အခန်း ၆ ။ ကောင်းသောညပါကိုယ့်ရဲ့ကိုယ်ရံတော်လေး
Viewers 3k

အခန်း ၆။ ကောင်းသောညပါ ကိုယ့်ရဲ့ကိုယ်ရံတော်လေး


ရက်အနည်းငယ်ကြာပြီးနောက်။

"make-upကို အလင်းဘက်သွားတဲ့ smoky lookလေး လုပ်ပေးနော်"

ကွေ့ဟွားက make-up artist ကိုပြောပြီးနောက် သူမ၏မျက်လုံးတစ်စုံကို မှိတ်ထားပေးလိုက်သည်။ သူမရောက်ရှိနေသည်က စတူဒီယိုတစ်ခုမှာဖြစ်ပြီး မဂ္ဂဇင်းကာဗာတစ်ခုအတွက် ရိုက်ကူးရမှာဖြစ်သည်။

"ကွေ့ဟွားရေ ပြင်ဆင်တာပြီးရင် စမယ်တဲ့"

"ခဏနော် ပြီးတော့မယ်"

သူမ၏မန်နေဂျာက အခန်းထဲဝင်လာရင်းပြောသည်ကို make-up artist ကပြန်ဖြေရင်း အမြန်ဆုံးပြီးအောင် လုပ်ပေးသည်။ ဆံပင်အခွေလေးများကိုလည်း သေသေချာချာ ပြန်လည်ပုံချလိုက်ပြီးနောက် သူမလည်းအဝတ်လဲခန်းမှ ထွက်လာခဲ့တော့သည်။

သူမရောက်တော့ ဓာတ်ပုံရိုက်ကူးရန်အတွက အဖွဲ့သားများအားလုံး အဆင်သင့်ဖြစ်နေလေပြီ။ ထို့နာက် သူမ၏ လှုပ်ရှားမှုတို့ကို ဓာတ်ပုံဆရာက မပြတ်တမ်း ရိုက်ယူသည်။

အချိန်အတော်ကြာ ရိုက်ကူးပြီးနောက် စိတ်ကြိုက်ပုံတွေရသွားသည်မို့ သူမအနားရပြီမို့ ဓာတ်ပုံဆရာကိုနှုတ်ဆက်ကာ အဝတ်လဲခန်းဆီ သွားရန်ပြင်လိုက်သည်။

ထိုစဉ်မှာပင် studio ထဲ၌ရှိနေသော လူတစ်ချို့က ဖုန်းကိုယ်စီကြည့်လျက် တီးတိုးရေရွတ်နေကြသည်။ ထို့နောက် အကြည့်တို့က သူမထံသို့ ကျရောက်လာလေသည်။

အဘယ်ကြောင့်သူမကို ဝိုင်းကြည့်နေသည်ဆိုတာ စဉ်းစားမရချေ။ ထို့ကြောင့်သူမ၏မန်နေဂျာအစ်မနှင့်အတူ အဝတ်လဲခန်းထဲ အမြန်ဝင်လာရင်းမေးလိုက်သည်။

"အစ်မ ဘာဖြစ်နေလို့လဲဟင် သူတို့တွေ ဖုန်းကိုကြည့်လိုက် ကျွန်မကိုကြည့်လိုက်နဲ့ ထူးဆန်းနေတယ်"

ကွေ့ဟွားပြောလိုက်တော့ သူမ၏မန်နေဂျာက ဖုန်းကိုဖွင့်ကာ ကွေ့ဟွားနှင့်ပါတ်သက်သည့်သတင်းတို့ကို ရှာဖွေလိုက်သည်။ ထိုစဉ်မှာပင် သူမမြင်လိုက်ရသည်က...

"ပြည်သူချစ်တဲ့ ပန်းပွင့်လေးမှာ boyfriend ရှိနေပြီလား" ဟူသော သတင်းခေါင်းစဉ်နှင့်အတူ ယှဉ်တွဲပါလာသည်က ကွေ့ဟွားနှင့် ရှောင်းကျန့်တို့နှစ်ဦးသား ပျော်ရွှင်စွာ shopping ထွက်နေသည်ဟု ယူဆနိုင်သော ပုံများဖြစ်နေသည်။

mask ကိုယ်စီ၊ ဦးထုပ်ကိုယ်စီဖြင့် ရုပ်ဖျက်ထားသည်ဆိုသော်လည်း အတော်ကို သိသာနေသေးသည်ပင်။ ကွေ့ဟွားတစ်ယောက် အံ့သြသွားမိသည်။ ဒီပုံတွေက ဘယ်လိုလုပ်ပြီး...။

