမှ မသိဘူးလို့ ပြောနေရင်တောင် ကျွန်မ မယုံတော့တာ သေချာတယ်ကျူးဇီကောက ကျိုးမိသားစုကနေ ခွဲထွက်လာခဲ့ပြီး သူ ကျိုးမိသားစုဆီကနေ ငွေလျန်နှစ်ဆယ်နဲ့ မြေငါးမူပဲ ရလာခဲ့တယ်ပြီးတော့ သူက သူ့ရဲ့ အဲ့လိုလက်ဗလာအခြေအနေနဲ့ ကျွန်မကို ပစ်စလတ်ခတ် လက်ထပ်ရမှာကို စိုးရိမ်တယ်။ ကျွန်မမှာ တစ်သက်လုံး အရိပ်မည်းကြီး မိုးနေမှာကို သူ စိုးရိမ်လို့ တောတွေ တောင်တွေပေါ်မှာ သုံးရက်လောက်နေပြီး ကျားတစ်ကောင်ကို သက်စွန့်ဆံဖျား ရှာနိုင်ခဲ့တာလေ၊ အစ်မ အဲ့အကြောင်းကို သိတယ်မလား?

 

စုန့်ယွိလန်က ခေါင်းညိတ်ပြလိုက်သော်လည်း စုန့်တင်းရှန်းက အလျော့မပေးဘဲ ဆက်ပြောနေပြန်သည်။

 

“သူက သူ့မြေတွေကို ကျွန်မအတွက် အိမ်ထောင်ရေးလက်ဆောင်အဖြစ် ပေးခဲ့တယ်။ ကျားကို ရောင်းပြီး ဆိုင်ဝယ်ဖို့ ငွေပေးခဲ့တယ်။ ဒါက ကျွန်မတို့မိဘတွေ ပေးခဲ့တဲ့ ပိုက်ဆံတွေလို့ အစ်မ ထင်နေတာလား?”

 

ထို့နောက် သူမ သက်ပြင်းတစ်ချက်လိုက်ပြီး “အစ်မ၊ ကျွန်မမှာ ရှိနေတဲ့အရာအားလုံးက ကျွန်မရဲ့လူ ကျွန်မအတွက် ပေးခဲ့တဲ့အရာတွေပဲ၊ သူက အဲ့ဒါတွေ ကျွန်မကို ပေးနိုင်ဖို့ သူ့အသက် အပါအဝင် သူ့ရဲ့သွေးတွေ ချွေးတွေကို ရင်းနှီးပြီး အန္တရာယ်တောထဲကို တိုးဝင်ခဲ့တာအဲ့တာ ဘာကြောင့်လဲ သိလား? သူ ထွက်သွားပြီးရင် ကျွန်မ ဆင်းဆင်းရဲရဲ နေရမှာကို စိုးရိမ်လို့။ ကျွန်မ အိမ်ထောင်ကျပြီးမှ မိဘတွေဆီကနေ ပိုက်ဆံပြန်တောင်းနေရင် အခြားသူတွေဆီကနေ ကဲ့ရဲ့ခံရမှာကို သူ ကြောက်လို့!”

 

စုန့်ယွိလန်၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး တိုးတိုးလေးပြောလာခဲ့သည်။

 

ပြောပါနဲ့တော့၊ ငါ သိပါတယ်”

 

အစ်မ သိဘူး၊ အစ်မ လုံးဝ မသိဘူး! အစ်မသာ တကယ်သိတယ်ဆိုရင် အစ်မယောက်ျား စီးပွားရေးလုပ်ဖို့ မိဘအိမ်ကနေ ပိုက်ဆံပြန်တောင်းဖို့တောင် အစ်မ စဉ်းစားမှာ မဟုတ်ဘူး။ အမေက အစ်မကို ဘာလို့ ရှမိသားစုမှာ လက်ထပ်ပေးခဲ့တာလဲ? အစ်မ သိလား? သူတို့က  ရိုးသားပြီး အလုပ် ကြိုးစားချင်စိတ်ရှိတယ်လို့ အမေ တွေးခဲ့လိုပဲ။ သူတို့မိသားစုက ဒီလိုဖြစ်နေမှန်းသိရင် အမေက ဘာလို့ အစ်မကို အဲ့မိသားစုထဲ ဝင်ခိုင်းမှာတုန်းပြီးတော့ အစ်မက လက်ထပ်ပြီးတာတောင် ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်သေးဘူး။ အဲ့ဒါကြောင့် ရှမိသားစုက အစ်မကို အရုပ်တစ်ရုပ်လို သဘောထားပြီး အလွယ်တကူ အနိုင်ကျင့်နေကြတာအခု သူတို့က ပိုက်ဆံမရှိတိုင်း အစ်မဆီကို လာတောင်းကြလိမ့်မယ်။ တကယ်လို့ အစ်မ သူတို့ကို လုံးဝ ပိုက်ဆံမပေးနိုင်တဲ့ နေ့တစ်နေ့ ရောက်လာရင်ရော... အစ်မ ယုံချင်ယုံ မယုံချင်နေ အဲ့လိုတစ်နေ့ရောက်လာတာနဲ့ သူတို့က အစ်မကို ရန်သူလို ဆက်ဆံကြလိမ့်မယ်

