Chapter 79
သင်္ဘောသား၀တ်စုံ။
ပြန်ဖြေပြီးသည်နှင့် သူကထရပ်လိုက်ပြီး လှေကားထစ်ပေါ်တွင် ထိုင်နေသည့်သူဆီသို့လျှောက်သွားလိုက်သည်။
"ဘာလို့ဒီမှာထိုင်နေတာလဲ"
စုယိသည် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး တီရှပ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်နေသလားလို့ နောက်တစ်ခေါက်လောက်ပြန်စစ်လိုက်သည်။
"အန်တီနဲ့ ချူးရှီ နှစ်ယောက်လုံး ဒီမှာရှိနေတာကို ဘာလို့အင်္ကျီတစ်ထည်ပဲ ပေးတာလဲ"
ချူယင်းက မျက်ခုံးအသာပင့်လိုက်ပြီးနောက် သူမလက်ကို ကိုင်လိုက်သည်။
"မေ့သွားလို့ လာ ထ"
ထို့နောက် စုယိသည် အမျိုးသား တီရှပ်ပွပွကို ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုဖြင့် တွဲဆက်၀တ်ဆင်ထားရပေသည်။
ရှက်လွန်းတာကြောင့် သေချင်ဆော်နံနေပြီဖြစ်သဖြင့် လှေကားထစ်တွင် ရပ်ပြီး အောက်ဆင်းရန်အတွက် ငြင်းဆန်နေမိသည်။
"ဒီပုံကြီးက ကြည့်ရတာ ရုပ်ဆိုးလွန်းနေတယ်မဟုတ်လား"
"မကြောက်ပါနဲ့ ရုပ်ဆိုးတဲ့ချွေးမလည်း သူ့ယောက္ခမကို တွေ့လို့ရပါတယ်"
စုယိရဲ့ ဒေါသတွေက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
"ရှင်က ကျွန်မကို ရုပ်ဆိုးတယ်လို့ ပြောချင်တာလား"
ချူယင်းက သဘာဝကျကျဖြင့် ပြန်ဖြေလိုက်သည်။
"...ကိုယ့်ကိုယ်ကို ပြောတာပါ ကိုယ်ကရုပ်ဆိုးတယ်"
အဆုံးတွင်၊ သူတို့သည် အောက်သို့ဆင်းလာကြပေသည်။
မေမေချူက သူမကိုမြင်လိုက်ချိန်တွင် အရမ်းကိုတည်ငြိမ်နေသည့် ပုံဖြင့်ပြောလာသည်။
“ဆင်းလာပြီလား အန်တီက အခု ညစာ ချက်နေတာ မင်းစားချင်တာများ ရှိလား"
"သမီးက ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"
စုယိက ထပ်ပြောသည်။ “အန်တီ သမီး ကူလုပ်ပေးမယ်လေ”
“မလိုဘူး မလိုဘူး ရပါတယ်”
မေမေချူက သူမလက်ကို မရပ်မနားယမ်းပြတော့သည်။
"ဒီမှာ လူတွေအရမ်းများနေရင် ရှုပ်နေတာပဲအဖတ်တင်မှာ အန်တီဘာသာတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်"
စုယိသည် ဆိုဖာပေါ်တွင်သာ နာခံလိမ္မာစွာဖြင့် ထိုင်ချလိုက်သည် ။
ချူရှီးသည် ချက်ချင်းပင် သူမအနားသို့ တိုးကပ်လာပြီး ကိုးကွယ်လုမတတ်အကြည့်မျိုးဖြင့်ကြည့်လာသည်။
"စုယိ နင် လင်းရှအကြောင်းကို ဖော်ထုတ်ခဲ့တာလား"