အတွေးတို့ ယောက်ယက်ခတ်သွားရပြီး သူမ၏ချစ်သူထံ ဖုန်းခေါ်လိုက်သည်။ သို့သော်လည်းမကိုင်ပေ။ အလုပ်များနေသည်လား မပြောတတ်။

တစ်ဘက်မှာလည်း ထျန်းယွီက ဆေးရုံ၌အစည်းအေ၀းတစ်ခလုပ်နေချိန်မို့ ထိုသတင်းကိုမသိသေးပေ။ ဖုန်းကိုလည်း silent လုပ်ထားတာဖြစ်သည်။

အစည်းအေ၀းပြီးမှ ထိုသတင်းကိုသိလိုက်ရတော့ ဆွံ့အသွားမိသည်။ missed callတွေ ဝင်နေပုံအရ ကွေ့ဟွားလည်း ဒီသတင်းကို သိပြီးလောက်ပြီထင်သည်။

ဒီနှစ်ယောက်ဟာ သေသေချာချာ ရုပ်ဖျက်သွားပါဆိုတာကိုကွာ...။

ပိုင်ထျန်းယွီ၏ အတွေးတို့ပင်မဆုံးသေး။ ညီဖြစ်သူထံမှ ဖုန်းဝင်လာတော့သည်။

"အစ်ကိုထျန်းယွီ သတင်းကြည့်ပြီးပြီလား"

"အင်းအခုပဲသိတာ ညီလေး"

"ဘယ်လိုလုပ်ကြမလဲ ပုံတွေက ကျွန်တော်တို့မှန်း သိသာနေတယ်"

"အကြောင်းပြချက်ရှာပြီး ငြင်းရမှာပေါ့ တောင်းပန်ပါတယ်ညီလေးရယ် အစ်ကို့ကြောင့်နဲ့"

"မဟုတ်တာအစ်ကိုရာ ဖြေရှင်းဖို့နည်းလမ်းကူစဉ်းစားပေးဦး ကျွန်တော်ဖုန်းချလိုက်တော့မယ် CEO ကခေါ်နေပြီ"

ရှောင်းကျန့် ပြောပြီးပြီးချင်းမှာပင် ဖုန်းချလိုက်သည်။ အစ်ကိုဖြစ်သူ မအားလပ်တာမို့ အကူအညီတောင်းသည်ကို လက်ခံပေးခဲ့တာဖြစ်သည်။ အခုလိုအထိ ဖြစ်သွားမည်မထင်မိ။

သည်လထဲမှာပင် အစ်ကိုဖြစ်သူ၏ ချစ်သူသက်တမ်းတစ်နှစ်ပြည့်ရှိသည်။ ပွဲလေးတစ်ခုလုပ်ဖို့ စဉ်းစားထားပြီး ထိုပွဲမှာပင် အစ်မကွေ့ဟွားက ပရိတ်သတ်ထံသို့ သူမတွင်ချစ်သူရှိနေပြီဖြစ်ကြောင်း အသိပေးရန်အစီအစဉ် ဆွဲထားခြင်းပင်။

ပွဲတွင်ဝတ်ရန် အပ်ထားသောဝတ်စုံများကို သွားယူမည့်နေ့မှာမှ တိုက်ဆိုင်စွာပင် အစ်ကိုဖြစ်သူက လူနာမပြတ်သည်မို့ duty ချိန်ပြီးသွားသော်လည်း over time ဆက်နေပေးရသေးသည်။

ထို့ကြောင့် သူ့ဆီဖုန်းဆက်ကာ အဖော်လိုက်သွားပေးရန် တောင်းဆိုခဲ့တာဖြစ်သည်။ အစ်မကွေ့ဟွားအနေနှင့် သူမ၏မန်နေဂျာကို ခေါ်သွားလျှင်ရသော်လည်း မဖြစ်သေးပေ။

သူမမှာ ချစ်သူရှိသည့်ကိစ္စကို မန်နေဂျာကိုပင် အသိမပေးထားတာမို့ ထျန်းယွီပြောသည့်အတိုင်းပင် ရှောင်းကျန့်နှင့်အတူ ရုပ်ဖျက်ကာ သွားရတာပင်။ ယခုမူ ကိစ္စတွေက ထိုသို့ဖြစ်သွားခဲ့လေပြီ။

::::::::::::::::::::::::::::::::::::::::

ရှောင်းကျန့်တစ်ယောက် သူ့အေဂျင်စီကို ရောက်သည်နှင့် CEO၏ အခန်းဆီသို့တစ်ခါတည်းတန်းသွားလိုက်သည်။ သူရောက်တော့ CEOက ဖုန်းပြောနေရင်း စိတ်ရှုပ်နေပုံရသည်မို့ ခုံမှာဝင်ထိုင်လိုက်ရင်း ဖုန်းပြောပြီးချိန်ကို စောင့်နေလိုက်သည်။

