အပိုင်း ၈၃
Viewers 12k

Chapter 83

 မင်းနဲ့အတူ။

အရာအားလုံးကို ဖြေရှင်းပြီးနောက် စုယိလုပ်သည့် ပထမဆုံးအရာမှာ ရွှေ့ပြောင်းခြင်းပင်ဖြစ်သည်။

ချူယင်းက ဘာကိုမှ မမေးချေ။ ထိုနေ့မှာပဲ သူက ပစ္စည်းတွေထုပ်ပိုးသိမ်းဆည်းပြီး သူ့ရဲ့ဗီလာလေးဆီသို့ သူမကို ပြန်ခေါ်သွားသည်။ နှစ်ပေါင်းများစွာ တစ်နေရာတည်းမှာ အကြာကြီး နေခဲ့ရတာဖြစ်လို့ ဗြန်းစားကြီးထုပ်ပိုးသိမ်းဆည်းရတာက သိပ်အဆင်မပြေချေ။ အရာအားလုံးကို ပြောင်းရွှေ့နိုင်ဖို့ သူမ တစ်ရက်လောက် အချိန်ယူလိုက်ရသည်။

ချူယင်း အိမ်သို့ပြန်ရောက်သည်နှင့် ချက်ချင်း ရေချိုးပြီး အိပ်ယာတန်းဝင်လိုက်သည်။ ဤရက်အတောအတွင်း သူမ အရမ်းပင်ပန်းနေပြီဖြစ်သည်။

အိပ်မောကျလုနီးနီးတွင် ၀ူရွှယ်ထံမှ ဖုန်းဝင်လာသည်။

သူမ၏ နုန်းချိနွမ်းလျနေသည့် အသံကိုကြားသည့်အခါ ၀ူရွှယ်ကဆိုသည်

 "...ငါ နင်အိပ်နေတာကို နှောင့်ယှက်မိသွားလား"

 "မဟုတ်ပါဘူး ငါမအိပ်ရသေးဘူး ဘာဖြစ်လို့လဲ"

 "အခုချိန်မှာ ငါဒီလို မပြောသင့်ဘူးဆိုတာ သိပေမယ့် နင့်ကို မေးသင့်တာကတော့မေးရမှာပဲ နင်ဘယ်တော့ရိုက်ကွင်းကိုပြန်လာမှာလဲ"  

၀ူရွှယ်က ခဏရပ်လိုက်သည်။

 “နင်က ဇာတ်ဆောင်မင်းသမီးလေ နင်မရှိရင် သူတို့အတွက် ဇာတ်ကားဆက်ရိုက်ဖို့ ခက်ခဲတယ်လေ ချန်းယန်က ငါတို့ကို မလောပေမယ့် ငါတို့ဘက်ကလည်း အလိုက်သိပေးမှဖြစ်မှာလေ ဟုတ်တယ်မလား"

 "ငါသိပါတယ် မနက်ဖြန်ပြန်လာမယ်ဆိုတာ ငါနင့်ကိုပြောဖို့မေ့နေတာ"

 "မနက်ဖြန်လား အရမ်းမြန်မနေဘူးလား"

စုယိသည် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးကို အသာအယာ ဆွဲတင်လိုက်သည်။ 

"ငါ့ကို အလုပ်လုပ်ဖို့ လောနေတဲ့သူကလည်း နင်ပဲ ငါစောစော အလုပ်ပြန်လာလုပ်တာကို မကျေနပ်တဲ့သူကလည်း နင်ပဲ"

 "ငါအတည်ပြောနေတာ နင် နောက်ထပ် ရက်နည်းနည်းပါးပါးလောက် ထပ်အနားယူလို့ရသေးတယ် ငါတို့ တစ်ရက်နှစ်ရက်လောက် ထပ်ပျက်လို့ ဘာမှဖြစ်မှာမဟုတ်ဘူး"

 "မလိုဘူး ရတယ် ငါ့လည်း ဘာမှထွေထူးလုပ်စရာမှရှိမနေတာ"

 ၀ူရွှယ်က ခေါင်းညိတ်လိုက်သည်။  

"ဟုတ်ပြီလေ ဒါဆို မနက်ဖြန် ငါ နင့်ကို လာခေါ်မယ် ဟုတ်သားပဲ နင် ငါကို အိမ်ပြောင်းမယ်လို့ပြောသလားလို့ ဘယ်နေ့ရွှေ့မှာလဲ ငါလာကူညီပေးမယ်"

 "ငါပြောင်းလို့ပြီးပြီ ငါ အခု ချူယင်းရဲ့အိမ်မှာ ငါ နင့်ကို လိပ်စာ ပို့ပေးလိုက်မယ် မနက်ဖြန် ဒီကို လာခေါ်"

 "---- နင့်ရဲ့အရာရာကို အချိန်တိုအတွင်း ပြီးမြောက်အောင် လုပ်တတ်တဲ့ အစွမ်းကို ငါတကယ်လေးစားတယ်သိလား"

 "တစ်ခြားကိစ္စရှိသေးလား"

 "မရှိတော့ဘူး မနက်ဖြန်မှတွေ့မယ်"  

တစ်ဖက်မှသူကဖုန်းချတော့မည်ဖြစ်၏။

 “ခဏလေး...”  

