အပိုင်း (၃၀၃)
Viewers 34k

Chapter 303 


ရက်ပေါင်းများစွာကုန်လွန်ပြီးနောက်တွင် နှစ်သစ်ကူးလေထုက ပိုမိုသန်မာလာသည်။ ယနေ့ စုန့်ထင်ရှန်းက အလုပ်မသွားပေ။ မနက်ခင်းစောစောတွင် ယွမ်ရှနှင့် ဝမ်လေးကိုခေါ်ကာ ဖေဖေယွမ်နှင့် မေမေယွမ်တို့အိမ်ကိုသွားလေသည်။


ဝမ်လေးက ကားပေါ်ကဆင်းသွားသည်နှင့် စုန့်ထင်ရှန်းကိုဆွဲကာ တိုးတိုးလေးပြောလေသည်။


"ပါပါး... မာမားကိုဒီနေ့ ကုမ္ပဏီကိုခေါ်သွားနော်... မာမာကိုအလုပ်မလုပ်စေနဲ့...."


စုန့်ထင်ရှန်းက သူ့နှဖူးလေးကိုတောက်လိုက်သည်။


"သားမာမား အလုပ်ကြိုးစားတာပဲမြင်နေတယ်... ပါပါးကရော အလုပ်မကြိုးစားလို့လား... ပါပါးလည်းနေ့တိုင်းအပြင်မှာ အလုပ်ကြိုးစားနေရတာပါနော်...."


ဤကောင်စုတ်လေးမှာ သူ့မာမားကိုသာစိတ်ပူနေသည်။ သူ့ပါပါးကိုကြ စိတ်ပူဖို့ဘာလို့ မသိတတ်ရတာလဲ...


ဝမ်လေးက လျှာလေးထုတ်လိုက်သည်။


"သားက မာမားအလုပ်ကြိုးစားတာပဲမြင်ဖူးတာလေ... ပါပါးက ပါပါးအလုပ်လုပ်တဲ့နေရာကို သားကိုမှမခေါ်သွားဖူးတာ... သားကဘယ်လိုလုပ်မြင်ဖူးမှာလဲ..."


သူ၏အကြောင်းပြချက်မှာ ယုံလောက်ဖွယ်ပင်။ နေ့တိုင်း သူက သူ့မားမားအလုပ်ကြိုးစားပြီး ပင်ပန်းနေသည်ကိုသာ မြင်ရလေသည်။ သူ့ပါးပါး၏အလုပ်ကို မလိုက်ဖူး၍ သူ့ပါပါးမည်မျှပင်ပန်းကြောင်း မသိပါချေ။ လက်တွေ့မြင်ရသည်ကသာ ယုံကြည်စရာဖြစ်သည်။ မည်သို့ပင်ဆိုစေ မာမားက ပါပါးထက်အလုပ်ကြိုးစားသည်။ ၎င်းကိုငြင်းမရပေ။


ထို့သို့ပြောပြီးနောက်တွင် ဝမ်လေးက ဖေဖေယွမ်၏လက်ထဲပြေးဝင်သွားတော့သည်။


မေမေယွမ်က သူမ၏ သမက်လေးအတွက် အလွန်စိတ်ပူနေသည်။ သို့သော် သူမကိုယ်သူမ အတော်လေးအရည်အချင်းမရှိကြောင်း ခံစားနေရသည်။သူမ၏သမီးပင် မကူညီနိုင်လေရာ သူမဆိုလျှင် ပို၍ဆိုးပေသည်။ ကံကောင်းစွာဖြင့် သူတို့မိသားစုတွင် စုဆောင်းထားသည့်အရာများစွာရှိနေသည်။ သူ့ကုမ္ပဏီကို ဆုံးရှုံးလိုက်ရလျှင်ပင် သူတို့မိသားစုသုံးယောက် ကောင်းကောင်းနေ၍ရမည်ဟု သူယုံကြည်ပေသည်။


ထိုသို့တွေးမိပြီး မေမေယွမ်က ဆက်လက်၍ စိတ်မပူတော့ပေ။ သူမ၏အပြုံးက ပိုမိုစစ်မှန်လာသည်။


"ထင်ရှန်း... သားအတော်လေးပိန်သွားတာပဲ... ဒီအားလပ်ရက်တွေကို အခွင့်ကောင်းယူပြီး အနာယူပြီးအားဖြည့်နော်..."


