အပိုင်း ၉၂
Viewers 12k

🐍Chapter 92




မော့လောင်တသည် နယ်နိမိတ်တွင် ထပ်၍အချိန်မဖြုန်းတော့ပေ။ သူက ယင်ရှောင်ရှောင်းအား ဤနေရာတွင်သာ ထားခဲ့ချင်သော်လည်း လျှိုကျစ်ရှင်းနှင့် စုလောင်တို့ တောင်ခြေတွင်ရှိနေကြောင်း ယင်ရှောင်ရှောင်းအား ပြောခဲ့သည်။ မော့လောင်တအနေဖြင့် အရူးပေါက်လေးအား မျက်စိထောင့်ထောက်ကြည့်မနေဘူးဆိုလျှင် မည်သည့်အရာများ ဖြစ်လာနိုင်မည်ကို ဘုရားမှပင် သိပေလိမ့်မည်။ 

ယင်ရှောင်ရှောင်း နောက်တစ်ကြိမ် တိတ်တိတ်လေး ထွက်ပြေးသွားနိုင်သည်။

မော့လောင်တသည် မြွေပွေးအုပ်စုတစ်စုအား စုဆောင်းကာ မော့တာမော့နှင့်အတူ နယ်နိမိတ်အား စောင့်ကြပ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် မော့တာမော့ ကျန်ခဲ့ပြီး မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကျောပေါ်တွင်တင်ကာ လျှိုကျစ်ရှင်းနှင့် စုလောင်အား ရှာဖွေရန် ထွက်သွားလေသည်။

မော့လောင်တသည် လမ်းတစ်လျှောက် အလျင်စလို သွားခြင်းမပြုပေ။ လျှိုကျစ်ရှင်းနှင့် စုလောင်တို့သည် ယင်ရှောင်ရှောင်း၏ လှည့်စားမှုကြောင့် တောင်ပေါ်သို့ သွားနေကြသည်။ သူနှင့် ယင်ရှောင်ရှောင်းတို့ လျှိုကျစ်ရှင်းနှင့် စုလောင်တို့ထက် အနည်းငယ်နောက်ကျပြီးမှရောက်မယ်ဆိုလျှင် သူတို့သည် ထိုလူနှစ်ဦး တောင်ပေါ်ရောက်ရန် ရက်ပေါင်းများစွာ စောင့်ရပေမည်။ ထိုသည်မှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

မော့လောင်တသည် လျှိုကျစ်ရှင်းနှင့် စုလောင်တို့နှင့် မတွေ့ဆုံနိုင်မည့်လမ်းအား ရွေးလိုက်သည်။ မျှော်လင့်မထားသည်မှာ မတော်တဆ လူ ၁၁ ဦး၏ အသက်ကို နှုတ်ရမည်ဟူ၍ပင်။

သို့သော် ဖြစ်ပျက်ခဲ့သည့်အတိုင်း မော့လောင်တ ရွေးချယ်ခဲ့သော ထိုလမ်းသည် စစ်မှန်သော ကျွမ်းကျင်မှုကြောင့် သင်္ချိုင်းတွင်းကို ဝင်ရောက်ဖို့ အခိုင်အမာ တောင်းဆိုခဲ့သော လူဆယ့်တစ် ယောက်နှင့် အတူတူဖြစ်ပြီး အမြင့်ဆုံးတောင်ထိပ်တွင် သူတို့ ဝှက်ထားသည့် သင်္ချိုင်းဟောင်းနေရာကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် အထွတ်အထိပ်သို့ ထွက်သွားကြသည်။ သူတို့ အလွန်ကံကောင်းသည်။ သူတို့သည် နှစ်ရက်အတွင်း ထိုတောင်ခြေသို့ ရောက်ရှိခဲ့ကြပြီး မြွေပွေးများကို မတွေ့ရပေ။ သို့သော် ထိုကံကောင်းမှုများသည် နောက်ဆုံးတွင် ကုန်ဆုံးသွားပုံရသည်။

"မြွေ..."  