စုယိက သူမကို လှမ်းတားလိုက်သည်။  

"နောက်ဆို စုချင်က နင့်ကိုလာရှာရင် လျစ်လျူသာရှုထားလိုက်ပါ"

 "အိုခေ ငါသိတယ် နင်အေးဆေးသာနေ"

ဖုန်းပြောပြီးသွားချိန်တွင် ချူယင်းသည်လည်း စာကြည့်ခန်းထဲမှ ပြန်လာပေ၏။

စုယိက သူမဖုန်းကို ဘေးသို့ဖယ်ချထားလိုက်ချိန်တွင် ထိုလူးသားက ကုတင်ပေါ်တက်လာပြီး နောက်ကနေ သူမခါးကို ပွေ့ဖတ်လိုက်သည်။

 "အိပ်တော့"

စုယိသည် သူ့ဘက်သို့လှည့်ကာ သူ့လည်ပင်းတွင် ပွတ်သီးပွတ်သပ်လုပ်ပြီးနောက် သူမအတွက် အလုံခြုံဆုံးလို့ ခံစားရသည့် အနေအထားကို ရှာဖွေလိုက်သည်။

"ဒီရက်အတောအတွင်း ရှင် ကျွန်မနဲ့အတူ ဟိုဒီလိုက်ပေးနေခဲ့တာ အခုတော့ ရှင် အလုပ်များနေပြီမလား"

 “ကုမ္ပဏီက ကိုယ်မရှိလို့ ဒေ၀ါလီခံသွားမှာမဟုတ်ဘူး အရင်တုန်းကတော့ ရာထူးကို လက်လက်ဆတ်ဆတ်လက်ခံခါစဆိုတော့ နည်းနည်း ဒုက္ခများတာပေါ့ အခုတော့ အရင်လောက်အလုပ်မရှုပ်တော့ပါဘူး"  

ထို့နောက် သူကထပ်ပြောသည်။

 “ကိုယ်က မင်းနဲ့သာဆိုရင် အချိန်မရွေး နေရာမရွေး လျှောက်သွားနိုင်တယ်” 

 စုယိ ခေါင်းညိတ်လိုက်သည်။

 ချူယင်းက သူမခေါင်းလေးကို ပွတ်သပ်လိုက်သည်။ 

 "နှစ်သစ်ကူးကို ကိုယ်နဲ့အတူ အိမ်လိုက်ခဲ့"

 အခန်းသည် ရုတ်တရက် အကြာကြီး တိတ်ဆိတ်သွားသည်။

စုယိက သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး - "တင်းစီရင်စုမှာ ရိုးရာတစ်ခုရှိတယ် နွေဦးကာလအတွင်း ကိုယ့်မိသားစုထဲကတစ်ယောက်ယောက်အတွက် အဖြူရောင်အင်္ကျီ၀တ်ပေးလိုက်ရရင် သူတို့က လပြက္ခဒိန်ရဲ့ နှစ်ကူးမရောက်ခင်အထိ သူများအိမ်ကိုသွားလည်ပတ်ခွင့်မရှိဘူးတဲ့ မဟုတ်ရင် တခြားသူတွေကိုပါရောပြီးကံဆိုးစေတတ်တယ်တဲ့"

 [ E/N - အဖြူရောင်၀တ်စုံသည် အသုဘအခမ်းအနားကို ရည်ညွှန်းပြီး၊ အနီရောင်၀တ်စုံသည် မင်္ဂလာဆောင်ကို ရည်ညွှန်းသည်။]

သူမသည် အယူသည်းတတ်သူမျိုး မဟုတ်ပေမယ့်လည်း ယခုအချိန်ကာလလေးတွင် ရှောင်ပေါင်အတွက် တစ်ခုခုလုပ်ပေးချင်မိသည်။ ဤသည်က အပေါ်ယံ ကိစ္စ တစ်ခုလောက်သာ ဖြစ်နေခဲ့ရင်တောင်မှပေါ့။

ချူယင်းက ချက်ချင်းပင် သဘောတူပေးပြီး သူမကို အတင်းအကြပ်မလုပ်ချေ။ 

 "ကိုယ်သိပြီ အရင် အိပ်လိုက်ဦး"