 

“မဖြစ်နိုင်ပါဘူး၊ သူတို့က ပိုက်ဆံကို ကြိုက်ပေမယ့် ငါ့ယောက္ခမတွေက ငါ့အပေါ် တော်တော် ကောင်းပါတယ်၊ သူကလည်း ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်"

 

စုန့်ယွိလန်က သူမ၏ယောက်ျားဘက်မှ ကမန်းကတမ်း  ခုခံကာကွယ်လိုက်သည်

 

စုန့်တင်းရှန်းကတော့ သူမ၏အမူအရာကို ကြည့်ကာ အမှန်တကယ် ခေါင်းကိုက်နေပြီ ဖြစ်သည်

 

ဒီလို ရှေးဆန်တဲ့ မျိုးဆက်တွေ ပြောနဲ့ လွတ်မြောက်ပြီးတဲ့ ခေတ်သစ်မှာတောင် အမျိုးသမီး တော်တော်များများက မသိနားမလည်ဖြစ်နေကြသေးတယ်သူတို့က အိမ်ထောင်ကျပြီးတာနဲ့ သူတို့ကိုယ်သူတို့ တခြားသူရဲ့မိသားစုနဲ့ သက်ဆိုင်သွားပြီလို့ တစ်ခါတည်း တွေးလိုက်ကြတယ်ပြီးရင် သူတို့က ယောကျ်ားဘက်က မိသားစုကိုပဲ အာရုံစိုက်ကြတော့တာပဲ။ တစ်ဖက်မှာ ခင်ပွန်းဖြစ်သူရဲ့မိသားစု ကျေနပ်အောင် ဘာပဲ လုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်ကြတယ်။ ဒီကြားထဲ မိဘအိမ်ကို ပြန်လာရင်လည်း မိဘကို အပြစ်တင်ချင်ကြသေးတယ်။

 

စုန့်တင်းရှန်းက သူမ စိတ်ငြိမ်သွားစေရန် သူမဘာသာ ခဏလောက် ငြိမ်သက်နေခဲ့ပြီး “အစ်မ... အစ်မ သိလား? တကယ်လို့ ရှမိသားစုက အစ်မကို အနိုင်ကျင့်ရင် ဘယ်သူက အစ်မကို ထောက်ပံ့ပေးမယ်လို့ အစ်မထင်လဲ?"

 

စုန့်ယွိလန်က သူမ၏မျက်ရည်များကို သုတ်နေရင်း ပြန်ဖြေလိုက်သည်။

 

 "ငါတို့ရဲ့မိသားစုပဲပေါ့အခြား ဘယ်သူ့က ငါ့ကို ထောက်ပံ့ပေးမှာလဲ?"

 

စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် သရော်ချင်ဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။

 

ဟုတ်တယ်၊ အစ်မရဲ့ယောက္ခမတွေက အစ်မကို အနိုင်ကျင့်နေရင် ကျွန်မတို့မိသားစုကပဲ အစ်မကို ထောက်ပံ့ပေးမှာ၊ အဲ့ဒါ ဘာလို့လဲ အစ်မသိလား? ကျွန်မတို့ရဲ့မိဘတွေက အစ်မကို ချစ်လို့ပဲ၊ ဒါပေမယ့် အရာအားလုံးမှာ အကန့်အသတ်ရှိတယ်၊ ခဏခဏ ဖြစ်လာရင် အဲဒီဂရုစိုက်မှုတွေ ပျောက်ကွယ်သွားလိမ့်မယ်၊ အစ်မ ကိုယ့်ဘာသာကိုယ် မရပ်တည်ဘဲ အမြဲတမ်း အနိုင်ကျင့်ခံနေရင် တစ်ခါကနေ နှစ်ခါကတော့ ကိစ္စမရှိသေးဘူး၊ ဒါပေမယ့် အကြိမ်ပေါင်းများစွာ ဖြစ်လာရင် အဖေနဲ့အမေက ဘယ်လိုမျက်နှာမျိုးနဲ့ အစ်မရဲ့ကိစ္စတွေကို လိုက်ဖြေရှင်းရတော့မှာလဲ? ပြီးတော့ ကျွန်မ ပြောတာကို ယုံ၊ သူတို့က အစ်မအပေါ်ကို တကယ်ကောင်းနေတာမျိုး မဟုတ်ဘူး၊ သူတို့က အစ်မကို အသုံးချနေတာ၊ အဲ့ဒါက အစ်မနဲ့ပတ်သတ်ပြီး ကျွန်မတို့မိဘတွေဆီကနေ ရလာမယ့်အရာတွေကို မျှော်ကိုးနေတာပဲ"

