အပိုင်း ၈၅
Viewers 12k

Chapter 85

စုယိလည်း အပြုံးလေးဖြင့် မေမေချူ ယူလာပေးသည့် ပစ္စည်းတွေကို စတင် သိမ်းဆည်းနေလိုက်သည်။ သေချာတာပေါ့ မျက်နှာလေးကတော့နီရဲနေတုန်းပင်။

မေမေချူသည် အလွန်နားလည်မှုရှိသူဟု ဆိုရပေမည်။ အစားအသောက်နှင့် သောက်စရာများ ယူလာပေးရုံတင်သာမက မီးရှူးမီးပန်းမျိုးစုံကိုလည်း ယူဆောင်လာပေးသေးသည်။ ထိုမျှမကသေး မီးရှူးမီးပန်းတွေအတွက်အချိန်အတိအကျကို စာရွက်ဖြင့်ပင် ချရေးထားပြီး ထုတ်ထားတဲ့အိတ်တွေတွင် ကပ်ထားပေသည်။

 [ သုံးဆယ်ရက်နေ့ သန်းခေါင်ယံအချိန်အတွက် ]

 [ နှစ်စရဲ့ပထမဆုံးနေ့ နံနက်ငါးနာရီအချိန်အတွက် ]

စုယိသည် မီးရှူးမီးပန်းများအထုပ်ကို သိမ်းဆည်းပြီးနောက် ဖုန်းထဲမှ alarmsတွင် အချိန်ကို ဂရုတစိုက်မှတ်ထားပြီးသွားသည့်အချိန်တွင် သူမ၏နှလုံးသားလေးတစ်ခုလုံးသည် ပျော်ရွှင်မှုတွေဖြင့်ပြည့်၀နေခဲ့ပြီဖြစ်သည်။

နည်းနည်းခပ်ဝေဝေးတွင် ဗိုလ်ကြီးယင်းသည် သူ့မိဘများပေးထားသည့် အနီရောင်စာအိတ်ကိုဖွင့်ကြည့်လိုက်သည်။ ဖေဖေချူက သူ့ကို ငါးရာပေးထားပြီး မေမေချူက အနီရောင်စာအိတ်သေးသေးလေးတစ်လုံးကို အနီရောင်စာအိတ်အတွင်းတွင် ထပ်ထည့်ထားသေးပြီး ယင်းကိုဖွင့်လိုက်သည့်အခါတွင် တစ်ဆယ်တန်ငွေစက္ကူနှစ်ရွက် တိတ်တိတ်ဆိတ်ဆိတ် လှဲလျောင်းနေတာကို တွေ့လိုက်ရသည်။

ချုယင်း : “…”

သုံးဆယ်ရက်နေ့မြောက်နေ့တွင် နှစ်ယောက်သားသည် ညစာစားပြီးနောက် အိပ်ယာပေါ်မှာ သူတို့စိတ်နှလုံးနှစ်ခုလုံးက ကျေနပ်သည်အထိ လေ့ကျင့်ခန်းလုပ်လိုက်ကြသည်။

ရေချိုးပြီးနောက် စုယိသည် ထိုအမျိုးသား၏ကိုယ်အပေါ်၌ လှဲလျောင်းနေချိန်တွင် စောင်အား ကိုယ်တစ်ဝက်တစ်ပျက်ကိုသာ လွှမ်ခြုံထားပေသည်။

" နှစ်သစ်ကူးပွဲတော်ကို CCTV ကနေ ကြည့်ရမှာလား” ဟု သူမကမေး၏။

အမျိုးသားက သူမရဲ့နားရွက်လေးတွေကို ပွတ်သပ်လိုက်သည်။  

"မင်းဘာလုပ်ချင်လို့လဲ"

 "ကြည့်ရအောင်လေ"

 “အိုခေ”