 **

အစဦးတုန်းကတော့ ၀ူရွှယ်သည် သူမတူလေး ဆုံးပါးသွားတာကြောင့် စုယိတစ်ယောက် ထိခိုက်သွားမှာကို စိုးရိမ်နေခဲ့ရသည်။

သို့ပေမယ့် သူမပူပန်နေခဲ့ရသည့်သူက စောစောရောက်လာရုံသာမက အရင်ကထက်တောင် ပိုအလုပ်ကြိုးစားလာတော့သည်။

 သူမနှင့် တွဲလုပ်နေသည့် တစ်ဖက်မှမင်းသားက NG မဖြစ်သ၍ များသောအားဖြင့် Scenesတွေ အကုန်လုံးကို ပထမအကြိမ် ရိုက်ကူးပြီးသည်နှင့် ချက်ချင်းပင် ပြီးမြောက်သွားသည်။ သူမသည် ထူးချွန် ထက်မြတ်သည့် သရုပ်ဆောင်တစ်ယောက်အဖြစ် နေထိုင်ရန် တကယ်ကြီးကို ရည်ရွယ်ထားပုံရသည်။

နောက်တစ်Scenes ရိုက်ကူးပြီးနောက် စုယိသည် သူမဘေးတွင်ထိုင်ကာ ရေနွေးကြမ်းပူပူလေးကို မှုတ်သောက်လိုက်သည်။

 "နင်နှစ်သစ်ကူးမှာ ချူယင်းရဲ့ အိမ်ကို လိုက်သွားမှာလား ဒါမှမဟုတ် ငါ့ အိမ်ကိုလာမှာလား ဆိုတာ ဆုံးဖြတ်ပြီးသွားပြီလား"

 စုယိက အသာ ရယ်လိုက်သည်။  

"နင်ပြောနေတဲ့ပုံကလည်း မသိရင် - ငါက မွေးစားမယ့် မိဘတွေကိုရွေးနေတဲ့ ကလေးကျနေတာပဲ"

 "ဘာအဓိပ္ပါယ်မရှိတာတွေလျှော်ပြောပြန်တာလဲ ဒီနှစ်လည်း ငါ့အမေက နင့်အကြောင်းပဲပြောနေတာ ဒီလိုလုပ်ရအောင်လ ငါတို့ မီးရှူးမီးပန်းတွေ ဝယ်ပြီး ကစားကြမလား"

 "ငါ မီးရှူးမီးပန်းတွေနဲ့တော့မယ် ဒါပေမယ့် ငါ နင့်ရဲ့အိမ်ကိုတော့ မလိုက်တော့ဘူး"  

စုယိကဆိုသည်။

 "ဒီနှစ်တော့ ငါတစ်ယောက်တည်းပဲ ကစားမယ်"

 "ဘယ်လို"

စုယိက သူမပုခုံးကို သိုင်းဖက်လိုက်သည်။ 

“ဒီမမလေးက နှစ်သစ်ကူးကို တစ်ယောက်တည်း ဖြတ်သန်းမယ်လို့ ပြောတာ ချွန်း၀မ် ကြည့်ပြီး ဟော့ပေါ့စားမယ် ငါနဲ့အသားပြိုင်လုမယ့်သူလည်းမရှိဘူး တွေးကြည့်ရုံနဲတင် အတော်လေးပျော်စရာကောင်းနေပြီ”

 [ E/N - သုံးဆယ်မြောက်နေ့မှစ၍ နံပါတ်စဥ်ရေတွက်သည့်အချိန်အထိ လူတိုင်းကြည့်ရှုလေ့ရှိသော ရှိုးပွဲဖြစ်သည်။ ]

နှစ်ယောက်သား အကြာကြီးငြင်းခုံခဲ့ကြပေမယ့် နောက်ဆုံးတွင် ၀ူရွှယ်သည် သူမကို အနိုင်မယူနိုင်သဖြင့် လက်လျှော့လိုက်ရသည်။

 "နင်မလာချင်ဘူးဆိုရင်လည်း ရပါတယ် ဒါပေမယ့် နင်တစ်နေရာရာသွားချင်တယ် ဒါမှမဟုတ် တစ်ခုခုဝယ်ချင်တယ်ဆိုရင် ငါ့ကိုဖုန်းအရင်ကြိုဆက်ရမယ်နော် ဟုတ်ပြီလား”

စုယိ ခေါင်းညိတ်လိုက်သည်။  

"ဟုတ်ကဲ့ပါရှင့်"

 "ဟုတ်သား" 

၀ူရွှယ်ကမေးလိုက်သည်။

"နင် အခုတလော Weibo သိပ်မသုံးဖြစ်ဘူးမလား"

