အပိုင်း ၈၀
Viewers 12k

Chapter 80

ဤတစ်ချီတွင် သူမတို့နှစ်ယောက်စလုံး အဝတ်မချွတ်ကြပေ။ ကုတင်ကြီးပေါ်တွင် အနက်ရောင်Suitနှင့် သင်္ဘောသားအဖြူရောင်ဝတ်စုံတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်အရောင်ဖြစ်နေပေမယ့် မမျှော်လင့်စရာကောင်းအောင် အလွန်လိုက်ဖတ်ညီနေသည်။

ပထမအချီအပြီးတွင် စုယိ၏ မျက်လုံးတွေက ရီဝေမှုနှင့်အတူ နီရဲနေသည်။ အပေါ်အင်္ကျီက တွန့်ကြေရှုပ်ပွနေသည်။ စကတ်က ရှိနေတုန်းဆိုပေမယ့် အတွင်းတွင် ဘာမှမရှိတော့ချေ။ သပ်သပ်ရပ်ရပ်နှင့်ပုံမပျက်ပန်းမပျက်ရှိနေတာဆို၍ ဒူးအထိရှည်သည့်ခြေအိတ်တွေသာရှိပေသည်။ 

သူမရဲ့အသံက အနည်းငယ်အက်ကွဲနေပြီး သေချာနားထောင်ကြည့်လျှင် ငိုသံလေးစွတ်လျက်တရှုံ့ရှုံ့လုပ်နေသည့် အသံကိုပင်ကြားနိုင်ပေသည်။

 "နောက် ဒါကို ဘယ်တော့မှ ထပ်မဝတ်တော့ဘူး"

 “ဟုတ်ပြီ”  

ချူယင်းသည် ဤနူးညံ့သိမ်မွေ့သည့်အသံလေးဖြင့် ညီးတွားတာကိုကြားပြီးနောက် ချက်ချင်းပင်မျက်၀န်းတို့ကအရောင်လတ်သွားသည်။ 

သူမရဲ့ နားရွက်လေးကို တစ်ချက်ကိုက်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။

“နောက်တစ်ခါဆို နောက်တစ်မျိုး စမ်း၀တ်ကြည့်ကြမယ်” 

သူ့သည် ချုပ်တည်းခြင်းဆိုသည့်အရာကို အမည်မသိနေရာတစ်ခုသို့ လွှင့်ပစ်ခဲ့သည်မှာ အတော်ကြာသွားပေပြီ။

စုယိသည် အချိန်အတော်ကြာ ထပ်နှိပ်စက်ခံလိုက်ရသည် – အနည်းဆုံးတော့ ဤရက်အနည်းငယ်အတွင်းမှာ သူမသည် အကျိုးကျေးဇူးတချို့ကိုရလိုက်ပေသည်၊ အရင်တုန်းကဆိုရင်ဖြင့် ယခုလို အပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးနောက် အိပ်ယာကထနိုင်ဖို့ဆိုတာ ယောင်လို့ပင်မတွေးရဲပါချေ။

ရေချိုးပြီးနောက် သူမသည် ကိုက်ရာ အမှတ်ရာများကို ဖုံးအုပ်၍ ထွက်လာလိုက်သည်။ သူမသည် ဒေါသတကြီးဖြင့် ထိုသင်္ဘောသားဝတ်စုံကို ခြေအိတ်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။

ထိုအခါ သူမ၏ကောင်လေးက ဖြတ်ထိုးဉာဏ်ရှိရှိဖြင့် သူမရဲ့ ဒေါသကိုဦးတည်ချက်ပြောင်းရန်အတွက် စကားလမ်းကြောင်းကိုအစပ်အဆက်မရှိပြောင်းပစ်တော့သည်။

 “မင်းဆံပင်ကို ဘာလို့ ညှပ်လိုက်တာလဲ” 

 သူမက "ရုပ်ရှင်ရိုက်ဖို့" ဟု ခပ်တိုးတိုးပြောလိုက်၏။

 “ဘယ်လို ဇာတ်ကောင်မျိုးလဲ”

 "မိန်းကလေး ကျောင်းသူဇာတ်ကောင်ကိုမှ ချစ်စရာကောင်းပြီး ခရုတီတွေရောင်းမယ့်လရောင်ဖြူလေး "

