အပိုင်း (၃၀၀)
Viewers 31k

Chapter 300


မေမေယွမ်က ယွမ်ရှ၏ လုပ်ရပ်များကြောင့် အံ့အားသင့်နေရသည်။ သူမက သူမ၏သမီးကိုဘေးသို့ဆွဲပြီး အသံတိုးတိုးနှင့်မေးလေသည်။


"ဘာဖြစ်လို့လဲ... အမေတို့ကိုဘာလို့ အကောင့်ဖွင့်ပေးပြီး ပိုက်ဆံတွေအများကြီး လွှဲပေးတာလဲ... ကွန်ဒိုကိုလည်း လွှဲပေးမယ်ပြောနေသေးတယ်... ရူးနေပြီလား..."


ယွမ်ရှက ကုမ္ပဏီဒေဝါလီခံရလျှင် မည်သို့ကြုံရကြောင်းမသိသလို စုန့်ထင်ရှန်းနှင့် သူမ၏အပိုင်ပစ္စည်းများက မည်သို့ဖြစ်လာမည်မှန်းမသိပေ။ ထိုအချိန်မျိုးတွင် သူမဘက်က ရှေ့နေကောင်းကောင်းခေါ်နိုင်မည်မဟုတ်ကြောင်းသိ၍ ဤခပ်တုံးတုံးနည်းလမ်းကို သုံးလိုက်ခြင်းဖြစ်သည်။ သူမ၏ပိုင်ဆိုင်မှုများကို သူမမိဘများထံ လွှဲပေးချင်က အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။


အမေယွမ်က ဆက်ပြောလာသည်။


"ဘာအရူးအလုပ်တွေမှမလုပ်နဲ့... သမီးယောက်ျားနဲ့ ကွာရှင်းမယ်ဆိုရင်တောင် သမီးရဲ့ပိုင်ဆိုင်မှုတွေကိုလွှဲပေးတာမကောင်းဘူ... ဒီအပြုအမူကမကောင်းဘူး... မှန်လည်း မမှန်ဘူး..."


"သမီးတို့ မကွာရှင်းကြပါဘူး...."


မေမေယွမ်က သူမတို့ကွာရှင်းတော့မည်ဟု အထင်လွဲခြင်းမှာ နားလည်နိုင်ပေသည်။ သူမတို့၏ဆက်ဆံရေးမှာ အတော်လေးအဆင်မပြေဘဲ ပြဿနာများစွာရှိခဲ့၍ သူမ၏လုပ်ရပ်ကြောင့် လွယ်လွယ်ကူကာ အထင်လွဲနိုင်ပေသည်။


အမေယွမ်က သူမကိုအတော်လေး မယုံသေးပေ။ သူမက သံသယဝင်စွာမေးလိုက်သည်။


"တကယ်လား.... ဒါဆို အမေတို့ကို ဘာလို့ဒီလောက်များတဲ့ ပိုက်ဆံတွေပေးနေရတာလဲ.."


"အဲ့တာက စကားနည်းနည်းနဲ့ ရှင်းပြလို့မရဘူး..."


မေမေယွမ်က ပြန်ပြောလာသည်။


"အမေ့မှာ အချိန်တွေပေါလွန်းလို့... စကားလုံးနည်းနည်းနဲ့ရှင်းပြလို့မရရင် စကားလုံးအများကြီးနဲ့ ရှင်းပြလေ...."


ယွမ်ရှက အတော်လေး ကူကယ်ရာမဲ့သွားသည်။ 

"ကောင်းပြီလေ... သမီးပြောပြမယ်... ဘယ်သူ့မှမပြောပြနဲ့နော်... ဝမ်လေးရဲ့ ပါပါးရှေ့မှာ အမေဒီအကြောင်းတွေသိနေကြောင်းလည်း အရိပ်အယောင်လေးတောင်မပြနဲ့နော်...."


သတ်လတ်ပိုင်းအမျိုးသမီးများကို အရူးလုပ်ရသည်မှာ အခက်ဆုံးဖြစ်ကြောင်း သက်သေပြနေသည်။ ယခုတွင် မေမေယွမ်က သူမက စုန့်ထင်ရှန်းနှင့် ကွာရှင်းချင်နေ၍ ပိုင်ဆိုင်မှုများကို တိတ်တိတ်လေးလွှဲပေးနေ သည်ဟု ထင်နေသည်။ ထို့ကြောင့် သူမသေချာရှင်းပြမှသာဖြစ်ပေမည်။ မဟုတ်ပါက သူမဘာတွေလျှောက်တွေးမလဲ မည်သူမှမသိနိုင်ပေ။


မေမေယွမ်က နိုးနိုးကြားကြားဖြစ်သွားသည်။

"ပြောစမ်းပါ... သမီးအဖေကို ပြန်မပြောပြပါဘူး...."


"ဝမ်လေးအဖေရဲ့ ကုမ္ပဏီက အခုအတော်ကြီး အကျပ်အတည်းထဲကျနေတယ်...."