ချူယင်းသည် အဝေးထိန်းခလုပ်ကိုယူလိုက်ပြီး ကုတင်ရှေ့မှ တီဗီကိုဖွင့်လိုက်သည်။ တီဗီထဲတွင် သူတို့ဟာ သေးငယ်တဲ့ ရှိုးပွဲတစ်ခုလို့ထင်ရပေမယ့် အပြင်ဘက်တွင်မူ မီးရှူးမီးပန်းအသံများက ကျယ်လောင်နေပြီး ပွဲတော်ရဲ့အငွေ့အသက်က နေရာမရွေးကရနေပေသည်။ 

အိမ်ထဲတွင် ရုပ်မြင်သံကြားမှ ရွှင်မြူးနေသောအသံများနှင့် ထိုလူသား၏ နွေးထွေးသောရင်ဘတ်မှ ထွက်ပေါ်လာသည့်အသံတို့ကလည်း ထပ်တူညီနေသည်။

စုယိက မထိန်းနိုင်ဘဲရေရွတ်လိုက်မိသည်။

 “သိပ်ကောင်းတာပဲ” 

သူမက တော်တန်ရုံလူ နားလည်မှုလွဲအောင် ပြောလိုက်ပေမယ့် ချူယင်းကတော့ သူမဆိုလိုချင်တာကို ချက်ချင်း သဘောပေါက်လိုက်ပေသည်။

 သူကတိုးညှင်းစွာပြန်ဖြေသည်။

 "နောက်ကိုလည်း ဒီလို အမြဲတမ်း ကောင်းနေလိမ့်မယ်"

 "ကျွန်မလည်းမျှော်လင့်မိပါတယ်" 

 သူမကပျော်ရွှင်စွာပြုံးနေရင်းနဲ့မှ တစ်စုံတစ်ခုကို သတိရမိသွားသည်။  

"ဒီတစ်ခေါက်ဇာတ်ကားရိုက်ကူးရေးပြီးရင် သုံးလလောက်နားတော့မယ်လို့ ကျွန်မ ၀ူရွှယ်ကိုပြောထားတယ်"

 "ကိုယ်ရှိနေသ၍ မင်းနားချင်သလောက်နားလို့ရတယ်"

 "အဲဒါက သူဌေးကြီးကိုယူလိုက်လို့ သူမအလုပ်ကထွက်လိုက်တဲ့ မဒမ်တစ်ယောက်လို့ ခံစားရတယ်"

ချူယင်းက အားရပါးရရယ်မောပြီးနောက် မေးလိုက်သည်။

"မင်း ဒီလောက်အကြာကြီး အနားယူဖို့လုပ်တာ သွားချင်တဲ့နေရာများရှိလို့လား"

 “မရှိဘူး” 

စုယိက အမှန်အတိုင်းပြောသည်။

 “ကျွန်မက ဒီအတိုင်း စိတ်အပန်းဖြေချင်တာ ဒီနှစ်အတော်အတွင်း ကျွန်မနေ့တိုင်း ပြေးလွှားနေရတာ နည်းနည်းပင်ပန်းနေပြီ"

 “ကောင်းပြီလေ”

စုယိသည် ခဏသာ အိပ်ပျော်သွားသည်။ နှိုးစက်က 11:40 တွင်ထားထားသဖြင့် စုယိသည် ချက်ချင်း မျက်လုံးဖွင့်လိုက်သည်နှင့် ထိုလူသား၏မျက်လုံးတို့ဖြင့် စုံသွားသည်။  

"မအိပ်သေးဘူးလား"

ချူယင်းသည် သူမ၏ နဖူးကို ဖွဖွလေးနမ်းလိုက်သည်။

 "မအိပ်ရသေးဘူး"

 "ဒါဆို မြန်မြန်ထ" 

စုယိသည် အမြန်ထကာ အောက်တွင်ကျနေသည့်အပေါ်အကျီကို ဝတ်ကာ ဇစ်ဆွဲပြီးနောက် စတိုခန်းရှိရာသို့ ပြေးပြီး ၁၂နာရီ ဟု စာရေးထားသည့် မီးရှူးမီးပန်းအထုပ်ကို ထုတ်ယူလိုက်သည်။