 "မသုံးဖြစ်ဘူး ဘာလို့လည်း ငါ ဆိုက်ဘာဘူလီ ခံရပြန်ပြီလား"

 "မဟုတ်ပါဘူး ဒါပေမယ့် နင်တင်းစီရင်စုကို သွားနေတုန်းက ယန်ရော့လင်တစ်ယောက် သူမရဲ့ အသားအရည်အစစ်တောင် မကျန်တော့ဘူးဆိုပြီး သတင်းကြီးထွက်လာတယ်လေ"

 “ဘာလဲ သူမကိုယ်သူမ အမွှန်းတင်ဖို့အတွက် ပေါပေါပဲပဲမန့်တွေငွေပေးပြီးရေးခိုင်းပြန်တာလား”

 "ဒီတစ်ခေါက်တော့ မတူဘူး"  

၀ူရွှယ်သည် သူမ၏ Weibo ကိုဖွင့်ပြီး သူမကြည့်ရန်အတွက် သတင်းတချို့ကို ရှာပေးလိုက်သည်။

 "နင်မြင်တဲ့အတိုင်းပဲ သူမရဲ့ဘွဲ့ကငွေနဲ့ဝယ်ထားရုံတင်မကဘူး မျက်နှာကိုလည်းခွဲစိတ်ပြုပြင်ထားတယ် Weibo ပရိသတ်တွကလည်း လုံး၀အတုတွေ သူမနဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခဲ့တဲ့ လူအနည်းစုက သူမကို စနိုက်မလို့လည်း ထုတ်ပြောလာကြတယ်”

စုယိက ထိုသတင်းကို တစ်ချက်သာကြည့်လိုက်သည်။

၀ူရွှယ် "နင်ပုံစံက ဘာလို့ အံ့သြတဲ့ပုံမပေါက်တာလဲ"

 "မျှော်လင့်ထားပြီးသားပဲလေ"  

စုယိက နောက်သို့မှီချလိုက်သည်။  

“ဒီတစ်လျှောက်လုံး သူမကို အတုအယောင်မကြီး လမ်းပတ်လျှောက်နေတယ်လို့ပဲမြင်နေခဲ့တာ အခုလို ပြုပြင်ပြောင်းလဲတာမျိုးက အနုပညာရှင်တွေ သူတို့အလုပ်အတွက် မဖြစ်မနေလုပ်ရတာမျိုးလောက်ပဲရှိမယ်ထင်နေခဲ့တာ”

 "သူမကိုယ်သူမ အမွှန်းတင်ဖို့ သုံးလိုက်တဲ့ ပိုက်ဆံက အခုသူ့မျက်နှာသူ ပါးပြန်ရိုက်ဖို့ သက်သေဖြစ်သွားပြီ- ယန်ရော့လင်ရဲ့ လက်ရှိဖီလင်ကို ငါတကယ်သိချင်စမ်းတယ် " 

၀ူရွှယ်သည် ဖိုင်တွဲအနည်းငယ်ကိုထုတ်ပြီး စုယိထံ ကမ်းပေးရင်း အာပေါင်ရင်းသန်သန်ပြောနေတော့သည်။ 

စုယိက ယူလိုက်သည်။  

"အဲဒါဘာလဲ"

 “ဇာတ်ညွှန်း မနေ့ကမှ ငါရခဲ့တာ အစကတော့ ငါ နင့်ကို မပေးဘဲထားမလို့ နင်ပဲ စစ်သားမိန်းမနေရာကသရုပ်ဆောင်ချင်တယ်ဆို ဒီဇာတ်ကောင်က ဒုတိယ အမျိုးသမီး ဇာတ်ဆောင်ဆိုမေယ့်သူမအတွက် screen time အရမ်းများသလို အကောင်းဘက်ဆောင်တဲ့ ပုံရိပ်လည်းရှိတယ် ဒီဇာတ်ညွှန်းထဲက သရုပ်ဆောင်တွေအကုန်လုံးက တကယ့်ဆရာ့ ဆရာကြီတွေချည်းပဲ ဒါကိုရဖို့ ငါ့မှာ အများကြီး ကြိုးစားလိုက်ရတယ်”

 "ရှောင်ရွှယ်"  

စုယိက ဇာတ်ညွှန်းကို ဘေးသို့ထားလိုက်သည်။

 "ဒီဇာတ်ကားပြီးရင် ငါသုံးလလောက် အနားယူချင်တယ်"

၀ူရွှယ်က အနည်းငယ် အံ့သြသွားသည်။ 

 "အဲ့လောက်အကြာကြီး...လား"

 "ဟုတ်တယ် ငါနည်းနည်းပင်ပန်းနေလို့ အားပြန်သွင်းဖို့အတွက် ကောင်းကောင်းအနားယူချင်တယ်"  

