Chapter 84
အရမ်းကောင်းတယ်။
ချူယင်းတစ်ယောက် မေမေချူကို ဖုန်းခေါ်သည့်အချိန်တွင် စုယိသည် သူ့ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ခေါင်းကို မော့ပြီး စိုးရိမ်တကြီးဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။
ကောင်မလေးရှိလို့ အိမ်မပြန်ဘူး - ဘယ်လိုပဲ တွေးကြည့် တွေးကြည့် ဆင်ခြင်တုံတရားမဲ့နေပုံပေါ်နေတယ်။
သို့ပေမယ့် ချူယင်းက သူ့အမေကို ထိုအကြောင်းပြောနေတဲ့အချိန်တွက်တောင် သူ့မှာ သူမကို အကြိမ်အနည်းငယ်လောက် နမ်းဖို့ အချိန်ရှိနေသေးသည်။
ဖုန်းက စပီကာဖွင့်ထားပေသည်။ ထိုစကားကိုကြားပြီးနောက် မေမေချူသည် 'အို' ဟု ဆိုပြီးနောက် အချိန်အတော်အတန်ကြာအောင်တိတ်ဆိတ်သွားသဖြင့် စုယိ၏နှလုံးခုန်သံကို အဆတစ်ထောင်လောက်အခုန်မြန်သွားစေသည်။
“အာ…”
မေမေချူက ထိုအကြောင်းကိို တစ်ချက်တွေးလိုက်သည်။
"ငါ မင်းကြိုက်တဲ့ မုန့်တွေ အများကြီးဝယ်ပြီး ယန်ပေါ် ကိုပို့ခိုင်းလိုက်မယ် "
ဤမျှလောက်လွယ်လိမ့်မယ်လို့ဟု သူမ မမျှော်လင့်ထားပေ။ စုယိ သူမရဲ့ မျက်တောင်တွေကို အကြိမ်အနည်းငယ်လောက် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။
သူမပုံစံကရယ်စရာကောင်းနေတာကြောင့် ချူယင်းသည် သူမပါးပြင်လေးကို ဆွဲညှစ်ပစ်လိုက်သည်။
"မလိုပါဘူး ကျွန်တော်တို့ဘာသာဝယ်လို့ရပါတယ်"
"ရပါတယ် ငါကဖြင့်ဝယ်ထားပြီးနေပြီ အဲ့ဒါတွေက မင်းအတွက်လေ သိတဲ့အတိုင်းပဲ ချူရှီးက မကြိုက်ဘူး"
မေမေချူကဆက်ပြောသည်။
"ဒါဆို မင်း သူ့ကို ကောင်းကောင်း ဆက်ဆံပေးလိုက်နော် ဒီလိုမျိုးအဖြစ်မျိုးနဲ့ကြုံထားတဲ့သူတွေက ဘယ်လိုမှ စိတ်ကြည်လင်နေမှာမဟုတ်ဘူး မင်း သူ့ကို ပိုပြီး အလိုလိုက်ပေးဖို့လိုတယ် မင်းလက်အောက်ကစစ်သားတွေလို သူ့ကို မဆက်ဆံနဲ့"
ချူယင်း "ဟုတ်ကဲ့ဗျာ ကျွန်တော် သူ့ကိုနေ့တိုင်းကိုးကွယ်ပူဇော်မြှောက်စားပေးပါ့မယ်"
စုယိက သူ့နောက်ကျောကို ကိုက်ပစ်လိုက်သည်။
မေမေချူ “…အဲဒီလောက်တော့ မလိုဘူးမလား အနည်းဆုံးတော့ နှစ်စရဲ့ ငါးရက်မြောက်နေ့မှာ မင်းအဖေရဲ့မွေးနေ့ဆိုတော့ မင်းပြန်လာမှာမလား"