ထိုသို့ပြောပြီးနောက် စုယိသည် တစ်စုံတစ်ခုကို သတိရသွားသည်။ သူမသည် ဗီရိုဆီသို့ လျှောက်သွားကာ အပေါ်မှ သတ္တုသေတ္တာကို ထုတ်ယူရန် ခြေဖျားထောက်လိုက်သည်။ သူမအဖုံးကိုဖွင့်လိုက်သည့်အခါ ကတ်ကြေးအစုံနှင့် ခေါင်းဘီးပုံစံမျိုးစုံတို့ ပေါ်လာသည်။

ပုံမှန်ကတ်ကြေးတော့မဟုတ်ချေ။ ဆံပင်ညှပ်ဆရာတွေသုံးသည့် ပစ္စည်းမျိုးပင်။

 "ကျွန်မက နည်းနည်းပါးပါးတော့ ညှပ်တတ်တယ်"  

စုယိက ဉာဏ်များသည့်အပြုံးမျိုးပြုံးလိုက်သည်။  

"ရှင်ရော မညှပ်ချင်ဘူးလား ဒီနေ့ လမ်းပေါ်မှာ ဆံပင်က ခပ်တိုတိုပဲ ဒါပေမယ့် အချွန်လေးတွေထားထားတဲ့ ကောင်ချောလေးတစ်ယောက်ကိုတွေ့ခဲ့တယ် အရမ်းချစ်စရာကောင်းတာပဲ"

ချူယင်းက မျက်ခုံးပင့်၍ကြည့်လိုက်သည်။

 "ကောင်ချောလေး...ချစ်စရာကောင်းတယ်...ဘယ်အချိန် ဘယ်နေရာမှာလဲ"

 "ဒီနေ့ ကျွန်မနဲ့ ၀ူရွှယ် စပါးသွားတုန်းကတွေ့ခဲ့တာ"

ချူယင်းသည် သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဒဏ်ခတ်သည့်အနေဖြင့် ပါးပြင်ကို ကိုက်ပစ်လိုက်သည်။  

ဖြူဖွေးနူးညံ့နေသည့်အပြင် အရသာလည်းကောင်းသည်။ 

 "ကိုယ့်နောက်ကွယ်မှာ တခြားကောင်လေးတွေကို ကြည့်နေတယ်ပေါ့လေ ဟမ်..."

 "အေးဆေးလုပ်ပါ ကိုယ့်လူရယ် သူက ကျွန်မကို အားရီ [ ဒေါ်ကြီး ]လို့ခေါ်လိုက်တဲ့ အချိန်ကစပြီး ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာဖြစ်နိုင်ခြေမှမရှိတော့ဘူး”  

စုယိက အားရပါးရ ရယ်မောနေရင်းက သူနှင့်နည်းနည်းခွာခွာနေလိုက်သည်။ သူက တင်းတင်းကြပ်ကြပ်ဖတ်ထားတာကြောင့် လက်ထဲမှကတ်ကြေးဖြင့် သူ့ကို ထိခိုက်မိသွားမှာကြောက်လို့ပင်။

“ညှပ်မှာလား” 

 “ဟင့်အင်း ကိုယ်ကညှပ်တဲ့သူလုပ်မှာ”

ချူယင်းသည် သူမထံမှ ကတ်ကြေးကို ယူလိုက်သည်။  

"ကိုယ် မင်းကို ညှပ်ပေးမယ်"

သူမသည် သူ့ကိုအနိိုင်ကျင့်ရန်ကြံရွယ်လိုက်ပေမယ့် မြှားဦးကသူမဘက်သို့လှည့်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။

တစ်ဖက်ကဘေစင်ကို လက်ထောက်ထားပြီး ကျန်တစ်ဖက်က ဆံပင်ကို အတင်းပြန်ဖမ်းဆွဲထားလိုက်ရင်းမှ စိးရိမ်ကြောင့်ကြစွာဖြင့်မေးလိုက်သည်။

“ဘယ်လိုညှပ်ရမလဲရော သိလို့လား ဒီဆံပင်ပုံစံက ရုပ်ရှင်ရိုက်ဖို့ အတွက်နော်”

"သိပါတယ် ကိုယ်အရင်တပ်ထဲမှာနေတုန်းက တခြားသူတွေကို ညှပ်ပေးခဲ့ဖူးတယ်"

 စုယိ စိတ်ပူသွားသည်။ 

 "ဒါက crew cut စတိုင်လေ စစ်ကေနဲ့တူပါ့မလားလို့..."

