CHAPTER 28
Viewers 2k

အခန်း ၂၈ ဂျင်းက ရင့်လေ ပိုစပ်လေပဲ (အပိုင်း ၂)


ခြံဝင်းအတွင်းတွင်လည်း အထွက်နှုန်းကောင်းသည့် ဖရုံသီးနှင့် ခဝဲသီးကဲ့သို့သော အသီးအနှံများ စိုက်ပျိုးရန် လိုအပ်သလို ခြံစည်းရိုး အောက်ခြေ တစ်လျှောက်တွင်လည်း နေကြာပင်များ စိုက်ပျိုးရပေလိမ့်မည်။ နေ့ကြာစေ့များ ရင်မှည့်လာလျှင် အစေ့ထုတ်ပြီး လှော်လိုက်ပါက ဆောင်းရာသီအတွက် အပျင်းပြေစားစရာတမျိုး ဖြစ်လာနိုင်သည်။

 

လယ်ယာမြေများအပြင် ပြုစုပျိုးထောင်ရမည့် သစ်သီးပင်များလည်း ရှိနေသေး‌သည်။ သို့ရာတွင် သီးပင်များက သိပ်ဒုက္ခမများဘဲ လယ်ယာစိုက်ပျိုးပြီးချိန်မှ အကိုင်းအဖြတ်များကို ဖြတ်ပေးပြီး အသီးသီးလာမည့်အချိန်ကို စောင့်ဆိုင်းရုံသာဖြစ်သည်။ သို့သော်လည်း ဇီးသီးပင်များကတော့ အနည်းငယ် ထူးခြားပြီး လက်ဝင်လှသည် ဇီးသီးပင်များ၏ အခေါက်က ကျွတ်ဆက်သောကြောင့် အခေါက်ပိုထူလာစေရန် ပင်စည်၏ပတ်လည်တွင် စက်ဝိုင်းပုံပေါ်အောင် လှီးဖြတ်ပေးရသည်။

 

ဤအလုပ်များအားလုံး ပြီးစီးသွားလျှင်ပင် သူတို့အတွက် အားလပ်ချိန် မရှိသေးပေ။ မြေရိုင်း တစ်မူ၊ နှစ်မူခန့် ထပ်မံဖော်ထုတ်ကြရပြန်သည်။ မြေရိုင်းတစ်မူကို ငွေတစ်လျန်၊ နှစ်လျန်ခန့်သာ ကုန်ကျပြီး သုံးလေးနှစ်ခန့် ကြိုးစားအားထုတ်လိုက်ပါက မြေဆီလွှာကောင်းမွန်သော လယ်မြေအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။ အလုပ်ကြိုးစားသည့် မိသားစုများအနေဖြင့် ထိုကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွှတ်ခံမည် မဟုတ်ပေ။


စုန့်မိသားစုကြီး၏တတိယမြောက်သားဖြစ်သော စုန့်ရှင်းရန်အနေဖြင့်လည်း ထိုသို့ အလားတူလုပ်ဆောင်ရသည်။ သူတို့ မိသားစုခွဲခွာပြီးနောက် စုန့်ရှင်းရန်က သူကိုယ်တိုင် မြေရိုင်းရှင်းလင်းခြင်းကို ရပ်လိုက်သော်လည်း သူ့၏သားနှစ်ယောက်ကိုတော့ ဇနီးမယားနှင့် သားသမီးများကို ခေါ်ကာ မြေရိုင်းများ ရှင်းလင်းရန် တိုက်တွန်းလေ့ရှိသည်။ မြေရိုင်း တစ်မူ သို့မဟုတ် မူတစ်ဝက်ခန့် ရှင်းနိုင်လျှင်ပင် ကန်စွန်းဥ စိုက်နိုင်ပြီး သူတို့ ဆာလောင်မည်ကို စိုးရိမ်နေစရာ မလိုအပ်နိုင်တော့ပေ။


