🐍Chapter 93
မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် စုလောင်နှင့် လျှိုကျစ်ရှင်း တို့ကို ခိုးကြောင်ခိုးဝှက်ဖြင့် နောက်ယောင်ခံလိုက်ခဲ့သည်။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် ၎င်းတို့နောက်မှလိုက်လာသော မော့လောင်တ ကို သတိမထားမိနိုင်သော်လည်း ယင်ရှောင်ရှောင်း၏ အကြည့်ကိုမူ သတိမထားမိဟု မပြောနိုင်ပေ။ မော့လောင်တ ၏ စွမ်းရည်များသည် ပိုမိုသန်မာမှုရှိပြီး ယင်ရှောင်ရှောင်းကို မော့လောင်တကဲ့သို့ အစွမ်းထက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ထို့နောက်တွင် ယင်ရှောင်ရှောင်းသည် စုလောင်နှင့် လျှိုကျစ်ရှင်း တို့ကို စောင့်ကြည့်ရန် အထူးပင် စိတ်အားထက်သန်နေခဲ့သည်။ ဆယ်မိနစ်အတွင်း ကိုးမိနစ်နှင့် မိနစ်တစ်ဝက်လောက်က သူတို့ကို စိုက်ကြည့်ရင်း ကုန်သွားခဲ့သည်။ အထုံထိုင်းဆုံးလူတစ်ယောက်ပင်လျှင် ထိုအရာကိုအာရုံခံစားနိုင်မည်ဖြစ်သည်။
"ခေါင်းဆောင်... ငါတို့နောက်ကို တစ်ယောက်ယောက်က လိုက်နေတယ်လို့ မင်းထင်လား... ငါတို့နောက်က ချက်ချင်းလိုက်နေတာလား..."
လျှိုကျစ်ရှင်းသည် မွန်းတည့်ချိန်ကို အခွင့်ကောင်းယူကာ စုလောင် အနီးသို့လာပြီး တီးတိုးမေးလိုက်သည်။
စုလောင်က အရေးမကြီးသောအရာဟု သဘောထား၍ ပြောလိုက်သည်။
“အဲဒါ မြွေပွေးတွေပါပဲ.... သူတို့က ငါတို့နောက်ကို အမြဲလိုက်နေတာ မဟုတ်ဘူးလား...."
"တူတယ်လို့မခံစားရဘူး..."
လျှိုကျစ်ရှင်း ခေါင်းကုတ်လိုက်သည်။ အလွန်စိတ်ရှုပ်နေသော်လည်း ထိုအရာအား စကားဖြင့် မည်သို့ဖော်ပြရမည်ကို မသိနိုင်ဖြစ်နေသည်။
"ဒါက ခံစားရတယ် ... အရမ်းခံစားရတယ်... အရမ်းသည်းကြီးမည်းကြီးနဲ့ ကြည့်နေသလိုမျိုးပဲ...."
တကယ်တမ်းတွင် လျှိုကျစ်ရှင်းသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်းနှင့် တူသည်ဟု ပြောချင်ခဲ့သည်။
လက်တွေ့မှာ ဤသို့ဖြစ်သည်။ လျှိုကျစ်ရှင်းသည် ယင်ရှောင်ရှောင်းအား ဒဏ်ရာရစေခဲ့ဖူးသည်။ ထို့ကြောင့် သဘာဝကျစွာပင် ယင်ရှောင်ရှောင်းသည် လျှိုကျစ်ရှင်းအား ပိုမိုအာရုံစိုက်နေမိသည်။ မဟုတ်၊ အပြည့်အဝ အာရုံစိုက်နေမိခြင်းပင်။ ထိုမှတပါး မည်သူက ချိနဲ့နဲ့လူတစ်ဦးအား နေ့စဉ်နေ့တိုင်း ကြည့်နေချင်မည်နည်း။ ပိန်ချုံးနေသော အဘိုးအိုမှာလည်း ရိုင်းစိုင်းသော စရိုက်ရှိသောကြောင့် လုံးဝမဟုတ်ပေ။ ယင်ရှောင်ရှောင်းသည် “အလန်းလေး” လျှိုကျစ်ရှင်း ကို နေ့တိုင်း ငေးကြည့်နေသည်မှာ သဘာဝကျသည်။
မော့လောင်တက ယင်ရှောင်ရှောင်း နှစ်ယောက်လုံးကို စိုက်ကြည့်နေသည်ကို စိတ်မ၀င်စားပေ။ မော့လောင်တ၏ မျက်လုံးထဲတွင် စုလောင် နှင့် လျှိုကျစ်ရှင်း တို့သည် လူသေများလမ်းလျှောက်နေသကဲ့သို့ မြင်သည်။
ယင်ရှောင်ရှောင်းက လူသေတွေကို စိုက်ကြည့်နေတာကို သူဘာလို့ ဂရုစိုက်နေမှာလဲ...