စုယိက ထိုအကြောင်းကို ပြန်မဖြေချေ။
"နင့်မှာ အတန်းတက်ဖို့မရှိဘူးလား"
"ဒီတစ်ခေါက်semအတွက် အတန်းနည်းနည်းလေးတော့ရှိသေးပေမယ့် ဒီနေ့တော့အတန်းမရှိဘူး"
ဤသို့ပြောပြီးနောက် ချူရှီးသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အသံကို ချက်ချင်းပင်တိုးလျှော့လိုက်သည်။
"ဟုတ်သားပဲ ငါ နင့်ကိုပြောဖို့မေ့နေတာ အခုတလော ယန်ရော့လင်တစ်ယောက် ငါတို့အိမ်ကို ချောင်းပေါက်မတတ်ခဏခဏလာနေတယ်"
စုယိက ဘေးမှလူကို ချက်ချင်းပင်လှည့်ကြည့်လိုက်သည်။ ချူယင်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူ့စာရွက်စာတမ်းများကို ကြည့်နေပြီး ထိုအမျိုးသမီးများ၏စကား၀ိုင်းထဲသို့ ၀င်ပါရန်စိတ်မ၀င်စားပါချေ။
"ဘာကိစ္စအတွက်လဲ"
"သေချာပေါက် အိမ်က လူအိုကြီးနှစ်ယောက်ကို အမြှီးနှံ့ပြီးလာဖားတာပေါ့ဟ နင်လည်းနည်းနည်းပါးပါးကြိုးစားပြဦးနော် ဟိုက ငါ့အစ်ကိုကိုစနိုက်မရတာနဲ့ပဲ အဖေနဲ့အမေရဲ့အညှာကိုသွားကိုင်လိုက်မှဖြင့်နင်ကားသွားလိမ့်မယ်"
စုယိက အသာရယ်မောလိုက်မိသည်။
"ဦးထုပ်စိမ်းအဆောင်းခံလိုက်ရတဲ့မမလေးဆီက တို့များ အကြံဉာဏ် မလိုပေါင်"
ထိုအခါ ချူရှီးသည် ဒေါသမထွက်သည့်အပြင် တခစ်ခစ်ရယ်နေတော့သည်။
"တန့်မင်ယန်က မနေ့ကနေ ဒီနေ့အထိ ငါ့ကျောင်းမှာ လာပြီး အမောတကောလိုက်ရှာနေတယ်တဲ့လေ"
"သူက နင့်ကို ဘာလို့ရှာနေတာလဲ"
ချူရှီးက လှောင်ရယ်လိုက်သည်။
"သူငါ့ကိုရှာနေတာ ဘာကိစ္စရှိရမှာလဲ အခုကျတော့ သူက ဒီမမလေးရဲ့ နောက်ခံကို သိသွားပြီလေ အဲ့ဒီတော့ ဒီမမလေးကို သူ့ရဲ့အညစ်အကြေးတွေအားလုံး ကူညီဖယ်ရှားပေးစေချင်တယ်လေ - အံမယ် ဒင်းက အရှက်မရှိပြောသေးတာ ဘာတဲ့ ကိုယ်ဘ၀တစ်ခုလုံး မင်းတစ်ယောက်တည်းကိုပဲထာဝရချစ်တာပါ ဘယ်တော့မှ စိတ်ပြောင်းသွားမှာမဟုတ်ပါဘူးတဲ့လေ ငါတို့ ချိန်းတွေ့တုန်းကတောင် သူဒီလောက် တော်ကီကြွယ်မှန်းငါမသိခဲ့ဘူး ကြည့်ရတာ သူ့အေးဂျင့်ဆီက စကားပြောတဲ့ စကေးတွေ အများကြီး ဆက်ခံထားပုံရတယ်"
စုယိက ရုပ်မြင်သံကြားအစီအစဥ်ကို ကြည့်နေရင်း ပုခုံးအသာတွန့်ပြလိုက်သည်။ ကြည့်ရုံဖြင့် သူမဒီအကြောင်းအရာကို သိပ်စိတ်မဝင်စားဘူးဆိုတာ ထင်ရှားပေသည်။
"လာကြတော့ စားလို့ရပြီ"