ညစာစားပြီးနောက်
စုန့်တင်းရှန်းတစ်ယောက် အလွန်ပင်ပန်းနေပြီး မျက်လုံးမဖွင့်နိုင်ဖြစ်နေရာ မိခင်ဖြစ်သည့် ဖန့်ရှီက သူမကို အခန်းထဲသို့ ပြန်အိပ်ခိုင်းလိုက်သည်။ သို့သော် ညနက်သန်းခေါင်တွင် ဆူညံသံများ ကြားလိုက်ရပြီး အားလုံး ပြန်နိုးလာကြကာ အဝတ်အစားများ ဝတ်ပြီး အပြင်ဘက်သို့ ထွက်လာကြရသည်။ သူတို့ အိမ်အပြင်သို့ ရောက်သွားမှ မျိုးဝက်မကြီးနှစ်ကောင်လေး ဝက်ကလေးများ မွေးနေသည်ကို သိလိုက်ရသည်


ဤသည်မှာ မိသားစုအတွက် ထူးခြားသည့် ကိစ္စဖြစ်သောကြောင့် တစ်မိသားစုလုံး ဝက်မကြီးများကို ကူညီရန် ပြေးသွားရပြန်သည်။ စုန့်ကျစ်ယွမ်နှင့် စုန့်ကျစ်ချန်းတို့ ပြေးသွားရုံသာမက အဘိုးကြီးစုန့်ရှင်းယိပင် ဝက်အိုမကြီးများကို စောင့်ရှောက်ရန် လိုက်သွားရသေးသည်။

စုန့်တင်းရှန်းကတော့ မနက်မိုးလင်းမှသာ မျိုးဝက်မကြီးနှစ်ကောင်မှ ဝက်ကလေး ဆယ့်ကိုးကောင် မွေးဖွားခဲ့ကြောင်း  သိလိုက်သည်။ ဤဝက်ငယ်လေးများကို တစ်နှစ်ပတ်လုံး မွေးမြူထားပြီး ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပေလိမ့်မည်။ ဝက်တစ်ကောင်လျှင် ငွေလေးလျန်မျှ တန်ဖိုးရှိပြီး အစားကျွေးရသည့်စရိတ်ကို ဖယ်လျှင်ပင် လျန်ခြောက်ဆယ်မှ ခုနစ်ဆယ်အထိ အမြတ်ရနိုင်သည်။  ထိုသတင်းကြောင့် တစ်မိသားစုလုံး ဝမ်းသာနေကြသည်။


ထုတန်တို့ကဲ့သို့ ကလေးများပင် စိတ်လှုပ်ရှားနေကြပြီး မနက်စာ ယာဂုသောက်ပြီးသည်နှင့် ဝက်စာမြက်များ ဖြတ်ရန် ခြင်းတောင်းများထမ်းပြီး အပြင်ထွက်သွားကြသည်။

 

ထိုအချိန်တွင် စုန့်တင်းရှန်းက သိုးမွေးရန် စဉ်းစားနေလေသည်။

 

‘သိုးသားက အရသာရှိသလို သိုးနို့ကလည်း အာဟာရပြည့်ဝတယ်လေ။ ပြီးတော့ အခုမိသားစုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦး ရှိနေတာမဟုတ်ဘူးလား? တကယ်လို့ မိခင်နို့ မလုံလောက်ရင် သိုးနို့က အကောင်းဆုံး ရွေးချယ်မှုပဲ’

 

"သိုးမွေးမလို့လား?"