"အဲဒီအပြင်..."
မော့လောင်တ က ဆက်လက်၍ တွေးနေသည်။
"မတူညီတဲ့ မျိုးစိတ်တစ်ခုကလာတဲ့ လူသားတစ်ယောက်က ငါ့ရဲ့ အချစ်ပြိုင်ဘက် ဖြစ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..."
“အို ဒါဆို ဖြစ်နိုင်ရင်…”
စုလောင် က အနည်းငယ်စဉ်းစားပြီး ပြက်လုံးထုတ်လိုက်လိုက်သည်။
“ဒီတစ်ကောင်က မြွေမဖြစ်နေမှာပေါ့..”
လျှိုကျစ်ရှင်း: "...."
လျှိုကျစ်ရှင်း က ဒီဟာသဟာ ရယ်စရာလို့ လုံးဝမထင်ထားဘူး...
သို့သော် စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် တောင်ပေါ်သို့ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ စုလောင် သည်လည်း တစ်ခုခုမှားနေပြီဆိုသည်ကို သိလာခဲ့သည်။ ယင်ရှောင်ရှောင်းက ပစ်မှတ်ကိုပြောင်းပြီး စုလောင်ကို စတင်ကြည့်ရှုခဲ့ခြင်း မဟုတ်ပေ။ ထိုအစား စုလောင်က သူနှင့် လျှိုကျစ်ရှင်းကို စောင့်ကြည့်နေသောမြွေများ ပိုရှိနိုင်သည်ဟု ခံစားရသည်။
စုလောင်၏ ခံစားချက်က လုံးဝမှန်သည်။ သို့သော် စုလောင် သည်လည်း နေ့တိုင်း သူ့နှင့် လျှိုကျစ်ရှင်း ကို စောင့်ကြည့်ရန် မြွေပွေးများ ရောက်လာလိမ့်မည်ကို စိတ်ကူးမယဉ်ခဲ့ဖူးပေ။
မြွေပွေးများ၏ ဆင့်ကဲဖြစ်စဉ်သည် ပြီးပြည့်စုံသော ကျရှုံးမှုတစ်ခုဖြစ်သည်။ မြွေပွေးများသည် ရက်အတော်ကြာ ပုန်းအောင်းနေသော်လည်း တဖြည်းဖြည်း တစ်နေရာတည်းတွင် မတည်ရှိနိုင်တော့ပေ။ သူတို့ကတွေးလိုက်သည်။
"နေ့တိုင်း အရမ်းပျင်းနေတာထက်စာရင် တောင်ပေါ်မှာ ဒီလူနှစ်ယောက်ကို ကြည့်ပြီး အချိန်ကုန်သွားတာက ပိုကောင်း မဟုတ်လား..."
စုလောင် နှင့် လျှိုကျစ်ရှင်း တို့က သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနံ့များကို ဖုံးကွယ်ပေးထားသော ဓာတုပစ္စည်းတွေကို ဆက်ပြီး ပွတ်တိုက်နေကြသော်လည်း မြွေပွေးများသည် မမိုက်မဲကြပေ။ သူတို့သည် မျိုးနွယ်စုခေါင်းဆောင် ဆီကို တိုက်ရိုက်သွားကြသည်။
နောက်ဆုံးမှာတော့ မျိုးနွယ်စုခေါင်းဆောင် က လူသားနှစ်ယောက်နောက် လိုက်သွားခဲ့တယ်...