"ကောင်းပါပြီ ကျွန်မတို့အကောင်းဆုံးဖြေရှင်းပေးပါ့မယ် အချိန်နည်းနည်းလောက်ပဲ စောင့်ပေးပါရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော် အချိန်နည်းနည်းလောက်ပါပဲ"

CEO ဖြစ်သူက ဖုန်းပြန်ချပြီးသည်နှင့် ရှောင်းကျန့်ကို အလိုမကျဟန်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်တံတောင်ထောက်ကာ နဖူးကိုလက်ဖဝါးနှင့်ထောက်လိုက်ရင်း သက်ပြင်းချသည်။

"ဒါကဘယ်လိုဖြစ်ရတာလဲရှောင်းကျန့် ဘာလို့ဒီလိုသတင်းမျိုး ထွက်လာရတာလဲ"

"ကျွန်တော်တို့သွားခဲ့တာမှန်တယ် date နေတာတော့မဟုတ်ပါဘူး အစ်မကွေ့ဟွားမှာက ချစ်သူရှိပါတယ်""ဒါကမင်းအပြောလေ ငါကဘယ်လိုယုံရမှာလဲ မင်း... တိကျတဲ့ဖြေရှင်းချက်တစ်ခုပေးသင့်တယ် မထင်ဘူးလား အခုငါတို့အေဂျင်စီနဲ့ချုပ်ထားတဲ့ ဇာတ်လမ်းတွဲနှစ်ခု ဖျက်သိမ်းသွားပြီ ပြီးတော့ မင်းနဲ့ကြေငြာဖို့စီစဉ်ထားတဲ့ဟာတွေကလဲ လူလဲပေးဖို့တောင်းဆိုနေပြီ ငါဘယ်လိုဆက်လုပ်ရမှာလဲ မင်းကိုပဲသုံးမယ်ဆိုရင် ဖျက်သိမ်းခံရနိုင်ချေက ရာနှုန်းပြည့့်ပဲ"


"တောင်းပန်ပါတယ် အေဂျင်စီအတွက်အရမ်းနစ်နာသွားမယ်ထင်တယ် ကျွန်တော်တို့က တစ်ကယ်တွဲနေတာမဟုတ်ပါဘူး တစ်ကယ်တော့ အဲဒီ့နေ့က..."

"သေချာတာပေါ့ ဆုံးရှုံးလိုက်ရတာ နည်းနည်းလေးမှ မဟုတ်ဘဲ ဒီသတင်းကအတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် မင်းကြောင့်ဖြစ်လာတဲ့ကိစ္စမို့ မင်းကိုယ်တိုင်ဖြေရှင်းပါ အေဂျင်စီဘက်ကဘာမှဖြေရှင်းပေးမှာမဟုတ်ဘူး ဒါမှမဟုတ်ရင်တော့ စာချုပ်ထဲကအတိုင်းပဲ ငါတို့လုပ်ကြတာပေါ့ သွားလို့ရပြီ"

CEO၏ စကားဆုံးတော့ ရှောင်းကျန့်တစ်ယောက် ရုံးခန်းထဲမှစိတ်လေးပင်စွာ ပြန်ထွက်လာခဲ့တော့သည်။ ထို့နောက်စိတ်ညစ်ညူးစွာဖြင့် မသွားစဖူးသွားဖို့ရာဦးတည်မိသည်က နာမည်ကြီးအရက်ဘားတစ်ခုဆီ။

::::::::::::::::::::::::::::::::::::::::

ဘားထဲဝင်လာသည်နှင့် လူအများ၏ အကြည့်တွေက သူ့ထံတွင်စုပြုံလျက်။ အချို့မှာတော့ သူ့အကြောင်းတီးတိုးရေရွတ်လျက် ရှိနေကြသည်။

ရှောင်းကျန့်မြင်သော်လည်း ဂရုစိုက်မနေဘဲ ထောင့်ကျကျစားပွဲတွင်သာ ဝင်ထိုင်လိုက်ပြီး သူ့အနားသို့စားပွဲထိုးကောင်လေးရောက်လာချိန်မှာ ပြင်းပြင်းလေးစပ်ပေးရန် မှာလိုက်သည်။

အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် မင်းကြောင့်ဖြစ်လာတဲ့ကိစ္စမို့ မင်းကိုယ်တိုင်ဖြေရှင်းပါ ငါ့ဘက်ကဘာမှ ဖြေရှင်းပေးမှာမဟုတ်ဘူးတဲ့လား။ ရှောင်းကျန့် နာကျည်းစွာပင် နှုတ်ခမ်းတစ်စုံကို မဲ့ပြုံးပြုံးလိုက်သည်။