 "ကျွန်မနည်းနည်းကြောက်တယ် ရှင် မီးညှိပေးမလား"

နှစ်ယောက်သား အတူတူ အောက်ထပ်ကို ဆင်းလိုက်ကြသည်။ နှစ်သစ်ရောက်ဖို့ရာ သုံးမိနစ်သာလိုတော့ပေပြီ။

စုယိသည် ချူယင်း၏အနားတွင်ရပ်ကာ ဆယ့်နှစ်နာရီထိုးမည့်အချိန်ကို စောင့်နေလိုက်သည်။ နာရီရဲ့ဖုန်းမှ alarms မမြည်ခင်မှာ ဖုန်း၀င်လာလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

သူမက ဖုန်းကိုင်လိုက်ပြီး "ဟဲလို" ဟုပြောလိုက်သည်။

"အခုခေါ်တာက ရဲစခန်းကပါ မင်းက စုချင်ရဲ့ ညီမလေးလားခင်ဗျ သူ တစ်ခုခုဖြစ်လို့ ကျွန်တော်တို့ဆီကို မင်းလာဖို့လိုတယ် ကွန်တော်တို့လိပ်စာက…"

 "တောင်းပန်ပါတယ်" 

စုယိက သူ့ကိုဖြတ်ပြောလိုက်သည်။ 

 "အဲဒီလူကို ကျွန်မ မသိဘူး"

 "အာ..."  

ရဲသားက ပြောနေတာကို ရပ်လိုက်သည်။

 "မင်းက စုယိ မဟုတ်ဘူးလား"

 "ဟုတ်ပါတယ်"

 “ဒီလိုပါ မင်းအစ်မက လုယက်ခံရတဲ့အပြင် ဓားပြက အကြိမ်အနည်းငယ် ဓားထိုးခဲ့တာကြောင့် လောလောဆယ်သိပ်အခြေအနေမကောင်းဘူး မင်းလာနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်"

 "ရဲသားလူကြီးမင်း ရှင်လူမှားခေါ်နေမိပြီ ရှင်ပြောတဲ့လူကိုကျွန်မ မသိဘူး"  

စုယိက မျက်တောင်တစ်ချက်မခတ်ပဲဆိုလိုက်သည်။  

"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ"  

ယဉ်ယဉ်ကျေးကျေးပြောပြီးနောက် ဖုန်းအမြန်ချလိုက်သည်။  

ယခုအချိန်တွင် သူမသည် ထိုစကားပုံကို အမှန်တကယ်ယုံကြည်သွားချေပြီ - မကောင်းတဲ့သူသည် မကောင်းတဲ့သူတို့၏ သွားရာလမ်းအတိုင်းသာဖြစ်ပေမည်။ 

 "ဘယ်သူခေါ်တာလဲ"

 “တစ်စုံတစ်ယောက်က ကျွန်မအတွက် ဆုမွန်ကောင်းတောင်းပေးတာလေ"

မီးရှူးမီးပန်းတွေ ပစ်သံကြားသဖြင့် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ကောင်းကင်တစ်ခွင် အရောင်ခြယ်သခြင်းခံလိုက်ရသလို ခံစားလိုက်သည် ။

 ချူယင်းသည် မီးရှူးမီးပန်းကို ကမန်းကတန်း မီးညှိလိုက်သည်။

ဆူညံသံများကြားတွင် စုယိသည် မတ်မတ်ရပ်နေသည့် ထိုလူသားကို ညှင်သာစွာမှီချလိုက်ချိန်တွင် တဆက်တည်းဆိုသလို စိတ်တည်ငြိမ်မှုနဲ့ အေးချမ်းမှုကိုခံစားလိုက်ရသည်။