 

စုန့်တင်းရှန်းက သူမ၏အကြံဉာဏ်ကို လယ်တစ်မူ ထွန်ယက်ပြီး အနားယူနေသည့် စုန့်ရှင်းယိအား ပြောပြလိုက်သည်။

 

“သိုးတွေကို မွေးမြူတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အဲ့အကောင်တွေက သစ်ခေါက်ကိုတောင် ကိုက်ဖြတ်နိုင်တယ်၊ မင်း သူတို့ကို ဘယ်နေရာမှာ လွှတ်ပေးလို့ ရနိုင်မယ် ထင်လဲ"

 

"အများကြီး မွေးမှာ မဟုတ်ပါဘူး၊ နှစ်ကောင် သုံးကောင်လောက်ပါပဲ။ နေ့ဘက်ဆိုရင် ခြံထဲမှာပဲ ထားလိုက်မယ်လေ"

 

စုန့်တင်းရှန်းက အတင်း ပူဆာလိုက်ပြန်သည်။

 

"ပြီးတော့ ဆောင်းတွင်းရောက်ရင် အဘိုးအတွက် သိုးသားဟင်း ချက်ကျွေးလို့ ရတာပေါ့"


စုန့်တင်းရှန်းက သိုးများကို မွေးမြူရန် စဉ်းစားနေပြန်သည်။

စုန့်ရှင်းယိက ရယ်ပြီး အားရပါးရ ရယ်မောလိုက်ပြီးမှ ထောက်ပြလိုက်သည်။

 

"ဒီလူအိုးကြီး စားရမယ့် သိုးသားက တစ်ဖဲ့နှစ်ဖဲ့ပါကွာ၊ အဖိုးကတော့ မင်း သိုးသား စားချင်လို့ ဆင်ခြင်ပေးနေတာလို့ပဲ ယူဆတယ်၊ မင်း နှစ်ကောင်သုံးကောင်လောက်ပဲ မွေးချင်တာဆိုရင်တော့ မင်းအဖေကို အကူအညီတောင်းပြီး ဝက်တွေနဲ့အတူ ခြံထဲမှာ မွေးထားလိုက်ပေါ့"

 

ဤသို့ဖြင့် မြေးအဘိုးနှစ်ယောက် ခြံထဲတွင် သိုးအနည်းငယ်သာ မွေးရန်နှင့် မြက်ကျွေးရန် သဘောတူလိုက်ကြသည်။


စုန့်ကျစ်ယွမ်ကတော့ အလွယ်တကူ ခေါင်းညိတ်လိုက်သည်

 

ဒါက သိုးနှစ်ကောင်၊ သုံးယောက်ပါပဲ၊ ကိစ္စမရှိဘူး၊ မြက်တစ်ဆုပ်စာလောက် ပိုရှာပေးလိုက်ရင် ရနေပြီ၊ ဘာမှ ပိုအားစိုက်ထုတ်စရာ မလိုပါဘူးကွာ၊ နောက်ပြီး  သိုးမွေးထားရင် ဆောင်းတွင်မှာ အပြင်ထွက်ဝယ်စရာ မလိုဘဲ အိမ်မှာ သတ်ပြီး အသားစားလို့ ရပြီ”

 

‘ဘာပဲဖြစ်ဖြစ် ငါကတော့ ဆောင်းရာသီမှာ သိုးသားစားချင်တယ်’


စုန့်တင်းရှန်း အိမ်ပြန်ရောက်သွားချိန်တွင် ဖန့်ရှီက သမီးဖြစ်သူ၏ နဖူးလေးကို တို့ထိရင်း စနောက်နေပြန်သည်။

“နင့်ကို သိုးမမွေးဖို့ ငါ ပြောပြီးပြီလေ၊  နင်ကတော့ သိုးမွေးဖို့ တော်တော်ဇွဲကောင်းတာပဲ၊ ကောင်းပြီလေ၊ နင် မွေးချင်ရင် မွေး၊ ဒါပေမဲ့ သိုးစာမြက်ကိုတော့ နင်ကိုယ်တိုင် သွားရှာရမှာနော်” "