ထို့ကြောင့် နေ့တိုင်းတွင် လူသားများ မည်သို့မည်ပုံရှိသည်ကို ကြည့်ရှုရန် အဆုံးမရှိသော မြွေပွေးများ အပြေးအလွှား ရောက်လာကြသည်။ ထို့နောက် နောက်ထပ်မြွေပွေးအုပ်စုရောက်လာပြီး အပြောင်းအရွှေ့များကို စောင့်မျှော်နေပါသည်။ မှန်သည်၊ ထို့နောက် ငြီးငွေ့နေပြီဖြစ်သော မြွေပွေးများက သူတို့ကို ဖျော်ဖြေရန် တစ်ခုခုကို တစ်ဖန်ပြန်ရှာကြလိမ့်မည်ဖြစ်သည်။
ဤအရာစတင်သောအခါတွင် မော့လောင်တသည် ထိုမြွေပွေးများနှင့်အတူ အလွန်မပျော်ရွှင်ခဲ့ပေ။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့ကို သတိမထားမိစေချင်ပေ။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် မြွေပွေးများ နေ့တိုင်း ၎င်းတို့ကို စောင့်ကြည့်ရန် လာနေသည်ကို သတိပြုမိပါက ၎င်းတို့သည် သေသည်အထိ ကြောက်လန့်နေမည်မှာ သေချာသည်။ သူတို့၏ နောက်ပြောင်ကျီစယ်မှု အဆင့်များကို မေ့ထားပြီး သင်္ချိုင်းဟောင်းဆီ ဆက်သွားနေမည် မဟုတ်ပေ။ သို့သော် တခြားမြွေပွေးများအတွက်ထိုအရာသည် အမှတ်မထင်ထားသော စိတ်ဝင်စားမှုဖြစ်သည်။
အစပိုင်းတွင် စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် နေရာတိုင်းကို ရှာဖွေခဲ့သော်လည်း ထူးဆန်းသောအကြည့်အတွက် ရှင်းလင်းချက်တစ်ခုမျှ မရှာနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ၎င်းကို ထားခဲ့လိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤအတွက် မြွေပွေးများ၏ စိတ်အားထက်သန်မှုသည် အလွန်လျင်မြန်စွာ လျော့နည်းသွားသည်။ အုပ်စုတစ်ခုစီသည် စုလောင်နှင့် လျှိုကျစ်ရှင်းတို့ကို နှစ်ကြိမ်တွေ့ပြီးနောက် မြွေပွေးများသည် စုလောင်နှင့် လျှိုကျစ်ရှင်းကို စိတ်ဝင်စားမှု မရှိတော့ပေ။ ထိုအကြည့်များ ပျောက်ကွယ်သွားခြင်းသည် နောက်ဆုံးတွင် စုလောင်နှင့် လျှိုကျစ်ရှင်း တို့အား စိတ်သက်သာရာရစေရန် ခွင့်ပြုလိုက်သည် ။
တောင်သည် အလွန်ကျယ်ဝန်းပြီး သင်္ချိုင်းဟောင်းဆီသို့ ဝင်ပေါက်ရှာရသည်မှာ မလွယ်ကူလှပေ။ သို့သော် မော့လောင်တ သည် ရည်ရွယ်ချက်ရှိရှိသို့မဟုတ် တခြားနည်းဖြင့် “လမ်းကိုညွှန်ပြ” ရန်ရှိနေသောကြောင့် စုလောင် နှင့် လျှိုကျစ်ရှင်း အကြိမ်ပေါင်းများစွာ လှည့်ပတ်နေရန် မလိုပေ။ အချိန်ကိုသာ စောင့်ရန်လိုတော့သည်။
ထိုသို့ရက်များကြာလာသောအခါမှာတွင် စုလောင်၊ လျှိုကျစ်ရှင်းနှင့် မြွေပွေးများသည် ပဋိပက္ခမရှိဘဲ တဖြေးဖြေးနှင့် စုလောင်နှင့် လျှိုကျစ်ရှင်း တို့၏ နောက်ဆုံးသွားရမည့် ခရီးပန်းတိုင်ဖြစ်သော သင်္ချိုင်းဟောင်းဆီသို့ နီးလာပြီဖြစ်သည်။
သို့သော် ၎င်းတို့သည် သင်္ချိုင်းဟောင်းထဲသို့ မဝင်မီ မော့လောင်တနှင့် ယင်ရှောင်ရှောင်း ၏အိမ်ရှေ့မှ ဖြတ်သွားကြသည်။ ဆွဲဆောင်မှုရှိသော နီရဲရဲ ယန်မြက်သည် လူသားတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
"ဟင်... ခေါင်းဆောင် ဒီမှာ အနီရောင်မြက်တွေ ရှိတယ်...”