မေမေချူက နောက်ဆုံးဟင်းပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် လှမ်းအော်လိုက်သည်။
လေးယောက်စလုံး စားပွဲတွင်၀င်ထိုင်လိုက်ကြသည်။ စုယိသည် သူမရှေ့က ဟင်းလျာအစုံအလင်ကို ကြည့်ပြီးနောက် မျက်ခွံတွေလှုပ်လာတော့သည်။
'ဗိုလ်ကြီးယင်း တစ်ယောက် အိမ်မှာဒီပုံပဲစားနေကြလား အံ့သြစရာမရှိတော့ပါဘူးလေ သူနေ့တိုင်းနီးပါး ရုံးခန်းထဲမှာထိုင်နေရတာတောင် ဘာလို့ ၀မလာရတာလဲဆိုတာ'
မေမေချူသည် မည်သည်ကိုမျှ သတိမထားမိဘဲ ဟင်းပွဲကိုရှေ့သို့အသာတွန်းပေးလိုက်သည်။
"အန်တီလည်း ဟင်းမချက်ဖြစ်တာအတော်ကြာနေပြီရယ် အရသာက အရင်တုန်းကလိုတော့ မကောင်းနိုင်လောက်ဘူး"
စုယိက အသာပြုံးလိုက်သည်။
"သမီးတော့ ကြည့်တာနဲ့အရမ်းကောင်းမယ်လို့ခံစားနေရတယ်"
မေမေချူက ခေါင်းညိတ်လိုက်သည်။
"ဒါဆို စားကြရအောင်လေ"
စုယိသည် မိုးခိုသားတစ်ဖတ်ကို လိမ္မာယဥ်ကျေးသည့် ပုံစံလေးဖြင့် ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
'…မာတဲ့အပြင်သေချာမကျက်သေးဘူး'
သူမ ဘေးဘီသို့ကပ်တိုးလေး၀ဲကြည့်လိုက်သည်။ ချူယင်းသည် သူ့နဂိုမျက်နှာသေကြီးဖြင့် ခပ်တည်တည်သာစားနေပြီး ချူရှီးသည် သူမထမင်းကိုသာမဲစားနေပေသည်။
မေမေချူသည် သူမအား မျှော်လင့်ချက်တို့ဖြင့် တောက်ပနေသည့် မျက်၀န်းလေးဖြင့်ကြည့်နေလေ၏။
စုယိသည် ဟင်းရွက်တချို့ကို မျိုချလိုက်ပြီး ရိုးသားမှုအပြည့်ဖြင့်ပြုံးပြလိုက်သည်။
“အရသာ အရမ်းရှိတယ်”
ထိုစကားကိုကြားပြီးနောက် မေမေချူရဲ့ အပြုံးတို့ကပိုလို့ပင်တောက်ပသွားတော့သည်။
“အရသာရှိရင် များများစား အသားလည်းများများစားပေး သမီးကအရပ်ရှည်တော့ ၀မှာသိပ်မစိုးရိမ်ရဘူး ကြိုက်သလောက်သာစား"
စုယိက မေမေချူ၏စကားကိုသဘောတူဟန်ဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။
ထမင်းစားပွဲက တီဗီနဲ့ သိပ်မဝေးသည့်အပြင် တီဗီကိုလည်းဖွင့်ထားပေသည် - လူတိုင်းမြင်နိုင်ကြားနိုင်ပေသည်။
စုယိသည် မိုးခိုအသားကို အပြုံးလေးဖြင့် စားနေရင်းမှ ရုတ်တရက်ဆိုသလို ချက်ချင်းပင်ငြိမ်ကျသွားတော့သည်။
ရင်းနှီးပြီးသားဖြစ်သည့် ရိုးရာတေးနောက်ခံဖြင့် အဖွင့်သီချင်းလေးက ထမင်းစား၀ိုင်းသို့ပြန့်လွင့်လာတော့သည်။