မေမေယွမ်က အခြားလူများထက် သူမ၊ သူမယောက်ျားနှင့် သူမသမီးတို့ သက်တောင့်သက်သာရှိရှိနေရသည်မှာ သူမ၏ဤသမက်လေးကြောင့်ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူမ၏သမက်တွင် အနာဂတ်တွင် ပိုက်ဆံမရှိတော့ပင်လျှင် မိသားစုဝင်အဖြစ် သတ်မှတ်နေဦးမည်ဖြစ်သည်။


စုန့်ထင်ရှန်းက ဝမ်လေးကို အဝတ်စားအချို့ထုတ်ပိုးပေးထားခဲ့သည်။ သူက မေမေယွမ်ကိုပြောလိုက်သည်။


"အမေ... ကျွန်တော်တို့ အမေ့ကိုနှစ်ရက်လောက် ဒုက္ခပေးရဦးမယ်..... ဝမ်လေးကိုဒီညဒီမှာထားပြီးမနက်ဖြန်ကြရင် လာခေါ်လှည့်ပါ့မယ်..."


ထိုမှသာ ယွမ်ရှက စုန့်ထင်ရှန်းကို စိုက်ကြည့်မိသည်။


ယွမ်လေးကိုတစ်ညသိပ်ထားမယ်လို့  သူမကို ဘာလို့မပြောခဲ့ရတာလဲ...


ဝမ်လေးက ပစ္စည်းတစ်ခုမဟုတ်ပေ။ သူ့၌လည်း သူ့စိတ်ကူးနှင့်သူ ရှိပေသည်။


 သူက သူ့မာမားကို အားလပ်ချိန်ပေးချင်နေသည်။ ထို့အပြင် သူက သူ့အဘိုးအဘွားများနှင့်အတူနေရသည်ကိုလည်း နှစ်သက်သည်။ နောက်ထပ် ရည်အနည်းငယ်ပိုနေရမည်ဆိုပါကလည်း ပျော်ပျော်ကြီးနေမည်ဖြစ်သည်။


ဖေဖေယွမ်နှင့် မေမေယွမ်တို့က ဝမ်လေးကိုကွန်ဒိုအပေါ်ထပ်ကိုခေါ်သွားချိန်တွင် ရှအန်းကမေးလိုက်သည်။

"ရှင်ဒီနေ့ အချိန်ရှိတယ်လား...."


စုန့်ထင်ရှန်းက အတည်ပေါက်အမူအရာကြီးဖြင့် သူမကိုစလေသည်။

"အနာဂတ်မှာ ကိုယ်တို့မှာ အချိန်တွေရှိလာမှာ...'


ယွမ်ရှက သူမကိုယ်သူမစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါချေ။ သူမက သူမ၏လက်ရှိ အခြေအနေကိုဆုံးရှုံးရလျှင်လည်း ဝမ်းနည်းမည်မဟုတ်ပေ။ စုန့်ထင်ရှန်း၏အရည်အချင်းကို ယုံကြည်၍ သူမတို့သာယာရိုးရှင်းသောဘဝကို ရမည်မှန်းသိပေသည်။


သူမက စုန့်ထင်ရှန်း စိတ်ပိုင်းဆိုင်ရာဖရိုဖရဲဖြစ်ကာ ပြန်မကုစားနိုင်မည်ကိုသာ စိုးရိမ်လေသည်။ သို့သော် အဆင်ပြေပါသည်။ သူမ ကောင်းကောင်းပြင်ထားခဲ့ပြီးလေပြီ။ 


ဝမ်လေးနိုင်ငံခြားကို ပညာတော်သင်သွားရန်အတော်လေးလိုသေးသည်။ လက်ထပ်ရန်မှာမူ အတော်ကြီးကိုလိုသေးပေသည်။ စုန့်ထင်ရှန်းသာ သူ့ကုမ္ပဏီကိုဆုံးရှုံးရ၍ လက်မခံနိုင်ဖြစ်နေလျှင် သူမ၏စုငွေများကိုပေးကာ ပြန်ကြိုးစားခိုင်းမည်ဖြစ်သည်။ ထိုငွေများဆုံးရှုံးသွားလျှင်ပင် အဆင်ပြေပါသေးသည်။


အဆုံးတွင် သူမက ယခုလက်ရှိ စုန့်ထင်ရှန်းကို ဆုံးရှုံးရမည်ကိုသာ ကြောက်ရွံ့လေသည်။ သူဤသို့ အမြဲတမ်းတည်ငြိမ်ကာ ယုံကြည်မှုနေရှိပါစေဟု မျှော်လင့်မိသည်။


xxxxxx