 

စုန့်တင်းရှန်းက သူမကိုယ်သူမ စိတ်ရှည်ရန် ဖျောင်းဖျနေရင်း စုန့်ယွိလန်ကို နားချနေခဲ့သည်။

 

အခုအချိန်မှာ သူမ အလကားသက်သက်တရားချနေမိသလိုလည်း ခံစားနေရသေးတယ်။ ဒါပေမယ့် မပြောဘဲလည်း မနေနိုင်ဘူး။ ဒေါသထွက်ပေမယ့်လည်း ဒီအစ်မကို လစ်လျူရှုဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။

 

သူမက အသက်ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်လောက်ကတည်းက မိသားစုကို စပြီး တာဝန်ယူခဲ့ရတယ်။ သူမ လုံးဝ အိမ်ထောင်မပြုခဲ့တော့ သူမမှာ သားသမီး မရှိဘူး။ ဒါပေမယ့် သူမ သူမရဲ့ညီမလေးနဲ့ မောင်လေးကို အမြဲတမ်း ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင်၊ အမှီအခိုကင်းအောင်၊ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခြင်းရဲ့အဓိပ္ပာယ်ကို နားလည်အောင် သင်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကို မှီခိုတာကသာ မှန်ကန်တဲ့လမ်းနည်းပဲ။ တခြားသူကို မှိခိုအားထားတာက ပျက်စီးခြင်းရဲ့လမ်းစပဲ။ အဲ့လို ဆုံးမခဲ့လို့လည်း သူမတို့ မိသားစုကကလေးတွေ အပြင်ကို ရောက်သွားတာနဲ့ သူတို့က သူများတွေထက် သာလွန်ပြီး လုံးဝ ထူးချွန်ကြတယ်။ စုန့်ယွိလန်လိုလူမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး

 

စုန့်ယွိလန်က သူမကိုယ်သူမ ခုခံကာကွယ်နေပြန်သည်

 

“ဒါက အကြိမ်ပေါင်းများစွာ မဟုတ်ပါဘူး၊ ဒါက ပထမဆုံးအကြိမ်ပါ... ပြီးတော့ နင် အခု ငါ့ကို တားနေတာပဲ မဟုတ်လား? ငါ အမေ့ကို ဘာမှ မပြောရသေးပါဘူး"

 

စုန့်တင်းရှန်းက စိတ်မရှည်သည့်လေသံဖြင့်သာ တုံ့ပြန်လိုက်တော့သည်။

 

"ဟုတ်တယ်၊ ကျွန်မ တားလိုက်နိုင်တာကိုပဲ ကျေးဇူးတင်ရမယ်၊ ကံကောင်းလို့ပေါ့၊ ကျွန်မတို့အမေရဲ့ဗိုက်ထဲမှာ ကလေးနောက်တစ်ယောက်ရှိနေတယ်ဆိုတာကို အစ်မသိလား?"

 

စုန့်ယွိလန်က မျက်လုံးများ ပြူးကျယ်လာသည်အထိ အံ့သြသွားပြီး မျက်ရည်ပင် မကျနိုင်တော့ပေ

 

“ဘာလဲ? ငါတို့အမေမှာ ကိုယ်ဝန်ရှိနေတာလား?"

 

"ဟုတ်တယ်၊ အမေက အသက်ကြီးမှ ကိုယ်ဝန်ရှိနေပြန်ပြီအစ်မ စဉ်းစားကြည့်လေအစ်မ ဒီအချိန်မှာ အမေ့ကို ပိုက်ဆံသွားပြီး အစ်မရဲ့ယောက္ခမတွေ သုံးလိုက်လို့ အစ်မရဲ့ပိုက်ဆံတွေ ကုန်သွားပြီလို့ ပြောရဲလား? အစ်မရဲ့ယောက္ခမတွေကြောင့် အစ်မ ခက်ခဲနေရတာကို အမေသိသွားရင် အမေက ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာတော့မှာလဲ?"