ချူယင်းစကားပြောသည်ကိုမစောင့်ဘဲ စုယိက သူ့အင်္ကျီကော်လံကို ဆွဲကိုင်လိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြကာ သဘောတူရမည်ဟု လုပ်ပြလိုက်သည်။
ချူယင်း "ဟုတ် ကျွန်တော်ပြန်လာမယ်"
မေမေချု "ကောင်းပြီလေ ဒါနဲ့ စုယိ မလာချင်ရင် အတင်းမလုပ်နဲ့နော်"
"သူလည်းလာမှာ"
စုယိမှာ မယုံနိုင်စရာကောင်းသလိုခံစားလိုက်ရသည်။
' ဒါက မိဘတွေနဲ့ တရားဝင်တွေ့ပေးမယ့်အချိန်ကို သတ်မှတ်နေကြတာလား '
သူဖုန်းချလိုက်သည်နှင့် စုယိက သူ့ရင်ဘက်ထဲသို့ ခုန်၀င်လာသည်။
"ရှင်ဘာအမှိုက်တွေ လျှောက်လုပ်နေတာလဲ ကျွန်မက ရှင့်အမေစိတ်လျှော့နိုင်အောင်ပြောခိုင်းတာ"
သူမ ပြုတ်ကျမှာ စိုးရိမ်တာကြောင့်လို့ ချုယင်းက သူ့လက်ကို သူမရဲ့ တင်ပါးအောက်မှ ထိန်းကိုင်ထားလိုက်သည်။ သူတို့အိမ်တွင် အပူပေးစက်ဖွင့်ထားသောကြောင့် သူမသည် ဘောင်းဘီတိုလေးကိုသာ ၀တ်ထားပေတာကြောင့် ထိတွေ့နေရသည့်သူကို ထိုစကားတွေအော်ပြောလုမတတ်ဖြစ်စေသည်- ခံစားချက်က တကယ်ကောင်းတယ်...။
"သူမကို စိတ်တည်ငြိမ်အောင်လုပ်ဖို့လိုတယ်လို့ ဘယ်သူက ပြောလဲ"
စုယိ ပြောနေတာကိုရပ်လိုက်သည်။ သူရင်ဘက်ကိုထောက်ကန်းယူပြီးနောက် ထရပ်ကာ ဆံပင်ကိုနားနောက်သို့ညှပ်၍ သူမ၏မူပိုင်လက်ရာ စပါကတီချက်မည်ဖြစ်၍ ပါးပါးလှီးထားသည့် အသားနှင့် ခရမ်းချဉ်သီးအချို့ကိုထုတ်ယူရန်အတွက် ရေခဲသေတ္တာသို့သွားလိုက်သည်။
ဒုတိယမြောက်နေ့တွင် စုယိသည် အ၀တ်ကိုလုံလုံခြုံခြုံ၀တ်လိုက်ပြီးနောက် နှစ်သစ်ကူးအကြို ပွဲတော်အတွက် လိုအပ်သည့် ပစ္စည်းများဝယ်ရန် နှစ်ယောက်သား ထွက်လာလိုက်ကြသည်။
ယနေ့တွင်မူ စူပါမားကက်သည် ထူးထူးခြားခြား ဗလာဖြစ်နေသည်။ ရှိသည့် ဝန်ထမ်းအရေအတွက်ကလည်း လက်ချိုး၍ပင်ရေလို့ရနေသည်။
စုယိသည် အနက်ရောင် maskကိုတပ်ထားပြီး အစားအသောက်ဘက်အခြမ်းတွင် နာရီဝက်နီးပါးကြာအောင်ဟိုဒီလျှောက်ပတ်ကြည့်နေမိသည်။ ထိုကြားထဲမ ဝန်ထမ်းတစ်ဦးက သူ့ကို သူမကို သတိထားမိသွားသဖြင့် ဓာတ်ပုံအတူတွဲရိုက်လိုက်ရသေးသည်။