တစ်ကယ်ဆိုလျှင် ဒီကိစ္စဘယ်လိုဖြစ်ရသလဲဆိုတာ သူ့ကိုမေးပြီးမှ လိုအပ်သလိုဆက်ပြီးဆောင်ရွက်ရမည်မဟုတ်လား။ အခုတော့ သူ့ဘက်ကရှင်းပြရန် ကြိုးစားသည့်တိုင်အချည်းနှီးသာ။

သူဘယ်လိုဖြေရှင်းရပါ့မလဲ။ အစ်မကွေ့ဟွား၏ချစ်သူအစစ်က သူ့အစ်ကိုဖြစ်ကြောင်းကို ပြောလိုက်ရမည်လား။ သည်လိုဆိုလျှင်လဲ မဖြစ်သေး။

အခုချိန်မှ ဖွင့်ချပြလျှင် သူ့အတွက်နှင့် အစ်ကိုဖြစ်သူက အမည်၀င်ခံလိုက်သည်ဟု သတင်းတွေထွက်လာနိုင်သေးသည်။ သူဘယ်လိုလုပ်ရမည်နည်း။

::::::::::::::::::::::::::::::::::::::::

"ရှစ်ဇွင်း ရှစ်ဇွင်း..."

ပန်းချီဆွဲရန် မင်တုံးကိုသွေးနေသောရိပေါ်တစ်ယောက် အမောတကောဖြင့် အပြေးအလွှားရောက်လာသောရှောင်ဟိုင့်ကို လှည့်ကြည့်လိုက်သည်။

"ရှောင်ဟိုင် ဘာဖြစ်လာတာလဲ"

ရိပေါ်၏အမေးစကားကို ရှောင်ဟိုင်က ပြန်မဖြေဘဲ လက်ထဲမှဖုန်းကို ပြလိုက်သည်။ ယူကြည့်မိတော့ တွေ့လိုက်ရသည်က ရှောင်းကျန့်၏ dating သတင်း။ ရိပေါ်၏လက်ထဲမှ သွေးလက်စမင်တုံးပင် ကြမ်းပြင်ပေါ်ပြုတ်ကျသွားရသည်။

မဖြစ်နိုင်။ ဒါကဘယ်လိုမှ မဖြစ်နိုင်။ သူထောင်ဟွားကို ပြန်တွေ့တာပင် သိပ်မကြာသေး။ ဟိုတစ်ချိန်ကအကြောင်းတွေ ပြန်လည်မှတ်မိအောင် ကြိုးစားနေတုန်းရှိသေးသည်။ ဘယ်လိုဖြစ်သွားရတာပါလိမ့်။

"မဖြစ်နိုင်ဘူး ဒါအတုပဲဖြစ်လိမ့်မယ်"

ရိပေါ်တစ်ယောက် သူ့ဘာသာတွေးရင်း သူ့ဘာသာခေါင်းညိတ်ကာ ရှောင်းကျန့်ထံ ဖုန်းခေါ်လိုက်သည်။ ထိုအခါ တစ်ဘက်ကဖြေဆိုသူမှာ အခြားသူတစ်ယောက်ဖြစ်နေသည်မို့ ပို၍ပင စိတ်ပူသွားရသည်။

တစ်ဘက်မှလူက ဖုန်းပိုင်ရှင်မှာ အရက်ဘားတွင် မူးကာမှောက်နေပြီဖြစ်ကြောင်းနှင့် သူတို့ဆိုင်ကလည်း မကြာခင်သိမ်းတော့မည်ဟုဆိုလာသည်မို့ ဆိုင်နေရာကိုမေးကာ ခေတ္တမျှစောင့်ပေးရန်ပြောပြီး သွားခေါ်ရန်အတွက် ပြင်ဆင်ရတော့သည်။

::::::::::::::::::::::::::::::::::::::::

"အစ်မကလည်း ကျွန်မအတွက် ဒီလိုသတင်းအတုတွေကရိုးနေပြီလေ တစ်ကယ်ပြောနေတာ ကျွန်မတို့ကတွဲနေတာမဟုတ်ပါဘူးဆို"

လင်ကွေ့ဟွားတစ်ယောက် စိတ်ညစ်ညူးစွာဖြင့် မျက်နှာကိုရှုံ့တွထားမိသည်။ သူမအရှေ့မှာထိုင်နေသောသူဌေးဖြစ်သူမှာတော့ 'လိမ်နိုင်သလောက်လိမ်စမ်းပါ'ဟူသောမျက်နှာပေးဖြင့်သာ မတုန်မလှုပ်ကြည့်နေလေသည်။