မော့လောင်တ ပေါ်လာခါနီးတွင် မျက်လုံးကောင်းသည့် လူငယ်တစ်ယောက်က သူ့ကို သတိထားမိသွားသည်။ အခြားလူများသည် လျင်မြန်စွာ တုံ့ပြန်ကြပြီး တယောက်ပြီး တယောက် ခုခံရန်အနေအထားဖြင့်နေရာယူကြသည်။ သူတို့အတွက် ကံမကောင်းစွာဖြင့် မော့လောင်တ သည် ယင်ရှောင်ရှောင်း အတွက် လုံခြုံသော ပုန်းအောင်းရာနေရာကို ရှာတွေ့ထားပြီဖြစ်၍ ပြင်ဆင်ထားခဲ့သည်။ ယခုတွင် သူ နောက်ဆုတ်နေစရာ မလိုတော့ပေ။ လူသားများတွင် ကိုင်ဆောင်ထားသော လက်နက်များကို ဂရုမစိုက်ဘဲ အနီးဆုံးလူသားဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။

ထို ၁၁ ဦးသည် စည်းလုံးညီညွတ်စွာဖြင့် ရှိကြပြီး အတော်လေး သန်မာကြပုံပင်။ မော့လောင်တ ပြေးဝင်လာသည်ကို မြင်သည့်အခါ သူတို့သည် ဝရုန်းသုန်းကား မဖြစ်ကြဘဲ လက်သွက်သည့် လူတစ်ဦးသည် မော့လောင်တထံ လက်ပစ်ဗုံးပစ်လိုက်သည်။ မော့လောင်တသည် သဘာဝကျကျပင် ထိုလက်ပစ်ဗုံးအား ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပေ။ လက်ပစ်ဗုံး လေထဲတွင်ရှိနေစဉ် ခန္ဓာကိုယ်အား လှည့်ကာ ဝေးရာသို့ မျက်နှာမူလိုက်သည်။

ပေါက်ကွဲခြင်းမှ ရှောင်လွှဲရန် လူသားများ ဆုတ်ခွာသွားခဲ့ကြပြီး ထိုအနက်ရောင်မြွေ သေရမည်မှာ သေချာနေပြီ ဖြစ်သည်။ သို့သော် မီးခိုးများ ရှင်းသွားသည့်အချိန်တွင် ထိုအနက်ရောင်မြွေက အသက်ရှင်ရုံသာမကဘဲ ပေါက်ကွဲမှုကြောင့် အကြေးခွံများပင် ပျက်စီးမသွားသည်ကို တွေ့လိုက်ရသောအခါ လူ ၁၁ ဦးက ထိတ်လန့်သွားခဲ့သည်။

သူတို့အဖွဲ့ ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ချောက်ချားသွားကြသည်။ အဖွဲ့ခေါင်းဆောင်က သူ့သွားများကို တင်းတင်းကြိတ်ကာ အော်လိုက်သည်။

“ဖောက်ခွဲရေးပစ္စည်းသုံးလိုက်...” 

ဖောက်ခွဲရေးပစ္စည်းများ၏ မူလရည်ရွယ်ချက်မှာ သင်္ချိုင်းဟောင်းကို ဖောက်ခွဲပြီးဖွင့်ရန်ဖြစ်ပြီး ဤနေရာ၌ အနည်းငယ်အသုံးပြုခြင်းသည် ပြဿနာတစ်စုံတစ်ရာမဖြစ်လာစေရန် လုံလောက်သည်ထက်ပို၍ ယူဆောင်လာခဲ့သည်။ 

ဒါ့အပြင် သူတို့ရှေ့မှာ အဲဒီမြွေအနက်ရောင်မသေခဲ့ရင် သူတို့က ဒီဖောက်ခွဲရေးပစ္စည်းတွေကို မဖြစ်မနေ သုံးရမှာပဲ...

သူတို့ ခေါင်းဆောင်၏ အော်သံကြားသောအခါ ဖောက်ခွဲရေး ပစ္စည်းများကို ကိုင်ဆောင်လာသော အမျိုးသားက ချက်ချင်း ဗုံးတစ်လုံးကို ယူလိုက်ပြီး မော့လောင်တဆီသို့ ပစ်ချလိုက်သည်။ လူသားများသည် အသွေးအသားရှိနေဆဲဖြစ်သည်။ ဗုံးမကြဲခင်တွင် လူတိုင်းက ထိတ်လန့်ကြောက်ရွံ့ပြီး ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ ကျယ်လောင်သော "ဝုန်း..." ကိုကြားလိုက်သည်နှင့်ပင် ဘေးကင်းသောအကွာအဝေးသို့ ပြေးသွားသော အမျိုးသားများသည် လှည့်ကြည့်လိုက်သည်။ မော့လောင်တရပ်နေခဲ့သည့် ဧရိယာသည် ပျက်စီးယိုယွင်းသွားခဲ့သည်။

လူတိုင်းက မြွေနက်သေပြီဟု ယုံကြည်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“အားးးးး...”