နှစ်စ၏ ငါးရက်မြောက်နေ့သည် အရမ်းကိုအေးပေသည်။

ချူယင်းသည် အဝတ်လဲခန်းမှ နောက်ဆုံးကြယ်သီးတစ်လုံးကိုတပ်ကာထွက်လာရင်းမှ မော့ကြည့်လိုက်ရာ စုယိသည်လည်း ဆန့်ကျင်ဘက်ရှိ အဝတ်လဲခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူ့ကောင်မလေးသည် အဝတ်အစားတွေများလွန်းတာကြောင့် သူမ ဗီရိုအဖြစ်သုံးရန်အတွက် အခန်းငယ်လေးတစ်ခုကို သန့်ရှင်းရေးလုပ်ပေးခဲ့သည်။

သူမသည် ခန္ဓာကိုယ်ကောက်ကြောင်းကိုထင်းထင်းလင်းလင်းမြင်နိုင်စေသည့် ဝိုင်အနီရောင်၀တ်စုံကို ၀တ်ထားပေသည်။ ယင်း၀တ်စုံသည် အထူးသဖြင့် သူမ၏ သေးသွယ်သည့်ခါး၊ ကောက်ကြောင်း နှင့် ဖြူဖွေးနေသည့် ခြေကျင်းဝတ်လေးများကို အထူးပေါ်လွင်နေစေသည်။ သူမ၏လက်ထဲတွင် အနီရောင်ဒေါက်ဖိနပ်တစ်ရံရှိနေပေ၏။

သူ့ကို သူမမျက်ခုံးအသာပင့်၍လိုက်သည်။ 

 "သွားကြစို့ ကျွန်မတို့ နောက်ကျလို့မဖြစ်ဘူး"

 ထိုသို့ပြောပြီး သူမခြေတစ်လှမ်းသာလှမ်းရသေးသည်၊ ထိုလူသားက သူမကို ပွေ့ဖက်ပြီး အဝတ်လဲခန်းထဲသို့ ပြန်ဆွဲထည့်လိုက်တော့သည်။

 "ရှင် ရှင်ဘာလုပ်ချင်နေတာလဲ"

 "အင်း... မလုပ်နဲ့လို့...မရဘူး မလုပ်နဲ့နော် နောက်ကျလိမ့်မယ်လို့"

 “ဝူး ဝူး ဝူး မလုပ်နဲ့လို့…”

 “ဟုတ်ပြီ လုံလောက်ပြီ…”

 ငါးမိနစ်လောက်ကြာသွားသည်။

 စုယိသည် ဆောင်းရာသီ၀တ် အနွေးဘောင်းဘီငါးစုံ (အပူပေးသော ဘောင်းဘီ)ကို ဖုံးကွယ်ပေးထားသည့် အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ပြီး ဒေါသတကြီး ထွက်လာလိုက်သည်။

 “ကြည့်ဦး ကျွန်မ အခု အရမ်းဝဖောင်းနေပြီ"  

သူမက ခြေထောက်ကို မြှောက်၍ လက်ဖြင့် ပုတ်ပြကာ ဒေါသတကြီးဆိုလိုက်သည်။

"ရိုက်ရင်တောင် မနာတော့ဘူး"

 "အပြင်မှာ အပူချိန် ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား"

 "ဟိုမှာ အပူပေးစက်မရှိလို့ ဒီလိုမျိုး၀တ်ခိုင်းနေတာလား..."