"အဲဒီ့လို ကြည့်မနေပါနဲ့ ကျွန်မပြောတာမယုံဘူးလား တစ်ကယ်ပါ ကျွန်မမှာတခြားသူရှိပါတယ်ဆို"

ကွေ့ဟွား၏စကားအဆုံးမှာ CEOက သူမ၏လက်ထောက်ကို အချက်ပြလိုက်သည်။ ထိုအခါ စားပွဲပေါ်သို့ စက္ကူအိတ်တစ်ခု ရောက်လာလေသည်။

ယူကြည့်လိုက်တော့ မြင်လိုက်ရသည်က ညဘက်ကြီး ရှောင်းကျန့်တို့ညီအစ်ကို၏အိမ်မှ သူမပြန်ထွက်လာသောပုံများ။ သူမမျက်လုံးပြူးသွားရလေပြီ။

သွားပြီ။ ဒါကဘယ်လိုဖြစ်ရတာပါလိမ့်။

::::::::::::::::::::::::::::::::::::::::

ဘားထဲသို့ ရိပေါ်ဝင်သွားသည်နှင့် မျက်လုံးဝေ့ကာရှာဖွေလိုက်ပြီး ထောင့်ကျကျစားပွဲတစ်ခု၌ ခေါင်းမှောက်နေပြီဖြစ်သော ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။

"ကျွန်တော်ကစောစောက ဖုန်းဆက်လိုက်တဲ့ တစ်ယောက်ပါ"

ရိပေါ်က စားပွဲထိုးကောင်လေးကိုပြောပြီးနောက် ကျသင့်ငွေရှင်းပေးလိုက်သည်။ ပြီးမှ ရှောင်းကျန့်ကိုထူမလိုက်ပြီး ပုခုံးအတွင်း လက်လျှိုသွင်းကာတွဲလိုက်သည်။

ကားအနားရောက်တော့ ရှောင်ဟိုင်က ကားတံခါးကိုအသင့်ဖွင့်ပေးထားပြီး ရှောင်းကျန့်ကို နောက်ခန်းထဲသို့သွင်းရန် ကူညီပေးသည်။

"ငါ့တိုက်ခန်းကိုပဲမောင်း..."

ရိပေါ်ကနှုတ်မှပြောရင်း လူကလည်း ရှောင်းကျန့်ဘေးတွင်နေရာယူလိုက်သည်မို့ ရှောင်ဟိုင်လည်း မောင်းသူနေရာသို့ အမြန်၀င်လိုက်ရတော့သည်။"ဒါနဲ့လေ ရှစ်ဇွင်း"

"အခုအချိန်ကစပြီး အစ်ကိုကြီးလို့ပဲခေါ်တော့ မဟုတ်ရင် သူ့ရှေ့မှာထူးဆန်းနေလိမ့်မယ်"

"ဟုတ်ကဲ့ ရှစ်… အစ်ကိုကြီး"

ရှောင်ဟိုင်တစ်ယောက် ရှစ်ဇွင်းဟုခေါ်မိကာနီးမှ အစ်ကိုကြီးဟု ပြန်ပြင်လိုက်ရသည်။ ရှစ်ဇွင်းစိတ်ဆိုးသွားသလား စိုးရိမ်မိရင်း နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်မိတော့ သတိထားမိဟန်မတူ။

"သူကလေ အရင်ကဘယ်လောက်သောက်သောက် မမူးတဲ့သူ မဟုတ်လား"

"အင်း"

ရိပေါ်ကအိပ်ပျော်နေပြီဖြစ်သော အမူးသမားလေး၏ခေါင်းကို သူ့ပုခုံးပေါ်မှီစေရင်းမှ ပြန်ဖြေသည်။

"သူပြောင်းလဲသွားတယ်လို့ အစ်ကိုကြီးထင်လား"

"မေးစရာရှိရင်လည်းနောက်မှမေး... အခုအရှေ့ကိုအာရုံစိုက်ပြီးမောင်းတော့"

"ဟုတ်ကဲ့"

အနောက်ကို အာရုံစူးစိုက်လွန်းသည်ကို သိနေသည့်အလား ရိပေါ်ကသတိပေးလေတော့ ရှောင်ဟိုင်လည်း အရှေ့ကိုသာအာရုံစိုက်မောင်းရတော့သည်။