အားလုံး ငြိမ်ငြိမ်လေး နေနေချိန်တွင် အဖွဲ့ထဲမှ အမျိုးသားတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ ဗုံးကြဲခံရသော ထိုအနက်ရောင်မြွေသည် ပေါက်ကွဲမှုကြောင့် မှုန့်မှုန့်ညက်ညက် ကြေသွားသည်ဟု ယုံကြည်နေကြသော်လည်း လူတစ်‌‌ယောက်ကို ကိုက်၍သတ်လိုက်သောအခါ လူတိုင်းကို ထိန်းမနိုင်သိမ်းမရလောက်အောင် ထိတ်လန့်တုန်လှုပ်သွားစေသည်။

"ဖောက်ခွဲရေးပစ္စည်းတွေတောင် မသတ်နိုင်ဘူး..."

"ဒီမြွေက မွန်းစတားကောင်ပဲ..."

"မြန်မြန်ပြေး... ပြေး...”

ထိုအချိန်တွင် လူသားများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ထာဝရအသက်ကိုပေးမယ့် အရာဝတ္ထုအတွက် သင်္ချိုင်းဟောင်းကို လာရှာတာကို ဘယ်သူက ဘယ်လိုဂရုစိုက်နိုင်မှာလဲ...
 အကယ်၍ မင်းရဲ့အသက်က ဒီနေရာမှာ ဆုံးရှုံးသွားခဲ့ရင် ထာဝရအသက်ကိုပေးမဲ့ပစ္စည်းကို ရခဲ့မယ်ဆိုရင်တောင် ဘာအကျိုးရှိအုံးမှာလဲ... 

ခေါင်းဆောင်က ဘယ်လောက်ပဲ အော်ပြောနေပါစေ၊ ထိုစကားများက လမ်းကြောင်းကို နောက်ပြန်လှည့်၍ မရပေ။ သို့တိုင် သူသည် ထိုကဲ့သို့သော အောင်ပွဲများကို လက်ဆင့်ကမ်းရန် ဆန္ဒမရှိခဲ့ပေ။ သွားများကို အံကြိတ်လိုက်ပြီး ကျောပိုးအိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သို့သော် ခေါင်းဆောင်က အသက်ကြီးနေပြီဖြစ်သည်။ လေးလံသောဝန်ကို ထမ်းပြီး မော့လောင်တ၏ အကိုက်ခံရမှုကြောင့် မြေပေါ်သို့ လဲကျသွားပြီး ဝေးဝေးမပြေးနိုင်တော့ပေ။ ခေါင်းဆောင်ကြီးသည် ကြီးမားသော ဝမ်းနည်းမှုများနှင့်အတူဆုံးပါးသွားသည်။ မြွေအဆိပ်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းနေချိန်မှာပင် သူ့စိတ်ထဲ၌ ထို အတွေးများဖြင့် ပြည့်နေသည်။

"ထာဝရအသက်ကို ငါလိုချင်တယ်...."

ရှေ့ဆက်လျှောက်လှမ်းရန် တွန်းအားပေးနေသော ယောက်ျားများပင်လျှင် အသတ်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။ သူတို့၏ စိတ်ဆန္ဒက အားကောင်းနေသော်လည်း မြွေသင်္ချိုင်းထဲသို့ ရောက်သွားပြီးနောက် နောင်တရပြီး ထွက်သွားချင်နေသော လူသားများကဲ့သို့ အချည်းနှီးပင်ဖြစ်သည်။ ဤအရာကို လူသားများထဲမှ မည်သူမျှ သတိမပြုမိခဲ့ကြပေ။

မြွေသင်္ချိုင်းတွင်းထဲကို ဝင်ရောက်လာတဲ့အတွက်ကြောင့် အသက်ရှင်မလား၊ သေမလားဆိုတာကို ကြာကြာပြောလို့မရဘူး...