 "မဟုတ်ဘူး လိမ္မာအောင်နေ"  

ချူယင်းက သူမခေါင်းလေးကိုအသာပုတ်လိုက်သည်။ 

 "သွားကြရအောင်"

ချူယင်း ရွေးချယ်ထားသည့်နေရာသည် ချူကော်ပိုရင်းရှင်းလက်အောက်ရှိ ဟိုတယ်တစ်ခုတွင်ဖြစ်သည်။ ခန်းမသည် ရွှေရောင်ဖြင့် တလက်လက်တောက်ပနေသည်- လျှောက်လမ်းသည် ငွေမှင်ရောင်အလင်းရောင်ဖြင့် ခြယ်သထားသဖြင့် အေးစက်ပြီးခန့်ထည်သောခံစားချက်ကိုရနေပြီး ခန်းမဖြင့်ဆန့်ကျင်ဘက်ခံစားချက်ကိုခံစားရပေသည်။ 

ကုမ္ပဏီလွှဲပြောင်းခြင်းကို တရားဝင်ကြေငြာသောပွဲဖြစ်တာကြောင့် မီဒီယာအများအပြားကို ဖိတ်ကြားထားပေသည်။ စုယိကားပေါ်ကဆင်းလိုက်ချိန်တွင် ရင်းနှီးနေသည့် မျက်နှာအများအပြားကို တွေ့လိုက်ရသည်။

စုယိသည်ခန်းမထဲသို့ ဝင်လိုက်သည်နဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတစ်ခုကို တွေ့လိုက်ရသည် - သူမမှလွဲ၍ တခြား အမျိုးသမီးတိုင်းက ပွဲတတ် ဂါဝန်ရှည်တွေကို ၀တ်ဆင်ထားကြသည်။ ထူဖောင်းပြီး ရှည်လျားနေသည့် ခြေတံရှည်နှစ်ချောင်းက လူအုပ်ကြားထဲမှာ အရမ်းထင်းထွက်နေသည်။ သူမသည် ရှက်လွန်းလို့ ကျွင်းတူးပြီးသာထွက်သွားချင်တော့သည်။

သို့ပေမယ့် ချူယင်းကတော့ ဤသည်ကပုံမှန်ဟုသာတွေးပေသည်။ သူမ၏ အမူအရာ ပျက်ယွင်းနေသည်ကို သတိပြုမိသဖြင့် သူမကို အေးအေးဆေးဆေး နှစ်သိမ့်ပေးလိုက်သည်။

 “ထူထူဝတ်ထားရင် လွယ်လွယ်နဲ့ ဖျားမှာမဟုတ်တော့ဘူး မင်းရဲ့ ကိုယ်ခံအားက အရမ်းအားနည်းတယ်” 

သူမတစ်ခုခုပြန်ပြောတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူမပုခုံးကိုလာပုတ်သည်။

ချူရှီးသည် သူမ၏နောက်တွင်ရပ်နေပြီး သူမကို အပေါ်အောက် အဆက်မပြတ်ကြည့်လာသည်။  

"နင် ဘာလို့ဒီလိုမျိုးကြီးဝတ်လာတာလဲ ဖျားနေလို့လား"

စုယိသည် သူမဘေးရှိလူ၏လက်မောင်းကို ပွေ့ဖက်ထားရင်းဖြင့် ညည်းညူလိုက်သည်။

 "မပြောစမ်းပါနဲ့ဟယ် အဲဒါ နင့်အစ်ကိုကြောင့်လေ" 

သိပ်မကြာခင်မှာပဲ ဖေဖေချူနှင့် မေမေချူသည်လည်း ရောက်လာသည်။

သူမ ၀တ်စားဆင်ယင်ထားပုံ ကိုမြင်တော့ မေမေချူ က ခေါင်းညိတ်လိုက်သည်။

 “အင်း နွေးနွေးထွေးထွေးနဲ့ ဒီလိုမှကောင်းတာ မိန်းကလေးတွေဆိုတာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်သင့်တယ် ချူရှီးကိုကြည့်ဦး သူမပုခုံးတော်တော်များများကို ဖော်ထားလိုက်တာများ မြန်မြန်ဆန်ဆန် အေးခဲသေသွားလိမ့်မယ်”

ချူရှီး "ဒီမှာ အပူပေးစက်ရှိတွေအများကြီးရှိတယ် အင်္ကျီအထပ်ထပ်၀တ်ထားတဲ့သူတွေက ရူးနေလို့ပဲ"

