အပိုင်း (၂၉၈)
Viewers 31k

Chapter 298 


"ဒါပေါ့....."


ဤသည်က စုန့်ထင်ရှန်းကို ပြောပြရန် အခွင့်ကောင်းဖြစ်လေသည်။


"ကျွန်မတို့က အိမ်အကူတွေကိုပဲ အရာတိုင်းကိုမှီခိုနေလို့မရဘူးလေ.. ဘာပဲဖြစ်ဖြစ် ကျွန်မက အိမ်မှာနေပြီး လုပ်စရာမှမရှိတာ... လေ့ကျင့်ခန်းလုပ်သိလိုပဲ သဘောထားလိုက်ရင်ရပါတယ်... ပြီးတော့ ကျွန်မတို့ ပိုက်ဆံနည်းနည်းစုမိတာပေါ့... အိမ်အကူအဒေါ်ကိုပေးတဲ့ လစာက သာမန်မိသားတစ်တစ်စုကို ထောက်ပံ့ဖို့ အေးဆေးလုံလောက်နေတာလေ...."


စုန့်ထင်ရှန်း "....."


"အကယ်၍ ကျွန်မက တကယ်ကြီး အလုပ်ရှုပ်နေရင်တောင် အိမ်ရှင်းဖို့ကို နာရီပိုင်းအလုပ်သမားရှာလို့ရပါတယ်... ကျွန်မတို့အိမ်က အရမ်းကြီးနေတယ်လေ...."


ယွမ်ရှ က အိမ်အကျယ်ကြီးတွင် နေရသည်ကိုသဘောကျသော်လည်း ယခုတွင် အိမ်က ကြီးလွန်းနေသည်ဟု ခံစားနေရသည်။ ဤအိမ်ကို သန့်ရှင်းအောင်ထားနိုင်ရန်မှာ အတော်လေးပင်ပန်းရပေလိမ့်မည်။ သို့သော် အဆင်ပြေပါသည်။ သူတို့ အိမ်အသေးလေးကိုရွှေ့လိုက်လျှင် အိမ်အကူလိုတော့မည်မဟုတ်ချေ။


---


ယွမ်ရှက တဖြေးဖြေးချင်း တွက်ချက်တတ်သည့် အကျင့်လေးရလာသည်။ သူမက လွန်ခဲ့သည့်နေ့များအတွင်း သူမတို့၏သုံးငွေအားလုံးကို လိုက်လံတွက်ချက်ကြည့်နေသည်။


ထိုမှသာ သူမတို့၏ အိမ်သုံးစရိတ်က မည်မျှမြင့်မားနေကြောင်း သိလိုက်ရလေသည်။ ဓာတ်ဆီဖိုးက မျှော်လင့်ထားသလိုသာဖြစ်သည်။ သူတို့ကားများက ဆီစားများလွန်းသည်။ တစ်ခါဆီထည့်လျှင် ယွမ်ရာကျော်ကုန်ကျလေသည်။ ကံကောင်းစွာဖြင့် သူမက ယနေ့တွင် ဆီဖြည့်ပေးသည့်လူကိုမေးကြည့်ရာ ထိုလူက ဓာတ်ဆီဆိုင်တွင် အပတ်တိုင်း ပွဲအသေးစားလေးများရှိသည်ဟု ပြောပြလေသည်။ ဥပမာအားဖြင့် သောကြာနေ့တိုင်း ဈေးလျော့ပေးခြင်းဖြစ်သည်။ တစ်လီတာဖြည့်တိုင်း ငွေဆင့်အနည်းငယ်မျှလျော့‌ပေးပြီး ၎င်းက လုံးဝမလျော့ပေးသည်ထက်တော့သာသေးသည်။ ပိုက်ဆံဆိုသည်မှာ နည်းနည်ချင်းစုသွားရသည်သာဖြစ်သည်။


ယနေ့ညစာအတွက် သူမက ဈေးသို့ထပ်သွားပြီး ပါဝင်ပစ္စည်းများဝယ်လိုက်သည်။ ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်မှာ ယွမ်တစ်ရာအောက်လျော့လေသည်။ ဝက်နံရိုးက အနည်းငယ်ဈေးကြီးသည်။ အနာဂတ်တွင် ၎င်းကိုနည်းနည်းသာစားနိုင်တော့မည်ဖြစ်သော်လည်း စုန့်ထင်ရှန်းက ၎င်းကိုကြိုက်ပေသည်။ ယွမ်ရှက မေးစေ့ကိုနာနာပွတ်ရင်းစဉ်းစားလိုက်သည်။ ထို့နောက် နုတ်လေးတစ်ခုရေးလိုက်သည်။ 