သူမက အလေးအနက်ထား၍ပြောလိုက်သည်။

 "ကာဗာဓာတ်ပုံ ဘာညာတောင် ငါမရိုက်ချင်ဘူး ရတယ်မလားဟင်"

 "ရပါတယ် ဒါ နင့်ရဲ့လွတ်လပ်ခွင့်ပဲကို"

 "ဒါဆို နင်ကရော"

စုယိမေးလိုက်သည်။  

 "နင် အပျင်းတစ်နေတာ နှစ်၀က်လောက်ရှိနေပြီ နင့်မှာ ငါ့အပြင် အနုပညာရှင်တစ်ယောက်မှမရှိတာ အဆင်ပြေပါ့မလား"

 "နင့်စကားက ဘာစကားကြီးလဲ အနည်းဆုံးတော့ ငါကလက်ထောက်တွေထက်တော့လစာပိုရပါသေးတယ်”

 စုယိက အသာပြုံးလိုက်ပြီး ခေါင်းသာယမ်းလိုက်တော့သည်။

...

ချူကော်ပိုရေးရှင်း၏ ရုံးခန်းထဲ၌။

ချူယင်း၏ရုံးခန်းစားပွဲပေါ်တွင် ဓာတ်ပုံတစ်ပုံတစ်ပုံ ရှိနေပေသည်။

ပထမဓာတ်ပုံတွင် အမျိုးသမီးတစ်ဦးသည် သူမဒူးကိုပွေ့ပိုက်ထားရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ငိုနေသည်။ ချူယင်းသည် ဓာတ်ပုံကို လက်ချောင်းထိပ်ဖြင့် အပေါ်အောက်ခပ်စစထိနေပြီး၊ နောက်ဓာတ်ပုံတွင် သူပင် ပါ၀င်နေပြီး သူနဲ့စုယိတို့ တင်းစီရင်စုသို့သွားသည့်အချိန်တွင်ရိုက်ထားသည့်ပုံဖြစ်သည်။ သူမသည် သူမရဲ့သေတ္တာလေးကို ပွေ့ဖက်ထားပြီး အတော်လေးကို ပင်ပန်းနွမ်းနယ်နေပုံပေါက်နေသည်။

သူ့ရှေ့တွင် ရပ်နေသည့် လက်ထောက်က ပြောလိုက်သည်။

 “ဒါရိုက်တာချူ ဒါတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မီဒီယာတစ်ခုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပါ အဲဒါတွေ အကုန်ဝယ်ထားပြီးပါပြီ”

 “အင်း ဘယ်မီဒီယာက ရိုက်ယူထားတာလဲ"

လက်ထောက်က နာမည်စာရင်းကိုပေးသည်။  

“အရင်တုန်းက ဒီမီဒီယာက မိန်းကလေးစုကို နောက်ယောင်ခံလိုက်ဖူးပါတယ် လျန့်ပေါ နဲ့ အရင်က အရှုပ်တော်ပုံတွေကိုလည်း အဲ့ဒီမီဒီယာကပဲ အမြန်ဆုံးနူန်းနဲ့ သတင်းတင်ပစ်တဲ့သူတွေပါ သူတို့မှာ ဓာတ်ပုံအထောက်အထားတွေ အတော်များအများရှိနေပါတယ်”

ချူယင်းက စားပွဲကို ပေါ့ပေါ့ပါးပါး တစ်ချက်ရိုက်လိုက်ပြီးနောက် မပြောင်းလဲသည့် သူ့မူပိုင် မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

 "ငါတို့လက်ထဲကဟာတွေက မူရင်းတွေဆိုတာ မင်းသေချာလား"

 "ဟုတ်ကဲ့ စာချုပ်ချုပ်ဆိုပြီးပါပြီ"

 "ကောင်းပြီ ငါတို့ကုမ္ပဏီက နာမည်ကြီးတွေရဲ့ အရင်က မဟုတ်မမှန်သတင်းတွေ အကုန်လုံးကို တင်တဲ့ မီဒီယာတွေကို စစ်ဆေးကြည့်ရအောင်" 

ချူယင်းက ဓာတ်ပုံတွေကို စုစည်းပြီး သူ့လက်ပ်တော့အိတ်ရဲ့ အပြင်ဘက် အိတ်ထဲသို့ ထည့်လိုက်သည်။ 

 "ထုတ်ပြန်လိုက် သူတို့ကို တရားစွဲမယ်"

 **

မကြာသေးမီက အွန်လိုင်းသတင်းအပုပ်အပွများမှာ အလွန်များပြားနေခဲ့သည်။

ယန်ရော့လင်၏ သမိုင်းကြောင်းကို လူတွေက သူမရဲ့ ချမ်းသာတဲ့နောက်ခံကြောင့် ပို၍ဦးစားပေးပြောလာကြသည်။