ဓာတ်ပုံရိုက်ပြီးနောက်တွင် သူမ ဘေးနားတွင်ရှိနေသည့်လူက သူမအာရုံမစိုက်လိုက်သည့်အချိန်တွင် ပျောက်သွားကြောင်း သူမသိလိုက်ရသည်။ သူမသည် အနည်းငယ် လှည့်ပတ်ကြည့်သော်လည်း ထိုလူကိုမူ ရှာမတွေ့ပေ။ သူမဖုန်းဆက်တော့မည်အပြု ချူယင်းသည် မနီးမဝေးမှ ခြင်းတောင်းသေးသေးလေးဖြင့်ပြန် ရောက်လာတာကို တွေ့လိုက်ရသည်။
သူမ အနားကို လျှောက်သွားပြီး ခြင်းထဲကပစ္စည်းတွေကို တစ်ချက်ရှိုးလိုက်သည် ... အမျိုးသမီးသုံး ပတ်ထုတ်တွေ တံဆိတ်အစုံအလင်ပင်။
"ကုတင်ဘေးကပုံးထဲက အထုပ်မှာတစ်ဝက်ပဲကျန်တော့တယ် ဒီရက်ပိုင်း ဆိုင်တွေအတော်များများကပိတ်ကုန်မှာတော့ မတော်လို့များ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ဗိုလ်ကြီးယင်းသည် အမျိုးသမီးသုံးပစ္စည်းမျိုးစုံကို ဈေးဝယ်လှည်းထဲသို့ ခပ်တည်တည်ဖြင့် ထည့်လိုက်တော့သည်။
စုယိသည် 'နေ့စဉ်သုံးပစ္စည်းများ' ရောင်းသည့်နေရာမှ၀န်ထမ်း၏ အပြုံးကြီးကိုမြင်ပြီးနောက် ရှက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။
“တော်ပြီ တော်ပြီ ကျွန်မ၀ယ်ထားတာတွေကိုအရင်ကူထည့်ပေးဦး”
စုယိသည် ကွန်ဒုံးဗူးအနည်းငယ်ကို အသာလေးထည့်လိုက်သော်လည်း ငွေရှင်းသည့်အချိန်တွင် ဗိုလ်ကြီးယင်းသည် အချို့ကို အစကတည်းကထည့်ထားပြီးသားမှန်း သိလိုက်သည်။
စုယိသည် safeဖြစ်လောက်မည့်ပစ္စည်းကိုမှ အသီးအနှံပုံလေးတွေဖြင့်ဗူးကို ရွေးချယ်ခဲ့တာဖြစ်သည်။ ကပ္ပတိန်ယင်းကမူ ရုပ်ပုံတွေနှင့်အတူ စာသားတွေပါသည့် ဗူးကိုထည့်ထားခြင်းဖြစ်သည်။ သူမသည် ထိုစာနှင့်ပုံတွေကို ရဲရဲပင်မကြည့်ရဲ့ချေ။
အပြန်လမ်းတွင် ဆိုင်အများစုသည် ပိတ်သွားကြကုန်ပြီဖြစ်သည် - ထိုသည်ကိုကြည့်ရတာ တစ်နည်းနည်းဖြင့် အေးစက်ပြီးဗလာဖြစ်နေသည့် ခံစားချက်တွေ ရနေသည်။
အိမ်သို့ရောက်ပြီးနောက်တွင် ချူယင်း၏ ကားဂိုဒေါင်ထဲတွင် အမည်မသိ Bentley ကားတစ်စီးရပ်နေသည်ကို သူမတွေ့လိုက်ရသည်။
ချူယင်းက တစ်ချက်ကြည့်လိုက်ပြီး "ကိုယ့်မိဘတွေ ရောက်နေတာ" ဟု ရှင်းပြလာသည်။
စုယိသည် ထိန့်လန့်မှုကြောင့် လှည့်ပြေးရန် လုပ်လိုက်ပေမယ့်တစ်ဖက်မှသူက သူမကို နောက်ကို ပြန်ဆွဲထားသည်။