 "ဆံပင်စတိုင်တွေအကုန်လုံးက သိပ်ထူးပြီးကွာပြားနေတာမျိုးမရှိပါဘူး" 

ချူယင်းသည် သူမ၏ ခေါင်းလေးကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်သည်။  

"မလှုပ်နဲ့ ထိမိသွားမယ်"

စုယိက ထိုစကားကိုကြားပြီးနောက် မလှုပ်ရဲတော့ချေ။ သူမသည် အသက်ရှူကြပ်သလိုပင်ခံစားလာရသည်။

ဆယ်မိနစ်ကြာပြီးနောက်...။

 “ဝါးးးးးးးးးး...”

စုယိသည် မှန်ကိုကြည့်ကာ အော်ငိုတော့သည်။

 “ကျွန်မဆံပင်တွေပြန်ပေး...၀ူး...ပြန်ပေးလို့...၀ူး...”

မှန်ထဲက လူတစ်ယောက်တွင် ဆံပင်က ဟိုအချွန်ဒီအထက် မညီမညာကြွက်ကိုက်ကေကိုပိုင်ဆိုင်ထားရုံသာမက ဆံပင်ရဲ့ ပျမ်းမျှအရှည်က မျက်ခုံးမွေးထက်သာ အနည်းငယ်ရှည်ပေသည်။

 စကားတစ်ခွန်းပဲဆိုရလျှင်- ရုပ်ဆိုးတယ်။

စာကြောင်းတစ်ကြောင်းဖြင့်ဆိုရလျှင်- ရုပ်ဆိုးရုံတင်မကဘူး၊ ရူးကြောင်ကြောင်နိုင်တဲ့ပုံလည်းပေါက်သေးတယ်။

ချူယင်းသည် ငြိမ်းချမ်းနေသည့်လေထုလေးကိုဖန်တီးချင်သဖြင့် ပေါ့ပေါ့ပါးပါး ချောင်းတစ်ချက်ဆိုးလိုက်သည်။ 

 "အဟမ်း တော်တော်ကြည့်ကောင်းတယ် တော်တော်လေးလည်းချစ်ဖို့ကောင်းတယ်"

 "ချစ်ဖို့ကောင်းတယ် ဟုတ်စ"  

စုယိ၏ အသည်းနုနုလေးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားချေပြီ။

 "ရှင့်ရဲ့ ခုခံနိုင်စွမ်းတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အခု အသုံးမဝင်တော့ဘူး ရှင့်ရဲ့ မသိစိတ်ထဲကနေ ငိုကြွေးနေတဲ့အသံတွေကို ကျွန်မကြားနေရတယ်"

ချူယင်းသည်လည်း ထိုသို့ဖြစ်မည်ဟု မမျှော်လင့်ထားချေ။ သူမထိုင်နေတုန်းက အတော်လေးကိုကြည့်ကောင်းနေပြီး မတ်တပ်ထရပ်လိုက်သည်နှင့် ချက်ချင်းပင်အခုလိုကြည့်ရဆိုးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

 သူ ခေတ္တစဉ်းစားပြီးနောက်ပြောလိုက်သည်။ 

 "-- မင်းဆံပင်ဆက်မယ်ဆိုရင်ရောဘယ်လိုမလဲ"

 စုယိတစ်ယောက် ထိုင်ငိုချင်လာပေပြီ။ 

 "ဒီလို ငုတ်စိဆံပင်ကိုဘယ်လို သွားဆက်ရမှာလဲ"

 "ဟုတ်ပါပြီကွာ"  

ချူယင်းက သူမကို နှစ်သိမ့်ပေးသည်။

 "ကိုယ် မင်းကို ဘယ်လိုပုံပဲဖြစ်ဖြစ်ကြိုက်တယ်"

 "ဒါပေမယ့် ကျွန်မ ရှင့်ကို မကြိုက်ဘူး"

ထို့နောက် စိတ်တိုနေသည့် စုယိတစ်ယောက် အကူအညီရှာရန် လုပ်တော့သည်။ 

ဖြစ်စဥ်အစအဆုံးပြောပြီးနောက်၊ ၀ူရွှယ်သည် ၃ စက္ကန့်အကြာ အံ့သြသွားပြီးနောက် ငါးမိနစ်ခန့်ကြာအောင် အသည်းအသန်ရယ်မောနေလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