စုန့်တင်းရှန်းက ပြုံးဖြဲဖြဲဖြင့် ကတိပေးလိုက်သည်။

"အင်းပါ၊ ကျွန်မ သေချာမွေးပါ့မယ်၊ ဆောင်းတွင်းရောက်ရင် အမေ့အတွက် မုန်လာဥဖြူနဲ့ သိုးသားဟင်း ချက်ကျွေးမယ်လေ"

 

အားလုံးက ဆောင်းတွင်း၌ သိုးသားစွပ်ပြုတ်သောက်ရမည့်အရေးကို တွေးကာ စိတ်လှုပ်ရှားနေကြသည်။ ဖန့်ရှီကတော့ မယုံနိုင်ပုံဖြင့် ရယ်မောလှောင်ပြောင်စနောက်နေဆဲပင်


"ကြည့်
ကြသေးတာပေါ့၊ ငါ နင့်ဆီကနေ သိုးသားဘယ်နှပိုင်း စားရမလဲဆိုတာ သိရဖို့ စောင်‌နေမယ်"

စုန့်တင်းရှန်း၏ မောင်ငယ်နှစ်ယောက်ကလည်း စာစသင်နေကြပြီ ဖြစ်သည်။ သို့သော် ယခု စိုက်ပျိုးရေးရာသီ ဖြစ်ပြီး အားလုံး အလုပ်များနေသောကြောင့် စိုက်ပျိုးချိန်ပြီးသွားမှသာ ကျောင်းပြန်တက်ကြရမည် ဖြစ်သည်။ သို့သော် ကလေးငယ်များက တစ်နေ့ကုန် စာဖတ်နေစရာ မလိုပေ။ မနက်ပိုင်းတွင် ကျောင်းသွားကာ နေ့လယ်စာစားရန် အိမ်ပြန်လာနိုင်ပြီး ညနေပိုင်းတွင် ဆရာပေးလိုက်သော အိမ်စာများကို ပြန်လေ့ကျင့်ကြရသည်။ နောက်တစ်နေ့တွင် ဆရာရှေ့၌ အိမ်စာ အစစ်ခံရုံသာ ဖြစ်သည်။

သို့သော် သူမ၏ ညီငယ်နှစ်ယောက်သည် စာရေးတတ်ဖတ်တတ်ရုံသာ တတ်နိုင်ကြသည်။
သို့သော် သူမ၏ မောင်ငယ်လေးနှစ်ယောက်က စာဖတ်ခြင်းနှင့် စာရေးခြင်းတွင် ထူးချွန်ပုံမရဘဲ စုန့်ကျစ်ရွှမ်း ငယ်စဉ်ကလောက် ထက်မြက်ပုံလည်းမရပေ။ သူတို့အနေဖြင့် စာသင်သားဘွဲ့ရရှိရန် ဖြစ်နိုင်ခြေ နည်းပါးလှပေသည်။  သို့တိုင်အောင် သူတို့ စာတတ်မြောက်သွားပါက အနည်းဆုံးအနေဖြင့် နောင်တစ်ချိန် သူတို့ အပြင်လောကသို့ ထွက်ခွာပါက သူတစ်ပါး၏လှည့်ဖျားမှုအား အလွယ်တကူ သိမြင်နိုင်ပေလိမ့်မည်။

 

နွေဦးစိုက်ပျိုးရေးအပြင် ကျေးလက်၏ နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခုက ပဲငါးပိအနှစ် ပြုလုပ်ရန် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ပြီးစီးသွားသည်နှင့် ရွာရှိ အမျိုးသမီးများက ပဲငါးပိလုပ်ရန်နှင့် ပဲပုပ်များအား အချဉ်ဖောက်ရန် အလုပ်ရှုပ်ကြရပြန်သည်။ အိမ်တိုင်းရှိ အမျိုးသမီးများက ပဲပုပ်အနှစ်တုံးများကို တစ်နေကုန် လှန်ပေးရသလို၊ အချဉ်ဖောက်မည့် အိုးကြီးများကိုလည်း ဆေးကြောသန့်စင်နေကြရသည်။