ယွမ်ရှက အရှင်းလင်းဆုံးဖြစ်အောင် ရှင်းပြရန် ကြိုးစားနေသည်။


"သမီးက နောက်ပိုင်းကြရင် ပြဿနာအကြီးကြီးဖြစ်လာမှာ ကြောက်လို့ပါ... ဒါကြောင့်ပဲ သမီးတို့မိသားစုအတွက် အသက်ရှူပေါက်လေး ချန်ထားချင်တာလေ... အကယ်၍ အချိန်ရောက်လာလို့ ပိုင်ဆိုင်မှုတွေက သမီးနာမည်အောက်ရောက်နေရင်... အမေသမီးဘာပြောချင်လဲ နားလည်မှာပါ...."


သတ်လတ်ပိုင်းအမျိုးသမီးများမှာ မျိုးစုံသော အတွေးများစွာကိုတွေးတတ်သည့် လူအုပ်စုဖြစ်လေသည်။ မေမေယွမ်က လုပ်စရာမရှိ၍ နေ့တိုင်း TVသာကြည့်လေ့ရှိသည်။ ထို့ကြောင့် သူမက ယွမ်ရှ၏စကားများကိုကြားပြီးနောက်တွင် အံ့ဩသွားခဲ့ပြီးမှ ခဏအကြာတွင် လေးနက်စွာပြန်ပြောလာသည်။


"အမေနားလည်ပြီ.... စိတ်မပူပါနဲ့... အမေနဲ့သမီးအဖေမှာ ဒီနှစ်ထဲစုထားတာတွေ အများကြီးရှိတယ်.... အချိန်ကျလာရင် အမေတို့ကပေးမှာပါ...."


ယွမ်ရှက မလိုဘူးဟုပြောချင်သော်လည်း အမေယွမ်က အလောတကြီးပြောလာသည်။


"ဒါပေမဲ့ ဝမ်လေးအဖေမှာ ပိုက်ဆံတွေမရှိတော့ရင် တခြားအတွေးမတွေးပါဘူးလို့ ကတိပေး.. သူက လူကောင်းတစ်ယောက်ပါ... သမီးရဲ့ပိုက်ဆံတွေ ပိုင်ဆိုင်မှုတွေ၊ သမီးအဖေနဲ့ အမေအခုနေနေတဲ့နေရာရော စုထားတဲ့ပိုက်ဆံတွေရောက သူ့ဟာတွေချည်းပဲ.. လူဆိုတာအရမ်း ဇီဇာမကြောင်ရဘူး...လက်ထပ်ထားတဲ့ လင်မယားဆိုတာ ခက်ခဲတဲ့အချိန်တွေမှာတောင် တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးရမယ်..."


"အမေက သမီးကိုဘယ်လိုတွေထင်နေတာလဲ..."

ယွမ်ရှ ဆွံ့အသွားရသည်။


"စိတ်မပူပါနဲ့... သမီးတို့က ဘာပဲဖြစ်လာဖြစ်ခါ မခွဲကြပါဘူး... ဘာပဲဖြစ်ဖြစ်ပါ ဒါတွေကသမီးရဲ့ ခန့်မှန်းချက်တွေမလို့ သေတော့မသေချာဘူးနော်... အဖေ့ကိုအဲ့အကြောင်းမပြောနဲ့ အမေသိနေတဲ့အကြောင်း အရိပ်အယောင်လေးတောင်မပြနဲ့ဟုတ်ပြီလား..."


မေမေယွမ် : "စိတ်မပူပါနဲ့... အမေက သမီးထက် လျှို့ဝှက်ချက်တွေ ထိန်းသိမ်းတဲ့နေရာမှာတော်တယ်..."


ယွမ်ရှ :"....."


အဆုံးတွင် ယွမ်ရှက မေမေယွမ်ကိုယုံလေသည်။ မူလပိုင်ရှင်က မေမေယွမ်၏တစ်ဦးတည်းသော သမီးဖြစ်၍ မေမေယွမ်က သူမအတွက်အကောင်းဆုံးကိုသာ တွေးပေးမည်ဖြစ်သည်။ မေမေယွမ်၏ပူးပေါင်းပါဝင်မှုနှင့်အတူ သူမက သူမ၏အစီအစဉ်များကို အရိပ်အယောင်ပင်မရှိဘဲ ဖုန်းကွယ်နိုင်ခဲ့သည်။ သို့သော် သူမပေးပို့ခဲ့သည့် ပမာဏမှာ သာမန်မိသားစုတစ်ခုအတွက် အတော်လေးများပြားပေသည်။ ထို့ကြောင့် ၎င်းက စုန့်ထင်ရှန်း သူ၏ ယောက္မများအပေါ်တွင် အလွန်ကောင်းကြောင်း ပြသနေသလိုသာဖြစ်သည်။ စုန့်ထင်ရှန်းက ယခင်နှစ်များတွင် အားလပ်ရက်များ၌ သူတို့ကို အတော်အများပေးထားသည်။ ထို့ကြောင့် အမေယွမ်က သူ့ကိုကာကွယ်ပြောဆိုနေသည်မှာ မဆန်းပေ။


ထိုကဲ့သို့ သမက်လိမ္မာလေးမှာ တွေ့ရခဲပေသည်။


xxxxxx