 "နင့်ဆံပင်တွေက ခွေးကိုက်ထားတာလား ဟားဟား ဟားဟားဟား...ဘာလို့.အဲ့လောက်တောင် သောက်ရမ်းမိုက်နေရတာလဲ ဟားဟားဟား"

စုယိ : "—"

၀ူရွှယ်သည် အားရပါရ ရယ်မောမိတာကြောင့် မျက်ရည်များပင် ဝဲလာသည်။ သူမက မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်းမှပြောလာ၏။

 “နင်ပုံစံက ဘယ်လိုဖြစ်သွားရတာလဲ လက်ချော်သွားလို့လား ဆံပင်အလှပြင်ဆိုင်မှာ သင်ခဲ့တဲ့နည်းပညာတွေက ဘယ်ရောက်ကုန်တာလဲ မြောင်းထဲလား”

စုယိ " ဒီဆံပင်က ချူယင်းညှပ်ပေးတာ"

ထိုသို့ပြောလိုက်သည့်အချိန်တွင် အမျိုးသားက သူမနောက်က ဖြတ်သွားပြီး ဖုန်းစခရင်ကို ပေါ့ပေါ့ပါးပါးအကြည့်လေးဖြင့် စိုက်ကြည့်လိုက်သည်။

၀ူရွှယ်သည် ချက်ချင်းပင် လေးနက်တည်ကြည်သည့်မျက်နှာပုံဖမ်းလိုက်သည်။  

“ပြောမယ့်သာပြောရတာ ဒိဆံပင်စတိုင်က အရမ်းမိုက်တယ်လို့ ငါတော့ထင်တယ် ပုံမှန်မဟုတ်ပေမယ့် တကယ့်ကိုတီထွင်ဖန်တီးနိုင်စွမ်းရှိတယ်”

စုယိက 'ကျစ်' တစ်ချက်စုပ်သပ်လိုက်သည်။

 "နင်တော့ အာဏာနဲ့ ရွှေကြောင့် ကန်းသွားပြီ"

နောက်ဆုံးတွင် သူမ၏အကူအညီတောင်းခံမှုသည် လေကုန်အာညောင်းပြီး အချည်းနှီးသာဖြစ်သွားခဲ့ရသည်။  

စုယိသည် ဆံပင်အတုကို စမ်း၀တ်ထားပြီး မှန်ကိုသာ စိတ်ပျက်လက်ပျက် ကြည့်နေလိုက်သည်။

ထုပ်ပိုးပြီးနောက် ချူယင်းသည် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။  

"မင်း အလှပြင်ဆိုင်မှာ အလုပ် လုပ်ဖူးတယ်လား"

 "ဟုတ်တယ် ကျွန်မအဲဒီမှာ အလုပ်လုပ်တာ သိပ်မကြာလိုက်တော့ အစွန်းအဖျားလေးတွေကို ဖြတ်တဲ့နည်းလောက်ကိုပဲ သင်ခဲ့ရတယ်"

ချူယင်းသည် လက်တစ်ဖက်ကိုဆန့်ထုတ်၍ သူမနဖူးပေါ်သို့ကျလာသည့် ဆံပင်တွေကို သပ်တင်ပေးရင်း ရုတ်တရက် မေးလိုက်သည်။

 “ဒီအကြောင်းတွေ ကိုယ့်ကိုပြောပြချင်လား” 

အရင်က စုယိသည် သူမ၏အတိတ်အကြောင်းပြောပြရခြင်းကို မကြိုက်ကြောင်း သူခံစားရသဖြင့် သူမကို မမေးခဲ့ဖူးချေ။ သို့ပေမယ့် လူတစ်ယောက်ကို ပိုပို သဘောကျလာလေလေ၊ သူ့အကြောင်းကို ပိုသိချင် ပိုသိနားလည်ချင်လာပေသည်။

စုယိသည် သူက ဒီကိစ္စကို အစဆွဲထုတ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အစဦးတုန်းကတော့ သူမက အတန်ကြာတိတ်ဆိတ်သွားပြီး၊ နောက်တော့ ဖြည်းဖြည်းချင်း သူ့ပခုံးပေါ်သို့ မှီချလိုက်သည်။

 "ကျွန်မ သိပ်အကောင်းကြီးတော့ နေထိုင်ခဲ့ရတာ မဟုတ်ဘူး ရှင်ကြားချင်သေးရဲ့လား"