စုန့်တင်းရှန်းလည်း သူအိမ်၏ ထုပ်တန်းပေါ်မှ ပဲပုပ်အနှစ်တုံးများကို သတိရသွားပြီး သူမ၏အစ်ကိုကို ချခိုင်းကာ စစ်ဆေးကြည့်လိုက်သည်။ ဆောင်းရာသီတစ်ခုလုံး အချဉ်ဖေါက်ထားသည့် ပဲပုပ်တုံးများမှ မွှေးပျံ့သော အနံ့များ ထွက်ပေါ်နေပြီဖြစ်သည်။ ထို့ကြောင့် စုန်းတင်းရှန်းက ပဲပုပ်အနှစ်များ ပြုလုပ်လိုက်ပြီး နောက်ထပ်အချဉ်ဖောက်ရန် ပဲပုပ်များ ထပ်မံရွေးချယ်နေခဲ့သည်။


ရွာထဲမှ လူတော်တော်များများ ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ကိုယ်အလေးချိန် ကျသွားပြီး  အသားအရေများလည်း ညိုမှောင်သွားကြသည်။

တစ်ရက်သား စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့ ပဲပုပ်‌ရွေးနေကြချိန်တွင်  မီးရှူးမီးပန်း ဗြောက်အိုးဖောက်သံများကို ကြားလိုက်ရသည်။ မကြာမီမှာပင် ဗိုက်ကြီးတကားကားနှင့် ဖန့်ရှီတစ်ယောက် မည်းမှောင်နေသည့်မျက်နှာနှင့်အတူ အပြေးအလွှား ပြန်ရောက်လာသည်။


"
ဟို ရှမျိုးရိုးနဲ့ကောင်က တကယ်ပဲ ပညာရှင်အဖြစ်အောင်မြင်သွားပြီတဲ့၊ မိုးကောင်းကင်က ရက်စက်လွန်းပါတယ်အေ"


ရှချမ်းက ကျင့်ရှီအဆင့်ကို အောင်မြင်ခဲ့သော်လည်း သူ့အဆင့်က အလွန်နိမ့်ပါးလှသည်။ ထို့ကြောင့် ထုံကျင့်ရှီ အဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။ ထိုအဆင့်ရှိသူများက အခြားသော စာသင်သားများကြားတွင် သိပ်ပြီး လူရာသွင်းမခံရပေ။ "တစ်နှစ်တည်းအောင်တဲ့ သူချင်းတူပေမယ့် မယားဘက်က အမျိုးတွေလိုပဲ အရေးမပါဘူး" ဟူပင် နောက်ပြောင်တတ်ကြသေးသည်။ သို့သော်လည်း ရွာတစ်ရွာမှ ကျင့်ရှီတစ်ဦး ထွက်ပေါ်လာခြင်းက အလွန်ကြီးကျယ်သော ဂုဏ်ယူစရာ ကိစ္စပင် ဖြစ်သည်။


"
အမေ... သူ မနှစ်က ဆောင်းဦးစာမေးပွဲကို အောင်ခဲ့တာလေ၊ အမေ မေ့သွားပြီလား၊ အခု သူက နန်းတွင်းပညာရှင် ဖြစ်သွားပြီဆိုတော့ သာမန်စာသင်သားထက် အများကြီး အဆင့်မြင့်သွားပြီ"

 

စုန့်တင်းရှန်းက ပြုံးနေပြီး မိခင်ဖြစ်သူ၏စကားအမှားကို ပြင်ပေးလိုက်သည်

စုန့်ရှင်းရန်ကလည်း ထိုသတင်းကြားသည်နှင့် တပြိုင်နက် သူ့သားကို ငွေပေးကာ မြို့ထဲသို့ ဗြောက်အိုးသွားဝယ်ခိုင်းပြီး သူတို့အိမ်ရှေ့၌ ဗြောက်အိုးများ တဒိုင်းဒိုင်း ဖောက်နေတော့သည်။