သူမကိုပြောသည့် သူ့လေသံကအစ ရယ်သံတွေနဲ့ ပြည့်နှက်နေသည်။
"ဘယ်သွားမလို့လဲ"
သူမ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မ ဒီနေ့လမ်းဘေးမှာအိပ်မယ်"
"ဘာကို လမ်းဘေးမှာအိမ်မယ်လဲ"
"ဒီအိတ်ထဲမှာ ဘာတွေပါလဲဆိုတာရှင်မေ့နေတာလား- လူကြီးတွေသာတွေ့သွားရင် ကျွန်မကိုဘယ်လိုမြင်မလဲ"
စုယိက ပြန်ပတ်လိုက်သည်။
"သူတို့ ကိုယ့်အိတ်ကို ဖြတ်မမြင်နိုင်ပါဘူး"
"ကျွန်မ... မိတ်ကပ်မလိမ်းထားဘူး"
"ကိစ္စမရှိဘူး မင်းကအရင်လို လှနေတုန်းပဲ သွားကြရအောင်"
နောက်ဆုံးတွင် သူသည် သူမကို အိမ်သို့ အတင်းဆွဲခေါ်သွားပေသည်။
ဖေဖေချူသည် သူမ စိတ်ကူးထားသည့်အတိုင်းပင်။ သူက ပေါ့ပေါ့ပါးပါး ထိုင်နေပေမယ့် သူ့ကိုယ်ရောင်ကိုယ်၀ါမှာ အလွယ်တကူသွားရှုပ်လို့မရနိုင်သည့် အေးစက်မှုနဲ့ထည်၀ါမှုတွေရှိနေသည်။
သူ့လက်ထဲတွင် သတင်းစာတစ်စောင်ရှိနေသည်။ သူမတို့ကို မြင်သည့်အခါ သတင်းစာကိုအောက်သို့နည်းနည်းနှိမ့်ချလိုက်ပြီး မော့ကြည့်လာသည်။
"မင်းပြန်လာပြီပဲ"
ချူယင်းသည် ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ချလိုက်သည်။
“ဟုတ်”
"ဘာတွေဝယ်လာကြတာလဲ ယန်ပေါ်ရေ သူတို့ကိုကူသယ်ပေးလိုက်ဦး"
မေမေချူက ဆိုဖာပေါ်တွင်ထိုင်ကာ သူမတို့အား ပြုံး၍ကြည့်နေသည်။
"ဟို...ရတယ် အန်တီ သမီးတို့ဘာသာလုပ်လိုက်လို့ရတယ်"
စုယိသည် ပလတ်စတစ်အိတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နာခံယဥ်ကျေးမှုအပြည့်ဖြင့်နူတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဦးလေး မင်္ဂလာပါ အန်တီ"
ချူယင်း "အမေဘာလို့ဒီကိုရောက်လာတာလဲ ပြီးတော့ ကျွန်တော်ကိုလည်း ကြိုမပြောထားဘူး"
“အမေတို့က ဒီပစ္စည်းတွေကို လာပို့တာလေ မင်းတို့နှစ်ယောက်စလုံးက နှစ်သစ်ကူးကို အတူတူဆင်နွှဲတာ ဒါပထမဆုံးအကြိမ်ဆိုတော့ မင်းလုပ်တာ မမှန်တဲ့နေရာတွေ အများကြီးရှိနိုင်တယ်လေ ဒါတွေက အသားစိမ်း ငါးစိမ်းတွေ ဒါတွေကကျတော့ အဆာပြေမုန့်တွေ မနက်ဖြန်ည CCTV က နှစ်သစ်ကူး Gala ကိုကြည့်ရင်း မင်းတို့အတူစားလို့ရတယ်...”