 "အင်း ကိုယ့်ကိုပြောပြပေးနိုင်မလား"

သူမသည် မည်သည့်နေရာမှ စတင်ပြောပြရမလဲဆိုတာကို စဉ်းစားနေရသဖြင့် ခဏလောက်ရပ်လိုက်သည်။ 

 “ကျွန်မက အရမ်းဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားခဲ့တယ်အကြောင်းအရင်းတစ်ချို့ကြောင့် အဲ့ဒီမိသားစုကို မနှစ်သက်ခဲ့ဘဲ အမြဲတမ်း ထွက်ပြေးသွားချင်ခဲ့တယ် နည်းမျိုးစုံနဲ့ ကြိုးစားပြီးနောက် အသက် ဆယ့်ငါးနှစ်အရွယ်မှာ မြို့ထဲက အထက်တန်းကျောင်းကို အောင်အောင်မြင်မြင်နဲ့ တတ်ရောက်ခွင့်ရသွားတယ်”

 “ကျွန်မက ပညာရေးမှာ ရလဒ်ကောင်းတွေ ရခဲ့လို့ ကျောင်းက ကျွန်မရဲ့ စာသင်စားရိတ်ကို လျှော့ပေးလိုက်တယ် စာအုပ်ဖိုးတွေလောက်ပဲတောင်းတယ် ဒီ့ထက် ဘာညာကြေးမှပိုမတောင်းဘူး နောက်တော့ ကျွန်မ အကြာကြီး ခြစ်ခြစ်ကုပ်ကုပ်စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့အတူ အဲဒီအိမ်ကနေ ထွက်လာခဲ့လိုက်တယ်”

 “ဒါပေမယ့် အဲဒီအိမ်က ထွက်သွားရင်တောင် ဆင်းရဲတွင်းထဲကနေ မထွက်နိုင်သေးဘူးဆိုတာ ကျွန်မ သိလိုက်ရတယ် အဲဒီ့အချိန်တုန်းက အပိုဝင်ငွေရဖို့အတွက် အလုပ်အမျိုးစုံ လုပ်ခဲ့ရတယ် စားပွဲထိုးလည်းလုပ်ဖူးသလို လမ်းဘေးမှာ အထည်တွေလည်းရောင်းဖူးတယ် ဆံပင်ညှပ်ဆိုင်မှာလည်း လုပ်လိုက်သေးတယ်… ရှင်းရှင်းပြောရရင် ကျွန်မရသမျှအလုပ်အကုန်လုပ်တယ် အဆိုးထဲကအကောင်းလို့ပဲပြောရမလား အဲဒီတုန်းက အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေကို ဘယ်သူမှ သိပ်အလုပ်မခန့်ချင်ကြတော့ ကျောင်းဆက်တတ်ဖြစ်ရင်း ကျောင်းပြီးသွားတယ် ဒါပေမယ့် ကျွန်မ အလုပ်အရမ်းမဲလုပ်လိုက်တော့ ရလဒ်တွေ အဆင့်တွေအများကြီး ကျသွားခဲ့ပြီး နောက်ဆုံးတော့ ဒုတိယအဆင့် တက္ကသိုလ်ကိုပဲ တက်ခွင့်ရလိုက်တယ် ဒါပေမယ့် ကျွန်မကတော့ အတော်လေးကိုကျေနပ်တယ်ရယ်"