စုယိတစ်ယောက်အလိုလို လှည့်ကြည့်မိသွားသည်။ မျှော်လင့်ထားသည်အတိုင်းပင်၊ ဖန်သားပြင်တွင် မြင်နေရသည့်သူက သူမပင်။
တီဗီတွင် သူမ၏ အင်ပါယာရဲ့အနောက်နန်းဆောင် ဆိုသည့်ဇာတ်လမ်းတွဲကို ပြသနေသည်။
မေမေချူသည် ထမင်းစားပွဲကို အာရုံမစိုက်တော့ဘဲ ချက်ချင်းပင်တီဗီကိုသာ အလေးအနက် အာရုံ၀င်စားသွားတော့သည်။
"သူမလို အဆင့်နိမ့်ကိုယ်လုပ်တော်လေးက ဧကရာဇ်မင်းရဲ့တော်၀င်သွေးသားကို ဘယ်လိုလုပ် ကိုယ်၀န်ဆောင်ရဲတာလဲ"
တီဗီထက်တွင် သူမ အသံမှာ ရည်ရွယ်ချက်ရှိရှိ တိုးလျှော့သွားသည်။
“အခုတလော စားဖိုဆောင်က ပဲစိမ်းဟင်းချိုကို သူ့နေရာကို နေ့တိုင်း ပို့ပေးနေတယ်ဆို အဲဒီ့ထဲမှာ တစ်ခုခုထည့်ဖို့အတွက် အခွင့်အရေးရအောင်ရှာ နားလည်လား”
မေမေချူသည် ဤအတောအတွင်း ထိုအနောက်နန်းဆောင်အရှုပ်တော်ပုံကို မပြတ်တမ်းလိုက်ကြည့်နေပြီး အတော်လေးကို ခံတွင်းတွေ့နေပေသည်။
သူမသည် စကားတစ်ချို့ကို လွှတ်ခနဲ ထွက်သွားမိသည်။
"ဒီ ယွီကျိက အရမ်းလွန်လွန်းတာပဲ-"
ပြောနေရင်းမှ တစ်၀က်တစ်ပျက်တွင် သူမစကားတွေကို ချက်ချင်းပင် ဘရိတ်အုပ်လိုက်ရသည်။
စုယိသည် မထိန်းနိုင်ဘဲ အနောက်မှချက်ချင်းပင်ဖော်လိုလိုက်တော့သည်။
"သူမက အရမ်းရက်စက်တာရယ် ကလေးတွေ အများကြီးကို ဒုက္ခပေးနေခဲ့တာ"
"ဟုတ်တယ်"
မေမေချူသည် သူမပြောသည့်စကားကို လာဆက်ပေးသဖြင့် မထိန်းချုပ်နိုင်တော့ပဲ ချက်ချင်းပင်ပေါက်ပေါက်ဖောက်တော့သည်။
“သူမကို သဘောကျနေတဲ့ သမားတော်လေးက အရမ်း သနားစရာ ကောင်းလွန်းတယ် မကောင်းတာတွေ အများကြီးလုပ်ဖို့ ကူညီပေးနေရတယ်”
“အဲဒီသမားတော်ကလည်း အရမ်းကြီးကောင်းနေတာမဟုတ်ဘူး အပိုင်း ၁၀ကို ကြည့်ဖူးတယ်မလား အဲဒီမှာ အရမ်းအရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေရှိတယ်”
သိချင်စိတ်ပြင်းပြနေသည့် မေမေချူကချက်ချင်းပင်မေးတော့သည်။
"အသေးစိတ်အချက်အလတ်ကဘာလဲ"
…
စုယိသည် ထမင်းစားပွဲတွင် သူမတို့နှစ်ယောက်သာကျန်တော့သည်အထိ မေမေချူနှင့် အချိန်အတော်ကြာ ထမင်းစားရင်း ဆွေးနွေးနေခဲ့သည်။
မပြန်ခင် မေမေချူသည် စုယိနှင့် WeChat အဆက်အသွယ်များ ဖလှယ်ခဲ့ပြီး နောက်ဆိုရင် ထိုလုပ်ကြံ ကြံစည်မှုအကြောင်းတွေကို အတူတကွ ဆွေးနွေးနိုင်သည်ဟု ပြောလာပေသည်။