"တော်တော့ဒီစကားတွေကို ဒီမှာပဲ ရပ်လိုက်တော့၊ ငါ အမေ့ကို ဘာမှ မပြောတော့ဘူး” စုန့်ယွိလန်က စုန့်တင်းရှန်းကို အမြန် စကားရပ်ခိုင်းလိုက်သည်။

 

စုန့်တင်းရှန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏နှဖူးကို ပွတ်သပ်ကာ ထပ်ပြောလိုက်ပြန်သည်။

 

"အခုအချိန်မှာ အစ်မ မပြောတော့ဘူးဆိုရုံနဲ့ မပြီးသေးဘူး၊ အစ်မ ဘာမှမပြောဘဲ ပြန်သွားရင် ခဲအိုရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်မယ်လို့ အစ်မ ထင်လဲ?”

 

စုန့်တင်းရှန်းက သူမ၏စကားကို ခဏရပ်ထားပြီး အစ်မဖြစ်သူ့ကို တွေးတောရန် အချိန်ခဏပေးထားလိုက်သည်။

 

ခဏလောက်ကြာပြီးမှ စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။

 

“အစ်မ ကျွန်မ ပြောတာကို နားထောင်ပါ။ အစ်မ ခနနေရင် အမေနဲ့ ပေါ့ပေါ့ပါးပါး စကားပြောဖို့ အခွင့်အရေးတစ်ခု ရှာလိုက် အမေ့ကို သာကြောင်းမာကြောင်းပဲမေး၊ ပိုက်ဆံကိစ္စ မပြောနဲ့၊ အစ်မ ပြန်သွားတဲ့အခါ ခဲအိုက မေးရင်း ကျွန်မတို့ မိဘတွေက သူ့အကြံအစည်ကို ထောက်ခံတယ်လို့ ပြန်ပြောလိုက်ဒါပေမယ့် ပိုက်ဆံကတော့ ချက်ချင်း မပေးနိုင်သေးတဲ့ အကြောင်းနဲ့ သူ ပိုက်ဆံ လိုချင်ရင် သူ့ရဲ့အစီအစဉ်ကို သေသေချာချာ ရှင်းပြရမယ်လို့ ပြောလိုက်၊ သူက အဲဒါကို ရင်းနှီးမြှုပ်နှံမှုလို့ ပြောခဲ့တယ်ဆိုရင် သူ့မှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိလဲ? အဲဒါက ချေးငွေလား? ဒါမှမဟုတ် စပ်တူစီးပွားရေးလား? သူ့ရဲ့စီးပွားရေးလို့ ခေါ်တဲ့အရာက ပျက်သွားရင် အဲဒီပိုက်ဆံက လေထဲမှာ ပျောက်သွားမှာလား ဒါမှမဟုတ် သူ ပြန်ပေးဖို့ ရည်ရွယ်ထားတာလား? အားလုံး မေးမှ ရမယ်၊ ပြီးတော့ သူ့ကို ဘာကိုမှ မပြောခင်မှာ အစ်မလည်း ဒီအရာအားလုံးကို  စဉ်းစားထားဖို့ လိုတယ်”

 

ထိုစကားများကို နားထောင်ပြီးနောက် စုန့်ယွိလန်က အကြောင်းအရာအားလုံး ကြေညက်အောင် အကြာကြီး စဥ်းစားနေခဲ့သည်။ အချိန်တော်တော်ကြာပြီးမှ သူမက သူမ၏ခေါင်းကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး စကားသံ ထွက်လာခဲ့သည်။

 

"နင် ပြောတာတွေက အဓိပ္ပာယ်ရှိတယ်။ ပိုက်ဆံထုတ်ပေးလိုက်ရုံနဲ့ မပြီးဘူး။ သူရဲ့မျိုးရိုးနာမည်က စုန့် မဟုတ်ဘူး ရှပဲ၊ ပိုက်ဆံကတော့ စုန့်မိသားစုရဲ့ပိုက်ဆံ

 

စုန့်တင်းရှန်းက ရယ်မောပြီး အစ်မဖြစ်သူကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်။

 

တွေ့လား? တကယ်တော့ အစ်မလည်း ဒါကို ကောင်းကောင်း နားလည်နေတာပဲ မဟုတ်လား?

 

စုန့်ယွိလန်၏မျက်နှာက နီရဲလာပြီး ရှက်ရွံ့နေဟန်ဖြင့် စုန့်တင်းရှန်းကိ ခပ်ဖွဖွ လှမ်းရိုက်လိုက်သည်။

 

ငါက ငတုံးမဟုတ်ဘူး.. ငါ ပြောချင်တာက... သူမှာ ခိုင်မာတဲ့အကြောင်းအရာ မရှိရင်.... အဲဒါက... ဘာကို ဆိုလိုတာလဲ? သူက ပိုက်ဆံတွေ ပြန်မဆပ်ချင်ဘူးလို့ နင် ထင်နေတာလား?"