ရှေ့ဆက်သွားချင်သည်ဖြစ်စေ၊ ထွက်ပြေးချင်သည်ဖြစ်စေ နှစ်ခုစလုံးက အတူတူပင်ဖြစ်သည်။

ကျိကျောက်သည် အဆိပ်ပြင်းသော ကျမ်းသစ္စာကျိန်ဆိုရန် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများအားလုံးကို သုံးစွဲခဲ့သည့်အချိန်ကဲ့သို့ပင် ရှေးဟောင်းသင်္ချိုင်းတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသူများသည် သေဆုံးသွားခြင်း သို့မဟုတ် အကျဉ်းချခံခဲ့ရသည်။

ဖြစ်ပျက်သွားသောအရာအားလုံးက တိုက်ဆိုင်မှုဟုထင်ရသည်။ မော့လောင်တက ထိုလူရှစ်ယောက်ကို မတော်တဆ ဆုံတွေ့သည်။ မော့လောင်တ သည် ဒေါသတကြီးဖြင့် လူတစ်ဒါဇင်ကျော်ကို သတ်ခဲ့သောကြောင့် ယင်ရှောင်ရှောင်း ဒဏ်ရာရသည်။ မော့လောင်တ သည် ဝမ်းယန်ကျန်း ၏အဖွဲ့ထဲသို့ ပြေးဝင်သွားချိန်က အစဖြစ်သည်။ အားလုံးက တိုက်ဆိုင်စွာ ပေါ်လာသည်။

 ဒါပေမယ့် ဒါကတကယ့် တိုက်ဆိုင်မှုပဲလား...

မြွေပွေးများသည် ဤနယ်နိမိတ်အတွင်း ပိတ်မိနေသော်လည်း အခြားသတ္တဝါများ ဝင်ရောက်ခြင်းမှ တားဆီးထားခြင်း မရှိပေ။ ဤနယ်နိမိတ်သည် သူတို့၏ကိုယ်ပိုင်ကမ္ဘာကို ဖွဲ့စည်းထားသော်လည်း နောက်ဆုံးတွင် ၎င်းသည် ပြင်ပကမ္ဘာနှင့် တရင်းတနှီး ချည်နှောင်ထားဆဲဖြစ်သည်။

တောက်ဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်ဖြစ်စေ ကောင်းကင်ဘုံတွင် ကိုယ်ပိုင်အစီအစဉ်များရှိသည်။ ဤနယ်နိမိတ်အား စီစဉ်ရာတွင် ကျိကျောက်သည် နှစ်ပေါင်းရာနှင့်ချီသော ကျိုးမင်းဆက်၏ စည်ပင်ဝပြောမှုနှင့် ကြွယ်ဝချမ်းသာမှုကို အသုံးပြုကာ ခမည်းတော်၏ ပါးစပ်တွင်းမှ တစ္ဆေငါးမန်းဥကို သိမ်းယူကာ ရတနာထောင်ပေါင်းများစွာအား ကျိုးသင်္ချိုင်းအတွင်း ထည့်သွင်းခဲ့သည်။ သင်္ချိုင်းထဲတွင် ထူးဆန်းသောမြွေ ခုနစ်ကောင်ကို ချုပ်နှောင်ကာ ကွေ့ဖန်မျိုးနွယ်စု၏ နာကြည်းမှုကို ဖြည့်သွင်းခဲ့သည်။ မြွေပွေးများ၏ အသိစိတ်ကို ဖွင့်ကာ မှတ်ဉာဏ်အမြွေအား ဆက်ဆံစေခြင်းသည် ကောင်းကင်ဘုံမှ ပေးအပ်သည့်အရာဖြစ်ပြီး သင်္ချိုင်းအား ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်လာသူတိုင်းတွင် ကောင်းမွန်သည့်အဆုံးသတ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

ဒါကိုကြည့်ခြင်းအားဖြင့် တိုက်ဆိုင်မှုဟု ခေါ်သည်မှာ တကယ်ကို အံ့သြစရာပင်ဖြစ်သည်။

ဤသည်မှာ လမ်းပေါ်ရှိ ခဏတာ ဖျော်ဖြေမှုသက်သက်သာ ဖြစ်သည်။ မော့လောင်တသည် ထိုဆယ့်တစ်ယောက်သော လူသားများနှင့် အချိန်များစွာ မဖြုန်းတီးခဲ့ပေ။ မော့လောင်တအတွက် ထိုလူသားများ၏ တည်ရှိမှုသည် အလွန်ရယ်စရာကောင်းပြီး ဖော်ပြရန်မထိုက်တန်ပေ။