"အမေတို့ ဒါလေးတွေပို့ချင်တာများ ယန်ပေါ်ကိုခိုင်းလိုက်ရနေတာပဲကို ဘာလို့များကိုယ်တိုင်လာရတာလဲ"
မေမေချူက စူးစူးဝါးဝါးပြန်စိုက်ကြည့်လိုက်သည်။
"ဘာလဲ မင်းကိုတွေ့ဖို့ မင်းအဖေနဲ့ ငါကလာလို့မရဘူးလား"
ချူယင်းသည် မျက်ခုံးသာတစ်ချက်ပင့်လိုက်ကာ ဘာမှ မပြောတော့ချေ။
စုယိ “အန်တီ ကျေးဇူးပြုပြီး အဆေးဆေးထိုင်နေပါ သမီး ဒီအထုပ်တွေကို အပေါ်ထပ်ကို အရင်သယ်သွားလိုက်ဦးမယ် ပြီးရင်သမီး လဘ္ကက်ရည်လုပ်ပေးမယ်နော်”
စုယိ ထွက်သွားပြီးနောက် မေမေချူသည် သူ့ခင်ပွန်းပုခုံးကို မှီချပြီးမေးလိုက်၏။
"သူမက ဘယ်လိုနေလဲ အရပ်ရှည်ပြီးလှတဲ့အပြင် စကားပြောလည်းကောင်းတယ်”
ဖေဖေချူ "အရင်ကမိန်းမပဲပြောတော့ သူမက ဆိုးတယ်ဆို သူမမကောင်းကြောင်းတွေပဲထိုင်ပြောနေပြီးတော့"
မေမေချူက ဖေဖေချူကိုတစ်ချက်ရိုက်လိုက်ပြီး- "ကျွန်မက ဇာတ်လမ်းတွဲကြည့်နေရင်းနဲ့ နည်းနည်းပါးပါးပစိပစပ်များလို့မရဘူးလား"
"ရတယ် မိန်းမကြိုက်တာဘာမဆိုလုပ်လို့ရတယ်"
ဖေဖေချူသည် ဇနီးဖြစ်သူနှင့် ငြင်းခုံခြင်းမပြုဘဲ အကြောင်းအရာခေါင်းစဥ်ကို ချက်ချင်းပင်ပြောင်းလဲပစ်လိုက်သည်။
"ချူယင်း ထိုင်"
ချူယင်းသည် နာခံမှုအပြည့်ဖြင့် ဖေဖေချူ၏မျက်နှာချင်းဆိုင်တွင် ခါးကိုဖြောင့်ဖြောင့်ထား၍၀င်ထိုင်လိုက်သည်။
"နေရာနဲ့ပတ်သတ်ပြီးစီစဥ်နေတာ ဘယ်လောက်တိုးတက်မှုရှိလဲ"
နှစ်သစ်၏ ပဉ္စမမြောက်နေ့သည် ဖေဖေချူ၏ မွေးနေ့ဖြစ်သည်၊ သို့သော် ယခုနှစ်တွင်မူ သူ၏မွေးနေ့သည် ပို၍ထူးခြားလေးနက်သော အဓိပ္ပါယ်ရှိပေသည်။
ယခုနှစ်သူ့မွေးနေ့ပါတီတွင် ချူကော်ပိုရေးရှင်းကိုစီမံခန့်ခွဲရန်အတွက် ချူယင်းအားတရားဝင်လွှဲပြောင်းပေးမည်ဖြစ်သည်။ ဒါပြီးလျှင်တော့ သူ့မိန်းမနှင့်အတူတူ ခရီးတွေလျှောက်သွားရင်း သူ့ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းသွားတော့မည်ဖြစ်ပေသည်။
ချုယင်းကခေါင်းညိတ်လိုက်သည်။
"အကုန်စီစဥ်ပြီးပါပြီ မနက်ဖြန် အဖေကြည့်ဖို့အတွက် ကျွန်တော်ခေါ်သွားပေးမယ်"
"နှစ်သစ်ရဲ့ သုံးဆယ်မြောက်နေ့မှာ လျှောက်သွားနေဖို့အတွက် အဖေ့မှာ စွမ်းအင်မရှိတော့ဘူး"