 

စုန့်တင်းရှန်းက သူမ၏ခေါင်းကို တစ်ချက်စောင်းငဲ့လိုက်ပြီး မသေချာ မရေဟန်ဖြင့် ယောင်ဝါးဝါး ပြန်ဖြေလိုက်သည်။

 

"ဒါကို ကျွန်မ ဘယ်လိုသိမှာလဲ။ ခဲအိုရဲ့ရိုးသားတဲ့ အသွင်အပြင်ကို ကြည့်ရင်တော့ အဲ့လို မထင်ရပါဘူး။ သူ ဒီလိုလုပ်မှာ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား?"

သူမ၏ပါးစပ်က ထိုသို့ ပြောနေခဲ့သော်လည်း စုန့်တင်းရှန်းက စိတ်ထဲတွင် တင်မကျ ဖြစ်နေဆဲဖြစ်သည်

 

သူမရဲ့ခဲအိုက ရိုးသားတယ်ဆိုပေမယ့် တစ်ခါတရံမှာ အဲ့လိုရိုးသားတဲ့လူတွေဆီကနေပဲ တကယ်ကို မရိုးသားတဲ့ အတွေးတွေ ထွက်လာခဲ့တာ မဟုတ်ဘူးလား?

 

စုန့်ယွိလန်က အခန်းထဲမှာပင် မျက်နှာသစ်လိုက်ပြီး သူမ ငိုထားမှန်း မသိသာတော့မှ စုန့်တင်းရှန်းနှင့်အတူ အပြင်သို့ ပြန်ထွက်လာခဲ့ကြသည်။ သူမတို့ အခန်းထဲမှ ထွက်လိုက်သည်နှင့် ချောင်းရှီကို တွေ့လိုက်ရသောကြောင့် စုန့်ယွိလန်က လှမ်းမေးလိုက်သည်။

 

“ဟိတ် အကြီးဆုံးယောင်းမ  ဒီနှစ် မိဘအိမ်ကို မပြန်ဘူးလား?"

 

စုန့်တင်းရှန်းက ချောင်းရှိအစားဝင်ဖြေပေးလိုက်သည်။

 

“အကြီးဆုံးယောင်းမက နေ့လည်မှ ပြန်မှာလေ၊ အမေ့မှာ ကိုယ်ဝန် ရှိနေပြီ မဟုတ်လား? အိမ်မှာက အလုပ်တွေ ရှုပ်နေကြတာလေကျွန်မတို့က ဒီနေ့ဒီမှာ  တစ်ညအိပ်မှာ၊ အကြီးဆုံးယောင်းမက  နေ့လည်လောက်မှ အကြီးဆုံးအစ်ကိုနဲ့ တူလေးကို ခေါ်ပြီး မိဘအိမ်ကို ပြန်လိမ့်မယ်၊ မနက်ဖြန်မနက်မှ ပြန်လာမှာအကြီးဆုံးဦးလေးရဲ့အိမ်က အကြီးဆုံးယောင်းမကတော့ ပြန်သွားပြီ၊ ဒုတိယ‌ယောင်းမရဲ့အိမ်ကတော့ အရမ်း ဝေးတဲ့အပြင် သူ့မှလည်း ဗိုက်ကြီး ရှိနေသေးတယ်၊ အပြင်မှာ အေးနေတော့ တစ်ခုခုဖြစ်သွားမှာ ကြောက်ပြီး ဒီနှစ် အိမ်မပြန်ဖို့ သဘောတူထားပြီးသား"

 

စုန့်ယွိလန်နှင့် ရှတာ့ရှန်းတို့က စုန့်အိမ်တွင် တစ်ရှီးချန်ခန့်နေခဲ့ကြပြီး သူတို့ ပြန်မီ နေ့လယ်စာ အတူစားခဲ့ကြသည်။ သူတို့ ထွက်သွားချိန်တွင် ဖန့်ရှီက သူမ၏သမီးအတွက် အိတ်ကြီးတစ်ထုပ်အပြည့် ပစ္စည်းများ ပြန်ထုပ်ပိုးပေးလိုက်ပြီး သမီးဖြစ်သူ ပြန်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူမ၏အကြီးဆုံးသမီး သူမ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားချိန်တွင်  ဖန့်ရှီက သူကို ကူတွဲပေးထားသည့် စုန့်တင်းရှန်းကို လှမ်းပြောလိုက်သည်


"
တာ့နွီက တစ်ခုခုကို စိုးရိမ်နေပုံပဲ၊ မင်း မင်းရဲ့အစ်မနဲ့ စကားအကြာကြီးပြောနေတာ၊ တာ့နွီက ဘာမှ မ​ပြောသွားဘူးလား?"

