အပိုင်း (၂၉၉)
Viewers 34k

Chapter 299


စုန့်ထင်ရှန်း၏စကားများက အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ယွမ်ရှလည်း ရင်ထဲထိသွားရသည်။ သို့သော် သူတို့၏ စီးပွားရေးအခြေအနေက လက်ရှိတွင် ပုံသေတွက်၍မရပေ။ အနာဂတ်တွင် ဇာတ်လမ်းက တိုတက်လာမည် မတိုးတက်လာမည်ကို မည်သူသိမည်နည်း။ ထို့ကြောငမ့ ယွမ်ရှက နှလုံးခုန်မြန်သွားပြီး ရှက်သွေးများဖြာသွားသော်လည်း ခဏအကြာတွင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူမ ခက်ခက်ခဲခဲခေါင်းခါလိုက်သည်။


"ကျွန်မ ပိုက်ဆံမလိုပါဘူး... ရှင့်ရဲ့ ခရက်ဒစ်ကတ်ကိုလည်း မလိုဘူး... ကျွန်မက ရှင်ပိုက်ဆံရှာရတာ မလွယ်ဘူးလို့တွေးမိရုံပါ... ကျွန်မ စာရင်းနဲ့သေချာမှတ်ပြီး တတ်နိုင်သလောက် ငွေစုချင်လို့ပါ... ဒါကဝမ်လေးကိုလည်း အကောင်းသဘောသက်ရောက်မှုရှိစေတယ်လေ.. သူအသက်ကြီးလာရင် ပိုက်ဆံမဖြုန်းမိအောင် သင်ယူနိုင်တာပေါ့...."


"မင်းအခုတလော ထူးထူးဆန်းဆန်းတွေလုပ်နေတယ်နော်...."


စုန့်ထင်ရှန်းက သူမကို စောင်းငဲ့ကြည့်လိုက်သည်။


"ဘယ်သူမဆို ပိုက်ဆံရှာရတာမလွယ်ပါဘူး... ဒါပေမဲ့ ကိုယ်က မင်းနဲ့ဝမ်လေးကို အကောင်းဆုံးပတ်ဝန်းကျင်နဲ့နေထိုင်မှုပုံစံရအောင် ထောက်ပံ့နိုင်ပါတယ်... ဒီတော့ မင်းဒါတွေလုပ်ဖို့ မလိုပါဘူးကွာ.... ကိုယ်အလုပ်ကြိုးစားနေရတာ မင်းသက်တောင့်သက်သာနေနိုင်အောင်လို့လေ...."


ယွမ်ရှ ရင်ထဲမထိဘဲမနေနိုင်တော့ပေ။


"ကောင်းပါပြီ... ဒါက ကျွန်မလည်း ခက်ခက်ခဲခဲကြိုးစားရတာမျိုးမဟုတ်ပါဘူး... စာရင်းလေးမှတ်ရုံကို..အဆိုးကြီးလည်းမဟုတ်ပါဘူး... ကျွန်မကိုမတားပါနဲ့ ဟုတ်ပြီလား...."


စုန့်ထင်ရှန်းက ခဏမျှတိတ်ကျသွားပြီး လေးလးနက်နက်ပြောလာသည်။


"ကိုယ် မနက်ဖြန်လည်း ဝက်နံရိုးစားချင်တယ်... တစ်ပတ်တစ်ခါမှ မစားချင်ဘူး..."


ယွမ်ရှက ဝက်နံရိုးများက ဈေးကြီးသည်ဟု ပြောချင်သော်လည်း ထိုစကားလုံးများကို ပြန်မျိုချလိုက်ရသည်။


"ဟုတ်ပါပြီ ဟုတ်ပါပြီ... မနက်ဖြန်ကြရင် ချက်ကျွေးပါ့မယ်...ရှင် မငြီးငွေ့မချင်းချက်ကျွေးပစ်မယ်...."


သူမတို့တွင် ပိုက်ဆံရှိနေတုန်း သူ့ကိုစားချင်သလောက်စားခိုင်းပစ်မည်။ သူသာနေ့တိုင်းစားရ၍ ငြီးငွေ့သွားပြီး ထပ်မစားချင်တော့လျှင် ပို၍ကောင်းသေးသည်။ ဝက်နံရိုးများမှာ ဈေးကြီးလှလေသည်။


"ကောင်းတာပေါ့..."


စုန့်ထင်ရှန်းက လက်မြှောက်ကာ နာရီကြည့်လိုက်သည်။


"ဒါဆို ကိုယ့်မှာအလုပ်ရှိသေးတယ်... စာကြည့်ခန်းထဲ ပြန်သွားတော့မယ်နော်.... ဝမ်လေးနဲ့အတူ အိပ်တော့... ကိုယ့်အတွက် ညလယ်စာမုန့်တွေမလုပ်ပေးနဲ့တော့..ကိုယ်ညစာအများကြီးစားထားတယ်... ဒီအတိုင်းသာဆက်သွားရင် ကိုယ့်ရဲ့ ဝမ်းဗိုက်ကြွက်သားခြောက်ခုကို မထိန်းနိုင်တော့ဘဲနေမယ်...."


