အပိုင်း (၃၀၂)
Viewers 31k

Chapter 302 


ဝမ်လေး၏စကားများက စုန့်ထင်ရှန်းအပေါ် အတော်လေးသက်ရောက်သွားသည်။ 


သူ့သားနှင့် စကားပြောပြီးနောက်တွင် စုန့်ထင်ရှန်းက အလုပ်တွင် အာရုံမစိုက်နိုင်တော့ပေ။ သူက ငတုံးမဟုတ်ပေ။ ဆန့်ကျင်ဘက့်အနေဖြင့် အတောအလေးဉာဏ်ကောင်းပေသည်။ သူက လက်တလောတွင် အတော်လေးအလုပ်များနေရုံသာဖြစ်သည်။ သူ့ဦးနှောက်တွင် အလုပ်ကလွဲ၍ အခြားကိစ္စအာရုံစိုက်ရန် အခန်းတစ်ခန်းမှ မလွတ်တော့ပေ။ ထိုင်ခုံပေါ်တွင်ထိုင်ပြီး အစီအရင်ခံစာပေါ်ရှိ ဂဏန်းအတွဲလိုက်ကိုကြည့်ပြီး ယွမ်ရှ၏လက်တလော ထူးဆန်းနေသည့် အပြုအမူများကို တွေးကြည့်လေသည်။ သူမက လက်တလောတွင် ထူးထူးဆန်းဆန်းပြူမူနေသော်လည်း သူက ထိုကိစ္စကို နက်နက်နဲနဲတွေးရန် အချိန်မရှိနေခဲ့ပေ။


ယွမ်ရှ ပြောင်းလဲသွားခဲ့သည်။ အတိတ်တုန်းက သူမချက်ပြုတ်သော်လည်း နေ့တိုင်းချက်ပြုတ်ခြင်းမရှိပေ။ အိမ်အကူအန်တီက ခွင့်ယူထားသော်လည်း သူတို့တွင် ယာယီအိမ်အကူငှားရန်မခက်ခဲပါချေ။သို့သော် ယွမ်ရှက လူမငှားရုံမျှမက သူမဘာသာအိမ်အလုပ်အားလုံးကို လုပ်ရန်ကြိုးစားနေခဲ့သည်။ ၎င်းက အတော်လေးမူမမှန်ပေ။ သူက သူမကို မင်္ဂလာနှစ်ပတ်လည်အတွက် ညစာအတူသွားစားရန်ခေါ်သွားစဉ်ကလည်း သူမက အထူးတဆန်းပြုမူလေသည်။ သူတို့ စားသောက်ဆိုင်ကို မကြာခဏသွားဖူးကြသော်လည်း ယခုတစ်ကြိမ် သူမ၏တုန့်ပြန်မှုက လွန်ကဲလေသည်။ သူ့ကို လက်ဖွာသည်ဟုပင် အပြစ်တင်လိုက်သေးသည်။


သူမ၏ အိမ်အသုံးစရိတ် စာရင်းကလည်း အတူတူပင်ဖြစ်သည်။ သူတို့မိသားစုက အလွန်ချွေတာစရာ မလိုအပ်ပေ။ ၎င်းက ပိုလွန်းသွားပြီဟု စုန့်ထင်ရှန်းတွေးလိုက်လေသည်။ သူမ၏ထူးဆန်းသော အပြုအမူများမှာ သူကုမ္ပဏီအကြောင်းပြောပြလိုက်ကတည်းက စတင်သည်ဖြစ်ကြောင်း ဆက်စပ်မိသွားသည်။


သူ့ကုမ္ပဏီက ငွေရေးကြေးရေးကြပ်တည်းနေပြီး မကြာခင်ဒေဝါလီခံရတော့မယ်လို့ တွေးနေတာများဖြစ်နိုင်လောက်လား.... ဒါက သူမဒီလိုပြုမူနေရတဲ့ အကြောင်းပြချက်ပေါ့လေ....


သူတွေးလေလေ ထိုသို့ဖြစ်နိုင်လေဟု ထင်လေဖြစ်သည်။ ယွမ်ရှ၏စိတ်ထားအရဆိုလျှင် ၎င်းက သူမလုပ်မည့်အရာမျိုးဖြစ်သည်။


အတော်လေးမှင်သက်သွားရသလို အတော်လေးထိရှသွားရသည်။ အနည်းဆုံး သူမက ထိုသို့ခန့်မှန်းမိပြီးနောက်တွင် သူမကိုယ်သူမဆင်းရဲသည့်ဘဝနှင့် နေသားကျအောင်ပြင်ဆင်ပြီး သူ့ကိုစွန့်ခွာသွားရန် မတွေးခဲ့ပေ။