အမေနှင့်သမီးအတွဲတို့ ပြန်သွားပြီးနောက် စုယိရဲ့နှုတ်ခမ်းထက်ကအပြုံးတို့က ချက်ချင်းပင်ရပ်တန့်သွားတော့သည်။
သူမသည် ကြေကွဲလုနီးပါးဖြစ်နေသည့် ပန်းအိုးလေးကဲ့သို့ ဟန်မူပို၍ဆိုလိုက်သည်။
"ဗိုလ်ကြီး ယင်း ဒီနေ့ နေ့ခင်းတစ်ခုလုံး ကျွန်မလုပ်လိုက်ရတဲ့ လေ့ကျင့်ခန်းက အခုတန်ဖိုးမရှိတော့ဘူး"
ဇာတ်လမ်းတွဲရိုက်ကူးလို့ပြီးသွားသည်မှာ တစ်လကျော်ကြာသွားခဲ့ပြီဖြစ်သည်။ စုယိသည် ဤမျှ ရှည်လျားသည့် လုပ်စရာ 'နတ္တိ' ဆိုသည့်အဖြစ်မျိုးမကြုံရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
အရမ်းစိတ်သက်သာရာရပေမယ့်… ကိုယ့်ကိုယ်ကို သိပ်အသုံးမ၀င်ဘူးဟုလည်းခံစားနေရသည်။
စုယိတစ်ယောက် အိပ်ယာပေါ်တွင် ပျော်ပျော်ရွှင်ရွှင် အနှိပ်ခံနေစဥ် ချန်းယန်ထံမှ ဖုန်း၀င်လာသည်။ စက်အဖွဲ့နှင့်နည်းပညာအဖွဲ့အားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် နှစ်ပတ်အတွင်း ရိုက်ကူးရေးစတင်နိုင်မည်ဖြစ်ကြောင်း သူမအား အသိပေးလာသည်။
ဖုန်းချလိုက်ပြီးနောက်၊ ဘေးမှနောက်ထပ်ခုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည့် ၀ူရွှယ်က မျက်လုံးမှိတ်ထားလျက်မှ ပြောလာ၏။
"နင် ဒီဇာတ်ကောင်ကို ယူလိမ့်မယ်လို့ ငါတကယ်မထင်ထားမိဘူး"
“ဒုတိယအမျိုးသမီး ဇာတ်ဆောင်နေရာကနေ အချိန်အကြာကြီး သရုပ်ဆောင်ပြီးပြီဆိုတော့ ရာထူးလေးဘာလေးတက်ကြည့်ဖို့ ကြိုးစားဦးမယ်လေကွာ ဘာရည်မှန်းချက်မှမရှိဘဲ နေလို့ဖြစ်မလား”
စုယိက ပျင်းရိငြီးငွေ့နေဟန်ဖြင့်ပြောလိုက်သည်။
"နောက်ဆို ဆိုးတဲ့ ဇာတ်ကောင်တွေလျှော့ယူပေး ငါ မိန်းမဆိုးမိန်းမကြမ်းကြီးနေရာကနေ သရုပ်မဆောင်ချင်တော့ဘူး"
၀ူရွှယ်ကအနည်းငယ် အံ့သြသွားသည်။ စုယိသည် ယခင်က အမျိုးသမီး ဇာတ်ဆောင်နေရာအချို့ကို ငြင်းပယ်ခဲ့ဖူးသည်။
"နင့်ရဲ့ ဦးတည်ချက်နဲ့ကိုယ်ရည်ကိုယ်သွေးကတော့ မပြောင်းလဲဘူး ဇာတ်ကောင်ရဲ့စရိုက်လက္ခဏာတွေကတော့ ပြောင်းလဲသွားပြီပေါ့လေ"
"အရင်က သူများတွေ ငါ့အပေါ်မြင်တဲ့အမြင်ကိုဂရုမစိုက်ဘူး"
စုယိကဆက်ပြောသည်။
“ချူယင်းရဲ့အမေက ဇာတ်လမ်းတွဲတွေကြည့်ရတာ ကြိုက်တယ် နောက်ဆိုရင် သနားစရာ ကြာပန်းဖြူဇာတ်ကောင်မျိုးလေးဘာလေးရှိရင် ငါ့ကိုတစ်ချက်လောက်ကြည့်ခွင့်ပေး အချစ်အတွက် အနစ်နာခံခဲ့တဲ့ စစ်သားတစ်ယောက်ရဲ့ ဇနီးဇာတ်ကောင်မျိုးဆို ပိုကောင်းမယ်”