ရှချမ်းက ယခုနှစ်မှ ဆယ့်ရှစ်နှစ်ပြည့်ပြီသူ ဖြစ်သည်။ သူ အောင်စာရင်း၏ အောက်ခြေတွင် ရှိနေသော်လည်း ဤမျှ ငယ်ရွယ်သောအသက်ဖြင့် နန်းတွင်းစာမေးပွဲ အောင်မြင်ခြင်းက ပါရမီရှင်ဟု ခေါ်ဆိုနိုင်ပေသည်။ ဤရက်ပိုင်းအတွင်း ရှကျင့်ရှီ၏မိသားစုသို့ လက်ဆောင်များ အဆက်မပြတ် ရောက်ရှိလာပြီး ခရိုင်တရားသူကြီးပင်လျှင် ဂုဏ်ပြုလက်ဆောင်အဖြစ် သူတို့ကို ငွေလျန်ငါးဆယ် လက်ဆောင်ပေးပို့ခဲ့သည်။

 
ထုံကျင့်ရှီက တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသော်လည်း အရာရှိတစ်နေရာတော့ ခန့်အပ်ခံရမည် ဖြစ်သည်။ ယခုအချိန်မှစ၍ ရှမိသားစုက အမှုထမ်းမိစသားစု ဖြစ်လာပြီး ကြွယ်ဝ ချမ်းသာကြွယ်ဝရန် နီးစပ်သွားပြီ ဖြစ်သည်။


စုန့်လောင်စန်း၏မိသားစုကလည်း အလွန်ပျော်ရွှင်နေကြသည်။ အထူးသဖြင့် ကျူးရှီက အလွန်ပျော်ရွှင်နေပြီး သူမမျက်လုံးများကိုပင် မမြင်ရလောက်အောင် ပြုံးနေခဲ့သည်။ သူမက ကြွားဝါရန် ရောက်လာခဲ့သော်လည်း ကျန်းရှီ၏ စကားနှစ်ခွန်း၊ သုံးခွန်းကြောင့် ပြန်ပြေးသွားရသည်။

ရှချမ်း စာမေးပွဲအောင်မြင်ပြီး သိပ်မကြာမီတွင် ကျင်းချောင်အာက အမြွှာသမီးလေး နှစ်ယောက် မွေးဖွားခဲ့သည်။ အမြွှာမိန်းကလေးနှစ်ယောက် တစ်လသားအရွယ်တွင် စုန့်ထောင်ဟုန်လည်း မီးဖွားခဲ့သည်။


စုန့်ထောင်ဟုန် မီးဖွားသည့်သတင်းကို သိလိုက်သူတိုင်းက အံအားသင့်နေကြသည်။

 

စေ့စပ်ပြီးပြီးချင်း ကလေးရလာရင်တောင် မွေးဖို့က နှစ်လလောက်လိုနေသေးတယ်လေလမစေ့ဘဲ မွေးတာ ဖြစ်နိုင်မလား

 
"ဘာ၊ ဘာ၊
ဟေ့...လမစေ့ဘဲ မွေးတာလား!"

 

တစ်စုံတစ်ဦးက မေးလိုက်ရာ ကျူးရှီက ဒေါသတကြီး ပြန်အော်လိုက်သည်။

 

"ဟဲ့! နင့်မိသားစုကမှ လမစေ့ဘဲ မွေးတာ”

 

"တကယ်တော့ ထောင်ဟုန်က သူ့ယောင်းမ မွေးဖွားတာကို သိသွားပြီး စိတ်လှုပ်ရှားလွန်းလို့ စောစောမွေးလိုက်ရတာဒါပေမဲ့ ကြည့်ဦး... ကလေးက ဖွံ့ဖွံ့ထွားထွား သားလေးတော့"