ပေကျင်း၏ညသည်ကား မီးရောင်စုံတို့ဖြင့် လှပလို့နေလျက်။ ည၉နာရီကျော်ဆိုသော်လည်း စည်ကားစွာ အသက်ဝင်နေဆဲပင်။ အတန်ကြာမောင်းလာပြီးနောက် သူ့တိုက်ခန်းအနီးသို့ရောက်လာလေပြီ။

"ကားပါကင်မှာက စီစီတီဗွီတွေရှိနေလိမ့်မယ် ငါတို့ကိုဒီမှာပဲချပေးတော့"

"ဟုတ်ကဲ့အစ်ကိုကြီး"

ရှောင်ဟိုင်က ရိပေါ်၏စကားအတိုင်းပင် ကားကိုတိုက်ခန်းအနီးအနားမှာ ရပ်လိုက်ပြီးနောက် ကားပေါ်မှဆင်းကာ နောက်ခန်းတံခါးကို ဖွင့်ပေးသည်။ ရိပေါ်လည်း ရှောင်းကျန့်ကိုတွဲလျက် ကားပေါ်မှ ဆင်းလိုက်သည်။

"ဟိုလေအစ်ကိုကြီး သူနိုးလာရင် ဗိုက်ဆာနေလောက်လားဟင် တစ်ခုခုသွားဝယ်လိုက်ရမလား"

"အင်း ကောင်းသားပဲ အစာကျေလွယ်မဲ့ဟာ ရွေးဝယ်ခဲ့"

"ဟုတ်ကဲ့"

ရိပေါ်၏စကားဆုံးသည်နှင့် ရှောင်ဟိုင်ကကားပေါ်ပြန်တက်ကာ အနီးဆုံးဆိုင်တစ်ခုသို့မောင်းသွားလိုက်သည်။ ရိပေါ်သည်လည်း ကားပေါ်မှမဆင်းခင်တည်းက ချွတ်ထားသည့်ဂျက်ကတ်ကို ရှောင်းကျန့်၏ခေါင်းပေါ်အုပ်ကာ တိုက်ခန်းရှိရာသို့ တွဲသွားလိုက်သည်။

ရှောင်းကျန့်၏လက်ရှိအခြေအနေအရ dating သတင်းကြောင့် သတင်းထောက်တွေအတွက် ပစ်မှတ်တစ်ခုဖြစ်နေသည်မို့ ယခုကိစ္စနှင့်ပတ်သတ်ပြီး ရေးစရာထပ်ရသွားမှာ သူမလိုလားပေ။

ရိပေါ်တစ်ယောက် ရှောင်းကျန့်ကိုတွဲကာ တိုက်ခန်းပေါ်တက်လာတော့ သူတို့ကိုတွေ့သည့် လူများက အထူးတဆန်းကြည့်ကြသည်။ သို့သော်လည်း သူဂရုမစိုက်ပါ။

အခန်းရှေ့ရောက်တော့ ရှောင်းကျန့်ကိုတွဲထားသည့် လက်တစ်ဖက်ကိုခဏလွှတ်ရင်း passward ခလုတ်ကို ခပ်သွက်သွက်ရိုက်နှိပ်ကာ တံခါးဖွင့်လိုက်သည်။

ပြီးနောက်ရှောင်းကျန့်ကို သူ့အိပ်ခန်းဆီသာ တန်းပြီးခေါ်သွားလိုက်သည်။ အမူးလွန်ကာအိပ်ပျော်နေပြီဖြစ်သော ရှောင်းကျန့်မှာမူ ကုတင်ပေါ်သို့ရောက်သည့်တိုင် မနိုးလာပါ။

ရိပေါ်က ဖိနပ်တွေပါချွတ်ပေးလိုက်သည်။ ပြီးမှ ပြန်ထွက်သွားကာ ခုံတစ်ခုံ၊ ရေဇလုံတစ်လုံးနှင့် ပုဝါစတစ်ခုကိုယူပြီး အိပ်ခန်းထဲပြန်ဝင်လာသည်။

ကုတင်ထက်ရှိ အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေသော ရှောင်းကျန့်၏ မျက်နှာလေးကိုစိုက်ကြည့်ရင်း ပါးပြင်ထက်သို့ လက်ချောင်းလေးများဖြင့် ဖွဖွတို့ထိသည်။

"ထောင်ဟွား မင်းဘာကြောင့် ကိုယ့်ကိုမမှတ်မိရတာလဲကွာ"

ခပ်တိုးတိုးလေးရေရွတ်ရင်း နဖူးပြင်ထက်ဝဲကျနေသော ဆံစတို့ကိုသပ်တင်ပေးလိုက်သည်။ ယူလာသည့် ခုံကိုတော့ ကုတင်အနီးမှာချထိုင်ကာ ပုဝါစကိုရေဇလုံထဲနှစ်လိုက်သည်။ ပြီးနောက် ရေပြန်ညှစ်ပြီး မျက်နှာအနှံ့ သန့်စင်ပေးလိုက်သည်။