 “ဒါပေမယ့် ကျောင်းစရိတ်က အရမ်းဈေးကြီးတယ် ကျွန်မလည်းဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ နောက်ကျတော့ ကျွန်မအလုပ်လုပ်နေတဲ့ နေရာမှာ အမျိုးသမီးကြီးတစ်ယောက်က ကျွန်မကိုတွေ့ပြီး အရမ်းကြည့်ကောင်းတယ် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ချင်လားလို့ မေးလာတယ် ကျွန်မလည်း လက်ရှိအခြေအနေကနေ ရုန်းထွက်ချင်တာကြောင့် ချက်ချင်းပဲသဘောတူလိုက်ပြီး သူမကို ပြန်ပေးဆပ်ဖို့အတွက် တစ်နှစ်ခွဲကျော်လောက် အလကားဖရီးအလုပ်လုပ်ပေးလိုက်ရတယ် ဒါပေမယ့် သူမက ပိုပိုပြီးကမ်းတတ်လာတယ် ဟိုဟာ ဒီဟာတွေလုပ်စေချင်လာတယ် ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် စာချုပ်ကို ဖျက်သိမ်းပစ်ဖို့ တောင်းဆိုလိုက်တယ် အဲဒီတုန်းက စာချုပ်စာတန်းတွေက သိပ်မတင်းကြပ်သေးဘူးဆိုတော့ ရော်ကြေးက သိပ်တော့ မမြင့်ဘူး… ဒါပေမယ့် ဘယ်လောက်ပဲ နည်းနေပါစေ ကျွန်မမှာတော့ ပေးစရာမရှိဘူးလေ အဲ့ဒီအချိန်မှာပဲ ၀ူရွှယ်ပေါ်လာခဲ့တယ် သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကလည်း အတော်လေးကိုခက်ခဲနေတဲ့အပြင် သူမလက်အောက်မှာ နာမည်ကြီးအနုပညာရှင်တွေဘာညာလည်း မရှိဘူးလေ တစ်ယောက်နဲ့တစ်ယောက် အဖြတ်အပျက်တစ်ချို့ကြောင့်စုံခဲ့ရပြီး သူမက ကျွန်မကို ခေါ်ထုတ်သွားနိုင်ဖို့အတွက် ကုမ္ပဏီကိုပေးရမယ့် ရော်ကြေးကိုကျွန််မအစားပေးပေးတယ်လေ"

သူမက ခေတ္တရပ်လိုက်ပြီး အပြုံးလေးဖြင့်ဆက်ပြောလိုက်သည်။

 “နောက်ဆုံးတော့… စုယိဆိုတဲ့ ကျွန်မဖြစ်လာတယ်လေ ဒါပေမယ့် ကျွန်မသာ နာမည်ကြီးမဖြစ်ဘဲ ပိုက်ဆံသာအများကြီးမရှာနိုင်ခဲ့ရင် ၀ူရွှယ်က ကျွန်မကို နုတ်နုတ်ဆင်းပစ်မယ်လို့ ကျွန်မတော့ထင်တယ်"

လေထုကို ပေါ့ပါးစေရန်အတွက် သူမသည် အရွှန်းဖောက်၍ ဟာသတစ်ခုဖြင့် အဆုံးသတ်လိုက်သည်။

သို့သော် ချူယင်းသည် ရယ်စရာကောင်းသည်ဟုမခံစားရပေ။ သူမကို ပွေ့ဖက်ထားရင်း တစ်စုံတစ်ခုကို ပြောချင်လာသဖြင့် သူ့ နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်ပေမယ့်နောက်ဆုံးတွင် မည်သည့်စကားကိုမှမဆိုတော့ဘဲ တင်းတင်းကျပ်ကျပ်သာ ဖက်ထားပစ်လိုက်သည်။

စုယိသည် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ 

သူမက သူ့ပါးကို အားရပါးရဆွဲညှစ်ပစ်ရင်း စကားဆိုလိုက်သည်။

 "အဲ့ဒါတွေက အတိတ်ကကိစ္စတွေပါ အခုက ပစ္စုပ္ပန်မှာ ဘဝကို ရှင်သန်နေတာ မဟုတ်ဘူးလား ပြီးတော့ ကြိုးစားမှုနဲ့ထိုက်တန်တယ်ဆိုပြီး အခုကောင်းကင်ဘုံက ကျွန်မကိုဆုချပေးတယ်မဟုတ်ဘူးလား" 

သူမက သူ့ကိုစူးစိုက်ကြည့်ပြီးပြောလိုက်သည်။ 

 “အရမ်းကိုအံ့သြစရာကောင်းတဲ့ ဆုလာဘ်”

ချူယင်းသည် သူမ သူ့ပါးကို ဆွဲညှစ်ထားတာကို ခွင့်ပြုထားပြီး သူမရဲ့ လှုပ်ရှားမှုတွေနောက် ကိုယ်ချင်းပူးကပ်၍ လိုက်ယိမ်းနေလိုက်သည်။

 '…သူက သူမရဲ့ ဆုလာဘ်တဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူမကသာ သူ့အတွက် တန်းဖိုးကြီးတဲ့လက်ဆောင်လေး ဖြစ်နေတာ ရှင်းနေတာကို..

 ကောင်းပြီလေ နောင်အနာဂတ်မှာ သူမအတွက် ဆုလာဘ်တွေအများကြီး အများကြီး သူ ပေးပစ်မယ်...'