(တာ့နွီ -အကြီးဆုံး မိန်းခလေး)

 

"အစ်မက ဘာမှ ​မ​ပြောပါဘူး" စုန့်တင်းရှန်းက ရှုးချင်ယောင်ဆောင်နေခဲ့​ပြီး "အစ်မက သမီးရဲ့အိမ်ထောင်ရေး အကြာင်းကို ပြောနေတာပါ၊ သမီးမှာ ပြုစုပေးရမယ့် ယောက္ခမ မရှိလို့ အရမ်းကောင်းတယ်တဲ့"

"ဘာကောင်းတာလဲ? တခါတလေမှာ ယောက္ခမတွေ ရှိတာက အရမ်းကောင်းတယ်၊ မင်းရဲ့အဖိုးနဲ့ ဖွားတွေလို ယောက္ခမကောင်းတွေနဲ့ တွေ့ဆုံရရင်တော့ အကောင်းဆုံးပေါ့

ဖန့်ရှီက သူမ၏အကြီးဆုံး အကြောင်းကို ပြောနေရာမှ လမ်းကြောင်းပြောင်းသွားပြီး ဘာကိုမှ သိပ်မစဉ်းစားတော့ဘဲ တစ်ရေးတစ်မော အိပ်ရန် ပျော်ပျော်ရွှင်ရွှင် ပြန်သွားခဲ့သည်။

 

ထိုကိစ္စက ရှင်းသွားပြီဟု စုန့်တင်းရှန်း ထင်ထားခဲ့သော်လည်း
နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့၏ မနက်စောစောတွင် စုန့်ယွိလန်က သူမ၏အိမ်တံခါးကို မည်သူမျှ မသိအောင် တိုးတိုးတိတ်တိတ် လာခေါက်ခဲ့သည်

 

“အစ်မ?”

 

စုန့်တင်းရှန်းကလည်း အံ့သြထိတ်လန့်သွားပြီး ပြန်မအိပ်နိုင်တော့ဘဲ ကျိုးယိနိုကို အပြင်ခန်းသို့ လွှတ်လိုက်ပြီး စုန့်ယွိလန်ကို အတွင်းခန်းထဲသို့ ခေါ်သွားလိုက်သည်။

 

အခန်း နည်းနည်းပဲ ရှိတာက တကယ်ကို ဒုက္ခရောက်စေတယ်။ ဧည့်သည်လာရင်တောင် ဧည့်ခံစရာ နေရာမရှိဘူး။

 

စုန့်တင်းရှန်းကို တွေ့လိုက်သည်နှင့် စုန့်ယွိလန်က မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်။

 

"အာ့နွီ၊ ငါ တကယ်ကို အဆင်မပြေဘူး၊ ငါ... ငါ အရမ်းစိတ်မကောင်း ဖြစ်မိတယ်"

 

"ဘာဖြစ်တာလဲ? အစ်မ မငိုပါနဲ့။ ဘာတွေ ဖြစ်ခဲ့လို့လဲ ပြောပါဦး?"

 

စုန့်တင်းရှန်းက စုန့်ယွိလန်၏အမူအရာကို ကြည့်လိုက်ပြီး သူမ ရှတာ့ရှန်းနှင့် ပြဿနာ တစ်ခု ဖြစ်ခဲ့ကာ သူမကို စိတ်ညစ်အောင် လုပ်သည့်သူက ရှတာ့ရှန်းဟု ခန့်မှန်းလိုက်သည်

စုန့်ယွိလန်က ခဏလောက် ငိုနေပြီးမှ ရှိုက်သံဖြင့် ထပ်ပြောလာခဲ့သည်။ "ငါ အိမ်ပြန်သွားပြီးတော့ နင် ပြောတဲ့အတိုင်း ပြန်ပြောလိုက်တယ်။ အစပိုင်းတုန်းကတော့ သူက ငါ့ကို ဘာမှ မပြောဘူး၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူ့မျက်နှာက တစ်ခုခု ဖြစ်နေတယ်။ မနေ့ညက ညစာစားတဲ့အချိန်မှာ ငါ့ယောက္ခမက စကားစပြောလာတယ်၊ ငါတို့မိသားစုက နင့်အတွက်ပဲ ပိုက်ဆံထုတ်ချင်ပြီး ငါ့အတွက် မပေးချင်ဘူးလို့ ပြောတယ်၊ ငါက ငါတို့မိသားစုရဲ့ကလေးအရင်း မဟုတ်လို့ ငါတို့မိသားစုက ငါ့အပေါ်မကောင်းတာလို့ ပြောတယ်၊ ငါက ငြင်းဆန်တဲ့ စကားနည်းနည်းလောက် ပြောလိုက်တာနဲ့ သူ(မ)က ဒေါသထွက်ပြီး ငါ့ကို အော်တယ်၊ ငါတို့မိသားစုက ဒုတိယသမီးအတွက်တော့ ဆိုင်တစ်ဆိုင် ဝယ်ပေးပြီး အကြီးဆုံးသမီးကိုတော့ သေသေ ရှင်ရှင် ဂရုမစိုက်ဘဲ ပစ်ထားတယ်တဲ့

 

စုန့်တင်းရှန်း၏ပါးစပ်က ကြိမ်ဖန်များစွာ လှုပ်ယမ်းသွားပြီး “သူတို့က အဲ့လို ပြောတာလား? ဒါက လူတစ်ယောက်အနေနဲ့ ပြောသင့်တဲ့စကားလား?