မော့လောင်တ၏ အချိန်ကိုက်မှုသည် အပြစ်အနာအဆာကင်းသည်။ ယင်ရှောင်ရှောင်း နှင့် မော့လောင်တ တို့သည် စုလောင်နှင့် လျှိုကျစ်ရှင်း ရောက်ရှိလာပြီး နာရီအနည်းငယ်အကြာတွင် တောင်ခြေသို့ ရောက်ရှိခဲ့ကြသည်။ စုလောင် နှင့် လျှိုကျစ်ရှင်း တို့သည် ရှေ့သို့ တိုက်ရိုက်ဆက်မသွားဘဲ တောင်ခြေရင်းတွင် အနားယူရန် ရပ်လိုက်ကြသည်။

စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် မြွေပွေးများ၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဤတောင်ခြေရင်းသို့ မောင်းထုတ်ခံခဲ့ရသည်။ စုလောင်နှင့် လျှိုကျစ်ရှင်းသည် ဦးတည်ချက်ပြောင်းရန် ကြိုးစားတိုင်း မြွေပွေးများပေါ်လာပြီး ၎င်းတို့နှစ်ဦး နောက်ပြန်လှည့်ကာ ဤတောင်ခြေရင်းဘက်သို့ ဦးတည်သွားကြသည်။ တစ်ကြိမ်နှစ်ကြိမ်ဖြစ်လျှင် ဘာမျှမဖြစ်နိုင်သော်လည်း အကြိမ်အရေအတွက် များလာသောအခါ စုလောင်နှင့် လျှိုကျစ်ရှင်းက တစ်ခုခု လွဲနေပြီဆိုသည်ကို သိလိုက်ရသည်။

ဒါပေမယ့် သူတို့ ဒါကို ခံစားနေရရင်တောင် အဲဒါက ဘာအကျိုးရှိမှာလဲ... 

အသက်ရှင်သန်ဖို့အတွက် မြွေပွေးများ သွားစေချင်သည့် လမ်းကြောင်းကို ဦးတည်သွားရသည်။ အစပိုင်းတွင် စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် မြွေပွေးများက ၎င်းတို့အား ကြောက်စရာကောင်းသောအခြေအနေတစ်ခုသို့ တွန်းပို့ရန် ကြံရွယ်ထားသည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့သည် ဤတောင်ခြေရင်းသို့သွားရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။

ယခုအခါတွင် စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် အလွန်စိတ်မကောင်း ဖြစ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် မီးခိုးရောင်ဖြစ်ပြီး သူတို့၏ အဝတ်အစားများသည် မြွေပွေးများ၏ “ခြိမ်းခြောက်ခြင်း” ခံရသည့်နေရာအများအပြားတွင် အကိုက်ခံရသည့် အမှတ်အသားများ ရှိသည်။ သူတို့သည် အစာနှင့်ရေကို မတောင့်တကြသော်လည်း အဆက်မပြတ် ချီတက်လာသဖြင့် ပင်ပန်းနေကြဆဲဖြစ်သည်။

စုလောင်သည် တျန်ရွှယ်(အာရုံကြောကို လက်ချောင်းဖြင့်ထောက်သည့် တရုတ်သိုင်းပညာတစ်မျိုး) တွင် ကျွမ်းကျင်သူမဟုတ်ပဲ အပေါ်ယံအသိသာ ရှိခဲ့သည်။ စုလောင်၏တပည့်အဖြစ် လျှိုကျစ်ရှင်းသည် အသိပညာနည်းပါးသည်။ စုလောင်သည် သူ့တွင်ရှိသော ဗဟုသုတ အနည်းငယ်ကိုသာ အားကိုး၍ ဤတောင်၏ ဖုန်းရွှေ(လေနှင့်ရေလမ်းကြောင်း) သည် မွန်မြတ်သည်ကို သိမြင်နိုင်သည်။ အကယ်၍ ထိုနေရာ၌ သင်္ချိုင်းဂူကြီးတစ်ခု ရှိခဲ့ပါက ဤတောင်ပေါ်တွင် ဖြစ်နိုင်ခြေများစွာရှိသည်။

စုလောင်သည် သူ့ရှေ့က တောင်ကြီးကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။  

သူထင်ထားတဲ့အရာက အမှန်ဆိုရင် ဒီမြွေတွေက ဘာလို့ သူနဲ့ လျှိုကျစ်ရှင်းကို ဒီနေရာကို အမြန်လာခိုင်းရတာလဲ... သေချာတာက သူတို့ကို သင်္ချိုင်းထဲကို မဝင်ခိုင်းတာ မဟုတ်လား...