လျှိုကျစ်ရှင်း သည် ယန်မြက်ကို ပထမဆုံးသတိပြုမိခဲ့သည်။
စုလောင်သည် အလျင်အမြန်ဖြင့် ရုတ်တရက် ခေါင်းကိုလှည့်ကာ ခဏလောက် စဉ်းစားပြီးပြောလိုက်သည်။
“သွားကြည့်ရအောင်..”
လျှိုကျစ်ရှင်းက သဘောတူပြီး စုလောင်သည် ယန်မြက် ဆီသို့ လိုက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့၏ လှိုဏ်ဂူသည် စုလောင်နှင့် လျှိုကျစ်ရှင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ခေါင်းဆောင် ဟိုမှာ မီးကြွင်းမီးကျန်တွေ ရှိနေပုံရတယ်..."
လျှိုကျစ်ရှင်းသည် ဂူရှေ့ရှိ နေရာလွတ်တွင် ရှိနေသည့် မီးကြွင်းမီးကျန်မားကို ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းသည် ချက်ပြုတ်ပြီးသည့် အစားအစာကိုသာ စားသည့်အတွက် ထိုအရာမှာ ပုံမှန်ပင်ဖြစ်သည်။ ဤသည်မှာ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ အသိုက်ဖြစ်သည့်အတွက် မီးနှင့်ဆိုင်သည့် အရိပ်အယောင်များ ရှိပေလိမ့်မည်။
စုလောင်က မျက်ခုံးတွန့်ကာ ပြာပုံဆီသို့ လျှောက်သွားသည်။
"ငါတို့ရှေ့မှာ တစ်စုံတစ်ယောက်ရှိနေပြီလား..."
လျှိုကျစ်ရှင်း သည် စုလောင် ၏နောက်သို့လိုက်ကာ ပြာများရှေ့တွင် ဆောင့်ကြောင့်ထိုင်နေလိုက်သည်။
“မဖြစ်နိုင်ပါဘူး... ဒီမြွေပွေးတွေက လူသားတွေကို ဒီနေရာကို လွယ်လွယ်ကူကူ ဝင်လာဖို့ မထားခဲ့လောက်ဘူး...”
စုလောင်က လှောင်ပြောင်သည်။
"ငါတို့ မလာဘူးလား... မြွေပွေးတွေက တခြားလူတွေကို လွှတ်ပေးတာမျိုးမရှိဘူးဆိုတာ ဘုရားသခင်ပဲ သိတယ်... ဒါ့အပြင် ဒီမီးကို လူလုပ်တာမဟုတ်ပဲနဲ့ မြွေပွေးတွေ လုပ်ခဲ့တာလား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
"ဖြစ်နိုင်တယ်..."
လျှိုကျစ်ရှင်း ကမကူညီနိုင်ပဲ ချေပလိုက်သည်။
"ဒီမြွေတွေက ပြောတတ်တယ်... ဒါကြောင့် မီးမွေးနိုင်တယ်ဆိုတာလည်း အတော်လေးဖြစ်နိုင်တယ်..."
စုလောင် က သရော်သံဖြင့် ပြောလိုက်သည်။
“ဒါကို ငါတို့ ဆက်လုပ်နေရင် လူတွေကလွဲလို့ တခြား သတ္တဝါတွေ မီးအသုံးပြုနိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့ဖူးကြလား... အဲဒီထက်ပိုပြီးတော့ အဲဒီမြွေတွေက ငါတို့နောက်ကို လမ်းတစ်လျှောက်လုံး လိုက်နေတာ... မီးမွေးနိုင်တယ်ဆိုတာကို သတိထားမိလား... မြွေတွေက လက်လဲမရှိဘူး... အစိမ်းစားရတဲ့ အစာကို လဲ ကြိုက်ကြတယ်... အဲဒီအပြင် ဒီမြွေသင်္ချိုင်းထဲမှာ အမြဲတမ်းနွေရာသီဖြစ်နေတာ... မီးမွေးဖို့ လိုသေးလို့လား...”
လျှိုကျစ်ရှင်း သည် စုလောင် ပြောသည်ကို မည်သို့ ချေပရမည်ကို မသိဘဲ စကားမပြောပေ။
အတိုချုပ်ပြောရရင် လျှိုကျစ်ရှင်း က ဒီမီးကို လူသားတွေ ဖန်တီးတယ်လို့ မယုံကြည်ဘူး...
ဒါဆို လူမဟုတ်ရင် မြွေတွေပဲ ဖြစ်ရမယ်...