စုယိသည် အပြုံးမမည်သော အပြုံးဖြင့် သူမကို ပထမဆုံး စိုက်ကြည့်ပြီးနောက် ဖေဖေချူ နှင့် အမေချူကို နှုတ်ဆက်လိုက်သည်။

ဖေဖေချူက ဘာမှပြန်မပြောဘဲ အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ချူယင်းကိုကြည့်၍စကားဆိုလာ၏။

 “ချူယင်း အဖေနဲ့ ခဏလိုက်ခဲ့” 

ချူယင်းတစ်ယောက် ဖေဖေချူနှင့် လိုက်သွားပြီးနောက် မေမေချူက သူမခေါင်းကိုအသာပုတ်ပြီးမေးလိုက်သည်။

 "တစ်ခုခု သောက်မလား" 

 စုယိက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။  

“ဟုတ်”

"ဒါဆို ဝိုင်တစ်ခွက်လောက်သောက်ရင်း ဧည့်သည်တွေကို လိုက်နှုတ်ဆက်တာပေါ့"

စုယိသည် ခေတ္တရပ်သွားပြီး ယင်းကိုလုပ်ဆောင်ရန် အချိန်ခဏလောက်တွေးတောမိသွားသည်။ 

' ဒါက တခြားသူတွေနဲ့ ငါ့ကိုမိတ်ဆက်ပေးမယ်လို့ ပြောလိုက်တာမလား '

 "ဘာဖြစ်လို့လဲ"

 “ဘာမှမဖြစ်ဘူး…လာပြီ”  

စုယိသည် ဝိုင်ခွက်တစ်ခွက်ကို ကျပန်းကောက်ယူလိုက်ပြီးနောက် မေမေချူ အနောက်မှ ကမန်းကတန်း လိုက်သွားလိုက်သည်။

 စုယိက ဒီလိုလူတွေနဲ့ ဆက်ဆံရသည့်နေရာမျိုးတွင် သိပ်မတော်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ အချိန်တော်တော်များများတွင် ကျားသစ်ရိုင်းမလေးကဲ့သို့ဖြစ်နေတတ်သည့် ချူရှီးသည် ဤအချိန်တွင် ဤနေရာတွင်မူ အထက်တန်းလွှာက အဆင့်တန်းရှိသော မိန်းမပျိုလေးနှင့် ပိုတူနေပေသည်။ 

 သူမသည် လူမှုဆက်ဆံရေးတွင် အခက်အခဲအချို့ရှိတာကြောင့် စကာမပြောမှီသင့်လျော်သော စကားကိုစဥ်းစားရန်လိုအပ်တာကြောင့် အချိန်တော်တော်များများတွင် ပြုံး၍သာနားထောင်နေလိုက်သည်။

အခြားသူများက သူမကို အာရုံစိုက်မနေသည့်အချိန်တွင် ဖေဖေချူ၏ နောက်သို့ လိုက်ပြီး အခြားအမျိုးသားများနှင့် စကားပြောဆိုနေသည့် ချူယင်းကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ 

သူ့နှုတ်ခမ်းတို့က အနည်း ကွေးညွတ်နေလျက်၊ Formal Suitကို၀တ်ဆင်ထားချိန်တွင် သူ့ပုံသဏ္ဍာန်က အခြားသူတွေထက်အရမ်းထင်းထွက်နေပြီး အနည်းငယ်အလှမ်းဝေးနေသလို ခံစားစေရသည်။

သူမစိတ်တွေဂယောင်ခြောက်ချားနဲ့ဝေဝါးနေချိန်မှာ မေမေချူက ရုတ်တရက် သူမနောက်ကျောကို လက်ဖြင့် အသာဖိကပ်လိုက်ပြီး အပြုံးလေးဖြင့်ဆိုလိုက်သည်။ 

 "ဟုတ်တယ် သူမက သရုပ်ဆောင်မင်းသမီး"

Xxxxxxx