အဆုံးတွင် သူမက ကောင်းသည်ဖြစ်စေ  ဆိုးသည်ဖြစ်စေ သူနှင့်အတူ နေပေးချင်လေသည်။ သူမ၏အတွေးများနှင့် အပြုအမူများက သူ့အတွက် ရတနာတစ်ပါးလိုပင်။


အား.... သူ့မှာသာ တင်းကြပ်လှတဲ့ အလုပ်ချိန်သာမရှိရင် သူမနဲ့စကားကောင်းကောင်းပြောချင်နေမိတယ်.... သူမရဲ့ခေါင်းသေးသေးလေးထဲက အတွေးတွေကိုလည်း သိချင်သေးတယ်... သေချာပေါက်စိတ်ဝင်စားဖို့ကောင်းပြီး ချစ်စရာကောင်းနေမှာပဲ...


စုန့်ထင်ရှန်း အတွေးရပ်သွားသည်။ မည်သို့ပင်ဆိုစေ နောက်ရက်အနည်းငယ်တွင် သူအားလပ်တော့မည်ဖြစ်သည်။ ထိုအချိန်မှ ယွမ်ရှနှင့်စကားကောင်းကောင်းပြောလိုက်မည်ဖြစ်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ အလုပ်ဆက်လုပ်ရန်သာဖြစ်သည်။


---


ယွမ်ရှက သူမသားလေးက သူမကြောင့် စိတ်ဖိစီးရပြီး သူ့အဖေသူ ဒေါသသွားထွက်နေမှန်း မသိခဲ့ပေ။ အဆုံးတွင် အဖေနှင့်သားတို့ စကားသေချာပြောခဲ့ကြရသည်။ အလုပ်ရှုပ်လှသော နေ့ရက်များကိုကုန်လွန်ပြီးနောက်တွင် ယွမ်ရှက အိမ်အကူအန်တီမရှိသောဘဝကို အသားကျနေလေပြီ။


မနက်တိုင်း ၇နာရီတွင်အိပ်ရာထပြီး နွားနို့ပူပူလေး၊ ကြက်ဥကြော်နှင့် ပေါင်မုန့်မီးကင်တို့ကို ပြင်ဆင်လေသည်။ မနက်စာစားပြီးနောက်တွင် ဝမ်လေးက အင်္ဂလိပ်ကာတွန်းများကြည့်မည်ဖြစ်သည်။ သူမက နေ့တိုင်းဈေးမသွားဘဲ ရက်အနည်းငယ်ကြာမှတစ်ခါသာ သွားလေ့ရှိသည်။ ဝမ်လေးကာတွန်းကြည့်နေချိန်တွင် သူမက အဝတ်လှမ်းပြီး ဥယျာဉ်လေးထဲ ရေလောင်းပေါင်းသင်လေသည်။ ၁၁နာရီဝန်းကျင်တွင် နေ့လည်စာအတွင်ပြင်ဆင်မည်ဖြစ်သည်။ နေ့လည်စာအတွက် တစ်နာရီစွန်းစွန်းမျှပြင်ဆင်ရန်သာလိုလေသည်။ စုန့်ထင်ရှန်းက ညစာပြန်မစား၍ အကျန်များက ညစာအတွက်လုံလောက်ပေသည်။


ဝမ်လေး ၏ နေ့ခင်းအိပ်ချိန်တွင်သူမလည်း လိုက်အိပ်မည်ဖြစ်သည်။ သူမ၏တစ်နေ့တာလုံးတွင် အချိန်ဇယားတို့ပြည့်နေပြီး သူမတွင်အချိန်ရှိပါက သန့်ရှင်းရေးလုပ်လေသည်။ နာရီပိုင်းအလုပ်သမားက တစ်ပတ်တစ်ခါသာလာသည်။ ထိုမျှဖြင့် သူတို့အိမ်၏သန့်ရှင်းမှုနှင့် သပ်ရပ်မှုကို ထိန်းသိမ်းနိုင်သည်။


ယွမ်ရှက လုံးဝအလုပ်ပြီးမြောက်အောင်မြင်နေကြောင်း ခံစားနေရသည်။ယနေ့ သူမက အိမ်နောက်ဖေးတွင် လျှော်ပြီးသား စောင်များကိုထုတ်လှမ်းနေသည်။ နေရောင်ခြည်က အနေတော်ဖြစ်နေသည်။ ဝမ်လေးက ဒန်းစင်ကိုလွှဲရင်းဆော့နေသည်။ ရုတ်တရက် ဤကဲ့သို့ဘဝမျိုးက အတော်လေးကောင်းကြောင်း ခံစားလိုက်ရသည်။ ဤသည်က သူမလိုချင်သည့် ဘဝမျိုးဖြစ်သည်။


အား... သူမရဲ့ဘဝလေးက အရမ်းကိုကောင်းတာပဲ....


xxxxxx