သူမရဲ့ ရည်းစားဟောင်းစာရင်းထဲတွင် နိုင်ငံရပ်ခြားက နာမည်ကြီး နှစ်ယောက်တောင် ပါဝင်နေသေးသည်။ နောက်ဆုံးတွင် အင်တာနက်အသုံးပြုသူများသည် နိုင်ငံရပ်ခြားမှ နာမည်ကြီးအနုပညာရှင်နှစ်ဦး၏ ဆိုရှယ်မီဒီယာအကောင့်များကို ရှာဖွေ တွေ့ရှိခဲ့ကြပြီး ယင်းတို့အနက်မှ တစ်ဦးရဲ့ လက်ရှိချစ်သူသည် သူ့ကောင်လေး၏အကောင့်ကိုသုံး၍ ယန်ရော့လင်တစ်ယောက် သူမကောင်လေးကိုနောက်ထပ် လာမနှောင့်ယှက်ရန် စာတင်ထားပေသည်။

ယန်ရော့လင်သည် ရယ်မောပြီး ပြန်လှောင်ပြောင်ခဲ့ပေမယ့်လည်း လူတွေက သူမရဲ့အတင်းအဖျင်းအပေါ် ပို၍ပင်စိတ်ဝင်စားလာကြသည်။

နောက်ထပ် ကိစ္စတစ်ခုရှိသေးပေသည်။ သူတို့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် နာမည်အရမ်းကြီးသည့် မီဒီယာတစ်ခုဟာ လုံးလုံးလျားလျား ဖြုတ်ချခံခြင်းလိုက်ရသည်။ သူတို့သည် မထိသင့်သည့်သူကိုသွားထိလိုက်သဖြင့် တရားစွဲခံလိုက်ရသည်။ လူအများက ယင်းတို့ပြန်ခံရတာကြောင့် အတော်လေးကိုနှစ်ထောင်းအားရသွားကြသည်။

သူတို့သည် တောင်းပန်စာတင်ရုံသာမကဘဲ အရင်က တင်ထားသည့် Weibo post အနည်းငယ်ကိုပင် ရှင်းထုတ်ပစ်လိုက်ကြသည်။

ဤမီဒီယာသည် ယခင်ကလည်းတရားစွဲခံခဲ့ရဖူးပြီး အများသောအားဖြင့် ဘာဖြစ်တယ်ညာဖြစ်တယ် ဟူ၍ တောင်းပန်စာတင်ပြီးလျှင် နောက်တစ်ကြိမ် ပြန်ပေါ်လာတတ်သည်။ ယခုမူ၊ယင်းတို့သည် သူတို့၏ အဆုံးသတ်သို့ ရောက်ရှိသွားပုံရသည် - သူတို့၏ တရားဝင် ဘလော့ဂ်အမည်သည်ပင် သိပ်ထူးခြားမနေသည့် ပုံမှန်နာမည်အဖြစ်သို့ ပြောင်းလဲသွားသည်။

အင်တာနက်သုံးစွဲသူတွေကဆိုသည်- ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်တဲ့ ပါပါရာဇီတွေဆိုတာမရှိဘူး ဒီအတိုင်း လုပ်ရမှာ ပျင်းတဲ့ အာဏာရှင်ကြီးတွေပဲရှိတယ်...။

စုယိသတင်းဖတ်၍ ဖရဲသီးစားပြီးသည့်အချိန်တွင် ချူယင်းသည် သူမ၏ အလှပြင်ခန်းသို့ ရောက်နေပြီဖြစ်သည်။ သူသည် နေ့တိုင်း သူမကို လာကြိုဖို့အတွက် တစ်ရက်မျှ မပျက်ကွက်ပေ။ ရိုက်ကွင်းမှသူတွေအတော်များများပင် သူ့ကို သိနေကြပေပြီ။

ထိုလူသားက သူမအိတ်ကို သဘာဝကျကျပင် ကောက်ကိုင်လိုက်သည်။ 

 "ဒီည ဘာစားချင်လဲ"

စုယိက ခေါင်းကို တစ်ဖက်သို့စောင်းလိုက်ပြီး- "ဗိုလ်ကြီးယင်းရှင့် ရှင့်အတွက် ကျွန်မ အီတလီစပါကတီ ချက်ကျွေးမယ်"

[ T/N- Italian spaghetti က သူတို့နှစ်ယောက် First Timeတုန်က ၀တ်တဲ့ဂါ၀န်ကိုပြောတာနော် XD ]