၀ူရွှယ်ကမျက်လုံးတွေကိုလှိမ့်လိုက်ပြီး စကားကိုဆက်လိုက်သည်။
"...ချန်းယန်ရဲ့ ဇာတ်ကားက နင်ဆံပင် ညှပ်ဖို့ လိုတယ်ဆိုတာသိလား"
"သိတယ် အရင်ကလည်း ဆံပင်မညှပ်ဘူးတာ မှမဟုတ်တာ"
"ဘယ်အချိန်လဲ ရိုက်ကူးရေးမစခင် နည်းနည်းပါးပါးဂယက်ထပေးရအောင် နင့်ရဲ့Weibo ဓာတ်ပုံကိုလည်း အပ်ဒိတ်လုပ်ဖို့ အချိန်တန်ပြီ"
သူတို့ Weibo အကြောင်းကိုပြောလိုက်သည်နှင့် စုယိက တစ်ခုခုကို ချက်ခြင်းစဉ်းစားမိသွားသည်။ သူမသည် ၀ူရွှယ်ဘက်သို့လှည့်လိုက်ပြီး သူမနှင့် ဆွေးနွေးတိုင်ပင်ရန် ကြိုးစားလိုက်သည်။
"နောက်ဆို ငါ့ရဲ့ Weibo မှာလေ နင်ဒီထက်ပိုပြီး အိုင်ဒီယာကောင်းကောင်းနဲ့အသစ်အဆန်းလေးတွေထည့်ပေးနိုင်မလား 'လာ … တို့နဲ့အတူ ' ဒါမှမဟုတ်'တို့ မင်းကို စောင့်နေတယ်...' ဆိုတာမျိုးတွေမသုံးတော့ဘဲ ကြောင်ပေါက်စလေးတွေ ခရုတီတွေရောင်းသလိုမျိုးလေးရေးရင်ရော အဲ့ဒါဆို ငါ့ပရိသတ်တွေရဲ့ ငါ့အပေါ်ထင်မြင်ချက်တွေကို ပြောင်းလဲဖို့အတွက်လွှမ်းမိုးနိုင်လောက်မလား”
“မရဘူး Weiboကို ကြော်ငြာဖို့အတွက်သုံးတာ နင်ပြောတာကို ဘယ်သူကကြည့်ဖို့စိတ်၀င်စားမှာလဲ ပြီးတော့ နင်အရင်ကလည်း ဒီပုံစံဒီအနေအထားနဲ့ပင်တင်တာလေ အခုမှာ ဘာကိစ္စ္စ စိတ်အရှုပ်ခံချင်နေတာလဲ"
ချူယင်း၏ မိသားစု တစ်ခုလုံးက သူမကို followထားကြပြီးအခုချိန်ထိတစ်ခါမျှပင်မတွေ့ရသေးသည့် ဖေဖေချုပင်အပါအ၀င်ဖြစ်သည် - သူမနည်းနည်းလောက်အကဲပိုလို့မရဘူးလားနော်...။
သူမ လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
"ထားလိုက်တော့ ဆံပင်ညှပ်ဆိုင်ကိုပဲ သွားကြရအောင်"
စပါးလုပ်ပြီးသွားသည့်အခါ သူမတို့ ပုံမှန်သွားနေကြဖြစ်သည့်ဆံပင်ညှပ်ဆိုင်သို့သွားလိုက်ကြသည်။ စုယိသည် ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ချန်းယန်ပေးပို့ထားသည့် ဆံပင်ပုံစံကို ပြလိုက်သည်။
"ဒီပုံစံမျိုး ပုံလေးပဲသွင်းပေး"
၀ူရွှယ် "နင့်ဘာသာနင်ထပ်ညှပ်ဦးမလို့လား ဒါဖြင့်လည်း ဘာကိစ္စနင်ဒီမှာလာထိုင်နေသေးတာလဲ"
စုယိက 'ကျစ်' တစ်ချက်စုပ်သတ်လိုက်သည်။
"ဒါက ဝါသနာလေ နင်နားမလည်နိုင်ပါဘူး"