 

စုန့်ယွိလန်က ဆက်ငိုနေရင်း ထပ်ပြောလာပြန်သည်။

 

“ဒီဆိုင်ကို ကျူးဇီ ကျားရောင်းရတဲ့ပိုက်ဆံနဲ့ ဝယ်ခဲ့တာလို့ ငါ ပြောခဲ့ပေမယ့် သူတို့က ငါက သူတို့ သားမှာ အရည်အချင်းမရှိဘူးလို့ ထင်နေပြီး သူတို့မိသားစုကို နှိမ့်ချဖို့ မစောင့်နိုင်တော့ဘူးလားလို့ ပြန်မေးခဲ့တယ်၊ ပြီးတော့ သူတို့ကို အဲ့လောက် အထင်သေးနေရင် ဘာလို့ သူတို့မိသားစုကို လက်ထပ်ဝင်တာလဲတဲ့..."

စုန့်တင်းရှန်းက စကားမပြောနိုင် ဖြစ်နေခဲ့ပြီး ခဏကြာမှသာ စုန့်ယွိလန်ကို ပြန်မေးနိုင်ခဲ့သည်။

 

"အစ်မ၊ ကျွန်မကို အမှန်အတိုင်းပြော၊ သူတို့မိသားစုက အစ်မကို ဘယ်လို ဆက်ဆံနေကြတာလဲ?"

 

စုန့်ယွိလန်က သူမ၏မျက်နှာကို အုပ်ကာ ငိုရှိုက်နေပြန်သည်ထို့နောက် သူမက ငိုသံဖြင့် ဆက်ပြောလာပြန်သည်။

 

အဲ့လိုမျိုးပဲ၊ ငါ တာ့ပေါင်ကို မွေးတုန်းကတော့ အရမ်း အဆင်ပြေနေ‌သေးတယ်၊ နောက်ပိုင်း အခြေအနေတွေက တဖြည်းဖြည်း ပိုဆိုးလာတယ်။ ရှရှို့စွေ့နဲ့ နင် စေ့စပ်လိုက်တဲ့အချိန်တုန်းကတော့ သူတို့ တော်တော်ပျော်နေကြပုံပဲ၊ ဒါပေမယ့် ရှမိသားစုက နင့်ရဲ့စေ့စပ်ပွဲကို ဖျက်လိုက်ပြီးတဲ့နောက် သူတို့မိသားစုရဲ့အပြုအမူတွေက မကောင်းတော့ပြန်ဘူး၊ ထောင်ဟုန် လက်ထပ်ပြီးနောက်ပိုင်းတော့ ပိုဆိုးလာတယ်၊ ငါ့ယောက္ခမက ငါတို့မိသားစုအကြောင်း ဆက်တိုက်ပြောနေခဲ့တာ။ ငါတို့မိသားစုက ငါ့ကို ဂရုမစိုက်ဘဲ နင့်ကိုပဲ ဂရုစိုက်တယ်တဲ့

 

ဒီကိစ္စကို လိုရာဆွဲတွေးရင် စုန့်ထောင်ဟုန်ရဲ့လက်ချက်ဖြစ်နိုင်လား?

 

“အစ်မ၊ သေချာစဉ်းစားပါဦး။ ဒီလိုကိစ္စမျိုးတွေက ရုတ်ချည်းဖြစ်လာတယ်လို့တော့ ကျွန်မ မထင်ဘူး။ သူတို့မိသားစုကနေ ရုတ်တရက် ဒီလိုစကားမျိုးတွေ ပြောလာတာက အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်။ သူတို့က ကျွန်မရဲ့ကိစ္စကို အစဆွဲထုတ်ပြီး အစ်မကို တွန်းအားပေးနေတာလည်း ဖြစ်နိုင်တယ်အစ်မ အစ်မရဲ့ယောက္ခမ ဒါမှမဟုတ် ယောင်းမကရော... ဒီရက်ပိုင်းမှာ စုန့်ထောင်ဟုန်နဲ့ အရမ်းရင်းနှီးနေခဲ့တာလား?"