သို့သော် သင်္ချိုင်းတွင်း၌ ထာဝရအသက်ကို ပေးစွမ်းနိုင်သော ထိုအရာအား သူစဉ်းစားသောအခါ ထိုသံသယများကို မေ့လျော့သွားခဲ့သည်။ ထာဝရအသက်၏ ဆွဲဆောင်မှုက အလွန်အစွမ်းထက်သောကြောင့် စုလောင်သည် ထိုသွေးဆောင်မှုမှ လွတ်မြောက်အောင်ပင် မခွဲနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

သူ့တို့အား ထိုနေရာကိုလာရန် တွန်းအားပေးသည်မှာ ထိုမြွေများဖြစ်ပြီး သူတို့အပြစ်မဟုတ်ပေ။ စုလောင် က ထိုအရာကို နှစ်သိမ့်ပြီး သူ့ကိုယ်သူ ယုံကြည်သွားအောင် အကြိမ်ကြိမ် နှစ်သိမ့်ပေးခဲ့သည်။

"မင်းတွေ့လား...မြွေတွေက ငါတို့နောက်ကို လိုက်နေတာ ... ရှေ့ဆက်မလျှောက်ရင် အကိုက်ခံရပြီး သေဖို့ပဲရှိမယ်... ရှေ့ဆက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး..."

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် စုလောင်နှင့် လျှိုကျစ်ရှင်းတို့၏ လှုပ်ရှားမှုများကို အာရုံစိုက်ကာ ချုံပုတ်ထဲတွင် ပုန်းနေခဲ့ကြသည်။ စုလောင်နှင့် လျှိုကျစ်ရှင်းတို့က တောင်ပေါ်ကိုဆက်တက်ရန် ဆုံးဖြတ်လိုက်သည်ကို တွေ့သောအခါ မော့လောင်တ ရယ်မောလိုက်သည်။ အမှန်တကယ် လောဘကြီးကြသော လူသားများဖြစ်သည်။

မော့လောင်တသည် တောင်ပေါ်ရှိ မြွေများအားလုံးကို မျိုးနွယ်စုခေါင်းဆောင် အဖြစ် အမိန့်ထုတ်ခဲ့သည်။ ယင်ရှောင်ရှောင်း၏ နားများတွင် ဇဝေဇဝါဖြစ်စေသော မြည်ဟိန်းသံကိုသာ ကြားရပြီး စုလောင်နှင့် လျှိုကျစ်ရှင်းသည် ဘာမှမကြားရသော်လည်း တောင်ပေါ်ရှိ မြွေပွေးများအားလုံးသည် မော့လောင်တ၏ အမိန့်ကို လက်ခံရရှိခဲ့သည်။

"မျိုးနွယ်စုခေါင်းဆောင်က ဒီတောင်ပေါ်ကို လူသားနှစ်ယောက်ကို လွှတ်ပေးလိုက်မယ်လို့ ပြောတယ်..."

"ဟုတ်တယ်၊ ဟုတ်တယ်... လူသားတွေက ငါတို့ကို ရှာတွေ့ခွင့်မပေးသင့်ဘူးလို့ သူကပြောတယ်..."

"ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်က ဘာလို့ ဒီလောက် ဒုက္ခခံနေရတာလဲ... လူသားတွေက သနားစရာကောင်းလောက်အောင် နုံချာတယ်... သူတို့ကို တခါတည်းသတ်လိုက်ရုံနဲ့ လုံလောက်နေတာပဲ...”

"မင်းက မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်ကို နားထောင်ရုံပဲ... မေးခွန်းတွေ အများကြီးမေးပြီး ဘာလုပ်နေတာလဲ...."

"မှန်တယ်၊ မှန်တယ်.... မျိုးနွယ်စုခေါင်းဆောင်မှာ ဒီလိုလုပ်ဖို့ သူ့ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိတယ်ဆိုတာ သေချာတယ်..."

တောင်ပေါ်ရှိ မြွေပွေးများ အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။  

မြွေပွေးတွေက အမှန်တကယ် ဖျော်ဖြေမှု မရှိဘူးဆိုတဲ့ကြောင်း ကျွန်ုပ်တို့ ဘယ်လိုယူဆနိုင်မှာလဲ... အတင်းအဖျင်းစကားတွေက ထုံးစံအတိုင်း အတော်လေးပျံ့နှံ့နိုင်တယ်. ...