**
ယခုအတော်အတွင်း ချူယင်းသည် စုယိ၏အိမ်သို့ ပြောင်းရွှေ့နေထိုင်နေပေ၏။ များသောအားဖြင့်၊ ကောင်မလေးသည် ကောင်လေး၏အိမ်တွင်လိုက်နေလေ့ရှိကြသော်လည်း သူမတို့သည် ထိုအကြာင်းကိုထွေထူးမဆွေးနွေးကြဘဲ အများနဲ့မတူသည့်လမ်းကြောင်းကိုသာလျှောက်လိုက်ကြသည်။
သူ့ဗီလာအသေးလေးမှာ သူမနေရထိုင်ရတာ အဆင်မပြေဖြစ်မှာကြောက်တာကြောင့် အလုပ်ပြီးသွားရင် နေ့တိုင်းလိုလို သူမ၏အိမ်ကိုသာ သွားဖြစ်တော့သည်။
ညဘက် အိမ်ပြန်ရောက်ချိန်တွင် တံခါးဖွင့်လိုက်သည်နှင့် တံခါးဝမှာ ရပ်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမသည် သင်္ဘောသားဝတ်စုံကိုမှ ဦးထုပ်အသေး၊ ခြေအိတ်အရှည်၊ စကပ်အတို နှင့် အင်္ကျီကို ယုန်နှစ်ကောင်မှရုန်းကန်ထွက်လုမတတ် တိုပြီး ဟိုက်သည်ကို၀တ်ထားသည်။ သူမဆံပင်လေးတွေကပခုံးကိုမထိတထိလေးဖြစ်နေတာကြောင့် လေတိုက်လိုက်သည့်အခါတိုင်း ခပ်လွင့်လွင့်လေးဖြစ်သွားသဖြင့် ချစ်စရာကောင်းပြီး ဖြူစင်သည့်ပုံလေးပေါက်နေသည်။
သူမက ခပ်အချိုချိုအသံလေးဖြင့်ဆိုလာသည်။
"ချူကောကောတော့ အလုပ်အရမ်းကြိုးစားလိုက်ရပြီ"
ဗိုလ်ကြီးယင်း၏နှလုံးသားလေးသည် လည်ချောင်းထဲမှ ခုန်ထွက်လုမတတ်ပင်။ တံခါးကို ချက်ချင်းပိတ်လိုက်ပြီနောက် ဖိုင်တွေကို တစ်ဖက်သို့လွှင့်ပစ်ကာ နတ်ကတိုင်ကို ဆွဲချလိုက်ပြီး စုယိကို လက်တစ်ဖက်တည်းဖြင့် ကုတင်ဆီသို့ သယ်သွားတော့သည်။
'သူနတ်ကတိုင်ကို ဆွဲချလိုက်ပုံက အရမ်းမိုက်လွန်းတာပဲ အား...'
စုယိက သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ဗိုလ်ကြီးယင်း ရှင်တုံ့ပြန်တဲ့ပုံက အရမ်းပြင်းထန်လွန်းမနေဘူးလား..."
ချူယင်းက သူမစကားမဆုံးခင် နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ဆွဲငုံပစ်လိုက်သည်။ ထိုအမျိုးသားက သူမခြေထောက်တွေကြားတွင် ဒူးထောက်ထိုင်လိုက်ပြီး သူ့လျှာဖျားကို သူမနူတ်ခမ်းထဲသို့ အတင်းတွန်း၀င်တော့သည်။ သူ့လက်များကလည်း ယခင်ကထက် ပြင်းပြင်းထန်ထန် လှုပ်ရှားပွတ်သတ်လာသည်။ စုယိသည် နာကျင်ရသော်လည်း တစ်ချိန်တည်းဆိုသလို ရှက်စရာကောင်းလောက်အောင် သက်တောင့်သက်သာဖြင့် ခံစားရတာအရမ်းကောင်းနေမိသည်။
___________________________________________