ချူယင်းသည် လုံး၀ရှုံးသွားပြီဖြစ်သဖြင့် ရယ်မောရုံသာတတ်နိုင်တော့သည်။

"ကောင်းပါပြီဗျာ"

 ၀ူရွှယ်ကထရပ်ပြီး "ဒါဆို ငါအရင်ပြန်နှင့်တော့မယ်"

စုယိက ခေါင်းညိတ်ပြလိုက်သည်။  

"အင်း ကိစ္စတစ်ခုခုရှိရင် ငါ့ကိုဖုန်းဆက်"

ယနေ့ ရိုက်ကူးရေးတွေ ပြီးသွားပြီးနောက် ရိုက်ကူးရေးအဖွဲ့က သတ်မှတ်ပေးသည့် အားလပ်ရက်ကိုရချေပြီ။

 "၀ူရွှယ်"  

တံခါးဝမှ ယောက်ျားအသံ တစ်သံထွက်လာသည်။  

"ဘာလို့ ဖုန်းမကိုင်တာလဲ"

စုယိသည် အသံလာရာသို့ တစ်ချက်ရှိူးလိုက်တော့ တံခါးဝတွင် လွန်စွာမှရင်းနှီးနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

လျိုရှီးသည် အထဲတွင်ရပ်နေသည့်လူကိုမြင်ပြီးနောက် ရပ်တန့်သွားသည်။ 

 "ယင်းဇီ တိုက်ဆိုင်လိုက်တာ"

စုယိသည် ချူယင်း၏ ပုခုံးကို မှီလိုက်သည်။ နှစ်ယောက်သား သည် ၀ူရွှယ်နှင့် လျိုရှီးတို့နှစ်ယောက်စလုံးကို တညီတညွတ်တည်း ဟိုဒီ ကူးသန်း ကြည့်လိုက်ပြီးနောက် မျက်ခုံးတွေကတပြိုင်နက်တည်း ပင့်တတ်သွားကြသည်။

 ၀ူရွှယ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ရှင် ဘာလို့ဒီကိုရောက်လာတာလဲ"

 လျိုရှီးက ပိုလို့ပင်စိတ်ပူသွားသည်။ 

 "မင်းနဲ့ အိပ်ခဲ့တဲ့လူကို မင်းဘာလို့ မသိချင်ယောင်ဆောင်ပြီး ငြင်းနေရတာလဲ"

၀ူရွှယ်က ရယ်မောလိုက်သည်။  

"နင်အရင်ကလည်း တစ်ခါမှမလုပ်ဖူးသလိုပုံစံမျိုးလာမလုပ်နေနဲ့ နင် ဘယ်သူ့ကိုလာသနားနေတာလဲ"

 "...ငါ...ငါ မင်းကို အဲ့ဒီလိုဆိုလိုချင်တာမဟုတ်ဘူး"

 "အချိန်ဖြည်းဖြည်းချင်းယူလိုက်ကြပါ နူတ်ဆက်ပါတယ်" 

 ထိုစကားများကိုပြောပြီးသည်နှင့် ချူယင်းသည် သူ့ဘေးနားရှိလူ၏လက်ကို ဆွဲကာ အလှပြင်ခန်းထဲမှ ထွက်လာလိုက်သည်။

သူတို့ထွက်လာပြီး သိပ်မကြာခင်မှာပဲ စုယိက ကွန်ပလိန်းတတ်တော့သည်။

 "ရှင် ကျွန်မကိုဘာလို့ကြာကြာနားမထောင်ခိုင်းတာလဲ"

ဆောင်းရာသီ၏ အအေးဆုံးအချိန်သို့ရောက်နေပေပြီ။ သူမသည် ထူထဲသည့် မီးခိုးရောင်ပုဝါကို ၀တ်ဆင်ထားသဖြင့် မျက်နှာအများစုကို ဖုံးကွယ်ထားပြီးသားဖြစ်နေသည်။ ထိုပု၀ါက လွန်ခဲ့ငည့်ရက်အနည်းငယ်က ချူယင်း လက်ဆောင်ပေးခဲ့တာဖြစ်ပြိီး ပု၀ါအဆုံးနားတွင် 'Y' သေးသေးလေးကို ထိုးထားပေသည်။ ထို ' Y' သည်'Yi' လား ဒါမှမဟုတ် 'Ying' ကိုဆိုလိုချင်တာလားဆိုတာတော့ပြောဖို့ခက်ပေသည်။

ပုဝါက သူမ မျက်နှာတစ်၀က်လောက်ကို ဖုံးထားတာကြောင့် ထိုအမျိုးသားက ငုံ့ပြီး သူမ၏ မျက်လုံးကို နမ်းလိုက်သည်။

 "မင်းလေးက အတင်းအဖျင်းကြိုက်သူမျိုးလား"