 

စုန့်တင်းရှန်းက အဆိုးဘက်ကို အနည်းငယ် ပိုတွေးထားလိုက်သည်

 

အမှန်တော့ ဒီကိစ္စက သူမရဲ့အစ်မနဲ့ ပတ်သက်ရုံသာမက သူမတို့မိသားစုနဲ့ပါ ပတ်သတ်လာနိုင်တော့ အနာဂတ်အတွက်လည်း ကြိုပြီး ပြင်ဆင်ရလိမ့်မယ်။ နောက်ဆိုရင် သူမကိုပါ ထိခိုက်အောင် လုပ်လာနိုင်သေးတယ်

 

စုန့်ယွိလန်က အချိန်အတော်ကြာ စေ့စေ့စပ်စပ် တွေးနေပြီးမှ စုန့်တင်းရှန်းကို ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

 

အင်း၊ ငါတို့မိသားစုတွေက ရင်းနှီးကြတယ်၊ ဘာပဲဖြစ်ဖြစ် အဲ့မှာက ပညာရှင်တစ်ယောက် ရှိတယ်လေထောင်ဟုန် လက်ထပ်တော့လည်း သူတို့အားလုံး အဲဒီကို သွားခဲ့ကြတယ်၊ ဒါပေမယ့် ငါက နေမကောင်းဖြစ်နေလို့  သွားနိုင်ခဲ့ဘူး"

 

စုန့်တင်းရှန်း၏မျက်နှာတွင် လေးနက်သည့် အမူအရာများ ပေါ်လာပြီး အကြာကြီး နှုတ်ဆိတ်နေကာ ခန်ပေါ်တွင် တွေတွေကြီး ထိုင်နေလေသည်။ အချိန်အတော်ကြာမှ သူမက သက်ပြင်းချကာ ထပ်ပြောလိုက်သည်။

 

အစ်မ၊ အစ်မ ဒီကိစ္စကို သေသေချာချာ တွေးကြည့်သင့်တယ်၊ “လာခိုးတဲ့ သူခိုးကို မကြောက်ရဘူး၊ ခိုးဖို့ ကြံစည်နေတဲ့ သူခိုးကို ကြောက်တယ်” ဆိုတဲ့ စကားရှိတယ်လေ၊ သူခိုးတွေကတော့ အစ်မရဲ့ပိုင်ဆိုင်မှုကို ခိုးယူဖို့ တချိန်လုံးတွေးနေမှာပဲသူတို့က ကျွန်မတို့မိသားစုရဲ့ပိုက်ဆံတွေကို တွေးနေကြပြီ၊ အရင်တုန်းက အစ်မရဲ့ယောက္ခမတွေက သူတို့ပိုင်တဲ့ မြေဧကနည်းနည်းလေးနဲ့ ရောင့်ရဲနေခဲ့ကြပေမယ့် တစ်ယောက်ယောက်က သူတို့ မကြားသင့်တဲ့ စကားမျိုးတွေ ပြောလာခဲ့ရင်  သူတို့က စပြီး ဒုက္ခပေးတော့မှာ သေချာတယ်”

 

စုန့်ယွိလန် အလျင်မြန် မတ်တပ်ထရပ်လိုက်ပြီး သူမ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေလေသည်။

 

"ဒါဆို နင်ပြောတာက ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိနေတဲ့သူက ထောင်ဟုန်လို့ ဆိုလိုတာလား?"

 

"အိုး အစ်မ! ခဏနေဦး" စုန့်တင်းရှန်းက စုန့်ယွိလန်၏လက်ကို အမြန် ပြန်ဆွဲချလိုက်ပြီး သူမကို ပြန်ထိုင်ခိုင်းလိုက်သည်။

 

"အခု ကျွန်မတို့မှာ သက်သေ မရှိဘူး၊ ဒါကြောင့် ကျွန်မတို့ ညီအစ်မနှစ်ယောက်ပဲ ဒီကိစ္စကို ပြောလို့ ရမယ်၊ အပြင်မှာ လျောက်အော်နေလို့ဘူး။ ဒါပေမယ့် ခဲအိုက အဲ့လိုမျိုး ဆက်လုပ်နေရင် အစ်မ ယ်လိုလုပ်မလဲ?”

 

စုန့်ယွိလန်က တွေဝေသွားပြီး “ငါ ဘာလုပ်သင့်လဲ? ပြီးတော့ ငါက ဘာလုပ်နိုင်မှာလဲ? အဲ့ဒါကပဲ တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်လိမ့်မယ်”

 

နောက်ဆုံးစကားများကို ထုတ်ပြောလာချိန်တွင် သူမ၏မျက်နှာက ဖြူဖျော့သွားတော့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