: ဝမ်လေးရဲ့ပါပါးက ဝက်နံရိုးစားရတာကြိုက်တယ်...သူတစ်ပတ်တစ်ခါစားလို့ရမယ်.... ^__^


အနာဂတ်တွင် သူမက သူတို့၏ တစ်နပ်စာတိုင်းကို အသားတစ်ခွက်နှင့် ဟင်းသီးဟင်းရွက်များပါစေပြီး သုံးနပ်ကို ယွမ်ခြောက်ဆယ်အောက်လျော့အောင် အကောင်းဆုံးကြိုးစား၍ ကန့်သတ်မည်ဖြစ်သည်။


ယွမ်ရှက အိမ်သုံးစရိတ်များကို မှတ်နေချိန်တွင် စုန့်ထင်ရှန်းက သူမအခန်းထဲဝင်လာသည်။ သူမက အခန်းတံခါးမပိတ်ထား၍ ဒီအတိုင်းဝင်လာခြင်းဖြစ်သည်။


သူမက အလွန်အမင်းအာရုံစိုက်နေသည်။ သူမအာရုံမစိုက်မိခင် စုန့်ထင်ရှန်းက သူမနောက်ကိုရောက်နေပြီဖြစ်သည်။


စုန့်ထင်ရှန်း သူမ၏စာရင်းစာအုပ်ကိုယူလိုက်သည်။ 


ယွမ်ရှက နောက်ဆုံးတွင် သူ့ကိုသတိပြုမိသွားပြီဖြစ်သည်။ ထိတ်လန့်သွားရင် သူမရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိလိုက်ရသည်။


"ရှင်ဘာလို့ အရမ်းကိုတိတ်တိတ်လေး လျှောက်လာတာလဲ... ကျွန်မကို လန့်သေသွားစေတော့မလို့...."


စုန့်ထင်ရှန်းက သူမ၏မှတ်စုစာအုပ်လေးကိုဖတ်ကြည့်လိုက်သည်။ ထို့နောက် သူမကို ပဟေဠိဖြစ်စွာကြည့်လာသည်။

"မင်း စာရင်းမှတ်နေတာလား..."


စာရင်းမှတ်ခြင်းမှာ ကောင်းသောအရာဖြစ်သည်။ 


ဒါပေမဲ့ အာလူးက ၄.၂၀ယွမ်၊ တရုတ်မုန်လာက ၄.၈၀ယွမ်၊ ဂျင်းက ၁.၃၀ယွမ်ဆိုတာက ဘာတွေလဲ... ဒီလိုဟာတွေက မှတ်ဖို့လိုလို့လား...


ပြီးတော့ အဲ့တာတွေဘေးမှာ သူမက ဘာမဟုတ်ကဟုတ်ကတွေ မှတ်ထားသေးတာလဲ....


"ဝက်နံရိုးက ဈေးကြီးတယ်.... ဝမ်လေးရဲ့ပါပါးက ဝက်နံရိုးစားရတာကြိုက်တယ်...သူတစ်ပတ်တစ်ခါစားလို့ရမယ်.... ^__^ " ဆိုတာကရောဘာလဲ....


သူတို့ကဘာလို့ တစ်ပတ်မှတစ်ခါပဲစားလို့ရမှာလဲ... သူကအဲ့လောက်တောင် သနားဖို့ကောင်းနေပြီလား...


"ဓာတ်ဆီကဈေးကြီးတယ်... အခုကစပြီး သောကြာနေ့မှဆီဖြည့်မယ်... ဆယ်ခေါက်ဖြည့်တိုင်း ကူပွန်တွေပေးတယ်... နေ့စဉ်သုံးပစ္စည်းတွေက အွန်လိုင်းကနေဝယ်လို့ရတယ်... ပို့ခအလကားအပြင် စူပါမားကတ်တွေမှာထပ်ဈေးသက်သာတယ်..." ဒါတွေကရော ဘာတွေလဲ...


ယွမ်ရှက ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်မက စာရင်းမှတ်တဲ့အကျင့်ကိုလုပ်မလို့..."


စုန့်ထင်ရှန်းက သူမကို မယုံသင်္ကာကြည့်လာသည်။ အဆုံးတွင်မှ မေးလိုက်တော့သည်။

"မင်းအခုတလော ပိုက်ဆံလိုနေတာလား...."


ယွမ်ရှ၏အဖြေကိုမစောင့်ဘဲ ဆက်ပြောလိုက်သည်။


"ပိုက်ဆံလိုရင် ကိုယ့်ကိုပြောလေ... ကိုယ့်ရဲ့ ခရက်ဒစ်ကတ်ကိုပေးမှာပေါ့... အကန့်အသတ်မရှိသုံးလို့ရတယ်... မင်းလိုသမျှဝယ်လို့ရတယ်..."


xxxxxx