ညနေ ကောင်းကင်က မှောင်လာသောအခါ စုလောင်သည် ဤနေရာတွင် တစ်ညတာ စောင့်ဆိုင်းပြီး နောက်တစ်နေ့နံနက်တွင် ထွက်ခွာသင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထုံးစံအတိုင်း လျှိုကျစ်ရှင်းက ကန့်ကွက်ခြင်းမရှိပဲ နှစ်ယောက်သား လိုဏ်ဂူထဲသို့ အတူတူဝင်ခဲ့သည်။
“ဒီမှာ ထူးဆန်းတဲ့အနံ့တစ်ခုရှိပုံရတယ်...”
လျှိုကျစ်ရှင်း ဂူထဲသို့ဝင်စဉ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
စုလောင် က သာမန်ကာလျှံကာပြန်ပြောလိုက်သည်။
“အရင်က ဒီမှာ တိရိစ္ဆာန်တွေ ရှိခဲ့လို့ဖြစ်မှာပေါ့...”
ဂူအတွင်းက အနံ့သည် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့ကြောင့်ဖြစ်ပြီး တကယ်တွင် မြွေနံ့ဖြစ်သည်။ သို့သော် စုလောင်နှင့် လျှိုကျစ်ရှင်းတို့က ၎င်းကို အနံ့မခံနိုင်ပေ။ မြွေပွေးများက ထိုနေရာတွင် “ယခင်က” နေခဲ့သည်ဆိုသော အမှန်တရားကိုသိလျှင် သူတို့နှစ်ဦးသည် လိုဏ်ဂူထဲတွင် ခြောက်ချားစွာနေမည့်အစား တောထဲ၌သာနေမည်မှာ သေချာပါသည်။
စုလောင်နှင့် လျှိုကျစ်ရှင်းတို့ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့၏ ဂူထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ....
ယင်ရှောင်ရှောင်း မော့လောင်တ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစားကာ အော်ဟစ်လိုက်သည်။
“ကျွန်တော့်ကိုလွတ်.. တဟေးတန်.. ခင်ဗျား ကျွန်တော်ပြောတာ ကြားရဲ့လား.. ကျွန်တော့်ကို လွတ်ပေးလို့.. အဲဒီနှစ်ယောက်ကို ကျွန်တော် ကိုက်သတ်ပစ်မယ်..”
အကူအညီမဲ့နေသည့် မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်အား အမြီးဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။
“ရှောင်ရှောင်း.. ရပ်တော့.. အခု ကိုယ်တို့က သူတို့ရှေ့မှာ ပေါ်လာရမယ့်အချိန် မဟုတ်သေးဘူး..”
“ကျွန်တော်ဂရုမစိုက်ဘူး.. သူတို့က ကျွန်တော်တို့အိမ်ထဲမှာတောင် လာနေရဲနေတယ်.. သူတို့ကိုသေအောင် ကိုက်ပစ်ချင်နေပြီ..”
ယင်ရှောင်ရှောင်း ဆက်လက်၍ ရုန်းကန်နေသည်။
“ရှောင်ရှောင်း.. ကိုယ့်ကိုယုံနော်.. သူတို့နှစ်ယောက်မှာ အဆုံးသတ်ကောင်းကောင်း ရှိလာမှာ လုံးဝမဟုတ်ဘူး.. ဒါပေမဲ့ အခုက အချိန်မကျသေးဘူး.. မဟုတ်ရင် ကိုယ်တို့လုပ်ခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်..”
မော့လောင်တ ယင်ရှောင်ရှောင်းအား နှစ်သိမ့်လိုက်သည်။
“အခု ကျိခန်းဆီသွားကြမယ်.. သူတို့ကို သင်ခန်းစာပေးဖို့ ကျိခန်းကို ပြောကြမယ်လေ..”
ယင်ရှောင်ရှောင်း ခဏလောက်စဉ်းစားလိုက်သည်။
"ကောင်းပြီ ကျိခန်း ဆီသွားလည်ကြမယ်..."
မော့လောင်တ ကျိခန်းဆီသို့သွားစဉ်တွင် ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ ကျောပေါ်တွင် ရှိနေလေသည်။ မော့လောင်တ၏ နောက်ကျောပေါ်တွင် ရှိနေရင်းနှင့်ပင် ယင်ရှောင်ရှောင်း အော်ဟစ်လို့နေသည်။
“သေရမယ်.. သူတို့နှစ်ယောက် သေချာပေါက် သေရမယ်..”