သူမက လူအများကြား ဇဝေဇဝါဖြစ်အောင် ထပ်ပြောပြီး ဝါကြွားလိုက်သေးသည်။


"
ယောင်းမလား... နင့်ချွေးမက ကလေးထပ်မွေးလို့လား"

 

လူတစ်ယောက်က ဝင်မေးလိုက်ပြန်သည်


ကျူးရှီက သူမ၏ပါးစပ်ကို ဖုံးကာ မပြောချင်ပြောချင်ဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။

 

"အိုက်ယား... မဟုတ်ပါဘူး၊ စတုတ္ထမိသားစုကလေ"

 

 "နင်ကတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီ"


ထိုလူက
ခေတ္တတာမျှစဉ်းစားပြီးနောက် ခေါင်းခါကာ လှည့်ထွက်သွားပြီး  စုန့်ရှင်းယိ၏ အိမ်ထဲသို့ ဝင်သွားသည်။

 
"အရူး"

 

ထိုစကားကို ကြားပြီးနောက် ဖန့်ရှီနှင့် အခြားသူများလည်း ထွက်နေကြပြန်သည်။ တည်တည်ငြိမ်ငြိမ်နှင့် ရိုးသားသော ကျန်းရှီပင် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။

ဖန့်ရှီက ဒေါသကြီးဖြင့် ကျိန်ဆဲရန် တံခါးပေါက်ဆီသို့ ပြေးသွားသော်လည်း လီရှီက သူမကို ဖမ်းဆွဲလိုက်သည်။

 

"နင် အရူးလုပ်ခံချင်နေတာလား၊ ဘာလို့ ဒီလောက် ခုန်ပေါက်နေတာတုန်းအေခုနေ နင် ထွက်သွားရင် တခြားသူတွေက နင့်ကို ပျော်ပျော်ကြီး ဝိုင်းကြည့်နေမှာ သေချာတယ်”

စုန့်တင်းရှန်းလည်း ထိုစကားများကြောင့် ဒေါသထွက်နေမိသည်။

 

‘တတိယအဖိုးရဲ့မိသားစုက တော်တော်လေး လွန်လာပြီ၊ ယောင်းမ မီးဖွားတာကို စိတ်လှုပ်ရှားလို့ လိုက်မွေးရတယ်ဆိုတာက ဘယ်လိုတောင် အဓိပ္ပာယ်မဲ့တဲ့စကားတုန်း၊ သူတို့ဘာသာ အချိန်မတန်ဘဲ မွေးတာကို သူတစ်ပါးအပေါ် လွှဲချချင်တာလား? သူတို့ကလေး တစ်ခုခု မှားနေရင်တောင် အဲဒါက ကျင်းချောင်အာရဲ့ သမီးနှစ်ယောက်ကြောင့် ထင်သွားကြမှာ မဟုတ်ဘူးလား
ဒီလိုအနိုင်ကျင့်
တဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး


လီရှိမျက်နှာပေါ်တွင် ပြုံးတစ်ခု ရှိနေသော်လည်း သူမ၏မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ သူမက အသံတိုးတိုးဖြင့် သတိ‌ပေးလိုက်သည်။

 

"နင်တို့တွေ ဒါလေးကိုတောင် သည်းခံနိုင်ကြဘူးလား၊ တစ်ခါတလေကျရင် နင်တို့ အပြင်ထွက်ပြီး အော်ဟစ်တာက တခြားလူ နင့်တို့ကို ရယ်ခွင့်ရအောင် လုပ်ပေးတာနဲ့ အတူတူပဲ"

စုန့်တင်းရှန်းက သူမ၏အဘွားစ သူမတို့အား သည်းခံတတ်ရန် သင်ကြားပေးသည်ဟု  ထင်နေခဲ့သော်လည်း စုန့်ထောင်ဟုန်၏သားလေး သက်တစ်မပြည့်ခင်မှာပင် ကောလာဟလများက တောမီးကဲ့သို့ ပျံ့နှံ့သွားလာသည်။

 

[စုန့်ထောင်ဟုန်ရဲ့ သားက လစေ့မွေးခဲ့တာတဲ့လား"]

 

["ဒါဆိုရင် အဲဒီကလေးက ဘယ်သူ့ကလေးလဲ]

 

[ဒါမှမဟုတ် ရှချမ်းနဲ့ တင်းရှန်း စေ့စပ်ပွဲ မဖျက်ခင်ကတည်းက သူတို့နှစ်ယောက် ငြိစွန်းနေကြတာလား?"]