"ထောင်ဟွား မင်းဘာလို့ဒီလိုဖြစ်နေရတာလဲ အရင်ကတော့ ဘယ်နအိုးသောက်သောက် မမူးတတ်ဘဲနဲ့"

ရိပေါ်ဟာ တစ်ယောက်တည်း စကားတွေ
ပာရင်း ရှောင်းကျန့်၏ လက်ချောင်းလေးတွေကိုပါ သန့်စင်ပေးလိုက်သည်။ ဘယ်အရာမျှပေကျံနေသည် မဟုတ်ပါသော်ငြား သူလုပ်ပေးချင်နေသည်မို့သာ။

ထိုစဉ်မှာပင် အခန်းတံခါးခေါက်သံကို ကြားလိုက်ရပြီး ၀င်ခွင့်ပြုလိုက်တော့ ရှောင်ဟိုင်ဝင်လာသည်။

"အစ်ကိုကြီး ကျွန်တော်ဆန်ပြုတ်လေးပဲ ဝယ်လာလိုက်တယ် သူနိုးပြီလား"

"ဟင့်အင်း အိပ်နေတုန်းပဲ မင်းလည်းသွားနားတော့လေ"

"ဟုတ်ကဲ့ ကိစ္စရှိရင် ကျွန်တော့်ကိုခေါ်လိုက်ပါ"

"အင်း"

ရိပေါ်ကသိသိသာသာပင် နှင်ထုတ်နေလေတော့ ရှောင်ဟိုင်လည်း ရှောင်းကျန့်ဆီသို့တစ်ချက်မျှကြည့်ပြီးနောက် ရေဇလုံကိုသယ်ကာ ပြန်ထွက်သွားတော့သည်။ ရိပေါ်ကတော့ ရှောင်းကျန့်၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားဆဲ။

အဲဒီ့နောက် ဟိုတစ်ချိန်တုန်းက သူ့အနားကပ်လာသမျှ အန္တရာယ်တွေကို ဓားကိုင်ကာဖယ်ရှားပေးခဲ့သော ထိုလက်ကလေးများကို သူ့နှာတံလေး နစ်မြုပ်သည့်တိုင်အောင် ဖိကပ်နမ်းရှိုက်လိုက်သည်။

"ကောင်းသောညပါ ကိုယ့်ရဲ့ကိုယ်ရံတော်လေး"

ရိပေါ်ခပ်တိုးတိုးလေးဆိုပြီးနောက် ရှောင်းကျန့်၏ လက်ကလေးနှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပေးပြီး စောင်ခြုံပေးလိုက်သည်။ သူလည်းပဲ ကုတင်ထက်သို့ ခေါင်းကိုတစောင်းလေးမှေးတင်ပြီး မျက်လုံးတို့ကို မှိတ်ထားလိုက်တော့သည်။

သူဟာ လူစင်စစ်မဟုတ်သော်ငြား လူသားများအကြား အနေကြာနေပြီမို့လားမပြောတတ်။ လူသားတို့၏ အမူအကျင့်များကို နှစ်ခြိုက်လာသည်။ ဒါကလည်းတစ်ချိန်က လူသားဖြစ်ခဲ့ဖူးတာကြောင့်လဲ ဖြစ်နိုင်ပါသည်။

::::::::::::::::::::::::::::::::::::::::တိုက်ပွဲပြုလုပ်ရာစင်မြင့်ဟာ နေရောင်ခြည်အောက်ဝယ် ခမ်းနားစွာတည်ရှိနေသည်။ စင်မြင့်၏အရှေ့၌မူ တော်ဝင်မိသားစု၏ ပွဲကြည့်ရာ စင်မြင့်ရှိသည်။ စင်၏ဘေးတစ်ဖက်စီမှာတော့ ပြိုင်ပွဲဝင်များနှင့် ပွဲကြည့်သူတို့အတွက် နေရာအသီးသီး ပြုလုပ်ပေးထားလေသည်။

သည်နေ့ကား ဟုန်ထျန်းတိုင်းပြည်၏ အသစ်တင်မြှောက်လိုက်သော အိမ်ရှေ့စံမင်းသားအတွက် ငွေဓားကိုင်ကိုယ်ရံတော်ရွေးချယ်ပွဲ၏နောက်ဆုံးနေ့ပါတည်း။