“အိုး.. မင်းတို့နှစ်ကောင် ဘယ်လေတိုက်လို့ ရောက်လာကြတာတုန်း..”
ကျိခန်း၏ အသိစိတ်နယ်ပယ်အတွင်းသို့ ဝင်လာသည့်အခါတွင် ကျိခန်း၏ ဒေါသသံကို ကြားလိုက်ရသည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ဤနေရာသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည်မှာ မည်မျှကြာပြီမှန်း မသိရချေ။ ဤမြွေနှစ်ကောင်မှာ သူ့အား မေ့လျော့သွားကြပြီဟု ထင်နေခဲ့ခြင်းဖြစ်သည်။
ယင်ရှောင်ရှောင်း ပြန်မအော်ခဲ့ပေ။ ကျိခန်း၏အသံကို ကြားသည့်အခါတွင် သူနှင့်မော့လောင်တတို့ ချက်ချင်းတုံပြန်သည်။ သူနှင့်မော့လောင်တို့သည် ကျိခန်းအား ကာကွယ်ရန်အတွက် လူသားများအား ချေမှုန်းရန် တိုက်ခိုက်နေပေသည့်တိုင် ကျိခန်းသည် ပြင်ပကမ္ဘာမှလူသားများ ဝင်လာရောက်ခြင်းကိုပင် မသိသေးချေ။
ယင်ရှောင်ရှောင်း မော့လောင်တ၏ နောက်ကျောမှ လျှောဆင်းလာပြီးနောက် တည်ကြည်လေးနက်သည့် အမူအရာဖြင့် သင်္ချိုင်းဟောင်းဆီသို့ကြည့်ကာ ဝမ်းနည်းသည့်အသံဖြင့် ပြောလိုက်သည်။
“ကျိခန်းရေ.. မင်းကို နည်းနည်းတော့ စိတ်မကောင်းစရာသတင်းတစ်ခု ပြောချင်တယ်.. လူသားတွေက နယ်နိမိတ်ထဲ ရောက်လာကြပြီ..”
ဤနေရာတွင် ယင်ရှောင်ရှောင်း လိမ်နေခြင်းမဟုတ်ပေ။
“ဘာဖြစ်တယ်..”
ကျိခန်းတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“လူသားတွေ တကယ်ပဲ နယ်နိမိတ်ထဲကို ဝင်လာနေပြီလား...”
“ဟုတ်တယ်၊ မှန်တယ်... နောက်ထပ် စိတ်မကောင်းစရာ သတင်းတစ်ခု ရှိသေးတယ်...”
ယင်ရှောင်ရှောင်း ၏ အသံသည် ပို၍ပင် လေးနက်လာသည်။
“မြွေပွေးတွေ အများကြီး ဆုံးရှုံးခဲ့ရပေမဲ့ လူသားတွေရဲ့ ကျူးကျော်မှုကို မရပ်တန့်နိုင်သေးဘူး.... အခုမြွေပွေးတွေရဲ့ အသိုက်ကို တစ်လွှာပြီး တစ်လွှာကို ချိုးဖျက်နေတဲ့ လူသားနှစ်ဦး ရှိတယ်... မကြာခင် သူတို့ ဒီကို ရောက်လိမ့်မယ်...”
မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ တောရိုင်းပုံပြင်များနှင့် မြွေပွေးများ၏ အစွမ်းသတ္တိကို ဤကဲ့သို့ လုပ်ကြံပြောဆိုနေခြင်းအား နားမထောင်နိုင်တော့ချေ။ သနားဖွယ်ရာ လူသားများမှာ လူသားများနှင့် မည်ကဲ့သို့ တန်းတူဖြစ်နိုင်မည်နည်း။ လူသားနှစ်ဦးသည် အဝိုင်းခံထားရသည့်ကြားမှ ချိုးဖြတ်ဝင်ရောက်လာနိုင်ပြီး မကြာမီတွင် ဤနေရာသို့ ရောက်လာတော့မည်ဆိုလျှင် ထိုလူသားနှစ်ဦးအား ကိုင်တွယ်နိုင်ပါ့မလား။
ထိုသို့နှင့် မော့လောင်တသည် ဤအရာနှင့် အခြားသောအချက်များအား ကျိခန်းအား ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။ ယင်ရှောင်ရှောင်းသည် ဝမ်းလျားမြှောက်ကာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ တဟေးတန်မှာ အမှန်တကယ်ကို တုံးအလွန်းသည်။