 

[ဟယ်]


ထိုစကားများက ရိုးရှင်းသော အတင်းအဖျင်းအဖြစ်မှ ကြီးကျယ်သော အရှုပ်တော်ပုံကြီး ဖြစ်လာတော့သည်။

 

.......။........။.......


စုန့်တင်းရှန်း: ဟူး၊ ငါက ပေါ်တင် တိုက်ခိုက်ဖို့ မကြောက်ပေမယ့် အတင်းအဖျင်း တိုက်ပွဲငယ်လေးတွေအတွက်ကတော့ အဖွားက ငါ့ထက် အများကြီးသာနေတာပဲ။


အဘွားစုန့်: ဟေ့ နင်တို့ငယ်လေးတွေ ပိုလေ့လာသင့်တယ်သိလား။

 

Note:
စာမေးပွဲ အဆင့်ဆင့် (အောက်ခြေမှ အထက်သို့)

 

ထုံရှန်း : မြို့နယ်အဆင့် ဖြေဆိုခွင့်ရသူ။

 

ရှို့ချိုင် : ခရိုင်အဆင့် အောင်မြင်သူ (ပညာရှင်လို့  စသတ်မှတ်ပါတယ်)

 

ကျွိရန် : ပြည်နယ်/စီရင်စုအဆင့် အောင်မြင်သူ (အစိုးရအလုပ် စလုပ်နိုင်ပါတယ်)

 

ကုန်းရှီ : မြို့တော်အဆင့် အောင်မြင်သူ။

 

ကျင့်ရှီ: မြို့တော်အဆင့် အောင်မြင်သူတွေ ဧကရာဇ်မင်းရှေ့မှာ ဖြေရတဲ့ စာမေးပွဲပါ၊ နန်းတွင်းစာမေးပွဲ အောင်မြင်သူလို့ သတ်မှတ်ပါတယ်။ ဒီအဆင့်မှာ အောင်စာရင်းထွက်ရန် သုံးဆင့်ခွဲပြီး ထွက်ပေးပါတယ်၊ ပထမအဆင့်ကတော့ ရမှတ်အများဆုံး သုံးယောက်ပါ၊ ဒုတိယအဆင့်ကတော့ အဆင့် ၁၀၀(တစ်ခါတလေ တစ်ရာကျော်) အတွင်း ဝင်တဲ့ သူတွေပါ။ တတတိယအဆင့်ကတော့ နောက်ဆုံးက အမှတ်အနည်းဆုံးသူတွေပါ။ အဲ့လူတွေက ကျင့်ရှီစာမေးပွဲအောင်ပေမယ့် ထုံကျင့်ရှီ(ကျင့်ရှီဘွဲ့နှင့် ထပ်တူခံစားခွင့်ရှိသူ)လို့ သတ်မှတ်ခံရပါတယ်၊ 'ထုံကျင့်ရှီ' ဘွဲ့ရတဲ့သူတွေက ကျင့်ရှီအစစ် မဟုတ်တဲ့အတွက် မြို့တော်လို့ ပညာတတ်ပေါတဲ့နေရာမှာ မျက်နှာငယ်ရပါတယ် ၊ ရွာမှာကတော့ အဲ့လိုတွေ မသိကြတော့ ဘုရားလို ကိုးကွယ်ကြတာပေါ့လေ)

 

--------

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