 “ကျွန်မက အတင်းအဖျင်းကြိုက်တဲ့သူမျိုး မဟုတ်ပါဘူးနော် တခြားသူကိစ္စတွေ အာရုံစိုက်ရတာလည်း ပျင်းတယ်" 

စုယိက သူမရဲ့လက်ကို သူ့ကုတ်အင်္ကျီ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ 

 "ထားလိုက်ပါတော့လေ ရှောင်ရွှယ်နဲ့ လျိုရှီးတို့က ဇာတ်လမ်းလေးရဲ့အလယ်တည့်တည့်မှာရပ်နေကြတာ သူမ ပိုဆိုးအောင်မလုပ်လောက်ဘူးလို့ ကျွန်မတော့ထင်တယ်"

အိမ်ပြန်သည့် လမ်းတွင် စုယိသည် ရေဒီယိုကို တိတ်တဆိတ်လေးနားထောင်နေသည်။ ဖုန်းသံမြည်လာသည်။ သူမ မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်တော့ ပေကျင်းမှလာသည့် နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။  

နွေဦးပွဲတော် နီးလာပြီဖြစ်တာကြောင့် ဆုမွန်ကောင်းပေးသည့် စကားတွေပြောတဲ့သူတွေ ပြတ်လပ်မှု မရှိသဖြင့် သူမသည် ထွေထူး မစဥ်းစားနေတော့ဘဲ ဖုန်းကိုင်လိုက်သည် ။

 "ဟယ်လို"

 "စုယိ နင်ပြောင်းသွားတာလား နင့်ရဲ့စီရင်စုကဆေးရုံမှာ တစ်ခုခုဖြစ်ခဲ့လို့ ငါ့ဆီလာလည်ပြီး ကူညီပြီး ပေး,ပေးပါ—”

 စုယိကချက်ချင်း ဖုန်းချလိုက်သည်။

 “အရင်ဆုံး ကုန်တိုက်သွားရအောင်” 

သူမ အေးဆေးတည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

 “နံပါတ်ပြောင်းဖို့ မေ့သွားတယ်”

 “ဒီအချိန်လောက်ဆို ပိတ်လောက်ပြီ”

ချူယင်းက သူမကို ကြည့်လိုက်သည်။  

"ဘာဖြစ်လို့လဲ"

 "ဘာမှမဟုတ်ဘူး မနက်ဖြန် ဖုန်းနံပါတ်ပြောင်းပစ်တော့မယ်" 

 သူမဖုန်းကို လေယာဉ်ပျံမုဒ်သို့ ထားလိုက်သည်။

တစ်လသာရှိသေးသည်၊ စုချင်သည် ရှိသမျှပိုက်ဆံအားလုံးသုံးဖြုန်းပစ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားချေ။ ပြောရမယ်ဆို ဤသည်က ပုံမှန်ပင်၊ ယခုလို ပွဲတော်ကာလသည် လောင်းကစားသမားတွေအတွက် ငွေကိုပေါပေါသီသီသုံးလို့အကောင်းဆုံးအချိန်ကာလပင်ဖြစ်သည်။ ထိုလူကို ပြန်ပြောင်းသတိရလာသည်နှင့် စုယိသည် စိတ်ထဲတင်သာမက တစ်ကိုယ်လုံးပင် ရွံရှာသွားသလို ခံစားလိုက်ရသည်။

ကားက အချိန်အတော်ကြာ ဖြတ်သန်းမောင်းနှင်လာပြီးနောက် ရုတ်တရက် သူမသည် တစ်ခုခုကို တွေးမိသွားသည်။  

“သဘက်ခါဆို သုံးဆယ်ရက်နေ့ရောက်ပြီမလား ဘယ်တော့ ပြန်မှာလဲ မနက်ဖြန် လက်ဆောင်သွားဝယ်ရအောင် ရှင့် ဆွေမျိုးတွေကို လက်ဆောင်ပေးဖို့အတွက် ၀ယ်သွားရမယ်လေ"

 "ကိုယ်မပြန်ဘူး"

 စုယိသည် ပြောနေသည့်စကားကိုချက်ချင်း ရပ်တန့်လိုက်ပြီး တစ်ဖက်သို့လှည့်ပြီးမေးလိုက်သည်

 “ဘာလို့လဲ” 

 “ကိုယ် သုံးဆယ်ရက်နေ့ကို မပြန်တော့ဘူး” 

ထိုအမျိုးသားက သူ့လက်ကိုမြှောက်ပြီး သူမရဲ့ပါးပြင်လေးတွေကို ပွတ်သပ်ထိတွေ့လာသည်။

 "ကိုယ် မင်းနဲ့အတူတူ ဟော့ပေါ့စားမယ်"

___________________________________________