စုယိ အောက်ထပ်သို့ ဆင်းလာသည့်အခါ လူကြီး နှစ်ဦးသည် သူတို့၏ရှေ့တွင် လဘ္ကက်ရည်ခွက်များ ခင်းကျင်းထားပြီးဖြစ်သည်။
“လာ...ထိုင်”
ချူယင်းက ပြောသည် ။
စုယိသည် စိုးရိမ်မှုအပြည့်ဖြင့် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဖေဖေချူကမေးလာ၏။
"သမီး အသက်ဘယ်လောက်ရှိပြီလဲ"
စုယိ "နှစ်ဆယ့်လေးနှစ်ပါ ပြီးတော့ သမီးက သရုပ်ဆောင်တစ်ယောက်ပါ"
"ဒါကို ဦးလေးသိတယ် ချူယင်းရဲ့အမေက သမီးရဲ့ဇာတ်ကားတွေကို နေ့တိုင်းကြည့်တယ်လေ"
ထို့နောက်တွင် ဖေဖေချူသည် သူမ၏ မိသားစု နောက်ခံ သို့မဟုတ် ပညာရေးအဆင့် အကြောင်း တစ်စုံတစ်ရာ မေးမြန်းမည့်အစား သူမတို့နှစ်ဦး စတင်ချိန်းတွေ့ခဲ့ချိန် နှင့် တစ်ဦးပေါ်တစ်ဦးထားတဲ့ သဘောထားတွေကိုသာမေးမြန်းခဲ့ပြီး စကားအနည်းငယ်ထပ်ပြောပြီးနောက် စကား၀ိုင်းကို အဆုံးသတ်လိုက်သည်။
မထွက်ခွာသွားခင်မှာ မိဘနှစ်ပါးက စုယိကို အနီရောင်စာအိတ်ကြီး တစ်ယောက် တစ်အိတ်စီပေးကြ၏။ ချူယင်းသည်လည်း သူတို့ပေးသည့်မစာအိတ်ကိုရပေမယ့် အရောင်နဲ့ ပုံတွေတော့ ကွဲပြားပေသည်။
စုယိသည် ယင်းတို့က ငြင်းပယ်လိုသော်လည်း သူတို့ကို တားနိုင်စွမ်းမရှိသဖြင့် - ပိုတိတိကျကျပြောရလျှင်၊ သူမသည် မေမေချူကို မငြင်းပယ်နိုင်သဖြင့် နောက်ဆုံးတွင် အားလုံးကို ယူလိုက်ရသည်။
မိဘများ ထွက်သွားပြီးနောက် စုယိက အိတ်နှစ်ခုကို သေသေချာချာ ဖွင့်ကြည့်လိုက်သည်။
အနီရောင်စာအိတ်ကြီးက အရမ်း… အံ့သြစရာကောင်းလောက်အောင် ထူနေသဖြင့် သူမဖွင့်ကြည့်လိုက်သည့်အခါ အနီရောင်ငွေတွေအပြည့်ဖြစ်နေသည်။ သူမသည် ချူယင်းကို ထိုအနီရောင်စာအိတ်ကို အမြန်ပေးလိုက်သည်။
ချူယင်းကမေး၏။
"မင်းဘာလို့ကိုယ့်ကိုပေးတာလဲ ကိုယ့်အတွက်ကိုယ်သိမ်းထား"
"အရမ်းများလွန်းတယ် ရှက်စရာကြီး"
"မင်းလေးက ချူမိသားစုရဲ့ချွေးမဖြစ်နေပြီပဲကို ဘာရှက်စရာရှိလို့လဲ"
စုယိ “ကျွန်မက မဖြစ်သေးပါဘူးနော် ကျွန်မကို ပါးစပ်နဲ့အခွင့်ကောင်းမယူနဲ့"
ချုယင်းက ပြုံးလျက်ဆိုလိုက်သည်။
“အနှေးနဲ့အမြန်ဆိုသလိုဖြစ်လာမှာပဲ”
___________________________________________