"ဟေး... မင်းတို့သိလား ဒီနေ့အိမ်ရှေ့မင်းသားကိုယ်တိုင် တက်ရောက်မှာတဲ့ ပြီးတော့ငွေဓားကိုင်ကိုယ်ရံတော်ကိုလည်း သူကိုယ်တိုင် ရွေးချယ်မှာ"

"ဘာ… တစ်ကယ်လား အရင်တုန်းကဆို နောက်ဆုံးအနိုင်ရတဲ့သူက ငွေဓားကိုင်ကိုယ်ရံတော်ဖြစ်တာ မဟုတ်လား"

"ဟုတ်တယ် ဒါပေမယ့်ဒီနှစ်တော့ အိမ်ရှေ့စံကိုယ်တိုင်ရွေးချယ်မှာတဲ့"

ကြားလိုက်ရသော စကားတို့ကြောင့် ရှောင်းကျန့်တစ်ယောက် ပြုံးမိမလိုလိုပင် ဖြစ်သွားရသည်။ ရိပေါ် ခင်ဗျားဟာလေ အရင်လိုပဲ အမြဲတမ်းလုပ်လိုက်ရင်အဆန်းတကြယ်နဲ့။

ရှောင်းကျန့်တွေးနေစဉ်မှာပင် ဧကရာဇ်မင်းမြတ် ကြွချီလာပြီဖြစ်ကြောင်း မိန်းမစိုး၏ကြေငြာသံဟာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုနေကြသော စကားသံတို့ကိုတိခနဲပင် တိတ်ကျသွားစေသည်။

ပြိုင်ပွဲဝင်များနှင့် ပွဲကြည့်ပရိတ်သတ်တို့လည်း မတ်တပ်ရပ်ကာ ဦးညွှတ်ကြိုဆိုကြလေသည်။ အိမ်ရှေ့မင်းသားဖြစ်သူမှာတော့ ဧကရာဇ်၏နောက်တွင် ကပ်လျက်လိုက်ပါလာ၏။

ချောမောလှသော မျက်နှာတော်ထက်ရှိနှုတ်ခမ်းပါးတို့က တင်းတင်းစေ့လျက်သား။ ဧကရာဇ်နေရာယူပြီးနောက် သူလည်းထိုပလ္လင်တော်၏အောက် တစ်ဆင့်နိမ့်သောနေရာမှာ နေရာယူလိုက်သည်။

ထို့နောက် ဧကရာဇ်က ပြိုင်ပွဲစလို့ရပြီဖြစ်ကြောင်း လက်ပြလိုက်တော့ ရဲမက်တစ်ဦးကစည်တော်ကြီးကိုတီးရင်း အခမ်းအနားစတင်နိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။

ယနေ့အတွက် ပြိုင်ပွဲဝင်ဦးရေမှာ ၁၀ဦးတိတိဖြစ်သည်။ နှစ်ယောက်စီ ယှဉ်ပြိုင်ရမည်မို့ အနိုင်ရသူ ငါးဦးကျန်ရှိပေမည်။ ပုံမှန်ဆိုလျှင် ထိုငါးဦးပြန်လည်ယှဉ်ပြိုင်ပြီးနောက် နောက်ဆုံးအနိုင်ရသူက ငွေဓားကိုင်ကိုယ်ရံတော် ဖြစ်လာမည်။

သို့သော်လည်း ယခုအခါမှာတော့ ငွေဓားကိုင်ကိုယ်ရံတော်ကို အိမ်ရှေ့မင်းသားကိုယ်တိုင်ရွေးချယ်မည်ဆိုတော့ မည်မျှစိတ်လှုပ်ရှားစရာ ကောင်းလိုက်ပါသလဲ။

"နံပါတ်တစ် လင်းလျှိုဟိုင်နဲ့ နံပါတ်ခုနစ် ကျောင်းလျှိုရွှမ်"

ပြိုင်ပွဲကြီးကြပ်သူထံမှ ပြိုင်ပွဲဝင်နှစ်ဦး၏ အမည်ကိုကြေငြာလိုက်တော့ ပြိုင်ပွဲဝင်နှစ်ဦးက စင်ပေါ်သို့ တက်လာပြီးနောက် ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားရှိရာသို့ ဦးညွှတ်လိုက်ကြသည်။

ထို့နောက် အချင်းချင်းအရိုအသေပေးကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။ ရှောင်းကျန့်၏အာရုံသည်ကား တိုက်ပွဲတွင်ရှိမနေပါချေ။ တိုက်ပွဲစင်မြင့်ထံ ရှုစားနေသော တစ်စုံတစ်ယောက်ဆီသို့သာ ရောက်ရှိနေလေသည်။

::::::::::::::::::::::::::::::::::::::::