"မထိန်းနိုင်လည်းရပါတယ်...."


ယွမ်ရှက ပြောလိုက်သည်။

"ရှင်ကောင်းကောင်းစားနေသ၍ဖြစ်တယ်...."


စုန့်ထင်ရှန်း ပြင်းပြင်းထန်ထန်ခေါင်းရမ်းလိုက်သည်။


"အဲ့လိုလုပ်လို့မရဘူး..  အချိန်မတန်သေးဘူး..."


"ဘာကိုအချိန်မတန်သေးတာလဲ...."


ယွမ်ရှက ထိုမေးခွန်းကိုမေးလိုက်ပြီးမှ သူ့စကားနောက်မှ အဓိပ္ပါယ်ကိုနားလည်သွားသည်။ သူမ သူ့ကိုတွန်းလွှတ်ကာ အပြင်ကိုအတင်းသွားခိုင်းလေသည်။


"စာကြည့်ခန်းထဲ မြန်မြန်သာသွားပါတော့...."


စုန့်ထင်ရှန်း ကူကယ်ရာမဲ့သွားရသည်။ သူမ၏တိုက်တွန်းမှုကြောင့် စာကြည့်ခန်းထဲပြန်သွားလိုက်ရကာ ကွန်ပျူတာရှေ့ပြန်ထိုင်ပြီး အလုပ်စလုပ်တော့သည်။


---


နောက်တစ်နေ့တွင် ယွမ်ရှက ရုတ်တရက်ကြီး တစ်စုံတစ်ခုကို တွေးမိသွားသည်။အကယ်၍ စုန့်ကော်ပိုရေးရှင်းသာ ဒေဝါလီခံရလျှင် စုန့်ထင်ရှန်းနာမည်အောက်ရှိ ပိုင်ဆိုင်မှုများမှာ သေချာပေါက် အကြွေးဖြင့်သိမ်းယူခံရမည်ဖြစ်သည်။ အဆုံးတွင် ယခုခေတ်ကုမ္ပဏီတိုင်းတွင် ဘဏ်အကြွေးများရှိလေသည်။ စုန့်ကော်ပိုရေးရှင်းသာ ဒေဝါလီခံလျှင် တရားရုံးက စုန့်ထင်ရှန်း၏ ပိုင်ဆိုင်မှုများကို သေချာပေါက်သိမ်းယူမည်ဖြစ်သည်။ မူလပိုင်ရှင်က အိမ်နှစ်လုံး၊ ကားတစ်စီး၊ ငွေအနည်းငယ်သာကျန်ခဲ့ရသည့် အကြောင်းကို ယခုမှသာ နားလည်သွားတော့သည်။ 


ယခု အလွန်နောက်မကျသေး၍ သူမ လျှင်လျှင်မြန်မြန် ပြင်ဆင်ရပေတော့မည်။


သူမက စုန့်ထင်ရှန်း၏ ဇနီးဖြစ်သည်။ သူမနာမည်အောက်ရှိ ပိုင်ဆိုင်မှုများက သူနှင့်အတူ သိမ်းဆည်းခံရမည်ဖြစ်သည်။ အနာဂတ်က မသေချာမရေရာ၍ သူမ၏အိတ်များနှင့် လက်ဝတ်ရတနာများကို ရောင်းရပေမည်။ 


သူမနာမည်အောက်ရှိ ကွန်ဒိုကိုလည်း ဖေဖေယွမ်နှင့် မေမေယွမ်နာမည်အောက်တွင် ထားရမည်။ သူမ၏ စုငွေအကောင့်ကိုလည်း သူတို့ကိုပေးရမည်။ သူမနာမည်အောက်ရှိ ပိုင်ဆိုင်မှုများနှင့် အိတ်များရောင်းရာမှရလာမည့် ပိုက်ဆံများကိုပါထည့်ထွက်လိုက်သောအခါ သူမတို့နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ကြာအောင် အေးဆေးနေနိုင်ပြီး ဝမ်လေး၏ကျောင်းစရိတ်အပါအဝင်၊ ကျူရှင်ခ၊ နိုင်ငံခြားပညာတော်သင်စရိတ်နှင့် ဇနီးတစ်ယောက်လက်ထပ်ရန်အထိ လုံလောက်ကြောင်းသိလိုက်ရ၍ ယွမ်ရှ စိတ်သက်သာရာရသွားခဲသည်။


ယခုလက်ရှိယွမ်ရှက လွယ်လင့်တကူလန့်တတ်သော ငှက်ငယ်လေးမဟုတ်တော့ဘဲ ဆောင်းတွင်းဒဏ်ကိုကြံ့ကြံ့ခံရန် အစားအသောက်ကို အကောင်းဆုံးစုဆောင်းနေသော တောကောင်ငယ်လေးနှင့်တူလာတော့သည်။ သူမက အရင်းအမြစ်များကို လုံလောက်သလားသေချာတွက်ချက်ပြီး ဆောင်းရာသီရောက်သည်နှင့် ပျော်ရွှင်စွာ ကြိုဆိုနိုင်မည်ဖြစ်သည်။


xxxxxx